← Chapters

အခန်း ၁၉၈၃

Vol. 133 Ch. 1983

အခန်း ၁၉၈၃

Vol. 133 Ch. 1983

အပိုင်း (၁၉၈၃)

ဂိုဏ်းထဲရှိ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များ အားလုံးသည် သင့်လျော်ရာ သိုင်းနည်းစနစ်များကို တစ်ခုပြီးတစ်ခု ရွေးချယ်ယူလိုက်ကြ၏။ ပြီးနောက် ပျော်ရွှင်စွာဖြင့် လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာသွားခဲ့ကြသည်။ အထူးသဖြင့် ဟယ်ဝူတီပင်ဖြစ်သည်။ သူသည် စိတ်လှုပ်ရှားလွန်းသောကြောင့် တည်နေရာမှာတင် ထကာ ကခဲ့သေးသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ အနည်းငယ် စိတ်ဓာတ်ကျလျက်ရှိနေ၏။ ထို့အပြင် ပြိုင်စံရှားဂိုဏ်း၌ သိုင်းကျင့်ကြံသူတစ်သိန်းနီးပါးခန့်ရှိ၏။ ထို့ကြောင့် အားလုံးသောသူများသည် လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ် တစ်ခုစီကို ရယူရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ တွေးကြည့်ရမည်ဆိုလျှင် ဤအရာ သည်လည်း အဓိပ္ပာယ်ရှိ၏။

“ဟမ့်”

စနစ်သည် ဒေါသတကြီးဖြင့် ဝင်ကာ ပြောလိုက်သည်။ “မင်းက နိုင်တော့ ကြက်ဥလောက် သယ်ချင်တော့ ကျောက်တုံးလောက် ဖြစ်နေပြီ”

ဟယ်ဝူတီ၏ အမြင်အရဆိုလျှင် ဤသိုင်းနည်းစနစ်များသည် အန္တိမကုန်းမြေထဲတွင်ပင် အလွန်တန်ဖိုးကြီးမား လှသည့် တာအိုနည်းစနစ်များ ဖြစ်၏။ သို့ပေမဲ့ ပြဿနာရှိလို့နေသည်။ ဤနည်းစနစ်များသည် အဆင့်အတန်း မြင့်မားသည်ဖြစ်သောကြောင့် ကျင့်ကြံရာတွင် လွယ်ကူပါ့မည်လား။

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းတွင် ထိုင်လျက်ရှိပြီး နည်းစနစ်ကို ဖွင့်ကာ သေသေချာချာ ဖတ်ရှုလိုက်၏။ အထဲတွင် ရှိနေသည့် မန္တာန်အားလုံးကို အလွတ်ကျက်မှတ်ပြီးသည့်နောက် သူသည် ဘာတစ်ခုကိုမှ နားမလည် နိုင်ခဲ့ချေ။ ထို့ကြောင့် စိတ်ဓာတ်တကျ ဖြစ်လို့နေခဲ့၏။ “ဒါက နည်းနည်းခက်တာပဲ”

ခက်သည်ဆိုသည်ထက်ပင် ပိုမိုကာ ခက်ခဲလွန်းလှ၏။ ကောင်းကင်ကို တက်သည်ထက်ပင် ပိုမိုခက်ခဲနေသည်။ ထိုအခြင်းအရာကို အတွေ့အကြုံရှိပြီးသားဖြစ်သော ဟယ်ဝူတီမှာတော့ အချိန်နှင့် တည်နေရာလျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်ပြီး သေသေချာချာ သိရှိနားလည်ရန် ကြိုးစားလျက်ရှိ၏။ သို့ပေမဲ့ ရက်အနည်းငယ်ကြာသည်အထိ မည်သည့်နားလည်မှုမှ မရရှိခဲ့ချေ။

ပြောရမည်ဆိုလျှင် သူသည် နားလည်နိုင်သည့် အတွေ့ အကြုံတည်ရှိပြီသားဖြစ်၏။ သို့ပေမဲ့ နားမလည်နိုင်ခဲ့ချေ။

“တော်ပါတော့”

စနစ်က ပြောလိုက်သည်။ “ဂိမ်းဆာဗာပဲ ခိုးလိုက်စမ်းပါ”

ကျွင်းချောင်ရှောင်းအနေဖြင့် ဂိုဏ်း၏ အတွင်းရေးကိစ္စများကို စီမံရန် လိုအပ်သည့်လူများကို လွှဲအပ်ပြီးသည့်နောက် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး တာအိုနည်းစနစ်ကို လေ့လာနေခြင်းဖြစ်သည်။ သူ့အနေနှင့် ထိုအရာကို နားလည်မှု မရမချင်း ထွက်မလာဟု စိတ်ဆုံးဖြတ်ထားသည့်ပုံပင်။

လီချင်းယန်နှင့် တခြားသောသူများသည် ထိုအခြင်းအရာကို မြင်ချိန်မှာတော့ လေးလေးနက်နက်ဖြင့် ပြောလိုက်မိသည်။ “ဂိုဏ်းချုပ်က တကယ့်ကို လေးနက်နေပြီပဲ”

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် အမှန်ပင် လေးနက်လို့ နေခဲ့၏။ အလွန်နက်နဲလှသည့် သိုင်းနည်းစနစ် များကို မည်သည့်အကူအညီမှ မယူဘဲနှင့် နားလည်နိုင်စွမ်းရှိကြောင်း သူသည် သက်သေပြချင်မိ၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ခါးသီးလွန်းလှချေ၏။

အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေ၏ အချိန်မြန်ဆန်နှုန်း အောက်တွင် သွားရောက်ကာ လေ့ကျင့်ခဲ့သည် ဆိုလျှင်တောင်မှ သူ့အနေနှင့် ဘာတစ်ခုမှ မရရှိခဲ့ချေ။ ပိုမို၍ ဆိုးရွားသည်မှာ ဘာတစ်ခုမှ နားလည်နိုင်စွမ်း မရှိဘဲ ဆံပင်များပါ ကျွတ်လာခဲ့ခြင်းပင်။ ဤနှုန်းအတိုင်း ဆက်လက်ကာ လေ့လာမည်ဆိုပါက ကျိန်းသေပေါက် ခေါင်းတုံးပင် ပြန်ဖြစ်သွားနိုင်လောက်သည်။

“ထားလိုက်ပါတော့”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ “မိုးကောင်းကင်နတ်ဆိုး အင်ပါယာနဲ့ ရင်ဆိုင်ရမယ့် နည်းလမ်းကို စဉ်းစားစရာရှိသေးတယ်။ ဒီနည်းစနစ်အပေါ်မှာ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး”

ဝေါ့

စနစ်က ပြောလိုက်သည်။ “မရရင် မရဘူးပေါ့။ ဘာတွေ ပြောနေတာလဲ”

ကျွင်းချောင်ရှောင်းသည် စနစ်ကို လျစ်လျှူရှုထား၏။ သူသည် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာ ပြီးသည့်နောက် မိုးဆွေဟောခန်းဆီသို့ သွားရောက်ကာ အပြင်ဘက်လောကကြီးအကြောင်းကို မေးမြန်းတော့၏။

“အင်း”

လီလိုရှုက ပြောလိုက်သည်။ “ရရှိထားတဲ့ သတင်းတွေအရဆိုရင် အခုအတောအတွင်း ဂြိုဟ်ပေါင်းသုံးဆယ် လောက်က လေထုထဲမှာပဲ ပျောက်ကွယ်သွားခဲ့တယ်”

“.........”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူ့အနေနှင့် စိတ်ပျက်ခြင်းချောက်ကမ်းပါးထဲမှ ထွက်လာ သည့်အချိန်တွင် ပထမတန်းစားဂြိုဟ်တစ်ခု ပျောက်ကွယ်သွားခဲ့သည်ကို ကြားခဲ့ရ၏။ ထိုအရာသည် လအနည်းငယ် သာလျှင် ကြာသေး၏။ သို့ပေမဲ့ တစ်ဖက်လူသည် ဤမျှ မြန်မြန်ဆန်ဆန်နှင့် ဂြိုဟ်များကို ဝါးမြို နေလေသည်လား။

“ဂိုဏ်းချုပ်ကျွင်း”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ကျုပ်တို့ တစ်ခုခု လုပ်မှဖြစ်မယ်။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ သာမန်လူတွေကို ထိခိုက်အောင် လုပ်နေတာ ... ဒါကို ဒီအတိုင်း ဆက်ပြီးကြည့်နေလို့ မဖြစ်ဘူး”

“အင်း... မှန်တယ်”

ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်၏။ ထိုသို့ဆိုလျှင် သူ ဘာလုပ်ရမည်နည်း။ “အမိန့်ပေးလိုက်တော့။ ဂြိုဟ်အသီးသီးမှာရှိတဲ့လူတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားဖို့”

ဤအရာသည် လက်ရှိ အခြေအနေ၌ ကျွင်းချောင်ရှောင်း လုပ်နိုင်သည့်အရာပင် ဖြစ်လေ၏။

သို့ပေမဲ့ သက်ရှိသတ္တဝါများအား ၎င်းတို့၏ အိမ်ကို စွန့်ခွာ၍ ထွက်ပြေးစေခြင်းဆိုသည်မှာ မဖြစ်နိုင်သည့် အရာလည်း ဖြစ်လို့နေ၏။ မည်သို့ပင် ဆိုစေကာမူ တခြားနည်းလမ်းလည်း မရှိချေ။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ လက်ရှိဝါးမြိုမှု အမြန်နှုန်းအရဆိုလျှင် ထိုအရာကို တားဆီးနိုင်စွမ်း မရှိမချင်း အရင်ဆုံး ရှောင်ရှား နေခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“အင်း”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “လူတချို့က ထွက်ခွာသွားမှာ မဟုတ်ဘူး။ ဒါမှမဟုတ် အချိန်ကိုက် ထွက်ခွာနိုင်စွမ်းရှိမှာ မဟုတ်ဘူး”

လူတချို့သည် ထွက်ခွာသွားလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အိမ်ကို တွယ်တာစုံမက်လွန်း သောကြောင့်ပင်။ ထို့ကြောင့် ဤနေရာတွင် နေထိုင်ပြီး ဤနေရာတွင် သေဆုံးသွားရန်ကိုသာ ရွေးချယ်ပေလိမ့်မည်။ အချိန်ကိုက် ထွက်ခွာနိုင်စွမ်း မရှိသည့် လူများမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အမြန်နှုန်းကြောင့် တုံ့ပြန်မှု မရလိုက်ခင် ဝါးမြိုခံလိုက်ရခြင်းပင် ဖြစ်ပေလိမ့်မည်။

“တကယ်လို့ လုပ်ချင်တယ်ဆိုရင်တောင် ထွက်သွားနိုင်စွမ်း မရှိသူတွေ ရှိနေတာပဲ”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “အစီအရင်ဟောခန်းကို သတင်းပေးလိုက်။ ပုံရိပ်ယောင် အစီအရင်ကြီးကို အသက်သွင်းပြီးတော့ အဓိကဂြိုဟ်အသီးသီးမှာရှိတဲ့ ပုံရိပ်ယောင်မြင်ကွင်း တွေကို အသက်သွင်းဖို့”

“ကောင်းပါပြီ”

ဒွီ ဒွီ

အထက်စကြဝဠာတစ်ခုလုံး၏ အဓိကဂြိုဟ်အသီးသီးတွင် ရှိနေသည့် အဓိကမြို့များပေါ်ရှိ ကောင်းကင်ယံ အသီးသီးသည် တုန်ခါသွားခဲ့၏။ ပြီးနောက် မှန်ကဲ့သို့သော ပုံရိပ်ယောင် အစီအရင်ကြီးက ဖွဲ့တည်လာခဲ့သည်။

“လာပြီ”

ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ လူပေါင်းများစွာတို့၏ အမူအရာသည် အေးခဲသွားခဲ့ကြ၏။ ပြိုင်စံရှားဂိုဏ်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ လက်ရွေးစင် စစ်တပ်ကြီးကို တိုက်ခိုက် သုတ်သင်ခဲ့သည့် မြင်ကွင်းအား ဤပုံရိပ်ယောင်မြင်ကွင်းမှတဆင့် ထပ်ကာတလဲလဲ မျက်စိနောက်လောက်အောင် မြင်ခဲ့ပြီးပြီ ဖြစ်၏။

“အဟမ့် အဟမ့်”

ခဏလောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ချောမောလှသည့် မျက်နှာသည် ပုံရိပ်ယောင်မြင်ကွင်းပေါ်တွင် ပေါ်လာသည်။

“ဒီကောင် အရိုက်နှက်ခံချင်နေတာပဲ”

“ငါ တကယ် ဒီကောင့်ကို ပြေးကန်ချင်လာပြီ” အားလုံးသောသူတို့သည် ဆဲဆိုလျက် ရှိနေကြ၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ခံစားချက်များကို ထိန်းချုပ်ကာဖြင့် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။ “အခုအချိန်မှာ အထက်စကြဝဠာတစ်ခုလုံးက ကြီးမားလှတဲ့ ဘေးအန္တရာယ်ကို ကြုံနေရတယ်။ ခင်ဗျားတို့ အသက်ရှင်ချင်တယ်ဆိုရင် အကောင်းမွန်ဆုံးသော ရွေးချယ်မှုတစ်ခုကို လုပ်မှဖြစ်မယ်”

ဂြိုဟ်အသီးသီးတွင် ရှိသော သိုင်းကျင့်ကြံသူများသည် ဘေးအန္တရာယ်ကြီး ကျရောက်နေသည်ဆိုသည်ကို မငြင်းပယ်နိုင်ကြချေ။ ထိုအတူ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် စကြဝဠာကြီးတစ်ခုလုံးကို ဒုက္ခပေးနေသည် မှာ တစ်ရက်၊ နှစ်ရက် မကတော့ချေ။ အားလုံးသော သူတို့သည် နားလည်မိ၏။ သို့ပေမဲ့ အဘယ်ကြောင့် သူတို့သည် တစ်ဖက်လူ၏ စကားကို နားထောင်ရမည်နည်း။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ ကျုပ်ပြောတာကို သဘောတူချင်မှ တူလိမ့်မယ်။ ဒါပေမဲ့ ကျုပ်ထပ်ပြီး ပြောရမယ့်ကိစ္စရှိတယ်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ကောင်းကင်ဝါးမြိုမှု နတ်ဆိုး အသွင်ပြောင်းခြင်း နည်းစနစ်ကို ကျွမ်းကျင်သွားခဲ့ပြီ။ ဒါကြောင့် သူက ဂြိုဟ်အသီးသီးကို လွယ်လွယ်ကူကူ ဝါးမြိုနိုင်စွမ်း ရှိနေတယ်။ ပြီးတော့ သူက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင် ပြန်လည်မွေးဖွားလာတဲ့ လူတစ်ယောက်ပဲ”

“ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင် ဟုတ်လား”

အားလုံးသောသူတို့၏ အမူအရာသည် ပြောင်းလဲသွားခဲ့ကြ၏။ သူတို့သည် တစ်ဖက်လူကို ကြားခဲ့ဖူး၏။ လျှို့ဝှက်ချက်တစ်ခုလည်း မဟုတ်သောကြောင့် အထက်စကြဝဠာ တစ်ခုလုံးတွင် ထိုသူ၏သတင်းသည် မွှေးပျံ့ခဲ့ဖူးသည် မဟုတ်ပါလား။ တစ်ဖက်လူသည် ရင်ဆိုင်ရ ခက်ခဲလှသည့် လူတစ်ယောက်ဖြစ်ပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးဟုပင် သတ်မှတ် ထားခဲ့ကြ၏။

“ဒီကောင် ငါတို့ကို လိမ်နေတာလား။ ဂြိုဟ်တွေကို ဝါးမြိုတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” တချို့သော သူများသည် ကျွင်းချောင်ရှောင်း၏ စကားကို မေးခွန်းထုတ်လျက်ရှိသည်။

ပြောရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဂြိုဟ်များအားလုံးကို ကျူးကျော်လျက်ရှိသည့်ဟု ကျွင်းချောင်ရှောင်း ပြောသည်ဆိုပါက ယုံကြည်လိမ့်မည်။ သို့ပေမဲ့ ဂြိုဟ်များကို ဝါးမြိုသည်ဆိုသည်မှာ မဖြစ်နိုင်ချေ။

ဟုတ်ပေသည်။ လူတချို့ကတော့ ယုံကြည်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ သတင်းအချက်အလက် စုံစမ်းစစ်ဆေးမှုအရဆိုလျှင် လတ်တလော ဂြိုဟ်ပေါင်းများစွာတို့သည် လေထုထဲ၌ ပျောက်ကွယ် သွားခဲ့သောကြောင့်ပင်။ ပထမတုန်းက သူတို့သည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ လက်ရှိအချိန်မှာတော့ အကြောင်းအရင်း အခြေအနေမှန်ကို နားလည်သွားခဲ့ကြ၏။

“ယုံယုံ၊ မယုံယုံ ကိစ္စမရှိဘူး”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “ခင်ဗျားတို့ အိတ်တွေပြင်ပြီးတော့ ကိုယ့်ရဲ့ဂြိုဟ်ကနေ မြန်မြန်ဆန်ဆန်သွားကြတော့”

“.........”

သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အနေကြ၏။ ရုတ်တရက် တစ်စုံတစ်ယောက်က ထွက်ခွာသွားရန် ပြောဆို လိုက်သည်နှင့်တပြိုင်နက် ရှိရှိသမျှသော ပစ္စည်းများကို ထုတ်ပိုးကာ ထွက်ပြေးရမည်လား။ မည်သူက ယုံမည်နည်း။ ထို့အတူ မည်သူက ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို ပြုလုပ်မည်နည်း။

ဟင်း...

ကျွင်းချောင်ရှောင်း၏ ဂုဏ်သတင်းသည် လုံလောက်သည့် မွှေးပျံ့မှုမျိုး မရှိခဲ့ချေ။ အကယ်၍ အဆင့်နိမ့်စကြဝဠာ ထဲမှာဆိုလျှင် သူစကားတစ်ခွန်း ပြောလိုက်သည်ဆိုသည်နှင့် လောကကြီးတွင် ရှိနေသည့် လူတို့သည် စတင်ကာ လှုပ်ရှားကြမှာ သေချာ၏။

“ခင်ဗျားတို့ ဘယ်မှ မသွားဘူးဆိုရင် ထာဝရလောကကြီးကို လာနိုင်တယ်” ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက် သည်။ ထာဝရလောကကြီးဆိုသည်မှာ များပြားလှသည့် သတ္တဝါများအားလုံးကို စုစည်းထားနိုင်သည့်အရာမျိုး မဟုတ်သည်ဆိုသော်လည်း တစ်ဖက်လူများသည်သာ သွားစရာနေရာ မရှိပါက သူသည် တစ်ဖက်လူများကို ကယ်တင် နိုင်ရန်အတွက် တည်နေရာချထားပေးရန် ဆုံးဖြတ်ခဲ့သည်။

ကံဆိုးစွာဖြင့် ဤစကားကို မပြောသေးခင်ကမှ နားလည်ပေးနိုင်ပေလိမ့်မည်။ ပြောလိုက်သည့်အချိန်မှာတော့ တစ်ဖက်လူသည် သူ၏ လောက၌ လူအင်အား တိုးစေချင်သောကြောင့် တမင်ရည်ရွယ်ချက်ရှိရှိနှင့် လာရောက်ကာ လှည့်ဖျားနေသည်ဖြစ်ကြောင်း အားလုံးက ထင်မှတ်သွားကြတော့၏။

“ဘာကိုစောင့်နေတာလဲ”

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် အသံကိုမြှင့်ကာ အော်ဟစ်လိုက်သည်။ “အထုပ်အပိုး တွေပြင်ပြီး ပြေးကြတော့”

“သွားကြရအောင်” ဂြိုဟ်တချို့တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ဤပြဿနာ၏ လေးနက်မှုကို နားလည်ကြ၏။ ထို့ကြောင့် ရှိရှိသမျှ တန်ဖိုးကြီးပစ္စည်းများကို ထုတ်ပိုးကာဖြင့် ရွက်သင်္ဘောများပေါ်သို့တက်ကာ ထွက်ခွာသွားခဲ့ကြသည်။ သို့ပေမဲ့ ထာဝရလောကကြီးဆီသို့ သွားရောက်ခြင်းတော့ မဟုတ်ချေ။ တခြားသော နေရာများကို သွားရောက်ရန် ရွေးချယ်ခဲ့ကြခြင်းပင်။

ဤအတောအတွင်း အဖွဲ့အစည်းတော်တော်များများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် ၎င်းတို့သည် မဟာမိတ်အဖွဲ့များ ဖွဲ့ထားခြင်းဖြစ်သည်။ အရေးအကြောင်း အခြေအနေမျိုးနှင့် ရင်ဆိုင် ရသည့်အချိန်မျိုးတွင် အတူတကွ စုစည်းနေထိုင်ပြီး ပြန်လည် တွန်းလှန်တိုက်ခိုက်ရန် စဉ်းစားထားခဲ့ကြ၏။

မဟာမိတ်အဖွဲ့အသီးသီးတို့သည် မတူညီသည့် အဆင့်နှင့် လက်နက်ပစ္စည်းများ တည်ရှိနေ၏။ ထို့ကြောင့် ၎င်းတို့သည် ဂြိုဟ်များမှ ထွက်ခွာသွားရန်ဆိုသည်မှာ လွယ်ကူလျက် ရှိ၏။ သို့ပေမဲ့ စကြဝဠာထဲသို့ ဖြတ်သန်း သွားလာနိုင်စွမ်း မရှိသည့် သိုင်းကျင့်ကြံသူများမှာတော့ နေဝင်လုမတတ် ဖြစ်နေသည့် ၎င်းတို့၏ ဂြိုဟ်ထဲတွင် ဆက်လက်ကာ နေထိုင်ရင်း သေခြင်းတရားကို စောင့်မျှော်ကြပေလိမ့်မည်။

အလွန်ဆိုးရွားလှသည့် ကိစ္စရပ်ကြီးတစ်ခုမှာ ဂြိုဟ်တော်တော်များများသည် ကျွင်းချောင်ရှောင်းကို အသိအမှတ် မပြုခဲ့ခြင်းပင်။ သူတို့အနေနှင့် ဘေးအန္တရာယ်ကြီးကို အာရုံမခံမိခြင်း သို့မဟုတ် ထွက်ပြေးရန်အစီအစဉ် မရှိကြခြင်း မဟုတ်ပေ။ ကျွင်းချောင်ရှောင်း၏ စကားစုကို မယုံကြည်နိုင်သောကြောင့် ၎င်းတို့၏ အိမ်မှာပင် ထုံးစံအတိုင်း နေထိုင်နေခဲ့ကြ၏။

ကျန့်ကွေ့ရှု၏ ခန့်မှန်းချက်မှာ အမှန်ပင်ဖြစ်သည်။ “ဂိုဏ်းချုပ်ကျွင်း.. ခင်ဗျား အကောင်းဆုံး လုပ်ခဲ့ပြီပဲ။ သေသေ ရှင်ရှင် သူတို့ကိစ္စပဲ။ ဒါက ကောင်းကင်ရဲ့ ကံကြမ္မာပေါ်သာ ပုံအပ်ထားလိုက်ပါတော့”

“စီနီယာ”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ဟောခန်းထဲမှ လျှောက်ထွက်သွားခဲ့သည်။ ကျန့်ကွေ့ရှုကို နောက်ကျောပေးပြီးသည့်နောက် ဟန်ပါပါဖြင့် ပြောလိုက်၏။ “ကောင်းကင်ရဲ့ ကံကြမ္မာ သဘောအတိုင်း ထားလိုက်လို့ ပြောခဲ့တယ်နော်။ တကယ်လို့”

သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်သည်။ “ကျုပ်က ကောင်းကရဲ့ ကံကြမ္မာ ဖြစ်နေမယ်ဆိုရင်ရော ....”

ကျန့်ကွေ့ရှုသည် ကြောင်အသွားမိ၏။

“အင်း .. ကျုပ်က ကောင်းကင်ရဲ့ ကံကြမ္မာပဲပဲ။ သက်ရှိသတ္တဝါတွေ အကုန်လုံးကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့သူ”

“.........”

ကျန့်ကွေ့ရှုသည် မျက်လုံးပြူးသွား၏။ ဂိုဏ်းချုပ်ကျွင်း၏ စကားစုသည် အမှန်ပင် မောက်မာလွန်းလှသည်။

“ရှင်းရောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ဆက်ပြီးတော့ ဝါးမြိုနိုင်လောက်မယ့် နောက်ထပ်ဂြိုဟ်တစ်ခုရဲ့ တည်နေရာကို သုံးသပ်တော့”

“ကောင်းပါပြီ”

ရှန့်ကွမ်းရှင်းရောင်သည် ကြယ်တာရာမြေပုံကို အသာဖွင့်ပြီးသည့်နောက် သေသေချာချာ သုံးသပ် တော့သည်။ ပြီးနောက်

“ဂြိုဟ်တွေ ပျောက်ကွယ်သွားတဲ့ ပုံစံအတိုင်းဆိုရင် လက်ရှိအလှည့်ကျရောက်တာက ငရဲလောကကြီးပဲ။ ငရဲလောကကြီးကို မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သွားပြီး ဖျက်ဆီးလိမ့်မယ်”

“ငရဲလောကကြီး ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “နာမည်ကိုက မင်္ဂလာ မရှိတာပဲ”

ဝှစ်

သူသည် အလင်းတန်းအဖြစ် ပြောင်းလဲကာ ထာဝရလောကကြီးထဲမှ ပျံသန်းထွက်ခွာသွားခဲ့သည်။

ဂိုဏ်းချုပ် ထွက်ခွာသွားသည်ကို စီနီယာများနှင့် တပည့်များက ကြည့်ရှုလျက်ရှိနေပြီး သူတို့သည် လုံလုံခြုံခြုံနှင့် ပြန်လာ ပါစေဟု ဆုတောင်းလျက်ရှိနေကြ၏။

ကျွင်းချောင်ရှောင်းအနေဖြင့် ဘာသွားလုပ်မည်ကို မပြောခဲ့ချေ။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို တစ်ယောက်တည်း သွားရောက်ကာ တားဆီးတော့မည်ဖြစ်ကြောင်း သူတို့က သိရှိကြသည်။

မှန်ပေသည်။ ကုန်းရှန့်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သွားရောက်ကာ ရှာဖွေခြင်းဖြစ်၏။ ဒဏ္ဍာရီလာ တာဝန်သည် နတ်ဘုရားလျှို့ဝှက်အဆင့်၏ ထိပ်ဆုံးဆီသို့ အဆင့်ချိုးဖြတ်ရောက်ရှိစေပြီးဖြစ်၏။ သို့ပေမဲ့ သူသည် မိုကောင်းကင်နတ်ဆိုးအင်ပါယာကို အနိုင်ယူနိုင်စွမ်းရှိမလား ဆိုသည်မှာ မသေချာပေ။ ထိုသို့ဆိုလျှင်တောင်မှ သက်ရှိသတ္တဝါများအားလုံး အန္တရာယ်မှ လွတ်မြောက်နိုင်စေရန်အတွက် အချိန်ဆွဲသည့်အနေဖြင့် တစ်ဖက်လူကို ကောင်းကောင်းတားဆီးရပေတော့မည်။

လက်ရှိအခြေအနေမှာတော့ ထာဝရလောကကြီးဆီမှ အလင်းတန်းတစ်ခု ပျံသန်းပြီး စကြဝဠာထဲသို့ လွင့်မျော သွားခဲ့၏။ ထိုအရာဆီမှ ကြီးကျယ်မြင့်မြတ်လွန်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေသည်။

ယခင်တုန်းက ကျွင်းချောင်ရှောင်းသည် အကျိုးအမြတ် မရှိသည်ဆိုပါက ဘာတစ်ခုကိုမှ ပြုလုပ်တတ်သည့်လူ တစ်ယောက် မဟုတ်ပေ။ လောကပေါင်းများစွာတို့ကို ကယ်တင်ခဲ့သည်ဆိုသော်လည်း ထိုအရာသည် ရည်ရွယ်ချက် ရှိရှိ ကယ်တင်ခဲ့ခြင်းပင်။

ဤတစ်ကြိမ်မှာတော့ မည်သည့် လိုချင်တပ်မက်မှုမှ မရှိခဲ့ချေ။ လောကကြီးတစ်ခုလုံးကို ကာကွယ်နိုင်ရန်အတွက် သူသည် သူ၏အသက်ကို စတေးရန် ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

ကျန့်ကွေ့ရှုက အော်ဟစ်လိုက်၏။ “ခင်ဗျားက ကောင်းကင်ရဲ့ကံကြမ္မာပဲ”

All Chapters