← Chapters

အခန်း ၁၉၈၆

Vol. 133 Ch. 1986

အခန်း ၁၉၈၆

Vol. 133 Ch. 1986

အပိုင်း (၁၉၈၆)

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ဖန်တီးထားသည့် အမဲရောင်စွမ်းအင်လုံးကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ကျွင်းချောင်ရှောင်းအနေနှင့် နတ်ဘုရားလျှို့ဝှက် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည် ဆိုလျှင်တောင်မှ ၎င်းတို့နှစ်ယောက်ကြားတွင် အလွန်ကြီးမားသည့် ကွာခြားချက်ကြီး ဖြစ်ပေါ်နေ၏။

တစ်ဖက်လူကို အနိုင်မယူနိုင်လျှင် သူဘာလုပ်ရမည်နည်း။

ဟုတ်ပြီ။ အကူအညီခေါ်ရပေလိမ့်မည်။ ထို့ကြောင့် နီကျားကို သူခေါ်ထုတ်ခဲ့ခြင်းပင်။ SSS အဆင့် သူရဲကောင်းဝိညာဉ်တစ်ယောက်သည် မည်ကဲ့သို့ ဆင့်ခေါ်ခြင်းကို ခံလိုက်ရသနည်း။

အချက်အလက်အားဖြင့် ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုဝိညာဉ်များကို မည်ကဲ့သို့ ဆင့်ခေါ်ရမည် ဖြစ်ကြောင်း အစောကြီးတည်းက သိရှိပြီးဖြစ်သည်။

သူသည် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်နိုင်စွမ်းမရှိသော်လည်း ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်မှုတစ်ခုကို ဖန်တီးပြုလုပ်နိုင်စွမ်းရှိနေ၏။ အထူးသဖြင့် နီကျားပင်။ အနီရောင်ဆံပင်နှင့်လူကို တိုက်ခိုက်ခဲ့ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နယ်မြေထဲဆီသို့ ဝင်ရောက်သွားသည်ဆိုသော်လည်း သူနှင့် ချိတ်ဆက်လျက်ရှိသည်ကို ကျွင်းချောင်ရှောင်းက ခံစားမိ၏။ အရေးအကြောင်းအခြေအနေမျိုးတွင် ပြောဆို ခွင့်တောင်းပြီး အပြင်ဘက်သို့ ခေါ်ထုတ်နိုင်စွမ်းရှိ၏။

“တတိယအစ်ကို.. ကျုပ်ကိုကယ်ပါအုံး” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာအော်ဟစ်လိုက်မိသည်။

ဆွစ်

ချက်ချင်းပဲ အမှောင်ထုထဲတွင် အိပ်ပျော်လျက်ရှိနေသော နီကျားသည် ရုတ်တရက် မျက်လုံးပွင့်လာ၏။ ပြီးနောက် စိတ်မရှည်သလို ပြောလိုက်၏။ “ငါ့ရဲ့စွမ်းအင်တွေ ပြန်မရသေးဘူး။ ကိုယ့်ဘာကိုယ် ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို စဉ်းစားလေ”

ဆန်းကြယ်လွန်းလှသော လူတစ်ယောက်ဖြစ်သည်နှင့် အားအင်အဆင့်နှင့်ပတ်သက်၍ ပြောနေစရာပင် မလိုချေ။ သို့ပေမဲ့ သူသည် လျှို့ဝှက်နယ်မြေထဲတွင် တည်ရှိနေထိုင်ရသော သူရဲကောင်းဝိညာဉ် တစ်ယောက်သာလျှင် ဖြစ်၏။ အစစ်အမှန် နတ်ဘုရားတစ်ယောက်မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် ပေါ်ပေါက် လာသည့်အချိန်တိုင်း စွမ်းအင်များ ကုန်ဆုံးခဲ့ရ၏။ ထို့ပြင် ပြန်လည်အားမွေးရသည့် အမြန်နှုန်းကလည်း နှေးကွေးလွန်းလှ၏။ အချိန်ကို တွက်ချက်ရမည်ဆိုလျှင် အနီရောင်ဆံပင်လူနှင့် တိုက်ခိုက်ခဲ့သည်မှာ မကြာမြင့်လှသေးချေ။ ယခု အကူအညီ ခေါ်ဆိုနေသည်ဆိုခြင်းမှာ ကျိန်းသေပေါက်..

“ကျုပ်သေတော့မယ်” ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်သည်။

“........”

သူရဲကောင်းဝိညာဉ် နီကျားသည် အတင်းပင် အပြင်ဘက်သို့ ထွက်လာခဲ့ရ၏။

နီကျားသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီသို့ လှမ်းဝင်ကာ တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ အနောက်ဘက် ဆီသို့သာပြန်လည်ကာ လွင့်စင်လာရသည်။ တစ်ဖက်လူသည် အားကောင်းလွန်းလှချေ၏။ ထို့အတူ သူသည်လည်း ကောင်းမွန်သော အခြေအနေမျိုးမှာ မရှိချေ။ နီကျားသည် အတော်ပင် စိတ်ဓာတ်ကျလျက် ရှိ၏။ အဘယ့်ကြောင့် ဤအကောင်သည် တစ်ခြားသော SSS အဆင့် သူရဲကောင်းဝိညာဉ်များကို မဆင့်ခေါ်ဘဲနှင့် သူ့အားဆင့်ခေါ်ရသနည်း။

ဥပမာအားဖြင့် တိုက်ခိုက်သည့်နေရာတွင် အားကောင်းဆုံးဖြစ်သော မျောက်မင်းကြီး ရှိနေသည်။

မျောက်ဘုရင်ကြီးသည်လည်း တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းနှင့် မျောက်ဘုရင်၏ ကြားတွင် ချိတ်ဆက်မှုက တည်ရှိပြီးသားဖြစ်၏။ ကျွင်းချောင်ရှောင်းသည် မျောက်မင်းကြီးကို ပထမဦးဆုံး ဆက်သွယ်ခဲ့၏။ သို့ပေမဲ့ အချိန်အတော်ကြာအောင် အော်ဟစ်ခေါ်ဆိုခဲ့သည်ဆိုလျှင်တောင်မှ ပြန်လည် ဖြေဆိုမှုတစ်ချက်ကလေးမှ မရခဲ့ချေ။

ထို့ကြောင့် တတိယအစ်ကို နီကျားဆီသို့သာ မျှော်လင့်ချက် ပုံထားခဲ့ရ၏။ မျောက်ဘုရင်ကြီး၏ မောက်မာလှသည့် ဟန်ပန်အမူအယာမျိုးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် တတိယအစ်ကို နီကျားသည် အမှန်ပင် ချီးမွမ်းရလောက်သောလူတစ်ယောက် ဖြစ်၏။ ထို့ပြင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် မည်သူ့ကိုမှ လူမထင်ခဲ့ချေ။ အထက်စကြဝဠာတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းဖြစ်သည်ဟုပင် ကြွေးကြော် ခဲ့သေး၏။

ထို့ကြောင့် နီကျားသည် အလွန်ဒေါသထွက်ခဲ့၏။ သူသည် အားလုံးသော သူတို့နှင့်ယှဉ်လျှင် မောက်မာစွာ ပြုမူနေထိုင်ခဲ့သည့် လူတစ်ယောက်လည်းဖြစ်၏။ သူ၏ရှေ့တွင် အလွန်တရာမောက်မာလှသည့် လူတစ်ယောက် ရောက်ရှိလာခြင်းကို မည်ကဲ့သို့ သည်းခံရမည်နည်း။

“ချီးထဲမှ... ချမယ်ကွာ”

နီကျားသည် ဒေါသတကြီးဖြင့်အော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်များနှင့် ဖုံးလွှမ်း သွားခဲ့၏။ သူ၏ ခေါင်းသုံးလုံးနှင့်လက်ခြောက်ဖက် ပုံပန်းသွင်ပြင်သည် ပိုမိုကာကြီးထွားလာခဲ့၏။ တလက်လက်တောက်ပ လျက်ရှိနေသည့် အပူဒဏ်များသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံသွား ခဲ့သည်။ လေဟာနယ်တစ်ခုလုံးသည် မီးများလွှမ်းခြုံလျက်ရှိနေ၏။

ကျွင်းချောင်ရှောင်း ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ ချက်ချင်းပဲထကာ အော်ဟစ်လိုက်သည်။ “တတိယအစ်ကို တကယ်တော်တယ်။”

“..........”

စနစ်သည် ဆွံ့အမိ၏။ အမှန်တရားအတွက် မိမိကိုယ်ကို စတေးမည်ဟု ပြောဆိုခဲ့သည့်လူသည် လက်ရှိအခြေ အနေမှာတော့ ခပ်ဝေးဝေးတည်နေရာဆီသို့ သွားရောက်ပြီး သူ့အတွက်တိုက်ခိုက်လျက်ရှိသည့် သူရဲကောင်း ဝိညာဉ်အား အားပေးလျက်ရှိနေလေ၏။ အင်း .... အနည်းငယ်သောအရှက်တရားသာ ရှိသည်ဆိုပါက ကိုယ့်ကိုယ်ကိုယ်ပင် သတ်သေသင့်၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နှုတ်ခမ်းထောင့်သည် အထင်အမြင်သေးသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ၎င်းသည် ခေါင်းသုံးလုံးလက်ခြောက်ဖက်နှင့် နီကျားကို သေသေချာချာစူးစိုက်ကြည့်နေသည်။

သူရဲကောင်းဝိညာဉ် နီကျားသည် ရုတ်တရက် လေဟာနယ်ကို ချိုးဖြတ်ပြီးသည့်နောက် မီးများတောက်လောင်လျက်ရှိနေသည့် လှံကြီးကို အသုံးပြုကာဖြင့် တစ်ဖက်လူအား ဝင်ရောက်ထိုးနှက် လေ၏။

သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို ကောင်းကောင်းနားလည်လို့ နေခဲ့၏။ သူသည် ဤတစ်ကြိမ်၌ ရှောင်ရှားရန်ပင် မပြင်ဆင်ခဲ့ချေ။ တိုက်ရိုက်ဆိုသလိုပဲ နတ်ဆိုး အော်ရာများကို ညာဘက်လက်တွင်စုစည်းစေခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လေသည်။

လေဟာနယ်တစ်ခုလုံး ကွဲအက်သွားစေနိုင်သည့် ကျယ်လောင်သည့် အသံကြီးတစ်ခုပေါ်ပေါက်လာခဲ့ပြီး နီကျားသည် မည်သို့မျှမခံစားနိုင်တော့ဘဲ ဘေးတစ်ဖက်ဆီသို့ ရှောင်ရှားခဲ့ရ၏။ တစ်ချိန်တည်းမှာပဲ သူ၏ လက်ထဲတွင်ရှိနေသည့် မီးလှံကြီးသည် တစ်ဖက်လူ၏ နတ်ဆိုးအော်ရာများဆီသို့ တည့်တည့်တိုးဝင်သွားခဲ့ လေ၏။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် မြွေတစ်ကောင်ကဲ့သို့ပင် တွန့်ကာ ရှောင်ရှားသွားခဲ့ ၏။

“နောက်ကိုဆုတ်”

ဆွစ် ဆွစ်

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် နှာခေါင်းရှုံ့လိုက်မိ၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် သူ၏ခန္ဓာကိုယ်ဆီမှ အားကောင်း လွန်းလှသော စွမ်းအင်လှိုင်းများ တလိပ်လိပ် နှင့် ဖြစ်တည်လာခဲ့၏။ သူသည် လှံကြီးကို ချက်ချင်း ဆွဲဆုပ်ကာ ချိုးလိုက်သည်။

မှော်လက်နက်သည် ချိုးဖြတ်ခံလိုက်ရ၏။ ထို့ကြောင့် တန်ပြန်မှုကို ခံစားခဲ့ရသည်။ နီကျားသည် အနောက်ဘက် ခပ်လှမ်းလှမ်းဆီသို့ လှမ်းဆုတ်သွားပြီးမှ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ် နိုင်၏။

ဆွစ် ဆွစ် ဆွစ်

လှံကြီးသည် ကျိုးပျက်သွားခဲ့သည်ဆိုရင်တောင်မှ နီကျားဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ ပြီးသည့်နောက် အသစ်တဖန် ပြန်လည်ဖြစ်တည်လာခဲ့သည်။ ထိုလှံသည် ခန္ဓာကိုယ်ကို ရစ်သိုင်းလျက်ရှိ၏။ သို့ပေမဲ့ ယခင်ကကဲ့သို့ အရောင်အဆင်းတောက်ပမှုမျိုး မရှိတော့ချေ။

“မကောင်းတော့ဘူး” ကျွင်းချောင်ရှောင်းသည် အနည်းငယ်စိုးရိမ်ပူပန်သွားမိတော့၏။

ဟူး ဟူး

ထိုအချိန်မှာပဲ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တိုက်ခိုက်လာခဲ့ပြန်၏။ ၎င်းသည် ရှုပ်ထွေးလှသည့် တိုက်ကွက်များကို မသုံးခဲ့ချေ။ ရိုးရှင်းပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် လက်သီးချက်ကြီးကိုသာ ထုတ်ဖော်ကာ ထိုးနှက်လေသည်။

ဘန်း ဘန်း ဘန်း

အချိန်တစ်ခဏအတွင်းမှာပဲ အကြိမ်ပေါင်းတစ်ထောင်လောက် လက်သီးနှင့် ထိုးနှက်ခဲ့သည်။ ကံကောင်းစွာဖြင့် နီကျားသည် ခေါင်းသုံးလုံး လက်ခြောက်ဖက်ပုံစံကို ကြိုတင်ကာ အသွင်ပြောင်းခဲ့သည် ဖြစ်သောကြောင့် ၎င်း၏ မျက်နှာထက်သို့ ကျဆင်းလျက်ရှိနေသည့် လက်သီးမိုးများကို ကောင်းကောင်း ကာကွယ်နိုင်စွမ်းရှိနေ၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တစ်ချက်ကလေးမှ ရပ်တန့်မည့်ရည်ရွယ်ချက်မျိုး မရှိလှချေ။ ဆက်တိုက်ဆိုသလိုပဲ ဆက်လက်ကာ ထိုးနှက်လျက်ရှိ‌နေလေ၏။ လက်သီးချက်တိုင်းသည် ကြောက်မက် ဖွယ်ရာ ကောင်းလှသည့် အားအင်အဆင့်များ ပါဝင်လျက်ရှိနေသည်။

တိုက်ခိုက်မှုတည်နေရာရှိ လေဟာနယ် တစ်ခုလုံးသည် ပြိုလဲလျက်ရှိနေပြီး နီကျားသည် ခုခံသည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ သူသည် တောင်မှ မြောက်၊ အရှေ့မှ အနောက်ဆီသို့ လှမ်းဆုတ်နေရ၏။ ကျိန်းသေပေါက် တစ်ဖက်သတ် တိုက်ခိုက်ခြင်းကို ခံနေရခြင်းပင်။

“တတိယအစ်ကို ကျုပ် ခင်ဗျားကိုကူညီမယ်”

ကျွင်းချောင်ရှောင်းသည် အနောက်ဖက်ဆီမှ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ သူသည် အလွန်တရာထက်ရှ လွန်းလှသည့် ဓားဆန္ဒများ ပါဝင်လျက်ရှိနေသည့် ရွှမ်ယွမ်နတ်ဘုရားဓားကို ကိုင်ဆောင်လာခဲ့၏။ တိုက်ပွဲကို သူ ဆက်လက်ကာ ကြည့်ရှု၍မဖြစ်နိုင်တော့ချေ။ အခွင့်အရေးပေါ်လာသည်နှင့် တပြိုင်နက် ကျိန်းသေပေါက် အလစ်အငိုက်ချောင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းပင်။

ဤအရာသည် ကောင်းမွန်လှသည့် အရာတစ်ခုမဟုတ်ဘဲ ယုတ်ညံ့လှသည်ဆိုသော်လည်း ကုန်းရှန့်၏ အထင်အရဆိုလျှင် မလောကကြီးကို ဒုက္ခပေးလျက်ရှိသည့် နတ်ဆိုးကို သတ်ဖြတ်သည့်နေရာတွင် မည်သည့် နည်းလမ်းကိုသုံးသုံး တရားမျှတသည်။

“သွားစမ်း”

ကျွင်းချောင်ရှောင်း အနောက်ဘက်ဆီမှ ရောက်ရှိလာသည်ကို အာရုံခံပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည် နီကျားကို တိုက်ခိုက်နေရာမှ အသာလှည့်ကာ ညာဘက်လက်ဖြင့် ဝှေ့ယမ်း ရိုက်နှက်လိုက်၏။

ဒင်

သူ၏လက်သီးသည် တစ်ဖက်လူ၏ ဓားနှင့် တည့်တည့်ထိမှန်လေ၏။ မီးတောက်များပင် ထွက်ပေါ်လာခဲ့သည်။

“........”

ကျွင်းချောင်ရှောင်း၏ အမူအယာတစ်ခုလုံးသည် အေးခဲသွား၏။ ရွှမ်ယွမ်နတ်ဘုရားဓားသည် အလွန် ထက်ရှလွန်းလှ၏။ တစ်ဖက်လူ၏လက်သီးနှင့် တည့်တည့်ထိမှန်သည်ဆိုလျှင်တောင်မှ စိန်ကို ထိုးနှက်လိုက် သကဲ့သို့ ခံစားလိုက်ရ၏။

သို့ပေမဲ့ များများစားစားတွေးတောရန် အချိန်မရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည် တိုက်ခိုက်မှုကို တားဆီးပြီးသည့်နောက် ကြမ်းတမ်းလှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာ ပြန်လည်တိုက်ခိုက်လာခဲ့သောကြောင့်ပင်။

ဘန်း

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲအနောက်ဘက်ဆီသို့ လွင့်စင်သွားခဲ့၏။ သူသည် ကြွေကျသွားသည့် သစ်ရွက်လေးတစ်ခုကဲ့သို့ပင် လွင့်စင်သွားသည်။ မည်သို့မျှ မထိန်းချုပ်နိုင်တော့ပဲ သွေးများ အန်ထွက်လျက်ရှိနေ၏။ သနားဖွယ်ရာကောင်းလွန်းလှချေသည်။

ကုန်းရှန့်၏ အလစ်ချောင်းတိုက်ခိုက်မှုကြောင့် နီကျားသည် အခွင့်အရေးတစ်ခုတော့ရရှိခဲ့၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ အာရုံလွင့်လျက်ရှိနေတုန်းမှာပဲ အခွင့်အရေးကိုအရယူကာဖြင့် တိုက်ခိုက်မှု အကွာအဝေးအတွင်းမှ လျှင်လျှင်မြန်မြန်ဖြင့် ဆုတ်ခွာနိုင်ခြင်းပင်။ သူသည် မီးကွင်းကြီး ပေါ်တွင် မတ်မတ်ရပ်ကာဖြင့် လက်အုပ်ချီကာ အော်ဟစ်လိုက်သည် “အဆုံးမဲ့စကြဝဠာ”

ဝှစ်

စကြဝဠာကွင်းများသည် ကောင်းကင်ယံထက်တွင် ပျံသန်းလာခဲ့သည်။ တဝီဝီလည်ပတ်နေသည့် ယင်နှင့်ယန် ဓာတ်ဘဘာဝများသည် လေဟာနယ်ထဲတွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ ဆီသို့ ပျံသန်းပြီး ၎င်းအား အောင်အောင်မြင်မြင် ချုပ်နှောင်လိုက်တော့၏။

ဒွီး ဒွီး

လေဟာနယ်ပေါ်တွင် ယင်နှင့် ယန် ပုံရိပ်များ ရုတ်တရက်ပေါ်ပေါက်လာ၏။ ဤပုံရိပ်ယောင်များသည် အချင်းချင်း ချိတ်ဆက်ကာ လှည့်ပတ်လျက်ရှိနေပြီး မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ လက်များကို တိုက်ရိုက်ပစ်မှတ်ကာ ချုပ်နှောင်သည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ခုခံလေ၊ ကွင်းများက ပိုမိုကာ ကျပ်လာလေဖြစ်၏။

တိုက်ခိုက်မှုအရှိန်အဟုန်မှ လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် နတ်ဘုရား လက်နက်များကို ထုတ်ဖော်ကာ တစ်ဖက်လူအား အောင်မြင်စွာချုပ်နှောင်နိုင်ခြင်းဆိုသည်မှာ လျှပ်တပြက် အတွင်း ဖြစ်သွားခဲ့ခြင်း သာလျှင် ဖြစ်၏။

ဟူး

ကောင်းကင်ယံတွင် မတ်မတ်ရပ်လျက်ရှိနေသည့် နီကျားသည် အသက်ကိုပြင်းပြင်းရှူနေရ၏။ သူသည် အကောင်းမွန်ဆုံး မဟုတ်သော အခြေအနေတစ်ခုတွင် တစ်ဖက်လူအား ဝင်ရောက်တိုက်ခိုက်ခဲ့၏။ သူ၏ ဝှက်ဖဲကို အသုံးပြုပြီးသည့်နောက် အမှန်ပင် မောပန်းလို့နေသည်။

“ဒီနတ်ဆိုးကို ထိန်းချုပ်ထားတုန်း တစ်ခါတည်း သတ်ပစ်လိုက်တော့” နီကျားက ဆော်ဩလိုက်၏။

“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို အသာမြှောက်ကိုင်ကာဖြင့် ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စွမ်းအင်များအားလုံးကို ဓားဆီသို့ပို့လွှတ်လိုက်၏။ ပြီးနောက် တစ်ဖက်လူအား ခုတ်ပိုင်းလိုက်၏။ နတ်ဆိုးသာ သေဆုံးသွားလျှင် လောကကြီးတစ်ခုလုံး ငြိမ်းချမ်းသွားပေလိမ့်မည်။

သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီသို့ ဓားသွား ရောက်ရှိခါနီးတွင် ရုတ်တရက် လက်ကြီးတစ်ဖက် ဖြစ်တည်လာခဲ့ပြီး စကြဝဠာကွင်းများကို ဆွဲကာ ချဲ့ထွင်လေသည်။ ပြီးနောက် မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ချုပ်နှောင်ခံထားရခြင်းမှ လွတ်မြောက်သွားခဲ့၏။ လက်တစ်ဖက်ဖြင့် စကြဝဠာကွင်းကို ဆွဲကိုင်ပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ထိုအရာကြီးကို အဝေးဆီသို့ပစ်လွှတ်လိုက်၏။ ထိုလက်နက်သည် လေဟာနယ်ကို ထိုးခွင်းပြီး အဆုံးအစမဲ့ စကြဝဠာထဲသို့ ပျံသန်းပျောက်ကွယ် သွားခဲ့၏။

“ချီးထဲမှ”

နီကျား၏မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွားခဲ့တော့၏။ သူသည် စကြဝဠာကွင်းကြီးကို ကြိုးစားကာ ဆင့်ခေါ်ခဲ့ရခြင်းဖြစ်၏။ သို့ပေမဲ့ လက်ရှိ သူနှင့် အဆက်အသွယ်ပြတ်တောက်သွားလေသည်။

မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ချုပ်နှောင်ခံထားရမှုမှ လွတ်မြောက်လာသည်။ တိုက်တိုက် ဆိုင်ဆိုင်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားနှင့် ထိုးနှက်လိုက်၏။

All Chapters