အခန်း ၁၉၈၇
Vol. 133 Ch. 1987
အပိုင်း (၁၉၈၇)
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ချုပ်နှောင်ခံထားရကြောင်း မြင်စဉ်က သူလုပ်ချင်ရာကို ပြုလုပ်နိုင်ပြီဟု တွေးထင်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်း အရေးအကြောင်းအခြေအနေမျိုးတွင် မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည် ချုပ်နှောင်ထားမှုမှ လွတ်ကင်းသွားခဲ့၏။
အချက်အလက်အားဖြင့်ဆိုလျှင် ကောင်းကင်ကွင်းများသည် နတ်ဆိုးစွမ်းအင်များ နှင့် ထိန်းချုပ်ကာ ပစ်လွှတ်ခြင်း ခံလိုက်ရသောကြောင့် ပိုင်ရှင်နှင့်ပင် အဆက်အသွယ် ပြတ်တောက် သွားခဲ့၏။ အဝေးဆုံးတည်နေရာဆီသို့ လွင့်စင်သွားခဲ့ပြီဖြစ်ပြီး မိဘမဲ့ကလေးကဲ့သို့ပင် လွင့်မျောသွားခဲ့သည်။
ကျွင်းချောင်ရှောင်းမှာတော့ ပိုမိုကာ ကံဆိုးလှချေ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ချုပ်နှောင်မှု များမှ လွတ်ကင်းပြီးသည့်နောက် အလွန်ကြမ်းတမ်းလွန်းလှသော ညာလက်ဝါးကို အသုံးပြုကာဖြင့် ရွှမ်ယွမ်နတ်ဘုရားဓားကို ရိုက်ဖယ်ကာ ဘယ်ဘက်လက်သီးဖြင့် ကျွင်းချောင်ရှောင်း၏ မျက်နှာတည့်တည့်ကို ထိုးနှက်လေ၏။ တစ်စက္ကန့် အတွင်းမှာပဲ ကုန်းရှန့်သည် အကြိမ်ပေါင်းရာချီ ထိုးနှက်ခြင်းကို ခံလိုက်ရ၏။ အမြန်နှုန်းသည် အလွန်မြန်ဆန်လွန်းလှသည်ဖြစ်သောကြောင့် တဘုန်းဘုန်းဟူသော အသံများသည် အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။
ဝေါ့
ကျွင်းချောင်ရှောင်းသည် အနောက်ဖက်သို့ လွင့်စင်သွားစဉ်မှာပဲ သွေးများအန်ထွက်လျက်ရှိ၏။ မြင်ကွင်းသည် ရယ်ရွှင်ဖွယ်ရာပင်ဖြစ်လို့နေ၏။ ခက်ခက်ခဲခဲဖြင့် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်အချိန် မှာတော့ သူ၏ မျက်လုံးသည် မျဉ်းကြောင်းတစ်ခု အဖြစ်ပင် ဖူးရောင်လို့နေလေည်။ မျက်နှာသွင်ပြင်တစ်ခုလုံး သည်လည်း ယောင်ကိုင်းလျက်ရှိနေသည်။ ကုန်းစွန်းရော့လီသာ သူ့ကိုမြင်လျှင် မှတ်မိလိမ့်မည်မဟုတ်ချေ။
ကုန်းရှန့်၏ မျက်နှာသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် အမာကျောဆုံးနေရာဟုပြောဆိုနိုင်၏။ သို့ပေမဲ့ အချက်အလက် အားဖြင့် အလုံးစုံသော စွမ်းအင်များနှင့် မတွေ့သေးသောကြောင့်သာလျှင် ဖြစ်မည်။
မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ရှေ့တွင် မာကျောလှပါသည်၊ အရေခွံထူလှပါသည်ဆိုသော မျက်နှာသွင်ပြင်တစ်ခုလုံး သည် ဖူးယောင်လျက်ရှိနေလေ၏။
“သေစမ်း”
ထိုအချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အလွန်ကြမ်းတမ်းလွန်းလှသည့် နတ်ဆိုး အော်ရာများကို ထုတ်ဖော်ကာဖြင့် လက်ကို ဝှေ့ယမ်းလိုက်၏။ သူသည် နီကျားကို ပစ်မှတ်ထားခြင်း မဟုတ်ချေ။ ကျွင်းချောင်ရှောင်းကို ပစ်မှတ်ထားကာ သတ်ဖြတ်ခြင်းပင်ဖြစ်သည်။ ဤအရာသည် အလွန် ဉာဏ်ကောင်းလှသော ရွေးချယ်မှုပင်ဖြစ်၏။ ထိန်းချုပ်ထားသူ သေဆုံးသွားမည်ဆိုလျှင် သူရဲကောင်း ဝိညာဉ်သည် တည်ရှိတော့မည်မဟုတ်ချေ။
“ချီးထဲမှ”
ထိုအခြင်းအရာကိုမြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ထပ်မံမြှောက် ကိုင်ကာဖြင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ တိုက်ခိုက်ချက်ကို ခုခံလိုက်၏။ ပြီးနောက် အနောက်ဘက်သို့ လှမ်းဆုတ်လိုက်သည်။ သူ့၌ ထိပ်တိုက်တိုက်ခိုက်ရန် အားအင် ၊ သတ္တိဟူ၍ မရှိတော့ချေ။
ဘုန်း ဘုန်း ဘုန်း ...။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အလွန်ပင် ကြမ်းတမ်းလွန်းလှ၏။ ပျံသန်းလာပြီးသည့်နောက် ခုနှစ်စဉ် ကြယ်ဓားချီများကို လက်နှစ်ဖက်ဖြင့် အလျှင်အမြန်ပင် ချိုးဖြတ်လျက်ရှိနေလေ၏။ သူသည် အေးစက်စက် ပြောလိုက်၏။
“ကျွင်းချောင်ရှောင်း... ဒီနေ့က မင်းသေဆုံးရမဲ့နေ့ပဲ”
ဆွစ်
ထိုအသံပေါ်ပေါ်လာချင်းမှာပဲ အနီရောင် ခုတ်ပိုင်းချက်တစ်ခုသည် အနောက်ဘက်ဆီမှထွက်ပေါ်လာခဲ့သည်။
“သေချင်နေတာပဲ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် နတ်ဆိုးအော်ရာများကို ထုတ်ဖော်ကာဖြင့် ထိုအနီရောင် ခုတ်ပိုင်းချက်ကို တားဆီးလိုက်၏။
သူရဲကောင်းဝိညာဉ်နီကျားသည် လေ၊ မီး၊ ဘီးများကို ဆင့်ခေါ်ကာ အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူ၏ နောက်ကျောဘက်တွင်ရှိနေသည့် လက်လေးဘက်တို့သည် မီးလှံများကို ကိုင်စွဲထားခဲ့၏။ စွမ်းအင် အားလုံးကို စုစည်းပြီးသည့်နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်လောကလုံးကို ကျွမ်းလောင်နိုင်စွမ်း ရှိနေသည့် မီးတောက်များအဖြစ် ဖြစ်တည်လျက်ရှိနေသည်။ တတိယအစ်ကိုသည် အမှန်ဒေါသထွက် လျက်ရှိနေသည်။
“အား”
အစွမ်းကုန်ထုတ်ပြီးသောနီကျားသည် အမြန်ဆုံးနှုန်းဖြင့် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် လေးနက်လျက်ရှိနေ၏။ သူကအော်ဟစ်လိုက်၏။ “လောကအမိန့်တော်၊ ကောင်းကင်ငါးပါးနတ်ဆိုး”
ဟူး ဟူး
လှံ၏ထိပ်တည်နေရာတစ်ခုလုံးသည် တောက်ပလျက်ရှိနေသည့် မီးတောက်များထွက်ပေါ်ခဲ့ပြီး မီးနဂါးကြီး တစ်ခုကဲ့သို့ အရှိန်တညီးညီးဖြစ်တည်နေခဲ့၏။ ထိုအရှိန်အဟုန် များသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာဆီသို့ ကျဆင်းလာခဲ့၏။ ထိပ်တန်းကျင့်ကြံသူများ၏ တိုက်ခိုက်ပွဲသည် အထက်စကြဝဠာ တစ်ခုလုံးတွင် ရှားရှားပါးပါးပင်ဖြစ်ပေလိမ့်မည်။
ကံဆိုးစွာဖြင့် လက်ရှိအခြေအနေတွင် ထိုတိုက်ပွဲကို ကြည့်ရှုသူ ပွဲကြည့်ပရိတ်သတ်ဟူ၍ တစ်ဦး တစ်လေမှ မရှိတော့ချေ။ မဟုတ်သေးဘူး။ ပွဲကြည့်ပရိတ်သတ်ရှိချင်သည် ဆိုလျှင်တောင်မှ မည်သူမှ မြင်ရလိမ့် မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဤတည်နေရာကြီး၏ အကွာအဝေး မိုင်ပေါင်းထောင်ချီ အတောအတွင်း တည်နေရာတစ်ခုလုံးသည် မီးတောက်များနှင့် နတ်ဆိုးချီများ ဖုံးလွှမ်းလျက်ရှိလေ၏။ ကျန့်ကွေ့ရှုကဲ့သို့ အဆင့်ကျင့်ကြံသူတစ်ယောက်ပင် လာရောက်ကာ ကြည့်ရှုနိုင် လိမ့်မည်မဟုတ်ချေ။
ဖြောက် ဖြောက် ဖြောက်
မီးနဂါးကြီးသည် အရှိန်အဟုန်အပြည့်နှင့် အော်ဟစ်လျက်ရှိ၏။ သူရဲကောင်းဝိညာဉ်နီကျားသည် သူ၏ အားအင်အဆင့် အကုန်လုံးကို မီးလှံများအပေါ်တွင် ထည့်သွင်းထား၏။ သူသည် အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်နေခဲ့၏။
ဝုန်း
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကျွင်းချောင်ရှောင်းကို လိုက်လံတိုက်ခိုက်ရင်းမှ ရပ်တန့်လိုက်၏။ ထိုအစား သူသည် သူ၏အရှေ့ရှိ ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဆိုးချီများဖြင့် အကာအကွယ် အကာအရံတစ်ခုကို ဖန်တီးလိုက်သည်။
မီးနဂါးကြီးသည် ထိုနေရာဆီသို့ ကျဆင်းလာခဲ့၏။
“တတိယအစ်ကို” ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏နှလုံးသားထဲတွင် နာကျင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ တစ်စုံတစ်ခု ဆိုးရွားသည့်အရာများ ဖြစ်တော့မည်ဟု သူကကြိုတင်ကာ အာရုံခံမိနေသည်။
ဘုန်း
ချက်ချင်းပဲ မီးနဂါးကြီးသည် နတ်ဆိုးချီ အတားအဆီး အစီအရင်ကြီးကို ထိမှန်လေ၏။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာခဲ့၏။ ထိုအရာသည် အတားအဆီးအစီအရင်ကြီးကို မချိုးဖြတ်နိုင်ခဲ့သလို အက်ကွဲကြောင်း တစ်ခုပင်လျှင် ဖြစ်တည်လာခြင်းမရှိချေ။ နီကျား၏ ခြေထောက်အောက်တွင်ရှိနေသည့် လေမီးဘီးများ သည် ရုတ်တရက်ရပ်တန့်သွားခဲ့၏။ ၎င်းသည် ဆံပင်များသည် ပွစာကြဲလျက်ရှိနေလေ၏။ ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကင်းမဲ့နေသကဲ့သို့ပင်။
“တတိယအစ်ကို” ကျွင်းချောင်ရှောင်းကအော်ဟစ်လိုက်၏။
ဟူး ဟူး
နီကျားသည် ဦးခေါင်းကိုငုံ့ကာဖြင့် အသက်ကိုပြင်းပြင်းရှူနေ၏။ ပြီးနောက် ခေါင်းကိုဖြည်းညင်းစွာမော့ပြီး နက်မှောင်လျက်ရှိသည့်ကောင်းကင်ယံကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် တီးတိုးပြောလိုက်သည်။ “ငါ့ အချိန်ကုန်သွားပြီ”
ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်ကဲ့သို့ ပြောင်းလဲသွားခဲ့၏။ သူသည် ကျွင်းချောင်ရှောင်းကို ကြည့်ရှုကာပြောလိုက်၏။ “ဒီလိုရလာဒ်မျိုး ရလာမယ်လို့မထင်ဘူး။ အကောင်းဆုံးကြိုးစားခဲ့တယ်။ ကံကောင်းပါစေ”
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာအော်ဟစ်လိုက်၏။ သူသည် စိတ်ထဲတွင်တော့ တွေးတောလျက်ရှိနေသည်။ ခင်ဗျားထွက်သွားပြီဆိုရင် ကျုပ်ကဘာလုပ်ရတော့မှာလဲ ....။
ဒွီး ဒွီး
သူရဲကောင်းဝိညာဉ်သည် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့၏။ သူရဲကောင်းဝိညာဉ် နီကျား၏ ရတနာနှင့် စကြဝဠာကွင်းများသည်လည်း ထပ်တူပျောက်ကွယ်သွား၏။
ဆွစ် ဆွစ်
တစ်ချိန်တည်းမှာပဲ ဝိညာဉ်နှင့်တူသည့် အလင်းတန်းများဖြစ်တည်လာခဲ့ပြီး ကျွင်းချောင်ရှောင်း၏ မျက်ခုံး နှစ်ခုကြား တည်နေရာထဲသို့ တိုးဝင်ကာပျောက်ကွယ်သွားလေ၏။ မှန်ပေ၏။ ဤအရာသည် နီကျားသာလျှင် ဖြစ်၏။ စွမ်းအင်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်သောကြောင့် ၎င်းသည် အလင်းမဲ့ သူရဲကောင်းဝိညာဉ်ကဲ့သို့ပင် ဖြစ်သွားခဲ့၏။ သူမသေဆုံးခဲ့ချေ။ သို့ပေမဲ့ ပြန်လည် အားမွေးနိုင်ရန်အတွက် အချိန်အတော် ကြာမြင့်ပေလိမ့်မည်။ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း မည်မျှကြာမည်ကိုတော့ သေသေချာချာ မသိနိုင်ချေ။
ကောင်းကင်လျှို့ဝှက်နယ်မြေထဲတွင်ရှိနေသည့် SSS အဆင့် သူရဲကောင်းဝိညာဉ်များသည် ပြိုင်ဘက်ကင်း မဟုတ်ချေ။ ၎င်းတို့၏ စွမ်းအင်များသည် အကန့်အသတ်ဖြင့် တည်ရှိနေ၏။ ပြန်လည် အားဖြည့်ရန် လုံလောက်သည့်အချိန်မရှိပါက ၎င်းတို့သည် တစ်သက်လုံး အိပ်မောကျနေစေခြင်း အခြေအနေဆီသို့ပင် ရောက်ရှိပေလိမ့်မည်။
တတိယမင်းသားနီကျားသည် ကျွင်းချောင်ရှောင်း၏ ဆင့်ခေါ်မှုကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရသည်။ ဆိုးရွားလှ ချေ၏။ အဆုံးသတ်မှာတော့ သူသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို ရှုံးနိမ့်ခဲ့ရသည်။
ဟား ဟား ဟား
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အသာလှည့်ကာဖြင့် နှာခေါင်းရှုံ့လိုက်၏။ “မင်းကို ဘယ်သူက ကယ်မှာလဲ”
“..........”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်နေ၏။
“အနောက်ကိုဆုတ်” စနစ်ကဆော်ဩလိုက်သည်။
လက်ခံသူသည် သူရဲကောင်းဝိညာဉ်နီကျားပင် ရင်ဆိုင်နိုင်စွမ်းမရှိသည့် တစ်ဖက်လူကို မည်သို့မှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ဟု စနစ်က သိရှိနေသည်။ လက်ရှိ အရေးကြီးသည်မှာ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာရန်ပင်။ အနည်းဆုံး အသက်ရှင်ရန် အခွင့်အရေးတော့ ရရှိပေလိမ့်မည်။
“အနောက်ကို ဆုတ်ရမှာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။
“ဖြစ်နိုင်တာ” စနစ်သည် တုန်လှုပ်သွားမိ၏။
“ကျွင်းချောင်ရှောင်း”
ထိုအချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အရှေ့ဆီသို့ လှမ်းတက်လာ ခဲ့၏။ ကြီးမားကျယ်ပြန့်သော နတ်ဆိုးအော်ရာများသည် သူ၏လက်ဝါးကြီး၌ ဖြစ်တည်လာခဲ့ပြီး လေဟာနယ် တစ်ခုလုံးသည် တဝုန်းဝုန်းနှင့် တုန်ခါနေ၏။ “ငါ ခေတ်သစ်ကြီးတစ်ခုရောက်ပြီဆိုတဲ့ အကြောင်း ကြေညာတဲ့ နေရာမှာ မင်းရဲ့သွေးကို သုံးပြမယ်”
စွမ်းအင်များ၊ သတ်ဖြတ်လိုခြင်းဆန္ဒများသည် တည်နေရာကြီးတစ်ခုလုံးကို ပြည့်ကျပ်၊ ကျပ်ညှပ်သွားစေခဲ့၏။ ကျွင်းချောင်ရှောင်းသည် မရှောင်ခဲ့ချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အမြန်နှုန်းနှင့်ဆိုလျှင် သူထွက် ပြေးသွားနိုင်သည့် တည်နေရာအားလုံးကိုလည်း ပိတ်ပင်ထားပြီးပြီလည်းဖြစ်သည်။
ဤကဲ့သို့ဖြေရှင်း၍ မရနိုင်ခဲ့သော အခြေအနေမျိုးတွင် သေခြင်းတရားတစ်ခုသာ တည်ရှိတော့၏။ ကျွင်းချောင်ရှောင်းသည် အားကောင်းလှသည့် အန္တရာယ် အငွေ့အသက်ကို ခံယူမိ၏။ သို့ပေမဲ့ စိုးရိမ်မသွားချေ။ ထိုအစား သူ၏မျက်နှာပေါ်တွင်ရှိနေသော အပြုံးက ပိုမိုကာတောက်ပလာခဲ့၏။
“ဂိုဏ်းချုပ်ကျွင်း... အမှန်တရားအတွက် ကိုယ့်ကိုကိုယ် စတေးရဲ့လား။ ဒါမှမဟုတ် ပုန်းလျှိုးကွယ်လျှိုးနဲ့ နေသာသလို နေမှာလား”
သက်တန့်ရောင်သူတော်စင်မေးခဲ့သည့် မေးခွန်းသည် သူ၏နားထဲမှာ ပြန်လည်ကာ ပေါ်ပေါက်လာ၏။ သူ့အား ရွေးချယ်ခွင့် အစစ်အမှန်ပေးခဲ့သည်။
ကျွင်းချောင်ရှောင်းသည် မျက်လုံးများကို မှိတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖြေလျော့ထား၏။ သူသည် သိုလှောင်လက်စွပ်ထဲမှ အဓိကတာဝန်၏ ဝိညာဉ်ချိန်ကိုက်ဗုံးကို ထုတ်ယူလိုက်၏။ ဤအရာ - သူသည် ကြယ်တာရာစိတ်ဝိညာဉ် လောကကို ဖောက်ခွဲဖို့ အသုံးပြုရန်စီစဉ်ခဲ့၏။ သို့ပေမဲ့ လက်တွေ့ အသုံးမပြုခဲ့ရချေ။
ကုန်းရှန့်သည် ဖောက်ခွဲမှုအနုပညာဆီမှ ထွက်ပေါ်လာသည့်အသံကို ကိုယ်တိုင်ကိုယ်ကျ မကြားရသည့် အတွက် စိတ်ပျက်ခဲ့ရ၏။ လက်ရှိအချိန်မှာတော့ အခွင့်အရေးကရောက်ရှိလာခဲ့၏။ ဝိညာဉ်ချိန်ကိုက်ဗုံး ကို ဆွဲလှမ်းကိုင်လိုက်သည့်အချိန်မှာပဲ ကုကျောင်းရှစ်တစ်ယောက် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရွက်သင်္ဘောများအားလုံးကို ဖောက်ခွဲခဲ့သည့် မြင်ကွင်းကို ပြန်လည်ကာမြင်ယောင်လိုက်မိ၏။
“ညီလေး... ဒီတစ်ခါ ငါ့ရဲ့အလှည့်ပဲ”
“..........”
စနစ်သည်ဆွံ့အသွားမိ၏။ “တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် စတေးတော့မှာလား”
ဟူး ဟူး ဟူး
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့၏။ ပတ်ဝန်းကျင်တွင် ရှိနေသည့် နတ်ဆိုး စွမ်းအင်များအားလုံးသည် သရဲ၊ တစ္ဆေများကဲ့သို့ပင် ကျွင်းချောင်ရှောင်းကို ကျိန်းသေပေါက် သတ်ဖြတ်ပစ်ပေတော့မည်။
....
စိတ်ပျက်ခြင်းချောက်ကမ်းပါး၏ အထူးတည်နေရာဆီသို့ အချိန်ကိုပြန်သွားရမည်ဆိုလျှင် ....
ကျွင်းချောင်ရှောင်းသည် သေသေချာချာ စိတ်ပိုင်းဖြတ်ကာ ရွေးချယ်ပြီးနောက် မေးမြန်းမိ၏။ “စီနီယာ သက်တန့်ရောင်သူတော်စင်.. အမှန်တရားတစ်ခုကို စတေးပစ်မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးကို ရမှာလဲ”
“စကြဝဠာကြီးက ငြိမ်းချမ်းသွားလိမ့်မယ်”
“ဒါပဲလား”
“ဒါပဲပေါ့”
“နည်းနည်းလေးလျှော့ပေးဖို့ အစီအစဉ်မရှိဘူးလား”
“ဘယ်လိုလျှော့ပေးရမှာလဲ”
“ကျုပ်ရဲ့သေဆုံးခြင်းက ပြိုင်စံရှားဂိုဏ်း ပိုပြီးကောင်းမွန်ပြီး သူတို့အားလုံး အန္တိမကုန်းမြေထဲသို့ ဝင်ရောက်ခွင့် ရစေဖို့ပေါ့”
“မင်းအတွေးလွန်နေပြီ”
“...........”
“ဒါပေမဲ့ ဂိုဏ်းချုပ်ကျွင်းက အမှန်တရားအတွက် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တဲ့ အပြင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ကျိန်းသေပေါက် ရှင်းပစ်လိုက်မယ်ဆို အထက်နယ်မြေ တစ်ခုလုံးကို ကယ်တင်နိုင်လိမ့်မယ်။ ဒါဆိုရင် အရမ်းကိုများတဲ့ ကုသိုလ်တရားတွေရရှိသွားမှာပေါ့။ မင်းရဲ့ ဂိုဏ်းနဲ့၊ မင်းရဲ့တပည့်တွေအားလုံးက ဒီအခြင်းအရာနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးရလိမ့်မယ်။ အန္တိမ ကုန်းမြေတိုက်ထဲကို ဝင်ရောက်ဖို့ မြင့်မားတဲ့အခွင့်အလမ်းတွေရနိုင်မယ်ထင်တယ်”
“အင်း အားလုံးအဆင်ပြေသွားမဲ့ပုံပါပဲ”
ကျွင်းချောင်ရှောင်းသည် အကျိုးကျေးဇူးမရှိဘဲ ဘာတစ်ခုမှ မလုပ်သည့်လူသားတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤတစ်ကြိမ်ရရှိသည့် အကျိုးကျေးဇူးသည် သူ၏ အကျိုးကျေးဇူးမဟုတ်ပေ။ သူ၏ သေဆုံးခြင်းနှင့် အလဲအထပ်အဖြစ် အန္တိမကုန်းမြေတိုက်ထဲသို့ ဂိုဏ်းတစ်ခုလုံးဝင်ရောက်ခွင့်ရရှိမည့် အခွင့်အရေးပင်။
......
“သေစမ်း”
ဟူး ဟူး
မူလအစစ်အမှန်တရားဆီသို့ ပြန်လည်ကာရောက်ရှိသည့်အချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် တင်းမာခက်ထန်လျက် ရှိနေ၏။ သူသည် ကျွင်းချောင်ရှောင်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်ချင်နေမိသည်။ လက်စားချေရုံသာမက သူ၏ခေတ်သစ်ဆီသို့ သွားရာလမ်းတွင် ကာကွယ်ကာ တားဆီးသည့် အနှောင့်အယှက်တစ်ခုကို ဖယ်ရှားပစ်ချင်စိတ်ပင်။
“ဟမ်”
ရုတ်တရက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သေဆုံးရန် ငြိမ်သက်လျက်ရှိနေသည့် တစ်ဖက်လူသည် လက်ထဲတွင် တစ်စုံတစ်ခုကို ကိုင်ဆောင်ထားကြောင်း မြင်လိုက်ရ၏။ ထို့ပြင် သေဆုံးတော့မည့်လူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ဤအရာသည် ခဏလေးသာဖြစ်၏။ သို့ပေမဲ့ သူ၏ သိစိတ်ပင်လယ်တစ်ခုလုံးတွင် အလွန်ဆိုးရွားလှသည့် ခံစားချက်ကြီးတစ်ခုက ဖြစ်တည်လာခဲ့၏။
“မကောင်းတော့ဘူး” မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပြောင်းလဲသွားခဲ့ တော့၏။ သူသည် အလောတကြီးဖြင့် ထွက်ပြေးရန်ကြိုးစားသည်။ သူ၏ မျက်လုံးထဲတွင် ရှိနေသည့် ကြောက်ရွံ့မှုတရားများသည်ကလည်း ပိုမိုကာ ကြီးမားလာခဲ့သည်။
“ကံကောင်းပါစေ”
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ချိန်ကိုက်ဗုံးကို ကိုင်ကာဖြင့် တောက်ပစွာ ပြုံးလိုက်၏။