ယူယူဒဏ်ရာရခြင်း
Vol. 134 Ch. 1872
နဂါးမျက်လုံးသည် မေ့ပျောက်ခြင်းမြစ်ထဲတွင်ရှိပြီး ပေါ်လွင်ခြင်းမရှိပေ။ မြစ်သားရဲများသည် ထိုနေရာသို့ ကူးခတ်သွားလာနေသော်လည်း ထူးခြားမှုကို မသိကြပေ။
နဂါးမျက်လုံးသည် သဲထဲတွင် နစ်နေသည်။ တိုက်ဆိုင်ခြင်းကြောင့်သာ မဟုတ်လျှင် ဝူလင်းယူသည် နဂါးမျက်လုံးကိုတွေ့ပြီး ပေါင်းစည်လိုက်ခြင်း ကြောင့် အသက်ရှင်မည်မဟုတ်ပေ။
ရှီမာယူယူသည် သေတ္တာများအားလုံးကို သိမ်းပြီးနောက် နဂါးမျက်လုံးရှိ သည့်နေရာသို့ ဝူလင်းယူနောက်မှလိုက်လာခဲ့သည်။ ဟေးဒီးစ်တို့သည် စောစီး စွာရောက်နှင့်ကာ ပတ်ပတ်လည်မှ မြစ်သားရဲများကို လမ်းရှင်းထားသည်။
လုံးပတ်တစ်ပေခန့်ရှိသည့် နို့ဖြူရောင်ပုတီးစေ့တစ်စေ့သည် သန္တာ ကျောက်တန်းများနှင့်ရောနှောနေပြီး ရေညှိများတက်နေသည်။ အမှန်တကယ် ပင် မထင်မရှားဖြစ်ကာ မည်သူမှ သတိထားမိမည်မဟုတ်ပေ။
“ဒါက နဂါးမျက်လုံးလား.. မေ့ပျောက်ခြင်းမြစ် တည်ရှိခြင်းရဲ့ ဇာစ်မြစ်ပေါ့” ရှီမာယူယူသည် နဂါးမျက်လုံးရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ကြီးမားသော ပုတီးစေ့ကြီးကို ကြည့်လိုက်သည်။
ဝူလင်းယူ၏ ဝိညာဉ်နှင့် ပေါင်းစပ်လိုက်ခြင်းကြောင့်လားတော့မသိပေ ထိုပုတီးစေ့မှ ရင်းနှီးသည့် အငွေ့အသက်ကို ခံစားရသည်။ ထိုပုတီးစေ့မှ အမှန် တကယ်ပင် ရင်းနှီးသည့် ခံစားချက်ရသည်။
သို့သော် နှိုက်နှိုက်ချွတ်ချွတ် ရှာကြည့်မည်ဆိုလျှင် ထိုခံ့စားချက်မှာ ဝူလင်းယူ၏ အငွေ့အသက် သက်သက်တင်မဟုတ်ပေ။
သူမသည် လက်ဆန့်ထုတ်ပြီး နဂါးမျက်လုံးကို ကိုင်ကြည့်ရန် ကြိုးစား လေသည်။ နဂါးမျက်လုံးသည် ဤနေရာတွင် အလျဉ်းသင့်သလို ရောက်နေ သည့်ပုံပင်။ သို့သော် သူမ၏ အားတစ်ဝက်မျှသုံးသည့်တိုင်အောင် လှုပ်အောင် မလုပ်နိုင်ပေ။
“မင်း ကြိုးစားကြည့်ဖို့မလိုဘူး ငါတောင် မတွန်းနိုင်ဘူး” ဟေးဒီးစ်သည် ဘေးမှ ပြောလေသည်။
“သခင်မလေး အတူကြိုးစားကြည့်တာပေါ့” ထိုနေရာတွင်ရှိသည့် လူများ ၏ အားမှာ မနိမ့်လှပေ။ သူတို့သာ ပူးပေါင်းလိုက်လျှင် သန်မာနိုင်သည်။
“ဟုတ်ပြီ” သူမသည် စိတ်မပါစွာဖြင့် လာနေသော ဟေးဒီးစ်ကိုကြည့်ပြီး ရေရွတ်လိုက်သည် “ဒီလိုဈေးပေါတဲ့ အလုပ်ကိုလုပ်စေမိလို့ ရှင့်ကိုအကြွေးတင် သွားပြီ”
ဟေးဒီးစ်သည် ပြုံးရုံပြုံးပြီး ငြင်းဆန်ခြင်းမပြုပေ။ သူတို့ငါးယောက်သည် အတူတကွ လုပ်ဆောင်ကြလေသည်။ သို့သော် နဂါးမျက်လုံးသည် တုပ်တုပ်မျှ မလှုပ်ပေ။
“နဂါးမျက်လုံးက တကယ်ထူးဆန်းတာပဲ” ရှီမာယူယူသည် အတွေး များစွာဖြင့် မေးစေ့ကို ကိုင်လိုက်သည်။
“မင်းကိုငါ ပြောပြီးပြီလေ… ဉာဏ်မသုံးဘဲ အားသုံးတာက အသုံးမဝင်ပါ ဘူးလို့” ဟေးဒီးစ် ပြောလိုက်သည် “မင်းခန္ဓာကိုယ်ထဲက ကစဥ့်ကလျားချီနဲ့ ကြိုးစားကြည့်”
“ကစဥ့်ကလျားချီဟုတ်လား” ရှီမာယူယူသည် အံ့ဩသွားသည်။
“ကစဥ့်ကလျားကမ္ဘာကနေ ပြန်လာတော့ မင်းရဲ့ဝိညာဉ်မှာ မင်းရဲ့လက်ရှိ ခန္ဓာကိုယ်ထဲမှာ စုနေတဲ့ ရောင်ဝါကစဥ့်ကလျားချီ ရှိနေမှာပဲ” ဟေးဒီးစ်သည် စိတ်ရှည်လက်ရှည်ရှင်းပြသည်။
ရှီမာယူယူသည် မျက်တောင်ခတ်ကာ သူမ၏ အငွေ့အသက်ကို နာနာခံခံ ပင် ထုတ်လိုက်သည်။ ပြီးနောက် နဂါးမျက်လုံး မတုံ့ပြန်ခင်တွင် အလင်းရောင် ခပ်ဖျော့ဖျော့ စတင်ထုတ်လွှတ်လေသည်။
ထိုအရာကိုမြင်သောအခါ သူမသည် နဂါးမျက်လုံးပေါ်သို့ လက်တင်ပြီး အားပါပါတွန်းလိုက်သည်။ ပြီးနောက် နဂါးမျက်လုံးသည် အနည်းငယ် လှုပ်လာ သည်။ သူတို့တွေ စွမ်းအားကြီးခြင်းကြောင့်သာ မဟုတ်လျှင် ထိုအရာကို သတိ ထားမိကြမည်မဟုတ်ပေ။
သို့သော် သူမ သိလိုက်သည့်အချိန်တွင် အားအင်မလုံလောက်သဖြင့် ခန္ဓာကိုယ်မှာ အားနည်းသွားသလိုခံစားရကာ တုန်ယင်သွားလေသည်။
သူမ အခြေအနေ မကောင်းတော့သည်ကို ဝူလင်းယူတွေ့သဖြင့် အမြန် ပင် သူမကို တွဲပြီး နဂါးမျက်လုံးပေါ်ရှိ သူမလက်ကို ဆွဲဖယ်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ကုန်ခမ်းသွားသည်ကို ခံစားလိုက်ရ သည်။
ဝူလင်းယူ သူမကို ဆွဲဖယ်လိုက်သည်မှာ သူမ နဂါးမျက်လုံးကို ထိလိုက် သည့် စက္ကန့်ပိုင်းအတွင်း၌သာဖြစ်သည်။ ဝူလင်းယူ၏ လျင်မြန်သော တုံ့ပြန်မှု ကြောင့်သာမဟုတ်လျှင် သူမ၏ စွမ်းအားများအားလုံးမှာ စုပ်ယူခံလိုက်ရမည် ဖြစ်သည်။
“သခင်မလေး ဘယ်လိုနေလဲ” အရိပ်မည်းသည် စိုးရိမ်တကြီး မေးလေ သည်။ နဂါးမျက်လုံးသည် ကစဥ့်ကလျားချီနှင့် တွေ့ပြီးနောက်တွင် တုံ့ပြန်မှု ကြီးမားလိမ့်မည်ဟု သူတို့ထင်မထားပေ။ ဝူလင်းယူနှင့် နဂါးမျက်လုံးကြားမှ ဆက်သွယ်ချက်ကြောင့် သူမကို အမြန်ကယ်လိုက်နို်ငခြင်းကြောင့်သာမဟုတ် လျှင် သူမ ဒဏ်ရာကြီးစွာရသွားနိုင်သည်။
ဟေးဒီးစ်သည် ရှီမာယူယူ၏ ဖြူဖျောသော မျက်နှာလေးကို ကြည့်ပြီး သူ ပြောလိုက်သည့် စကားကို သူ့ဘာသာ ဒေါသထွက်မိသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမကို ကစဥ့်ကလျားချီကို သုံးကြည့်ရန် မပြောမိလျှင် ဤကဲ့သို့ ကိစ္စမဖြစ်လောပေ။
ဝူလင်းယူသည် ရှီမာယူယူကို ဖက်ပြီး သူ့ကိုယ်သူ အပြစ်တင်နေသည်။
သူမကို စိတ်ပူပန်စွာကြည့်နေသော သူတို့ကို ရှီမာယူယူမြင်သောအခါ ပြုံးပြပြီး ပြောလိုက်သည် “ကျွန်မအဆင်ပြေပါတယ်”
“နေရခက်တာရှိလား ရှိရင် ကိုယ့်ကိုပြော” ဝူလင်းယူသည် နူးညံ့စွာ ပြော လေသည်။
“အဆင်ပြေပါတယ် ဒါပေမဲ့ ခေါင်းတော့ နည်းနည်းမူးနေတယ်.. ခန္ဓာ ကိုယ်က အားလျော့နေပြီး ရင်တုန်နေတယ်… ဒီမှာထပ်ပြီးမနေချင်တော့ဘူး” ရှီမာယူယူသည် မသက်မသာဖြင့် ပြောလေသည်။
“ဒါဆိုလည်း အရင်သွားကြတာပေါ့” ဝူလင်းယူသည် သူမကို ဖက်ရင်းနှင့် မြစ်အောက်ခြေမှပျောက်သွားပြီး ခဏအတွင်းမှာပင် မြစ်ကမ်းဘေးတွင် ပေါ် လာသည်။
ထို့နောက် ဟေးဒီးစ်သည် ဟွမ်နှင့် အရိပ်မည်းတို့နှင့်အတူ ထွက်လာလေ သည်။
ဟေးဒီးစ်သည် ရောက်လာပြီး သူမလက်ကို ဆုပ်ကိုင်ပြီး စစ်ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် ပြောလေသည် “အဆင်ပြေပါတယ် ရုတ်တရက်ကြီး အားကုန်သွားလို့ပါ ခဏလောက် နားလိုက်”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ဟေးဒီးစ်ပြောသည့် အားဆိုသည်မှာ သူမခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို ပြောချင်းမဟုတ်ဘဲ လက်ရှိခန္ဓာကိုယ် တဖြစ်လဲ အရင်ဝိညာဉ်၏ စွမ်းအားကိုဆိုလိုခြင်းဖြစ်ကြောင်း သူမသိသည်။
“ဘယ်လောက်ကြာအောင် နားရမှာလဲ” ရှီမာယူယူသည် ဝူလင်းယူ၏ ကိစ္စကို အမြန်ဖြေရှင်းချင်နေကာ အင်ပါယာမြို့တော်ဆီသို့သွားပြီး တစ္ဆေဘုရင် ကို အဖြစ်အပျက်များကို သွားမေးချင်နေလေပြီ။
သူမ မိခင်ဖြစ်ပျက်ခဲ့သမျှကို အတိအကျပြောပြလျှင် သူ့ကို လက်ခံသင့် လက်မခံသင့်ကို စဉ်းစားနိုင်တော့မည်။ သူသာ ဆန္ဒမရှိလျှင် သူ့ကို အဘိုးအဖြစ် စဉ်းစားနေတော့မည်မဟုတ်ကာ မိခင်ဖြစ်သူကိုရှာရန် တခြားနည်းလမ်းရှာရ မည်။
မိုယွိရှိသည့်တိုင်အောင် ဤကဲ့သို့ ကိစ္စကြီးဖြစ်ပွားခဲ့သည်။ သူမရဲ့အမေ အချုပ်ခံထားရတဲ့ နေရာကိုသူတောင်မသိတာ သူမက ရှာနိုင်ပါ့မလား။
“နည်းနည်းတော့ ကြာလိမ့်မယ် နလန်ထူဖို့ သုံးလကနေ ငါးလလိုလိမ့် မယ်” ဟေးဒီးစ် ပြောလိုက်သည်။
“အဲလောက်ကြတာာလား”
“ဒါပေါ့ မင်းအခြေအနေကို ဘယ်လိုထင်နေလဲ.. မင်းရဲ့ စွမ်းအားတွေ အကုန် ကုန်သွားလုနီးပါးဖြစ်သွားတာ မင်းမသိဘူးလား” ဟေးဒီးစ်သည် ရုတ်တရက် ပြင်းထန်စွာ အပြစ်တင်လေသည်။ အမှန်အတိုင်းပြောရလျှင် သူမ ၏ လက်ရှိအခြေအနေသည် သူပြောခဲ့သည့် စကားကြောင့်ဖြစ်သွားခြင်းပင်။ ထို အကြောင်းကို တွေးမိလျှင် သူသည် အသံကိုနှိမ့်ပြီးနောက် ပြောလိုက်သည် “မင်း ကောင်းကောင်း အနားယူရမယ်… ငါပြန်သွားပြီး မင်းအတွက် နည်းလမ်း ရှာပေးမယ်”
“ဟုတ်ပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ အစောက နဂါးမျက်လုံး ၏တုံ့ပြန်မှုကို အားလုံးမြင်လိုက်ပြီဖြစ်သည်။ သူတို့ပါ ဤလမ်းကိုအတူလိုက် မည်ဆိုပါက နည်းလမ်းတစ်ခုတော့ စဉ်းစားရမည်။
“သူမကို ဆက်ပြီးကြည့်ပေးထား ခန္ဓာကိုယ် ပြန်မကောင်းမချင်း မဟုတ် တာတွေမလုပ်စေနဲ့” ဟေးဒီးစ်သည် ဝူလင်းယူကို ပြောပြီးနောက် လေဟာနယ် ကိုဖွင့်ကာ ထွက်သွားလေသည်။
သူသည် အရိပ်မည်းနှင့် ဟွမ်ကို ခေါ်သွားမည်ဟု မပြောသဖြင့် သူတို့ နှစ်ယောက်မှာ ပျော်နေကြသည်။ သူတို့၏ အလုပ်မှာ နေခဲ့ပြီး ယူယူကို ကာကွယ်ရမည်ကို သိသည်။
“နဂါးမျက်လုံးက ဒီလောက် အားကောင်းမယ်လို့ မထင်ထားဘူး… ခဏ လောက်ပဲ သွားကိုင်လိုက်တာ သခင်မလေး ဒီလောက်တောင်ဒဏ်ရာရသွား တယ်” အရိပ်မည်းသည် ရှီမာယူယူကို ကြည့်ပြီး မေးလိုက်သည် “ပြန်ကောင်းဖို့ ကူညီနိုင်တဲ့ ဆေးများရှိလား”
ရှီမာယူယူသည် ခေါင်းကို အသာယမ်းလိုက်သည်။ ခန္ဓာကိုယ်မှ စွမ်းအား များ စုပ်ယူခံထားရသည်မှာ သာမန်ထိခိုက်မှုတော့မဟုတ်ပေ။ သာမန်ဆေးများ မှာ အသုံးမဝင်သလို ရှားပါးသော ဆေးများကိုလည်း ပြင်ဆင်ထားခြင်းမရှိပေ။
“ဒါဆိုအခုက သခင်မလေး ပြန်ကောင်းဖို့ အကျိုးရှိစေမယ့်ဟာ တစ်ခုခု များရှိလား ရှိတယ်ဆိုရင် အရိပ်မည်းကို သွားရှာခိုင်းလိုက်မယ်” ဟွမ် ပြောလိုက် သည်။
သူ သတိပေးပြီးနောက်တွင် ရှီမာယူယူ၏ မျက်လုံးများပင့်တက်သွားပြီး အားပျော့စွာဖြင့် ပြုံးလိုက်သည် “မဟုတ်ဘူး ငါ တွေ့ပြီးသားပဲ”
ပြောပြီးနောက်တွင် သူမ စိတ်ထဲမှတွေးကာ အားလုံးကို ဝိညာဉ်စေတီထဲ သို့ ခေါ်သွားလိုက်သည်။
ဝိညာဉ်လေးသည် သူမ၏ စိတ်ကိုသိသဖြင့် အသက်သစ်ပင်ဆီသို့ ခေါ် သွားပေးလိုက်သည်။
“အကြီးအကဲဖြူ အဘိုးကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူသည် အဘိုး အိုကို အရိုအသေပြုလိုက်သည်။
“ဘာလို့ ဒီလောက်ကြီး ထိခိုက်လာတာလဲ ငါ့အရိပ်အောက်ကို လာခဲ့” အကြီးအကဲဖြူသည် သစ်ရွက်များလှုပ်ကာအသံပြုလိုက်သည်။ ထွက်လာသော သင်းပျံ့သည့် ရနံ့သည် ရှီမာယူယူအနောက်မှ လိုက်လာသော ဟွမ်နှင့် အရိပ် မည်းတို့ကို သက်တောင့်သက်သာဖြစ်စေသည်။
ဝူလင်းယူသည် ရှီမာယူယူကို ပွေ့ပြီး သစ်ပင်အောက်သို့ ထားပေးကာ ပင်စည်အား မှီပြီးနားစေသည်။
အကြီးအကဲဖြူသည် သူ့ကိုသတိထားမိပြီး တအံ့တဩ ပြောလေသည် “ဟင် ဒီဝိညာဉ်က အရမ်းထူးဆန်းတယ်”
***