← Chapters

အကြီးအကဲဖြူကူညီခြင်း

Vol. 134 Ch. 1873

အကြီးအကဲဖြူကူညီခြင်း

Vol. 134 Ch. 1873

ပိတ်ခါနီးဖြစ်နေသည့် ရှီမာယူယူ၏ မျက်လုံးများ ပြန်ပွင့်လာသည်။

ထူးဆန်းတယ်ဟုတ်လား။

“အကြီးအကဲဖြူ လင်းယူရဲ့ ဝိညာဉ်က ထူးဆန်းတယ်လို့ ပြောလိုက်တာ လား.. ဘာလို့ထူးဆန်းတာလဲ” အကြီးအကဲဖြူထုတ်လွှတ်လိုက်သည့် စွမ်းအား ကြောင့် ခန္ဓာကိုယ်မှာ ပိုကောင်းလာသည်ကိုခံစားမိသည်။ ပြီးနောက် လေးလံ ခြင်းများမရှိတော့ဘဲ ပိုပြီးလန်းဆန်းလာသည်ကိုခံစားမိသည်။

“သူ့ဝိညာဉ်က ပြန်ပေါင်းစပ်ထားတာမလား” အကြီးအကဲဖြူ ပြောလေ သည် “စစချင်းပေါင်းစပ်တုန်းက အရမ်းကြီးမကောင်းဘူး.. ဒါပေမဲ့ အံ့ဖွယ်ဆေး သုံးခဲ့တယ် ဒါပေမဲ့…”

သူ ပြောသည့်စကားများကို ရှီမာယူယူ ကြားသောအခါ အားတက်သွားသလို အံ့ဩသွားသည်။

“အကြီးအကဲဖြူ သူ့ဝိညာဉ်က ဘယ်လိုဖြစ်တာလဲ”

အသက်သစ်ပင်ဟု ခေါ်သော အကြီးအကဲဖြူသည် ဝိညာဉ်များကို အာရုံခံ ပါးသည်။ သူ့စကားများကြောင့် သူမသည် သိချင်စိတ်ပြင်းပြကာ စိတ်ပူလာ သည်။

“ပြဿနာတော့ရှိတယ် အရမ်းကြီးတာတော့မဟုတ်ဘူး… နည်းနည်း လောက် ပြင်လိုက်ရင် ကောင်းသွားမှာ” အကြီးအကဲဖြူ ပြောလိုက်သည်။

“ထပ်ပြောပြပါဦး အကြီးအကဲဖြူ” သူမ ထထိုင်ပြီး အကြီးအကဲဖြူကို တောင်းပန်သလို ကြည့်လေသည်။

ဝိညာဉ်သည် လူတစ်ယောက်အတွက် အလွန်အရေးကြီးသည်။ ဝိညာဉ် တစ်ခုခုဖြစ်သွားပါက လူတစ်ယောက်၏ ကျင့်စဉ်အဆင့်များကို သက်ရောက် မှုရှိနိုင်သည်။ သူကဲ့သို့ ဝိညာဉ်ကို ပေါင်းစည်းထားပြီး ပြန်ခွဲလိုက်သော လူတစ် ယောက်ဆိုလျှင် ပြောရန်ပင်မလိုတော့ပေ။

“သူ့ဝိညာဉ်က တစ်ခုခုနဲ့ ပေါင်းစပ်ထားတယ်… ဒါပေမဲ့ စိတ်ပူဖို့မလိုပါ ဘူး အဲဒီပစ္စည်းက သူ့ဝိညာဉ်ကို နည်းနည်းစီပြန်ပြင်ပေးနေတာ” အကြီးအကဲ ဖြူသည် သူမ မျက်မှောင်ကြုတ်သွားသည်ကို မြင်သည်နှင့် တစ်ခါတည်း နှစ်သိမ့်ပေးလေသည်။

“အဲဒီပစ္စည်းက သူ့ဝိညာဉ်ကို ပြန်ပြင်ပေးနေတယ်ဟုတ်လား” ရှီမာယူယူ အနည်းငယ် အံ့ဩမိသည်။ “အဲဒီပစ္စည်းက သူ့ဝိညာဉ်ကို အကျဉ်းချထားပြီး ဒီကနေထွက်သွားလို့မရအောင် လုပ်ထားတာ… သူ့ကို အဲဒီပစ္စည်းနဲ့ နည်းလမ်း ရှာပြီး ခွဲချင်နေတာ… အကြီးအကဲဖြူ အဘိုးက ဝိညာဉ်တွေကို နားလည်တယ် မလား ကျွန်မကို အကြံပေးနိုင်မလား”

“လုပ်လို့မရဘူး” အကြီးအကဲဖြူသည် သူမ၏ အတွေးများကို ငြင်းဆန် လေသည် “သူ့ဝိညာဉ်က အရမ်းအားကောင်းပေမဲ့ တကယ်တော့ ကျိုးပဲ့လွယ် တယ်… သူ့ကို အဲဒီပစ္စည်းနဲ့ခွဲထားလိုက်ရင် သူ့ဝိညာဉ်ပဲ ပျောက်ကွယ်သွားလိမ့် မယ်”

ရှီမာယူယူသည် အကြီးအကဲဖြူ၏ စကားများကြောင့် ထိတ်လန့်သွားပြီး သူမ ရှေ့ဆက်မလုပ်ရသေးသည်ကိုပင် တိတ်တိတ်လေးကျေးဇူးတင်မိသည်။ မဟုတ်လျှင် သူမ နောင်တရနိုင်သည်။

ဒါပေမဲ့ သူက နောက်ဆိုရင် သူ့ခန္ဓာကိုယ်ကို ပြန်မှာလေ။ နဂါးမျက်လုံးက ဘယ်လိုလုပ်မှာလဲ။

အကြီးအကဲဖြူသည် သူမ၏ အတွေးများကို မသိဘဲ ဆက်ပြောလေသည် “သူတို့ကို ခွဲမထားနိုင်ရုံတင်မကဘူး အဲဒီပစ္စည်းကို အားဖြည့်ပေးဖို့ နည်းလမ်း ရှာရမယ်… သူသာ ကောင်းနေရင် သူ့ဝိညာဉ်လည်း ကောင်းလာမှာပဲ”

“အဲဆိုလို သူ သူ့ခန္ဓာကိုယ်ကို ပြန်ချင်ရင်ကျတော့ သက်ရောက်မှုဖြစ်နိုင် မလား”

ထိုမေးခွန်းသည် အကြီးအကဲဖြူကို အံ့ဩသွားစေကာ သူမကို ချက်ချင်း ပြန်မဖြေပေ။ အတန်ကြာမှပင် သူ ပြောလေသည် “သူနဲ့ ပေါင်းစပ်ထားတဲ့ ဟာ ကသူနဲ့ သူ့ခန္ဓာကိုယ်ကို သက်ရောက်မှုမရှိနိုင်ဘူး.. ဒါပေမဲ့ သူက သူ့ခန္ဓာကိုယ် ကို လျှို့ဝှက်နည်းနဲ့ ချန်ထားခဲ့တာဆိုရင် ပြန်သွားဖို့ကိုလည်း အဲဒီလျှို့ဝှက်နည်း ကိုပဲသုံးမယ်လို့ ဆိုလိုတာပဲ… မဟုတ်ရင် ဝိညာဉ်ကို တည်ငြိမ်စေမယ့်အရာ တစ်ခုခုကိုရှာရလိမ့်မယ်… ဒါပေမဲ့ လျှို့ဝှက်နည်းသုံးတာက ဝိညာဉ်ကို အလွန် အကျွံထိခိုက်စေမယ်.. ဘာမှမဖြစ်ဘဲ ပြန်သွားနိုင်ရင်တောင် နလန်ထူဖို့ နှစ် ရာချီကြာမှာ ကြောက်တယ်”

သူသည် လျှို့ဝှက်နည်းသုံးပြီး တစ္ဆေလောကသို့ ရောက်လာသည်ကို သိ ကတည်းကပင် သူ ခံစားရမည်ကို သူမ သိသည်။ လျှို့ဝှက်နည်းကို သုံးသည်နှင့် တန်ရာတန်ကြေးကို ပေးဆပ်ရမည်ဖြစ်သည်။

သူ သူမအတွက် လုပ်ပေးခဲ့သည်ကို တွေးကြည့်လျှင် သူမသည် ပျော်ရွှင် မှုနှင့် စိတ်မချမ်းမြေ့မှု နှစ်ခုလုံးကို ခံစားရသည်။

သူမ အနည်းငယ် လမ်းပျောက်သွားသည်ကို ကြည့်ပြီး အကြီးအကဲဖြူ သည် သူမကို ပြောလေသည် “အရမ်းကြီး စိတ်မပူနဲ့.. တခြားသူသာဆိုရင် အဲလို ပဲဖြစ်လိမ့်မယ်… ဒါပေမဲ့ ငါနဲ့ တွေ့တာ သူကံကောင်းတယ်… သူ့ကို အဆီအနှစ် တွေပေးပြီးတော့ မင်းကို ငါပြန်ဆပ်ချင်တယ်”

“အဲလောက်ရိုးရှင်းတာလား” ရှီမာယူယူသည် အနည်းငယ် အံ့ဩသွား သည်။ ခုနက အရမ်းပြင်းထန်တဲ့ပုံမဟုတ်ဘူးလား။

“ငါ့အဆီအနှစ်က ရဖို့လွယ်လို့လား… တိုက်တိုက်ဆိုင်ဆိုင် မင်းဆီ ရောက်လာတာကြောင့်သာမဟုတ်ရင် ဒီတစ်သက်တော့ တွေ့စရာအကြောင်း မရှိဘူး.. အဲဒါကို လွယ်တယ်လို့ ပြောဦးမှာလား” အကြီးအကဲဖြူသည် သူမ၏ စကားများကြောင့် ဆွံ့အလုနီးပါးဖြစ်သွားသည်။ အကိုင်းအခတ်တစ်ခတ်သည် ထွက်လာပြီး ကလေးတစ်ယောက်၏ ခေါင်းကိုပုတ်သကဲ့သို့ သူမကို ပုတ်လိုက် သည်။

အကြီးအကဲဖြူသည် ဝိညာဉ်စေတီထဲတွင် ရှိလာသည်မှာ ကြာပြီဖြစ် သဖြင့် ကောင်းကောင်း သက်သာလာပြီဖြစ်သည်။

ရှီမာယူယူသည် သစ်ရွက်များကို ထိတွေ့ကြည့်ပြီး ချီးမွမ်းပြောဆိုလေ သည် “အဲတုန်းက ကျွန်မသာ အကြီးအကဲဖြူရဲ့ အဆီအနှစ်ကို ကြိုစားမထား ရင် ကျွန်မရဲ့ဝိညာဉ်တော့ ပေါက်ကွဲတာနဲ့ ပျောက်သွားမှာပဲ.. ဘိုးဘေးကြီးက ဝိညာဉ်ကို ပြန်စုပေးတဲ့အထိ ဘယ်စောင့်နိုင်ပါ့မလဲ.. အဲဒါကြောင့် အကြီးအကဲ ဖြူနဲ့ တွေ့တာက ကျွန်မဘဝမှာ ကံအကောင်းဆုံးပဲ”

“သိရင်ပြီးတာပဲ”

“အဲဒါက… လင်းယူကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲဖြူ”

အကြီးအကဲဖြူ “…”

သူသည် သည်ကောင်မလေး၏ တွင်းဖြစ်သွားသလို ခံစားရသည်။

ချင်ယိနှင့်ယှဉ်လျှင် အကြီးအကဲဖြူသည် လောကသုံးပါးရှိ လူများ အတွက် ကြီးမားသောကဏ္ဍတွင် ပါဝင်သည်။ ချင်ယိ၏ အဆီအနှစ်သည် လူသားမျိုးနွယ်နှင့် မိုမျိုးနွယ်တို့အတွက် ပိုအသုံးဝင်ပြီး တစ္ဆေမျိုးနွယ်အတွက် တော့ အဆိပ်ဖြစ်နိုင်သည်။

“အရူးမလေး ဝိညာဉ် ပြန်နလန်ထူနိုင်ဖို့ ဒီမှာပဲကောင်းကောင်းနေ.. အဲဒါ မှ ခန္ဓာကိုယ်ဆီပြန်တဲ့အချိန်ကျ သန်မာလာမှာ” အကြီးအကဲဖြူသည် သူမ လှည့်စားခြင်းကိုခံလိုက်ရပြီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ နှုတ်ဆိတ် သွားချိန်တွင် သာမန်သစ်ပင်များနှင့် ကွာခြားလှခြင်းမရှိပေ။

တစ်ချိန်လုံး နှုတ်ဆိတ်နေပြီး ရှီမာယူယူကို အာရုံစိုက်ထားကြသော လူ သုံးယောက်သည် သူမ၏ ဖြူဖျော့သော အသားအရေကိုမြင်သောအခါ မေးရန် တွန့်ဆုတ်နေလေသည်။

သို့သော် သူတို့ကြားမှ စကားများမှ အကဲဖြတ်ကြည့်လျှင် ထိုသစ်ပင်သည် အလွန်ပင် ကောင်းသည့်ပုံပင်။ အဲဒီသစ်ပင်က ဘယ်ကနေများလာတာလဲ။

ရှီမာယူယူသည် သူတို့၏ မီးတောက်နေသော မျက်လုံးများကို ကြည့်ပြီး ပြောလိုက်သည် “အကြီးအကဲဖြူက ‘အသက်သစ်ပင်’ လို့ အသိများတဲ့ အထွတ် အထိပ်သစ်ပင်ပဲ… သူ့ဆီကထွက်တဲ့ အငွေ့အသက်က ဝိညာဉ်တွေအတွက် သက်ရောက်မှုကောင်းတယ်… ဒီမှာနေပြီး ခန္ဓာကိုယ်ကို နလန်ထူရင် အပြင်မှာ ထက် သက်ရောက်မှုနှစ်ဆရှိမှာ”

“ဒါက အသက်သစ်ပင်လား… အဲဒါကို ဒဏ္ဍာရီလို့ပဲထင်နေတာ” အရိပ် မည်းသည် အကြီးအကဲဖြူကို မြူးကြွစွာဖြင့် ကြည့်လေသည် “သခင်မလေး ကျွန်တော်လည်း ဒီမှာ နည်းနည်းကြာကြာလေး နေလို့ရလား”

“မင်း ရိုင်းသွားရင်တော့ အကြီးအကဲဖြူက နှင်ထုတ်လိမ့်မယ်” ထိုသို့ ပြောပြီးနောက် သူမသည် မျက်လုံးပြန်မှိတ်ကာ စတင်ကျင့်ကြံတော့သည်။

သူမ သဘောတူသည်နှင့် အရိပ်မည်းသည် ဘဝင်ကျသွားကာ အကြီးအကဲဖြူကို ပတ်ကြည့်လေသည်။

လင်းယူသည် အဂ္ဂိရတ်အခန်းကိုသွားပြီး ဝိညာဉ်လေးကို ဆေးဖက်ဝင် ပစ္စည်းများ တောင်းသည်။ သူသည် ထိုအခန်းတွင် သုံးရက်သုံးညနေလေ၏။ သူ ထွက်လာသည်နှင့် ရှီမာယူယူဆီသို့သွားပြီး သန့်စင်ထားသည့် ဆေးကိုပေး လိုက်သည်။

ရှောင်ချီနှင့် တခြားသူများသည် အဂ္ဂိရတ်အခန်းမှထွက်လာပြီး ဝူလင်းယ ၏ ကျောပြင်ကိုကြည့်ပြီး ရေရွတ်လိုက်သည် “ဘုရားရေ သူက ပိုပြီးတော့ တောင် အားကောင်းလာပြီ”

“ဟုတ်က အရင်တုန်းက ဝိညာဉ်စွမ်းအားနဲ့ နတ်ဆိုးစွမ်းအားပဲရှိတာ အခု မရဏာစွမ်းအားပါရှိနေပြီ.. လောကသုံးပါးမှာ သူ့လောက်အားကောင်းတဲ့သူက သူပဲရှိမှာတောင် ကြောက်နေပြီ” ရာဟွောင်သည် တလေးတစား ပြောလေ သည်။

“တကယ့်ကို ပါရမီရှင်ပဲ”

“ဟင်း ယူယူက အကောင်းဆုံးပါပဲ သူ ဘယ်လောက်ကောင်းကောင်း ယူယူရဲ့ သလဲသီးစကတ်အောက်မှာ လဲကျရတာပဲ” ရှောင်ချီ ရေရွတ်လေသည်။

“ဟုတ်တယ် ယူယူက အကောင်းဆုံးပဲ ဟားဟား”

ရှီမာယူယူသည် အကြီးအကဲဖြူ၏ အားဖြည့်ပေးမှုအောက်တွင် အမြန်ပင် သက်သာလာသည်။ အစက ၆ လဟုပြောထားသော်လည်း တစ်လအတွင်း၌ သက်သာလာသည်။

ထိုနေ့တွင် သူမသည် ဝူလင်းယူနှင့်အတူ မြစ်ဘေးတွင် လမ်းလျှောက်နေ ရင်းနှင့် ကြိုးကိုသတိရသွားကာ ထုတ်ပြီးချည်နှောင်လိုက်သည်။ ဝူလင်းယူ သည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ကြိုးဖြင့်ချည်နှောင်ခံနေရသည်ကို မြင် သောအခါ သူမ ရယ်လိုက်သည် “ဘယ်လိုခံစားရလဲ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်နိုင် တယ်မလား”

“စမ်းကြည့်ရင်သိမှာပဲ” ဝူလင်းယူသည် သူမကို မျက်ခုံးပင့်ပြလေသည်။

“ညီမက ကိုယ့်ကိုယ်ကိုယ်ချည်ရလောက်အောင် မတုံးသေးဘူး” ရှီမာယူယူသည် မေးပင့်လိုက်ပြီးနောက် သူ့ဆီလျှောက်သွားလေသည်။ ပြီးနောက် ခြေထောက်အောက်မှ ကျောက်တုံးကို သတိမထားမိလိုက်ဘဲ သူ့ဆီ သို့ အလျင်စလိုသွားလိုက်ရာ နှစ်ယောက်လုံးအတူလဲကျသွားလေသည်…

***

All Chapters