← Chapters

အခန်း ၁၉၈၈

Vol. 134 Ch. 1988

အခန်း ၁၉၈၈

Vol. 134 Ch. 1988

အပိုင်း (၁၉၈၈)

စကြဝဠာ၏ ကောင်းကင်ယံကြီးတစ်ခုလုံးသည် တွင်းကြီးတစ်ခုကဲ့သို့ပင် ပြိုလဲလျက် ရှိသည်။ မည်မျှကြောက်မက်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့သနည်းကို ဤပျက်စီးခြင်း အခြေအနေအား ကြည့်ရုံဖြင့် သိရှိနိုင်၏။

ထူးခြားသည့်အရာသည် ဗုံးပေါက်ကွဲမှုကြောင့် ကောင်းကင်ကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ခြင်း မဟုတ်ပေ။ ထိုအစား လက်နက်အမျိုးအစား တစ်ခုခု၏ ရိုက်နှက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုကြီးပင်။

ပြောရမည်ဆိုလျှင် ဤအရာကို ကျွင်းချောင်ရှောင်းက မျက်ဝါးထင်ထင် တွေ့မြင်လို့ နေလေ၏။ နေဦး… ဤအကောင် အဘယ့်ကြောင့် အသက်ရှင်နေရသနည်း။

ကျွင်းချောင်ရှောင်းသည် အသက်ရှင်ရုံသာ မဟုတ်ပေ။ လက်ထဲတွင် ဝိညာဉ်ချိန်ကိုက်ဗုံးကိုလည်း ကိုင်ဆောင် ထားသေး၏။

ကျွင်းချောင်ရှောင်းသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာနှင့်အတူတူ သေဆုံးရန် တကယ်ပင် အဆင်သင့် ဖြစ်ခဲ့၏။ သို့ပေမဲ့ ဖောက်ခွဲသည့် ခလုတ်ကို နှိပ်ရန် ပြင်လိုက်သည့်အချိန်မှာပဲ ရုတ်တရက် အေးစက်သည့် အော်သံတစ်ခုကို ကြားလိုက်ရသည်။ “ရပ်စမ်း”

ဤအသံကို သူရင်းနှီးနေ၏။

“မျောက်ဘုရင်ကြီး” ကျွင်းချောင်ရှောင်းသည် ဝမ်းသာလျက် ရှိနေတုန်းမှာပဲ သူ၏ ဝိညာဉ်အတွင်းပိုင်းတွင် အိပ်ပျော်လျက်ရှိနေသည့် ပုံရိပ်ယောင်သူရဲကောင်းဝိညာဉ်သည် ရုတ်တရက် မျက်လုံး ပွင့်လာခဲ့၏။ ပြီးသည့်နောက် ၎င်းသည် အရေးအကြောင်းအခြေအနေမျိုးတွင် အပြင်ဘက်သို့ ထွက်လာခဲ့၏။။

ဟူး လား လား …။

တစ်ချိန်တည်းမှာပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ကြမ်းတမ်းသည့် အော်ရာများ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်း မီးများတောက်ပလျက်ရှိနေသည့် ပုံရိပ်ယောင်တစ်ခုက ဖြစ်ပေါ်လာခဲ့၏။ ၎င်းသည် ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် မျောက်ဘုရင်ကြီးသာလျှင် ဖြစ်သည်။

မျောက်မင်းကြီး စွန်းဝူခုံး -

သေဆုံးတော့မည့် အရေးအကြောင်း အခြေအနေမျိုးတွင် မျောက်မင်းကြီးသည် ရုတ်တရက် သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် မျက်ရည်ဝိုင်းသည်အထိပင် ဝမ်းသာမိသည်။ အချက်အလက်အားဖြင့် သူသည် သေဆုံးရန်ပင် ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။ မျောက်ဘုရင်ကြီးသာ ပေါ်လာသည် မဟုတ်ပါက တကယ်ကြီး သေဆုံးသွားမှာဖြစ်၏။

ဤနေရာတွင် မေးခွန်းတစ်ခုရှိ၏။ ကျွင်းချောင်ရှောင်း ဖောက်ခွဲသည့်ခလုတ်ကို မနှိပ်ခင်ကတည်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အဘယ်ကြောင့် ကြောက်လန့်တကြားဖြင့် ထွက်ပြေးရသနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် ဆိုးရွားလှသည့် အခြေအနေတစ်ခုကို ကြုံရတော့မည်ဟု ခံစားမိသောကြောင့်ပင်။

“ထွက်ပြေးတာလား”

မျောက်ဘုရင်ကြီးက နှာခေါင်းရှုံလိုက်ပြီး ချက်ချင်းပဲ သူ၏လက်ကို မြှောက်လိုက်၏။ ပူလောင်လွန်းလှသော မီးတောက်များသည် ချက်ချင်း ဖြစ်တည်လာခဲ့ပြီးသည့်နောက် ၎င်း၏ တုတ်ကြီးတွင် လာရောက်ကာ စုဝေးလေ၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ နှလုံးသားထဲတွင်ရှိသည့် ကြောက်လန့်မှုများမှာ ပိုမိုကာ အားကောင်းလာခဲ့၏။ ယခင်တုန်းက သူ၏ ကိုယ်ပွားများထဲမှ တစ်ကောင်သည် ဤတုတ်ကြီး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ အဓိက ခန္ဓာကိုယ်ကို ကြီးကြီးမားမား ဒုက္ခသက်ရောက်မှု မရှိခဲ့ဘူး ဆိုလျှင်တောင်မှ သူ၏ကိုယ်ပွား ဖျက်ဆီးခံရခြင်းကို သူသည် ကောင်းကောင်းသိရှိခံစားမိခဲ့၏။

ပြောရမည်ဆိုလျှင် သူ၏ကိုယ်ပွားဖျက်ဆီးခံရခြင်းသည် သူ၏နှလုံးသားထဲတွင် အရိပ်မဲကြီးကဲ့သို့ပင် ဖြစ်တည် နေခဲ့သည်။ သို့ပေမဲ့ ထို့ကြောင့် သူသည် ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်း မဟုတ်ချေ။ သူထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်းမှာ ဝိညာဉ်ချိန်ကိုက်ဗုံးကို ကြောက်ရွံ့သောကြောင့်ပင်။

ရွှီး

မျောက်ဘုရင်ကြီးသည် ၎င်း၏တုတ်ကြီးကို ကိုင်ဆောင်ကာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ဒီတုတ်ချက်ကို လက်ခံလိုက်”

နီကျားကဲ့သို့ ရှုပ်ထွေးလှသည့် သိုင်းနည်းစနစ်များကို ထုတ်ဖော်အသုံးပြုခြင်း မရှိဘဲ တုတ်ကြီးကို မြှောက်ကာဖြင့် ချက်ချင်း ရိုက်နှက်လိုက်ခြင်းပင်။ ဤတုတ်ကြီးသည် ရိုက်နှက်နေသည့် အတောအတွင်း တဖြည်းဖြည်း ပိုမိုကြီးမားလာ၏။

ဟူး ဟူး

အလွန်ပြင်းထန်လှသော ဖိအားများနှင့်အတူ တုတ်ကြီး ကျဆင်းလာသည့်အချိန်မှာတော့ တည်နေရာကြီး တစ်ခုလုံးတွင် ရှိနေသော လေဟာနယ်ကြီးသည် စုတ်ပြတ်သတ်လျက် ရှိနေ၏။ လေဟာနယ်ကြီးထဲ၌ တုတ်ရာကြီးသည် ထင်ထင်ရှားရှားနှင့် ကျန်ရှိလေသည်။

အရှေ့မှ ပြေးလျက်ရှိနေသည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အလွန်အမင်း ကြောက်လန့်နေပြီ ဖြစ်သည်။ သို့ပေမဲ့ သူ ထွက်ပြေးရန် မည်သို့ ကြိုးစားသည်မဆို ထိုတုတ်ကြီး၏ ရိုက်ချက်အောက်မှ မလွတ်ကင်းနိုင်ချေ။

ဘုန်း

အဆုံးသတ်မှာတော့ သူသည် မလွတ်မြောက်နိုင်ခဲ့ချေ။ တုတ်ကြီး၏ ရိုက်နှက်မှုကို ခံလိုက်ရ၏။

ကျွင်းချောင်ရှောင်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ တစ်ယောက် တုတ်ကြီးနှင့် ရိုက်နှက်ခံလိုက်ရသည့် မြင်ကွင်းကို မြင်လိုက်ရ၏။ သူသည် ရုတ်တရက် ထအော်လုမတတ်ပင် စိတ်လှုပ်ရှားမိသည်။

ဤနတ်ဆိုး ကြီးသည် သေဆုံးသွားခဲ့၏။ စကြဝဠာသည်လည်း ငြိမ်းချမ်းသွားခဲ့၏။ အနိုင်ရရှိသည်။ သူ ဒီနေ့ ကျိန်းသေပေါက် ပွဲခံရပေမည်။

ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားလျက် ရှိနေတုန်းမှာပဲ အော်သံတစ်ခုသည် နောက်ဘက်ဆီမှ ထွက်ပေါ် လာခဲ့၏။ “မင်း စောင့်နေစမ်း”

ဝှစ်

ငွေရောင်အလင်းတန်းများသည် တည်နေရာအနှံ့တွင် ဖြစ်တည်လာခဲ့သည်။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်၏။ “မသေသေးဘူးလား။ မျောက်ဘုရင်ကြီး ဘာလို့ သူ့ကို မတားဆီး”

ထိုအချိန်မှာတော့ သူသည် သူ၏ပါးစပ်ကို ပိတ်လိုက်ရတော့၏။ အဘယ်ကြောင့်ဆိုသော် မျောက်ဘုရင်ကြီးကြောင့်ပင်။ မျောက်ဘုရင်ကြီးသည် တုတ်ကြီးကို ကိုင်ကာ သူ၏‌ ရှေ့တွင် မတ်မတ်ရပ်လျက်ရှိ၏။ အလွန်ဆန်းကြယ်လွန်းလှသော အော်ရာများကို ထုတ်ဖော်ထားသည် ဆိုလျှင်တောင်မှ ၎င်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်းနှင့် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွား၏။

“ကောင်လေး”

မျောက်ဘုရင်ကြီးသည် တီးတိုးပြောလိုက်သည် “ငါ လုပ်ပေးနိုင်သလောက် လုပ်ပေးပြီပြီ။ အနာဂတ်မှာ အရမ်းအားကောင်းတဲ့ ရန်သူတွေနဲ့ ကြုံမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အားကိုးတော့”

ပြောပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့၏။

ဆွစ်

အလင်းတန်းများသည် ကျွင်းချောင်ရှောင်း၏ နဖူးထဲသို့ ပြန်လည်ကာ ဝင်ရောက်သွားခဲ့၏။ ပြီးနောက် နီကျားကဲ့သို့ပင် သူ၏ သိစိတ်ပင်လယ်ထဲတွင် အိပ်မောကျသွားလေတော့သည်။

မျောက်ဘုရင်ကြီး သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အနိုင်ယူနိုင်ခဲ့သည်ဆိုသော်လည်း သူ၏ စွမ်းအင်အားလုံးသည် ကုန်ခမ်းသွားခဲ့၏။

အချက်အလက်အားဖြင့် သူသည် ပထမတုန်းက မထွက်လာခဲ့ချင်ပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အန္တရာယ်ကျရောက်နေ၏။ သေဆုံးသွားသည်ဆိုပါက သူပါတစ်ခါတည်း သေဆုံးသွားတော့မှာဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်သို့ ထွက်ကာ တိုက်ခိုက်ခဲ့ခြင်းပင်။

ဤတိုက်ပွဲတွင် ကျွင်းချောင်ရှောင်းသည် SSS အဆင့် သူရဲကောင်းဝိညာဉ်နှစ်ယောက်ကို ဆုံးရှုံးခဲ့ရ၏။ ပြောရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အလွန်အမင်း အားကောင်းလာပုံပေါ်၏။ အထူးသဖြင့် မျောက်ဘုရင်ကြီး၏ အင်ပြည့်အားပြည့်တိုက်ခိုက်မှုကို ရင်ဆိုင်ရပြီးသည့်နောက် အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်နေသေးသည်။

ခရက်

ကျွင်းချောင်ရှောင်းသည် စကြဝဠာ ကောင်းကင်ယံတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ နီကျားနှင့် မျောက်ဘုရင်တို့ကြောင့်သာ သူ အသက်ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သာ မရှိပါက သူသည် အသုံးမဝင်သည့်လူတစ်ယောက်သာ။

စနစ်က ပြောလိုက်သည်။ “တိုက်ခိုက်ရေးသမားတွေကို ငှားရမ်းပြီး တိုက်ခိုက်တယ်ဆိုတာက အားအင်အဆင့် နိမ့်ကျတဲ့လူတွေလုပ်တာ။ လက်ခံသူအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိဘူးဆိုတာ ပြနေတာပဲ”

ပြောရမည်ဆိုလျှင် စနစ်သည် တစ်ခါတလေ ရင်နာအောင် ပြုလုပ်ပြီး တစ်ခါတလေ နှစ်သိမ့်ပေးတတ်၏။ ဤအရာသည် အစစ်အမှန် သူငယ်ချင်းကောင်းတစ်ယောက်ပင် ဖြစ်၏။ တစ်ခါတစ်ရံ နောက်ကျောမှ ဓားနှင့် ထိုးတက်သည်က‌တော့ ဆိုးရွားလှ၏။

“အချက်အလက်အားဖြင့် ငါ နတ်ဘုရားလျှို့ဝှက်ထိပ်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီးပြီလေ။ ဒါတောင်မှ တခြား သူတွေရဲ့ရှေ့မှာ ဘာမှမဟုတ်ပါလား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် နာကျင်မှုများနှင့် ပြည့်နှက်နေသည်။ “ငါ ဒါကို လုံးဝ လက်မခံနိုင်ဘူး”

“အခု”

စနစ်က ပြောလိုက်၏။ “ဒီနတ်ဆိုးက တုတ်ရိုက်နှက်ချက်အောက်မှာ မသေဆုံးခဲ့ဘူး ဆိုပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့တယ်။ ဒီတော့ သူ့ကိုသတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”

“ဒါ ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်လက်ပူပန်မှုများကို ဖယ်ရှားလိုက်ပြီးသည့်နောက် အလင်းတန်းများ ပျောက်ကွယ်သွားရာ တည်နေရာဆီသို့ အလျင်အမြန်ဖြင့် လိုက်တော့၏။ တစ်ဖက်လူ ဒဏ်ရာ ရရှိနေသည့် အချိန်အတောအတွင်း သူသည် အကောင်းဆုံး အခွင့်အရေး ယူရပေလိမ့်မည်။

…………

“ငါတို့.. ငါတို့ကို ကယ်တင်ခဲ့တာ”

အထဲတွင် ရှိနေသည့် သိုင်းကျင့်ကြံသူများသည် အပြင်ဘက်၌ စွမ်းအင် လှုပ်ရှားမှုများ မရှိတော့သည်ကို အာရုံခံပြီးသည့်နောက် တွေဝေငေးငိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်နေသည့် အမူအရာများ ‌ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် ဘေးအန္တရာယ် ကပ်ဘေးကြီးထဲမှ အသက်ရှင်လွတ်မြောက်ခဲ့၏။

မှန်ပေသည်။ ၎င်းတို့သည် ကယ်တင်ခြင်းကို ခံခဲ့ရ၏။ ကျွင်းချောင်ရှောင်းသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို တားဆီးပြီး ဤလောကကြီးတစ်ခုလုံးကို ကယ်တင်ခဲ့၏။ ရေတွက်လို့မရအောင် များပြားသော သက်ရှိသတ္တဝါများအားလုံးကို ကယ်တင်ခဲ့လေသည်။

“ဂိုဏ်းချုပ်ကျွင်း”

ငရဲလောက၏ နယ်မြေသခင်က ပြောလိုက်၏။ “ခင်ဗျားကို လုံလုံလောက်လောက်တောင် ကျေးဇူးတင်စကား မပြောရသေးဘူး”

“ခေါင်းဆောင်… ကျုပ်တို့ ထပ်ပြီးတော့ ထွက်ပြေးကြအုံးမှာလား” နောက်လိုက်တစ်ယောက်က မေးမြန်းလိုက်သည်။

“ပြေးရမယ်”

“ဒါပေမဲ့ ဘယ်ကို ပြေးရမလဲ”

“ထာဝရလောကကြီးဆီကိုပေါ့”

ငရဲလောကကြီးကို ကယ်တင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သက်ရှိသတ္တဝါများ၏ အသိအမှတ်ပြုမှု ကို ရရှိခဲ့၏။ ထို့ကြောင့် ၎င်းတို့၏ အိမ်များကို စွန့်ခွာကာဖြင့် ထာဝရလောကကြီးဆီသို့ သွားရန် ဆုံးဖြတ်ချက် ချလိုက်ကြ၏။

ဟုတ်ပေသည်။ ငရဲလောကကြီးကို ကယ်တင်ခဲ့သည်ဟူသော သတင်းသည် တခြားသော လောက အသီးသီး ဆီသို့ ပျံ့နှံ့သွားခဲ့ကြ၏။ လူတော်တော်များများသည် ကျွင်းချောင်ရှောင်းနှင့် ထာဝရလောကကြီးအကြောင်းကို လေးလေးနက်နက် စဉ်းစားလာခဲ့ကြသည်။

“အင်း… ဘာပဲပြောပြော စွန့်စားလိုက်ကြရအောင်။ ထာဝရလောကကြီးကို သွားကြမယ်”

ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းတစ်ယောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ရှာဖွေနေသည့် အချိန်အတောအတွင်း လောကအသီးသီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် ထာဝရလောကကြီးဆီသို့ ရွေ့ပြောင်းလာခဲ့ကြ၏။

ဤရွှေ့ပြောင်းလူသားများသည် အမှန်ကန်ဆုံးသော ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုရမည်။ ၎င်းတို့သည် ကျွင်းချောင်ရှောင်းကို ယုံကြည်ခဲ့ခြင်းအားဖြင့် ကြီးမားလှသည့် အကျိုးသက်ရောက်မှု များကို ရရှိတော့မှာ သေချာသည်။

ဆွစ်

ပူပြင်းမီးတောက်လောက

အနီရောင်ဆံပင်နှင့်လူတစ်ယောက်သည် ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး ဆန်းကြယ်လွန်းလှသော မီးဓာတ် သဘာဝများကို စုပ်ယူကာဖြင့် ၎င်း၏ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည့် ခန္ဓာကိုယ်တစ်ခုလုံးကို ပြန်လည် သန့်စင်လျက် ရှိနေသည်။

“ဟမ်” ရုတ်တရက် သူသည် မျက်လုံးကို ဖွင့်လိုက်၏။

နက်မှောင်လျက်ရှိနေသည့် နတ်ဆိုးချီများသည် သူ၏ ခန္ဓာကိုယ်တွင် စုဝေးလာခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ဒဏ်ရာရရှိထားသော ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း ဖွဲ့တည်လာခဲ့၏။ ၎င်း၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပုံလည်း ပေါ်နေသည်။

အနီရောင်ဆံပင်နှင့်လူသည် အံ့အားသင့်သွား၏။ ဤလူသည် ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင် ချန်ထား ခဲ့သည့် နတ်ဆိုးနည်းစနစ်ကို နားလည်ခဲ့ပြီးသားဖြစ်၏။ အဘယ်ကြောင့် တခြားသောသူကြောင့် ဒဏ်ရာ ရရှိခဲ့ရသနည်း။ ဤလောကကြီးတွင် ဤလူထက်ပို၍ အားကောင်းသည့်လူတစ်ယောက် ရှိနေလေသည်လား။

“ချီးတဲ့မှ”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့၏။ လောကအသီးသီးကို ဝါးမြိုခဲ့ပြီးသည့်နောက် သူ၏အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့၏။ သို့ပေမဲ့ တုတ်ရိုက်ချက်ကို မခုခံနိုင်ခဲ့ချေ။

“မဟုတ်သေးဘူး။ ငါ ဆက်ပြီးတော့ စားရမယ်”

“ခင်ဗျားကို ဘယ်သူက ဒဏ်ရာရအောင် လုပ်လိုက်တာလဲ” အနီရောင်ဆံပင်နှင့်လူသည် ဇဝေဇဝါဖြင့် မေးမြန်း လိုက်သည်။

“ဒါ ခင်ဗျားကိစ္စ မဟုတ်ဘူး”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ “အခု ခင်ဗျားအတွက် တာဝန် တစ်ခုရှိတယ်။ ပြည့်စုံအောင် လုပ်မယ်ဆိုရင် လွတ်လပ်ခွင့်ပေးမယ်”

“ကျုပ်ဒဏ်ရာက ပြန်ပြီးမကောင်းသေးဘူး”

“တိုက်ခိုက်ဖို့ မလိုဘူး”

“ဒါဆိုရင် ဘာကိစ္စလဲ” အနီရောင်ဆံပင်နှင့်လူသည် စိတ်ဝင်တစား ဖြစ်သွား၏။

“ကျွင်းချောင်ရှောင်းကို ဆွဲဆောင်နိုင်ဖို့ နည်းလမ်းတစ်ခုခုရှာ။ ဒီနေရာကို သူ မတွေ့ရှိစေနဲ့။ ကျုပ် ဒီမှာ ခဏနေမယ်”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာအနေနှင့် တစ်ဖက်လူသည် သူဒဏ်ရာရရှိနေသည့်အတောအတွင်း သူ့ကို လာရောက်သတ်ဖြတ်ပစ်မည်ဟု ယုံကြည်နေမိသည်။ သူသည် ယခုပုန်းအောင်းနေသည့်နေရာနှင့်ပတ်သက်၍ ယုံကြည်ချက် ရှိနေသည်ဆိုသော်လည်း ရှာတွေ့သွားလျှင် ဘာဖြစ်မည်နည်း။ ထို့ကြောင့် သူသည် မိုးရွာသော နေ့အတွက် ကြိုတင်ကာ ပြင်ဆင်ရပေမည်။

“ဒါကို တိုက်ခိုက်ဖို့ မလိုဘူးလို့ ပြောချင်တာလား”

“သူ့ကို တခြားတစ်ခုခုဆီ လမ်းလွှဲသွားအောင် လုပ်ဖို့ပဲ တာဝန်ရှိတယ်”

“……”

အနီရောင်ဆံပင်နှင့်လူသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် အဆင်သင့်ပြင်ကာ ပြောလိုက်သည်။ “ကောင်းပြီ”

…….

“ချီးတဲ့မှ”

ကောင်းကင်ယံတစ်ခုတွင်တော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်၏။ ဘာမှမရှိသည်ကို အတည်ပြုပြီးသည့်နောက် ဒေါသတကြီး ပြောလိုက်၏။ “ဒီလူ့ကို ငါ ဘယ်မှာ သွားရှာရမလဲ”

All Chapters