← Chapters

အခန်း ၁၉၈၉

Vol. 134 Ch. 1989

အခန်း ၁၉၈၉

Vol. 134 Ch. 1989

အပိုင်း (၁၉၈၉)

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွား၏။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်အားမွေးရန် လိုအပ်နေ၏။ အခွင့်အရေးကို အရယူပြီး ကျွင်းချောင်ရှောင်း သူ့အား လာရောက်ကာ ရှာဖွေလိမ့်မည်ဟု ခန့်မှန်းခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် အချိန်ဆွဲနိုင်ရန် နည်းလမ်း တစ်ခုကို ရှာဖွေရပေမည်။

သူ၏ လုပ်နိုင်စွမ်းရှိသည့် နောက်လိုက်နောက်ပါများ သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် တစ်ဖက်လူအား အချိန်ဆွဲနိုင်သူမှာ အနီရောင်ဆံပင်နှင့်လူသာလျှင် ကျန်ရှိတော့၏။ ပြောရမည်ဆိုလျှင် ဤရောင်းရင်း နှစ်ယောက်သည် တကယ်ပင် သနားဖွယ်ရာကောင်းလှ၏။ တစ်ယောက် သည် နီကျား၏ တိုက်ခိုက်မှုကို ခံခဲ့ရ၏။ တခြားတစ်ယောက်မှာတော့ မျောက်ဘုရင်ကြီး၏ တိုက်ခိုက်မှုကို ခံရသည်။

အနီရောင်ဆံပင်နှင့်လူသည် တော်တော်များများ ပြန်လည်ကာ အားကောင်းလာခဲ့ပြီဖြစ်၏။ သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိရန်အတွက် ကျိန်းသေပေါက် ကူညီရန် ဆုံးဖြတ်လိုက်သည်။ သို့ပေမဲ့ ပြဿနာ သည် တစ်ဖက်လူကို မည်ကဲ့သို့ ဆွဲဆောင်ရမည်နည်း။ နည်းလမ်းတစ်ခုသာလျှင် ရှိတော့၏။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ နောက်လိုက်အဖြစ် ဟန်ဆောင်ပြီးသည့်နောက် တခြားသော တည်နေရာတစ်ခုတွင် တစ်စုံတစ်ခုကို သွားရောက်လုပ်လိုက်ရန်သာ။

အနီရောင်ဆံပင်နှင့်လူသည် အလောင်းအစား ပြုလုပ်ခြင်းဖြစ်၏။ သူ့အနေနှင့် ဖမ်းဆီးခြင်းကို ခံရသည်ဆိုပါက ကျိန်းသေပေါက် အန္တရာယ် ကျရောက်ပေလိမ့်မည်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်သည့်လူမှာ မည်သူဖြစ်သနည်းဆိုသည်ကို သူက စဉ်းစားနေမိ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို အချိန်ဆွဲထားရန် ခိုင်းစေလိုက်သည်ဖြစ်သောကြောင့် ထူးထူးခြားခြား စဉ်းစားနေစရာပင်မလိုချေ။

အား…..

မီးတောက်များ တောက်လောင်နေသည့် လှံကြီးနှင့် ထိုးနှက်ခြင်း ခံခဲ့ရသည်ကို ပြန်လည်တွေးတောပြီး သည့်နောက် အနီရောင်ဆံပင်နှင့်လူသည် ပြောလိုက်မိ၏။ “ဒီ… ဒီပွဲမှာတော့ ငါအနိုင်ရဖို့ မျှော်လင့်မိတယ်”

သူ့အနေနှင့် အလောင်းအစား ပြုလုပ်ကာ စွန့်စားနေရသည့်အချိန်မှာတော့ သူ၏နှလုံးသားတစ်ခုလုံးသည် နာကျင်လျက်ရှိနေသည်။

တခြားသော ပြဿနာကြောင့် မဟုတ်ချေ။ သူ့အနေနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ထိန်းချုပ်မှုကို အဘယ်ကြောင့် ခံနေရသနည်း။ ဤကဲ့သို့သာ ဖြစ်မည်မှန်းသိပါက သူသည် သာမန်ကလန်ထဲတွင် ငြိမ်းချမ်းသည့်ဘဝကြီးဖြင့် နေထိုင်မိမည်မှာ သေချာ၏။

မီးတောက်နယ်မြေဆီမှ ထွက်လျှောက်လာပြီးသည့်နောက် အနီရောင်ဆံပင်နှင့်လူ၏ မျက်နှာသွင်ပြင်သည် တင်းမာခက်ထန်လျက် ရှိနေ၏။ သူသည် နီကျား၏ သတ်ဖြတ်မှုကို ခံရသည့်အချိန်မှာတော့ တစ်စုံတစ်ခုကို နားလည်ကာ အားနာသလို ခံစားနေမိ၏။ သူသည် အမျိုးသမီးနှင့် သားကို စွန့်ပစ်ခဲ့ခြင်းအတွက် အားနာနေခဲ့ခြင်းလည်းဖြစ်သည်။

“မဟုတ်ဘူး”

အနီရောင်ဆံပင်နှင့်လူသည် ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်၏။ “ငါ သွားပြီးတော့ ကြည့်ရမယ်”

ဤလောင်းကစားပွဲတွင် နိုင်နိုင်လား၊ ရှုံးနိုင်လားဆိုသည်ကို သူ အာမ မခံနိုင်ချေ။ အကယ်၍ ရှုံးနိမ့်သွားပါက သေဆုံးသွားနိုင်၏။ ထိုသို့ဆိုလျှင် နောက်ဆုံးအကြိမ်အဖြစ် အသက်ရှင်နေတုန်း သူ၏ သားနှင့် သူ၏မိန်းမကို သွားရောက် ကြည့်ရှုရပေမည်။ အနည်းဆုံးတော့ နောင်တတရားမရှိဘဲနှင့် သေဆုံးသွားနိုင်ပေသည်။

ဆွစ်

အနီရောင်ဆံပင်နှင့်လူသည် တည်နေရာလမ်းကြောင်းကို ပြောင်းလဲပြီးသည့်နောက် ခပ်ဝေးဝေးဆီသို့ ပျံသန်းသွားခဲ့၏။ သူသွားနေသည့် နေရာသည် အထက်နယ်မြေပင် ဖြစ်လေ၏။

……..

ကျွင်းချောင်ရှောင်း အနေဖြင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ရှာဖွေ မတွေ့ရှိခဲ့ချေ။ လဝက်နီးပါးခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် ရွေးချယ်ခွင့် မရှိဘဲ ထာဝရလောကကြီးသို့ ပြန်ခဲ့ရ၏။ သူသည် ဂိုဏ်းထဲတွင် ရှိနေသည့် အင်အားစုများကို စုစည်းပြီးသည့်နောက် တည်နေရာတစ်ခုလုံးကို ပြောင်းပြန်လှန်ကာ ရှာဖွေမည်ဟု စဉ်းစားထားခဲ့သည်။

သို့ပေမဲ့ ပြန်ရောက်ရောက်ချင်းမှာပဲ များပြားလှ‌သော ရွက်သင်္ဘောများသည် ကောင်းကင်ယံတွင် လွင့်မျောလျက် ရှိနေသည်ကို မြင်လိုက်ရ၏။ ငရဲလောကကြီးကို ကယ်တင်ခဲ့သည်ဟူသော သတင်း ပျံ့နှံ့သွားခဲ့ပြီဖြစ်သောကြောင့် ဂြိုဟ်အသီးသီးမှ လောကသား အားလုံးတို့သည် သူနှင့် လာရောက်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြ၏။

ဟုတ်ပေ၏။ လောကကြီး၏ တော်ဝင်အစီအရင် ကာကွယ်ထားမှုကြောင့် ၎င်းတို့သည် အထဲသို့ ဝင်ခွင့်မရှိဘဲ အပြင်ဘက်မှာသာ ရပ်နေကြရသည်။

“နောက်ဆုံးတော့ နားလည်သွားကြပြီပဲ” ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းလိုက်မိ၏။

“ဂိုဏ်းချုပ်”

ဂိုဏ်း၏‌ဟောခန်းထဲတွင် ထိုင်လျက်ရှိနေသော ယွမ်သခင်လေးသည် အလျင်အမြန်ဖြင့် သတင်း ပေးပို့လိုက်၏။ “ထာဝရလောကကြီးထဲကို ဝင်ဖို့အတွက် တောင်းဆိုထားတဲ့လူတွေက အရမ်းများတယ်။ ကျုပ်တို့”

“သူတို့အားလုံးကို ဝင်ခိုင်းလိုက်”

“သူတို့အားလုံးကို သေသေချာချာ မစစ်ဆေးတော့ဘူးလား”

“မလိုပါဘူး”

“တကယ်လို့ မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့လူတွေ ပါလာမယ်ဆိုရင်ကော”

“အင်း.. သူတို့ဆီမှာ သတ္တိဆယ်ခုရှိတယ်ဆိုရင်တောင်မှ ငါ့ရဲ့နေရာကို လာဖျက်ဆီးရဲမှာ မဟုတ်ဘူး”

ဒဏ္ဍာရီလာတာဝန်ကို ပြည့်စုံခဲ့ပြီးသည့်နောက် အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များအားလုံးတို့၏ ကျင့်ကြံခြင်းအဆင့်များသည် ကြီးကြီးကျယ်ကျယ် တိုးတက်ခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အရာအားလုံးကို ရင်ဆိုင်နိုင်မည်ဟူသော ယုံကြည်ချက်မျိုး တည်ရှိလို့နေသည်။

အထက်စကြဝဠာထဲတွင် ရှိနေသည့် ထိပ်တန်းဂြိုဟ်များပင်လျှင် ဖျက်ဆီးခြင်းကို ခံနေရ၏။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာအဆင့် ကျင့်ကြံသူမဟုတ်ပါက ကျွင်းချောင်ရှောင်းသည် ဘာကိုမှ ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။

“ကောင်းပါပြီ”

အမိန့်ကို လက်ခံရရှိပြီးသည့်နောက် ယွမ်သခင်လေးသည် ချက်ချင်းပဲ တော်ဝင်အစီအရင်ကြီးကို ဖယ်ရှားကာ အားလုံးသောသူတို့ကို အထဲသို့ သေသေချာချာ ဝင်ရောက်ခဲ့ရန် မှာကြားလိုက်၏။

ဆွစ် ဆွစ်

ထာဝရလောကကြီးသည် အားလုံးသောသူတို့ကို အထဲဆီသို့ ဝင်ရောက်ခွင့်ပေးခဲ့၏။ ၎င်းတို့အားလုံး ထာဝရလောကထဲသို့ ဝင်လိုက်သည့်အချိန်မှာတော့ လောကကြီး မည်မျှကြီးမားသနည်းဆိုသည်ကို မြင်ရင်း အံ့အားသင့်မိနေကြသည်။

အထဲတွင်ရှိနေသော ကောင်းကင်နှင့်မြေကြီး၏ လောကဓာတ်သဘာဝများ၏ အားကောင်းမှုကို ခံစားပြီးနောက် အစစ်အမှန် တုန်လှုပ်နေမိကြ၏။ နောင်တတရား - အဘယ်ကြောင့် သူတို့ စောစောစီးစီး ရောက်ရှိမလာရသနည်း။

ကျွင်းချောင်ရှောင်းသည် အမှန်ပင် ရက်ရောလွန်းလှ၏။ ပြိုင်စံရှားဂိုဏ်းမှလွဲလျှင် ထာဝရလောကကြီးတွင် ရှိနေသည့် တည်နေရာ အသီးသီးတို့တွင် ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများ နေထိုင်ရန် ခွင့်ပြုပေးခဲ့၏။ အားလုံးသော သူတို့သည် လောကကြီးတွင် ရှိနေသည့် သဘာဝနှင့် အစဉ်အလာများ အားလုံးကို ကြည့်ရှုရင်း အံ့အားသင့်မိနေကြ၏။

“မယုံကြည်နိုင်စရာပဲ။ ဒါက ငရဲလောကထက် အဆပေါင်းများစွာ အားကောင်းတဲ့ ထိပ်တန်းလောကတစ်ခု ဖြစ်နေတာပဲ”

“သူတို့ ဒီလိုမျိုးဖြစ်အောင် ဘယ်လိုများ လုပ်ခဲ့တာလဲ” ထာဝရလောကကြီးထဲသို့ ရောက်ရှိနေသော အားလုံးသော သူတို့သည် အံ့အားသင့်မိနေကြသည်။

“ဂိုဏ်းချုပ်ကျွင်း”

ငရဲလောက၏ နယ်မြေသခင်သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာပြီး ဂါရဝပြု၏။ “ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

သူ၏အနောက်တွင် ရေတွက်လို့မရအောင် များပြားသောလူများရှိ၏။ ကျွင်းချောင်ရှောင်းသာ ကြိုတင်ပြီး မရောက်ရှိလာပါက သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အားလုံးသောသူတို့သည် ပျက်စီးခြင်းအဖြစ် ရောက်ရှိကုန်မှာသေချာသည်။

“ကျုပ်တို့က အားလုံးကို ကူညီဖို့ တာဝန်ရှိတယ်လေ”

ကျွင်းချောင်ရှောင်း၏အသံသည် သံမဏိအရိုးတောင်ဆီမှ ထွက်ပေါ်လာခဲ့၏။ “ခင်ဗျားတို့က ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုဘူး”

သူ၏လေသံသည် အလွန်ပင် တည်ငြိမ်ပြီး အရှိန်အဟုန်မှာလည်း အမှန်ပင် ခမ်းနား ကြီးကျယ်လွန်းလှသည်။

ဤအရာသည် နယ်မြေသခင်၊ ဂိုဏ်းချုပ်တစ်ယောက်၏ အလွန်အားကောင်းလှသော ဟိတ်ဟန်မျိုးပင် ဖြစ်လေတော့သည်။ မူလအားဖြင့် ပြောင်စပ်စပ်နေတတ်သော ကုန်းရှန့်သည် အရေးကြီးသည် ကိစ္စရပ်များကို ပြုလုပ်သည့် နေရာမျိုးတွင် တကယ်ပင် လေးနက်တတ်သည့် သဘောသဘာဝမျိုး ရှိလေ၏။

“ဂိုဏ်းချုပ်ကျွင်း”

ငရဲလောက၏ နယ်မြေအရှင်သည် ပြောလိုက်သည်။ “ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျုပ်တို့ ခင်ဗျားလောကထဲမှာနေပြီး ခင်ဗျားအမိန့်ကို လိုက်နာချင်ပါတယ်။ ခွင့်ပြုပေးနိုင်မလား”

ဤစကားစုသည် အဆုံးစွန်သော အညံ့ခံခြင်းနှင့် ဆင်တူလွန်းလှ၏။

အထဲတွင်နေခြင်းဟူသော ရိုးရှင်းသည့် ကိစ္စရပ်မျိုးတင် မကဘဲ အမိန့်ကို နာခံမည်။ ထာဝရလောက၏ အသက်သွေးကြော၊ ထာဝရလောကသားများအဖြစ် တစ်စုတစ်စည်းထဲ နေထိုင်ရန် စဉ်းစားဆုံးဖြတ်ခဲ့ခြင်းပင်။ သူတို့ ဤကဲ့သို့ တွေးတောထားသည်မှာလည်း မလွန်လှချေ။ အဘယ်ကြောင့်ဆိုသော် ထာဝရလောကကြီး သည် အလွန်အားကောင်းလွန်းလှသည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်ရဲ့လောကကြီးထဲမှာ တည်နေရာလွတ်တွေ အများကြီး ရှိတယ်။ ခင်ဗျားတို့ စိတ်ကြိုက်ရွေးကြ”

ကျွင်းချောင်ရှောင်း အနေဖြင့် အကြိမ်ပေါင်းများစွာ ချဲ့ထွင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ထာဝရလောကကြီးသည် ပိုမိုကာ ကြီးထွားလာခဲ့၏။ ထို့ကြောင့် ချောင်ကျသော နေရာများတွင် တည်နေရာလွတ်ပေါင်းများစွာ တည်ရှိလို့ နေသည်။

“ကျေးဇူးပါပဲ”

ငရဲလောက၏နယ်မြေသခင်သည် ဝမ်းသာသွားမိ၏။ ပထမတုန်းက ကျွင်းချောင်ရှောင်း တစ်ယောက် သူ၏လူများကို အထင်အမြင်သေးစွာဖြင့် နိမ့်ချဆက်ဆံမည်ကို စိုးရိမ်ခဲ့မိ၏။ သို့ပေမဲ့ မထင်မှတ် ထားလောက်အောင်ပဲ လွယ်လွယ်ကူကူနှင့် သဘောတူညီခဲ့၏။

“ဂိုဏ်းချုပ်ကျွင်း”

ထိုအချိန်မှာပဲ အဖြူရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက်သည် ရောက်ရှိလာပြီး လက်သီးဆုပ်၍ ပြောလိုက်သည်။ “ရေလောကကြီးကလည်း ခင်ဗျားတို့ လောကဆီမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်ချင်ပါတယ်”

“မီးလောကကြီးကလည်း နေချင်ပါတယ်”

“ထုစီလောကကြီးကလည်း လိုလိုချင်ချင်နဲ့ နေချင်ပါတယ်”

လက်ရှိအချိန်မှာတော့ အဓိကဂြိုဟ်အသီးသီးကို ကိုယ်စားပြုသော နယ်မြေအရှင်များသည် ၎င်းတို့၏ သဘောထားများကို လာရောက်ကာ ထုတ်ဖော်ပြောကြားခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် စကြဝဠာကြီး၏ ဘေးဒုက္ခ အန္တရာယ်ကြီးဖြစ်၏။ ၎င်းတို့၏ အိမ်သည် အချိန်မရွေး ဝါးမြိုခြင်းကို ခံရနိုင်၏။ သူတို့အနေနှင့် အိမ်ကို စွန့်ခွာခဲ့ပြီးသည့်နောက် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ပိုမို အားကောင်းသော လောကကြီးထဲတွင် နေထိုင်ရန် လိုလိုချင်ချင်နှင့် တည်ရှိလို့နေ၏။

“ပြဿနာမရှိဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကိုလာတဲ့လူတွေအကုန်လုံး ထာဝရလောကကြီးမှာ နေထိုင်နိုင်စွမ်းရှိတယ်”

ရက်ရောလွန်းလှချေ၏။ ထို့ကြောင့်ပင်လျှင် ဂြိုဟ်အသီးသီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးသည် ၎င်းတို့ နေထိုင်ရန် သင့်တော်သည့် နေရာများကို စတင်ကာ ရှာဖွေခဲ့ကြ၏။

“ဒါပေမဲ့”

အားလုံး တည်နေရာရွေးချယ်သည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကျွင်းဆီမှာ တောင်းဆိုမှုတစ်ခုရှိတယ်”

“ဂိုဏ်းချုပ်ကျွင်း.. ကျေးဇူးပြုပြီး ပြောပါ” ငရဲလောက၏ နယ်မြေအရှင်က ပြောလိုက်သည်။

“ခင်ဗျားတို့အားလုံး ဒီနေရာကို ရွေ့ပြောင်းလာပြီဆိုတော့ ခင်ဗျားတို့ရဲ့ မူရင်းဂြိုဟ်တွေက လွတ်လပ်သွား ပြီလေ။ ဒီအတိုင်း ထားလိုက်မယ်ဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ကျိန်းသေပေါက် ဝါးမြိုသွား လိမ့်မယ်။ ကျုပ်ဆိုလိုတာက”

ကျွင်းချောင်ရှောင်းသည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အရမ်းကောင်းတဲ့အရာ တွေကို တခြားသူတွေအတွက် ထားခဲ့လို့မရဘူးမို့လား။ ပစ္စည်းကောင်းတွေကို မိသားစုနဲ့အတူ ထားရမှာပေါ့ ။ ဟုတ်တယ်မလား”

“………” အားလုံးသောသူတို့သည် ဆွံ့အသွားခဲ့၏။

ငရဲလောကကြီး - သက်ရှိသတ္တဝါများအားလုံးကို ထာဝရလောကကြီး ဆီသို့ ရွေ့ပြောင်းခဲ့ပြီ ဖြစ်သောကြောင့် ထိုဂြိုဟ်ကြီးတစ်ခုလုံးသည် ရှင်းလင်းပြီး ပြောင်သလင်းခါလျက် ရှိနေတော့၏။ ကျွင်းချောင်ရှောင်းသည် ထိုနေရာဆီသို့ ရောက်ရှိလာခဲ့သည်။

ဂြိုဟ်၏အဆင့်သည် မမြင့်မားလှသော်လည်း အနည်းဆုံး ပြည့်စုံသည့် လောကကြီးတစ်ခုဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် စည်းမျဉ်းဟောင်းများအတိုင်းပင် ကျွင်းချောင်ရှောင်းသည် မြေအောက်ထဲသို့ ဝင်ရောက်လိုက်ပြီးသည့်နောက် ဘယ်ဘက်လက်တွင် အစာကိုကိုင်ကာ ညာဘက်လက်တွင် တုတ်ကိုကိုင်ပြီး မေးမြန်းခဲ့တော့၏။ ရင်းနှီးနေသည့် လုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့ပြီးသည့်နောက်မှာ‌တော့ ဂြိုဟ်၏ မူလ အရင်းအမြစ်သည် မည်သို့မှ မနေနိုင်ဘဲ သူနှင့်ပူးပေါင်းခဲ့ရ၏။

သူသည် တခြားဂြိုဟ်များ၏ မူလအရင်းအမြစ်ကို လိုက်လံ သိမ်းဆည်းခဲ့၏။ သူနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ တို့ကြား ဘာများ ကွာခြားနေသနည်း။ ကွာခြားချက်က ကြီးကြီးမားမားရှိ၏။

ပထမဦးဆုံးအနေနှင့် ကျွင်းချောင်ရှောင်းသည် အပြစ်မဲ့သည့်လူများကို မသတ်ဖြတ်ပစ်ခဲ့ချေ။ ထိုအစား ပိုမို ကောင်းမွန်သည့် တည်နေရာကြီးတွင် နေထိုင်နိုင်ရန်အတွက် ထောက်ပံ့ပေးခဲ့သေး၏။ ဒုတိယအားဖြင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဤနေရာသို့ ပြန်လာနိုင်သေး၏။ ထို့ကြောင့် သူသည်သာ ဤအရာများ နှင့်ပေါင်းစပ်ခြင်းကို မပြုလုပ်သည်ဆိုပါက တစ်ဖက်လူများအတွက် အစားအစာများ ထားခဲ့ခြင်းနှင့် ဆင်တူနေ ပေလိမ့်မည်။

ထို့ကြောင့် ဂြိုဟ်အသီးသီးကို ထာဝရလောကကြီးနှင့် ပေါင်းစပ်တော့၏။ ပေါင်းစပ်ပြီးသည့် နောက် အလုံးစုံသော အားအင်အဆင့်များ တိုးတက်လာခဲ့ပြီး သက်ရှိသတ္တဝါများ နေထိုင်ရာ ပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း ပိုမိုကာ ကောင်းမွန်လာ၏။

ဝှစ် ဝှစ်

မကြာခင်မှာပဲ ငရဲလောကကြီးတွင် ရှိနေသော မူလအရင်းအမြစ်သည် ထာဝရလောကကြီးနှင့် ပေါင်းစပ်သွားခဲ့ သည်။ တည်နေရာပတ်ဝန်းကျင်ကလည်း တိုးတက်လာခဲ့တော့သည်။ ရေလောက၊ တခြားသော လောကအသီးသီးတွင် ရှိနေသည့် မူလအရင်းအမြစ်များ အားလုံးသည်လည်း ပေါင်းစပ်မှုမှ မလွတ်မြောက် နိုင်ခဲ့ကြချေ။

လဝက်အတွင်းမှာပဲ ထာဝရလောကကြီးသည် ဂြိုဟ်ပေါင်းနှစ်ဆယ်ကျော်တို့နှင့် ပေါင်းစပ်ခဲ့ပြီးပြီ ဖြစ်သည်။ ထိုဂြိုဟ်များ၏ အဆင့်သည် မြင့်မားလှသည် မဟုတ်သော်လည်း အလုံးစုံသော တည်နေရာဧရိယာမှာတော့ ပိုမိုကာ ကျယ်ပြန့်လာခဲ့၏။ ဂြိုဟ်သည် ပိုမိုကာ ချဲ့ထွင်လေ တည်နေရာလွတ်များ ပိုမိုကာ များပြားလာလေ ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေနှင့် သက်ရှိသတ္တဝါများ ပိုမိုရွေ့ပြောင်းလာစေရန် မျှော်လင့်နေမိ၏။

………

“ဂိုဏ်းချုပ်”

တစ်ရက်မှာတော့ လီလိုရှုက သတင်းပို့လိုက်သည်။ “အထက်နယ်မြေက သတင်းပို့လာတယ်။ ထူးဆန်းတဲ့ လူတစ်ယောက် ရုတ်တရက် ပေါ်လာတယ်တဲ့”

“ထူးဆန်းတဲ့ လူတစ်ယောက် ဟုတ်လား”

All Chapters