← Chapters

အခန်း ၁၉၉၀

Vol. 134 Ch. 1990

အခန်း ၁၉၉၀

Vol. 134 Ch. 1990

အပိုင်း (၁၉၉၀)

ဝှစ်

ထာဝရရွက်သင်္ဘောကြီးသည် လေဟာနယ်ကို ထိုးဖောက်ကာဖြင့် အဆုံးအစမဲ့ ကြယ်ကောင်းကင်ထဲ ပျံသန်းလျက် ရှိနေ၏။ ဘယ်ကိုသွားနေသနည်း။ အထက်နယ်မြေဆီသို့ပင် ဖြစ်သည်။ ကျွင်းချောင်ရှောင်း အနေနှင့် ကြီးမြတ်သူ တုံးကုနှင့် တခြားသော သူများကို ထာဝရလောကဆီသို့ လာရောက်ရန် ခေါ်ဆောင်လာပြီးနောက် ဤနေရာသို့ မရောက်ရှိသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၏။ ပြောရမည်ဆိုလျှင် ဤတည်နေရာကြီးသည် သူ၏ ဘဝ ခရီးရှည်ကြီးကို လျှောက်လှမ်းရာတွင် ခြေတစ်လှမ်း လှမ်းခဲ့သည့် တည်နေရာတစ်ခုသာလျှင် ဖြစ်၏။

ထူးဆန်းလှပါသည်ဆိုသောသူ ပေါ်လာသည်သာ မဟုတ်ပါက အထက်နယ်မြေဆီသို့ သူလုံးဝပြန်သွားလိမ့်မည် မဟုတ်ချေ။

“အင်း... မိုးကောင်းကင်နတ်ဆိုးအင်ပါယာများ ဖြစ်နေမလား”

လမ်းတလျှောက်မှာတော့ ကျွင်းချောင်ရှောင်းက တွေးတောနေမိတော့၏။ သူ့အနေနှင့် ဤကဲ့သို့ ရဲရဲဝံ့ဝံ့ ခန့်မှန်းရဲပြီး သွားရဲလာရဲနေသည်မှာ တစ်ဖက်လူ ဒဏ်ရာ ရရှိထားသောကြောင့်ပင် ဖြစ်၏။

“အထက်စကြဝဠာကြီးက အရမ်းကို ကြီးမားတယ်လေ။ ပြီးတော့ လူသူကင်းရှင်းတဲ့ နေရာတွေ အများကြီး ရှိနေတာပဲ။ ဘာလို့ အထက်နယ်မြေကို ရွေးချယ်ရတာလဲ” စနစ်က မေးမြန်းလိုက်သည်။

ကျွင်းချောင်ရှောင်းက ဖြေလိုက်၏။ “ငါ အဲမှာနေဖူးတာကို သူသိလို့လည်း ဖြစ်နိုင်တယ်လေ။ ဒါကြောင့် အားမွေး နေတဲ့အချိန်အတောအတွင်း အားနည်းတဲ့နေရာတွေကို သွားပြီးတော့ လက်စားချေတာလည်း ဖြစ်နိုင်တယ် မဟုတ်လား”

“..........”

စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွားမိတော့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် မျောက်ဘုရင်ကြီး၏ သတ်ဖြတ်မှုကို ခံရလုနီးပါး ဖြစ်ခဲ့၏။ ဒေါသတရားကြောင့် တခြားသောအရာများကို ဆိုးဆိုးရွားရွား ပြုလုပ်မည် ဆိုသည်မှာ ဖြစ်နို်ငဖွယ်ရာရှိသည်။

“ငါ့သား”

ထိုအချိန်မှာပဲ ကုန်းစွန်းရော့လီက ရောက်ရှိလာခဲ့၏။ “အထက်နယ်မြေဆီကို ရောက်ဖို့အတွက် ဘယ်လောက် ကြာအုံးမှာလဲ” သူမသည်သာမဟုတ် ကျန်းစန်းသည်လည်း လိုက်ပါလာခဲ့၏။

ကျွင်းချောင်ရှောင်း အနေဖြင့် ဤနှစ်ယောက်ကို လိုက်ပါလာရန် ပထမတုန်းက သဘောမတူခဲ့ချေ။ မိုးကောင်းကင် နတ်ဆိုအင်ပါယာနှင့် ဆုံတွေ့သည်သာဆိုပါက ကျိန်းသေပေါက် အန္တရာယ်သက်ရောက်မှာ စိုးသောကြောင့်ပင်။

ကုန်းစွန်းရော့လီက ပြောလိုက်၏။ “မင်းအဖေနဲ့ငါက အထက်နယ်မြေမှာ တွေ့ခဲ့တာလေ။ ဒါကြောင့် အဲဒီမှာ အမှတ်တရတွေ အများကြီးရှိခဲ့တယ်”

“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် ဤအကြီးအကဲနှစ်ယောက်အား တစ်ခါတည်း ခေါ်ဆောင်လာခဲ့သည်။

အချက်အလက်အားဖြင့် ကုန်းစွန်းရော့လီသည် အချိန်အတော်ကြာသည်အထိ အထက်နယ်မြေတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။ သူမအနေနှင့် ထာဝရလောကကြီးသို့ ပြန်ရန် အစီအစဉ် မရှိသေးချေ။ အဘယ်ကြောင့် ဆိုသော် ကျန်းစန်းနှင့် သူမ၏သားတို့ ရင်းရင်းနှီးနှီး စကားပြောရင်း သူမဖုံးကွယ်ထားသည့်အရာများ ပေါ်ပေါက် သွားမည်ကို စိုးရိမ်သောကြောင့်ပင်။ လျှို့ဝှက်ချက်ဆိုသည်မှာ လျှို့ဝှက်ထားသည်ကသာ အကောင်းဆုံး ဖြစ်ပေ လိမ့်မည်။

“အမေ”

ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ “ရောက်ဖို့ နာရီအနည်းငယ်ပဲ လိုတော့တယ်”

အထက်နယ်မြေ - များပြားလှသည့် ပြောင်းလဲမှုများ ဖြစ်တည်ခဲ့၏။ ဂိုဏ်းအသီးသီးတို့သည် မိုးရွာပြီးသည့်နောက် အသစ်ဖြစ်တည်လာခဲ့သည့် ဝါးမြစ်လေးများကဲ့သို့ပင် အသီးသီး ပေါ်ပေါက်လာ၏။ ကျွင်းချောင်ရှောင်း အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းကို ဖျက်ဆီးခဲ့သည့် ကျေးဇူးကြောင့် ပြင်းပြင်းထန်ထန်ဖြင့် တားဆီးထား သည့်အရာအားလုံးသည် ပျက်စီးသွားခဲ့၏။ ထို့ကြောင့် အနာဂတ်မျိုးဆက်သစ်များ အနေဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ရန် အခွင့်အရေးကို ရရှိခဲ့ကြပြီဖြစ်သည်။

အင်အားကြီးသော အဖွဲ့တော်တော်များများတို့သည်လည်း အသစ်ဖြစ်တည်လာသည့် ဂိုဏ်းများကို ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ထောက်ပံ့ကူညီခြင်းများ ပြုလုပ်နေကြသည်။ ထို့ကြောင့် ဤဂြိုဟ်ထဲတွင် ဂိုဏ်းအသီးသီးတို့သည် ပေါ်ပေါက်လာစေရန် အခွင့်အရေး ရှိကြပြီဖြစ်၏။

ဟုတ်ပေသည်။ လူများ အားလုံးသည် အထက်နယ်မြေ၏ ပုံပန်းသွင်ပြင်ကို ပြောင်းလဲခဲ့သည့် လူတစ်ယောက် အကြောင်းကို ဘယ်တော့မှ မေ့လျော့လိမ့်မည် မဟုတ်ချေ။ ၎င်းတို့အနေဖြင့် ဤလူသည် သူ၏ ဂိုဏ်းနှင့်အတူ ထွက်ခွာသွားခဲ့ပြီဆိုသော်လည်း သူတို့အနေနှင့် ဤဖန်းချီမိုးကောင်းကင်တောင်တန်း တစ်ခုလုံးကိုတော့ နတ်ဘုံ နတ်နန်းကဲ့သို့ပင် ဖန်တီးသတ်မှတ်ထားကြသည်။

မည်မျှတိုက်ဆိုင်လိုက်သနည်း။ ယနေ့သည် တစ်ဖက်လူများ ထွက်ခွာသွားခဲ့သည့် နှစ်ပတ်လည်နေ့ပင်ဖြစ်သည်။ တည်နေရာအသီးသီးတွင်ရှိသည့် သိုင်းကျင့်ကြံသူများသည် ဤနေရာသို့ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့အားလုံး သည် ဖန်းချီမိုးကောင်းကင်တောင်တန်းဆီမှ အမြစ်မှကျွတ်ကာ ထွက်ခွာသွားခဲ့ပြီဖြစ်သော ပြိုင်စံရှားဂိုဏ်း သံမဏိ အရိုးတောင်ကြီး တည်နေရာဆီသို့ လာရောက်ကာ ကြည့်ရှုလျက်ရှိနေကြ၏။

“ရောင်းရင်း... ဒါ ဘာလုပ်နေကြတာလဲ” တစ်စုံတစ်ယောက်သည် တီးတိုးမေးမြန်းလိုက်၏။

“အပြင်လူတွေများလား”

“ငါ ဒီကို ပြန်မလာဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အခုမှ ပြန်ရောက်တာလေ။”

“အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ”

ထိုသူသည် ခေါင်းကိုအသာငုံ့ကာဖြင့် တီးတိုးရှင်းပြလိုက်၏။ “ဒီနေရာက အင်မော်တယ်ဂိုဏ်း တည်ရှိခဲ့တဲ့ နေရာလေ”

“အမ်.. ဒါက ဖန်းချီအင်မော်တယ်တောင် မဟုတ်ဘူးလား”

“ဒါက အတိတ်တုန်းက ပြိုင်စံရှားဂိုဏ်းက ဒီနေရာမှာ အခြေချခဲ့တယ်။ အရမ်းတော်တဲ့ ဂိုဏ်းချုပ်ကျွင်းပေါ့”

“ဂိုဏ်းချုပ်ကျွင်း ဟုတ်လား”

“တကယ့်ကို ဖော်ညွှန်းလို့မရနိုင်အောင် ကြီးကျယ်မြင့်မြတ်တဲ့လူပေါ့။ သူက တောင်ကြီးတစ်ခုလုံးနဲ့အတူ အောက်နယ်မြေကနေ တက်လာခဲ့တာ။ ပြီးတော့ ဒီနေရာမှာ ဂိုဏ်းကြီးတစ်ခုကို တည်ထောင်ခဲ့တယ်”

“အဲလောက်တောင်လား”

“အဲထက်တောင် ပိုသေးတယ်။ ဒါက အစပဲ ရှိသေးတယ်”

ကျွင်းချောင်ရှောင်းတစ်ယောက် သူ၏ဂိုဏ်းနှင့်အတူ အထက်နယ်မြေသို့ တက်လှမ်းလာပြီးသည့်နောက် ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်မှု၊ အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့ကို သုတ်သင်ခြင်း၊ ထိုအရာများအားလုံး သည် တခမ်းတနားဖြင့် ပြန်လည်ကာ ပြောဆိုရမည့် ကိစ္စရပ်များ ဖြစ်လို့လာခဲ့သည်။

...........

လာရောက်မေးမြန်းသူသည် အချင်းအရာများကို သိရှိပြီးသည့်နောက် တောင်ပေါ်တွင် ငူငူကြီးထိုင်ကာ ကျန်ရစ်ခဲ့၏။ သူသည် သက်ပြင်းချကာဖြင့် ပြောလိုက်၏။ “အောက်နယ်မြေကနေ တက်လာတဲ့ လူတစ်ယောက်က ဒီလိုစွမ်းဆောင်ရည်မျိုး ရှိလိမ့်မယ်လို့ မထင်မိဘူး”

အပြင်ဘက်မှလာသည့် လူတစ်ယောက်အဖြစ် ဟန်ဆောင်နေသူသည် မည်သူဖြစ်သနည်း။ ထိုသူသည် အနီရောင်ဆံပင်နှင့်လူပင် ဖြစ်လေသည်။

“အင်း.. ဒါက ကံကြမ္မာရေစက်များလား”

အနီရောင်ဆံပင်နှင့်လူသည် နာနာကျင်ကျင် ပြုံးလိုက်တော့၏။ သူသည် လွတ်မြောက်မှုကို ရရှိရန်အတွက် ကျွင်းချောင်ရှောင်းကို သွားရောက်ကာ သတ်ဖြတ်ခဲ့၏။ အဆုံးသတ်မှာတော့ တစ်ဖက်လူသည် သူနေထိုင်ခဲ့သည့် အထက်နယ်မြေ၌ ကြီးမားသည့် နာမည်ဂုဏ်သတင်းကို ရေးထိုးနိုင်သည့်လူတစ်ယောက် ဖြစ်လို့နေခဲ့၏။

တစ်ဖက်လူသည် အထက်နယ်မြေဆီသို့ တက်လှမ်းပြီး ဆယ်စုနှစ်အတွင်းတွင် ကြီးမားမြင့်မြတ်လွန်းလှသည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့သည့်အပြင် အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတို့၏ စည်းမျဉ်းစည်းကမ်းအားလုံး ကိုပါ ပြောင်းပြန်လှန်ခဲ့သည်။

“အံ့အားသင့်စရာ မဟုတ်တော့ဘူး”

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်၏။ “သူက မိုးကောင်းကင်နတ်ဆိုး အင်ပါယာနဲ့တောင်မှ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရဲနေတာပဲ”

ကျွင်းချောင်ရှောင်း၏ ဖွံ့ဖြိုးတိုးတက်မှုများကို သိရှိနားလည်ပြီးသည့်နောက် သူသည် တစ်ဖက်လူမှာ သာမန်လူ တစ်ယောက်မဟုတ်မှန်း နက်နက်နဲနဲ နားလည်မိခဲ့သည်။

“ကြည့်ရတာ ရှေးဖြစ်ဟောသမားတွေ ပြောဆိုခဲ့တဲ့ စကြဝဠာတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲနိုင်တဲ့လူဆိုတာ သူပဲဖြစ်ဖို့များတယ်”

အနီရောင်ဆံပင်နှင့်လူသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကံဆိုးတာက သူက နောက်ကျမှ ပေါ်လာတာပဲ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးနည်းစနစ်ကို ကောင်းကောင်း နားလည်နေပြီပဲ”

ကျွင်းချောင်ရှောင်း အားကောင်းသည်ဆိုသည်မှာ ငြင်းပယ်၍ မရနိုင်ချေ။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလာခဲ့သည်ဆိုသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ခဲ့ချေ။ တည်ရှိနေသည့် စကြဝဠာကြီးထဲ၌ အထက်နယ်မြေသည်သာ ရှိနေပါက မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏အစာ ဖြစ်လာမှာ သေချာသည်။

“အင်း” အနီရောင်ဆံပင်နှင့်လူသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် အရှေ့ပင်လယ်ဆီသို့ သွားလိုက်၏။ သူ၏ မှတ်ဉာဏ်များအရဆိုလျှင် အရှေ့ပင်လယ်တွင် ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့် ချိတ်ဆက်ထားသည့် လေဝဲကြီး တစ်ခု တည်ရှိသည်ကို သူက ကောင်းကောင်းမှတ်မိ၏။

သို့ပေမဲ့ သူ ထိုနေရာဆီသို့ သွားရောက်ပြီး နေ့ဝက်ခန့် ရှာဖွေပြီးသည့်နောက်မှာတော့ ဘာတစ်ခုကိုမှ မတွေ့ရှိခဲ့ချေ။ ထိုအစား ကျင့်ကြံလျက်ရှိသည့် သိုင်းကျင့်ကြံသူများ ကိုသာ မြင်ရသည်။

“ထူးဆန်းလိုက်တာ” အနီရောင်ဆံပင်နှင့်လူက မျက်မှောင်ကုတ်မိလိုက်၏။ လူသားမျိုးနွယ်နှင့် ကျောက်ရုပ်ထု မျိုးနွယ်ကလန်အကြား အချိန်အတော်ကြာ ချမှတ်ခဲ့သည့် စည်းမျဉ်းစည်းကမ်းများကြောင့် လူသားများသည် ကျောက်ရုပ်ထုမျိုးနွယ် ကလန်တည်ရှိရာနေရာသို့ လွယ်လွယ်ကူကူ ဝင်ရောက်ခွင့် မရှိကြချေ။ အဘယ်ကြောင့် ယခု များပြားလှသည့် ကျင့်ကြံသူများ ရှိနေရသနည်း။

ကျွင်းချောင်ရှောင်းသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းကို ရှင်းလင်းခဲ့သည်သာမက အဓိက မျိုးနွယ်စု အသီးသီးကိုလည်း ရှင်းလင်းခဲ့လေသည်လား။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းလုံးကိုပင် ဖျက်ဆီးရဲ သည်ဆိုမှတော့ ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့် ရင်ဆိုင်တွေ့သည်ဆိုပါက ကျိန်းသေပေါက် သက်ညှာမှုကို ပေးမည့်သူမျိုး မဟုတ်ချေ။ ထို့အပြင် ရော့လီကလည်း စိတ်တိုတတ်သည့်လူတစ်ယောက်ဖြစ်သည်။ သူမသည် ကျိန်းသေပေါက် လက်လျော့ပေးမည့်သူ မဟုတ်ချေ။

ဖြစ်နိုင်သည်မှာ.....။

တွေးကြည့်ပြီးသည့်နောက် အနီရောင်ဆံပင်နှင့်လူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒနှင့် ဒေါသတရားများ ဖြစ်ပေါ်လာခဲ့၏။ ပြီးနောက် သူ၏သား၊ သူ၏သားသည် ..... အနီရောင်ဆံပင်နှင့်လူသည် ထပ်မံကာ မတွေးတောရဲချေ။ သူ၏နှလုံးသားထဲတွင် စူးရှသည့် နာကျင်မှုကိုသာ ရရှိခဲ့၏။

“စိတ်ကို အေးအေးထား”

ရော့လီနှင့် သူနှင့်သားသည် ကျိန်းသေပေါက် အသက်ရှင်သန်ရမည်။ သူအတွေးလွန် နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ အနီရောင်ဆံပင်နှင့်လူသည် သူ၏ စိတ်အခြေအနေကို ပြန်လည်ထိန်းချုပ်ပြီး သည့်နောက် ကျွန်းငယ်လေးတစ်ခုပေါ်သို့ ဆင်းသက်လိုက်၏။ ဤနေရာတွင် အနားယူလျက်ရှိနေသော သိုင်းကျင့်ကြံသူများကို သွားရောက်ကာ မေးမြန်းလိုက်သည်။

“ရောင်းရင်း... ကျုပ်မှတ်သားထားတာမှန်မယ်ဆိုရင် ဒီနေရာက ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရှိတဲ့ နေရာ မဟုတ်လား”

“အမှန်ပါပဲ” ထိုလူက ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင် ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ မဝင်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်း မရှိတော့ဘူးလား” အနီရောင်ဆံပင် နှင့်လူ မေးမြန်းလိုက်သည်။

“အတိတ်တုန်းက အဲစည်းမျဉ်းရှိခဲ့တယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ကျွင်း ရောက်လာပြီးတဲ့နောက်မှာ အဲစည်းမျဉ်း မရှိတော့ဘူး”

ဆိုလိုသည်မှာ စည်းမျဉ်းဟောင်းကြီးသည် လုံးဝမရှိတော့ဘူးဟု ဆိုလိုခြင်းပင်။

ကျောက်ရုပ်ထုမျိုးနွယ်ကလန် မရှိတော့ကြောင်း သိရှိပြီးသည့်နောက် အနီရောင်ဆံပင်နှင့်လူ သည် စိတ်လက်ပူပန်သွားမိ၏။

ဝှစ် ဝှစ် ....။

အနီရောင်ဆံပင်နှင့်လူ၏ ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုခြင်းဆန္ဒများ ပေါ်ပေါက်လာ၏။ တလက်လက် တောက်ပလျက်ရှိသည့် မီးညွန့်မီးလျှံများသည် ၎င်း၏ခန္ဓာကိုယ်တွင် စုဝေးလာ၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် သိုင်းကျင့်ကြံသူများသည် အံ့အားသင့်မိသွားသည်။ ထိတ်လန့်စိုးရွံ့စွာဖြင့် အနောက်သို့ ဆုတ်ခွာလိုက်မိကြသည်။

“ငါ့ကိုပြော”

အနီရောင်ဆံပင်နှင့်လူသည် ရုတ်တရက် လက်ကိုမြှောက်လိုက်၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် လူ၏လည်ပင်းကို လှမ်းဆွဲပြီး သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်နှင့် မေးမြန်းလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက ကျောက်ရုပ်ထုမျိုးနွယ် ကလန်ကို ဖျက်ဆီးခဲ့တာလား”

သူသည် အစစ်အမှန် ဒေါသထွက်လျက်ရှိသည်။ သူသည်သာ ဒဏ်ရာများနှင့် အားအင်အဆင့် နည်းပါးနေသည်သာ မဟုတ်ပါက အထက်နယ်မြေကြီးတစ်ခုလုံးသည် လက်ရှိအချိန်၌ မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲ သွားမှာ သေချာသည်။

“မဟုတ်၊ မဟုတ် မဟုတ်”

အသက်ရှူကြပ်လျက်ရှိနေသည့် သိုင်းကျင့်ကြံသူသည် ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ “ကျောက်ရုပ်ထုမျိုးနွယ်ကလန်က ဖျက်ဆီးမခံရပါဘူး”

အနီရောင်ဆံပင်နှင့်လူသည် အံ့အားသင့်သွားသည်။ သတ်ဖြတ်လိုခြင်းဆန္ဒများကို ပြန်လည်ထိန်းချုပ်ကာဖြင့် ပြောလိုက်၏။ “ဖျက်ဆီးမခံရဘူးဆိုတော့ ဘာလို့ ဒီလေဝဲကြီး မရှိရတာလဲ”

“ဘာလို့လဲဆိုတော့ ကျောက်ရုပ်ထုမျိုးနွယ်ကလန်က ဂိုဏ်းချုပ်ကျွင်းနဲ့အတူ အထက်နယ်မြေကနေ ထွက်ခွာ သွားလို့” ထိုသိုင်းကျင့်ကြံသူသည် နာကျင်နေသည့်အမူအရာဖြင့် ပြောလိုက်သည်။

“ဟိုကောင်နဲ့အတူ ထွက်သွားတာ ဟုတ်လား။ ဒါဆိုလို့ရှိရင် မျိုးနွယ်စုတစ်ခုလုံးက ကျေးကျွန်အဖြစ် ဖြစ်သွား တာလား။ ငါ့ကိုပြောစမ်း”

အနီရောင်ဆံပင်နှင့်လူသည် အားအင် အဆင့်များ ပိုမိုကာ တိုးတက်လာ၏။ သူသည် အေးစက်စက် ပြောလိုက်၏။ “ကျောက်ရုပ်ထုမျိုးနွယ်ကလန် ခေါင်းဆောင်က အသက်ရှင်လျက် ရှိနေသေးလား”

“ရှိတာပေါ့။ ဂိုဏ်းချုပ်ကျွင်း အသက်ရှင်နေတယ်လေ”

“ငါပြောတာ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ ခေါင်းဆောင်၊ ကျွင်းချောင်ရှောင်း မဟုတ်ဘူး”

“ကျွင်းချောင်ရှောင်းက ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ ခေါင်းဆောင်ပဲလေ”

“………..”

အနီရောင်ဆံပင်နှင့်လူ၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပိုမိုကာ တင်းကျပ်လာခဲ့၏။ တစ်ဖက်လူသည် ကျောက်ရုပ်ထုမျိုးနွယ်၏ ကလန်ခေါင်းဆောင်နေရာကိုပင် အလွယ်တကူနှင့် ရယူနိုင်စွမ်း ရှိနေ၏။ ရော့လီသည် ဆိုးရွားသည့် အခြေအနေကို ကြုံတွေ့နေရသည်ဟု ဆိုလိုခြင်းပင်။

အား အား

အနီရောင်ဆံပင်နှင့်လူသည် ဦးခေါင်းကို မော့ကာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ကျွင်းချောင်ရှောင်း.. ငါမင်းကို အစိတ်စိတ် ပိုင်းပစ်မယ်”

နေအုံး။ သူ၏သားကော အသက်ရှင်နေသေးသည် လား။ သေဆုံးသွားလေသည်လား။ သူသည် ထိုသိုင်းကျင့်ကြံသူကို အသာဆွဲယူကာဖြင့် မျက်လုံး အပြူးသားဖြင့် မေးမြန်းလိုက်၏ “ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သခင်လေး အသက်ရှင်နေ သေးလား”

အရိုးသားဆုံး ပြောရမည်ဆိုလျှင် လည်ပင်းအစ်လျက်ရှိနေသည့် သိုင်းကျင့်ကြံသူသည် သေးများထွက်သည် အထိ ကြောက်လန့်လျက်ရှိသည်။ သူသည် ဝမ်းနည်းနေသည့် လေသံဖြင့် ပြောလိုက်သည်။ “အစ်ကို.. အစ်ကိုကြီး ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သခင်လေးက ကျွင်းချောင်ရှောင်း မဟုတ်ဘူးလား။ သူက အစောကြီးကတည်းက ခေါင်းဆောင်လေ။ သူက အသက်ရှင်နေသေးတယ်လေ။ ဘာတွေ ပြောနေတာလဲ”

သူ၏ သားသည် အသက်ရှင်နေသေး၏။

“ကောင်းပြီ၊ ကောင်းပြီ”

အနီရောင်ဆံပင်နှင့်လူ၏ နှလုံးသားသည် ပြန်လည်ကာ အေးချမ်းသွားခဲ့သည်။ “အမ်” သို့ပေမဲ့ သူ၏ အမူအရာသည် ချက်ချင်းပဲ အေးခဲသွားသည်။ သူသည် တဆတ်ဆတ် တုန်ယင်နေသည့် နှုတ်ခမ်းများဖြင့် ပြောလိုက်၏။ “မင်းပြောတာ ကျွင်းချောင်ရှောင်း က ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သခင်လေး ဟုတ်လား”

“ဟုတ်တယ်လေ” သိုင်းကျင့်ကြံသူသည် အော်ဟစ်ငိုယိုလုမတတ်ပင် ဖြစ်နေသည်။

ရွှီး

အနီရောင်ဆံပင်နှင့်လူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “လူသားတစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ သခင်လေးဖြစ်ရမှာလဲ”

ဤမေးခွန်းသည် သိုင်းကျင့်ကြံသူကို ပြိုလဲသွားစေ၏။ သို့ပေမဲ့ အသက်ရှင်ရန် အလို့ငှာ သူ့အနေနှင့် ဖြေဆိုရန်သာ တတ်နိုင်၏။ “ကျောက်ရုပ်ထုမျိုးနွယ်ကလန် ခေါင်းဆောင်ရဲ့သားက ကျောက်ရုပ်ထု မျိုးနွယ်ကလန်ရဲ့ သခင်လေး မဟုတ်ဘူးလား”

ဘုန်း

အနီရောင်ဆံပင်နှင့်လူသည် မိုးကြိုးပစ်ခံလိုက်ရသလိုပင် တည်နေရာမှာတင် တွေတွေကြီး ရပ်တန့်နေ၏။ သူသည် အလုံးစုံ ဆွံ့အလို့နေသည်။ ပြောရမည်ဆိုလျှင် သူ၏နားထဲတွင် ထိုအသံသည် ပဲ့တင်ထပ်လျက်ရှိသည်။

“ခေါင်းဆောင်ရဲ့ သား၊ ခေါင်းဆောင်ရဲ့ သား”

ခဏလောက်ကြာပြီးသည့်နောက် သူသည် အသိစိတ်ဝင်လာခဲ့၏။ သူသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို ဆုပ်ကိုင်ကာ ပြောလိုက်၏။ “ကျွင်းချောင်ရှောင်းက ငါ့ရဲ့သားလား”

All Chapters