← Chapters

အခန်း ၁၉၉၁

Vol. 134 Ch. 1991

အခန်း ၁၉၉၁

Vol. 134 Ch. 1991

အပိုင်း (၁၉၉၁)

ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်၏ သားတစ်ယောက် ဖြစ်နေလေသည် လား။ ထိုသို့ဆိုလျှင် သူ၏သား ဖြစ်နေသည်ဟု ဆိုလိုသည်လား။ အနီရောင်ဆံပင်နှင့်လူသည် မိုးကြိုးပစ်ခံ လိုက်ရသလိုပင် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ ရိုက်နှက်ချင်စရာ ကောင်းလွန်းလှသည့် ဆောင့်ကြွားကြွား မျက်နှာသွင်ပြင်နှင့် သူသည် သူ၏ သားဖြစ်နေလိမ့်မည်ဟု တစ်ခါကလေးကမှ မတွေးခဲ့ချေ။

“မဟုတ်သေးဘူး။ ဒါဆိုရင် ဘာလို့ သွေးမျိုးဆက်ချင်း ချိတ်ဆက်မှုကို မခံစားရတာလဲ”

အနီရောင်ဆံပင်နှင့် လူ၏အဆင့်ကဲ့သို့သော သိုင်းကျင့်ကြံသူတစ်ယောက်အနေနှင့် သွေးသည် ရေထက်ပျစ်သည်ဆိုသော ခံစားချက်မျိုးကို ခံစားနိုင်စွမ်း ရှိ၏။ သူသည် သူ၏သားကို မပြောနှင့် မျိုးဆက်အသီးသီ းဆီမှ မျိုးဆက်သစ်များအားလုံး၏ သွေးမျိုးဆက်ကိုပင် အာရုံခံနိုင်စွမ်းရှိသည်။

ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်သည့်နေရာတွင် မည်သည့်တုံ့ပြန်မှုမှ မရခဲ့ချေ။ ဖြစ်နိုင်သည်မှာ တစ်ခုတည်း သာလျှင်ရှိသည်။ တစ်ဖက်လူသည် သူ၏သား မဟုတ်ခြင်းပင်။ သို့မဟုတ်‌ ရော်လီ သည် တခြားတစ်ယောက်တယောက်နှင့် ….. ဤအတွေးသည် အနည်းငယ်တော့ ကြောင်တောင်တောင်နိုင်လွန်း လှ၏။

အနီရောင်ဆံပင်နှင့်လူသည် တွေးတောလိုက်၏။ သူတွေးလေ ပိုမိုကာ ဇဝေဇဝါ ဖြစ်မိလေဖြစ်သည်။ သူသည် သိုင်းကျင့်ကြံသူကို အဝေးဆီသို့ ပစ်လွှတ်လိုက်ပြီးသည့်နောက် ဦးခေါင်းကို ဆုပ်ကိုင်ကာ အော်ဟစ်လျက်ရှိသည်။ “မဟုတ်သေးဘူး။ ငါ ဒီကိစ္စကို သေသေချာချာ စုံစမ်းမှဖြစ်မယ်”

အနီရောင်ဆံပင်နှင့်လူသည် ထာဝရလောကကြီးဆီသို့ သွားရောက်၍ ကျွင်းချောင်ရှောင်းအား ရှာဖွေ၍ မေးမြန်းရန် စီစဉ်လိုက်သည်။ သူ၏သားဖြစ်နေသောကြောင့် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ သူ့အား ခိုင်းစေထားသည်ကို မေ့လျော့သွားခဲ့၏။ သူ့အနေနှင့် တခြားသော တည်နေရာများဆီသို့ ဆွဲဆောင်ခေါ်ယူရန်ပင် မစဉ်းစားတော့ချေ။ ထာဝရလောကကြီးဆီသို့ သွားရောက် စုံစမ်းရန်ပင် ပြင်ဆင်လျက် ရှိနေ၏။

ဝှစ်

အနီရောင်အလင်းတန်းတစ်ခုသည် တည်နေရာထဲမှ ထိုးထွက်သွားခဲ့သည်။

“………”

အနီရောင်ဆံပင်နှင့်လူသည် အထက်နယ်မြေမှ ပျံသန်းလာပြီးသည့်နောက် စွမ်းအင်လှိုင်းတစ်ခု၏ လှုပ်ခါမှုကို သတိပြုမိလိုက်တော့၏။ ခဏလောက်ကြာပြီးသည့်နောက် ထာဝရရွက်သင်္ဘောကြီးသည် တည်နေရာကို ဖြတ်သန်းကာ ရောက်ရှိလာတော့သည်။ နှစ်ဖက်သားသည် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့လေ၏။

ကံတရား - စကားလုံးနှင့် ဖော်ညွှန်း၍ မရနိုင်လောက်အောင်ပင် အံ့အားသင့်စရာကောင်းလှသည့် ကံကြမ္မာ ရေစက်ပင် ဖြစ်လေသည်။

ဒွီ ဒွီ

ထာဝရရွက်သင်္ဘောကြီး၏ ကြယ်တာရာမြေပုံပေါ်တွင်တော့ အနီးနားတွင် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက် ရှိနေကြောင်း သတိပေးသံက ထွက်ပေါ်လာခဲ့၏။

“အမ်”

ကျွင်းချောင်ရှောင်းသည် အမှတ်မထင်ဖြင့် သူ၏သိစိတ်ကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန် မှာတော့ အနီရောင်ဆံပင်နှင့်လူကို မြင်လိုက်ရသည်။ ထိုလူ၏ ပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ သူသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်မိသည်။ “ဒီလူ မသေသေးဘူးလား”

မဟုတ်သေးပေ။ သူရဲကောင်းဝိညာဉ်နီကျား၏ လှံနှင့်ထိုးသွင်းခြင်းကို ခံခဲ့ရပြီးပြီ မဟုတ်လား။ အဘယ်ကြောင့် အသက်ရှင်နေရသနည်း။

“ဒါ ပုံမှန်ပဲလေ”

စနစ်က ပြောလိုက်၏။ “ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတွေအနေနဲ့ အသက်ကယ်တဲ့ နည်းစနစ်ဆိုတာ ရှိတယ်လေ။ လက်ခံသူရဲ့တပည့်တောင်မှ လင်းယွမ်ခန်းမဆောင်ရဲ့ အကျိုးကျေးဇူးကြောင့် အသက်ပြန်ရှင်လာသေးတယ် မဟုတ်လား”

ပဲ့ခန်းထဲသို့ လျှောက်ဝင်လာခဲ့သည့် ကုန်းစွန်းရော့လီသည် အနီရောင်ဆံပင်နှင့်လူကို မြင်ရသည့်အချိန်မှတော့ သွင်ပြင်အမူအရာတစ်ခုလုံး အေးခဲသွား၏။ “သူ သူတကယ်ပဲ အသက်ရှင်နေသေးတယ်”

“ဟမ့်”

ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ထုတ်ယူကာ အေးစက်စက် ပြောလိုက်သည်။ “ဒါဆိုရင်လည်း ထပ်ပြီးတော့ သတ်ကြတာပေါ့”

အနီရောင်ဆံပင်နှင့်လူသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ နောက်လိုက် အခိုင်းအစေ တစ်ယောက်ဖြစ်၏။ ထို့အပြင် ရှောင်ကျီကို သတ်ဖြတ်ခဲ့သူလည်း ဖြစ်၏။ ယခု ပြန်လည်ကာ ရှင်သန်လာခဲ့ပြီ ဖြစ်သောကြောင့် ကျိန်းသေပေါက် ဖြေရှင်း၍မရနိုင်သည့် ရန်ငြှိုး များကို တစ်ခါတည်း အဆုံးသတ်ရပေမည်။

ဖြောက် ဖြောက် ဖြောက်

ပဲ့ခန်းတံခါးက ပွင့်သွားခဲ့၏။ ယခင်တုန်းကသာဆိုလျှင် ကျွင်းချောင်ရှောင်းသည် အနီရောင်ဆံပင်နှင့်လူကို တစ်ခါတည်း တိုက်ခိုက်ရန် ယုံကြည်ချက် ရှိလိမ့်မည် မဟုတ်ချေ။ ယခု နတ်ဘုရားလျှို့ဝှက်အဆင့်၏ ထိပ်ဆုံး အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့် သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ရင်ဆိုင် နိုင်စွမ်း မရှိသည်ဆိုလျှင်တောင်မှ တစ်ဖက်လူကိုတော့ ကောင်းကောင်းရင်ဆိုင်နိုင်စွမ်းရှိနေ၏။

“သား” ကုန်းစွန့်ရော့လီက အသိဝင်သွား၏။ သူမ တားဆီးရန်ပြင်လိုက်သည့်အချိန်မှာပဲ ကုန်းရှန့်သည် သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်နှင့် ပျံသန်းထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ရွက်သင်္ဘောထဲမှ ပျံသန်းထွက်ခွာလာခဲ့သည့်လူသည် သူရှာဖွေချင်သည့်လူဖြစ်ကြောင်း သိရှိသည့်အချိန် မှာတော့ အနီရောင်ဆံပင်နှင့်လူက ပျော်ရွှင်သွားမိ၏။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူသည် ချက်ချင်း နောက်သို့ဆုတ်ခွာလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ရွှမ်ယွမ်နတ်ဘုရားဓားမှပေါ်လာသော ဓားဆန္ဒများသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းနေသောကြောင့်ပင်။

ကျွင်းချောင်ရှောင်း အနေနှင့် ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းများကိုပင် ဂရုမစိုက်တော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ သတ်ဖြတ်ရန် ကြိုးစား ခဲ့လေ၏။

ဝှစ် ဝှစ် ဝှစ်

ရွှမ်ယွမ်နတ်ဘုရားဓားဆန္ဒများသည် ချက်ချင်းပဲ တည်နေရာတစ်ခုလုံးကို ပိုင်းဖြတ်၏။ ကျွင်းချောင်ရှောင်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်သည့်နေရာတွင် အောက်စည်းကို ရောက်ရှိ၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် သူ၏ အစစ်အမှန်အားအင်ကို ထုတ်ဖော်ကာဖြင့် တစ်ဖက်လူကို စိတ်လိုလက်ရ တိုက်ခိုက်ရန် စီစဉ်ထားသည်။

အနီရောင်ဆံပင်နှင့်လူသည် ဒဏ်ရာများမှ ပြန်လည် မကောင်းမွန်သေးချေ။ ပြင်းပြင်းထန်ထန် အားအင် တိုးတက်သွားခဲ့ပြီဖြစ်သော ကျွင်းချောင်ရှောင်းနှင့် ရင်ဆိုင်နေသည့်အချိန်မှာတော့ သူသည် ခုခံရသည့် အခြေအနေမျိုးသို့ ရောက်ရှိနေခဲ့တော့၏။ သူသည် ရှောင်ရှားနိုင်သည်ဆိုသော်လည်း ထက်ရှလွန်းလှသော ဓားချီများသည် သူ့အား ကြောက်မက်ဖွယ်ရာ ခံစားချက်မျိုး ပေးစွမ်းနေ၏။

“ဒီကောင်လေးက ထပ်ပြီးတော့ အားကောင်းလာခဲ့တာပဲ။ ငါ့သားသာဆိုရင် ငါတကယ်ကို ဂုဏ်ယူရနေပြီ”

“ကျွင်း”

အနီရောင်ဆံပင်နှင့်လူသည် ပါးစပ်ကိုဟကာ ပြောပြရန် ပြင်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ့အား အခွင့်အရေး မပေးချေ။ ရွှမ်ယွမ်နတ်ဘုရားဓားကို ကိုင်ကာ ရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။ ဓားချီများသည် လေဟာနယ်တစ်ခုလုံးကို ပိုင်းဖြတ်နေပြီး တလက်လက် လင်းလက် လျက်ရှိနေသည်။

ဘုန်း ဘုန်း

ဓားချီများသည် ပေါက်ကွဲထွက်သွားလေ၏။ အမြန်နှုန်းသည် အလွန်မြန်ဆန်ပြီး အလှည့်အပြောင်း များလွန်းလှ၏။ အဆုံးသတ်မှာတော့ အနီရောင်ဆံပင်နှင့်လူသည် မရှောင်ရှားနိုင်တော့ချေ။ ညာဘက်ပခုံးတွင် ကြီးမားလှသည့် ဒဏ်ရာကြီးတစ်ခုအဖြစ် ခုတ်ပိုင်းခြင်းကို ခံလိုက်ရ၏။

ဇွိ ဇွိ

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အခွင့်အရေးကို ရယူလိုက်၏။ ရွှမ်ယွမ်နတ်ဘုရားဓားကို အသုံးပြုပြီးသည့် နောက် လေဟာနယ်ထဲသို့ ပိုင်းဖြတ်လိုက်တော့သည်။ ထက်ရှလွန်းသောဓားချီများသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ကျဆင်းပြီးနောက် အက်ကွဲကြောင်းကြီးများ ဖြစ်တည်လာခဲ့သည်။

………

အနီရောင်ဆံပင်နှင့်လူသည် သွေးများတစက်စက်ကျရင်း နောက်သို့ ဆုတ်လိုက်၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ဖြူလျော်နေခဲ့၏။ သူသည် အစောကြီးကတည်းက ဒဏ်ရာရရှိခဲ့ပြီးသားဖြစ်၏။ ယခု ထပ်မံကာ တိုက်ခိုက်ခံခဲ့ရသည်ဖြစ်သောကြောင့်‌ ပိုမိုကာ အခြေအနေဆိုးသွား၏။

“သေစမ်း”

ကျွင်းချောင်ရှောင်းသည် ဓားကြီးကို မြှောက်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ရွှမ်ယွမ် နတ်ဘုရားဓားသည် ခုနှစ်စင်ကြယ် ဓားဆန္ဒများနှင့် ပေါင်းစပ်ထားသည်သာမက အင်မော်တယ်တေးသံ၏ စွမ်းအင်များလည်း ပါဝင်လျက်ရှိသည်။ ထို့ကြောင့် ကျိန်းသေပေါက် တစ်ဖက်လူကို သတ်ဖြတ်ပစ်ရန် ရည်ရွယ်ကြောင်း သိသာထင်ရှားလှသည်။

အားကောင်းလှသည့် သေဆုံးခြင်းတရားများသည် သူ၏နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် အနီရောင်ဆံပင်နှင့်လူသည် အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း သိရှိလိုက်၏။ ထို့ကြောင့် နာနာကျင်ကျင်ဖြင့် တွေးလိုက်မိ၏။ တကယ်လို့ ငါ့သားသာဆိုရင် သူ့လက်ထဲမှာ ငါသေသွားတော့ကော ဘာဖြစ်လဲ။

တွေးကြည့်ပြီးသည့်နောက် သူသည် ခုခံမှုကို မပြုလုပ်တော့ချေ။ သေခြင်းတရားကို ရင်ဆိုင်ရန်သာ ဆုံးဖြတ် လိုက်တော့သည်။

ဒီအချိန်မှာတော့ ကုန်းစွန်းရော့လီသည် အရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး အနီရောင်ဆံပင်နှင့်လူ၏ရှေ့တွင် တားဆီးလိုက်မည်ဆိုပါက တကယ့်ကို ကောင်းမွန်လွန်းလှသည့် ဒရမ်မာဇာတ်လမ်းအဖြစ်သို့ ပြောင်းလဲသွား ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် တကယ့်ကို သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်နှင့် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ “ခင်ဗျား ကျုပ်တပည့်ကို သတ်ခဲ့တယ်။ ခင်ဗျား သေရမယ်”

“သား”

ထိုကဲ့သို့သော အခြေအနေမျိုးမှာတော့ ကုန်းစွန်းရော့လီ၏ အော်သံသည် နောက်ဘက်မှ ထွက်ပေါ် လာ၏။ “သူက မင်းအဖေပဲ”

ဇွိ

ရွှမ်ယွမ်နတ်ဘုရားဓား၏ ဓားဦးသည် အနီရောင်ဆံပင်နှင့်လူ၏ ရင်ဘတ်ထဲသို့ တိုးဝင်သွား၏။ ပထမ အကြိမ်တုန်းက ဦးခေါင်းကို ထွင်းဖောက်ခံခဲ့ရ၏။ မသေခဲ့ချေ။ လက်ရှိအချိန်မှာတော့ နှလုံးကို ထွင်းဖောက် ခံလိုက်ရ၏။ ကယ်တင်၍ မရနိုင်တော့ချေ။ အချက်အလက်အားဖြင့် မည်သည့်နေရာကို ဓားနှင့် ထိုးခံရသည် ဖြစ်ပါစေ အနီရောင်ဆံပင်နှင့်လူက ကျိန်းသေပေါက် သေဆုံးရမည်ဖြစ်သည်။ ပထမအားဖြင့် အသက် ကယ်ခြင်း နည်းစနစ်ဆိုသည်မှာ ထပ်ခါတလဲလဲ အသုံးပြု၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ ဒုတိယအားဖြင့် ် ခုခံခြင်းကို လုံးဝမပြုလုပ်ခဲ့သောကြောင့်ပင်။

ရင်ဘတ်ကို ဓားနှင့်ထိုးသွင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်မှုကို မခံစားရချေ။ သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ အဘယ်ကြောင့်ဆိုသော် ကုန်းစွန်း ရော့လီ၏ အော်သံကို ကြားခဲ့ရသောကြောင့်ပင်။ သို့ပေမဲ့ အနည်းငယ် နောက်ကျသွားခဲ့၏။

ဝေါ့

အနီရောင်ဆံပင်နှင့်လူသည် သွေးများအန်ထွက်လာခဲ့၏။ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ပေါက် လာခဲ့သည်။ ကုန်းစွန်းရော့လီ၏ အော်သံကို ကြားခဲ့ပြီးပြီဖြစ်သည်။ သူ၏ရှေ့တွင် ရှိနေသည့်လူငယ်လေးသည် ကျိန်းသေပေါက် သူ၏သားပင် ဖြစ်လို့နေခဲ့သည်။ ထိုအရာကို ရော့လီက အတည်ပြုပြီးပြီ ဖြစ်သည်။

ချီးတဲ့မှ… ဒါက အလှည့်အပြောင်း များလိုက်တာ။

“အမေ”

ကျွင်းချောင်ရှောင်းသည် တုန်ယင်စွာဖြင့် ဦးခေါင်းကို လှည့်ကာ မေးမြန်းလိုက်၏။ “ဘာ…ဘာပြော လိုက်တာလဲ”

အဝေးတစ်နေရာတွင် ရပ်လျက်ရှိနေသည့် ကုန်းစွန်းရော့လီသည် သွေးများ ပြည့်နှက်လျက်ရှိနေသည့် အနီရောင်ဆံပင်နှင့်လူကို လှမ်းကာကြည့်ရှုလိုက်၏။ သူမ၏ မျက်နှာပေါ်သို့ မျက်ရည်များသည် အဆက်မပြတ် ကျဆင်းနေသည်။ “သူက မင်းရဲ့ အဖေပဲ”

“ဒါဆိုရင် ကျန်းစန်းကကော”

“ဂိုဏ်းချုပ်ကျွင်း”

ကျန်းစန်းသည် ထာဝရရွက်သင်္ဘောထဲမှ ပျံသန်းထွက်ခွာလာခဲ့၏။ သူက ကြောင်တောင်တောင်နှင့် ပြောလိုက်၏။ “မင်း ကိုယ့်အဖေကိုယ် သတ်မိတယ်ဆိုပြီးတော့ စိတ်ဒုက္ခခံစားနေရမဆိုးလို့ ကုန်းစွန်းအမျိုးသမီးက ငါ့ကို ပူးပေါင်းဆောင်ရွက်ပေးဖို့ အကူအညီတောင်းခဲ့တာ”

“………”

ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ်ပင် ဖြစ်နေ၏။ လက်ရှိအချိန်မှာတော့ ဤလူသည် သူ၏အဖေ ဖြစ်နေ၏။ ဆိုလိုသည်မှာ သူသည် သူ၏အဖေကို ထပ်မံကာ သတ်ဖြတ်ခဲ့သည့် အဓိပ္ပာယ်ပင် မဟုတ်ပါလား။ ကံကောင်းစွာဖြင့် သူ၏တုန့်ပြန်မှုသည် အနည်းငယ်တော့ မြန်သေး၏။ ဘေးတစ်ဖက်ဆီသို့ အနည်းငယ် ရွေ့လျားခဲ့သည်ဖြစ်သောကြောင့် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်အရ မသေဆုံးနိုင်ချေ။ သူတွေးနေတုန်း မှာပဲ အနီရောင်ဆံပင်နှင့်လူသည် ချက်ချင်း ဦးခေါင်းငိုက်စိုက်ကျသွားလေတော့သည်။

“ဟေး.. ဟေး”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ ပခုံးကို ခါယမ်းကာဖြင့်‌ အော်ဟစ်နေမိ၏ “မသေနဲ့အုံး၊ မသေနဲ့အုံး”

All Chapters