← Chapters

အခန်း ၁၉၉၂

Vol. 134 Ch. 1992

အခန်း ၁၉၉၂

Vol. 134 Ch. 1992

အပိုင်း (၁၉၉၂)

အနီရောင်ဆံပင်နှင့်လူသည် အစောကြီးကတည်းက ဒဏ်ရာ ရရှိခဲ့ပြီးသားဖြစ်၏။ သူသည် ဆက်တိုက် ဆိုသလို ခုတ်ပိုင်းချက်ကို ခံခဲ့ရ၏။ အဆုံးသတ်မှာတော့ ရင်ဘတ်ကို ဓားနှင့် ထိုးသွင်းခြင်းကို ခံခဲ့ရ၏။ နှလုံးသားနှင့် အနည်းငယ် ကွာဝေးသည့်နေရာတွင် ရှိသည်ဆိုသော်လည်း သူမခံနိုင်ချေ။ ထို့ကြောင့် သတိလစ် မေ့မျောသွားခဲ့ခြင်းသာလျှင်။

ဟုတ်ပေသည်။ သူ အသက်ရှင်သန်ခဲ့သေး၏။ အဓိက အကြောင်းအရာအားဖြင့် သူသည် အလုံးစုံ ကောင်းမွန်လှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သောကြောင့်ပင်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ ပြိုလဲလုမတတ် ဖြစ်နေ၏။ ကျန်းစန်းအား သူ၏အဖေဟု အစဉ်အမြဲတွေးတောခဲ့၏။ အဆုံးသတ်မှာတော့ ပြောင်းပြန်ဖြစ်လို့နေသည်။

သေသေချာချာ တွက်ချက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ အပြစ်တင်လျက်တော့ ရှိနေမိ၏။ သူသည် ဆေးဟောခန်းမဆောင်၏ အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်ပြီး ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်မိ၏။ သူ၏မျက်နှာပေါ်တွင် နာကျင်နေသည့်အမူအရာများ တည်ရှိလို့ နေ၏။

“ဂိုဏ်းချုပ်”

ကျန်းစန်းသည် အပြင်ဘက်သို့ လျှောက်ထွက်လာကာဖြင့် နှစ်သိမ့်လိုက်သည်။ “မသိတဲ့လူက အပြစ်ကင်းစင်တယ်လေ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့”

ရွှီး

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် ကျန်းစန်း၏ မျက်နှာကို ဖြစ်ညှစ်ကာ အော်ဟစ်လိုက်၏။ “အစစ်အမှန်ကို သိပြီဆိုရင် ဘာလို့ ကျုပ်ကို မပြောရတာလဲ”

ဝူး ဝူး

ကျန်းစန်း၏ မျက်နှာတစ်ခုလုံးသည် ဖျစ်ညှစ်ခြင်းကို ခံရလုမတတ်ပင်။ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ကိုယ့်အဖေကိုယ် သတ်မိတဲ့လူတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းပြီး လောကကြီးမှာ မဖွယ်မရာ ကိစ္စရပ်တွေ ပြုလုပ်တတ်တယ်လို့ ကြားဖူးလို့”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အနီရောင်ဆံပင်နှင့်လူသည် သူ၏အဖေမှန်း သိရှိပြီး သည့်နောက် သူ၏နှလုံးသားတစ်ခုလုံးသည် နာကျင်လျက် ရှိနေ၏။ ကုန်းရှန့်၏ နာကျင်မှုဆိုသည်မှာ အနီရောင်ဆံပင်နှင့်လူကြောင့် မဟုတ်ချေ။ ကုန်းစွန်းရော့လီကြောင့်သာလျှင်ဖြစ်၏။

သူမကို အစစ်အမှန် မိခင်တစ်ယောက်ကဲ့သို့ သူသည် သတ်မှတ်သဘောထားခဲ့ပြီးသားဖြစ်၏။ သား တစ်ယောက်အနေဖြင့် သူမ၏အရှေ့တွင် သူမ၏ ယောက်ျားကို သတ်ဖြတ်ခဲ့မိသည်။ သူ၏ အမေသည် မည်မျှနာကျင်သည့် ခံစားမှုများကို ဖုံးကွယ်ပြီး နေထိုင်ခဲ့ရသနည်း။ အထူးသဖြင့် ဤရက်ပိုင်းအတွင်းတွင် သူ၏ အမေသည် မည်ကဲ့သို့ နေထိုင်ခဲ့ရသနည်း။

ကျွင်းချောင်ရှောင်း အနေဖြင့် ကုန်းစွန်းရော့လီသည် သူ့အား အစောကြီးကတည်းက တမင်တကာ ရှောင်ရှား ခဲ့ခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိနားလည်ခဲ့၏။ ပထမတုန်းက သူသည် သေသေချာချာ မတွေးတော ခဲ့ချေ။ သူ၏အဖေနှင့် ပြန်လည်တွေ့ဆုံခဲ့ပြီးနောက် တသီးတသန့် နှစ်ယောက်တည်း နေထိုင်ချင်သောကြောင့် ဖြစ်မည်ဟု သူကတွေးထင်ခဲ့၏။

ယခု အကြောင်းအရာများအားလုံးကို သိရှိသွားခဲ့ပြီးသည့်နောက် သူ၏အမေသည် လျှို့ဝှက်ချက်များကို ပေါက်ကြားသွားမည်စိုးသောကြောင့် သူနှင့်အဝေးဆုံးတွင်‌ နေထိုင်လိုခြင်းဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။

ကျွင်းချောင်ရှောင်း၏ ခန့်မှန်းမှုများသည် အမှန်ပင်ဖြစ်လေသည်။ ကုန်းစွန်းရော့လီသည် ဤကဲ့သို့သော ခံစားချက်များကို အမှန်ပင် ရရှိခဲ့ပြီး ဤကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ခြင်းပင် ဖြစ်လေ၏။ သူမသည် အနီရောင်ဆံပင်နှင့်လူ သတ်ဖြတ်ခံလိုက်ရပြီးသည့်နောက် သူမ၏နှလုံးသား များသည် အမှန်ပင် နာကျင်နေမိ၏။ သို့ပေမဲ့ သူမသားအတွက် … သူမသည် ဤကဲ့သို့သော နာကျင်မှု မျိုးကို တောင့်ခံထားရမည်။

ကံကောင်းစွာဖြင့် အနီရောင်ဆံပင်နှင့်လူသည် မသေဆုံးခဲ့ချေ။ ထို့ကြောင့် ကြီးလေးသည့် ပြစ်မှုကြီးကို မပြုလုပ်ခဲ့ဟု ပြောဆိုရပေမည်။ ဆေးဟောခန်းထဲတွင် ထိုင်လျက်ရှိနေသည့် ကုန်းစွန်းရော့လီသည် တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း အသက်ပြန်လည်ရှူလာခဲ့ပြီဖြစ်သော အနီရောင်ဆံပင်နှင့်လူကို စူးစိုက် ကြည့်ရှုနေ၏။

သူမ၏ ပျက်ရွင်းနေသည့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် ကျန်းစန်းကို တစ်ဖက်လူအစား သရုပ်ဆောင်ခိုင်းစဉ်ကတည်းက ပြုံးခဲ့သည်ဆိုသော်လည်း အပြုံးတုအနေနှင့် အားတင်းကာ ပြုံးခဲ့ခြင်းသာလျှင် ဖြစ်သည်။

“အမေ”

ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လာကာဖြင့် ပြောလိုက်၏။ “တောင်းပန်ပါတယ်”

“ငါ့သားက ဘာတစ်ခုမှ မှားတာ မလုပ်ထားဘူး”

ကုန်းစွန်းရော့လီသည် အသာလှည့်ပြီးသည့်နောက် ချစ်မြတ်နိုးလှသည့် မျက်လုံးအစုံဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဒီတော့ တောင်းပန်စရာ မလိုဘူး”

“ကျုပ်”

“သား”

ကုန်းစွန်းရော့လီသည် ဖြတ်ကာပြောလိုက်၏။ “ငါတို့ မိသားစုက နောက်ဆုံးတော့ ပြန်ပြီး ပေါင်းစုံ နိုင်ပြီလေ” ဤအပြုံးသည် နှလုံးသားထဲမှ ထွက်ပေါ်လာသည့် အပြုံးမျိုးပင်ဖြစ်၏။

သူ့အမေ၏ ပြုံးရွှင် နေသည့် အမူအရာကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နှလုံးသားထဲတွင်ဖြစ်ပေါ်နေသည့် ခံစားချက်များသည် အနည်းငယ် ပိုမိုကာ အားကောင်းလာ၏။ သူသည် ပြုံးကာ ပြောလိုက်သည်။ “ဟုတ်တယ်။ မိသားစုတွေပြန်ပြီး ဆုံနိုင်ပြီပဲ”

“ဂုဏ်ပြုပါတယ်” ကျန်းစန်းသည် အထဲသို့ ဝင်ရောက်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။

“ကျုပ်ကို ဒီတလောအတွင်း အသားယူခဲ့တာ များပြီ” ကုန်းရှန့်သည် သတိပြန်ဝင်သွားခဲ့၏။ ဤရက်ပိုင်းအတွင်း သူသည် တစ်ဖက်လူအား အဖေဟု ခေါ်ဆိုခဲ့သည်မှာ အကြိမ်ပေါင်း မနည်းခဲ့ချေ။

“ဂိုဏ်းချုပ်ကျွင်း”

ကျန်းစန်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ကျုပ်လည်း အကူအညီမဲ့သလို ခံစားခဲ့ရတာပဲ”

“ဟမ့်”

ကျွင်းချောင်ရှောင်းသည် မျက်နှာခပ်တည်တည်ဖြင့် ပြောလိုက်သည် “အခု စည်းကမ်း ထိန်းသိမ်းရေးခန်းမဆီ သွားပြီးတော့ အပြစ်ခံယူလိုက်တော့”

“အမ်” ကျန်းစန်းသည် ချက်ချင်း မြေပေါ်သို့ လဲပြိုလုမတတ် ဖြစ်သွား၏။ ဟောခန်းသခင်တစ်ယောက် ဖြစ်လာပြီးသည့်နောက် သူသည် ဂိုဏ်းတစ်ခုလုံးအကြောင်းကို အပြည့်အဝ နားမလည်သေးချေ။ သို့ပေမဲ့ စည်းကမ်းထိန်းသိမ်းရေးဟောခန်းအကြောင်းကိုတော့ ကောင်းကောင်းသိနေ၏။

စိတ်ဝိညာဉ်သားရဲဟောခန်း ဆီမှ ဟောခန်းသခင်သည် အင်္ကျီများ ဖောက်ခွဲပစ်ခြင်းကြောင့် ယွမ်သခင်လေးက ထိုသူ့အား စည်းကမ်းထိန်းသိမ်းရေးဟောခန်းဆောင်ဆီသို့ ပို့ဆောင်ခဲ့ဖူး၏။ ထို့ကြောင့် သူသည် စည်းကမ်း ထိန်းသိမ်းရေး ဟောခန်းဆောင်ကို ကြောက်ရွံ့နေခဲ့သည်။

………..

အနီရောင်ဆံပင်နှင့်လူသည် လဝက်နီးပါးခန့် သတိလစ်မေ့မျောလျက် ရှိနေတော့၏။ ဤအတောအတွင်း ကုန်းစွန်းရော့လီသည် ဘေးတစ်ဖက်တွင် နေထိုင်ရင်း သေသေချာချာ ပြုစုဂရုစိုက်ရသည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူမသည် အလွန်ပျော်ရွှင်နေမိ၏။ သို့ပေမဲ့ ဤမျက်နှာကို နေ့စဉ်နေ့တိုင်း ကြည့်ရှုမိ ချိန်တွင် သူမနှင့် သူမ၏သားကို စွန့်ပစ်ခဲ့သည့် အမုန်းတရားများသည် ပိုမိုကာ တိုးတက်လာခဲ့၏။

“အဟမ်း အဟမ်း”

အနီရောင်ဆံပင်နှင့်လူသည် နောက်ဆုံးမှာတော့ သတိပြန်ဝင်လာခဲ့၏။ မျက်လုံးကို ဖွင့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကုန်းစွန်းရော့လီကို မြင်လိုက်၏။ သူသည် အားနာစွာဖြင့် ပြောလိုက်သည်။ “ကျုပ်… ကျုပ် တောင်းပန်ပါတယ်”

ဆွစ်

ကုန်းစွန်းရော့လီသည် ရုတ်တရက် တစ်ဖက်လူအား ဆွဲထူပြီးသည့်နောက် ပါးစပ်ထဲသို့ ဆေးရည်များကို ထိုးထည့်လိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။ “ပါးစပ်ဟစမ်း”

အာ..

အနီရောင်ဆံပင်နှင့်လူသည် စကားနားထောင်လျက် ရှိနေ၏။ ဆေးသောက်ပြီးသည့်နောက် သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ခါးလွန်းသောကြောင့် ရှုံတွသွား၏။ ကုန်းစွန်းရော့လီသည် တစ်ဖက်လူအား အိပ်ရာပေါ်သို့ ပစ်ချပြီးသည့်နောက် ပြောလိုက်သည်။ “တစ်နေ့ကို သုံးခွက် သောက်ရမယ်”

သူမ ထွက်ခွာသွားတော့မည်ကို မြင်ရသည့်အချိန်မှာတော့ အနီရောင်ဆံပင်နှင့်လူသည် လက်ကို အသာ လှမ်းဆွဲကာ ပြောလိုက်၏။ “နှုတ်မဆက်ဘဲ ထွက်သွားတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား”

“………..”

ကုန်းစွန်းရော့လီသည် သွားနေရာမှ ရပ်တန့်လိုက်၏။ သူမ၏ တောက်ပလွန်းသော မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်နေ၏။ သူမသည် အသာလှည့်ပြီးသည့်နောက် ဤအကြင်နာတရား ကင်းမဲ့လှ သည့်လူကို လက်သီးဖြင့် ထိုးနှက်ချင်၏။ သို့ပေမဲ့ အခုမှ သတိပြန်ရလာသည့်လူဖြစ်ကြောင့် သတိဝင်သွား ပြီးသည့်နောက် ထိုအတွေးကို ဖိနှိပ်ကာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ရှင့်ရဲ့သား အဖေကိုသတ်တဲ့ ပြစ်မှုကြီး ကျူးလွန်ခံရမှာ ကြောက်တာကြောင့် မဟုတ်ရင် ရှင် သေနေတာ ကြာပြီ”

“ဟုတ်တယ်”

အနီရောင်ဆံပင်နှင့်လူသည် သူ့ကိုယ်သူ အပြစ်တင်လိုက်မိ၏။ “ငါ မင်းနဲ့သူ့ကို စွန့်ပစ်ခဲ့မိတဲ့ အတွက် အကြိမ်ပေါင်းတစ်ထောင်လောက် သေသင့်တယ်”

“သိတယ်ဆိုရင် ကောင်းတာပေါ့” ပြောပြီးသည့်နောက် ကုန်းစွန်းရော့လီသည် တစ်ခါတည်းလှည့်ကာ ထွက်ခွာသွားခဲ့သည်။

“ရော့လီ”

အနီရောင်ဆံပင်နှင့်လူသည် အိပ်ရာပေါ်မှာ အသာလှဲပြီးသည့်နောက် ထွက်ခွာသွားခဲ့သည့်လူကို ကြည့်ကာ ခက်ခက်ခဲခဲ ပြောလိုက်၏။ “ငါ့ဆီမှာ အခွင့်အရေး ရှိနိုင်သေးလား”

“………”

ကုန်းစွန်းရော့လီသည် ဘာစကားမှ မပြောချေ။ ဆေးဟောခန်းမဆောင်ထဲမှ ထွက်ခွာသွားပြီးသည့်နောက် သူမသည် စိတ်သက်သာရာရသလို သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ လက်ရှိအခြေအနေကို ကြည့်ရှုရမည် ဆိုလျှင် ဤလူသည် အဆင်ပြေ ကောင်းမွန်နေ၏။

အမျိုးသမီးများ၏ နှလုံးသားသည် အမှန်ပင် ရှုပ်ထွေးလွန်း လှချေသည်။

……………………

“ဒါက”

အနီရောင်ဆံပင်နှင့်လူ သတိပြန်လည်လာပြီဖြစ်ကြောင်း သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် လာရောက်လည်ပတ်၏။ သူသည် ဘေးတစ်ဖက်တွင်ထိုင်ကာ နှောင့်နှေးလျက် ရှိနေသည်။ ဘာပြောရ မှန်းလဲ မသိချေ။ တစ်ဖက်လူအား သူသည် နှစ်ကြိမ်တိုင်တိုင် သတ်ဖြတ်မလို ဖြစ်ခဲ့၏။ လက်ရှိအချိန်တွင် အဖေနှင်သားဟူ၍ ပြန်လည်ကာ တွေ့ဆုံခဲ့သည် ဖြစ်သောကြောင့် အခြေအနေသည် ကြောင်အအနိုင်လွန်း လှ၏။

အနီရောင်ဆံပင်နှင့်လူမှာတော့ ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာမျိုး မရှိချေ။ သူသည် အရွယ်ရောက် ကြီးထွားလာ ခဲ့ပြီး သူ့ထက်ပင် သန်မာအားကောင်းနေသည့်သားကို ကြည့်ရင်း သဘောကျလျက် ရှိနေသည်။

“လိမ္မော်သီး စားအုံးမလား”

“မစားပါဘူး”

“အင်း” ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။

“သား”

အနီရောင်ဆံပင်နှင့်လူသည် အားနာစွာဖြင့် ပြောလိုက်သည်။ “အဖေက အဖေကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး”

“ပြီးခဲ့တာတွေ ပြီးပါစေတော့”

ကျွင်ချောင်ရှောင်းက ပြောလိုက်၏။ “အရေးကြီးဆုံးက မိသားစု အတူတကွ နေထိုင်ပြီး ပျော်ရွှင်ဖို့ပဲ မဟုတ်လား”

အနီရောင်ဆံပင်နှင့်လူက ငြင်းပယ်လိုက်သည်။ “မဖြစ်လာနိုင်မှာကို စိုးရိမ်ရတယ်”

“ဘာကိုဆိုလိုတာလဲ”

မကောင်းသည့်အကြောင်းအရာများ ပါဝင်လျက် ရှိနေကြောင်းကို ကျွင်းချောင်ရှောင်းက အာရုံခံမိ၏။

“အဖေက အရမ်းကို မောက်မာခဲ့တယ်လေ။ ဒါကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို တစ်ယောက်တည်း သွားပြီး စိန်ခေါ်ခဲ့တယ်။ အဆုံးသတ်မှာတော့ သူ့ကိုရှုံးရုံတင်မကဘူး၊ ယောက်ျား တစ်ယောက်အတွက် အရေးအကြီးဆုံး အရာတစ်ခုကိုလည်း ဆုံးရှုံးခဲ့ရတယ်”

အနီရောင်ဆံပင်နှင့်လူသည် နောင်တတရားအပြည့်ဖြင့် ပြောလိုက်သည်။

“အမ်”

ကျွင်းချောင်ရှောင်းသည် အမှတ်မထင်ဖြင့် အောက်ကို ငုံ့ကြည့်ကာ ပြောလိုက်၏။ “ဒါတော့ မဟုတ်ဘူးမို့လား”

ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ အနီရောင်ဆံပင်နှင့်လူသည် နားလည်မှုလွဲသွားကြောင်း သိရှိလိုက်၏။ ထို့ကြောင့် အလောတကြီးဖြင့် ရှင်းပြလိုက်သည်။ “ယောက်ျားတစ်ယောက် အတွက် အရေးအကြီးဆုံးအရာကို ဆုံးရှုံးသွားတယ်ဆိုတာ ဂုဏ်သိက္ခာကိုပြောတာ၊ ဂုဏ်သိက္ခာကို ပြောတာ”

“.........”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ နားလည်သွားမိ၏။ အစောကြီးကတည်းက တိုက်ရိုက်ပြောလို့ မရဘူးလား။ အဲဒီအရေးကြီးပါတယ်ဆိုတဲ့ ဂုဏ်သိက္ခာက ကျုပ်ဆီမှာ မရှိဘူး။

“ဟမ့်”

စနစ်က ဝင်ကာ စောဒက တက်လိုက်၏။ “ကိုယ့်ကိုယ်ကိုယ်တော့ သိသားပဲ”

“ဟင်း”

အနီရောင်ဆံပင်နှင့်လူသည် သက်ပြင်းချကာ ပြောလိုက်သည်။ “မင်းမွေးဖွားလာတဲ့အချိန်မှာ ငါက အားလုံး လေးစားရတဲ့လူတစ်ယောက် ဖြစ်ဖို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ မင်းရဲ့တပည့်ကို သတ်ဖြတ်ပစ်ခဲ့တယ်”

ပြောနေတုန်းမှာပဲ သူ စိတ်နှလုံးများ ကြေကွဲလာခဲ့၏။

“သူ အသက်ရှင်နေပါသေးတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုပါဘူး”

“အသက်ရှင်နေသေးတယ် ဟုတ်လား” အနီရောင်ဆံပင်နှင့်လူသည် ကြောင်အသွားမိ၏။ လက်ရှိအခြေအနေ မှာတော့ ထိုအချိန်တုန်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သူရှင်းရှင်းလင်းလင်း မှတ်မိနေ၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးကျွမ်းလောင်ခြင်းကို ခံခဲ့ရပြီး တစ်ခါတည်း သေဆုံးသွားခဲ့၏။ ခန္ဓာကိုယ် မဆိုနှင့် ဝိညာဉ်ပင်လျှင် ပျောက်ကွယ်သွားခဲ့သည်။ မည်ကဲ့သို့ အသက်ရှင်နေသနည်း။

“အတိတ်က ကိစ္စတွေကို ထပ်ပြီးတော့ ပြောမနေနဲ့တော့။ လိုရင်းကို ပြောကြရအောင်”

ကျွင်းချောင်ရှောင်း သည် ရုတ်တရက် လေးနက်သွားခဲ့၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ဘယ်နေရာမှာ ပုန်းနေတာလဲ”

သူ့သား၏ ရုတ်တရက်မေးခွန်းကို ကြားရသည့်အချိန်မှာတော့ အနီရောင်ဆံပင်နှင့်လူသည် တချက်ကလေးမှ မနှောင့်နှေးခဲ့ချေ။ ချက်ချင်းပဲ ဖြေဆိုလိုက်သည်။ “မီးနယ်မြေ”

All Chapters