← Chapters

အခန်း ၁၉၉၃

Vol. 134 Ch. 1993

အခန်း ၁၉၉၃

Vol. 134 Ch. 1993

အပိုင်း (၁၉၉၃)

မီးနယ်မြေ - ကြယ်တာရာမြေပုံတွင် မရှိသော တည်နေရာတစ်ခုဖြစ်၏။ အထက်စကြဝဠာတစ်ခုလုံးသည် အလွန်ပင် ကြီးမားလွန်းလှ၏။ ကျွင်းချောင်ရှောင်း အနေဖြင့် မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များ အားလုံးကို စေလွှတ်ပြီး ရှာဖွေခိုင်းမည်ဆိုလျှင်တောင်မှ ရှာဖွေတွေ့ရှိနိုင်စွမ်းမရှိသော တည်နေရာများ အများအပြား တည်ရှိလို့ နေသေး၏။

“သား”

ပဲ့ခန်းထဲမှာတော့ အနီရောင်ဆံပင်နှင့်လူသည် လေးလေးနက်နက် ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုး အင်ပါယာက ဒဏ်ရာရရှိထားတယ်ဆိုပေမဲ့ လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်လို့ရတဲ့လူမျိုး မဟုတ်ဘူး”

“အင်း... ဒါပေမဲ့ အခုမှ မလုပ်ဘူးဆိုရင် အနာဂတ်မှာ လုပ်ဖို့အခွင့်အရေး မရှိမှာကို စိုးရိမ်ရတယ်”

ဘာပဲဖြစ်ဖြစ် သူကြိုးစားကြည့်ရပေမည်။ တစ်ဖက်လူသည် ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာစေရေန် ကြိုးစားလျက် ရှိနေ၏။ ထိုအရာများ ပြီးဆုံးသွားသည်နှင့် တခြားသောဂြိုဟ်များကို သွားရောက်ကာ ဝါးမြိုပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဘေးဒုက္ခကြီးက ထပ်မံဖြစ်ပေါ်လာမှာ သေချာသည်။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်ရန် အားအင်အဆင့် မရှိသေးချေ။ သူ့အနေနှင့် တဖက်လူ အားနည်းတုန်း အခွင့်အရေးယူရန်သာ ရှိ၏။

“ကောင်းပြီ”

သူ့သား၏ ဆုံးဖြတ်ချက် ချထားသည့် ပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ အနီရောင်ဆံပင် နှင့်လူသည် ကြယ်တာရာမြေပုံဆီသို့ အသာလှမ်းလျှောက်သွားခဲ့ပြီး တည်နေရာတစ်ခုဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “ဒီနေရာက မီးနယ်မြေပဲ”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အကြီးအကဲနှစ်ယောက်ကို ဂိုဏ်းဆီကို အရင်ဆုံး ပြန်ဖို့ စေလွှတ်ပေးမယ်”

သူ၏ မိဘများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ရင်ဆိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ အမှတ်မထင် မတော်တဆ ကိစ္စရပ်များ ဖြစ်သွားနိုင်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ပြန်လည်ကာ စေလွှတ်ရန် စဉ်းစားနေခြင်းပင်။

အစောပိုင်းတိုက်ခိုက်မှုတုန်းက မျောက်ဘုရင်ကြီးသည်သာ လာရောက်ကယ်တင်ခြင်း မရှိပါက သူသည် သူ့ကိုယ်သူ စတေးပြီး ဝိညာဉ်ချိန်ကိုက်ဗုံးကြီးကို ဖောက်ခွဲပစ်မှာ သေချာ၏။ ထိုသို့ဆိုလျှင် သေခြင်းဆီသို့ ရောက်ရှိသွားမှာ ဖြစ်၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ဖြေရှင်းသတ်ဖြတ်နိုင်မည်ဆိုလျှင် သူသေဆုံးသွားရမည်ဆိုလျှင် တောင်မှ နောင်တရရှိခြင်း မရှိချေ။ ဤအရာသည် အမှန်တရားအတွက်ပင် ဖြစ်၏။

..........

လဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ထာဝရရွက်သင်္ဘောကြီးသည် ပြိုင်စံရှားဂိုဏ်း၏ အဓိက တောင်ထွတ်ပေါ်တွင် ရပ်တန့်လျက်ရှိ၏။ တပည့်ပေါင်းများစွာတို့သည် လာရောက်ကာ ကြိုဆိုနေ၏။ အနီရောင်ဆံပင်နှင့်လူသည် ရွက်သင်္ဘောဆီမှ ဆင်းလျှောက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု များ ပြည့်နှက်နေ၏။ တစ်ဖက်လူ သေဆုံးသွားခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် အသက်ရှင်နေရသနည်း။

တူညီစွာပင်။ အနီရောင်ဆံပင်နှင့်လူသည် ရှောင်ကျီကို မြင်ရသည့်အချိန်မှာတော့ ဆွံ့အလျက်ရှိနေ၏။ သူ၏ သားသည် သူ့ကို နှစ်သိမ့်ပေးနေခြင်း မဟုတ်ချေ။ ဤတပည့်သည် တကယ်ပင် အသက်ပြန်ရှင်လာခဲ့၏။ မည်ကဲ့သို့ စွမ်းအင်မျိုးနှင့် တပည့်တစ်ယောက်ကို အသက်ပြန်ရှင်လာအောင် လုပ်နိုင်ရသနည်း။ “အင်း.. ငါ့သားက တကယ့်ကို အံ့အားသင့်စရာပဲ”

“ဘာ”

အဓိကဟောခန်းထဲတွင်တော့ ယုစီနန်နှင့် အခြားသော အထက်ပိုင်းအကြီးအကဲများသည် အနီရောင်ဆံပင် နှင့်လူမှာ ဂိုဏ်းချုပ်၏ အဖေဖြစ်ကြောင်းကို သိရှိလိုက်ကြ၏။ အားလုံးသည် နဝေတိမ်တောင် ဖြစ်လို့နေ၏။ ဤသတင်းသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

“ချီးတဲ့မှ”

ထိုအခြင်းအရာကို သိသည့်အချိန်မှာတော့ စုရှောင်မိုသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်မိသည် “ငါ အဲ့တုန်းက ခန့်မှန်းမိသားပဲ”

အားလုံးသောသူတို့သည် ထိုအခြင်းအရာကို ခန့်မှန်းခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ ရုတ်တရက် ဂိုဏ်းချုပ်၏ အဖေသည် ကျန်းစန်း ဖြစ်သွားခဲ့၏။

“ကျန်းစန်း ဘယ်ရောက်သွားလဲ။ ဂိုဏ်းချုပ်အဖေအဖြစ် ဟန်ဆောင်တယ်ဆိုတော့ တကယ့်ကို ကံဆိုးပြီပဲ”

“ပြောနေစရာမလိုဘူး။ သူ စည်းကမ်းထိန်းသိမ်းရေးဟောခန်းဆီ လျှောက်သွားတာ ငါမြင်လိုက်တယ်”

“ကောင်းပြီ။ ဟောခန်းသခင်ကျိက နောက်ဆုံးတော့ အဖော်ရပြီပဲ”

ဟောခန်းသခင်ကျိ အကြောင်းကို ပြောရမည်ဆိုလျှင် အပြစ်ပေးခြင်းကို ခံနေရသည်ဟု ဆိုရမည်။ အဘယ်ကြောင့် ဆိုသော် ဒဏ္ဍာရီလာ တာဝန်ကို ပြည့်စုံအောင် ပြုလုပ်သည့်အချိန်တွင် သူ၏ အားအင်အဆင့်သည် တိုးတက် သွားခဲ့သည်။ ထို့ကြောင့် မည်သို့မှ မခံစားနိုင်တော့ဘဲ ဂိုဏ်းဝတ်စုံများကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့၏။ ယွမ်သခင်လေး သည် ထိုအခြင်းအရာကို သိရှိသည့်အချိန်မှာတော့ မှတ်သားရင်း အပြစ်ပေးခဲ့သည်။

“ဟင်း”

...........

ကျွင်းချောင်ရှောင်းသည် သူ၏မိဘများအတွက် စီစဉ်စရာရှိသည်များကို စီစဉ်ပြီးသည့်နောက် အနားမနေခဲ့ချေ။ ချက်ချင်းပဲ မီးနယ်မြေဆီသို့ ခရီးထွက်သွား၏။

“ရှင်နဲ့အတူ လိုက်မယ်” နှင်းဆီဧကရီသည် လိုက်ပါလာခဲ့၏။ သူမ၏ ယောက်ျားသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို သွားရောက်ရှာဖွေချင်သည်ဖြစ်ကြောင်း သူမသိ၏။ ရှာတွေ့သည်ဆိုပါက ရှောင်လွှဲ၍ မရအောင် တိုက်ပွဲကြီး ဖြစ်သွားပေလိမ့်မည်။ သူမ ကျိန်းသေပေါက် ကူညီရပေလိမ့်မည်။

“ခင်ဗျားသွားရင် ဂိုဏ်းကို ဘယ်သူက ဂရုစိုက်မှာလဲ”

“ဒု-ဂိုဏ်းချုပ်ပေါ့”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်မိန်းမပဲ ဆုံးဖြတ်ပြုလုပ်လို့ရတဲ့ အရာတွေ ရှိတယ်လေ”

“..........”

နှင်းဆီဧကရီက တိတ်ဆိတ်ငြိမ်သက်သွား၏။ သူမ၏ယောက်ျားသည် သူမကို လိုက်ပါရန် ခွင့်ပြုမပေးခဲ့ချေ။

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ ဒဏ်ရာက တကယ့်ကို ပြင်းတယ်။ သူ့ကို ရှာတွေ့ပြီဆိုရင် ကိုယ်တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီတော့ မင်း ဒီမှာနေပြီးတော့ အဖေနဲ့ အမေကို ဂရုစိုက်လိုက်ပါ”

“ကောင်းပြီ”

နှင်းဆီဧကရီသည် သူမယောက်ျားနှင့်အတူ လိုက်ပါမည့် အကြံအစည်ကို ဖယ်ချလိုက်သည်။ သို့ပေမဲ့ သူမယောက်ျား အသာလှမ်းလျှောက်ထွက်သွားသည်ကို ကြည့်ရှုကာ အော်ဟစ်လိုက်၏။ “အသက်ရှင်ရက် ပြန်လာရမယ်နော်”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်ဖြတ် ပြီးရင် ကိုယ်တို့ မင်္ဂလာပွဲကို ကျင်းပမယ်”

“............”

နှင်းဆီဧကရီ၏ ပါးများသည် နီရဲသွား၏။ အချက်အလက်အားဖြင့် ကြီးမားလွန်းလှသည့် မင်္ဂလာပွဲကြီးကို ကျင်းပ မည်ဟူ၍ ကျွင်းချောင်ရှောင်းက ကတိပေးခဲ့၏။ အထက်စကြဝဠာ တစ်ခုလုံးတွင် ရှိနေသည့် ထိပ်တန်း အကြီးအကဲများ အားလုံးတို့သည် မင်္ဂလာပွဲကို လာရောက်တက်ရောက်ရပေလိမ့်မည်။ သူမသည် ဤကဲ့သို့သော ဂုဏ်ပကာသနာတွကို ဂရုမစိုက်သော်လည်း ထိုကဲ့သို့နေ့မျိုး ဖြစ်လာမည်ဆိုပါက ရှက်ရွံ့နေမည်လားဆိုသည်ကို မသိချေ။

............

ထာဝရရွက်သင်္ဘောကြီးသည် တည်နေရာကို ဖြတ်သန်းကာဖြင့် အဆုံးအစမဲ့ စကြဝဠာထဲသို့ ရောက်ရှိသွားခဲ့ပြန် သည်။

“ဂိုဏ်းချုပ် ထွက်သွားပြန်ပြီလား”

တောင်၏ အနောက်ဘက်မှာတော့ စုရှောင်မိုသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိသည်။ သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ရင်ဆိုင်သည့်နေရာတွင် ဂိုဏ်းချုပ်နှင့် လိုက်ပါ သွားချင်မိ၏။ သို့ပေမဲ့ သူ၏အားအင်အဆင့် အကန့်အသတ်ကို သိရှိသည်ဖြစ်သောကြောင့် ဂိုဏ်းထဲတွင် နေထိုင်ရန်သာ ဆုံးဖြတ်ခဲ့ရ၏။

တခြားသော တပည့်များသည်လည်း ထိုကဲ့သို့ မတွေးဘဲ ဘယ်နေလိမ့်မည်နည်း။ ထိပ်တန်းအဆင့် ဂြိုဟ်တစ်ခုနှင့် သွားရောက်တိုက်ခိုက်သည့်နေရာတွင် သူတို့သည် အသုံးဝင်မည်ဆိုသော်လည်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ကဲ့သို့လူနှင့် သွားရောက်ရင်ဆိုင်တိုက်ခိုက်သည့်နေရာတွင် အနောက်မှ အော်ဟစ် အားပေးရန်သာ တတ်နိုင်၏။ ဘာမှလည်း မလုပ်နိုင်ချေ။

“အဲမှာ ရပ်မနေနဲ့”

လီချင်းယန်က ပြောလိုက်သည်။ “မြန်မြန်သွားပြီး လေ့ကျင့်”

“ကောင်းပြီ”

စုရှောင်မိုနှင့် တခြားသော သူများသည် များပြားလှသည့် ဂိုဏ်း၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြ၏။ သူတို့သည် အကူအညီမပေးနိုင်ဘူးဆိုမှတော့ ကျိန်းသေပေါက် ပိုမိုအားကောင်းအောင် ကြိုးစားရန်သာရှိ၏။

ဟယ်ဝူတီမှာတော့ မူလအရင်းအမြစ်သစ်ပင်ရှေ့တွင် ထိုင်လျက်ရှိ၏။ သူသည် တံခါးကို မည်ကဲ့သို့ဖွင့်ရမည်ဆိုသည့် အကြောင်းကို တွေးတောလျက်ရှိ၏။ ကြေးဆေးအိုးကြီးမှတဆင့် အန္တိမကုန်းမြေဆီသို့ ဝင်ရောက်ခွင့် အခွင့်အရေးကို ရရှိခဲ့သည်ဆိုသော်လည်း သူသည် ထိုအရာကို ငြင်းဆန်ခဲ့၏။ အကြောင်းအရင်းမှာ သူသွားချင် သည်ဆိုလျှင် အားလုံး အတူတကွ သွားရပေမည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ခြားနားလို့နေခဲ့၏။ သူ၏ရှေ့တွင် အန္တိမကုန်းမြေ၏ ဂိတ်တံခါးကြီး တည်ရှိလို့နေ၏။ သူဖွင့်လိုက်သည်ဆိုသည်နှင့် ဂိုဏ်းတစ်ခုလုံးသည် လွယ်လွယ် ကူကူ ဝင်ရောက်သွားနိုင်သည်။ သို့ပေမဲ့ ဝင်မသွားနိုင်ချေ။

“အကြွင်းအကျန်ကျမ်းစာမှာ ဖုံးကွယ်ထားတဲ့ ဘယ်လိုဆန်းပြားမှုများ ဖြစ်နိုင်လဲ” ဟယ်ဝူတီသည် သက်တန့် ရောင်စဉ်ကျမ်း၏ အကြွင်းအကျန်များကို ထုတ်ယူပြီးနောက် ထပ်ကာတလဲလဲ လေ့လာလိုက်၏။ သက်တန့် ရောင်စဉ်ကျမ်း ခုနှစ်ခုသည် ကျွင်းချောင်ရှောင်းအား စိတ်ပျက်ခြင်း ချောက်ကမ်းပါးဆီသို့ လမ်းညွှန် ပြသခဲ့၏။ ပြီးသည့်နောက် မူလအရင်းအမြစ်သစ်ပင်နှင့် ဤစည်းခတ်ထားသည့် ကျောက်တံခါးကြီးကို ယူဆောင်လာနိုင်စွမ်း ရှိ၏။

ထိုသို့ဆိုလျှင် ဤမျှလောက်ပဲလား။ မဟုတ်သေးပေ။ အဖြေရှာ၍ မရနိုင်သေးသော ဆန်းကြယ်မှုများလည်း တည်ရှိနိုင်သေး၏။ ကျွင်းချောင်ရှောင်းသည် ထိုအရာကို လေ့လာရန် အချိန်မရှိသေးချေ။ ထို့ကြောင့် ဟယ်ဝူတီကို ပေးအပ်ကာဖြင့် အဖြေရှာရန် မျှော်လင့်ခဲ့မိသည်။။

“ဟင့်”

စနစ်သည် ရုတ်တရက် ဝင်ကာ ပြောလိုက်၏။ “သူကိုယ်တိုင် မလေ့လာနိုင်လို့ ဟယ်ဝူတီကို ပေးခဲ့တာ။ အလကား”

“ဂိုဏ်းချုပ်”

သက်တန့်ရောင်စဉ်ကျမ်း ခုနှစ်ကျမ်း၏ အစစ်အမှန်ကို ရရှိခဲ့ပြီးသည့်နောက် ဟယ်ဝူတီသည် လေးလေးနက်နက် ကြည့်ကာပြောလိုက်သည်။ “စိတ်မပျက်စေပါဘူး”

သို့ပေမဲ့ ကျွင်းချောင်ရှောင်း ထွက်ခွာသွားသွားချင်းမှာပဲ သူ၏လက်ထဲတွင် ပျောက်ကွယ်သွားခဲ့သည့် ပထမ ကျမ်းစာသည် သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိနေသည်ကို သတိရလိုက်မိ၏။

“မဟုတ်သေးဘူး။ ဒါက ဘယ်လိုလုပ် ဂိုဏ်းချုပ်လက်ထဲကို ရောက်နေတာလဲ။ အင်း.. ရုတ်တရက် ပျောက်ကွယ်သွားပြီးတော့ သူ့ရဲ့ မူရင်း ရှိရမယ့်နေရာကို ပြန်ရောက်သွားတာမျိုးလား”

သူသည် စတင်ကာ တွေးတောနေမိ၏။ ဂိုဏ်းချုပ် ခိုးယူသွားခဲ့သည် ဖြစ်ကြောင်းကိုတော့ သူဘယ်တော့မှ တွေးတောမိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤအရာသည် အရေးမကြီးလှချေ။ အရေးကြီးသည်မှာ ပြိုင်စံရှားဂိုဏ်း ကို သူအသိအမှတ်ပြုပြီးသည့်နောက် အန္တိမကုန်းမြေတိုက်ထဲသို့ သူဝင်ရောက်ဖို့ အခွင့်အရေးကို စတင်ကာ ရှာဖွေရန်ပင် ဖြစ်လေ၏။

ဝှစ်

ထာဝရရွက်သင်္ဘောကြီးသည် စကြဝဠာကို ဖြတ်သန်းသွားလာလျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိပြီး တစ်စုံတစ်ခုကို တွေးတောနေသည်။

“ဘာတွေစဉ်းစားနေတာလဲ” အနီရောင်ဆံပင်နှင့်လူသည် လှမ်းလျှောက်ဝင်လာ၏။

ကျွင်းချောင်ရှောင်းမှာ အံ့အားမသင့်ချေ။ အဘယ်ကြောင့်ဆိုသော် သူရွက်သင်္ဘောမထွက်မီတွင် တစ်ဖက်လူ လိုက်ပါလာသည်ကို အစောကြီး ကတည်းက သိရှိသောကြောင့်ပင်။ “ဘာလို့ အမေနဲ့ မနေဘဲ ကျုပ်နောက် လိုက်ခဲ့ရတာလဲ”

“ဘာလို့လဲဆိုတော့ အဲအခွင့်အရေး မရှိလို့ပေါ့” အနီရောင်ဆံပင်နှင့်လူသည် နာနာကျင်ကျင် ပြောလိုက်၏။

“ဒီလိုဆိုရင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ ဆုံးရှုံးရုံတင် မကဘူး။ ကိုယ့်ရဲ့ဝိညာဉ် အရင်းအမြစ်ကိုလည်း ဆုံးရှုံးခဲ့သေးတာလား”

“အမှန်ပဲ” အနီရောင်ဆံပင်နှင့်လူသည် ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင် ဘာလို့ တည်နေရာကို ပြောပြရတာလဲ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သိသွားရင် ဝိညာဉ် တစ်ခုလုံး ဖောက်ခွဲခံရမှာ မစိုးရိမ်ဘူးလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းက ငါ့သားမို့လို့လေ”

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်၏။ “အတုဖြစ်မယ်ဆိုရင် တောင်ပေါ့ ....”

ကျွင်းချောင်ရှောင်းက ကြောင်အသွား၏။

“မင်း မေကို ဖုံးကွယ်လို့ရတယ်ဆိုရင်တောင်မှ ငါ့ကို ဖုံးကွယ်လို့ မရဘူးလေ” အနီရောင်ဆံပင်နှင့်လူသည် ဘေးတစ်ဖက်တွင် ထိုင်ချလိုက်သည်။

“ဟင်း” ကျွင်းချောင်ရှောင်းက သက်ပြင်းချလိုက်၏။ ကုန်းစွန်းရော့လီကို မိသားစုအဖြစ် အသိအမှတ်ပြုစဉ် ကတည်းက သူသည် အကောင်းဆုံး ဖုံးကွယ်ထားရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ သူသည် အတုသာ ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် ရုတ်တရက် ထိုအခြင်းအရာ ပေါ်ပေါက်သွားသည့်အချိန်မှာတော့ အနည်းငယ် စိတ်သက်သာရာ ရသလိုပင် ခံစားနေမိ၏။

“အမှန်ကို ပြောနိုင်မလား” အနီရောင်ဆံပင်နှင့်လူက မေးမြန်းလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အထက်နယ်မြေမှာ နေခဲ့ဖူးတယ်ဆိုတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီး ဆိုတာကို ကြားဖူးလား”

“ကြားဖူးတာပေါ့”

အနီရောင်ဆံပင်နှင့်လူသည် ခဏလောက် တွေးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကြည့်ရတာ နယ်မြေဟောခန်းက အောက်နယ်မြေအတွက် သီးသန့်ဖန်တီးပေးထားတဲ့ ထူးခြားတဲ့ ဂြိုဟ်တည်နေရာကြီးလေ။ သေမျိုးတွေက အထဲကို ဝင်ပြီးတော့ အခွင့်အရေးတွေ ရယူဖို့ တိုက်ခိုက်ကြတယ်”

“အောက်နယ်မြေမှာ နေထိုင်စဉ်တုန်းက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကိုဝင်ပြီး တိုက်ခိုက်ခဲ့တယ်။ အမှတ်မထင်ဆိုသလိုပဲ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ ထူးဆန်းတဲ့ အမွေအနှစ်တစ်ခုကို ရရှိခဲ့တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “နောက်ပိုင်း ပေါင်းစပ်ကြည့်တဲ့အချိန်မှာ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သွေးမျိုးဆက်ကို ရရှိခဲ့တာပေါ့။ ဒါကြောင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သခင်လေးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရတာပဲ”

“.............”

အနီရောင်ဆံပင်နှင့်လူသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက် တည်ရှိ နေသည်ဆိုသောကြောင့် ကုန်းစွန်းရော့လီသည် သူမ၏သားအဖြစ် အသိအမှတ်ပြုခဲ့ခြင်းပင်။

ကျွင်းချောင်ရှောင်းသည်လည်း ထိုအခြင်းအရာကို တွေးတောမိခဲ့၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက် တည်ရှိနေသည်ဖြစ်သောကြောင့် သူသည် ကုန်းစွန်းရော့လီ၏ သားဖြစ်၏။ သို့ပေမဲ့ အနီရောင် ဆံပင်နှင့်လူ၏ သားတော့ မဟုတ်ချေ။

“ဒါ ငါ့ရဲ့အပြစ်တွေပဲ”

အနီရောင်ဆံပင်နှင့်လူသည် ဦးခေါင်းကို ငုံ့ကာဖြင့် နာကျင်စွာ ပြောလိုက်၏။ “မထွက်သွား သင့်ဘူး။ ငါ ထွက်သွားလို့ ငါ့သား သေဆုံးသွားခဲ့တာလေ”

“ကျုပ်ဆီမှာ ခင်ဗျားရဲ့ သွေးမျိုးဆက် မရှိဘူးဆိုပေမဲ့ ကျုပ်အမေရဲ့ သွေးမျိုးဆက်တော့ ရှိတယ်။ ဒါကြောင့် ခင်ဗျားရဲ့သားအဖြစ် အသိအမှတ်ပြုလို့ရပါတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်၏။ “ဘာပဲပြောပြော မင်းက ငါ့သား မဟုတ်ဘူးလေ”

ကျွင်းချောင်ရှောင်းသည် နားလည်ကြောင်း ပြသလိုက်သည်။ သွေးမျိုးဆက် မရှိဘူးဆိုပါက သားတစ်ယောက် အဖြစ် စဉ်းစားဆုံးဖြတ်၍ မရနိုင်ချေ။

“ဒါပေမဲ့”

ရုတ်တရက် အနီရောင်ဆံပင်နှင့်လူသည် ခေါင်းကိုမော့လိုက်၏။ လေးနက်သည့် အမူအရာဖြင့် ပြောလိုက် သည်။ “ငါ မင်းကို ငါ့သွေးမျိုးဆက် ပေးလိုက်မယ်။ ဒါဆိုရင် ငါ့ရဲ့သားဖြစ်ပြီပေါ့”

“အမ်” ကျွင်းချောင်ရှောင်းက ဆွံ့အသွား၏။

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်သည်။ “ငါ့သားမှာ ငါ့ရဲ့သွေးမျိုးဆက်ရှိရမယ်။ သူ့အမေရဲ့ သွေးမျိုးဆက်လည်း ရှိရမယ်။ ဒီတော့ တစ်ယောက်ဆီက အမေကို ဆက်ခံပြီးပြီဆိုရင် နောက်တစ်ယောက်ဆီက အမွေကိုလည်း ဆက်ခံ ရမှာပေါ့။ လာခဲ့... ငါ့ သွေးမျိုးဆက်ကိုပေးမယ်။ မင်း ငါ့ကလေးဖြစ်လိုက်”

ဇွိ

ပြောပြီးသည့်နောက် ဓားမြောင်တစ်ချောင်းကို ထုတ်ကာဖြင့် လက်ကောက်ဝတ်ကို လှီးလိုက်၏။

..............

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူက တွေးလိုက်မိသည်။ ဒီလူ ရူးနေတာလား။

ဝှီ ဝှီ

နီရဲသောသွေးများ ထွက်ပေါ်လာ၏။ ထိုအရာများသည် မြေကြီးပေါ်သို့ ကျဆင်းမသွားချေ။ ထိုအစား ကုန်းရှန့် ဆီသို့ ပျံသန်းလာခဲ့ပြီး ကုန်းရှန့်၏ အသားအရေပေါ်သို့ လာရောက်ကာ တွယ်ကပ်၏။ အနည်းငယ် ညှီစို့စို့နှင့် ပူလောင်လွန်းလှ၏။

“အင်း... မင်းဆီမှာ မီးဓာတ်သဘာဝ ခန္ဓာကိုယ်ရှိတယ်ဆိုတာ သိတယ်။ တကယ်လို့ ငါ့ရဲ့ သန့်စင်ခြင်းကိုးမျိုး ချော်ရည်ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် မင်းရဲ့အားအင်အဆင့်က ပိုပြီး တိုးတက်သွားလိမ့်မယ်”

အနီရောင် ဆံပင်နှင့်လူက ပြောလိုက်သည်။ “ဒါဆိုရင် မင်းအနေနဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ရင်ဆိုင်ဖို့ ပိုပြီး ယုံကြည်ချက်ရှိလာလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် ပထမတုန်းက အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ များပြားလွန်းလှသည့် မီးဓာတ်စွမ်းရည်များ ခန္ဓာကိုယ်ကို ထိတွေ့နေသည့်အချိန်မှာတော့ သူသည် ပေါင်းစပ်ရန် ရွေးချယ်လိုက်တော့၏။ တခြားလူ၏ သွေးမျိုးဆက်ကို ဆက်ခံရခြင်းမှာ ဤမျှလွယ်ကူနေလိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။ သွေးမျိုးဆက်ကို ဆက်ခံနေချိန်မှာတော့ သူ၏အမေ ပေးထားသော သေတ္တာလေးသည် သိုလှောင်လက်စွပ်ထဲမှ ထွက်လာပြီး ပေါင်းစပ်ရန် အလိုအလျှောက် ကူညီပေးခဲ့သည်။ သူပင် ကြီးကြီးကျယ်ကျယ်နှင့် ကြိုးစားနေစရာ မလိုအပ်ချေ။

“နားလည်ပြီ”

စနစ်သည် ရုတ်တရက် ရှင်းပြလိုက်သည်။ “အင်း... လက်ခံသူ အမေ ပေးထားတဲ့ အဖေ့ အမွေဆိုတဲ့ သေတ္တာလေးက အချိန်တန်တော့ အစွမ်းပြလာတာပဲ”

အဆုံးသတ်မှာတော့ အဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်ခဲ့သည်ဟု ပြောရမည်။

ဟူး ဟူး

ပေါင်းစပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်၌ ချော်ရည်ကဲ့သို့ မီးတောက်များ ပျံ့နှံ့ဖြစ်တည် လာခဲ့တော့၏။ သူသည် ကောင်းမွန်လှသည့် ခံစားချက်မျိုးကို ရရှိနေသည်ဖြစ်သောကြောင့် ရုတ်တရက် ညီးတွားသံကိုပင် ပြုလုပ်လိုက်မိ၏။

အနီရောင်ဆံပင်နှင့်လူသည် သွေးများကို ထုတ်ပေးလိုက်ပြီးသည့်နောက် နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်၏။ သူ၏မျက်နှာသည် ဖြူလျော်ပြီး အားနည်းသွားခဲ့၏။ သို့ပေမဲ့ မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် နေခဲ့၏။ သူ၏ အစစ်အမှန်သားသည် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ရှေ့တွင် ရှိနေသော လူငယ်လေးသည် သူ၏ သွေးမျိုးဆက်ကို ဆက်ခံနိုင်ခဲ့၏။ ထို့ကြောင့် သူ၏သား အသက်ရှင်နေသေးသည်ဟုပင် ပြောင်းလဲသတ်မှတ် ရတော့မှာ ဖြစ်သည်။

All Chapters