← Chapters

ပရောပရည်လုပ်ခြင်း

Vol. 134 Ch. 1874

ပရောပရည်လုပ်ခြင်း

Vol. 134 Ch. 1874

မြေကြီးပေါ်သို့ ကျမသွားဘဲ စက္ကန့်ပိုင်းအတွင်းတွင် နူးညံ့သော ဖျာတစ်ချပ်သည် အောက်တွင်ပေါ်လာပြီး သူတို့နှစ်ယောက်ကို အသာဖမ်းလိုက်သည်။

ဝူလင်းယူသည် အောက်တွင်လဲလျောင်းနေပြီး ရှီမာယူယူသည် သူ့အပေါ် တွင်ရှိနေသည်။ တောက်ပပြီး ပြုံးနေသော မျက်လုံးများကို သူမ မြင်သောအခါ သူဆိုလိုချင်သည်ကို ချက်ချင်းသိသွားပြီး ရုတ်တရက် ရှက်သွေးဖြန်းလာသည်။

“အဲတော့ ငါတို့ယူယူက ပြင်းတာကြိုက်တာပဲ” သူ၏နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားပြီး သူမအား စူးစူးစိုက်စိုက်ကြည့်နေသည်။

ရှီမာယူယူ၏ မျက်နှာမှာ ပိုနီမြန်းလာသည်။ ဝူလင်းယူ လှုပ်လိုက်သည်နှင့် သူမ ပိုနစ်ဝင်သွားမည်ဖြစ်သည်။ အခု သူမသည် သူ့အပေါ်တွင် လှဲနေရလေပြီ။ ကြည့်လိုက်သည်နှင့် တစ်ခုခုဖြစ်တော့မည့်ပုံစံ ဖြစ်နေသည်။

သို့သော် သူ၏ စနောက်နေသည့် မျက်လုံးများကိုကြည့်ပြီး သူမ စိတ်ငြိမ် ငြိမ်ထားကာ ဖြည်းဖြည်းချင်းထလိုက်သည်။ သူမသည် သူ့ရင်ဘတ်ပေါ်သို့ လက်တင်ပြီးနောက် ရှက်ရွံ့သောအပြုံးဖြင့် သူ့ကို ကြည့်လိုက်သည်။

သူမ၏ ဆွဲဆောင်မှုရှိလွန်းသော အကြည့်ကြောင့် ဝူလင်းယူ၏ ခန္ဓာကိုယ်သည် ညှို့ယူခံလိုက်ရသည်။ အထူးသဖြင့် သူမ တဖြည်းဖြည်းကပ်လာပြီး မျက်နှာမှာ နီးကပ်လာပြီး သူမ၏ဆွဲဆောင်မှုရှိသော နီရဲသောနှုတ်ခမ်းများ သည် သူ့အနားသို့ ပိုကပ်လာသည်။

ဒုန်း ဒုန်း…

ထိုအခိုက်တွင် သူသည် သူ၏ရင်ခုန်သံကိုပင် ပြန်ကြားနေရသလိုပင်။ သူ စိတ်တွေလှုပ်ရှားလာသည်။

နီးနီးလာသည်…

နူးညံ့သောအထိအတွေ့သည် ငှက်မွေးသဖွယ်ဖြစ်နေသဖြင့် ဝူလင်းယူ၏ နှလုံးသားမှာ မြှောက်တက်သွားသလိုပင်။ သို့သော် သူအရသာမခံခင်မှာပင် ထို ခံစားချက်သည် ထပ်ပျောက်သွားပြန်သည်။

ရှီမာယူယူသည် သူ့မျက်လုံးထဲမှ စိတ်ပျက်မှုကိုမြင်သောအခါ ဘာမှ မပြောဘဲ သူ့ကိုစိုက်ကြည့်၍သာနေလေသည်။

သူမအကြည့်အောက်တွင် ပိတ်မိနေသော ဝူလင်းယူ၏ နှလုံးမှာ ပရမ်းပတာပင် ခုန်နေသည်။ သူသည် လက်ဆန့်ပြီး သူမကိုဖက်လိုက်ချင်သည်။ သို့သော် သူ၏လက်များသည် ချည်နှောင်ခံလိုက်ရတော့သည်။

“ယူယူ..” တိုးညင်းသောအသံသည် ဖြားယောင်းမှုအပြည့်ဖြစ်နေသည်။

“ခုနက ညီမကိုရယ်လိုက်တာမဟုတ်ဘူးလား” ရှီမာယူယူသည် လက်ချောင်းများဖြင့် ဆံပင်ကိုလိမ်နေကာ မျက်နှာမှာလည်း ဆွပေးနေသည်။

သူသည် နှစ်ပေါင်းတစ်ရာလောက် တောင့်ခံပြီးဖြစ်သည်။ အရင်က မသိ မသာရန်စမှုများရှိခဲ့သော်လည်း ယခုတစ်ကြိမ် ဆွပေးသည်မှာ သူ့ကို သေ လောက်စေသည်။ သူမ မျက်လုံးထဲမှ အကြည့်တစ်ချက်၊ စကားများနှင့် အမူအရာများသည် သူ့ကို အသက်ရှုမရအောင် လုပ်နေသည်။

“ကိုယ်မှားသွားပါတယ် ယူယူ ကိုယ့်ကိုအပြစ်မပေးပါနဲ့” သူသည် စိတ်ရင်းနှင့် တောင်းပန်သည်။ သို့သော် ထိုအသံမှာ ဆန္ဒနှင့် မျှော်လင့်ချက်များ ဖြင့် လောင်ကျွမ်းနေသည့် မီးတောက်သဖွယ်ဖြစ်နေသည်။

ရှီမာယူယူသည် သူ၏ မီးတောက်နေသော မျက်လုံးများကြောင့် တုန်လှုပ် သွားကာ ဆွဲဆောင်မိသည့်အတွက် ရုတ်တရက် နောင်တရသွားသည်။ သူ သူမ ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူမသည် ဆွဲဆောင်မှုရှိရှိပြုံးပြီး သူ့ကို နမ်းလိုက်သည်။

အချစ်နှင့် ပြင်းပြသောစိတ်များသည် နောက်ဆုံးအဆင့်မတိုင်ခင်အထိ ရစ်ပတ်လေသည်။ တစ်ယောက်မှာ သူ့ကိုယ်သူ ထိန်းလိုက်သဖြင့် ရှီမာယူယူ အနည်းငယ် အံ့ဩသွားသည်။

သူ ကသိကအောက်နှင့် တောင့်ခံနေသည်ကို ကြည့်ပြီး ရှီမာယူယူသည် သူ့လည်ပင်းကို ဖက်ပြီး ကပ်ကာတီးတိုးပြောလိုက်သည် “အစ်ကိုလိုချင်ရင်… ရပါတယ်”

သူသည် သူ့အသက်ကိုပင် စွန့်ပစ်ကာ သူမအတွက် တစ္ဆေလောကသို့ လာခဲ့သည်။ ကိစ္စများစွာကို အတူတကွကြုံတွေ့လာပြီးနောက် သူ့ကို သူမ အပိုင်အဖြစ် သတ်မှတ်ပြီးသားဖြစ်သည်။ ဤအဆင့်မှာ အနှေးနှင့်အမြန် ရောက်လာမည်ဖြစ်သည်။

အစပိုင်း လွတ်လပ်နေသော ဝူလင်းယူ၏လက်များသည် သူမကို တင်းကြပ်စွာဖက်ပြီး အသက်ခပ်ပြင်းပြင်းရှုကာ သူမ၏ နဖူးကိုနမ်းပြီး ပြော လိုက်သည် “ကိုယ်တို့နှစ်ယောက်အတွက် ဘာမှကွာခြားမှုမဖြစ်နိုင်ပေမဲ့ ကိုယ် တို့လက်ထပ်တဲ့အထိ စောင့်ဖို့လိုသေးတယ်.. အဲဒါမှ ယောက္ခထီးနဲ့ ယောက္ခမ တို့ ပိုပျော်မှာပေါ့”

လက်မထပ်ခင် စိတ်လိုက်မာန်ပါလုပ်သည့် ကိစ္စကို သဘောကျသည့် မိဘမရှိပေ။ ထိုအရာမှာ သူမကို လေးစားရုံသာမကဘဲ သူမ၏ မိဘများကိုပါ လေးစားခြင်းဖြစ်သည်။

“အစ်ကို့ကိစ္စ ဖြေရှင်းပြီးရင်  အမေ့ကိုကယ်မယ်လေ.. ဘယ်လိုပဲဖြစ်ဖြစ် အဖေလည်း ဒီမှာရှိနေတော့ လူကြီးနှစ်ယောက်ရှိပြီဆိုတော့ ညီမတို့ လက်ထပ် လို့ရပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“တိုဟူးစားချင်တာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးထင်တယ်” ဝူလင်းယူ ရယ်မောလိုက်သည် “ယောက္ခမကြီးကို ကယ်ပြီးရင် လက်ထပ်ကြ တာပေါ့”

ရှီမာယူယူသည် သူ စနောက်သည်ကို ခံလိုက်ရသဖြင့် ခါးကိုဆွဲလိမ်ရန် လက်ဆန့်လိုက်သော်လည်း သူသည် သူမလက်ကိုဆွဲထားပြီး တစ်ခါတည်းပင် သူတို့၏ လက်နှင့် နှုတ်ခမ်းများသည် ထပ်မံရောယှက်သွားသည်…

သူတို့၏ ခန္ဓာကိုယ်မှ မီးတောက်များငြိမ်းသွားသည့်နောက်တွင် သူတို့ သည် နူးညံ့သောဖျာပေါ်လှဲပြီး ဝူလင်းယူကို ချည်လိုက်သော ရှေးပစ္စည်း အကြောင်းကို ပြောကြသည်။

“အမတချည်နှောင်ကြိုး နောက်ဆိုရင် ဒီလိုခေါ်ရမှာလား” ရှီမာယူယူ သည် ကြိုးကိုကစားနေပြီး အလွန်သဘောကျနေသည်။

ဝူလင်းယူသည် သူမကို ရည်ရွယ်ချက်ရှိရှိ ချည်နှောင်ထားသည်ကို သူမ သိသော်လည်း နောက်ပိုင်းတွင် သူတို့ပါ ရုန်းမထွက်နိုင်လိမ့်မည်ဟု ထင်မထား ကြပေ။ သို့သော် ထိုအရာသည် တခြားသူများကို သုံးလျှင်လည်း အဆင်ပြေ သည်။

“ဒါနဲ့ အခုတော့ ပစ္စည်းတွေကိုပါ သန့်စင်နိုင်နေပြီလား” သူမ ရုတ်တရက် ထပြီး သူ့ကို တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်လေသည်။

“အခြေအနေပေါ်မှာ မူတည်တာပေါ့ အရမ်းအားကောင်းတဲ့ ပစ္စည်းဆိုရင် အခုလက်ရှိကိုယ့်အခြေအနေနဲ့က…” သူသည် အံ့ဖွယ်ပစ္စည်းများကို သန့်စင် နိုင်ခဲ့သည်ဟု ပြောလျှင်ရသည်။ သို့သော် ယခုမှာ အရင်လောက် မကောင်း‌ တော့သဖြင့် အနည်းဆုံးတော့ ဤအခိုက်အတန့်တွင် မလုပ်နိုင်တော့ပေ။

ရှီမာယူယူသည် ဝိညာဉ်လေးပြောပြသည့် ဝိညာဉ်စေတီကို ပြန်ပြင်ရန် မှော်ရှေးပစ္စည်းကို ရှာနေကြောင်း ပြောပြလိုက်သည်။ ထိုအရာသည် ဟိန်းသံ ထောင်ချီနှင့် ဟိန်းသံလေးတို့ကို တစ္ဆေလောသို့ ပြန်ခေါ်နိုင်မည်ဖြစ်ကြောင်းကို ပါ ပြောပြလိုက်သည်။ အစက သူမ အားကောင်းလာသည်အထိ စောင့်ချင် သော်လည်း တခြားသူများနှင့် စိတ်မချပေ။ သို့သော် အခု သူရှိလာသဖြင့် မတူ တော့ပေ။

“အဲဒီပစ္စည်းတွေကို ပြပါဦး” ဝူလင်းယူလည်း ထထိုင်လိုက်ရာ ရှီမာယူယူ သည် အိတ်ဆောင်စကြာဝဠာသေတ္တာကို ထုတ်ပေးလိုက်သည်။

ဝူလင်းယူသည် ထိုပစ္စည်းကိုကြည့်ပြီး ပြောလိုက်သည် “လုပ်လို့ရနိုင် တယ် ဒါပေမဲ့ အချိန်တော့လိုမယ် နှစ်ရက်လောက်တော့ လေ့လာကြည့်ဦးမယ်”

“ဟုတ်ပြီ”

ရှီမာယူယူသည် သူ့ကို ပစ္စည်းများပေးလိုက်သည်။ သူမသည် ဟိန်းသံ လေးတို့ကို လွမ်းနေသည်ကို သိသဖြင့် အိတ်ဆောင်စကြာဝဠာသေတ္တာရ ပြီးနောက် စိတ်အားထက်သန်စွာ လေ့လောရာ နှစ်ရက်အကြာတွင် ဝိညာဉ် စေတီကို စတင်ပေါင်းစပ်နိုင်ပြီဖြစ်သည်။

ဝိညာဉ်လေးနှင့် အံ့ဖွယ်ပစ္စည်းတို့ ပေါင်းစပ်ပေးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ ပြီးခဲ့သည့်တစ်ခေါက် ယီလင်းတိုင်းပြည်တွင်ရှိခဲ့ စဉ်က သူသည် ဘုံခုနစ်ဆင့်စေတီနှင့် ထိုစဉ်ကဝိညာဉ်ပုလဲဖြစ်ခဲ့သော ဝိညာဉ် လေးနှင့် ပေါင်းစပ်ပေးခဲ့သဖြင့် လက်ရှိဝိညာဉ်စေတီဖြစ်လာခြင်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့်တစ်ခေါက်က သူနှင့် ရှီမာယူယူတို့သည် ဆက်သွယ် ချက်ရှိခဲ့သည်။ သူတို့တွင်လည်း ဆက်သွယ်ရန် ဝိညာဉ်ကျောက်ရှိသဖြင့် သန့်စင်ခြင်းကို ထိန်းချုပ်ရန် လွယ်ကူခဲ့သည်။

သို့သော် ထိုစဉ်က သူ၏အားမှာ မတိုးတက်သေးပေ။ လက်ရှိအားမှာ ပြီးခဲ့သည့်တစ်ခေါက်ကထက် ပိုကောင်းသောကြောင့် ပြဿနာတချို့ရှိခဲ့ သော်လည်း အောင်မြင်စွာ ပြီးမြောက်သွားသည်။

သည်တစ်ကြိမ်တွင် ဝိညာဉ်လေးကိုပါ ပြန်ပြင်နိုင်ရုံသာမက သူကိုယ်တိုင် လည်း အဆင့်တက်သွားသည်။

ဝူလင်းယူ ပြုံးပြသည်ကို ရှီမာယူယူ မြင်သောအခါ အောင်မြင်သွားသည် ကို သူမသိလိုက်သည်။ သို့သော် ဝိညာဉ်လေး အပြည့်အဝပြန်ကောင်းသည် မကောင်းသည်ကို မသိခင်မှာပင် လူသားလောကတွင် လှုပ်ရှားမှုဖြစ်လာသည်။

ရှီမာမိသားစုမှ လူများသည် တောင်အနောက်မှ ရွှေရောင်အလင်းတန်း များကြောင့် ထိတ်လန့်သွားသည်။ ရှီမာယူယူရှိနေသည့်ဘက်ဟု သိသည်နှင့် အားလုံးသည် ထိုနေရာသို့ ပျံသွားကြသည်။

ဂူရှေ့တွင် ရွှေရောင်အလင်းတန်းကို ငေးမောစွာကြည့်နေ‌သော ရှီမာချင်း ကိုမင်သောအခါ ရှီမာကျိယွင်နှင့်တခြားသူများသည် စိတ်လှုပ်ရှားစွာဖြင့် မေး ကြလေသည် “ဘိုးဘေးကြီး ယူယူ သူမက…”

ရှီမာချင်းသည် ခေါင်းခါလိုက်သည် “သူမ မနိုးသေးဘူး အလင်းတန်းက သူမ ခန္ဓာကိုယ်ထဲက ရုတ်တရက်ထွက်လာရုံတင်”

“အဲဒါဘာလဲ”

“ငါလည်းမသိဘူး သူမနဲ့ပတ်သက်တဲ့ တစ်ခုခုဖြစ်မှာပေါ့” ရှီမာချင်း ရေရွတ်လိုက်သည် “သူမ အဲဒီမှာလုပ်လိုက်တဲ့ကိစ္စကြောင့်ဖြစ်နိုင်တယ်”

“ဒါဆို သူမ ပြန်လာမှာလား”

ထိုမေးခွန်းကို မည်သူမှ မဖြေနိုင်ကြပေ။ သူတို့သည် တစ္ဆေလောကသို့ မသွားနိုင်သလို သူမကိုပြန်မခေါ်လာနိုင်သဖြင့် သူမ မကြာခင်ပြန်လာရန်ကို သာ ဆုတောင်းရုံရှိသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ပြည်မမှလူများသည် ထိုထူးချွန်လှသည့် အမျိုးသမီးကိုပင် မေ့လုနီးပါးဖြစ်လာသည်။ ထိုစဉ်က သူမနှင့်အတူရှိခဲ့သော သူများသာ သူမကိုမှတ်မိပြီး သူမလိုအပ်သည့် ဆေးများကိုအဆက်မပြတ်ပို့ခဲ့ ကြသည်။

ရှီမာမိသားစုမှ ရွှေရောင်အလင်းတန်းသည် အားလုံးကို ပြန်အာရုံစိုက်လာ စေသည်။ သူမ ပြန်လာ မလာကို သူတို့သိချင်နေကြသည်။

***

All Chapters