အခန်း ၁၉၉၄
Vol. 134 Ch. 1994
အပိုင်း (၁၉၉၄)
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် မီးများတောက်ပလျက် ရှိ၏။ သူသည် လောင်ကျွမ်းခြင်းကို ခံနေရ၏။ အလုံးစုံသော သွေးများ ဆူပွက်ပြီးသည့်နောက် သူသည် တစ်ကိုယ်လုံး ပူလောင်လျက် ရှိ၏။ အထူးသဖြင့် မျက်နှာပင် ဖြစ်ပြီး နီရဲနေ၏။
"အား"
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်၏။ နာရီအနည်းငယ်ခန့် ကြာပြီးသည့်နောက် တစ်ကိုယ်လုံး ကျွမ်းလောင်ခံရခြင်းသည် ရပ်တန့်သွား၏။ သူ၏ အသားအရေသည်လည်း ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်လာခဲ့၏။ လက်ရှိအချိန်မှာတော့ အနီရောင်ဆံပင်လူနှင့် သွေးမျိုးဆက်ချင်း ချိတ်ဆက်မှုကို ခံစားလာမိသည်။
စိတ်ကျေနပ်စရာ ကောင်းသည့် အပြုံးတစ်ခုသည် ဆံပင်အနီရောင်လူ၏ မျက်နှာထက်၌ ဖြစ်တည်လာခဲ့၏။ သူ၏သားသည် မသေဆုံးတော့ချေ။ ဤလောကကြီးတွင် အခြားသော ပုံစံတစ်ခုဖြင့် အသက်ရှင် နေထိုင်နေပြီ ဖြစ်၏။ အနီရောင်ဆံပင်နှင့်လူသည် အဘယ့်ကြောင့် ထိုသို့လုပ်ခဲ့ရသနည်း။ မိခင်၏ သွေးမျိုးဆက်ကို ဆက်ခံရခြင်းသည် ကံကြမ္မာကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ဖခင်၏ သွေးမျိုးဆက်ကို ပေးအပ်ပြီး ကမ္မ နှောင်ကြိုး ရစ်ဖွဲ့ရပေမည်။
"အဖေ"
ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ဖွင့်ကာဖြင့် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်"
ကုန်းစွန်းရော့လီအား အမေဟု ခေါ်ရခြင်းအတွက် သူသည် တစ်ချက်ကလေးမှ အို့တို့အမ်းတန်း မဖြစ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ သေမျိုးဆက်ကို ရရှိခဲ့သောကြောင့်ပင် ဖြစ်၏။ တခြားတစ်ဖက်မှ ပြောရမည်ဆိုလျှင် အနီရောင်ဆံပင်နှင့်လူကို အဖေဟု ခေါ်ဆိုရခြင်းသည် သူ့အတွက် ကြောင်တောင်တောင် နိုင်လွန်းလှ၏။ ယခု သွေးမျိုးဆက်သည် တည်ရှိနေသောကြောင့် ထိုအရာများသည် အဆင်ပြေသွားခဲ့သည်။
"အားအင်တွေ ဘယ်လောက်တောင် တိုးလာလဲ " အနီရောင် ဆံပင်နှင့်လူက မေးလိုက်၏။
"နည်းနည်းပါ" ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
အနီရောင်ဆံပင်နှင့် လူက ပြောလိုက်၏။ "ဒီအဆင့်ကို ရောက်ပြီးချိန်မှာ အားအင်အဆင့် နည်းနည်း တိုးတက်သွားတာ တော်ရုံ မဟုတ်ဘူးလေ။
"အင်း ဒါတော့ဟုတ်တယ်"
ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်မိသည်။
"မီးနယ်မြေဆီ မသွားခင် အချိန်အနည်းငယ် လိုသေးတယ်။ ဒီအတောအတွင်း အဖေတတ်ထားတဲ့ သိုင်းနည်းစနစ် တွေ အကုန်လုံးကို လွှဲပြောင်းပေးမယ်"
တစ်ဖက်လူ၏ သွေးမျိုးဆက်ကို ရရှိခဲ့သောကြောင့် ကျွင်းချောင်ရှောင်းသည် တွန့်ဆုတ်မနေတော့ချေ။ ပြောသည့်စကားကို နားထောင်လျက် ရှိနေ၏။
ယခင်တုန်းက ကျွင်းချောင်ရှောင်းသည် နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်၏။ ယခု အနီရောင်ဆံပင်နှင့်လူ၏ သန့်စင်ခြင်းကိုးမျိုး ချော်ရည် သွေးမျိုးဆက်ကို လက်ခံရရှိခဲ့သောကြောင့် မီးဓာတ်အမျိုးအစား ခန္ဓာကိုယ်နှစ်ခုကိုပိုင်ဆိုင်သောသူ ဖြစ်လာခဲ့၏။ ထို့ကြောင့်ပင်လျှင် မီးဓာတ် သိုင်းကျင့်ကြံခြင်းများကို လေ့ကျင့်ရန် လွယ်ကူသွားခဲ့သည်။
"မယုံကြည်နိုင်စရာပဲ"
အနီရောင်ဆံပင်နှင့်လူသည် သူလွှဲပြောင်းပေးအပ်ခဲ့သည့် သိုင်းနည်းစနစ်များကို သူ၏ လွယ်လွယ်ကူကူ နားလည်နေကြောင်း မြင်ရတော့ အလုံးစုံ ဆွံ့အနေခဲ့၏။
"ပါရမီရှင်ပဲ တစ်ကယ့်ကို ပါရမီရှင်ပဲ"
"အဖေ"
ကျွင်းချောင်ရှောင်းသည် တောင်းဆိုလိုက်မိသည် "နတ်မီးလှောင်ချိုင့် နည်းစနစ်ကို သင်ပေးပါလား"
အနီရောင်ဆံပင်နှင့် လူသည် ထာဝရလောကကြီးကို လာရောက် တိုက်ခိုက်စဉ်က ထိုအရာကို ထုတ်ဖော် အသုံးပြုခဲ့၏။ ရှောင်ကျီသာ သတ်ဖြတ်ခံရခြင်း မရှိပါက သူသည် ထိုထဲတွင် အချိန်အတော်အကြာ ပိတ်မိနေမှာ သေချာ၏။ သူ၏ ကျင့်ကြံခြင်းသည် တိုးတက်သွားခဲ့သည်ဆိုလျှင်တောင်မှ နတ်ဆိုးအင်ပါယာနှင့် ရင်ဆိုင်သည့် နေရာတွင် တစ်ပန်းသာနိုင်၏။
"အင်း …. ဟုတ်တယ်"
အနီရောင်ဆံပင်နှင့်လူသည် ဆက်ကာ ပြောလိုက်၏။ "ဒီနည်းစနစ်က အရမ်း နက်နဲလွန်းတယ်။ နှစ်ပေါင်းထောင်ချီပြီး လေ့လာနိုင်မှ နားလည်မှာ။ ဒါတောင်မှ သုံးပုံတစ်ပုံကို နားလည်ဖို့ပဲ ဖြစ်လိမ့်မယ်"
"ရပါတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အချိန်ရှိပါတယ်"
"ကောင်းပြီ"
အနီရောင်ဆံပင်နဝင့် လူသည် ကြက်သွေးရောင်စာအုပ်တစ်ခုကို သူ၏ဂွကြားမှ ထုတ်ယူကာ ပြောလိုက်၏။ "ဒါက သိုင်းကျမ်းပဲ"
"………."
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ အဘယ့်ကြောင့် လျို့ဝှက်သိုင်းကျမ်းကို ဂွကြားထဲတွင် ထည့်ထားရသနည်း။
တခြားနည်းလမ်းလည်း မရှိချေ။ သူလေ့ကျင့်ရပေလိမ့််မည်။ ကျွင်းချောင်ရှောင်းသည် ကျမ်းစာကို ယူပြီးနောက် စတင်ကာ လေ့လာတော့၏။ သူသည် နောက်တစ်ရက်မှာပဲ အောင်မြင်စွာ နားလည်သွားခဲ့တော့၏။ မြန်ဆန်လွန်းလှချေသည်။
“ဘာ ….”
အနီရောင်ဆံပင်နှင့်လူသည် အံ့အားသင့်သွား၏။ "မင်းနားလည်သွားပြီ ဟုတ်လား"
ယုံကြည်ရန် အလို့ငှာ ကျွင်းချောင်ရှောင်းသည် လက်ကို ခါယမ်းလိုက်၏။ သူ့၏ရှေ့တွင် မီးတောက်တစ်ခုသည် ဖရဲသီး အရွယ်အစားခန့် ဖြစ်တည်လာခဲ့၏။ ပြီးနောက် သူက ပြောလိုက်သည် "မကျွမ်းကျင်သေးဘူး။ ဒီအရွယ်အစားလောက်ပဲ ဖန်တီးနိုင်သေးတယ်"
"……."
အနီရောင်ဆံပင်နှင့်လူသည် အလုံးစံ ဆွံ့အလျက် ရှိနေ၏။ အချိန်အတော်ကြာပြီးသည့်နောက် သူသည် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လျက် ရှိနေသည်။ တကယ့်ကို မွန်းစတားပဲ။
သူသည် ဤနည်းစနစ်ကို နားလည်နိုင်ရန်အတွက် နှစ်ပေါင်းထောင်ချီ ကြိုးစားခဲ့ရ၏။ သို့ပေမဲ့ သူ၏သားသည် တစ်ရက်တည်းဖြင့် အောင်မြင်သွားခဲ့၏။ သူ့အား ကြီးကြီးမားမား ရိုက်နှက်လိုက်ခြင်းပင်။
အနီရောင်ဆံပင်နှင့် လူမှာ ကျွင်းချောင်ရှောင်း မြန်ဆန်နေခြင်းသည် အသိအမြင်အဆောင်ကို ချိုးချေခဲ့သောကြောင့် ဖြစ်ကြောင်း မသိချေ။ အသိအမြင်အဆောင်သာ လုံလောက်အောင် အားကောင်းပါက သူသည် မည်သည့်အရာကို မဆို နားလည်နိုင်စွမ်း ရှိနေ၏။
"တစ်ခုနဲ့ မလောက်ဘူးလား။ နောက်တစ်ခု ထပ်ချိုးမယ်"
ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့သော အရာမျိုးကို ထပ်တလဲလဲ ပြုလုပ်ခဲ့သည်။
"အံ့အားသင့်စရာပဲ"
အနီရောင်ဆံပင်နှင့် လူသည် လက်မထောင်ပြလိုက်၏။ "မင်းက တကယ့်ကို ငါ့သားပဲ"
များပြားလှသည့် သိုင်းနည်းစနစ်များနှင့် နတ်ဘုရားစွမ်းရည်များကို လေ့ကျင့်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် ပြောင်းလဲလာခဲ့၏။ မိဘအမွေကို ဆက်ခံခဲ့ရသောကြောင့် ထူးခြားလာခဲ့ခြင်းပင်။ သွေးမျိုးဆက်နှစ်ခုကို ပေါင်းစပ်ပြီးသည့်နောက် သူ၏အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့၏။ ထာဝရလောကထဲမှ ထွက်ခွာလာသည်မှာ တစ်လကျော်သာ ရှိသေး၏။ သို့ပေမဲ့ သူသည် ကြီးကြီးမားမား တိုးတက်နေသည်ဟု ခံစားနေမိသည်။
"အင်း …. မိုးကောင်းကင် နတ်ဆိုးအင်ပါယာနဲ့ ရင်ဆိုင်ဖို့ လုံလောက်တဲ့ အားအင်တွေ ရှိလာပြီ "
"မလုံလောက်သေးဘူး"
အနီရောင်ဆံပင်နှင့်လူက ပြောလိုက်၏။ "အဲဒီ မီးနယ်မြေမှာ သန့်စင်တဲ့ မီးဓာတ်သဘာဝတွေ ရှိတယ်။ ဒီဟာတွေကိုသာ သန့်စင်နိုင်မယ်ဆိုရင် မင်းရဲ့အားအင်အဆင့်က ပိုပြီးတော့ တိုးတက်လာလိမ့်မယ်။ ပြီးတော့ အခုလေ့လာနေတဲ့ နတ်မီးနည်းစနစ်ကိုလည်း ပိုပြီးတော့ နားလည်လာတာပေါ့"
"တကယ်လား"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့သည်။
………
မီးနယ်မြေ
မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ပုန်းအောင်းနေရ၏။ သူသည် မျောက်ဘုရင်ကြီး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ တစ်ခါတည်း မသေဆုံးခဲ့တောင်မှ ပြင်းပြင်းထန်ထန် အားနည်းလို့ နေ၏။ လက်ရှိအခြေအနေတွင် သာမန် အစစ်အမှန်ရှာဖွေခြင်း ကျင့်ကြံသူတစ်ယောက် လာရောက် သတ်ဖြတ်လျှင်ပင် သေဆုံးသွားနိုင်ဖွယ် ရှိနေ၏။ ကျွင်းချောင်ရှောင်းဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
"ကျွင်းချောင်ရှောင်း"
ကိုယ့်ကိုယ်ကိုယ် ကုသလျက် ရှိနေသည့် နတ်ဆိုးအင်ပါယာသည် ဒေါတကြီးဖြင့် ပြောလိုက်၏။ "မင်းငါ့ကိုစောင့်နေ"
သူသည် ဒဏ်ရာများကို ကုသရန်အတွက် အဆုံးအစမဲ့ စကြ၏ဝဠာထဲတွင် ပုန်းအောင်းရန် စဉ်းစားခဲ့မိ၏။ ပြီးနောက် အရာအားလုံးကို ပိုင်ဆိုင်နိုင်ရန်အတွက် လောကကြီး တစ်ခုလုံးကို ဝါးမြိုပစ်ရန် ဆုံးဖြတ်ထားသည်။ သို့ပေမဲ့ စိတ်ကူးရုံသာ ရှိ၏။ သူ၏ လက်တလော အားအင်အဆင့်သည် ထိုသို့ပြုလုပ်ရန် အခွင့်အရေးမပေးချေ။ ထို့ပြင် အထက်စကြာဝဠာထဲတွင် ဂြိုဟ်ပေါင်း တစ်သိန်းကျော် တည်ရှိနေ၏။ ထိုအရာများကို အစာအဖြစ် စားနိုင်ဖို့ ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။ မည်သို့ပင် ဆိုစေကာမူ သူလက်တလော ပြုလုပ်ရမည်မှာ ကျွင်းချောင်ရှောင်း မမြင်အောင် ပုန်းအောင်းနေခြင်းပင်။ မဟုတ်ပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။
"မဟုတ်သေးဘူး"
ရုတ်တရက် မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် မကောင်းသည့်ခံစားချက်များကို ရရှိလာခဲ့၏။ သူပုန်းအောင်းနေသည့် နေရာကို ကျွင်းချောင်ရှောင်း တွေ့ရှိသွားပြီလား။ သူ၏ အလိုလိုသိစိတ်နှင့် အသက်ရှင်သန်ချင်စိတ်သည် အားကောင်းလွန်းလှ၏။
"ဟိုကောင်က ကျွင်းချောင်ရှောင်းရဲ့ သတ်ဖြတ်ခြင်းကို တစ်ခါခံခဲ့ရတယ် ဆိုတာ မယုံကြည်ရဘူး။ မြန်မြန် ထွက်သွားတာ ကောင်းလိမ့်မယ်"
မိုးကောင်းကင် နတ်ဆိုးအင်ပါယာ ထွက်ခွာရန် ပြင်နေတုန်းမှာပဲ လူတစ်ယောက် ရောက်ရှိလာသည်။
"ဘယ်သူလဲ"
"မွေးစားအဖေ … ကျုပ်ပါ"
လင်းလီသည် အမှောင်ထဲမှ လျှောက်ထွက်လာခဲ့၏။ စကြဝဠာနတ်တိုက်ပွဲ၌ မွေးစားသား ရှစ်ဆယ့်တစ်ယောက် ထဲတွင် တော်တော်များများသည် ပြိုင်စံရှားဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ လင်းလီသည် အသက်ရှင်လျက် ကျန်ခဲ့၏။
"မင်း ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ" မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် အေးစက်စက် မေးမြန်းလိုက်သည်။
လင်းလီသည် ကြောက်လန့်သည့် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။ "ကျွင်းချောင်ရှောင်းက မီးပင်လယ်ကို လာနေပြီ"
"ထင်ထားတဲ့ အတိုင်းပဲကို"
မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် တင်းမာခက်ထန်သည့် အမူအရာဖြင့် ပြောလိုက်၏။ "ဒီကောင် ငါ့ကိုရှာတွေ့သွားတာပဲ"
သူသည် ချက်ချင်းလှည့်ကာ ပြောလိုက်သည်။ "အမှောင် ချောက်ကမ်းပါးကို သွားကြရအောင်"
ဇွိ ….။
အသံထွက်ပေါ်လာပြီးသည့်နောက် လက်ငါးချောင်းသည် သူ၏ရင်ဘတ်ထဲသို့ ထိုးဝင်သွားခဲ့၏။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။
"မွေးစားအဖေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူပါတော့"
"လင်းလီ"
မိုးကောင်းကင် နတ်ဆိုးအင်ပါယာ မျက်လုံးသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။ "သစ္စာဖောက်သား"
ဘန်း ……။
လင်းလီသည် လက်ငါးချောင်းဖြင့် တစ်ဖက်လူ၏ နှလုံးသားတစ်ခုလုံးကို ဆွဲထုတ်လိုက်၏။
မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ ခန္ဓာကိုယ်သည် ပျော့ခွေသွားခဲ့၏။ ဤစာအုပ်၏ အဓိကဗိလိန်ကြီးသည် သူ မွေးမြူထားသော ဝံပုလွေလက်ထဲတွင် သေဆုံးသွားခဲ့လေသည်။