← Chapters

အခန်း ၁၉၉၅

Vol. 134 Ch. 1995

အခန်း ၁၉၉၅

Vol. 134 Ch. 1995

အပိုင်း (၁၉၉၅)

မိုးကောင်ကင်နတ်ဆိုးအင်ပါယာ - ခေတ်သစ်တစ်ခုကို ပြောင်းလဲချင်သော ဗီလိန်တစ်ယောက်၊ သူသည် သူ၏မွေးစားသား လက်ထဲတွင် သေဆုံးခဲ့လေ၏။ ဤကဲ့သို့သော အဆုံးသတ်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူကမှ တွေးထင်လိမ့်မည် မဟုတ်ချေ။ ရုတ်တရက် ဆန်လွန်းလှ၏။ သို့ပေမဲ့ တကယ်ပင် ဖြစ်ပျက်ခဲ့လေသည်။

လင်းလီသည် အဘယ်ကြောင့် သူ၏အဖေကို သတ်ဖြတ်ပစ်သနည်းဟု တချို့သော သူများက မေးမြန်းပေလိမ့်မည်။ ထိုအကြောင်းကို ပြောရမည်ဆိုလျှင် အပိုင်းအနည်းငယ် ကြာမြင့်ပေလိမ့်မည်။ အတိုချုပ် ပြောရမည် ဆိုလျှင်တော့ သူချစ်ခင်နှစ်သက်သည့် အမျိုးသမီးကြောင့်ဟု ပြောဆိုရပေလိမ့်မည်။

လင်းလီသည် အရူးမဟုတ်ချေ။ သူ၏ ဒေါသတရားများကို ပြိုင်စံရှားဂိုဏ်း အပေါ်တွင် ပုံချခဲ့သည်ဖြစ်သော်လည်း မူကျင်းကို သတ်ဖြတ်ခဲ့သူသည် သူ၏မွေးစားအဖေဖြစ်ကြောင်း သေသေချာချာ နားလည်ပြီးဖြစ်၏။ သူသည် လက်စားချေရန် တွေးတောခဲ့၏။ သို့ပေမဲ့ ထိုကဲ့သို့ ပြုလုပ်ရန် သတ္တိ မရှိလှချေ။ အကြောင်းအရာမှာ အနိုင် မယူနိုင်သောကြောင့်ပင်။

ယနေ့အချိန်မှာတော့ သူသည် ပြည့်စုံလွန်းလှသည့် အခွင့်အရေးကို ရရှိခဲ့ပြီဖြစ်၏။ လင်းလီ၏ ရုတ်တရက် တိုက်ခိုက်မှုသည် မထင်မှတ်ထားသည့် တိုက်ခိုက်မှုမျိုး ဖြစ်သည့်အပြင် နှစ်ပေါင်းများစွာ ထားရှိသည့် အငြှိုးအတေးများ ပါရှိ၏။ ထို့ကြောင့်ပင်လျှင် တစ်ဖက်လူသည် တစ်ခါတည်း သေဆုံးသွားခဲ့သည်။ အောင်မြင်ခဲ့သည်ဟု ပြောရပေမည်။

စကြဝဠာ တစ်ခုလုံးကို ဘေးအန္တရာယ် ပေးအပ်ခဲ့သည့် ဗီလိန်ကြီးသည် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ ထိုအခြင်းအရာကို သိသည်ဆိုပါက ကျွင်းချောင်ရှောင်းသည် ကျိန်းသေပေါက် သွေးအန်ထွက်ပေလိမ့်မည်။ စကြဝဠာကြီးကို ကယ်တင်ရန်အလို့ငှာ သူ၏လက်ဖြင့် ဗီလိန်ကြီးကို သတ်ဖြတ်ချင်၏။ သို့ပေမဲ့ တခြားသူသည် လက်ဦးသွားခဲ့ပြီ ဖြစ်သည်။

“ကျင်းအာ”

လင်းလီသည် ဦးခေါင်းကို မော့လိုက်ချိန်မှာတော့ မျက်လုံးအိမ်ဆီမှ မျက်ရည်များ ကျဆင်းလာခဲ့၏။ “နောက်ဆုံး မှာတော့ မင်းအတွက် လက်စားချေနိုင်ခဲ့ပြီ”

.........

ဆွစ်

ထာဝရရွက်သင်္ဘောကြီးသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလာခဲ့ပြီး မီးနယ်မြေဆီသို့ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

ဆွစ်

သို့ပေမဲ့ ထိုနေရာသို့ မရောက်ခင်မှာပဲ အလင်းတန်းတစ်ခုသည် လေဟာနယ်ထဲသို့ ဖြတ်သန်းလာခဲ့ပြီး အနီရောင် ဆံပင်နှင့်လူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ဤအရာသည် သူ့အားကြောင်အသွားခဲ့၏။

“အဖေ... ဘာဖြစ်လို့လဲ” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

အနီရောင်ဆံပင်နှင့်လူသည် ခဏလောက် ကြောင်အသွားပြီးသည့်နောက် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ငါ့ရဲ့ ဝိညာဉ်အရင်းအမြစ် ပြန်ရောက်လာပြီ”

“ပြန်ရောက်လာပြီ ဟုတ်လား” ကျွင်းချောင်ရှောင်းက ကြောင်အသွား၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ လက်ထဲတွင် ရှိနေသည့် ဝိညာဉ်အရင်းအမြစ် မဟုတ်ပေဘူးလား။ အဘယ်ကြောင့် ပြန်ရောက်လာရသနည်း။ သို့မဟုတ် တစ်ဖက်လူသည် လွတ်မြောက်ခွင့် ပေးသည့်အနေဖြင့် သူ့အဖေ၏ ဝိညာဉ်ကို လက်လွှတ်ပေးလိုက် သည်လား။

မဖြစ်နိုင်ချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည်သာ ဤကဲ့သို့ အလုပ်မျိုးကို လုပ်သည်ဆိုပါက ကျိန်းသေပေါက် သူ ကင်းမြီးကောက် ထောင်ကာ ချေးစားပြမည်။

အနီရောင်ဆံပင်နှင့်လူသည်လည်း အံ့အားသင့်လျက်ရှိ၏။ သို့ပေမဲ့ သူသည် အဖြေရှာမရနိုင်ခဲ့ချေ။ ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်သည်။ “ဘာပဲပြောပြော ငါလွတ်လပ်ပြီ”

ဤနှစ်ပိုင်းအတွင်း သူသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ ထိန်းချုပ်မှုကို ခံခဲ့ရ၏။ သူ၏ ဝိညာဉ်အရင်းအမြစ် ပြန်ရောက်လာပြီ ဖြစ်သောကြောင့် ကျိန်းသေပေါက် လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။

“သား”

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်သည်။ “မင်းနဲ့ ငါ ပူးပေါင်းပြီးတော့ စကြဝဠာကြီးကို ဘေးဒုက္ခတွေ ပေးနေတဲ့ ဗီလိန်ကြီးကို သုတ်သင်ရှင်းလင်းပစ်ကြတာပေါ့”

“ကောင်းပြီ”

ဆွစ်

ထာဝရရွက်သင်္ဘောကြီးသည် စကြဝဠာကို ဖြတ်သန်းကာဖြင့် မီးနယ်မြေထဲသို့ မကြာခင် ဝင်ရောက်လာခဲ့၏။ သူတို့ မျက်လုံးနှင့် မြင်နေရသည့် နေရာတိုင်းတွင် မီးများ တောက်လောင်လျက်ရှိသည်။ ပွက်ပွက်ဆူ နေသည့် မီးတောင်ကြီး၏ အတွင်းပိုင်းသို့ ရောက်ရှိနေသကဲ့သို့ပင်။ သာမန်သိုင်းကျင့်ကြံသူများအနေဖြင့် ဤကဲ့သို့ ပူလောင်လှသည့် ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရန် ခက်ခဲပေလိမ့်မည်။

သို့ပေမဲ့ မီးဓာတ်အမျိုးအစား နှစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သော ကျွင်းချောင်ရှောင်း မှာတော့ အပူဒဏ်ကို မခံစား ရရုံသာမက စမ်းချောင်းထဲတွင် ရေဆင်းချိုးလိုက်သလို အလွန် သက်တောင့်သက်သာဖြစ်သော ခံစားချက်မျိုးကို ရရှိနေ၏။ သို့ပေမဲ့ ဤတည်နေရာဆီသို့ ရောက်ရှိလာခြင်းမှာ ဇိမ်လာခံခြင်း မဟုတ်ချေ။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို ရှာဖွေခြင်းပင်ဖြစ်၏။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ နတ်ဘုရားစွမ်းရည်များကို ဖြန့်ကျက်ကာဖြင့် မီးနယ်မြေတစ်ခုလုံးဆီသို့ ဖြန့်ကျက်ကာ ကြည့်ရှုလိုက်၏။

“ဘယ်သူမှ မရှိဘူးလား”

ခဏလောက် ရှာဖွေပြီးသည့်နောက် ဘာတစ်ခုကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်သည်။ “ဒီလူက ကြိုသိလို့ နေရာပြောင်းသွားတာလား မသိဘူး”

“ဒါဆိုရင် ပြဿနာပဲ”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သည် ဒဏ်ရာရရှိသွား၏။ ထို့ကြောင့် တစ်ဖက်လူအား သတ်ဖြတ်ပစ်ရန် အကောင်းဆုံး အခွင့်အရေးပင်။ ဤအခြေအနေကို လွဲချော်သွားမည်ဆိုပါက ကျိန်းသေပေါက် အနာဂတ်တွင် ပြဿနာကြီး ဖြစ်လာနိုင်၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တချိန်ချိန်တွင် ပြန်လည်ပေါ်ပေါက်လာပြီး ကြီးမားလှသည့် လှည့်ကွက် ကြီးကို ပြုလုပ်ဆောင်ရွက်မည်ကို ကျွင်းချောင်ရှောင်းက စိုးရိမ်နေမိ၏။

“နေအုံး” က

ျွင်းချောင်ရှောင်းသည် တည်နေရာတစ်ခုဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ သူ၏သိစိတ်ကို ရပ်တန့် လိုက်၏။ ဤတည်နေရာတွင် သွေးများ ကျဆင်းလျက် ရှိနေ၏။ ခြစ်ခြစ်တောက် ပူလောင်လှသော တည်နေရာတွင် ဤသွေးများသည် အငွေ့ပျံမသွားခဲ့ချေ။ ထို့ကြောင့် သူသည် ဤတည်နေရာဆီသို့ လှမ်းသွားလိုက်သည်။

ပြန့်ကျဲလျက်ရှိသော အပိုင်းအစများကို မြင်ရသည့်အချိန်မှာတော့ သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါ ဘာတွေလဲ”

“နှလုံးသားတစ်ခုပဲ” အနီရောင်ဆံပင်နှင့်လူက အနောက်မှ လိုက်ပါလာခဲ့သည်။

“ဘယ်သူ့ရဲ့ နှလုံးသားလဲ” ကျွင်းချောင်ရှောင်းက ကြောင်အသွား၏။

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်သည်။ “ဒီနေရာက မိုးကောင်းကင်နတ်ဆိုးအင်ပါယာ တစ်ယောက်တည်း ရှိတာလေ”

“ဖြစ်နိုင်တာ” ကျွင်းချောင်ရှောင်းသည်လည်း မျက်လုံးပြူးသွား၏။

အနီရောင်ဆံပင်နှင့်လူသည် အသာလှမ်းလျှောက်လာပြီးသည့်နောက် သူ၏စွမ်းအင်များဖြင့် သွေးများကို လွှမ်းခြုံ လိုက်၏။ ခဏလောက် စစ်ဆေးပြီးသည့်နောက် သူက ပြောလိုက်သည်။ “ဒီလူရဲ့ သွေးတွေပဲ”

“မဖြစ်နိုင်ဘူး မဟုတ်လား” ကျွင်းချောင်ရှောင်းက အံ့အားသင့်သွားမိ၏။

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ဒဏ်ရာတွေနဲ့ ပြန်လာတဲ့ အချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်မှာ သွေးတွေစွန်းထင်းနေတာကို ငါသတိပြုမိတယ်လေ”

“အင်း...” ကျွင်းချောင်ရှောင်းက လက်မထောင်ပြလိုက်၏။ သွေးတွေ ထွက်နေသည့် လူတစ်ယောက်ကို မြင်ခဲ့ဖူးပြီ ဖြစ်ပြီး ဤတည်နေရာတွင် သွေးများရှိသည်ဆိုမှာတော့ ကျိန်းသေပေါက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ သွေးပင် ဖြစ်ပေလိမ့်မည်။ သူ၏ အဖေသည် တကယ့် ကြောက်ခမန်းလိလိ စုံထောက်ကဲ့သို့သော ဉာဏ်ပညာ မျိုးဖြင့် ပြည့်စုံသူ ဖြစ်ရပေလိမ့်မည်။

“သောက်ကျိုးနည်း”

ဤအရာမှာ အရေးကြီးသည် မဟုတ်ချေ။ အရေးကြီးသည်မှာ ဤနေရာတွင် နှလုံးသား တစ်ခု၏ သွေးများ ကျဆင်းနေသည်ဆိုမှတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သေဆုံးသွားခဲ့လေသည်လား။

“သူသေသွားပြီဖြစ်မယ်”

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်၏။ “သူရဲ့နှလုံးသားက ပျက်ဆီးသွားပြီ။ ပြီးတော့”

သူက ထပ်ပြောလိုက်သည်။ “မင်းအဖေရဲ့ ဝိညာဉ်အရင်းအမြစ်က မူလနေရာကို ပြန်ရောက်လာခဲ့တာ ဒါကြောင့်ပဲ ဖြစ်မယ်”

သူ့အဖေ၏ အကျိုးအကြောင်း သင့်လျော်လှသော စကားလုံးများကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် ပထမ တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ပြီးနောက် စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိဖွာရှိုက်လိုက်၏။ “စကြဝဠာတစ်ခုလုံးက ငြိမ်းချမ်းသွားပြီလား”

ပြောရမည်ဆိုလျှင် တကယ်ပင် ရုတ်တရက်ဆန်လွန်းလှ၏။ ဤတည်နေရာတွင် မေးခွန်းတစ်ခု တည်ရှိနေ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို မည်သူက သတ်ဖြတ်ပစ်လိုက်သနည်း။ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမည်ဟု မထင်ချေ။

အနီရောင်ဆံပင်နှင့်လူသည် ပတ်ဝန်းကျင်တစ်ခုလုံးကို သေသေချာချာ လှည့်ပတ်ကြည့်ရှုပြီးသည့်နောက် ပြောလိုက်၏။ “အင်း.. ဒီနေရာမှာ တိုက်ခိုက်တဲ့ အရိပ်အယောင်မျိုးလည်း မရှိဘူး။ ပြောရမယ်ဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာက အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်ခြင်း ခံလိုက်ရတာပဲ”

“ဒီလို ကိစ္စမျိုးကို လုပ်တယ်ဆိုတာ သူ့ရဲ့ အသိအကျွမ်း တစ်ယောက်ယောက်ပဲဖြစ်မယ်”

ကျွင်းချောင်ရှောင်း သည် ဆေးလိပ်မီးခိုးငွေ့များကို မှုတ်ထုတ်ရင်း စုံထောက်ကြီး ရှားလော့ဟုမ်း ကဲ့သို့ပင် ဟန်ထုတ်လျက် ရှိနေသည်။

“အမှန်ပဲ” အနီရောင်ဆံပင်နှင့်လူက သဘောတူညီလိုက်၏။

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အရာအားလုံးက ကျုပ်တို့ ခန့်မှန်းထားတဲ့ အတိုင်း ဖြစ်လာမယ်ဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့တာပဲ။ နောက်ကျောကို ဓားနဲ့ထိုးခံရတာပေါ့”

“ဆိုးတာက သူက ငါတို့ သားအဖရဲ့ လက်ထဲမှာ မသေသွားတာပဲ”

အနီရောင်ဆံပင်နှင့်လူသည် အနည်းငယ် စိတ်ပျက်လို့ နေခဲ့၏။

“ဒါက ကိစ္စမရှိဘူး”

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။ “အနည်းဆုံး ဒီလူ သေသွားပြီဆိုတော့ အထက်စကြဝဠာကြီးရဲ့ ဘေးအန္တရာယ်က ဖြေရှင်းပြီးသား ဖြစ်သွားပြီပေါ့”

“အင်း”

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်၏။ “အတိတ်က အမှားတွေအတွက် ပြန်ပြီး ပြင်ဆင်ရမယ်။ ဘဝ တစ်သက်တာလုံး မင်းအမေအနားမှာ အတူနေရမယ်”

“ကျုပ်လည်း ကျုပ်ကိုလိုအပ်နေတဲ့ လူအများကြီး ရှိသေးတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် လုပ်စရာ အများကြီး ရှိနေသေးသည်။ ထို့အတူ နှင်းဆီဧကရီနှင့် မင်္ဂလာဆောင်ရပေဦးမည်။ ထို့အပြင် ရတနာကဲ့သို့ တန်ဖိုးထားရသည့် သူ၏တပည့်များကလည်း တည်ရှိလို့နေသေးသည်။

“ငါ့သားရဲ့ အားအင်အဆင့်အရဆိုရင်”

အနီရောင်ဆံပင်နှင့်လူက ပြောလိုက်၏။ “အန္တိမကုန်းမြေတိုက်ကြီးဆီ လှမ်းတက်နိုင်မှာ သေချာတယ်”

ဘာမှမကြာသေးသော အချိန်တစ်ခုဖြစ်သော်လည်း ကျွင်းချောင်ရှောင်း၏ စွမ်းဆောင်ရည်ကို သူအလုံးစုံ သိရှိ နားလည်နေပြီဖြစ်၏။ ကျိန်းသေပေါက် အနာဂတ်တွင် အထက်စကြဝဠာတစ်ခုလုံး၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ပါး ဖြစ်လာမှာ သေချာသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သာမန်ဘဝနဲ့ပဲ နေချင်တယ်”

သူသည် အန္တိမကုန်းမြေတိုက်ထဲသို့ ဝင်ရောက်ခွင့်ရနိုင်သော အခွင့်အရေးကို တစ်ကြိမ် ဆုံးရှုံးခဲ့ပြီးပြီဖြစ်၏။ သူ့အတွက် အဆင့်မြင့်ကျင့်ကြံခြင်းဆိုသည်မှာ ဘာမှမဟုတ်ချေ။ အထက်စကြဝဠာထဲတွင် ပျော်ရွှင်သည့် ဂိုဏ်းချုပ်တစ်ယောက်အဖြစ် နေထိုင်ရခြင်းကို နှစ်သက်၏။ သူသည် အမျိုးအဆွေများ၊ တပည့်များ၊ အနာဂတ် တပည့်များ၊ အနာဂတ် မျိုးဆက်သစ်များနှင့်အတူ အေးအေးချမ်းချမ်း ကျင့်ကြံနေချင်သည်။

“အဓိကတာဝန်က ဘာလဲ” စနစ်က မေးမြန်းလိုက်၏။

“မသိဘူး။ လုပ်ချင်တဲ့လူ လုပ်ကြ။ ငါ မလုပ်ချင်တော့ဘူး”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကို မော့ကြည့် လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ငါ ပင်ပန်းနေပြီ”

သူသည် ဂိုဏ်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့သည့်အတောအတွင်း များပြားလှသည့် တာဝန် ဝတ္တရားများကို ပြုလုပ်ခဲ့ရ၏။ ထိုအရာသည် သူ့အား ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စေခဲ့၏။ ယခု အဓိကတာဝန် တည်ရှိနေသည်ဆိုလျှင်တောင်မှ ဝိညာဉ်ချိန်ကိုက်ဗုံး မရှိသည်ဖြစ်သောကြောင့် သူသည် ထိုတာဝန်ကို ဆက်မလုပ်တော့ရန် ဆုံးဖြတ်လိုက်တော့၏။

“အင်း”

စနစ်က ပြောလိုက်သည်။ “မင်းက တာဝန် မယူတတ်တဲ့ကောင်ပဲ”

“အဖေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပြန်ကြစို့”

“ပထမဆုံး ဒီမှာရှိနေတဲ့ မီးဓာတ်တွေကို စုပ်ယူလိုက်အုံး” အနီရောင်ဆံပင်နှင့်လူက သတိပေးလိုက်သည်။

“ကောင်းပါပြီ” ကျွင်းချောင်ရှောင်းသည် နှောင့်နှေး မနေတော့ချေ။ ပတ်ဝန်းကျင် တည်နေရာတွင် ရှိနေသော မီးဓာတ်များကို စတင်ကာ စုပ်ယူနေတော့၏။ ရက်အနည်းငယ် ကြာပြီးသည့်နောက် သန့်စင်လှသည့် မီးဓာတ် သဘာဝများသည် စုပ်ယူခြင်းကို ခံလိုက်ရ၏။

၎င်းတို့နှစ်ယောက်သည် ထာဝရလောကကြီးဆီသို့ ပြန်လာခဲ့၏။ လမ်းတလျှောက်မှာတော့ ကျွင်းချောင်ရှောင်း သည် စိတ်သက်သာရာရသလို ခံစားနေမိ၏။ သူ၏ အားအင်အဆင့် တိုးတက်လာသည်သာမက သူ့အနေနှင့် အမှန်တရား၏ ဘက်တော်သားကဲ့သို့ အသက်ကို အသေခံ၍ တိုက်ခိုက်ရန် မလိုအပ်တော့ချေ။ သူသည် တာဝန် ဝတ္တရားများဆီမှ လွတ်လပ်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် စကြဝဠာကြီးအနှံ့ လှည့်လည်ကာ လည်ပတ်နိုင်စွမ်း ရှိတော့မည်။

သို့ပေမဲ့ တခြားသော စကြဝဠာ ပတ်လမ်း တစ်ခုအတွင်းမှာတော့ များပြားလွန်းလှသော နတ်ဆိုးချီများသည် တဖြည်းဖြည်း စုစည်း လာခဲ့ပြီး သန္ဓေသားတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့သည်။

ဘုန်း

မကြာခင်မှာပဲ နတ်ဆိုးချီများ ပေါက်ကွဲထွက်သွား၏။ လင်းလီသည် ထိုအထဲမှ လျှောက်ထွက်လာခဲ့၏။ သူ၏ မျက်လုံးထဲတွင် အေးစက်သည့်အလင်းတန်းများ ဖြစ်တည်နေခဲ့၏။ “အင်း... ငါ ငါ့မွေးစားအဖေရဲ့ အလုပ်တွေကို ဆက်ပြီးပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင် အန္တိမကုန်းမြေတိုက်ထဲ ဝင်ခွင့်ရမှာပဲ။ ဒါဆိုရင် ကျင်းအာကို အသက် ပြန်ရှင်အောင် လုပ်ပေးနိုင်စွမ်း ရှိလိမ့်မယ်”

All Chapters