← Chapters

အခန် ၁၉၉၆

Vol. 134 Ch. 1996

အခန် ၁၉၉၆

Vol. 134 Ch. 1996

အပိုင်း (၁၉၉၆)

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သေသွားပြီဟုတ်လား”

ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကျန့်ကွေ့ရှုနှင့် တစ်ခြားသော သူများကို ထိုသတင်းပြောပြလိုက်၏။ အားလုံးသောသူတို့သည် မယုံကြည်နိုင်သလို ဖြစ်လို့နေခဲ့၏။ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်နှင့်ပင် နှိုင်းယှဉ်၍ရနိုင်သည့် နတ်ဆိုးကြီးသည့် ဂိုဏ်းချုပ်ကျွင်း၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်မဟုတ်ဘဲ သူ့လူ၏လက်ထဲတွင် ပြန်ကာသေဆုံးသွားခဲ့၏။ ဤအရာသည် အနည်းငယ်မယုံကြည် နိုင်ဖွယ်ပင်။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “အချိန်ကာလတစ်ခုအထိ သူသေဆုံးတာ ဟုတ်လား၊ မဟုတ်လားဆိုတာ အဖြေရှာလို့မရသေးဘူး”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ့လူ၏ လက်ထဲတွင် အသတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း အတည်ပြုချင်မိ၏။ သို့ပေမဲ့ ဤအရာသည် လှည့်ကွက်တစ်ခုဖြစ်နေမည်လား သေချာမသိရှိနိုင်ပေ။

အနီရောင်ဆံပင်နှင့်လူမှာ‌တော့ ထိုကဲ့သို့မတွေးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ သေဆုံးသွားခဲ့သောကြောင့်သာ သူ၏ဝိညာဉ်အရင်းအမြစ် ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်ရပေမည်။

“အင်း ဒါက လောကတစ်ခုလုံးကို ဂုဏ်ပြုပွဲလုပ်ရမဲ့ ပျော်ရွှင်စရာအရာမျိုးပဲ”

ကျန့်ကွေ့ရှု၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့၏။ တစ်လောကလုံးကို ဒုက္ခပေးခဲ့သည့် နတ်ဆိုးကြီး သေဆုံးသွားခဲ့သည်ဆိုသောကြောင့် အထက်စကြဝဠာကြီး တစ်ခုလုံးသည် ပုံမှန်အတိုင်း ပြန်လည်ကာ တည်ငြိမ်အေးချမ်းပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

ကျန့်ကွေ့ရှုသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “လောကကြီးကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးပါပဲ၊ ဒီကြင်နာမှုနဲ့ ကုသိုလ်တရားကို သမိုင်းမှတ်တမ်းမှာ ရေးထိုးသွားပါမယ်”

“............”

ကျွင်းချောင်ရှောင်းသည် ထကာရယ်မောလိုက်မိ၏။ ပြီးနောက် ပြောလိုက်၏။ “သူ့ကို ကျုပ်သတ်ခဲ့တာမှ မဟုတ်တာ။ ဒါ ကျုပ်လုပ်ခဲ့တာမဟုတ်ဘူးလေ”

“မဟုတ်သေးဘူး”

ကျန့်ကွေ့ရှုကပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းသာ သူ့ကို ဒဏ်ရာရအောင် မလုပ်ထားဘူးဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာက သေသွားမှာမဟုတ်ဘူး”

“အင်း”

ကျွင်းချောင်ရှောင်းသည် သေသေချာချာစဉ်းစားပြီးသည့်နောက် ပြောလိုက်၏။ “ဒါကတော့ ဟုတ်ပါတယ်”

“အင်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သေဆုံးသွားတဲ့အကြောင်းကို အဓိကဂြိုဟ် အသီးသီးကို ပြောရမယ်။ ဂိုဏ်းချုပ်ကျွင်း အထက်စကြဝဠာတစ်ခုလုံးကို ကယ်တင်ခဲ့တယ်ဆိုတဲ့အကြောင်း အားလုံး သိအောင်လုပ်ရမယ်” ကျန့်ကွေ့ရှုသည် ပြောဆိုရင်း ပိုမိုကာ စိတ်လှုပ်ရှားလာခဲ့၏။ တံတွေးများပင် စင်ထွက်လျက်ရှိနေသည်။

ဤကဲ့သို့ စိတ်လှုပ်ရှားနေသည်မှာ နားလည်နိုင်၏။ ထို့ပြင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆိုသည်မှာ တိုက်ခိုက် အနိုင်ယူ၍ မရနိုင်သည့် အလုံးစုံပြိုင်ဘက်ကင်းသော ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူကို အနိုင်ယူနိုင်ခဲ့၏။ ထို့ကြောင့် အဆုံးအစမဲ့ နက်မှောင်လျက်ရှိနေသည့် တည်နေရာထဲတွင် အလင်းတန်း တစ်ခု ဖြစ်တည်လာသကဲ့သို့ပင်။

ထို့ကြောင့် အားလုံးသောသူတို့အတွက် ကောင်းမှုများပြုလုပ်ခဲ့သည့် ကုသိုလ်တရားဟု ပြောဆိုလျှင် မမှားနိုင်ပေ။ ကောင်းမွန်သည့် မျိုးစေ့များကို စိုက်ပျိုးခဲ့သောကြောင့် ကောင်းမွန်သည့်အပင်ကြီးသည် ပေါ်ပေါက်လာရပေလိမ့်မည်။ အားလုံးသော သူတို့၏ လေးစားမှု၊ ချစ်ခင်မှုနှင့် ကိုးကွယ်မှုကိုခံရသည့် သူရဲကောင်းကြီးတစ်ယောက်အဖြစ် အသိအမှတ်ပြုရပေလိမ့်မည်။

ကျန့်ကွေ့ရှုသည် အမှန်ပင်စိတ်လှုပ်ရှားလျက်ရှိနေ၏။ သို့ပေမဲ့ အခြားတစ်ဖက်မှာတော့ ကျွင်းချောင်ရှောင်း သည် တည်ငြိမ်လို့နေခဲ့၏။ သူသည် အတိတ်တုန်းက အကြိမ်ပေါင်းများစွာ လောကကြီးကို ကယ်တင်ခဲ့ဖူး၏။ ထို့ကြောင့် နည်းနည်းလေးမှ ဂုဏ်မောက်မနေခဲ့ချေ။

.....

မကြာခင်မှာပဲ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သေဆုံးသွားသည်ဆိုသည့်သတင်းသည် အထက်စကြဝဠာ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

“မဖြစ်နိုင်ဘူး”

“သူ့ကို ကျွင်းချောင်ရှောင်းသတ်ပစ်လိုက်တာလား”

ထို့ပြင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သေဆုံးသွားခဲ့သည်ဆိုသော သက်သေပြချက်များလည်း မရှိချေ။ မကြာခင်မှာပဲ သူတို့ယုံကြည်သွားမိ၏။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် အထက်စကြဝဠာ တစ်ခုလုံးကို အသစ်ပြန်လည်တည်ဆောက်မည်ဟူသည့် ကြေညာချက်တစ်ခုကို တရားဝင်ထုတ်ဖော် ခဲ့သောကြောင့်ပင်။

ယခင်တုန်းက တည်ရှိနေသည့် စည်းမျဉ်းများကို ပြောင်းလဲပစ်မည်ဖြစ်ပြီး အားလုံးအကျိုး တူညီစွာ ရရှိနိုင်သည့် စည်းမျဉ်းများကို ဖန်တီးတည်ဆောက်ရန် စီစဉ်ခဲ့၏။

ဤအတောအတွင်း ကုန်းရှန့်သည် ဝေပုကျီ ရှေ့ဖြစ်ဟောခဲ့သည့် လူတစ်ယောက်ဖြစ်သည်ဆိုသောသတင်း မှာ အထက်စကြဝဠာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိသည်။ သူပြုလုပ်ပေးခဲ့သည့်အကြောင်းအရာများ၊ သူဖန်တီး ခဲ့သည့်အရာများကို စဉ်းစားတွေးတောပြီးနောက် အားလုံးသောသူတို့၏ သံသယများသည် ပျောက်ကွယ်သွားခဲ့ကြ၏။ သူ့ကို တဖြည်းဖြည်းနှင့် ယုံကြည်လာခဲ့ကြသည်။

အထက်စကြဝဠာကြီးကို ပြောင်းလဲသည့် ကျွင်းချောင်ရှောင်း၏ နည်းလမ်းမှာတော့ အလွန်ပင် ရိုးရှင်းလှ၏။ သူသည် အဓိကဂြိုဟ်အသီးသီးကိုပေါင်းစပ်ပြီး အလွန့်အလွန်ကြီးမားသည့် ဂြိုဟ်ကြီးတစ်ခုဖန်တီးခဲ့ခြင်းပင်။

ထို့အပြင် ကျွင်းချောင်ရှောင်းသည် သေသေချာချာစဉ်းစားပြီးသည့်နောက် စကြဝဠာပတ်လမ်းတွင် ရှိနေသည့် ဂြိုဟ်များကို တည်နေရာတစ်ခုတည်း၌ တစ်စုတစည်းတည်း ထားရန် စီစဉ်ခဲ့၏။ ထိုဂြိုဟ်များ၏ ဗဟိုသည် ထာဝရလောကကြီးပင် ဖြစ်ပေလိမ့်မည်။ ပြီးနောက် လောကတစ်ခုနှင့် တစ်ခု အပြန်အလှန် အကျိုးပြုနိုင်သည့် ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

“သား”

အနီရောင်ဆံပင်နှင့်လူသည် ထိုလုပ်ရပ်ကို မြင်ပြီးနောက် မေးမြန်းလိုက်သည်။ “မင်း လောကဌာနေ တစ်ခုကို ဖန်တီးတော့မလို့လား”

“လောကဌာနေ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။

“ပြောရမယ်ဆိုလျှင် အဆင့်နိမ့်စကြဝဠာထဲက ဂြိုဟ်တွေကို ကုန်းမြေတိုက်ကြီးလို့ခေါ်တယ်။ အထက်စကြဝဠာမှာရှိတဲ့ ဂြိုဟ်သေးလေးတွေကို နယ်မြေလို့ ခေါ်ပြီး ဂြိုဟ်ကြီးတွေကို လောကကြီးလို့ခေါ်တယ်။ ‌အဲဒီအထက်မှာတော့ လောကဌာနေဆိုတာကြီး ရှိတာပေါ့” အနီရောင်ဆံပင်နှင့်လူက ပြောလိုက်သည်။

“တကယ်လား” ကျွင်းချောင်ရှောင်းသည် ထိုစကားကို ပထမဦးဆုံးကြားဖူးခြင်းသာဖြစ်၏။

အနီရောင် ဆံပင်နှင့်လူက ပြောလိုက်သည်။ “ငါတို့က များပြားလှတဲ့ စကြဝဠာပတ်လမ်းအသီးသီးမှာ ခွဲပြီးနေထိုင်ကြတဲ့လူ တွေပဲလေ၊ အသီးသီး ခွဲခြားစွာ နေထိုင်ခဲ့တယ်ဆိုပေမဲ့ တစ်ကယ်တော့ တစ်ခုတည်း ပါပဲ။ အားလုံးက လောကသားတွေပဲ မဟုတ်လား”

အဓိက ဂြိုလ်အသီးသီးကို‌ ကျွင်းချောင်ရှောင်းကပေါင်းစပ်ခဲ့၏။ ပြီးသည့်နောက် အလွန့်အလွန်ကြီးမား လှသည့် လောကကြီးတစ်ခုကို ဖန်တီးခဲ့သည်။ ထို့ပြင် တခြားသောဂြိုဟ်အသီးသီးကိုလည်း ၎င်းတို့၏ ဂြိုလ်အနီးအနားတွင် ထားရှိခဲ့၏။

“အင်း”

အနီရောင်ဆံပင်နှင့်လူသည် အတိတ်ကို ပြန်လည်စဉ်းစားကာ ပြောလိုက်၏။ “အပြိုင်စကြဝဠာတွေတော့ ရှိသေးတယ်။ ဒါပေမဲ့ ငါတို့က အဲလိုနေရာတွေကို မသွားနိုင်ဘူး။ လွတ်မြောက်သူအဆင့်တွေမှသာ သွားနိုင်တယ်။ လွတ်မြောက်သူ ဆိုတာက ကောင်းကင်တာအိုထက်တောင် အဆင့်မြင့်သူပေါ့။ ဒီလောကကြီးမှ လက်ရှိ ရှိသေးရဲ့လား ဆိုတာတောင် မသေချာဘူး”

“တခြား အပြိုင် စကြဝဠာတွေလား”

ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်သည်။ သို့ပေမဲ့သူသည် အံ့အားမသင့်ချေ။ ထို့ပြင် သူသည် ကမ္ဘာမြေ ဆီမှ လာခဲ့ခြင်းဖြစ်၏။ အဆင့်မြင့်သိုင်းကျင့်ကြံခြင်းလောက မဟုတ်သော်လည်း စကြဝဠာ၏ အပြင်ဘက်တွင်ရှိသော တခြားသော အပြိုင်စကြဝဠာတစ်ခု ရှိသေးကြောင်း သက်သေပြခဲ့ပြီးဖြစ်၏။ တစ်ခုနှင့် တစ်ခု ထိတွေ့ဆက်ဆံ၍ မရနိုင်ရုံသာ။

“ကောင်းပြီ”

အနီရောင်ဆံပင်နှင့်လူကပြောလိုက်၏။ “စကြာဝဠာတွေက အများကြီးရှိတယ်။ ပထမတန်းစား စကြဝဠာ၊ ဒုတိယတန်းစား စကြဝဠာဆိုပြီး အသီးသီး ခွဲခြားထားခဲ့တာပေါ့။ တခြားစကြဝဠာနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ငါတို့က အသစ်မွေးဖွားလာတဲ့ ကလေးလေး တစ်ယောက်လိုပဲ”

“အခြားစကြဝဠာရဲ့ ကျင့်ကြံသူတွေက အရမ်းအားကောင်းလား”

“အရမ်းအားကောင်းတာပေါ့” အနီရောင်ဆံပင်နှင့် လူသည် လေးလေးနက်နက်ပြောလိုက်၏။ “တခြား စကြဝဠာတွေအကြောင်း မှတ်တမ်းမှတ်ရာတွေ ရှိတယ်။”

“သား”

အနီရောင်ဆံပင်နှင့်လူသည် လေးလေးနက်နက်အမူအယာဖြင့်ပြောလိုက်သည်။ “မင်း စိတ်ဝင်စားလား။”

“စိတ်မဝင်စားပါဘူး”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်ရန် ရည်ရွယ်ချက်သာရှိ၏။ ယခု မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သေဆုံးသွားခဲ့ပြီးဖြစ်သောကြောင့် သူ၏လက်ကျန် ဘဝတစ်ခုလုံးကို မိသားစု၊ တပည့်များနှင့် ငြိမ်းငြိမ်း ချမ်းချမ်းကုန်ဆုံးသွားနိုင်ပေတော့မည်။

“အင်း”

အနီရောင်ဆံပင်နှင့်လူသည် ဦးခေါင်းကို ခါယမ်းကာပြောလိုက်၏။ “အားလုံးဆီမှာ ကိုယ်ပိုင် အတွေးအမြင်တွေ ရှိကြတာပဲလေ။ အဖေက သားရဲ့ စိတ်ကူးကို ဘာမှပြောနေမှာ မဟုတ်ဘူး”

....

ဆွစ် ဆွစ်

ထာဝရလောကကြီးဆီမှ ရွက်သင်္ဘောများနှင့် ကျွဲရိုင်းစက်ရုပ်များ ထွက်လာကြ၏။ ၎င်းတို့၏ တာဝန်သည် တခြားသော စကြဝဠာပတ်လမ်းအသီးသီးတွင်ရှိနေသည့် ဂြိုဟ်များအားလုံးကို ဤတည်နေရာဆီ သို့ ရွေ့ပြောင်းခြင်းပင်ဖြစ်၏။ တစ်ဖက်လူ သဘောတူလား သဘောမတူလားဆိုသည်ကို ဂရုမစိုက်ချေ။

ဤအရာမှာ အမှန်ပင် မောက်မာလှ၏။ သို့ပေမဲ့ အထက်စကြဝဠာတစ်ခုလုံး၏ ပုံပန်းသွင်ပြင်ကို ပြောင်းလဲချင်သည်ဆိုလျှင် ဤကဲ့သို့သော ခပ်မာမာပြုလုပ်ရမည့် အရာမျိုးရှိရပေမည်။ ထို့ပြင် တည်နေရာ ရွေ့ပြောင်းခြင်းဆိုသည်မှာ ဂြိုဟ်ကို ထိခိုက်အောင် ပြုလုပ်ခြင်းမဟုတ်ချေ။ ဂြိုလ်ကြီးတစ်ခုလုံးကို ဆွဲယူလာခဲ့ပြီး ထာဝရလောကကြီး၏ ပတ်ပတ်လည်တွင် ထားရှိခြင်းသာလျှင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အလကားမနေလှချေ။ အားကောင်းလွန်းလှသည့် ဂြိုဟ်အသီးသီးကို လိုက်လံ ရှာဖွေပြီးသည့်နောက် ဂြိုဟ်၏ နယ်မြေအရှင်များနှင့် ပေါင်းစပ်ရန် ဆွေးနွေးလျက် ရှိနေတော့၏။ လက်ရှိ ထာဝရလောကကြီးသည် လုံလောက်အောင်ကြီးမားသွားပြီးသားဖြစ်၏။ သို့ပေမဲ့ သူသည် စိတ်မကျေနပ် သေးချေ။ ပိုမိုအားကောင်းသည့် ပိုမိုလုံခြုံသည့်ဂြိုဟ်ကြီးတစ်ခုကို အထက်စကြဝဠာတစ်ခုလုံး၏ အလယ်ဗဟိုတွင် ထားရှိရန် စဉ်းစားထားမိသည်။

“ဂိုဏ်းချုပ်ကျွင်း”

ဂြိုဟ်တစ်ခုအတွင်းမှာတော့ နယ်မြေသခင်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ကျုပ်ငြင်းလို့ရလား”

“မရဘူး”

နယ်မြေအရှင်သည် ကောင်းကင်ကိုမော့ကြည့်ကာဖြင့် သက်ပြင်းချလိုက်မိ၏။ သို့ပေမဲ့ သူ၏ ကိုယ်ပိုင် ဂြိုဟ်ကြီးသည် ထာဝရလောကကြီးနှင့် ပေါင်းစပ်ပြီးသည့်နောက် မယုံနိုင်စရာကောင်းလောက်‌အောင် အားကောင်းလွန်းလှသည့် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကို ခံစားလိုက်ရချိန်မှာ‌တော့ သူ၏ စိတ်ပျက်လျက်ရှိနေ‌‌သော မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပျော်ရွှင်မှုများအဖြစ်သို့ ပြောင်းလဲသွား၏။ “ကောင်းကင်ဘုံ.... ကောင်းလိုက်တာ”

ဝှစ်

ထာဝရလောကကြီးသည် ခဏကြာလျှင် တစ်ခါဆိုသလို ဂြိုဟ်ကြီးများနှင့်ပေါင်းစပ်လျက်ရှိနေ၏။ ၎င်း၏ တည်နေရာ အကျယ်အဝန်းသည်လည်း တစ်ဖြေးဖြေးပိုမိုကာ ချဲ့ထွင်လာခဲ့၏။ တစ်ချိန်တည်းမှာပဲ ပေါင်းစပ်ရန် အရည်အသွေးမရှိလှသည့် ဂြိုဟ်များမှာတော့ ၎င်း၏ပတ်ပတ်လည်တွင် နေရာချထားခြင်းကို ခံရသည်။

“ဒီနေရာကြီးကို နာမည်ပေးရတော့မယ်။ စဉ်းစားပြီးပြီလား” အနီရောင်ဆံပင်နှင့်လူက မေးမြန်းလိုက်၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်းတစ်ချက်မရှိပဲနှင့် ပြောလိုက်၏။ “ထာဝရ လောကဌာနေ လို့ ခေါ်လိုက်တာပေါ့”

“...........”

အနီရောင်ဆံပင်နှင့်လူသည် ဆွံ့အသွားမိခဲ့၏။ ထာဝရလောကကြီးထဲတွင်ရှိနေသည့် လူများသည် လက်ရှိ အခြေအနေတွင် အလုပ်များလျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည်လည်း အားအားယားယားမနေချေ။ သူသည် ယွမ်သခင်လေးကို လှမ်းခေါ်ကာပြောလိုက်သည်။ “နယ်မြေအရှင်အသီးသီးဆီကို ဖိတ်စာပို့လိုက်”

“ကောင်းပါပြီ”

ယွမ်ဖန်ကမေးမြန်းလိုက်၏။ “ဒါနဲ့ ဂိုဏ်းချုပ်... ဘာဖိတ်စာလဲ”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ် အသာမှေးမှီပြီးသည့်နောက် တစ်လုံးချင်း ပြောလိုက်သည်။ “နောက်သုံးလအတွင်း ထာဝရလောကကြီးထဲမှာ ငါ မင်္ဂလာပွဲကျင်းပမယ်၊ ဒီပွဲကိုတက်ရောက်ဖို့အတွက် အထက်စကြဝဠာမှာရှိတဲ့ စွမ်းအားမြင့် ကျင့်ကြံသူ အားလုံးကို ဖိတ်ကြားရမယ်။ တစ်ချိန်တည်းမှာပဲ လုံလောက်တဲ့ လက်ဖွဲ့ငွေတွေယူခဲ့ဖို့လည်း ပြောလိုက်”

ဤစကားစုကို ပြောပြောပြီးချင်းမှာပဲ ထာဝရလောကကြီးထဲတွင်ရှိနေသည့် မြို့အသီးသီးရှိ နယ်မြေအရှင်များ အားလုံးတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ ၎င်းတို့၏ အိတ်ထဲရှိပိုက်ဆံများသည် လေနှင့်အတူ ခုန်ကာထွက်တော့မည်ဟုဆိုသော မကောင်းသည့်ခံစားချက်များကို အလိုလို ရရှိလာခဲ့ကြ၏။ မကြာခင်မှာပဲ မင်္ဂလာ လက်ဖွဲ့ကပ်ဘေးကြီးသည် ရောက်ရှိလာပေတော့မည်။

All Chapters