အခန်း ၁၉၉၈
Vol. 134 Ch. 1998
အပိုင်း (၁၉၉၈)
ကျွင်းချောင်ရှောင်းအနေဖြင့် မင်္ဂလာဆောင်ကို ရှောင်ရှားရန် ရည်ရွယ်ချက် မရှိချေ။ မိုးဆွေဟောခန်းမှ တပည့်များ၏ သတင်းပေးချက်ကို ရရှိသောကြောင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။ ကျန့်ကွေ့ရှု ခန့်မှန်းသလို မိုးကောင်းကင် နတ်ဆိုးအင်ပါယာ ဖြစ်နေသည်လား။ သူ့အနေဖြင့် သေသေချာချာ စစ်ဆေးရပေလိမ့်မည်။ မင်္ဂလာပွဲ ရှိနေလျှင်တောင်မှပေါ့။
ကျွင်းချောင်ရှောင်းသည် ဟွာမင်ကွေ့ကို အားနာသလို ခံစားနေမိ၏။ မင်္ဂလာပွဲဆိုသည်မှာ အလွန်အရေးကြီးလှ၏။ သို့ပေမဲ့ သူသည် ထွက်ခွာသွားရန်အတွက် အကြောင်းပြချက်ပေါ်ပေါက်လာခဲ့သည်။
ဟင်း ....။
စနစ်က စောတက တက်လိုက်၏။ "လက်ခံသူကတော့ မင်္ဂလာဆောင် ကြောက်တဲ့ရောဂါ ဖြစ်နေပြီပဲ"
ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေသော ဟွာမင်ကွေ့မှာတော့ ပထမတုန်းက ဒေါသထွက်လျက် ရှိနေ၏။ သို့ပေမဲ့ သူမ၏ယောကျာ်းသည် အရေးကြီးသည့် ကိစ္စကို ပြုလုပ်ရန် သွားသည်ဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ အမှန်ပင် စိတ်သက်သာရာ ရသွားမိ၏။ သူမသည် အိပ်ခန်းဆီသို့ ပြန်လာပြီးသည့်နောက် ခေါင်းပေါ်တွင် ရှိနေသော သရဖူအား မှန်တင်ခုံပေါ်သို့ အသာတင်ကာ ပြောလိုက်သည်။ "ရှင် ပြန်လာတဲ့အထိ စောင့်နေမယ်"
နောက်တစ်ရက် ....။
အဓိက ဂြိုဟ်အသီးသီးနှင့် ကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်း၏ တောင်ခြေတွင် စုဝေးရောက်ရှိနေကြ၏။ တစ်ချို့သည် အစောကြီးကတည်းက ရောက်ရှိလာခြင်း ဖြစ်ကြပြီး အနီးနားရှိ ဂူထဲတွင် နေထိုင်နေကြ၏။ တစ်ချို့မှာတော့ အခုမှ ရောက်ရှိလာခဲ့၏။ အားလုံးတို့သည် မတူညီသည့် ဝတ်စားဆင်ယင်ပုံနှင့် မတူညီသည့် ပြုမူပုံများ ရှိကြ၏။ သို့ပေမဲ့ တူညီသည်မှာ ရက်ရောလွန်းလှသော လက်ဆောင်ပဏ္ဍာများကို ယူဆောင်လာကြခြင်းပင်။
ခဏလောက် ကြာပြီးသည့်နောက် စုရှောင်မိုသည် တောင်ခြေတွင် ပေါ်ပေါက်လာခဲ့၏။ သူက ပြောလိုက်၏။ "ကျုပ်တို့ အပေါ်ကို တက်ကြရအောင်"
အားလုံးတို့သည် လှေကားအတိုင်း သေသေချာချာ တက်လှမ်းလာကြ၏။ ပြိုင်စံရှားဂိုဏ်းနှင့် နီးကပ်လာလေ သူတို့အနေဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားဒဏ်ကို ခံစားရလေ ဖြစ်၏။ ဂိုဏ်း၏ အခြေခံဆိုသည်မှာ ခဏလေးအတွင်း ဖန်တီးတည်ဆောက်နိုင်သည့် အရာမျိုး မဟုတ်ချေ။ တဖြည်းဖြည်း တည်ဆောက်လာခဲ့ရခြင်း ဖြစ်၏။ ဒဏ္ဍာရီလာတာဝန် ပြည့်စုံပြီးနောက် ပြိုင်စံရှားဂိုဏ်းသည် ထူးထူးခြားခြား တိုးတက်သွားခဲ့သည်။
ထို့ကြောင့် ဂိုဏ်းထဲတွင် နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် နတ်ဘုရားခြေလှမ်းဝက် ကျင့်ကြံသူဆိုသည်မှာ လမ်းဘေးခွေးများကဲ့သို့ပင် ပေါများလှ၏။ ထို့ပြင် ၎င်းတို့သည် သံမဏိအရိုးတောင်ထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သောကြောင့် ၎င်းတို့၏ အော်ရာများသည် တိုးတက်နေကြ၏။ လက်ရှိ ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်ကို ပြောရမည်ဆိုလျှင် အထက်စကြဝဠာ တစ်ခုလုံးကိုပင် ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေ၏။
"ကြောက်စရာကောင်းလိုက်တာ။ ဖိအားဒဏ်က တဖြည်းဖြည်း ပိုပြီးတော့ အားကောင်းလာပြီ"
အားလုံးသောသူတို့သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြပြီး ပြိုင်စံရှားဂိုဏ်းဟု ရေးထိုးထားသော ဆိုင်းဘုတ်ရှေ့တွင် ရပ်တန့်လိုက်ရ၏။ သူတို့သည် ဝိညာဉ်တစ်ခုလုံး ပိပြားနေသည့် ဖိအားများနှင့် ရင်ဆိုင်နေရ၏။ ဤတစ်ကြိမ် ရောက်ရှိလာသူများတွင် အားကောင်းသူများလည်း ပါဝင်ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ ဆိုင်းဘုတ်ရှေ့တွင် ရပ်လိုက်သည့် အချိန်မှာတော့ သေးငယ်သွားသလို ခံစားနေမိကြသည်။
"ကျေးဇူးပြုပြီး" စုရှောင်မိုက ဖိတ်ခေါ်လိုက်၏။
အားလုံးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လှမ်းဝင်လိုက်သည့် အချိန်မှာပဲ တံခါးဖွင့်သည့် တာဝန်ကို ယူထားသည့် တပည့်ကို မြင်လိုက်ရသည်။ သူတို့သည် တုန်လှုပ်သွားခဲ့၏။ ၎င်း၏ပုံစံနှင့် အမူအရာသည် ကျိန်းသေပါက် မရိုးရှင်းလှချေ။
စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က မေးမြန်းလိုက်သည် "ပြိုင်စံရှားဂိုဏ်းထဲမှာ ခင်ဗျားက ဘာရာထူးယူထားတာလဲ"
"သူလား"
စုရှောင်မိုက ပြောလိုက်၏။ "သူက တံခါးအဖွင့်အပိတ် တာဝန်ကို ယူထားတာလေ။"
ဟမ်
အားလုံးတို့သည် တုန်လှုပ်သွားခဲ့ကြ၏။ ဤကဲ့သို့ ညအမှောင်ထဲတွင် ထွန်းလင်းတောက်ပလျက် ရှိနေသော လူတစ်ယောက်သည် တံခါးစောင့် ဖြစ်လို့နေခဲ့၏။ ပြိုင်စံရှားဂိုဏ်းတွင် ဖုံးကွယ်ထားသည့် နဂါးနှင့်ကျားများ တည်ရှိနေသည်လား။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
"………." အားလုံးသောသူတို့သည် သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်ရသည့် အချိန်မှာတော့ ဟယ်ဝူတီသည် ဆွံ့အနေမိ၏။
အားလုံးတို့သည် ပြိုင်စံရှားဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။ အားလုံးတို့သည် အလွန်ကြီးကျယ်လှသည့် သိုင်းလေ့ကျင့်ရေး ကွင်းပြင်နှင့် ခန်းနားလှသည့် ဟောခန်းကြီးကို ကြည့်ရှုနေကြ၏။ အားလုံးတို့သည် တည်ငြိမ်နေကြ၏။ တံခါးအဖွင့်အပိတ်လုပ်သည့် တပည့်ကပင် သူတို့အား အံ့အားသင့်စရာ ပေးစွမ်းခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း မည်မျှကြီးကျယ်လှသည် ဆိုဆို ဤအရာသည် ဖြစ်သင့်သောအရာပင် ဖြစ်ပေလိမ့်မည်။
"ပြိုင်စံရှားဂိုဏ်းမှ ကြိုဆိုပါတယ်"
လက်ရှိအချိန်မှာတော့ ယွမ်သခင်လေးသည် လျှောက်လှမ်းလာပြီးနောက် မိတ်ဆက်ပေးလိုက်၏။ "ကျုပ်ရဲ့ မျိုးရိုးနာမည်က ယွမ်ပါ။ ဒုတိယဂိုဏ်းချုပ်ပါပဲ"
"ဂိုဏ်းချုပ်ယွမ်"
စွမ်းအားမြင့် ကျင့်ကြံသူများသည် လက်သီးကိုဆုပ်ကာ ပြန်လည်ပြောဆိုနေကြ၏။ ၎င်းတို့အနေဖြင့် ဒုဂိုဏ်းချုပ်ဟူသည်ကို ထည့်ကာ မပြောခဲ့ကြချေ။ အားလုံးတို့သည့် အတွေ့အကြုံ ရှိသည့် လူများ မဟုတ်ပါလား။
"အားလုံးပဲ"
ယွမ်ဖန်က ပြောလိုက်၏။ "ဒီနေ့က ကျုပ်တို့ဂိုဏ်းချုပ်ရဲ့ မင်္ဂလာဆောင်ပဲ ။ ဒီတော့ ခင်ဗျားတို့အားလုံး ပြင်ဆင် …"
စကားသည် တိုက်ရိုက်ပြောလိုက်ခြင်း မဟုတ်သော်လည်း ဤမျှပြောလိုက်သည်နှင့် လုံလောက်နေပြီ ဖြစ်သည်။
ထင်မှတ်ထားသည့် အတိုင်းပင်။ အားလုံးတို့သည် ညဏ်ရည်နိမ့်ပါးသူများ မဟုတ်ကြချေ။ အသီးသီး လက်ဆောင်များကို ထုတ်ယူပြီးသည့်နောက် တာဝန်ယူထားသည့် ပြိုင်စံရှားဂိုဏ်း တပည့်များဆီသို့ သွားရောက်ကာ မှတ်တမ်းတင် ပေးအပ်ကြ၏။ စိတ်ဝိညာဉ် ကျောက်ရိုင်းများ၊ ကျောက်တုံးများ၊ ဆေးပင်များ အားလုံးပါဝင်၏။
"ကျေးဇူးပါပဲ အားလုံးတို့"
ယွမ်သခင်လေးသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ အခုပြန်သွားလို့ရပြီ"
ထိုအခြင်းအရာကို ကြားရသည့် အချိန်မှာတော့ အားလုံးတို့သည် ကြောင်အအဖြင့် လှည့်ကြည့်မိလိုက်ကြ၏။
"ဘာ ပြန်ရမယ် ဟုတ်လား"
စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ "ဂိုဏ်းချုပ်ယွမ် ကျုပ်တို့က မင်္ဂလာပွဲလာတက်တာပါ"
"ဟုတ်ပါတယ်"
ယွမ်ဖန်က ပြောလိုက်သည်။ "ကျုပ်တို့က ခင်ဗျားတို့ရဲ့ မင်္ဂလာလက်ဖွဲ့ကို လက်ခံပြီးပါပြီ"
"..."
အားလုံးတို့သည် လဲပြိုလုမတတ်ပင် ဖြစ်နေကြ၏။ မင်္ဂလာလက်ဖွဲ့ဆိုသည်မှာ မင်္ဂလာဆောင်တွင် ပေးအပ်ရသော အရာဖြစ်၏။
အဘိုးအိုတစ်ယောက်သည် ပြုံးကာ ပြောလိုက်သည်။ "ဒီအဘိုးကြီးက အဝေးကနေလာတာက မင်္ဂလာပွဲကို တက်ဖို့ပါ "
သူတို့အားလုံးသည် မင်္ဂလာလက်ဖွဲ့ကို ပေးအပ်ခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမဲ့ ဘာမှမစားမသောက်ရပဲ ပြန်ရတော့မည် ဖြစ်၏။ မမျှတဟု ခံစားနေမိ၏။
"အားနာပါတယ်"
ယွမ်သခင်လေးက ပြောလိုက်၏။ "ဂိုဏ်းချုပ်ရဲ့ မင်္ဂလာပွဲကို ရွေ့ဆိုင်းလိုက်ပါတယ်။ ဒါ့ကြောင့် မင်္ဂလာပွဲ လာတက်တဲ့သူတွေအကုန်လုံး ပြန်ကြပါတော့။ နောက်တစ်ကြိမ် ဖိတ်ကြားမှ ပြန်လာခဲ့ကြပါ။ "
ထိုစကားကို ကြားရချိန်မှာတော့ မင်္ဂလာပွဲလာတက်ကြသော ကျင့်ကြံသူအားလုံးတို့သည် ဆွံ့အသွားခဲ့ကြသည်။
"ချီးတဲ့မှ … မင်္ဂလာဆောင်ကို ရွေ့လိုက်တယ် ဟုတ်လား ။ ဒါဆိုရင် ဘာလို့ ကြိုပြီးတော့ မပြောရတာလဲ"
မင်္ဂလာပွဲ မပြုလုပ်ဘဲ အဘယ့်ကြောင့် မင်္ဂလာလက်ဖွဲ့ကို ကြိုတောင်းရသနည်း။ အားလုံးတို့၏ ဒေါသများသည် မျက်နှာတွင် ထင်ပေါ်လာခဲ့၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ သူတို့ကို ဝန်းရံလာသည်ကို မြင်ရသည့် အချိန်မှာတော့ ခေါင်းကို ယမ်းခါကာဖြင့် နောက်သို့ ဆုတ်ခွာသွားရ၏။
အဘိုးအိုးသည် ပြုံးကာပြောလိုက်သည်။ "ဒီအဘိုးကြီးက နောက်ထပ် ထပ်လာခဲ့မယ်"
ပြောပြီးပြီးခြင်းမှာပဲ သူသည် ခြေလှမ်းကာဖြင့် ထွက်ခွာသွားခဲ့၏။ အားလုံးတို့သည် နောက်မှ လိုက်ပါသွားခဲ့ကြ၏။ တောင်၏ ဂိတ်တံခါးဝကို ရောက်သည့်အချိန်မှာပဲ ယွမ်သခင်လေး၏ အသံကို ကြားလိုက်ရ၏။
"ဂိုဏ်းချုပ်ရဲ့ မင်္ဂလာပွဲကို အားလုံးက မျှော်လင့်နေကြတယ်ဆိုတော့ မင်္ဂလာရှိတဲ့ ရက်တစ်ရက်ကို ရွေးချယ်ပြီးတော့ ကျင်းပဖို့ ဖိတ်လိုက်ပါမယ်"
ဘုတ်
အားလုံးတို့သည် မြေပေါ်သို့ ပြုတ်ကြသွားကြ၏။ ကြသည့်ရသည်မှာ နောက်ထပ်မင်္ဂလာလက်ဖွဲ့ကို တောင်းချင်သည့်ပုံပင်။
...............
ဤကဲ့သို့သော ကိစ္စများသည် ယွမ်သခင်လေး တစ်ယောက်တည်းနှင့် ပြုလုပ်နိုင်သော ကိစ္စပင် ဖြစ်၏။ ကုန်းရှန့်ပင် မလိုအပ်ချေ။
သူသည် ပျောက်ကွယ်သွားသော ဂြိုဟ်တစ်ခု၏ နေရာဆီသို့ ရောက်ရှိလာခဲ့ပြီး တက်တက်ကြွကြွဖြင့် စုံစမ်းလျက် ရှိနေ၏။ ထူးဆန်းသည်မှာ မည်သည့်သဲလွန်စမှ မကျန်တော့ချေ။
"ဒီနေရာမှာ ဂြိုဟ်တစ်ခုရှိတာ သေချာလို့လား။ " ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။
" သေချာပါတယ်"
မိုးဆွေဟောခန်းမှ လူကပြန်ဖြေလိုက်၏။ "အနီးနားက လူတွေရဲ့ ပြောစကားအရဆိုရင် ဒါက ယင်ယန်လောကတဲ့ အရင်တုန်းက ဩဇာအာဏာနဲ့ ပြည့်စုံပြီးတော့ စစ်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာ စွန့်ခွာသွားခဲ့ရတယ်။ "
"စွန့်ခွာခဲ့ရတယ်။ ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် တွေးတောလိုက်မိ၏။ အဘယ့်ကြောင့် ဤကဲ့သို့သော ဂြိုဟ်များကို ရွေးချယ်ခဲ့ရသနည်း။ သို့မဟုတ် စွန့်ပစ်ထားသည့် ဂြိုဟ်များကို ဝါးမြိုနေလေသည်လား။
"ဂြိုဟ်ဆိုတာ လူသားတွေနဲ့ အတူတူပဲလေ။ အိုမင်းလာတာမျိုးပေါ့။ အကန့်အသတ် ရောက်ရင် စကြာဝဠာရဲ့ ဖုန်မှုန့်လိုပဲ ပျောက်ကွယ်သွားရမှာ။ စွန့်ပစ်ထားတဲ့ ဂြိုဟ်ဆိုတော့ အချိန်မရွေး ပျက်ဆီး ပျောက်ကွယ်သွားနိုင်တယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ငါစိုးရိမ်လွန်းသွားပြီ ထင်တယ်။ သွားကြအောင် မြန်မြန်ပြန်ပြီး လက်ထပ်ရအောင်။ ဧည့်သည်တွေက အကြာကြီး စောင့်နေမှာ မဟုတ်ဘူး"
ကျွင်းချောင်ရှောင်း လှည့်ပြန်ရန်သာ စဉ်းစားလိုက်ရ၏။ လမ်းတစ်လျှောက်မှာတော့ သူသည် မိုးဆွေဟောခန်းမှ သတင်းအချက်အလက်များကို ရရှိနေ၏။ ဘာမှန်းမသိသည့်အတွက် ကိုယ်တိုင်သွားကြည့်ခဲ့၏။ သို့ပေမဲ့ တည်နေရာကို ရောက်သည့်အချိန်မှာတော့ စွန့်ပစ်ထားသည့် ဂြိုဟ်တစ်ခုဖြစ်မှန်း သိလိုက်ရ၏။
"ပြဿနာရှိလာပြီ"
ကျွင်းချောင်ရှောင်းသည် မျက်မှောက်ကုတ်လိုက်မိ၏။ ချက်ချင်းပဲ တပည့်များကို စုံစမ်းရန် အမိန့်ပေးလိုက်တော့၏။ မစုံစမ်းသည်ကမှ တော်သေး၏။ စုံစမ်းလိုက်သည့် အချိန်မှာတော့ အံ့အားသင့်ဖွယ် သတင်းတစ်ပုဒ်ကို လက်ခံရရှိလိုက်၏။ ဂြိုဟ်များသည် လေထဲမှာပင် ပျောက်ကွယ်သွားကြသည်။
“……”
စနစ်သည် ဆွံ့အသွားမိ၏။ ဂြိုဟ်တစ်ခု၊ နှစ်ခုလောက် ပျောက်ကွယ်သွားသည်ကို လက်ခံနိုင်သေး၏။ သို့ပေမဲ့ ဂြိုဟ်ပေါင်းတစ်ရာကျော် ပျောက်ကွယ်သွားသည်မှာ ပြဿနာတစ်ခု ရှိကြောင်း အရူးပင်လျှင် သိနိုင်၏။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ အဖွဲ့ဝင်တစ်ယောက်က သတင်းပေးပို့လာသည်။ "တိမ်ပင်လယ် စကြာဝဠာပတ်လမ်းက ဂြိုဟ်ဆယ်ခုလုံးက တစ်ချိန်တည်းမှာပဲ ပျောက်ကွယ်သွားတယ်"
"ပျက်စီးကာနီး ဂြိုဟ်တွေလား"
“ဒုတိယတန်းစား ဂြိုဟ်ခုနှစ်ခုနဲ့ ပထမတန်းစား ရောက်ခါနီးဂြိုဟ်နှစ်ခု၊ ပထမတန်းစား ဂြိုဟ်တစ်ခု "
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "မိုးကောင်းကင် နတ်ဆိုးအင်ပါယာ အသက်ရှင်နေတာပဲ"
ဂြိုဟ်ပေါင်းတစ်ရာကျော် ပျောက်ကွယ်သွားခြင်းသည် ဤလူနှင့် ပတ်သက်နေကြောင်း ကုန်းရှန့်က သေချာသိ၏။ တစ်ဖက်လူသည် ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိပဲ သက်ရှိများနေထိုင်ရာ ဂြိုဟ်များကို တိုက်ခိုက်ခဲ့ပုံ ပေါ်၏။ ကျွင်းချောင်ရှောင်းသည် ထိုနေရာဆီသို့ ရောက်ရောက်ချင်းမှာပဲ နတ်ဆိုး၏ အော်ရာများကို အာရုံခံမိ၏။ သူအရင်က ခန့်မှန်းခဲ့သော အရာများကို အတည်ပြုနိုင်နေပြီ ဖြစ်သည်။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ မိုးဆွေဟောခန်းမှ အဖွဲ့ဝင်တစ်ယောက်သည် သတင်းပေးပို့လာ၏။ "တိမ်ပင်လယ် စကြာဝဠာမှာ ရှိနေတဲ့ ဂြိုဟ်အသီးသီးက ပျောက်ကွယ်ကုန်ပြီ"
"……...." ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိသည်။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ ဝါးမြိုမှုနှုန်းသည် ပိုမိုကာ မြန်ဆန်လာသည်။ ဆိုလိုသည်မှာ သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန် သွားသည်သာမက အားအင်အဆင့်သည်လည်း ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းပုံပေါ်၏။
"မသွားနဲ့"
စနစ်က ပြောလိုက်သည်။ "လက်ခံသူက သူ့ရဲ့ ပြိုင်ဖက်မဟုတ်ဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "မသွားလို့ မရဘူး"
သူသည် တိမ်ပင်လယ် စကြဝဠာပတ်လမ်း နှင့် အနီးတွင် ရှိသော တိုင်နင် စကြဝဠာပတ်လမ်းဆီသို့ ပျံသန်းသွား၏။ သူသည် သာမန်လူများကို ထိခိုက်အောင် ပြုလုပ်နေသည့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို ရပ်တန့်ချင်မိ၏။ သို့ပေမဲ့ တတိယအစ်ကို နှင့် မျောက်ဘုရင်ကြီးတို့၏ အကူအညီမပါဘဲ မည်ကဲ့သို့ အနိုင်ရအောင် တိုက်ခိုက်မည်နည်း။
ပြဿနာမဟုတ်ချေ။ သူ့၌ ဝိညာဉ် ချိန်ကိုက်ဗုံး ရှိလို့နေသေးသည်။
လက်ရှိအချိန်မှာတော့ သူသည် ကိုယ့်ကိုယ်ကိုယ် စတေးကာ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ ကို သုတ်သင်ပစ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ သနားစရာကောင်းသည့် ဟွာမင်ကွေ့မှာတော့ သူ့အား ပြိုင်စံရှားဂိုဏ်းတွင် စောင့်မျှော်လျက် ရှိနေ၏။ မင်္ဂလာဝတ်စုံသည် မှန်ပြင်ပေါ်တွင် စီစီရီရီနှင့် တည်ရှိနေ၏။
ရက်အနည်းငယ် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သီးခြားဂြိုဟ်တစ်ခုဆီသို့ ရောက်ရှိခဲ့၏။ အဘယ့်ကြောင့် သီးခြားဟု ပြောဆိုရသနည်း။ ယခင်တုန်းက ဂြိုဟ်ပေါင်း တစ်ဒါဇင်ကျော် ဤနေရာတွင် ရှိနေသော်လည်း ယခု ထီးထီးကြီး တစ်ခုတည်း သီးခြား ကျန်ရှိနေသောကြောင့်ပင်။ ထိုဂြိုဟ်သည်လည်း မကြာခင် ပျောက်ကွယ်သွားပေလိမ့်မည်။ ဘာတစ်ခုမှ ကောင်းမွန်သည်များ မရှိသောကြောင့် မဝါးမြိုသွားခြင်းပင် ဖြစ်နိုင်သည်။
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "ငါခြေတစ်လှမ်း နောက်ကျသွားပြန်ပြီ"
ကြယ်မြေပုံကို ကြည့်ရှုလိုက်သည့် အချိန်မှာတော့ တစ်ဖက်လူသည် ထာဝရလောကကြီး တည်ရှိရာ ပတ်လမ်းဆီသို့ သွားနေသည့် ပုံပင်။
"မဟုတ်သေးဘူး"
ကျွင်းချောင်ရှောင်းသည် တုန်လှုပ်စွာ ပြောလိုက်၏။ "ပြဿနာ တက်ပြီပဲ"