← Chapters

အခန်း ၁၉၉၉(က)

Vol. 134 Ch. 1999-A

အခန်း ၁၉၉၉(က)

Vol. 134 Ch. 1999-A

အပိုင်း (၁၉၉၉)

ဆွစ်

ငြိမ်းချမ်းလှသော စကြဝဠာပတ်လမ်းကြောင်းတစ်ခု၏ တည်နေရာအတွင်းမှာတော့ ရေဘဝဲလက်တံများကဲ့သို့ ဖြစ်လျက်ရှိသော နတ်ဆိုးအော်ရာများသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့သည် လေဟာနယ်ကို ထိုးခွင်းသွားခဲ့ပြီး များပြားလှသည့် လောကအသီးသီး၏ မြေဆီလွှာထဲသို့ စိမ့်ဝင် သွားခဲ့၏။

နတ်ဆိုးအော်ရာများ၏ တခြားတစ်ဖက်ကို ကြည့်ရှုရမည်ဆိုလျှင် စကြဝဠာ၏အထက်တွင် ခြေချိတ်ကာ ထိုင်လျက် ရှိနေသည့် လင်းလီကို မြင်ရမှာပင်။ ၎င်း၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခုက တည်ရှိလို့နေ၏။ လွန်ခဲ့သည့် သုံးလအတွင်း သူသည် ရေတွက်လို့ မရအောင် များပြားလွန်းလှသော လောကအို၊ လောကပျက်များကို စုပ်ယူခဲ့၏။ ထိုအရာများဆီမှ အားနည်းလှသည့် စွမ်းအင်များကိုသာ ရရှိခဲ့သည်။

ထိုအရာများကိုစုပ်ယူပြီး သူ၏ အားအင်အဆင့်သည် အဆင့်အတန်း တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။ ဝါးမြိုနေသည့် လုပ်ငန်းစဉ်အတွင်း လင်းလီသည် ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်၏ နက်နဲမှုများကို သေသေချာချာ နားလည်လာခဲ့ကြ၏။ ထို့ကြောင့် သူ့အနေနှင့် လောကများကို ဝါးမျိုရန် လောကကြီးဆီသို့ပင် သွားရန် မလိုတော့ချေ။ အဝေးတစ်နေရာဆီမှ လှမ်းကာဖြင့် ဝါးမြိုနိုင်စွမ်းပင် ရှိနေ၏။

ဤကဲ့သို့ အသစ် အသစ်သော နားလည်မှုသည် လင်းလီအား ကျားကို အတောင်ပံ တပ်ပေးလိုက် သကဲ့သို့ပင် ဖြစ်လို့လာခဲ့သည်။

ထို့ကြောင့် သေသေချာချာ ဆုံးဖြတ်ပြီးသည့်နောက်မှာတော့ သူသည် လူသူ ကင်းရှင်းလှသည့် လောကကြီးများသို့ သွားရောက်ဝါးမြိုခြင်းအား အဆုံးသတ်ခဲ့၏။ ထိုအစား သူသည် အရင်းအမြစ် ပေါကြွယ်လှသည့် လောကကြီး များကို လိုက်လံကာ ကြည်ရှုပစ်မှတ်ထားလေတော့၏။

“ကျင်းအာ... မင်း ပြန်ပြီးတော့ ရှင်သန်လာရမယ်”

အန္တိမလမ်းစဉ်ဆီသို့ ရောက်ရှိရန်အတွက် ပစ်မှတ်ထားကာ ကြိုးစားခဲ့ဖူးသည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် မတူညီစွာဘဲ လင်းလီ၏ စိတ်ထဲတွင်တော့ တောင်းဆု တစ်ခုသာလျှင်ရှိ၏။ ထိုအရာသည် သေဆုံးသွားသည့် မူကျင်း ပြန်လည်ရှင်သန်လာရန်ပင်ဖြစ်သည်။

သူ ချစ်ခင်နှစ်သက်လှသည့်လူအတွက် သူသည် လောကကြီးကို ဖျက်ဆီးရန် ရွေးချယ်ခဲ့၏။ ဤအရာသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ချစ်ခြင်းမေတ္တာ၏ အားအင်ပင်။ သို့ပေမဲ့ တခြားတစ်ဖက်မှာ ကြည့်ရမည် ဆိုလျှင် သူသည် အလုံးစုံ ဗီလိန်တစ်ကောင်ပင် ဖြစ်လေ၏။

“ပြန်ဆုတ်မယ်” ထိုအချိန်မှာပဲ လင်းလီသည် သူ၏လက်များကို ဖြန့်ကားလိုက်၏။ အပြင်ဘက်သို့ ပျံနှံ့ရောက်ရှိ နေပြီဖြစ်သော နတ်ဆိုးအော်ရာများသည် ပြန်လည်ကာ ရောက်ရှိလာခဲ့၏။ ၎င်းထိန်းချုပ်ထားခဲ့သည့် လောကများ အားလုံးသည်လည်း လျင်လျင်မြန်မြန်ဖြင့် ညှိုးခြောက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲသို့ အဆုံးအစမဲ့ အားအင် များ ဝင်ရောက်လာခဲ့ပြီး သူ၏ အားအင်အဆင့်သည်လည်း သိသိသာသာ တိုးတက်သွားခဲ့သည်။

အချက်အလက်အားဖြင့် လူသူမရှိသော ဂြိုဟ်ပျက်ကြီးများကို စုပ်ယူပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ဒဏ်ရာမရခင် အခြေအနေဆီသို့ ရောက်ရှိခဲ့၏။ လက်ရှိ အသက်ဝင်လှုပ်ရှားလျက် ရှိသည့် လောကများကို လိုက်လံစုပ်ယူပြီးသည့်နောက် သူသည် ပိုမိုကာ အားကောင်းလာခဲ့၏။

အားလုံးသော သူတို့သည် ဂိမ်းဆာဗာခိုးယူသည်ဟု ကျွင်းချောင်ရှောင်းကို လှောင်ပြောင်မိပေလိမ့်မည်။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ လင်းလီသည် ဂိမ်းဆာဗာခိုးယူသည့် လူတစ်ယောက်ပင် ဖြစ်လေ၏။ ဂြိုဟ်လောက များကို လိုက်လံပေါင်းစပ်ပြီး အားအင်အဆင့် တိုးတက်လာခဲ့သည် ကျွင်းချောင်ရှောင်း ပင်လျှင် တစ်ဖက်လူနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ခဲ့ချေ။

စိတ်ကျေနပ်စရာ မဟုတ်ချေ။ ထို့ကြောင့် လင်းလီသည် လောကများကို ဆက်လက်စုပ်ယူရန် စဉ်းစားလျက်ရှိ၏။ လင်းလီသည် တိုင်လန်စကြဝဠာပတ်လမ်းကြောင်းအတွင်းရှိ ဂြိုဟ်များကို အလုံးစုံ စုပ်ယူပြီးသည့်နောက် တခြားသော စကြဝဠာပတ်လမ်းဆီသို့ ဆက်လက်ကာ ထွက်ခွာသွားခဲ့၏။ သူ့အား တားဆီးသူ တစ်ယောက်မှ မရှိသည်ဆိုပါက သူသည် အန္တိမလမ်းစဉ်ကို လှမ်းမျှော်ကြည့်ရှုနိုင်သည်အထိ အထက်စကြဝဠာတစ်ခုလုံးတွင် ရှိနေသည့် လောက အသီးသီးကို လိုက်လံဝါးမြိုကာ စားသုံးနေတော့မှာ သေချာ၏။

ဝှစ် ဝှစ်

တခြားသောစကြဝဠာပတ်လမ်းကြောင်းအတွင်းမှာတော့ နတ်ဆိုးအော်ရာများသည် ပျံ့နှံ့ရောက်ရှိလာပြီးသည့် နောက် လောကအသီးသီးဆီသို့ ထပ်မံကာ ရောက်ရှိသွားပြန်၏။ ထိုအရာသည် လွယ်လွယ်ကူကူဖြင့် လောက၏ မူလအရင်းအမြစ်များကို လိုက်လံကာ စုပ်ယူလျက်ရှိသည့်အပြင် အထဲတွင် ရှိနေသည့် အရင်းအမြစ် အားလုံး ကိုလည်း ရယူလျက်ရှိသည်။

အချိန်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် လင်းလီ၏ အားအင်အဆင့်သည် သိသိသာသာ တိုးတက်လာခဲ့၏။ နတ်ဆိုးချီများသည် ပိုမိုကာ အားကောင်းလာသည်ဟု သူက သိသိသာသာ ခံစားလာမိ၏။ လက်ရှိအခြေအနေ မှာတော့ လင်းလီသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အကောင်းဆုံးသော အခြေအနေထက်ပင် ပိုမိုကာ အားကောင်းလာနေပြီဖြစ်၏။ သူ့အနေနှင့် ထိပ်ဆုံးအကန့်အသတ်ဆီသို့ မရောက်ရှိသေးချေ။ တိုးတက်ရန် အနည်းငယ် လိုအပ်နေသေးသည်။ သို့ပေမဲ့ လုံလောက်သည့် အစားအစာများ ရှိသည်ဆိုပါက သူ၏ အားအင် အဆင့်သည် အကန့်အသတ်မရှိပေ။

လက်ရှိမှာတော့ လင်းလီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် အေးစက်သည့် အကြည့်ဖြင့် ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်းနဲ့ ကျိန်းသေပေါက် တိုက်ခိုက်နိုင်ရမယ်”

လုံလောက်တာထက်ပင် ပိုနေပြီဖြစ်၏။ သူသည် သတိအပြည့် ထားနေသောကြောင့်ပင် မလှုပ်ရှားခြင်းသာ ဖြစ်သည်။

“မဟုတ်သေးဘူး”

လင်းလီသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ငါ့အနေနဲ့ ပြိုင်ဘက်ကင်း အားအင် အဆင့်မျိုး ရောက်တဲ့အထိ လက်ကျန်ဂြိုဟ်တွေကို ဝါးမြိုရမယ်။ ပြီးမှ ပြိုင်စံရှားဂိုဏ်းကို ဖျက်ဆီးမယ် ဆိုရင်လည်း နောက်မကျသေးပါဘူး”

သူသည် ပြိုင်စံရှားဂိုဏ်းကို ဖျက်ဆီးချင်မိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကြားတွင် ကြီးမားလှသည့် ရန်ငြှိုးကြီး ရှိ၏။ ထို့အပြင် အထက်စကြဝဠာကြီးကို ဝါးမြိုသည့်နေရာတွင် ထိုပြိုင်စံရှားဂိုဏ်းသည် သူ့အတွက် အကြီးမားဆုံး သော အဟန့်အတားကြီး ဖြစ်လို့နေသည်။

ဆွစ်

လင်းလီသည် စကြဝဠာပတ်လမ်းတစ်ခုဆီသို့ ထပ်မံကာ သွားရောက်ပြီးသည့်နောက် ဂြိုဟ်တစ်ရာနီးပါးခန့်ကို လိုက်လံကာ စုပ်ယူပြန်၏။ သူ၏ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအသွင်ပြောင်း နည်းစနစ်သည် အဆင့်သစ် တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။ သူသည် ဝါးမြိုသည့်နေရာတွင် ပိုမိုကာ လွယ်ကူလာခဲ့၏။ မည်သည့် နေရာကိုမှ ထွက်စရာမလိုဘဲ တစ်နေရာထဲတွင်ထိုင်၍ လောကအသီးသီးတို့ကို လိုက်လံကာ ဝါးမြိုနိုင်စွမ်း ရှိနေလေ၏။

“ငါ ဒီလိုမျိုး လုပ်နေတာကို ကျွင်းချောင်ရှောင်း သိသင့်နေပြီ။ သူ ငါ့ကို လိုက်ရှာနေမလား။ တကယ်လို့ ငါ ထာဝရ လောကကြီးကို သွားမယ်ဆိုရင် သူ အံ့အားသင့်သွားမလား”

တွေးကြည့်ပြီးသည့်နောက် လင်းလီ၏ နှုတ်ခမ်းထောင့် တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ နတ်ဆိုးချီများသည် သူ၏ ခန္ဓာကိုယ်ပတ်လည်ကို လွှမ်းခြုံလျက်ရှိပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဟုန်ဖြင့် ဖြစ်တည်လျက်ရှိနေလေသည်။

............

ထာဝရလောကကြီး တည်ရှိရာ စကြဝဠာပတ်လမ်းထဲမှာတော့ နတ်ဘုရားအမြင်ဖြင့် လှမ်းကာကြည့်ရှုလိုက်မည် ဆိုလျှင် ဤတည်နေရာထဲတွင် ဂြိုဟ်ပေါင်းတစ်ထောင်ကျော်လောက် တည်ရှိနေသည်ကို မြင်ရမည်ဖြစ်၏။ ကျွင်းချောင်ရှောင်း၏ အကြံအစည်အရဆိုလျှင် ထာဝရလောကကြီးသည် အလယ်ဗဟိုတွင် တည်ရှိနေပြီး ပတ်ပတ်လည်တွင် ဂြိုဟ်ပေါင်းများစွာတို့ ထားရှိရန်ပင်။ ထို့အပြင် ဂြိုဟ်တစ်ခုနှင့်တစ်ခုအား အစီအရင်ကဲ့သို့ ဖန်တီး ချိတ်ဆက်ထားခြင်း ဖြစ်၏။

ပြောရမည်ဆိုလျှင် နိုင်ငံတစ်ခုကဲ့သို့ပင်ဖြစ်သည်။ ထာဝရလောကကြီးသည် အဓိကမြို့ကြီးဖြစ်ပြီး ကျန်သည့် ဂြိုဟ်အသီးသီးမှာတော့ သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ မြို့သေးသေးလေးများပင် ဖြစ်လေ၏။ ကျွင်းချောင်ရှောင်း အနေဖြင့် အထက်စကြဝဠာနှင့် အောက်စကြဝဠာကြားတွင်ရှိသော တည်နေရာ အတားအဆီးကို ချိုးဖြတ်ချင်သည့် အကြံအစည်လည်းရှိလို့နေခဲ့၏။ ပြောရမည်ဆိုလျှင် သေမျိုးကုန်းမြေတိုက် များပင် ပါဝင်လျက်ရှိသည်။

သူ့အနေနှင့် စကြဝဠာကြီး တစ်ခုလုံးကို တူညီသည့် စနစ်တစ်ခုသာ ထားရှိပြီး ဘာသာစကားကိုလည်း တူညီသည့် အရာတစ်ခု ထားရှိရန်သာ စဉ်းစားထား၏။ သို့ပေမဲ့ ကြီးမားလှသည့် လုပ်ငန်းဆောင်တာကြီး ဖြစ်သည်မို့ ပြည့်စုံအောင်လုပ်ဖို့ဆိုသည်မှာ အမှန်ပင် ခက်ခဲလွန်းလှချေ၏။

ကျွင်းချောင်ရှောင်းသည် ဤတည်နေရာ လောကကြီးတစ်ခုလုံး၏ သခင်အဖြစ် ဖြစ်တည်လာခဲ့ပြီး ခေတ်သစ်ကြီး တစ်ခု၏ တည်ထောင်သူတစ်ယောက် လည်း ဖြစ်လာခဲ့သည်။ သူ၏ နာမည်သည် သမိုင်းမှတ်တမ်းထဲတွင် ရေးထိုးခြင်း ခံရပေမည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ထိုအစီအစဉ်များ ပြည့်စုံရန် အလွန့်အလွန်ကို ဝေးကွာလျက် ရှိနေသေးသည်။

ဝှစ် ဝှစ်

တစ်နေ့မှာတော့ အလွန်ဆန်းကြယ်လွန်းလှသော နတ်ဆိုးချီများသည် တည်နေရာအနှံ့ဆီမှ ဖြစ်တည်လာခဲ့ပြီး သည့်နောက် နက်မှောင်နေသည့် တိမ်ထုများကို ဖြတ်သန်းကာ တည်ရှိနေသည့် ဂြိုဟ်အသီးသီးဆီသို့ လှမ်းဝင် လာခဲ့၏။

“ဘာတွေ ဖြစ်နေတာလဲ”

အားလုံးသောသူတို့၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ မှောင်မဲသွားသည့်အချိန်တွင် အလွန် အားကောင်းလှသည့် သေခြင်းတရား၏ အော်ရာများကို သူတို့က ခံစားလိုက် မိကြသည်။

“အိုး.. မဟုတ်ဘူး”

ပြိုင်စံရှားဂိုဏ်းအတွင်းမှာတော့ ထိုက်ရွှမ်အကြီးအကဲသည် ကြယ်တာရာအလင်းမြင်ကွင်းရှေ့တွင် မတ်မတ်ရပ်လျက်ရှိပြီး နတ်ဆိုးချီများ ဖုံးလွှမ်းလျက်ရှိသည့် မြင်ကွင်းကို ကြည့်ရှုနေ၏။ သူက အံ့အား တသင့်ဖြင့် ပြောလိုက်၏။ “မြန်မြန်.. တော်ဝင်အစီအရင်ကို အသက်သွင်းလိုက်တော့”

ဒွီ ဒွီ

ချက်ချင်းပဲ အလွန်ကြီးမားလှသည့် တော်ဝင်အစီအရင်ကြီးသည် အသက်ဝင်လာခဲ့၏။ သို့ပေမဲ့ ထာဝရလောကကြီး ကို ကာကွယ်နိုင်ခဲ့သည်ဆိုသော်လည်း အသစ်ဖြစ်တည်လာခဲ့သည့် ရွေ့ပြောင်းလောကများကိုတော့ ကာကွယ် နိုင်ခြင်း မရှိသေးချေ။ ၎င်းဂြိုဟ်အားလုံးသည် အလွန်ကြမ်းတမ်းသည် နတ်ဆိုးချီများ ၏ မုန်တိုင်းကို ရင်ဆိုင်နေရသည့် လှေငယ်လေးများကဲ့သို့ပင် တုန်ခါလျက် ရှိနေလေသည်။

“သွားကြစို့”

ကုကျောင်းရှစ်က ပြောလိုက်၏။ “အပြင်ထွက်ပြီး ကြည့်ရမယ်”

“မဟုတ်ဘူး”

ကျန့်ကွေ့ရှုက အလျင်အမြန်ဖြင့် တားဆီးလိုက်သည်။ “ဒီနတ်ဆိုးချီတွေက အရမ်း အားကောင်းတယ်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ရောက်လာတာလဲ ဖြစ်နိုင်တယ်”

.......

ကုကျောင်းရှစ်သည် အပြင်ဘက်သို့ ထွက်မည့်အကြံအစည်ကို ချက်ချင်းပဲ လက်လျော့လိုက်၏။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များသာဆိုပါက သူသည် တိုက်ခိုက်ရန် ယုံကြည်ချက် ရှိလို့နေ၏။ သို့ပေမဲ့..

“မြန်မြန်”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းကို သတိပေးလိုက်တော့”

“မဟုတ်ဘူး” ထိုက်ရွှမ်အကြီးအကဲသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အပြင်ဘက်မှာရှိနေတဲ့ နတ်ဆိုးချီ တွေက အတားအဆီးတစ်ခုလို ဖြစ်နေတယ်။ ကျုပ်တို့ တခြားကို အသံပို့လွှတ်ဖို့ မဖြစ်နိုင်ဘူး”

“........”

ကျန့်ကွေ့ရှုသည် အကူအညီမဲ့စွာ ပြောလိုက်၏။ “ဒါဆိုရင် ကံတရားအတိုင်းပဲ ထားရတော့မှာပေါ့”

အချက်အလက်အားဖြင့် အပြင်ဘက်တွင် ရှိနေသည့် နတ်ဆိုးချီများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ထုတ်လွှတ်ထားသည့် နတ်ဆိုးချီများထက် ပိုမိုကာ အားကောင်းနေသည်ကို သူတို့ကောင်းကောင်း ခံစား နေမိသည်။

ဝှစ်

ရုတ်တရက် ကောင်းကင်ယံတွင် ရှိနေသည့် နတ်ဆိုးချီများထဲမှ အလင်းတန်းတစ်ခု ဖြစ်တည်လာ၏။ ၎င်းသည် ကောင်းကင်ယံထက်တွင် ပုံရိပ်ယောင်အဖြစ် တဖြည်းဖြည်း ပုံပေါ်လာ၏။

“ဟား ဟား ဟား”

သူသည် အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ဒီစကြဝဠာ ပတ်လမ်းထဲမှာ ဂြိုဟ်တွေ အများကြီး ရှိနေတာပဲ။ ငါ့အတွက်များ အထူးပြင်ဆင်ပေးထားတာလား”

ဟား ဟား ဟား ဟား ….။

ရယ်သံသည် စကြဝဠာကြီး တစ်ခုလုံးအနှံ့ကို ပျံ့နှံ့သွားခဲ့သည်။ သက်ဆိုင်ရာဂြိုဟ်အသီးသီးတွင် ရှိနေသည့် သက်ရှိ သတ္တဝါများအားလုံး၏ နားထဲသို့ တိုးဝင်လာခဲ့၏။ အားလုံးသောသူတို့သည် ပိုမိုကာ ကြောက်လန့်လာခဲ့၏။ အန္တရာယ်ကြုံတွေ့သည့်အချိန်တွင် မကောင်းသည့် ခံစားချက်များကို ရရှိတတ်သည့် သိုင်းကျင့်ကြံသူများမှာတော့ ယနေ့အချိန်တွင် ရင်ဘတ်တစ်ခုလုံး ခဲဆွဲထားသလိုပင် လေးလံနေကြ၏။

လင်းလီသည် တိုက်ရိုက်ဆိုသလိုပဲ တိုက်ခိုက်ရန် ရွေးချယ်ခဲ့တော့သည်။ “နတ်ဆိုးချီတစ်ထောင်”

ဝှစ် ဝှစ်

သူ၏ခန္ဓာကိုယ်ဆီမှ နတ်ဆိုးချီများ ဖြစ်တည်လာခဲ့ပြီး တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ထိုအရာသည် သက်ဆိုင်ရာ လောကအသီးသီး၏ တည်နေရာအတားအဆီးများကို ထွင်းဖောက်ကာဖြင့် မြေပြင်ထဲသို့ စိုက်ဝင် သွား၏။ ပြီးသည့်နောက် မူလအရင်းအမြစ်ကို ရှာဖွေလျက်ရှိ၏။

“ဆွဲထုတ်စမ်း” လင်းလီသည် သူ၏လက်ငါးချောင်းကို ဖြန့်ကားကာဖြင့် အော်ဟစ်လိုက်သည်။

ဆွစ် ဆွစ်

ချက်ချင်းပဲ နတ်ဆိုးချီများ၏ ပစ်မှတ်ထားခြင်းကို ခံရသည့် ဂြိုဟ်အသီးသီးသည် ညှိုးရော်လာခဲ့ပြီးနောက် စကြဝဠာအတွင်းတွင် ပျောက်ကွယ်သွားခဲ့၏။ ကျွင်းချောင်ရှောင်း ဖန်တီးထားသည့် အစီအစဉ်သည် လက်ရှိ အခြေအနေမှာတော့ လင်းလီအတွက် တစ်စုတစ်စည်းထဲ စားသုံး၍ရသည့် အစားအစာများဖြစ်၍ လာခဲ့တော့၏။ ထို့အပြင် ထိုအရာများကို စားသုံးပြီးသည့်နောက် လင်းလီ၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့၏။

ဟား ဟား ဟား ဟား

လင်းလီသည် ဦးခေါင်းကို မော့ကာဖြင့် ရယ်မောလျက်ရှိသည်။ နောက်ဆုံးမှာတော့ သူသည် ပြိုင်ဘက်ကင်း ဖြစ်လာသည်ဆိုသော ခံစားချက်မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။

All Chapters