← Chapters

အခန်း ၁၉၉၉(ခ)

Vol. 134 Ch. 1999-B

အခန်း ၁၉၉၉(ခ)

Vol. 134 Ch. 1999-B

အပိုင်း (၁၉၉၉ - ခ)

ပြိုင်စံရှားဂိုဏ်း အတွင်းမှာတော့ ကျန့်ကွေ့ရှုနှင့် တခြားသောသူများသည် မျက်စိတမှိတ်အတွင်းမှာပဲ ဂြိုဟ်အသီးသီးတို့ ပျောက်ကွယ်သွားသည့် မြင်ကွင်းကို ကြည့်ရှုပြီး မျက်လုံးထဲတွင် အံ့အားသင့်မှု၊ ကြောက်လန့်မှုများ ဖြစ်ပေါ်လာခဲ့၏။ “ဒါ.. ဒါက သောက်ရမ်းကြမ်းလွန်းအားကြီးတယ်”

“စိတ်မပူနဲ့”

ထိုအချိန်မှာပဲ လင်းလီသည် အသာလှည့်ပြီးသည့်နောက် ထီးထီးကြီးကျန်ခဲ့သော ထာဝရ လောကကြီးကို ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် စိတ်ဆန္ဒများနှင့် တောက်ပနေခဲ့သည်။ “ပြီးရင် မင်းတို့ အလှည့်ပဲ”

သူသည် စောဏကလေးတင် ဂြိုဟ်တော်တော်များများကို ဝါးမြိုခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ အဆာပြေရုံ လေးသာ ရှိသေး၏။ သူ၏ရှေ့တွင် ရှိနေသော အလွန်ကြီးမားလှသည့် ဂြိုဟ်ကြီးကိုသာ ဝါးမြိုနိုင်မည် ဆိုပါက ကျိန်းသေပေါက် အံ့အားသင့်စရာများ ဖြစ်လာနိုင်၏။

ဝှစ် ဝှစ်

လင်းလီသည် သူ၏လက်များကို ဖြန့်ကားလိုက်၏။ ကြမ်းတမ်းလွန်းလှသော နတ်ဆိုးချီများသည် ဖြစ်တည်လာ ခဲ့၏။ နတ်ဆိုးချီများသည် ထာဝရလောကကြီး အရွယ်အစားကဲ့သို့ပင် ဖြစ်လို့လာ၏။ အဆုံးသတ် မှာတော့ ထာဝရလောကကြီးတစ်ခုလုံးကို အမဲရောင်အဝတ်ကြီးဖြင့် ရစ်ပတ်လိုက်သလိုပင် လွှမ်းခြုံသွားသည်။

အလွန့် အလွန်ကြီးမားလွန်းလှသည့် လောကကြီးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူသည် တိုက်ရိုက် စုပ်ယူနိုင်စွမ်း မရှိချေ။ ထို့ကြောင့် သူ၏ ဓာတ်သဘာဝများနှင့် ဖုံးလွှမ်းပြီး ချိုးဖြတ်ရန် ကြိုးစားနေခြင်းပင်။

ဝှစ် ဝှစ် ဝှစ်

ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဆိုးချီများသည် လောကကြီး၏ တော်ဝင်အစီအရင်ကို သွားရောက်ကာ ဆွဲကပ်လေ၏။ စွမ်းအင်များသည် အလွန်တရာ အားကောင်းလှသောကြောင့် အထဲတွင် ရှိနေသည့် တည်နေရာ အတားအဆီးကြီးသည် တဖြည်းဖြည်း တွန့်လိမ်လာခဲ့သည်ကို အားလုံးက မြင်နေရ၏။ ထာဝရ လောကကြီးသည် အရေးကြီးသော အခြေအနေသို့ ရောက်ရှိလာခဲ့၏။

“အားလုံးပဲ”

ကျန့်ကွေ့ရှုသည် စိတ်ဆုံးဖြတ်ပြီးသလို ပြောလိုက်သည်။ “အဆိုးဆုံး အခြေအနေအတွက် စိတ်ဆုံးဖြတ်ပြီး ပြင်ဆင်ကြတော့”

“...........”

ပြိုင်စံရှားဂိုဏ်းတွင်ရှိနေသော မည်သူကမှသည် ကြောက်လန့်ခြင်း မရှိကြချေ။ ၎င်းတို့အားလုံးတို့သည် သေခြင်းတရားကို ရင်ဆိုင်ရသည့်အချိန်တွင် အလုံးစုံ စိတ်ဆုံးဖြတ်ပြီးသကဲ့သို့ပင် တည်ငြိမ်လျက် ရှိနေကြ၏။

ကျွီ

ဟွာမင်ကွေ့သည် တံခါးကို တွန်းဖွင့်ကာဖြင့် ထွက်လျှောက်လာ၏။ သူမ၏ မျက်လုံးထဲတွင် စိတ်ပျက်မှုများ လွှမ်းခြုံနေခဲ့၏။ သေခြင်းတရား - သူမ မကြောက်လန့်ချေ။ သူမအနေနှင့် သူမ၏ယောက်ျားနှင့်ပင် မင်္ဂလာပွဲ မကျင်းပရသေးသော အခြေအနေကို နှမျောတသ ဖြစ်နေခြင်းပင်။ သရဖူကို ဝတ်ဆင်ထားသော သူမသည် မည်မျှလှပသည်ဖြစ်ကြောင်းကို သူမ၏ယောက်ျားကို မပြသနိုင်ခဲ့ချေ။

......

မြင်ကွင်းကို ကျွင်းချောင်ရှောင်းဆီသို့ လှမ်းကာကြည့်ရှုမည်ဆိုလျှင် ထာဝရလောကကြီးဆီသို့ အမြန်ဆုံးပြန်လျက် ရှိနေ၏။ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် မကောင်းသော ခံစားချက်များသည် ပိုမိုကာ အားကောင်းလာခဲ့၏။ လက်ရှိ အခြေအနေတွင် အလွန်တရာ အရေးကြီးသည့်အရာကြီး ဆုံးရှုံးတော့မည်သကဲ့သို့ သူက ခံစားနေမိသည်။

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် တည်နေရာတစ်ခုကို ဝင်တိုက်လုမတတ် ဖြစ်သွား၏။ “ဒါ ဘယ်နေရာကြီးလဲ”

သူကြောင်အလျက်ရှိနေတုန်းမှာပဲ ပတ်ဝန်းကျင်တည်နေရာကြီးသည် တဖြည်းဖြည်း ကြည်လင်လာခဲ့၏။ တည်နေရာတွင် လူများ စုစည်းလျက်ရှိနေ၏။ ထိုနေရာတွင် လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ စုရှောင်မို၊ ကုကျောင်းရှစ်၊ ယုစီနန်နှင့် တခြားသော အထက်ပိုင်း အကြီးအကဲများလည်း ပါဝင်လျက်ရှိသည်။

“ဘာလို့ ဒီကိုရောက်နေကြတာလဲ” ကျွင်းချောင်ရှောင်းသည် အနီးကို ကပ်သွားချင်၏။ သူ၏တပည့်များသည် အစစ်အမှန် မဟုတ်ဘဲ ဖြစ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက် မိ၏။ “ပုံရိပ်ယောင်လား”

“အထက်စကြဝဠာကြီးက ကပ်ဘေးကြီးကို မရှောင်ရှားနိုင်ဘူး။ မင်းတို့ရဲ့ ဂိုဏ်းချုပ်ကလည်း ဒီကပ်ဘေးကြီးထဲမှာ သေဆုံးသွားလိမ့်မယ်။ အချိန်ရောက်လာပြီဆိုရင် မင်းတို့ အမှန်တရားအတွက် ကိုယ့်ကိုယ်ကိုယ် စတေးပစ်မလား၊ ဒါမှမဟုတ် တခြားနေရာတစ်ခုခုမှာ သွားပြီးတော့ ပုန်းကွယ်နေမလားဆိုတာကို ရွေးချယ် နိုင်တယ်”

ကြီးလေးလှသော အသံကြီးတစ်ခုက ထွက်ပေါ်လာသည်။

ထိုစကားကို ပြောဆိုလိုက်သူမှာ စီနီယာသက်တန့်ရောင်သူတော်စင် ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းသည် ချက်ချင်း သိရှိလိုက်၏။

အထူးသဖြင့် အမှန်တရားအတွက် စတေးခံမည်လား။ သို့မဟုတ် သွားရောက်ပုန်းအောင်းနေမည်လား ဆိုသည်ကို သူ့ကိုလည်း မေးမြန်းခဲ့ဖူးသည်။ သူ၏ တပည့်များသည်လည်း ဤကဲ့သို့ မေးမြန်းခံခဲ့ရသည်လား။ ထိုသို့ဆိုလျှင် စိတ်ပျက်ခြင်း ချောက်ကမ်းပါးတွင် ရှိခဲ့စဉ်က အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံး ကြုံခဲ့ရသည့်အရာကို သူပြန်မြင်နေရသည်လား။

သူ၏ခန့်မှန်းချက်သည် အမှန်ပင် ဖြစ်၏။ လီချင်းယန်နှင့် တခြားသောသူများအားလုံးသည် လွတ်လပ်သည့် တည်နေရာထဲသို့ ဝင်ရောက်နေသည့် မြင်ကွင်းဖြစ်၏။ လက်ရှိအခြေအနေမျာတော့ မည်သို့ ဖြေဆို ခဲ့ကြောင်း အထင်းသား ရှင်းရှင်းလင်းလင်း မြင်နေ၏။

“တကယ်လို့ အမှန်တရားအတွက် ကိုယ့်ကိုယ်ကိုယ် စတေးပစ်မယ်လို့ ရွေးချယ်ခဲ့လို့ရှိရင် ဂိုဏ်းချုပ်အတွက် ဘယ်လို အကျိုးကျေးဇူး ရှိမှာလဲ” ရီရှင်းချန်က မေးမြန်းလိုက်သည်။

သက်တန့်ရောင်သူတော်စင်က ပြောလိုက်၏။ “အထက်စကြဝဠာတစ်ခုလုံးကို ကယ်တင်ပြီးတော့ များပြားလှတဲ့ ကုသိုလ်တရားတွေ ရမှာပေါ့။”

“တကယ်လို့ ထွက်ပြေးသွားမယ်ဆိုရင်ကော”

“အထက်စကြဝဠာကြီး ဖျက်ဆီးခံရမယ်ဆိုရင်တောင်မှ မင်းတို့က အသက်ရှင်လိမ့်မယ်”

.........

“ရွေးချယ်ကြ”

“အတိတ်တုန်းက ငါဆိုရင်တော့ ကျိန်းသေပေါက် ထွက်ပြေးတာကို ရွေးချယ်မှာပဲ။ ဘာပဲပြောပြော အသက်ရှင် ရတာထက် ကောင်းတဲ့အရာ မရှိဘူးလေ။ ဒါပေမဲ့”

ရီရှင်းချန်သည် ခေါင်းကိုမော့ကာဖြင့် ပြောလိုက်သည်။ “လောကကြီးအတွက် စတေးပစ်ဖို့ ရွေးချယ်မယ်”

ဆွစ်

ပြောပြီးသည့်နောက် သူသည် တည်နေရာရွေ့ပြောင်းခြင်းကို ခံလိုက်ရ၏။ တစ်ချိန်တည်းမှာပဲ ပုံရိပ်ယောင် ကောင်းကင်၏အထက်တွင် နံပါတ်တစ်ဆိုသောအရာ ပေါ်ပေါက်လာ၏။

“ကျုပ်လည်း စတေးဖို့အတွက် ရွေးချယ်မယ်”

တခြားသောနေရာတွင် မတ်မတ်ရပ်လျက်ရှိသည့် လီချင်းယန်သည် သူ၏ရွေးချယ်မှုကို ပြုလုပ်ပြီးသည့်နောက် တည်နေရာရွေ့ပြောင်းခြင်းကို ခံလိုက်ရ၏။ ၎င်းသည် နံပါတ်နှစ် ဖြစ်လာခဲ့သည်။

တူညီသည့် မြင်ကွင်းများသည် ဖြစ်လာခဲ့၏။

“အမှန်တရားအတွက် စတေးမယ်။ စတေးမယ်”

ရှောင်ကျီ၊ စုရှောင်မိုနှင့် တခြားသောသူများ အားလုံးသည်လည်း ကိုယ်ပိုင်ရွေးချယ်ခဲ့ကြ၏။ ပြီးသည့်နောက် ပုံရိပ်ယောင် မြင်ကွင်းပေါ်တွင် ဖြစ်နေသည့် နံပါတ်များသည်လည်း တဖြည်းဖြည်း တက်လာခဲ့သည်။

“မင်းတို့အားလုံး”

ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် မတ်မတ်ရပ်ပြီးသည့်နောက် တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ ရွေးချယ်မှုကို ပြုလုပ်လျက်ရှိနေသည့် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များကို ကြည့်ရှုနေ မိသည်။ သူသည် ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိုင်ဘဲ မျက်ရည်များပင် ဝိုင်းလာမိ၏။ အားလုံး၏ ရွေးချယ်မှုသည် စတေးမည် ဟူသော နံပါတ်သည် တစ်သိန်းခွဲအထိသို့ပင် ရောက်ရှိလာခဲ့၏။ ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးသည် မည်သူမှ ထွက်ပြေးပုန်းရှောင်ရန် မရွေးချယ်ခဲ့ချေ။

“ဒါ စိတ်ကူးဖို့တောင်ခက်တယ်”

သက်တန့်ရောင်သူတော်စင်က ပြောလိုက်၏။ “ဒီလောက်အများကြီးက တူညီတဲ့ ရွေးချယ်မှုကို လုပ်ခဲ့တယ်လေ။ ဒါက တကယ့်ကို ကမ္မနှောင်ကြိုး ချိတ်ဆက်နေတဲ့သူတွေ ဖြစ်ကြောင်း သက်သေပြကြတာပဲ။ အားလုံးက ဘဝပေါင်းများစွာ ကြုံဆုံလာပြီးနောက်မှာ အားအကောင်းဆုံး ချစ်ခင်ရင်းနှီးမှု၊ တိကျတဲ့ စိတ်ပိုင်းဖြတ်မှု တွေ ပြည့်စုံလာကြတယ်။ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့တာပဲ”

“စီစဉ်ထားတာ ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ကြောင်အသွား၏။ လက်ရှိအချိန်မှာတော့ သူ၏ရှေ့တွင် ပုံရိပ်တစ်ခုက ပေါ်ပေါက်လာခဲ့၏။ အသွင်အပြင်ကို ကြည့်ရှုရမည်ဆိုလျှင် အလင်းမြင်ကွင်းထဲတွင် သူမြင်ခဲ့သည့် သက်တန့်ရောင်သူတော်စင်နှင့် တူညီနေသည်။

“ဂိုဏ်းချုပ်ကျွင်း”

သက်တန့်ရောင်သူတော်စင်က ပြောလိုက်၏။ “ခင်ဗျားရဲ့တပည့်တွေက ရွေးချယ်မှုကို ပြုလုပ်ခဲ့တယ်။ ဒီတော့ အထက်စကြဝဠာတစ်ခုလုံးကို သွားကယ်တော့”

“ဘယ်လိုကယ်ရမှာလဲ” ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်ဖြင့် မေးလိုက်သည်။

သက်တန့်ရောင်သူတော်စင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျက်ပြယ်လာခဲ့သည်။ ပြီးနောက် သူက ပြောလိုက်၏။ “အထက်စကြဝဠာကြီးကို ကယ်တင်ဖို့အတွက် အလုံးစုံသော စွမ်းအင်တွေကို မကြာခင်မှာ မင်း ရလိမ့်မယ်”

ဆွစ် ဆွစ်

ဝှစ်

ကျွင်းချောင်ရှောင်းသည် ပုံရိပ်ယောင်နယ်မြေထဲမှ ပြန်လည် ထွက်ခွာလာသည်။ အလင်းတန်းများသည် လေဟာနယ်ထဲတွင် ဖြစ်တည်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ် ဝင်ရောက်နေသည်။

အား...

သူသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ နှလုံးသားတစ်ခုလုံးကို ဆွဲစုပ်ထားသကဲ့သို့ပင်။

...........

ဘုန်း

မြင်ကွင်းကို လင်းလီ ရှိရာဆီသို့ ပြန်လည်ကာ ကြည့်ရှုမည်ဆိုလျှင် ကြမ်းတမ်းလှသည့် နတ်ဆိုးအော်ရာများ၏ တိုက်ခိုက်မှုနောက် ထာဝရလောကကြီးအနားတွင် စုဝေးလျက်ရှိနေသည့် ဂြိုဟ်ပေါင်းများစွာတို့သည် ပြိုလဲလျက် ရှိနေပြီး မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်ကုန်၏။ လက်ရှိအချိန်မှတော့ ထာဝရလောကကြီးတွင် ရှိနေသည့် ပြိုင်စံရှားဂိုဏ်းနှင့် သံမဏိအရိုးတောင်သည်လည်း ပြိုလဲနေလေသည်။

ရေတွက်လို့မရအောင် များပြားသော သက်ရှိသတ္တဝါများသည် သုတ်သင်ခြင်းကို ခံရ၏။ အစစ်အမှန် ဂိုဏ်းနှင့် လောကကြီးတစ်ခုလုံး ဖျက်ဆီးခံရခြင်းပင်။

ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီး ကတည်းက ကျွင်းချောင်ရှောင်း အတွက် အဆိုးရွားဆုံးသော ဆုံးရှုံးမှုဟုပင် ပြောဆိုရမည်။ သူ အစစ်အမှန် တည်ဆောက်ထား သည့် အိမ်တစ်ခုလုံးသည် ဖျက်ဆီးခံနေရပြီဖြစ်၏။

“ထူးဆန်းလိုက်တာ”

ထာဝရလောကကြီး၏ စွမ်းအင်များကို စုပ်ယူပြီးသည့်နောက် လင်းလီသည် အံ့အားသင့် မိနေသည်။ “ပြိုင်စံရှားဂိုဏ်းက လူတွေ ဘယ်ရောက်သွားလဲ”

သံမဏိအရိုးတောင် ပြိုလဲသွားပြီးနောက် ဂိုဏ်းတစ်ခုလုံးသည် ဗလာဟင်းလင်းဖြစ်နေကြောင်း သူက တွေ့ရှိလိုက်ရ၏။ လူတစ်ဦးတလေကိုမှ မတွေ့ရှိရချေ။ ဖြစ်နိုင်သည်မှာ အန္တရာယ်ကို ကြိုတင်ကာ သိရှိသောကြောင့် ကြိုတင်ကာ ထွက်ပြေးသွားကြလေသည်လား။

“ဟမ့်”

လင်းလီသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီး ငါ့လက်ထဲက လွတ်မှာလဲ”

ပြောပြောပြီးချင်းမှာပဲ သူသည် မျက်မှောင်ကုတ်သွားမိ၏။ ပြီးနောက် အသာလှည့်ပြီးသည့်နောက် လက်ဝါး ရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ဝုန်း

ရုတ်တရက် ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာပြီး စကြဝဠာတစ်ခုလုံးသည်လည်း ပြိုလဲသွား၏။

ဘုတ် ဘုတ်

လင်းလီသည် အနောက်ဘက် တော်တော်များများဆီသို့ ဆုတ်ခွာသွားပြီးမှ သူ၏ ဟန်ချက်ကို ထိန်းသိမ်းနိုင် ခဲ့၏။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ သူဂြိုဟ်ပေါင်းများစွာတို့ကို ဝါးမြိုခဲ့၏။ အထူးသဖြင့် ထာဝရလောကကြီးပင် ဖြစ်လေ၏။ သူသည် ပြိုင်ဘက်ကင်းလုမတတ် အားကောင်းလှ၏။ သို့ပေမဲ့ ရုတ်တရက် တိုက်ခိုက်လိုက်သည့် အားအင်သည် သူ့အား ခပ်ဝေးဝေး တည်နေရာဆီသို့ပင် လွင့်စင်သွားစေခဲ့သည်။

“ငါ့ရဲ့ဂိုဏ်းနဲ့ ငါ့လူတွေကို ဖျက်ဆီးတာလား”

လက်ရှိအခြေအနေမှာတော့ မီးတောက်များ ဖုံးလွှမ်းနေရာ တည်နေရာတွင် ကျွင်းချောင်ရှောင်းသည် အနီရောင်မျက်လုံးများနှင့်အတူ လှမ်းလျှောက်ထွက်လာခဲ့၏။ “ခွင့်လွှတ် ပေးလို့မရဘူး”

လက်ရှိအချိန်မှာတော့ သူသည် တစ်ယောက်တည်း မဟုတ်ခဲ့ချေ။ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ပြိုင်စံရှား ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးတို့သည် ဂိုဏ်းချုပ်၏ အနောက်တွင် ဝိညာဉ်ကဲ့သို့ ရပ်တန့်လျက်ရှိပြီး အထက်စကြဝဠာကြီးတစ်ခုလုံး တုန်လှုပ်သွားနိုင်စွမ်းရှိသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။

ထာဝရလောကကြီး ဝါးမြိုခံရလုနီးပါး ဖြစ်နေသည့်အချိန်တွင် ကုကျောင်းရှစ်၊ လီချင်းယန်နှင့် တခြားသော သူ အားလုံးတို့သည် စီနီယာသက်တန့်ရောင်သူတော်စင် သူတို့ကို သင်ပေးခဲ့ဖူးသည့် စတေးခြင်းမန္တာန်ကို ရွတ်ဆို ခဲ့ကြ၏။ နောက်ဆုံးမှာတော့ ၎င်းတို့အားလုံးသည် စွမ်းအင်အရင်းအမြစ်ကဲ့သို့ ပြောင်းလဲကာ လေဟာနယ်ကို ထိုးခွင်း၍ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ထဲသို့ လာရောက် ပေါင်းစပ်လေ၏။

လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တပည့်ပေါင်း တစ်သိန်းခွဲတို့၏ ထောက်ပံ့မှုကို ရရှိထားသည့်လူ တစ်ယောက်ပင်။ သက်တန့်ရောင်သူတော်စင် ပြောသည့် အဆုံးမဲ့သော စွမ်းအင်များ ဆိုသည်မှာ ဤအရာပင် ဖြစ်လေသည်။

All Chapters