← Chapters

ကစဉ့်ကလျားကမ္ဘာသို့ နောက်တစ်ခေါက်ပြန်သွား ခြင်း

Vol. 134 Ch. 1875

ကစဉ့်ကလျားကမ္ဘာသို့ နောက်တစ်ခေါက်ပြန်သွား ခြင်း

Vol. 134 Ch. 1875

လက်ထောက်လေးသည် တောင်ပေါ်တွင် နှစ်ပေါင်းများစွာရှိလာသော စိမ်းစိုနေသည့် ထင်းရှူးပင်များနှင့်အတူ တစ်ယောက်တည်း ရပ်နေလေသည်။

လက်ထောက်လေး၏ နောက်မှ ကလေးငယ်သည် အရိုအသေပြုပြီး ပြော လေသည် “ဂိုဏ်းသခင် ရှီမာမျိုးနွယ်မှာ လှုပ်ရှားမှုရှိတယ်လို့ အခုလေးတင် သတင်းရပါတယ်”

“ငါ သိပြီးသွားပြီ နှမြောဏရာပဲ ပြန်လာတာ သူမမဟုတ်ဘူး..” လက်ထောက်လေးသည် တိုးညင်းစွာ ပြန်ဖြေလိုက်သည်။

ကလေးငယ်သည် အနည်းငယ်အံ့၏သွားသည်။ ဂိုဏ်းသခင်သည် ဤ တောင်ထိပ်တွင် ရပ်နေသည်မှာ ကြာနေပြီဖြစ်ကာ တောင်အောက်ကို ဆင်းပင် မဆင်းခဲ့သော်လည်း ရှီမာမျိုးနွယ်တွင် လှုပ်ရှားမှုရှသည်ကို သိနှင့်ပြီးဖြစ်လေ သည်။ ထိုမျှသေးငယ်သော ကိစ္စများကို ဟောကိန်းထုတ်နိုင်သည်မှာ ဂိုဏ်း သခင်၏ ဂမ္ဘီရအရည်အချင်းမှာ များစွာတိုးတက်လာပြီဟု ဆိုလိုသည်။

ဒါပေမဲ့ ဂိုဏ်းသခင်က တစ်နေ့လုံး မျက်မှောင်ကြုတ်နေတာ… သူ့ကို မပျော်စေတဲ့ကိစ္စများရှိလို့လား။

တကယ် ဝမ်းနည်းနေတာပဲ…

လက်ထောက်လေးသည် အဝေးမှ ကောင်းကင်ကိုကြည့်ပြီး တောင်များ အနောက်တွင် ပုန်းကွယ်နေသော တောင်များနှင့် ဆက်သွယ်နေသည်မှာ သဘာဝကျလှသည်။

သူသည် မျက်တောင်ခတ်ပြီး မျက်လုံးထဲမှ မျက်ရည်များကို အတင်းပြန် ထည့်နေကာ စိတ်ထဲမှရေရွတ်နေသည် “ဘယ်တော့ ပြန်လာမှာလဲ…”

ထိုစဉ်တွင် ဟိန်းသံလေးသည် ရှီမာယူယူကို မလွှတ်တမ်းဖက်တွယ်ထား သည်။ သူ၏ တိုတောင်းသော လက်များသည် သူမကိုဖက်ထားပြီး အဆက် မပြတ်ငိုနေသည်။

သူ ငိုသည်ကို အတန်ကြာသည်အထိ နားထောင်ပြီးနောက် ရှီမာယူယူသည် ဟိန်းသံလေးကို စိတ်ငြိမ်အောင်လုပ်ပေးပြီး ပြောလိုက်သည် “ကဲ ကဲ အခု မင်းဒီကိုရောက်နေပြီမလား”

“ယူယူ့ကို ပြန်မတွေ့ရတော့ဘူးလို့ထင်နေတာ” ဟိန်းသံလေးသည် အတန်ကြာအောင် ငိုပြီးသည့်နောက် ပူးကပ်ပြီးပြောလေသည်။

“မဟုတ်တာ မပြောနဲ့ ဟိန်းသံထောင်ချီက သတိမေ့နေတာ၊ သူ မသိဘူး ဆိုတာကို ငါနားလည်နိုင်တယ်.. ဒါပေမဲ့ ငါတို့က ဝိညာဉ်စာချုပ်နဲ့ ဆက်သွယ် နေတာလေ မင်းမခံစားမိဘူးလား” ရှီမာယူယူသည် သူ့ခေါင်းကို ပုတ်လိုက် သည်။

“ဒါနဲ့ ငါတို့အကုန်လုံးနိုးနေကြပြီကို ဟိန်းသံထောင်ချီက မနိုးသေးဘူး” ဟိန်းသံလေးသည် ဟိန်းသံထောင်ချီကို သတိရသွားသည်။ သူ နိုးနေသည်မှာ ကြာပြီဖြစ်ကာ ဟိန်းသံထောင်ချီသည် အိပ်မောကျနေဆဲပင်။ သူ စိုးရိမ်နေခဲ့ သည်မှာ ကြာပြီဖြစ်သည်။

အရင်က အားလုံးလည်း မနိုးသေးဘူးဟု ထင်သဖြင့် သူ့ကိုယ်သူ ထူးခြား သည်ဟု တွေးခဲ့သည်။ သို့သော် အခု အားလုံးနိုးနေကြပြီဖြစ်ပြီး ဟိန်းသံထောင် ချီတစ်ဦးတည်း မနိုးသေးသဖြင့် ပိုစိတ်ပူလာသည်။

ဟိန်းသံထောင်ချီက ဆိုးဆိုးဝါးဝါးထိခိုက်မိသွားတာတော့ မဟုတ်ပါဘူး နော်။

“စိတ်မပူနဲ့ ဟိန်းသံထောင်ချီ အဆင်ပြေပါတယ်” ဟိန်းသံလေး၏ စိုးရိမ် နေသော အမူအရာကိုမြင်သောအခါ ရှီမာယူယူ ရှင်းပြလိုက်သည် “မင်းနဲ့ငါက ဝိညာဉ်စာချုပ်ကြောင့် နိုးလာတာ… ငါ့အားက တိုးလာတော့ မင်း နိုးလာတာ သဘာဝပဲ.. ရှောင်ချီနဲ့တခြားသူတွေက ဝိညာဉ်စေတီထဲမှာရှိနေတော့ ဝိညာဉ် လေးရဲ့ အားဖြည့်ပေးမှုကြောင့် နိုးလာတာ… ဟိန်းသံထောင်ချီက အရင်က ငါ့ ခန္ဓာကိုယ်ထဲမှာနေခဲ့တော့ ဘာအားမှမရခဲ့ဘူးလေ အဲဒါကြောင့် သူ မနိုးတာ… သူ့ကို ဒီမှာပဲနလန်ထူခိုင်းလိုက်ရင် မကြာခင် ပြန်နိုးလာမှာပါ”

“တကယ်လား” ဟိန်းသံထောင်ချီသည် သူမကို ကြည့်လိုက်ရာ သူမ အသေအချာ ခေါင်းညိတ်ပြသည်ကိုမြင်မှပင် စိတ်သက်သာရာရသွားတော့၏။

ထို့နောက်… သဘာဝအတိုင်း ပြန်ကောင်းလာသော ဟိန်းသံလေးသည် ဝိညာဉ်စေတီအတွင်းတွင် စတင်ပျော်ပါးတော့သည်။ သူ၏ ခလောက်ဆန်သော အပြုအမူကြောင့် သူမ ဆွံ့အသွားရသည်။

သို့သော် သူမ ပြောရမည်မှာ ဟိန်းသံလေးရှိလျှင် ဝိညာဉ်စေတီသည် ပို၍ အသက်ဝင်သည်။

ဟေးဒီးစ်ရောက်လာသောအခါ ရှီမာယူယူ ဝိညာဉ်စေတီအတွင်းမှ ထွက် ခဲ့လိုက်သည်။ သူမ အရင်လိုအခြေအနေ ပြန်ဖြစ်သွားသည်ကိုကြည့်ပြီး ဟေးဒီးစ်သည် မျက်ခုံးပင့်မိသည် “ဒီလောက် မြန်မြန်ပြန်ကောင်းတာလား”

“အပြင်က အကူအညီကြောင့်ပါ” ရှီမာယူယူ ပြုံးလိုက်သည် “နည်းလမ်း ရှာတွေ့ပြီလား”

ဟေးဒီးစ် ခေါင်းညိတ်လိုက်သည် “နည်းလမ်းရှိတယ် ဒါပေမဲ့ မလွယ်ဘူး”

“မရှိတာထက်စာရင် ကောင်းပါတယ်” ရှီမာယူယူသည် ပြဿနာကို မကြောက်ပေ။ နည်းလမ်းရှိလျှင် အဆင်ပြေသည်။

“အရှင် ဘာလုပ်ဖို့လိုတာလဲ” အရိပ်မည်း မေးလိုက်သည်။

ဝူလင်းယူသည် သူ့ကို စိုက်ကြည့်နေသည်။ ထင်ထားသည့်အတိုင်းပင် သူ အစိုးရိမ်ဆုံး စကားပြောလာလေသည်။

“နဂါးမျက်လုံးက ကစဥ့်ကလျားချီကို စုပ်ယူနိုင်တယ်.. သတ်မှတ်ချက် တော့ရှိတယ်.. သူ့ကို ပြည့်အောင်ဖြည့်နိုင်ရင် လှုပ်လာလိမ့်မယ်” ဟေးဒီးစ် ပြောလိုက်သည်။

“ဒါပေမဲ့ ကစဥ့်ကလျားချီက ဘယ်ကနေရမှာလဲ” အရိပ်မည်း မျက်မှောင် ကြုတ်လိုက်သည်။

တကယ်တော့ ကစဥ့်ကလျားချီသည် ကစဥ့်ကလျားကမ္ဘာမှ လာသည်ကို အားလုံးသိကြသည်။ ဒါဆိုရင် သူတို့က ကစဥ့်ကလျားကမ္ဘာကို သွားရမှာလား။ ဒါပေမဲ့ အရမ်းအန္တရာယ်များတယ်လေ။

ဟေးဒီးစ်သည် အရိပ်မည်းကို စိုက်ကြည့်ပြီးနောက် ဆက်ပြောလေသည် “ဒီကစဥ့်ကလျားချီကိုတော့ မင်း အဲဒီကိုရောက်မှယူလို့ရလိမ့်မယ်”

“ဟုတ်ပြီ” ရှီမာယူယူသည်လည်း ထိုသို့တွေးထားသည်။ ထို့ကြောင့် သူမ သည် တွေဝေခြင်းမရှိ ပြောလိုက်သည်။

ဝူလင်းယူလည်း အတူသွားချင်သည်။ သို့သော် သူသည် နဂါးမျက်လုံးနှင့် ဝေးရာသို့ ခွာမရပေ။

“ဒါဆို ကျွန်တော်တို့ ဘယ်တော့သွားကြမလဲ” အရိပ်မည်း မေးလိုက်သည်။

“ငါတို့မသွားဘူး သူမ တစ်ယောက်တည်းသွားရမှာ” ဟေးဒီးစ်သည် မျက်မှောင်ကြုတ်နေသော လူများကို မတတ်သာစွာဖြင့် ပြောလိုက်သည် “ငါ့ကို တားမြစ်ထားတယ်လေ ငါ ကစဥ့်ကလျားကမ္ဘာကို သွားလို့မရဘူး… မင်းတို့ နှစ်ယောက်လည်း သွားရင် ပြန်လာလို့မရလောက်ဘူး၊ သူမ တစ်ယောက်တည်း သွားလို့ရလောက်မယ် အဲဒါကြောင့် သူမ တစ်ယောက်တည်းလုပ်နိုင်မှာပဲ”

ကစဥ့်ကလျားကမ္ဘာကို သွားခဲ့သည့်လူများထဲမှ ပြန်ထွက်လာနိုင်သူမှာ အလွန်နည်းပါးသည်။ သို့သော် သူတို့သည် မရဏာလောကမှဖြစ်ရာ ပို၍ပင် သေချာပေါက် သွားမရပေ။ သို့သော် ရှီမာယူယူသည် တစ်ခါရောက်ဖူးသဖြင့် ထိုကန့်သတ်ချက်များသည် သူမအတွက် အသုံးမဝင်ပေ။

“စိတ်မပူပါနဲ့ တစ်ယောက်တည်းသွားလည်း အဆင်ပြေမှာပါ” ရှီမာယူယူ သည် စိတ်မပူပေ။ သူမသည် ဤကိစ္စကို ဖြေရှင်းချင်သည်။ မြန်လေကောင်းလေ ဖြစ်ကာ ပြီးသည်နှင့် သူမ၏ မိခင်ကို သွားကယ်မည်။

“အကုန်လုံးကို မင်းကိုစိတ်ပူနေမှာပါ” ဟေးဒီးစ်သည် သူမ၏ ပခုံးကိုပုတ်ပြီး လေဟာပြင်ဖွင့်ကာ သူမကို ပစ်သွင်းလိုက်သည်။ အားလုံးမှာ တုံ့ပြန်ချိန်ပင် မရှိလိုက်ပေ။

ပိတ်သွားသော လေဟာပြင်ကို ကြည့်ပြီး အားလုံး စိတ်ဆိုးမိကြသည်။ အရှင် ဒီလောက် မြန်မြန်ကြီးလုပ်ဖို့လိုလို့လား။ ဘယ်လိုလုပ်ရမလဲဆိုတာ သူမ ကို ပြောတောင်မပြောရသေးဘူးလေ။

ဟေးဒီးစ်သည် သူတို့သုံးယောက်၏ စိုက်ကြည့်ခြင်းကိုခံရတော့သည်။ သူ သည် သူတို့၏ မျက်လုံးကို နားလည်သဖြင့် ညည်းညူလေသည် “ငါ့ကို ဘာလို့ ကြည့်ကြတာလဲ ငါလည်းမသိဘူး”

သူတို့သုံးယောက်မှာ “…”

ဝူလင်းယူက သူ့ကို ရိုက်ချင်နေတာလား။ ဒါပေမဲ့ အဲဒါကဖြစ်နိုင်လို့လား။ အဖြေကိုတော ကိုယ့်ဘာသာစဉ်းစားပေါ့။ ကျန်တဲ့နှစ်ယောက်ကတော့ လုပ်ရဲ တဲ့ သတ္တိမရှိဘူးလေ။

ရှီမာယူယူ သတိပြန်ရချိန်တွင် ထူထဲသောမြူခိုးဖြူအတွင်း ရောက်နေပြီ ဖြစ်သည်။ သူမသည် ကစဥ့်ကလျားကမ္ဘာသို့ ရောက်နေပြီဟု သိလိုက်သည်။

“ဒီလူကြီး ဟေးဒီးစ်ကတော့ သူ့ခန္ဓာကိုယ်ကို တားမြစ်ထားတာနဲ့ ဒီနေရာ ကိုလာလို့မရဘူး.. ဒီကိုမရောက်ဖူးဘူးဆိုတာက ဖြီးတာပဲဖြစ်ရမယ်.. သူ ဒီမှာ ဘာလုပ်ခဲ့လို့ တားမြစ်ခံရလဲမှမသိတာ”

ရှီမာယူယူသည် ကစဥ့်ကလျားကမ္ဘာသို့ ဝင်သည်နှင့် ဟေးဒီးစ်အပေါ် စိတ်ဝင်စားလာမိသည်။ သို့သော် အတန်ကြာလျှောက်ပြီးနောက်တွင် စိတ်ဝင် စားမှုများ ပျောက်သွားသည်။

“လတွေအများကြီးကြာသွားသလို ခံစားရတယ်… ဒါပေမဲ့ နေရာတိုင်းက လည်း အဖြူတွေချည်းပဲ.. ဘယ်သက်ရှိသတ္တဝါမှလည်းမတွေ့ရဘူး ဒီနေရာက ထူးဆန်းလိုက်တာ” သူမ၏ ဘေးတွင်ရှောင်ချီလိုက်လာပြီး ပခုံးပေါ်တွင် ဟိန်းသံလေးကို တင်ထားကာ သူမ လမ်းလျှောက်နေသည်။ တစ်ယောက် တည်း အကြာကြီး လမ်းလျှောက်ရသည်မှာ အထီးကျန်ဆန်လှသည်။ သူတို့ နှစ်ယောက်ထွက်လာချင်သည်ဟု ပြောသဖြင့် သူတို့ကိုထုတ်ကာ လမ်းတစ် လျှောက် စကားပြောလာလိုက်ကြသည်။

“ဒီမှာ ဘာသတ္တဝါမှမရှိတာ အမှန်ပဲဟ… ဒီလောက်ကြီးတဲ့နေရာကြီးမှာ ငါတို့ပဲရှိတာလား” ဟိန်းသံလေး ပြောပြီးသည်နှင့် ရှီမာယူယူ၏ လည်တိုင်ကို မှီ လိုက်သည်။

ရှီမာယူယူသည် မည်သည့်သတ္တဝါမှ မရှိသည့်အပေါ် ပူပန်ခြင်းမရှိပေ။ သူမ စိတ်ပူသည်မှာ ဟေးဒီးစ်သည် ဘာမှမပြောလိုက်ဘဲ ဤနေရာသို့ တွန်းပို့ လိုက်ခြင်းကိုသာဖြစ်သည်။ သူမသည် ကစဉ့်ကလျားချီကို မည်သို့စုစည်းရမည် ကိုမသိပေ။

ဒီအတိုင်း ပုလင်းကိုင်ပြီး လိုက်စုသလိုမျိုး မရိုးရှင်းနိုင်ဘူးလေ မဟုတ်ဘူး လား။

“ယူယူ ငါ့ကိုထွက်ခိုင်းဦး” ဝိညာဉ်လေး၏ အသံသည် သူမစိတ်ထဲတွင် ပေါ်လာသည်။ ရှီမာယူယူ တွေးလိုက်သည်နှင့် ဝိညာဉ်လေးသည် သူမ၏ ရင်ခွင် ထဲတွင်ပေါ်လာလေသည်။

သည်တစ်ကြိမ် ဝိညာဉ်စေတီနှင့် အိတ်ဆောင်စကြာဝဠာတို့ ပေါင်းစပ် လိုက်ချိန်တွင် အဆင့်တက်သွားသဖြင့် ဝိညာဉ်လေးသည် ဝိညာဉ်စေတီမှ လွတ်လပ်စွာ အပြင်သို့ သွားနိုင်လေသည်။

“ဝိညာဉ်လေး ဝိညာဉ်လေး မင်းဘာလုပ်နိုင်လဲ” ရှီမာယူယူ မပြောခင်တွင် ရှောင်ချီ အရင်မေးလေသည်။

ကစဥ့်ကလျားကမ္ဘာသည် မလွယ်ကူလှပေ။ လူများမရှိသဖြင့် တစ်  ယောက်တည်း တိုက်ခိုက်နေရသည်။ အပြင်ကမ္ဘာမှ ပိုပျော်စရာကောင်းသဖြင့် သူမသည်‌ စောစောထွက်ချင်နေသည်။

ရှီမာယူယူသည်လည်း ဝိညာဉ်လေးကို စိုက်ကြည့်ပြီး သူ့အကြံကို စောင့် နေသည်။

***

All Chapters