← Chapters

ဓားလမ်းစဉ်၏ အထွတ်အမြတ်ရတနာ

Vol. 115 Ch. 1502

ဓားလမ်းစဉ်၏ အထွတ်အမြတ်ရတနာ

Vol. 115 Ch. 1502

“ကျုပ်က အစွမ်းထက်ဆုံး ပန်းပဲဆရာ ဖြစ်နေသေးပေမယ့် ရွှင်ပျော်ပျော်ကျေးရွာကတော့ အတိတ်တုန်းက ခိုင်ဧကရာဇ်ခေတ် မဟုတ်တော့ဘူး…”

ထိုစကားလုံးများသည် ဓားသွားများအလား ထိရှနေ၏။ ခိုင်ဧကရာဇ်မှာ အနည်းငယ် စိတ်ပျက်လက်မှိုင်ကျသွားမိသည်။ ဟင်းလင်းပြင် ၃၅ ခု မြောက်၌ တာအိုခတ်နှိပ်ထားနိုင်သော ဓားနှလုံးသားပိုင်ရှင် ဖြစ်လင့်ကစား စိတ်ထဲ ယိုင်နဲ့သွားသေးသည်။

ရွှင်ပျော်ပျော်ကျေးရွာမှာ အတိတ်တုန်းကလို အကျင့်ပျက်နေမှုများ မရှိတော့သော်လည်း ခိုင်ဧကရာဇ်ခေတ်နှင့် နှိုင်းယှဉ်လျှင်တော့ လိုအပ်ချက်များစွာ ရှိနေသေးသည်။ ခိုင်မာတောင့်တင်းသော ခေတ်သို့ ပြန်လည်မသွားနိုင်ဘဲ ရုန်းကန်နေရဆဲပင်။

ရွှင်ပျော်ပျော်ကျေးရွာတွင် တိုက်ခိုက်လိုစိတ်က မပြောင်းလဲသေးသော်လည်း တကျော့ပြန်ထနိုင်ရန် ခက်နေသည်။ ခိုင်ဧကရာဇ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားရောက်တိုင်း တက်ကြွပြောင်းလဲနေသည့် စိတ်ဆန္ဒကို ခံစားရပြီး နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်ကိုလည်း တွေ့ရ၏။ သို့သော် ရွှင်ပျော်ပျော်ကျေးရွာသို့ ပြန်လာလျှင်တော့ ထိုသို့စိတ်ဓာတ်မျိုးအား မခံစားရပေ။

ဤသည်က လက်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ် မဟုတ်ပါလော။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် တစ်လောကလုံးရှိ ထိပ်တန်းပညာရှင်များကို စုစည်းပြီး ချင်မူ ဓားသွန်းပြီး ဓားတွင် သူ၏ဝိညာဉ် ပေါင်းထည့်နိုင်အောင် တိုင်းပြည်တစ်ပြည်လုံး၏ အင်အားကို စုစည်းပေးနိုင်သည်။

ရွှင်ပျော်ပျော်ကျေးရွာကတော့ ထိုအဆင့်မျိုး မရောက်နိုင်ပေ။

လီရုံလန်က မီးတောက်များထဲ ဝင်ရောက်သွားချေပြီ။ သူသည် ခိုင်ဧကရာဇ်ခေတ်တွင် အစွမ်းထက်ဆုံး ပန်းပဲဆရာဖြစ်သည့်အလျောက် သူ၏သိုင်းအဆင့်ကလည်း အလွန်တရာမြင့်မားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အစွမ်းထက်ဆုံး ပန်းပဲဆရာ ရွှေအထက်ပင် မြင့်မား၏။

သူ ဝင်ရောက်လာသည်နှင့် ပန်းပဲသွန်းလုပ်ခြင်း လုပ်ငန်းစဉ်၏ အမြန်နှုန်းမှာ ချက်ချင်း ထိုးတက်သွားသည်။

သို့သော် ထိုအချိန်မှသာ ရွှေအသည် ပန်းပဲလမ်းစဉ်တွင် သူ့အောက် နိမ့်ကျမနေတော့ကြောင်း လီရုံလန် သိလိုက်ရ၏။ တချို့သော နေရာများတွင် ရွှေအကား သူ့ထက်ပင် တော်နေသေးသည်။ ရွှေအသည် ပန်းပဲလမ်းစဉ်တွင် အဏုမြူသင်္ချာနှင့် အခြေခံသင်္ချာကိုပါ ပေါင်းစည်းထားသည့်အတွက် သူ လက်နက်သွန်းလုပ်နေသည့်အချိန်တွင် သူ၏ ထုရိုက်ခြင်းနည်းစနစ်များက မျိုးစုံလှသည့်အပြင် ပညာသားလည်း ပါချေသည်။

ရိုက်ချက်တစ်ချက်စီတိုင်းက သေးငယ်လွန်းသော အမှုန်လေးများအထိ ထုရိုက်နိုင်သည်သာမက ၎င်းအမှုန်များပေါ်တွင် အံ့မခန်းအမှတ်အသားများ ရေးထိုးနိုင်၏။

ဤနည်းလမ်းက လီရုံလန် ပိုင်ဆိုင်ထားခြင်းမရှိသော စွမ်းရည်ပင်။

ကြီးမားသည့် စာလုံးအက္ခရာတွင်တော့ သူကား ရွှေအထက် များစွာ ပိုတော်သည်။ ရွှင်ပျော်ပျော်ကျေးရွာဖြစ်စေ မဟာလေဟာနယ်ဖြစ်စေ ၎င်းတို့နှစ်ခုလုံးမှာ နှိုင်းယှဉ်၍မရနိုင်အောင် ကြီးမားသည်မဟုတ်လော။ ကောင်းကင်နတ်ဘုံပင်လျှင် ထိုသို့ကြီးမားခမ်းနားသော မဟာကောင်းကင်လက်နက်တစ်ခုအား သွန်းလုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် သေးငယ်သည့် စာလုံးအက္ခရာများတွင်တော့ သူ့အနေဖြင့် နိမ့်ကျနေသေး၏။

သူက ရွှေအကို ကူညီလိုသဖြင့် ရွှေအ၏ လက်ထောက် လုပ်ပေးနေသည်။ တစ်ဆက်တည်းမှာပင် ပန်းပဲလမ်းစဉ်နှင့်ပတ်သက်၍ သူ၏ ကိုယ်ပိုင်သိမြင်နားလည်ထားသည်တို့အား အသုံးပြုလျက် ရွှေအကို ကူညီခြင်းဖြင့် ပန်းပဲလမ်းစဉ်တွင် နောက်ထပ်ခြေတစ်လှမ်း တက်သွားကာ ပို၍နက်ရှိုင်းစွာ သိမြင်နားလည်လာနေ၏။

ကမ္ဘာဦးသိုင်းပညာရှင်များ၏ ကောင်းကင်လက်နက်များသည် တာအိုမီးတောက်ထဲတွင် တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် စွမ်းအားများ ထုတ်ဖော်နေသော်လည်း တာအိုမီးတောက်ကလည်း အားကောင်းပြင်းထန်လွန်းချေသည်။ ၎င်းက ကောင်းကင်လက်နက်တို့အပေါ်ရှိ မဟာတာအိုအမှတ်အသားများကို လွင့်ပြယ်ကာ အရည်ပျော်လာစေသည်။ ဤသို့ဖြင့် ကမ္ဘာဦးသိုင်းပညာရှင်များ သွန်းလုပ်ဖန်တီးထားသည့် ကောင်းကင်လက်နက်များမှာ တစတစ အရည်ပျော်စပြုလာတော့သည်။

တာအိုမီးတောက်ဖြင့် တိုက်စားခံရသော မဟာတာအိုများက အသွင်ပြောင်းကာ မဟာတာအိုနယ်ပယ်များ ဖြစ်လာကြသည်။ မဟာတာအိုနယ်ပယ်များသည်လည်း တာအိုမီးတောက်၏ ကောင်းကင်ဘုံကိုးဘုံထဲတွင် ပြိုလဲကာ တာအိုအမှတ်အသားများ ဖြစ်လာကြ၏။

တာအိုအမှတ်အသားများက ထပ်မံပျောက်ကွယ်ကာ သင်္ကေတများ ဖြစ်လာကြသည်။

ဤမြင်ကွင်းက လက်နက်သွန်းလုပ်ရာတွင် ကူညီနေကြသူများနှင့် တာအိုမီးတောက် ဘိုးဘေးနယ်မြေအပြင်ရှိ ပုဂ္ဂိုလ်များအား ကျင့်ကြံခြင်း၏ လျှို့ဝှက်ချက်များစွာကို တွေ့မြင်လာရစေ၏။

ယနေ့ခေတ်၏ သိုင်းပညာရှင်များနှင့် နတ်ဘုရားမိစ္ဆာများအနေဖြင့် ကောင်းကင်နတ်သိုင်းများနှင့် တာအိုကျင့်စဉ်များတွင် ပိုမိုနက်ရှိုင်းစွာ နားလည်လာကြသော်လည်း ယခင်စကြဝဠာ၏ အဆင့်ကိုတော့ လိုက်မမီကြသေးပေ။

ယနေ့ခေတ်၏ ကောင်းကင်နတ်သိုင်းပညာရှင်များ၊ နတ်ဘုရားမိစ္ဆာတို့ လိုက်နာခဲ့ကြသော လမ်းစဉ်တို့မှာ မဟာတာအိုသင်္ကေတများ၊ ကောင်းကင်နတ်သိုင်းများနှင့် တာအိုအမှတ်အသားများ၏ လမ်းစဉ်သာ ဖြစ်ခဲ့ကြသည်။ တာအိုအမှတ်အသားများမှတစ်ဆင့် တာအိုသံကြိုးကို ဖော်ဆောင်ကာ တာအိုနယ်ပယ် ပေါ်လွင်စေလာခြင်းဟု ဆိုရမည်။

နယ်ပယ်ဆိုသည်မှာ လူတချို့တစ်၀က်သာ ထိန်းချုပ်နိုင်သော အရာဖြစ်ခဲ့သည့်အပြင် အများစု မသိနားမလည်ကြသည့် လျှို့ဝှက်ချက်လည်း ဖြစ်နေခဲ့၏။

ခိုင်ဧကရာဇ် တာအိုကျင့်စဉ်စနစ်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လွှဲပြောင်းပေးခဲ့သည့်အချိန်မှသာ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားမိစ္ဆာများမှာ နယ်ပယ်ကဲ့သို့ ပို၍မြင့်မားသော ကျင့်ကြံလမ်းစဉ် ရှိသေးမှန်း ဖြည်းဖြည်းချင်း သတိထားလာမိခဲ့ကြသည်။

နယ်ပယ်သည် နိယာမများကို ဆုပ်ကိုင်နိုင်ခြင်းပင် ဖြစ်သည်။ ယင်းအဆင့် ရောက်ပြန်သည့်အခါ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားမိစ္ဆာများမှာ လမ်းအဆုံးသတ်သွားပြီး ဆက်လက်လျှောက်လှမ်းရမည့် လမ်း မရှိတော့ဟု ခံစားလာရ၏။

သို့စေကာမူ နယ်ပယ်၏ အထက်တွင် ပို၍နက်နဲသော ကျင့်ကြံအဆင့်တစ်ခု ရှိနေသေးသည်။ ခိုင်ဧကရာဇ် ဓားကောင်းကင်ဘုံ တာအိုအဆင့်ပင်။ ထိုအဆင့်ပြီးပါက မည်သည့်အဆင့် ရှိနိုင်သေးမှန်း ခိုင်ဧကရာဇ်ကိုယ်တိုင်လည်း မသိသေးပေ။

ဝေစွေ့ဖုန်းနှင့် ရှုကျွင်းတို့အနေဖြင့် မီလော့နန်းတော်၏ တာအိုနန်းတော် အမှတ်အသားများမှတစ်ဆင့် ပို၍နက်နဲသည့်အရာများကို တွေ့ခဲ့ရသော်လည်း ထုတ်မပြောရဲကြပေ။

ယခုတွင် ကမ္ဘာဦးသိုင်းပညာရှင်များ၏ ရတနာများ တာအိုမီးတောက်၏ ကောင်းကင်ဘုံကိုးဘုံထဲတွင် အရည်ပျော်ကုန်သည့်အခါ ရှိသမျှပုဂ္ဂိုလ်တိုင်းအား ပို၍နက်နဲသည့် ကျင့်စဉ်လျှို့ဝှက်ချက်များကို တွေ့မြင်နေရစေသည်။

ချင်မူ စုဆောင်းခဲ့သော ရတနာတို့၏ ပိုင်ရှင်များမှာ တာအိုမရကြသေးသော်လည်း သူတို့ထဲမှ အတော်များများသည် တာအို၏အစပ်နားသို့ ထိတွေ့နေကြပြီးဖြစ်၏။ ခိုင်ဧကရာဇ်ထက် ခရီးရောက်နေသူများပင် ရှိလေသည်။

သူတို့၏ရတနာများ တာအိုမီးတောက်ထဲတွင် အရည်ပျော်နေပြီး တာအိုကျင့်စဉ်စနစ်မှ တာအိုသံကြိုးများ၊ တာအိုအမှတ်အသားများနှင့် မဟာတာအိုသင်္ကေတများအဖြစ် ပြောင်းလဲသွားကြသည့်အခါ ခိုင်ဧကရာဇ်အတွက်ပင် အတော်လေး ဉာဏ်အလင်းပွင့်စေသည်။

သို့သော် မဟာတာအိုသင်္ကေတများက တာအိုမီးတောက်ထဲတွင် ဆက်လက်လွင့်ပြယ်နေကြပြီး အသန့်ရှင်းဆုံး ဝိညာဉ်စွမ်းအင်နှင့် ဝိညာဉ်ချီတို့အဖြစ် ပြောင်းလဲနေသေးသည်။

အပိုင်း ၁၅၀၂

တာအိုမီးတောက်ထဲတွင် ပန်းပဲဆရာများက သူတို့၏ ဝိညာဉ်စွမ်းအင်နှင့် ဝိညာဉ်ချီတို့အား ပျော်နေသည့်အရည်များထဲသို့ ပေါင်းထည့်နေကြ၏။ ၀င်္ကပါဆရာသခင်များကလည်း တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားရင်း ချင်မူ၏သင်္ကေတများ၊ တာအိုအမှတ်အသားများနှင့် နယ်ပယ်ကို တံဆိပ်ခတ်နှိပ်နေကြသည်။

ရှေးဟောင်းနတ်မင်းလေးပါးပင်လျှင် ဤမြင်ကွင်းကြောင့် အံ့သြမှင်သက်နေကြသည်။ အရည်ပျော်နေသည့် ရတနာအားလုံးမှာ ကောင်းကင်နတ်အရှင်များအောက် အားမနည်းသည့်အပြင် ပို၍ပင် အားကောင်းသေး၏။

ထိုရတနာတစ်ခုချင်းစီက ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားအောက် အားနည်းကြလိမ့်မည်မဟုတ်ပေ။

ပို၍အရေးကြီးသည်က ထိုသို့ရတနာများသည် တစ်ရာကျော်ရှိ၏။

ရတနာ တစ်ခု သို့မဟုတ် နှစ်ခုကို ထုတ်ယူနိုင်ခြင်းက မထူးဆန်းသော်လည်း.... တစ်ခါတည်းဖြင့် ထိုသို့ရတနာများစွာကို ထုတ်ယူနိုင်ခြင်းက ရှေးဟောင်းနတ်မင်းလေးပါး ပူးပေါင်းလျှင်တောင်မှ ထိုသို့ကြွယ်ဝမှုမျိုး မရှိပေ။

“ဒီလောက်ရတနာတွေအများကြီးနဲ့ သမုဒ္ဒရာတစ်စင်းလုံးကိုတောင် ဖြည့်လို့ရတယ်”

အရှေ့နတ်မင်းက ခေါင်းခါရမ်းလိုက်သည်။ သူက ခပ်တိုးတိုး မနာလိုဖြစ်နေသည်။ “ဘယ်လိုဓားမျိုးက ဒီလောက် ကောင်းကင်ကုန်ကြမ်းတွေအများကြီး လိုအပ်နေရတာလဲ… ဒီလိုဓားမျိုး သွန်းလုပ်ဖို့ မဖြစ်နိုင်ဘူး… ဒီလောက်များပြားတဲ့ နတ်ရွှေတွေနဲ့ ကောင်းကင်ကုန်ကြမ်းတွေထဲက တစ်ရာခိုင်နှိုင်းပဲ သုံးရင်တောင်မှ အဆင်ပြေနေပြီပဲဟာ”

ခိုင်ဧကရာဇ်သည် ၎င်းကို ကြားလျှင် မျက်ခုံးပင့်၍ ရွှင်ပျော်ပျော်ဓားအား ထုတ်လိုက်သည်။ သူက ခပ်ဖွဖွ လှမ်းပေးလိုက်၏။ “အရှေ့နတ်မင်း၊ ကျုပ် ဒီဓားအတွက် နတ်ရွှေနဲ့ ကောင်းကင်ကုန်ကြမ်းတွေ ဘယ်လောက်သုံးခဲ့သလဲ သိလား”

အရှေ့နတ်မင်းလည်း ရွှင်ပျော်ပျော်ဓားကို အကဲခတ်လိုက်ရာ လေးပေခန့် ရှည်လျားကြောင်း သတိထားမိလိုက်သည်။ ထိုသို့ဓားမျိုး သွန်းလုပ်ရန် ကောင်းကင်ကုန်ကြမ်းများစွာ လိုအပ်လိမ့်မည်မဟုတ်ဟု ကောက်ချက်ချလိုက်၏။ သို့သော် ရွှင်ပျော်ပျော်ဓားဆိုသည်မှာ တစ်လောကလုံးတွင် နာမည်ကြီးသည်သာမက ၎င်း၏စွမ်းအားကလည်း ထူးကဲအံ့ဩဖွယ်ကောင်းလှသည်။ ခိုင်ဧကရာဇ်သည် ဤဓားကို အသုံးပြု၍ ကောင်းကင်နတ်ဘုံ၊ ကောင်းကင်မဟာမိတ်အစည်းအဝေးသို့ ဝင်ရောက်ခဲ့ဖူးသည့်အပြင် ကောင်းကင်နတ်အရှင်တစ်ပါးကိုလည်း တိုက်ခိုက်ခဲ့ဖူး၏။

ဤသို့ရတနာမျိုးကို နတ်ရွှေပိဿာချိန် အနည်းငယ်ဖြင့် သွန်းလုပ်ရန် မဖြစ်နိုင်ပေ။

“ကျုပ်ရဲ့ ဒီဓားမှာ ကောင်းကင်ဘုံ ၃၃ ဘုံ ကိန်းဝပ်နေတယ်… ဓားရဲ့ကိုယ်ထည်ထဲမှာ ရွှင်ပျော်ပျော်ကျေးရွာတစ်ခုလုံး ထည့်ထားလို့ရတယ်”

ခိုင်ဧကရာဇ်က ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ဆက်ပြောသည်။ “လီရုံလန် ကျုပ်အတွက် ဓားသွန်းလုပ်ပေးဖို့ သုံးခဲ့တဲ့ နတ်ရွှေတွေနဲ့ ကောင်းကင်ကုန်ကြမ်းတွေက တောင်နှစ်လုံးသုံးလုံးစာပဲ ရှိနေမယ်ထင်တာလား… တောင်တွေရာနဲ့ချီပြီး ကုန်ကြမ်းတွေရှိရင်တောင် ဒီလိုဓားမျိုးကို သွန်းလုပ်နိုင်မှာ မဟုတ်ဘူး.. အရှေ့နတ်မင်း၊ ပန်းပဲတာအိုကလည်း မဟာတာအိုတစ်ပါးပဲ… ခင်ဗျားနားလည်နိုင်တဲ့ အရာမဟုတ်ဘူး”

အရှေ့နတ်မင်းမှာ ခါးသီးစွာဖြင့် မျက်နှာကြီးမဲ့သွားပြီး မည်သည်မှ မပြောတော့ချေ။

တစ်ယောက်ယောက်သာ သူ့ကို ဤသို့အမူအရာဖြင့် စကားပြောလာပါက သူ၏ဒေါသကြောင့် အသတ်ခံရသည်မှာ ကြာလေပြီ။ သို့သော် ပြောခဲ့သူမှာ ခိုင်ဧကရာဇ် ဖြစ်နေသောကြောင့် အောင့်သက်သက်ဖြင့်သာ သည်းခံနားထောင်လိုက်ရ၏။

ရတနာတစ်ရာကျော် အရည်ပျော်သွားပြီးနောက် ပန်းပဲဆရာများစွာကား နတ်ဓား၏ ပထမကောင်းကင်ဘုံကို စတင်သွန်းလုပ်ကြတော့သည်။ မရေမတွက်နိုင်သော နတ်ရွှေတို့နှင့် ကောင်းကင်ရတနာများက ပန်းပဲဆရာတို့၏ ခန္ဓာကိုယ်ထဲသို့ ရေများအလား စီးဝင်လာကြ၏။ ၎င်းတို့ကို ပုံစံသွင်းလိုက်သည့်အချိန်တွင် အသုံးပြုသည့် ကုန်ကြမ်းပမာဏက များပြားလွန်းသဖြင့် အားလုံးမှာ ဆွံ့အနေကြမိသည်။

ဤသည်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်၏ ပြယုဂ်၊ ပန်းပဲပညာပင်။

ကောင်းကင်နတ်ဘုံသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လက်နက်များ မသွန်းလုပ်ရဟု ပိတ်ပင်တားမြစ်ခဲ့သည်။ အချိန်အတော်ကြာသည်အထိ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ စစ်သင်္ဘောများကိုသာ တည်ဆောက်ခဲ့ရသည့်အပြင် စွမ်းအင်အကူးအပြောင်းတံတားများကိုလည်း ဆောက်လုပ်ပေးခဲ့ရ၏။ သို့သော် ကောင်းကင်နတ်ဘုံအနေဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းဆောင်နိုင်ရည်အပေါ် မှားယွင်းစွာ တွက်ချက်မိခဲ့လေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရည်ရွယ်ချက်က ... ကုန်ထုတ်လုပ်နိုင်စွမ်း တိုးတက်လာရန်သာ ဖြစ်ခဲ့သည်။

နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့ စတင်လှုပ်ရှားလာကြ၏။ သူတို့က ကောင်းကင်ယင်သမုဒ္ဒရာမှ ရေများကို ခပ်ယူ၍ လက်နက်များအပေါ် သန့်စင်ပက်ဖြန်းပေးကြသည်။ ကောင်းကင်ယင်ရေမှာ အလွန်တရာ အေးစက်နေသည်သာမက ယင်တို့ ပြည့်နေသဖြင့် လက်နက်တို့အား ဆေးကြောသန့်စင်ရန် အသင့်တော်ဆုံးဖြစ်ပေသည်။

သန့်စင်ပြီးနောက် တာအိုမီးပြင်းအားသည် ပိုပိုအားကောင်းလာ၏။ ၎င်းက ကောင်းကင်ဘုံများ အရည်ပျော်ကျမတတ် ရဲရဲတောက်နီလာသည်အထိ လောင်ကျွမ်းနေသည်။ ပန်းပဲဆရာ ထောင်သောင်းပေါင်းများစွာက ပထမကောင်းကင်ဘုံ၏ မျက်နှာပြင်တွင် ရပ်ကာ အခွင့်အရေးကို အသုံးချ၍ လက်နက်တို့အား ထုရိုက်နေကြသည်။ သူတို့၏ ဧရာမတူကြီးများ မြောက်တက်၍ ကျဆင်းလာသံများက ကောင်းကင်ကို တုန်ခါနေစေသည်။

အခြားတစ်ဖက်တွင် ထောင်သောင်းပေါင်းများစွာသော ၀င်္ကပါဆရာသခင်တို့က ၀င်္ကပါများ အသက်သွင်းလျက် ချင်မူ့မဟာတာအိုသင်္ကေတများနှင့် တာအိုအမှတ်အသားများကို လက်နက်တို့အတွင်း၌ ပေါင်းထည့်ကာ ချင်မူ၏ မဟာတာအိုနိယာမများကို တူကြီးများအောက်သို့ ကျရောက်နေစေသည်။ ထို့နောက် ပန်းပဲဆရာတို့၏ စွမ်းအားက အမှတ်အသားများကို ပိုပို၍နက်ရှိုင်းစွာ တံဆိပ်ခတ်နှိပ်နေကြသည်။

နတ်မင်းရွှမ်းနှင့် နတ်မင်းဝူက ကောင်းကင်ယင်ရေကို နောက်တစ်ကြိမ် ပက်ဖြန်းပေးရင်း ပထမကောင်းကင်ဘုံ၏ အပူချိန်ကို လျှော့ချကာ နတ်ဓား၏ ပထမကောင်းကင်ဘုံအား ပိုပို၍တည်ငြိမ်လာစေသည်။

မီးဖြင့် လောင်ကျွမ်းစေလိုက် ၊ အေးစေလိုက်ဖြင့် အကြိမ်ပေါင်းတစ်ဒါဇင်ခန့် ပြုလုပ်ပြီးနောက် ပထမကောင်းကင်ဘုံမှာ ဖွဲ့တည်လာတော့သည်။ တာအိုမီးတောက်၏ ကောင်းကင်ဘုံကိုးဘုံပင်လျှင် ၎င်းကို အရည်မဖျော်နိုင်တော့ပေ။

အရှေ့နတ်မင်းမှာ ပထမကောင်းကင်ဘုံကို ကြည့်လိုက်ပြီး ရင်ဒိန်းခနဲ ခုန်သွားသည်။ ချင်မူ့မဟာတာအိုသင်္ကေတများသည် ပထမကောင်းကင်ဘုံထဲတွင် နေမင်း၊ လမင်း၊ ကြယ်တာရာများ၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များ၊ ပင်လယ်များ၊ လှေနှင့် တိမ်တိုက်တို့၏ ချီများ၊ မိုးကြိုးအလင်းများနှင့် လျှပ်စီးများကို ဖွဲ့တည်ထားကြ၏။ ဤသို့သော ပန်းပဲတာအိုကား သူမျှော်လင့်ထားသည်ထက် အမှန်တကယ် ကျော်လွန်နေပေသည်။

သို့သော် ဤသည်က ဓားနှင့် မည်သို့သက်ဆိုင်နေသနည်း။

သူ့မှာ အနည်းငယ် ဇဝေဇဝါဖြစ်နေမိသည်။

ပထမကောင်းကင်ဘုံ ဖွဲ့တည်လာသည့်အချိန်တွင် ရွှေရောင်ချီတို့က ချက်ချင်း ပေါများလာသည်။ ရွှေရောင်ချီတို့က ပထမကောင်းကင်ဘုံမှာ ကြောက်မက်ဖွယ်စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားသောကြောင့် သန့်စင်သွန်းလုပ်နေကြသော ပန်းပဲဆရာတို့အား လန့်ဖျပ်သွားသေည်။

ထိုအခိုက်အတန့်တွင် အနောက်နတ်မင်း ကျားဖြူက လှုပ်ရှား၍ တာအိုမီးတောက် ကောင်းကင်ဘုံကိုးဘုံ၏ ရွှေရောင်ချီကို ဖိနှိပ်လိုက်သည်။ သူမသည် ရွှေရောင်ချီကို ပထမကောင်းကင်ဘုံ၏ ရတနာထဲတွင် သိုလှောင်၍ ထွက်မလာစေရန် ဖိနှိပ်ထား၏။

ကျားဖြူနတ်မင်း တာအိုမီးတောက်ထဲတွင် ကခုန်နေသကဲ့သို့ လှုပ်ရှားနေသည်မှာ လှပသော မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။

ပန်းပဲဆရာများနှင့် ၀င်္ကပါဆရာသခင်များက မရပ်တန့်ဘဲ ဒုတိယကောင်းကင်ဘုံကို ဆက်လက်ဖန်တီးသည်။

နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားချေပြီ။ ပန်းပဲဆရာများ ၁၃ ခုမြောက် ကောင်းကင်ဘုံသို့ ရောက်သည့်အချိန်တွင် အရှေ့နတ်မင်းနှင့် ကျန်သူများမှာ ဓားရှိသည့်နေရာကို နောက်ဆုံးတွင် မြင်တွေ့လာရသည်။

ကောင်းကင်ဘုံအလွှာများက တစ်ခုပေါ် တစ်ခုထပ်လျက် ဓားကိုယ်ထည်ကို ဖွဲ့တည်ထား၏။

ဓားရိုးမှ ဓားသွား၊ ထို့နောက် ဓားအဆုံးအထိ ... ဓား၏ အသွင်သဏ္ဍာန်ကား ထိုဧရာမပုဂ္ဂိုလ်ကြီးများ၏ တူအောက်တွင် တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။

ပို၍ပင် အံ့သြဖွယ်ကောင်းသည်က ချင်မူသည် ကိုယ်ပိုင်မဟာတာအိုဖြင့် ကောင်းကင်ဘုံအလွှာများအပေါ် တံဆိပ်ခတ်နှိပ်ထား၏။ အလွှာတစ်ခုချင်းဆီက ၎င်းအရှေ့က အလွှာထက် ပို၍ပင် ခိုင်မာတောင့်တင်းသည်။ ထို့အပြင် ကောင်းကင်ဘုံအလွှာတစ်ခုချင်းစီတွင် အသုံးပြုထားသည့် မဟာတာအိုက မတူညီကြပေ။

ဤသည်က ကောင်းကင်နတ်အရှင်မူကို အလွန်တရာ ကြောက်မက်ဖွယ်ကောင်းစေသည့် အရာပင်။

ပန်းပဲဆရာများ ကောင်းကင်ဘုံ ၂၃ ဘုံအား သန့်စင်သွန်းလုပ်ပြီးသည့်အချိန်တွင် ချင်မူ့မဟာတာအိုမှာ အားနည်းလာသည်။ ရွှေအ ရပ်တော့မည့်အချိန်တွင် လီရုံလန်က ခေါင်းရမ်းသည်။ “ဆက်လုပ်… အားမလျှော့လိုက်နဲ့”

ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ရှားလာပြီး ပန်းပဲဆရာများနှင့်အတူ ကောင်းကင်ဘုံ ၃၆ ဘုံ ရောက်သည်အထိ ဆက်လက်သွန်းလုပ်ကြသည်။ ထို့နောက်မှသာ ရပ်တန့်သွားကြ၏။

ထိုအခါ ခိုင်ဧကရာဇ်၊ ရွာလူကြီး၊ ကျန်းပိုင်ကွေ့နှင့် ဓားသိုင်းပညာရှင်အားလုံး ဓားလမ်းစဉ်ကို အသက်သွင်းလိုက်ကြသည်။ ကောင်းကင်ယင်သမုဒ္ဒရာပေါ်ရှိ တာအိုမီးတောက်ဘိုးဘေးနယ်မြေတွင် ဓားလမ်းစဉ်တို့သည် တစ်ခုနှင့်တစ်ခု ရောယှက်လျက် နတ်ဓားကို သန့်စင်ပေးကြ၏။ အချိန်အတော်ကြာပြီးနောက်မှ ရပ်တန့်သွားကြသည်။

ခိုင်ဧကရာဇ်သည် သူ၏ ရွှင်ပျော်ပျော်ဓားကိုပင် ထုတ်၍ ဓားချီ၊ ဓားရောင်နှင့် နတ်ဓား၏ ဓားစိတ်ဆန္ဒကို အသက်သွင်းကာ ဓားသွားအား ထက်မြလာစေ၏။

အရှေ့နတ်မင်းမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အံ့ဩမှင်သက်နေရာမှ အသိစိတ်ဝင်လာသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “နတ်ဓားကို သွန်းလုပ်ပြီးသွားပြီထင်ပါရဲ့… ဒီနတ်ဓားက ကောင်းပေမဲ့ နတ်ရွှေနဲ့ ကောင်းကင်ကုန်ကြမ်း အတော်များများကို အသုံးမပြုနိုင်သေးဘူး…”

သူ ထိုသို့ပြောလိုက်သည်နှင့် ကောင်းကင်ကို လွှမ်းခြုံထားသော ဓားတာအို ပျောက်ကွယ်သွားသည်။ ဓားသိုင်းပညာရှင်တို့က သူတို့၏ နတ်ဓားများကို တစ်လက်ပြီးတစ်လက် သိမ်းဆည်းလိုက်ကြပြီး ပန်းပဲဆရာများလည်း တခဏအနားယူလိုက်ကြ၏။ ထို့နောက် ဆက်လက်သွန်းလုပ်နေကြပြန်သည်။

အရှေ့နတ်မင်းမှာ မျက်လုံးများပြူးကျယ်သွားပြီး ဇဝေဇဝါဖြစ်နေသည်။

“နယ်ပယ်ရဲ့ ပထမအဆင့် ပြီးသွားပြီ”

သူ့ဘေးတွင် ခိုင်ဧကရာဇ်က သူ့ကို ကြည့်လျက် ပြောသည်။ “အဲဒါပြီးရင် နယ်ပယ်ရဲ့ နောက်ထပ်အဆင့် ၃၅ ဆင့် ကျန်ဦးမယ်”

အရှေ့နတ်မင်းသည် မျက်နှာအမူအရာ သုန်မှုန်နေပြီး ရုတ်တရက် အော်ရယ်လိုက်ရင်း ပြော၏။ “ကောင်းကင်နတ်အရှင်ချင်၊ ကုန်ကြမ်းတွေက လုံလောက်ပေမယ့် ဓားကို တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်ရဲ့ စွမ်းဆောင်နိုင်စွမ်းကရော လုံလောက်လို့လား… နယ်ပယ်အဆင့် ၃၆ ဆင့်ပါတဲ့ နတ်ဓားတစ်လက်ကို တကယ် သွန်းလုပ်နိုင်တယ် ထားပါဦး… ခင်ဗျားတောင် အဲဒီလိုအထွတ်အထိပ် ရတနာတစ်ပါးအပေါ် ထိန်းချုပ်နိုင်မှာမဟုတ်ဘူးမလား”

ခိုင်ဧကရာဇ်က တိုးညင်းစွာသာ တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ဓားတာအို အရည်အချင်းနဲ့ သိမြင်နားလည်နိုင်စွမ်းက ကျုပ်အောက် နိမ့်ကျမနေဘူး… ပြောရရင် ကျုပ်ထက်တောင် မြင့်မားသေးတယ်… သူဝန်ခံသည်ဖြစ်စေ မဝန်ခံသည်ဖြစ်စေ သူက ကျုပ်ရဲ့ မျိုးဆက်ဖြစ်နေတုန်းပဲ… ချင်မိသားစုရဲ့ သွေးဆက်က မွေးကတည်းက ဓားတာအိုနဲ့အတူ မွေးဖွားလာတာလို့တောင် ပြောနိုင်တယ် … လောကရဲ့ ကိစ္စရေးရာတွေကြောင့်သာ သူ နှောင့်နှေးနေပြီး တခြားအရာတွေမှာ အာရုံစိုက်နေခဲ့ရတာ”

သူသည် တခဏတိတ်ဆိတ်နေပြီးနောက် ပြော၏။ “သူ ငယ်ငယ်တုန်းကတည်းက သူ့ရဲ့ ဓားသိုင်းကွက်က နှစ်တစ်သန်းကြာပြီးမှ ပေါ်လာတဲ့ လူတစ်ယောက်အဆင့် ဖြစ်နေပြီးပြီ… ဒီလောကမှာ ဒီဓားကို ထိန်းချုပ်နိုင်တာ သူတစ်ယောက်ပဲ ရှိတယ်”

အရှေ့နတ်မင်းမှာ မအီမသာဖြစ်လာပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ “ခင်ဗျားက ကောင်းကင်နတ်အရှင်မူကိုယ်စား ကြွားဝါနေတာပဲ… ဘယ်လိုလုပ် သူက အဲဒီလိုချီးကျူးမှုမျိုးနဲ့ ထိုက်တန်မှာလဲ”

All Chapters