← Chapters

ကပ်ဘေး

Vol. 115 Ch. 1503 (2)

ကပ်ဘေး

Vol. 115 Ch. 1503 (2)

ဘိုးဘေးနယ်မြေထဲတွင် ချင်မူ၊ လီရုံလန်နှင့် ရွှေအတို့သည် ဧရာမဘီလူးကြီးသုံးကောင်အသွင် ပြောင်းလဲ၍ သူတို့၏ ချီစွမ်းအင်တို့ကို တူသဖွယ် အသုံးပြုကာ နတ်ဓားအား သွန်းလုပ်နေကြ၏။

နတ်ဓားမှာ ကိုက်တစ်သောင်း ရှည်လျားသောကြောင့် ၎င်းအရှေ့တွင် သူတို့သုံးယောက်မှာ ဘီလူးကြီးများအသွင် ပြောင်းထားသည့်တိုင် အလွန်တရာ သေးငယ်နေကြသေးသည်။

သူတို့ ဖွဲ့တည်ထားသော တူတို့မှာ ဓားစွမ်းအားကြောင့် အက်ကွဲပျက်စီးကုန်သည်။ ယခုတွင် သူတို့၏ ကိုယ်ပိုင်ချီစွမ်းအင်ကသာ နတ်ဓားကို သွန်းလုပ်နိုင်တော့၏။ သို့သော် နတ်ဓားထဲရှိ သေးငယ်လွန်းသည့် သင်္ကေတအမှုန်ကလေးများမှာလည်း ဓားချီစွမ်းအားကြောင့် ပျက်စီးသွားနိုင်ပေသည်။

ဘီလူးကြီးသုံးယောက်လုံး ချွေးများ စိုရွှဲနေကြသည်။ မျက်ကန်းသည် ၎င်းကို မြင်လျှင် ချက်ချင်း ၀င်္ကပါအစီအရင်တစ်ခု ထုတ်လွှတ်၍ ၀င်္ကပါဆရာသခင်တို့အပေါ် လွှမ်းခြုံစေလိုက်သည်။ ယန်ယွင်ရှီမှာ ၎င်းကိုမြင်လျှင် အံ့ဩမှင်သက်သွားပြီး ၀င်္ကပါအစီအရင်ထဲ ဝင်ရောက်သွား၏။

ချင်မူ၊ လီရုံလန်နှင့် ရွှေအက အဆက်မပြတ် အော်ဟစ်နေကြပြီး တူကြီးများဖြင့် အဆက်မပြတ် ရိုက်နှက်ကာ နတ်ဓားအား သန့်စင်နေကြသည်။

သူတို့၏ ချီနှင့်သွေးတို့ကား တပွက်ပွက် ဆူပွက်နေသည့်အတွက် သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ချွေးအားလုံး အငွေ့ပျံသွားကြသည်။ ၎င်းတို့က သူတို့၏ပတ်ပတ်လည်တွင် ကခုန်လွင့်မျောနေကြသော အဖြူရောင်ချီမျှင်သဖွယ် ပြောင်းလဲကာ ချီနှင့်သွေးဖြင့် ပေါင်းစည်းသွားသည်။ ချီနှင့်သွေးပင်လယ်တွင် အဖြူရောင်နဂါးတစ်ကောင် ဖြတ်သန်းသွားလာနေပြီး အမှန်တကယ်ပင် အကောင်အထည်ရှိလာတော့မည့်အလား ထင်ရသည်။

တပေါက်ပေါက် စီးကျလာနေသည့် သူတို့၏ချွေးများနှင့်အတူ နဂါးတွန်သံများလည်း ခပ်သဲ့သဲ့ ကြားလာရသည်။

ရုတ်တရက် ရွှေအက ထပ်မံအော်ဟစ်လိုက်၏။ “ဓားတာအို ဖွဲ့တည်ခြင်း”

သူတို့သုံးယောက်စလုံး အတူတကွ နောက်ဆုတ်၍ နေရာဖယ်ပေးလိုက်ကြသည်။

တာအိုမီးတောက်ထဲတွင် နတ်ဓား၏ ဓားစွမ်းအားသည် အနောက်နတ်မင်း ကျားဖြူ၏ ဖိနှိပ်ထားမှုအား ရုတ်တရက် ဖောက်ထွက်သွားရာ ကျားဖြူ၏ ဖြူဥနေသော အရေပြားနှင့် မျက်နှာပေါ်တွင် သွေးများနီရဲနေသည့် အမာရွတ်ကြီးတစ်ခု ပေါ်လာသည်။

ဓားစွမ်းအား အနောက်နတ်မင်း ကျားဖြူ၏ ဖိနှိပ်မှုအား ဖောက်ထွက်သွားသည်နှင့် ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်ထက်တွင်လည်း အပေါက်ကြီးတစ်ပေါက် ထွက်ပေါ်လာ၏။ လင်းလက်တောက်ပနေသော ဓားရောင်တို့က ကောင်းကင်သို့ မြင့်တက်၍ ကောင်းကင်ယင်ကမ္ဘာအား ဖောက်ထွက်ကာ ရွှမ်တုအထိ ဖြတ်သန်းသွားသည်။

ရွှမ်တုရှိ ကြယ်တာရာများပင် ရုတ်တရက် မှေးမှိန်သွားကြသည်။ ရှည်လျားသွယ်တန်းနေသော နဂါးငွေ့တန်းနှင့် ကောင်းကင်နတ်မြစ်တို့မှာ ဓားရောင်ကြောင့် ဖြတ်တောက်ခံလိုက်ရသဖြင့် အချိန်အတော်ကြာသည်အထိ ပြန်လည်ကောင်းမွန်မည် မဟုတ်သည့် ဓားရာတစ်ခု ဖြစ်တည်သွားသည်။

အနောက်နတ်မင်းကျားဖြူက အံတင်းတင်းကြိတ်လျက် စစ်ခရာအား မှုတ်ကာ ဖောက်ထွက်သွားသည့် ရွှေရောင်ချီကို ဖိနှိပ်ရန် ကြိုးစားနေ၏။ ဤအခိုက်အတန့်တွင် ထောင်ပေါင်းများစွာသော ဓားပျံများက လေပွေတစ်ခုကို ဖွဲ့တည်လိုက်သည်။ ဓားတာအိုသည် ပြန့်ကားလာပြီး တာအိုမီးတောက်၏ ကောင်းကင်ဘုံကိုးဘုံထဲ ဝင်ရောက်ကာ နတ်ဓား၏ ပတ်ပတ်လည်တွင် အပေါ်အောက် ပျံသန်းလေသည်။

ချွင်… ချွင်… ချွင်

မရေမတွက်နိုင်သော တချွင်ချွင်အသံများက တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာသည်။ ထိုဓားများသည် ဧရာမဓားကြီးကို ဖောက်ထွက်မသွားသော်လည်း ဓားကြီးအား ဝင်တိုက်နေကြ၏။ တခဏအတွင်း ဓားအားလုံးနီးပါး ဖိနှိပ်ခံလိုက်ကြရသည်။

ရုတ်တရက် ဓားရောင်တစ်ချက် ပျံသန်းလာ၏။ ခိုင်ဧကရာဇ်ချင်ယဲ့က ရွှင်ပျော်ပျော်ဓား၏ ဓားရိုးပေါ်တွင် လက်တင်ထားသည်။ ရွှင်ပျော်ပျော်ဓားက ထွက်မလာသော်လည်း သူ၏ခန္ဓာကိုယ်မှာ ဓားရောင်အဖြစ် ပြောင်းလဲသွား၏။

ခိုင်ဧကရာဇ်သည် ပျံသန်းနေသည့်အလား ခြေလှမ်းကျဲကြီးများဖြင့် တာအိုမီးတောက် ကောင်းကင်ဘုံကိုးဘုံထဲ ဝင်ရောက်သွားသည်။ ထို့နောက် ချွင်ခနဲ အသံနှင့်အတူ ရွှင်ပျော်ပျော်ဓားသည် ဓားအိမ်ထဲမှ ထွက်လာ၏။ သူက ဓားနှင့်အတူ လျှောက်သွား၍ ဧရာမဓားကြီး၏ ပတ်ဝန်းကျင်၌ အပေါ်အောက်ခုန်လိုက်သည်။ ဓားတာအို၏ ကောင်းကင်ဘုံ ၃၅ ခုက သူ့ဓားအောက်တွင် ထွက်ပေါ်လာကြချေသည်။

ချွင်… ချွင်… ချွင်

တချွင်ချွင်အသံများမှာ အလွန်တရာ နှေးကွေးလာသည်။ ခိုင်ဧကရာဇ်၏ ဓားကွက်တစ်ကွက်ချင်းစီက ဧရာမဓားကြီးကို အတိအကျ ဖောက်ထွက်၍ ဓားတာအိုသိုင်းပညာရှင်တစ်ဦးအား တိုက်ခိုက်နေသည့်အလားပင်။

သူ၏ဓားလမ်းစဉ် ထွက်ပေါ်လာသည်နှင့် ဧရာမဓားကြီး၏ ဓားစွမ်းအားက စုစည်း၍ ဓားကိုယ်ထည်ဆီသို့ ကျုံ့င်လာသည်။

သူဓားလမ်းစဉ်အား အသက်သွင်းလိုက်သည့်အချိန်တွင် အခြားဓားသိုင်းပညာရှင်များအပေါ် ရှိ ဖိအားမှာ သိသိသာသာ လျော့ကျသွား၏။ သူတို့တစ်ယောက်ချင်းဆီက သူတို့ သိမြင်နားလည်ထားသော ဓားလမ်းစဉ်ကို အသက်သွင်းလိုက်ကြရာ ဓားထောင်ချီ၏ စွမ်းအားက ကိုယ်ပိုင်ထူးခြားချက်များနှင့်အတူ ထွက်ပေါ်လာကြသည်။

၎င်းတို့အထဲတွင် ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့နှင့် ရွာလူကြီးစုမူကျဲ၏ ဓားလမ်းစဉ်နယ်ပယ်က အထူးခြားဆုံး ဖြစ်၏။

ရွှေအက အော်ဟစ်လိုက်သည်။ “မူအာ၊ မင်းရဲ့ ချီနဲ့ သွေးကို တံဆိပ်ခတ်နှိပ်လိုက်တော့…”

ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ် ထွက်ပေါ်လာပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှာလည်း အသက်ဝင်လာသည်။ ပြင်းထန်လှသော ချီနှင့်သွေးတို့က ကောင်းကင်အထိ မြောက်တက်၍ ဧရာမဓားကြီးထံ ပြေးဝင်သွားချေပြီ။

သို့သော် သူ၏ချီ‌နှင့်သွေးက ပြိုင်ဘက်ကင်းအောင် အားကောင်းသိပ်သည်းနေလင့်ကစား ဓားစွမ်းအားနှင့် လိုက်လျောညီထွေဖြစ်၍ ဓားကိုယ်ထည်ဖြင့် ပေါင်းစည်းရန် ခက်နေသေးသည်။

အရှေ့နတ်မင်းက မျက်ခုံးများပင့်လျက် ကြည့်နေပြီး သူ၏ဝတ်ရုံသည် လေနှင့်အတူ မြောလွင့်နေ၏။ သို့သော် သူက ချက်ချင်း မလှုပ်ရှားဘဲ စိတ်ထဲမှတွေးနေ၏။ ‘ငါ့ကို အချိန်အကြာကြီး စောင့်ရအောင် လုပ်ထားပြီး တောင်းပန်စကားတစ်ခွန်းတောင် မပြောဘူး… မင်းလည်း ပြန်‌စောင့်ရအောင် လုပ်တာပေါ့..”

ထိုစဉ် ရွှင်ပျော်ပျော်ဓား၏ ဓားအိမ်က ပျံသန်းလာပြီး သူ၏ခြေထောက်အောက်တွင် ထိုးစိုက်သွားသည်။

အရှေ့နတ်မင်းမှာ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည်။ သူ၏ ချီနှင့်သွေးက မှုန်၀ါးလာပြီး ခရမ်းရောင်ချီတို့က ချင်မူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်၍ ချင်မူ၏ ချီနှင့်သွေးအား တဟုန်ထိုး ကြီးထွားလာစေတော့သည်။

သူ၏အကူအညီကြောင့် ချင်မူ၏ ချီနှင့် သွေးမှာ ဓားစွမ်းအားဖြင့် ချက်ချင်း ပေါင်းစည်းနိုင်သွားပြီး ဓားချီကား ဓားခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားချေပြီ။

ဧရာမဓားကြီးကား တဖြည်းဖြည်း ကျုံ့၀င်လာနေပြီး ချင်မူ့ချီနှင့်သွေးဖြင့် ပေါင်းစည်းကာ တစ်သားတည်း ဖြစ်တော့မည့် အရိပ်အယောင်များကို ပြသနေ၏။

ဤသည်က အရေအကြီးဆုံးအဆင့် ဖြစ်သည်။ ချီနှင့်သွေးကို ပေါင်းစည်းလိုက်မှသာလျှင် ဓားရှည်ကြီးကို ဆန္ဒရှိသည့်အတိုင်း ပြောင်းလဲလျက် ကိုယ်ပိုင်ကောင်းကင်လက်နက်တစ်ခုပမာ ကိုင်စွဲနိုင်ပေမည်။

ဧရာမဓားကြီးမှာ တဖြည်းဖြည်း သေးငယ်လာပြီး ကိုက်သုံးသောင်းမှ ကိုက်သုံးရာအထိ ကျုံ့ဝင်သွားသည်။ ထို့နောက် တစ်ကိုက်နှင့် တစ်၀က်အထိ ကျုံ့သွား၏။

အရှေ့နတ်မင်းမှာလည်း သူ၏ချီနှင့်သွေးတို့ အလွန်လျင်မြန်စွာ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။ ရှေးဟောင်းနတ်မင်းလေးပါးအနက် သူ၏ချီနှင့်သွေးမှာ အားအကောင်းဆုံး ဖြစ်၏။ သူ ချီနှင့်သွေးကို အတင်းအကြပ် အသုံးပြုပါက ချင်မူ နတ်ဓားကို ပြီးပြည့်စုံစွာ သွန်းလုပ်နိုင်သည်အထိ ကူညီနိုင်ပေလိမ့်မည်။ သို့သော် ၎င်းက သူ၏ကျင့်ကြံခြင်းအခြေခံကို လျော့ကျသွားစေနိုင်၏။

သူ တုံ့ဆိုင်းနေသည့်အချိန်မှာပင် အနောက်နတ်မင်း ကျားဖြူ၏ စစ်ခရာက သူ၏ဦးခေါင်းပေါ်သို့ ပျံဝဲလာသည်။ ခရာသံက သူ၏နားအနားတွင် ကျယ်လောင်စွာ မြည်ဟီးသွားသည်။

အရှေ့နတ်မင်း၏ ချီနှင့်သွေးမှာ ချက်ချင်းဆိုသလို အဆပေါင်းများစွာ ပြန့်ကားသွားပြီး ခရမ်းရောင်ချီတို့က ချင်မူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတော့သည်။ ချင်မူ့ချီနှင့်‌ သွေး နတ်ဓားဆီသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်သွား၏။

နတ်ဓားသည် တစတစ သေးငယ်လာပြီး နောက်ဆုံးတွင် ငါးပေသာ ရှည်လျားတော့သည်။

အရှေ့နတ်မင်းမှာ ဒေါသထွက်နေ၏။ သူက အနောက်နတ်မင်း ကျားဖြူဆီသို့ ကြည့်လိုက်ရာ သူမသည်လည်း သူ့အား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူမက လျှာထုတ်လျက် သူ့အား ပြောင်ပြနေလေသည်။

အရှေ့နတ်မင်းမှာ သူမပုံစံလေးအား မြင်သည်နှင့် ရင်ထဲရှိ ဒေါသအားလုံး ပျောက်ကွယ်သွားပြီး စိတ်ထဲမှတွေးနေ၏။ ‘ဒီကောင်မလေးက တကယ် ချစ်ဖို့ကောင်းတာပဲ… ဒါပေမဲ့ အနားကပ်ဖို့ ခက်တယ်… ထားလိုက်ပါတော့ သူ့ကို ထည့်တွက်မနေတော့ဘူး…’

တာအိုမီးတောက်၏ ကောင်းကင်ဘုံကိုးဘုံအလယ်တွင် နတ်ဓားက စိုက်ဝင်နေသည်။ ဓားရောင်က နှင်းတမျှ ဖြူနေပြီး ရေအလား ကြည်လင်တောက်ပနေသည်။ နတ်ဓားသည် ရေကန်တစ်ကန်ထဲ၌ ထိုးစိုက်နေသည့်အလား မကြာခဏဆိုသလို မြည်ဟီးလာပြီး လှိုင်းဂယက်များအား အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားစေတတ်၏။

အားလုံးမှာ ၎င်းကိုမြင်လျှင် သူတို့၏ဓားများကို သိမ်းလိုက်ကြသည်။ တောင်နတ်မင်းကလည်း တာအိုမီးတောက် ဘိုးဘေးနယ်မြေအား အသက်သွင်းနေခြင်းကို ရပ်တန့်လိုက်ပြီး မျက်ကန်းကလည်း ၀င်္ကပါအစီအရင်ကို သိမ်းဆည်း၏။ လီရုံလန်က ရွှေအဘက်သို့ ကြည့်လိုက်သော်လည်း ရွှေအကား မျက်လုံးမှိတ်လျက် တာအိုမီးတောက်အလယ်တွင် ရပ်နေသေးသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ တာအိုအရိပ်အယောင်တို့က ပိုပို၍အားကောင်းလာနေသည်။

လီရုံလန်က ပြုံး၍ တိတ်ဆိတ်စွာ နောက်ဆုတ်သွားသည်။

ချင်မူက ရှေ့သို့တက်၍ နတ်ဓားအား ဆွဲထုတ်လိုက်၏။ ရေကန်ကဲ့သို့ ဓားရောင်တို့က ဓား၏ ခန္ဓာကိုယ်ထဲ ပြန်လည်ဝင်ရောက်သွားသည်။

သူက နတ်ဓားကို ကိုင်လျက် ခပ်ဖွဖွ လှုပ်ခါလိုက်၏။ ကြည်လင်သော ဓားသံတစ်သံ ပျံ့လွင့်လာပြီး ရွှမ်တု၏ ကြယ်တာရာတစ်စင်း ငြိမ်းသေကာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။

“ကောင်းလိုက်တဲ့ ‌‌ဓားပါလား’

ခိုင်ဧကရာဇ်က လျှောက်လာ၍ ချင်မူ့လက်ထဲရှိ ဓားအား အကဲခတ်လိုက်၏။ သူက မေးသည်။ “နာမည်ရှိလား..”

“အင်း...”

ချင်မူက သူ၏ ဘယ်ဘက်လက်ဖြင့် ဓားမန္တန်တစ်ခု အသက်သွင်းလိုက်ရင်း ဓားရိုးမှ ဓားထိပ်အထိ ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်သည်။ ဓားရောင်တို့က သူ၏မျက်လုံးထဲတွင် တောက်ပသွားပြီး ချီအဆီအနှစ်တစ်လုတ် ထွေးထုတ်လိုက်၏။ “ကပ်ဘေးလို့ ခေါ်တယ်”

All Chapters