ရေတွင်း
Vol. 115 Ch. 1506
မြို့ထဲသို့ ဝင်ရောက်လိုက်သည်လျှင်ချင်း ကောင်းကင်နှင့် မြေကြီး တည်ရှိနေသမျှ ရှည်လျားနေမည့် သူ၏သက်တမ်းမှာ အဆုံးသတ်သွားသလို ချင်မူ ချက်ချင်း ခံစားလိုက်ရသည်။
သေခြင်းရှင်းခြင်း ကောင်းကင်ရတနာအဆင့်အထိသာ ကျင့်ကြံထားကြသော ကောင်းကင်နတ်သိုင်းပညာရှင်များအနေဖြင့် သက်တမ်း၏ အဆုံးသတ်အား ခံစားကြရတတ်သည်။ သို့သော် နတ်ဘုရားအဆင့်သို့ ကျင့်ကြံပြီးသည်နှင့် သူတို့၏သက်တမ်းသည် အဆုံးသတ်မရှိတော့ဘဲ ကောင်းကင်နှင့် မြေကြီးတည်ရှိသမျှ ရှည်လျားသွားချေသည်။ င့်
သို့သော် ဤကျောက်စိမ်းမြို့တော်မှာ မဟာကပ်ဘေးကြီးကြောင့် ပျက်စီးသွားခဲ့သဖြင့် အသက်ဓာတ်တာအိုကို အဆုံးသတ်သွားစေခဲ့ခြင်း ဖြစ်မည်။ ယင်းကတစ်ဖန် သိုင်းပညာရှင်တို့၏ သက်တမ်းအပေါ်လည်း သက်ရောက်သွားဟန်တူသည်။
ချင်မူက တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေရင်း တခဏ စဉ်းစားပြီးနောက် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ သူ၏ ချီစွမ်းအင်တို့က လောကသစ်ပင်တစ်လျှောက် ဖြတ်သန်းစီးဆင်းသွားပြီး သူ၏သက်တမ်း ကုန်ဆုံးသွားသော ခံစားချက်မှာလည်း ရုတ်ခြည်း ပျောက်ကွယ်သွားတော့သည်။
လောကသစ်ပင်သည် မည်သည့်စကြဝဠာတွင်မဆို ဖြတ်သန်းသွားလာနိုင်သည့် ဖြစ်တည်မှုအလားပင်။ စကြဝဠာမည်မျှ ပျက်စီးပြီး မွေးဖွားလာစေကာမူ လောကသစ်ပင်ကား ပြောင်းလဲခြင်း မရှိ။ ချင်မူ၏ လောကသစ်ပင်မှာ အပင်ပေါက်လေးတစ်ပင်သာ ရှိနေသး၍ အစွမ်းမထက်သေးသည့်တိုင် ထူးခြားသော စွမ်းရည်ကို ပိုင်ဆိုင်ထားသေး၏။
ထိုမျှသာမက ကျောက်စိမ်းမြို့တော်၏ ပျက်စီးခြင်းအရှိန်အဝါများမှာ မပြင်းထန်လွန်းပေ။ သူ့အနေဖြင့် ပျက်စီးခြင်းကပ်ဘေးထဲ မဝင်ရောက်သွားသရွေ့ သူ၏ကောင်းကင်ရတနာထဲရှိ လောကသစ်ပင်က ကာကွယ်ပေးနိုင်သည်။
မှန်ပါသည်။ ပျက်စီးခြင်းကပ်ဘေးအစစ်သာဆိုလျှင် လောကသစ်ပင်အပင်ပေါက်လေးအနေဖြင့် ခုခံကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းသည် သေးငယ်နေသေးသည် မဟုတ်ပါလော။
ချင်မူက မြို့ထဲသို့ ဝင်သွားပြီး အန္တရာယ်များသော နေရာတို့အား သတိကြီးကြီးထားကာ ဂရုတစိုက် ရှောင်တိမ်းနေသည်။ ရေခဲလေနှင့် လေပူတို့မှာ အထူးဆန်းဆုံး ဖြစ်ကြ၏။ လေပူ၏ အပူချိန်က မဟာတာအိုနယ်ပယ်များနှင့် တာအိုသံကြိုးများကို လောင်မြိုက်သွားစေရန် လုံလောက်ပြီး ရေခဲလေကမူ အရာအားလုံးကို အေးခဲသွားစေနိုင်သည်။ တာအိုသံကြိုးများ ကျိုးပျက်သွားပါက ကောင်းကင်နတ်သိုင်းအားလုံး အလာဟဿ ဖြစ်သွားချေရာ အလွန်တရာအန္တရာယ်များပေသည်။
“ရေခဲလေက အန္တိမဟင်းလင်းပြင်လိုပဲ”
ချင်မူက ညှိုးခြောက်နေသော တာအိုသစ်ပင်တစ်ပင်အောက်တွင် ရပ်လျက် တိုက်ခတ်နေသော ရေခဲလေကို အကဲခတ်နေသည်။ သူ၏ မျက်နှာအမူအရာထက်တွင် အံ့သြသော အရိပ်အယောင်များ ဖြတ်ပြေးနေသည်။
ရေခဲလေသည် မဟာခြုံလွှမ်းကောင်းကင်ဘုံ ကောင်းကင်နတ်သိုင်းနှင့် ဆင်တူသော်လည်း ပို၍အားကောင်းပြင်းထန်၏။
သူက ရေခဲလေ၏ လှိုင်းထိပ်ဖျားကို ဖမ်းစီးကာ ဂရုတစိုက် လိုက်ပါသွားသည်။ လိုက်ပါစီးနင်းရင်း အသေအချာ စစ်ဆေးအကဲခတ်၍ ၎င်းတွင် ပါဝင်သော သဘောတရားတို့အား အဖြေထုတ်နိုင်ရန် ကြိုးစားနေသည်။ အချိန်တစ်ခုကြာပြီးနောက် ရေခဲလေကား ဖရိုဖရဲချီတစ်အုပ်ထဲသို့ ဝင်ရောက်လာလေသည်။
ချင်နူက ခေါင်းမော့၍ ပတ်ဝန်းကျင်သို့ အကဲခတ်လိုက်သည်။ ထို့နောက်မှသာ သူသည် ဝေစွေ့ဖုန်း၏မြေပုံမှ သွေဖယ်သွားမှန်း သတိထားလိုက်မိ၏။ ကျောက်စိမ်းမြို့တော်၏ မည်သည့်နေရာသို့ ရောက်နေသည်လဲ မသိတော့ချေ။
ဤနေရာမှာ ပို၍ပင် ပျက်စီးယိုယွင်းနေသည်။ ညှိုးခြောက်နေသော တာအိုသစ်ပင်များက နေရာတိုင်းတွင် ပြည့်နေသဖြင့် တောအုပ်သဖွယ်ပင် ထင်ရသည်။ နွမ်းဖတ်နေသော တာအိုသစ်သီးများကလည်း သစ်ပင်များပေါ်တွင် တွဲခိုနေပြီး တချို့ကတော့ သစ်ပင်များအောက်၌ပင် ကြွေကျနေကြသည်။
မြေပြင်ပေါ်တွင်တော့ တာအိုသစ်ရွက်ခြောက်များနှင့် သစ်ကိုင်းများက နေရာယူထားကြ၏။ ၎င်းတို့အပေါ်တွင် ရပ်လိုက်ပါက သစ်ကိုင်းများမှာ တဂျွတ်ဂျွတ် မြည်၍ ကျိုးသွားပြီး သစ်ရွက်များ တရှဲရှဲ လှုပ်ရှားသွားကြသည်။
ချင်မူက ခပ်မာမာ အရာဝတ္ထုတစ်ခုအပေါ်တွင် ရပ်လိုက်မိသဖြင့် သစ်ရွက်များကို ဖယ်ကြည့်လိုက်သည်။။ သစ်ရွက်များအောက်တွင် ညှိုးခြောက်နေသော အရိုးစုတစ်စု မြုပ်နေသည်။
ဤသည်မှာ အကြောင်းတစ်ခုခုကြောင့် သေဆုံးသွားခဲ့သော တာအိုသိုင်းပညာရှင်တစ်ဦး၏ အရိုးစု ဖြစ်ပေလိမ့်မည်။
'စကြ၀ဠာပျက်သုဉ်းခြင်း မဟာကပ်ဘေးကြီးမှာ တာအိုသိုင်းပညာရှင်တွေတောင် ပုရွက်ဆိတ်သာသာပါပဲလား’
ချင်မူက ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ရုတ်တရက် လက်မြှောက်လိုက်သည်။ သစ်ရွက်ခြောက်များက မြေပေါ်မှ မြောက်တတ်၍ လေထဲတွင် မြောလွင့်သွားကြ၏။
တာအိုသစ်ပင်တောအုပ်ထဲသို့ ရောက်လာလေလေ၊ တာအိုသိုင်းပညာရှင်များ၏ အရိုးစုတို့အား တွေ့လာရလေလေပင်။ မြင်ကွင်းတစ်ခုလုံးမှာ ထိတ်လန့်ချောက်ချားဖွယ် ကောင်းနေသည်။
ချင်မူက မျက်ခုံးပင့်၍ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးကြည့်နေသည်။ ထို့နောက် သက်ပြင်းတစ်ရှိုက် ရှူထုတ်လိုက်မိ၏။
ထိုတာအိုသိုင်းပညာရှင်များမှာ သဘာဝအတိုင်း သေဆုံးသွားကြခြင်း မဟုတ်ဘဲ တစ်ယောက်ယောက်၏ သတ်ဖြတ်ခံခဲ့ရခြင်းပင်။
အရိုးစုတစ်ခုစီ၏ အရိုးများပေါ်တွင် ချွန်ထက်သော လက်နက်များကြောင့် ကျန်ရစ်ခဲ့သည့် ဒဏ်ရာများ ရှိနေ၏။
“ခင်ဗျားတို့အားလုံးကို ဘယ်သူသတ်ခဲ့တာလဲ”
သူက အရိုးစုတစ်စုအရှေ့တွင် ရပ်၍ နိုးထလာစေရန် ခေါင်းခေါက်ကြည့်လိုက်သည်။ သို့သော် အရိုးစုထဲတွင် ဝိညာဉ်မရှိတော့သဖြင့် မလှုပ်ရှားတော့ချေ။
သူက ထရပ်၍ မျက်မှောင်ကြုတ်ကာ ဟိုဟိုသည်သည့် ကြည့်လိုက်သည်။ ဤတောအုပ်သည် အရိုးသင်္ချိုင်းပမာ တာအိုသိုင်းပညာရှင် နှစ်ရာမှသုံးရာခန့်ကို မြှုပ်နှံထားချေ၏။
‘ကျောက်စိမ်းမြို့တော်ရဲ့ တာအိုသိုင်းပညာရှင်တွေကြားမှာလည်း ရန်ငြိုးတွေ ရှိနေတာများလား… သူတို့က ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် သတ်ခဲ့ကြတာများလား”
သူက လေတွင် ပျံဝဲနေသော သစ်ရွက်များနှင့် သစ်ကိုင်းများကို ပြန်ချတော့မည့်အချိန်တွင် ရုတ်တရက် မျက်လုံး လင်းလက်တောက်ပသွားသည်။ တောအုပ်ထဲသို့ ထပ်လျှောက်သွားကြည့်သည့်အခါ ရေတွင်းတစ်တွင်း တွေ့လိုက်ရ၏။ ၎င်းသည် ယခင်က သစ်ကိုင်းသစ်ရွက်များအောက်တွင် ရှိနေခဲ့သော်လည်း ယခုတွင် ပြန်ပေါ်လာချေပြီ။
ချင်မူက ရေတွင်းဘေးသို့ လျှောက်သွားကာ အထဲသို့ ငုံ့ကြည့်လိုက်သည်။ ရေတွင်းမှာ မှောင်မည်းအုံ့ဆိုင်းနေပြီး အငွေ့အသက်မကောင်းကြောင်း တွေ့လိုက်ရသည်။
‘ဒီရေတွင်းကို ဘယ်နေရာမှာ သုံးတာလဲ’
သူ စဉ်းစားနေသည့်အချိန်မှာပင် ရေတွင်းထဲ၌ ဖရိုဖရဲချီတို့ ပေါ်ထွက်လာပြီး တစ်စုံတစ်ခုက ရေတွင်းထဲမှ တိုးထွက်လာနေသည်အား တွေ့လိုက်ရသည်။
သူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကာ အသေအချာ လှမ်းကြည့်လိုက်သည်။ ဧရာမသတ္တဝါကြီးတစ်ကောင်ကား လေးဖက်ထောက်လျက် ရေတွင်းနံရံမှ တွယ်တက်လာနေချေပြီ။ အချိန်တစ်ခဏကြာသည်အထိ ကြည့်ရှုနေပြီးနောက် ၎င်းသည် ထူးဆန်းသော သတ္တဝါတစ်ကောင်သာ ဖြစ်ပြီး သူ မျှော်လင့်ထားခဲ့သလို ဧရာမ သတ္တဝါကြီးမဟုတ်ကြောင်း မြင်လိုက်ရ၏။
ထူးဆန်းသော သတ္တဝါသည် တာအိုသစ်ပင်ကို ၎င်း၏ ကျောပေါ်တွင် သယ်ဆောင်သွားပြီး ရေတွင်းနံရံမှတစ်ဆင့် အပြင်သို့ တက်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။
သို့သော် ၎င်း၏ ပတ်ပတ်လည်တွင် အဖျက်ဂယက်လှိုင်းများ ဖြာဆင်းနေကာ ၎င်းကို မကြာခဏ တွန်းချနေ၏။ သတ္တဝါမှာ အရိုးသာ ကျန်တော့သည်အထိ ဖျက်ဆီးခံထားရသည့်တိုင် ဆက်လက်တွယ်တက်နေသေးသည်။
ချင်မူလည်း အချိန်အတော်ကြာ စောင့်ကြည့်နေသော်လည်း ထိုတာအိုသိုင်းပညာရှင်မှာ ရေတွင်းထဲမှ ထွက်မလာနိုင်ပေ။
ချင်မူက ဓားကို ထုတ်၍ ရေတွင်းပတ်ပတ်လည်တွင် ဓားတစ်ရာ ထိုးစိုက်ပြီးနောက် ပျံသန်းထွက်ခွာသွားတော့သည်။
ရက်အနည်းငယ်ကြာသော် အဆိုပါရေတွင်းထဲမှပင် ပျက်စီးနေသော တာအိုသစ်ပင်တစ်ပင် ထွက်လာခဲ့ချေပြီ။ ရေတွင်းထဲရှိ တာအိုသိုင်းပညာရှင်များသည် မဟာပျက်စီးခြင်းကပ်ဘေးကြီးကြောင့် မှော်စွမ်းအင်အားလုံး ဆုံးရှုံးလိုက်ရသည့်အပြင် ကျင့်ကြံထားသည့် မဟာတာအိုမှာလည်း လွင့်ပြယ်သွားခဲ့သည်။။
သို့သော် ထိုအချိန်တုန်းက ကံကောင်းထောက်မစွာဖြင့် ရေတွင်းတစ်တွင်း သူ့အရှေ့၌ ရှိနေခဲ့၏။
ဤဖရိုဖရဲရေတွင်းသည် သူ ရှိသော စကြ၀ဠာမှ ဖြစ်၏။ မရေမတွက်နိုင်သော သိုင်းပညာရှင်များမှာ ဉာဏ်ပညာအမျှော်အမြင်အားလုံးနှင့် ဖရိုဖရဲချီတို့ကို အသုံးပြုကာ မီလော့နန်းတော်ဆီ သွားနိုင်မည့် လမ်းအား ဖွင့်ခဲ့ကြလေသည်။
သူ့အနေဖြင့် ရေတွင်းထဲမှ တိုးထွက်နိုင်သရွေ့၊ ကျောက်စိမ်းမြို့တော်ထဲသို့ သွားနိုင်သရွေ့... မီလော့နန်းတော်အရှင်သခင်၏ စွမ်းအားကို ငှားယူကာ ကပ်ဘေးကြီးအား ရှောင်လွှားနိုင်လိမ့်မည်။ အနာဂတ်စကြ၀ဠာတွင် သူ့အတွက် နေရာတစ်နေရာလည်း ရှိလာလိမ့်မည်။
သူ၏ကိုယ်ပိုင်တာအိုအားလုံး ဖျက်ဆီးခံလိုက်ရလျှင်တောင်မှ၊ ရုပ်ခန္ဓာ ဖျက်ဆီးခံလိုက်ရလျှင်တောင်မှ၊ တာအိုသစ်ပင်နှင့် တာအိုသစ်သီးကို ထိန်းသိမ်းထားသရွေ့ ပြန်လာနိုင်ပေလိမ့်မည်။
သူက ရေတွင်းနံရံမှ တက်လာပြီး ခွန်အားအလုံးစုံ သုံးကာ တာအိုသစ်ပင်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် တာအိုသစ်ပင်ကို ရေတွင်းထဲမှ အရင်မြောက်တက်သွားစေလိုက်သည်။
ထိုအခိုက်အတန့်အတွင်း ရေတွင်းအဝ၌ ဓားရောင်တို့ ဖြတ်ခနဲ တောက်ပသွားသည်။ တာအိုသိုင်းပညာရှင် မော့ကြည့်လိုက်သည့်အခါ ဓားရောင်၌ အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းဝပ်နေပြီး သူ၏တာအိုသစ်ပင်ရှိ တာအိုသစ်သီးထဲသို့ ထိုးစိုက်သွားသည်ကို တွေ့လိုက်ရ၏။
တာအိုသိုင်းပညာရှင်မှာ အရိုးသာ ကျန်တော့သည်အထိ ပျက်စီးနေသောကြောင့် မည်သို့မျှ မတတ်နိုင်လိုက်ပေ။ အတိတ်တုန်းကသာ ဆိုလျှင် ဤဓားရောင်ကို အလွယ်တကူ ခုခံနိုင်သော်လည်း ယခုတွင် ဓားရောင် တာအိုသစ်သီးထဲ ထိုးစိုက်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေရတော့သည်။
“ငါ့ကို ဘယ်သူအကောက်ကြံတာလဲ... သခင်ကြီးဖုတဲ့လား”
အပိုင်း ၁၅၀၆ ဟောင်
တာအိုသိုင်းပညာရှင်မှာ ထိုသို့အော်ဟစ်ရန်အတွက်သာ အချိန်ရလိုက်ပြီး တာအိုသစ်သီးမှာ ဓားရောင်၏ ဖြတ်တောက်ခြင်း ခံလိုက်ရတော့သည်။ ၎င်းက တာအိုသစ်ပင်ပေါ်မှ ရေတွင်းထဲရှိ ဖရိုဖရဲအငွေ့များထဲသို့ ကျဆင်းသွား၏။ ထို့နောက် မဟာကပ်ဘေးကြီး၏ ဝါးမြိုခြင်းခံလိုက်ရသည်။
တာအိုသစ်သီး ဖျက်ဆီးခံလိုက်ရသည့်အခါ တာအိုရထားပြီးဖြစ်သည့် သိုင်းပညာရှင်မှာ ခွန်အားအလုံးစုံ ဆုံးရှုံးသွားချေသည်။ သူသည်လည်း တာအိုသစ်ပင်နှင့်အတူ ရေတွင်းနံရံမှ လျှောကျကာ ကပ်ဘေးကြီးထဲသို့ ပြုတ်ကျသွားတော့သည်။
‘ဖရိုဖရဲရေတွင်းက တစ်ခုခု ထူးဆန်းတယ်… ရေတွင်းအောက်ခြေက အရင်စကြဝဠာနဲ့ ဆက်နွယ်နေတာ ဖြစ်ရမယ်… ထူးဆန်းလိုက်တာ… အဲဒီတာအိုသိုင်းပညာရှင်က ပျက်စီးခြင်းကပ်ဘေးကို ရှောင်တိမ်းဖို့ ကျောက်စိမ်းမြို့တော်ထဲ ဝင်လာတာမဟုတ်ဘူးလား… ဘာလို့ ရေတွင်းတူးပြီး ခိုးကြောင်ခိုးဝှက် ဝင်လာတာလဲ’
ချင်မူတစ်ယောက် စဉ်းစားရင်းဖြင့် ခန်းမတစ်ခု၏ အရှေ့သို့ ရောက်လာသည်။ သူက တွေးတွေးဆဆ ရေရွတ်နေသည်။ “ရေတွင်းအပြင်ဘက်က တာအိုသစ်ပင်တွေကလည်း သေသွားကြတဲ့ တာအိုသိုင်းပညာရှင်တွေပဲ… သူတို့လည်း အဲဒီရေတွင်းကနေ ခိုးဝင်လာကြတာများလား… ဒါဆို သူတို့ကို ဘယ်သူသတ်လိုက်တာလဲ… ကျောက်စိမ်းမြို့တော်ရဲ့ တာအိုသိုင်းပညာရှင်တွေများလား”
သူက မဟာခန်းမကြီးကို ကြည့်ပြီးနောက် ဆက်မတွေးတော့ပေ။
ဤမဟာခန်းမသည် ကျောက်ယန်ခန်းမအောက် မနိမ့်ကျသည့် ခံစားချက်များကို ပေးစွမ်းနေ၏။ ကျောက်စိမ်းမြို့တော်၏ အရေးပါသော နတ်ခန်းမတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်း၏အရှေ့တွင် တစ်စုံတစ်ယောက် ခုတ်ခဲ့သော တာအိုသစ်ပင်တစ်ပင် ရှိနေသည်။ ဤနေရာတွင် တိုက်ပွဲတစ်ပွဲဖြစ်ပွားခဲ့သော အရိပ်အယောင်များလည်း ရှိနေချေသည်။
သဲလွန်စများမှတစ်ဆင့် လွန်ခဲ့သော နှစ်တစ်ဝက်ခန့်က ဤနေရာတွင် တိုက်ပွဲတစ်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တာအိုသစ်ပင် ခုတ်ပိုင်းခံခဲ့ရကြောင်း ခန့်မှန်းကြည့်နိုင်သည်။
ချင်မူသည် အသေအချာ စစ်ဆေးကြည့်ရှုနေစဉ် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နတ်သိုင်းကို တွေ့လိုက်ရသည်။ ၎င်းအပြင် ကောင်းကင်နတ်အရှင်ဟွေ့၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် အခြားကောင်းကင်နတ်အရှင်များ၏ ကောင်းကင်နတ်သိုင်း အစအနများလည်း ကျန်ရစ်ခဲ့၏။
‘သူတို့ ဒီနေရာအထိ ရောက်လာခဲ့ပြီး ထူးဆန်းတဲ့ မတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ရတာပဲ… တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ပြီးတော့ တစ်ယောက်ရဲ့ တာအိုသစ်ပင်ကို ခုတ်ပိုင်းပစ်ခဲ့တယ်’
ချင်မူက တာအိုသစ်ပင်ဘေးမှ လျှောက်သွား၍ ခန်းမထဲ ၀င်ရောက်သွားသည်။ ခန်းမအတွင်းပိုင်းတွင် မတူညီသော သင်္ကေတများနှင့် တာအိုအမှတ်အသားများကို ခတ်နှိပ်ထားကာ အလွန်တရာ ရှုပ်ထွေးနေသည်။ သူသည် တစ်ခုပြီးတစ်ခု အကဲခတ်ကြည့်လိုက်ပြီး ဤနေရာတွင် ဝါးဖျာများ ခင်းထားကြောင်း တွေ့လိုက်ရ၏။ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်သူတို့၏ အရှိန်အဝါတို့လည်း ကျန်ရစ်ခဲ့သည်။
‘သူတို့ ရောက်လာပြီးတော့ ဒီခန်းမမှာ ကိန်းအောင်းနေတဲ့ မဟာတာအိုကို သိမြင်နားလည်ဖို့ ဒီနေရာမှာ ရပ်ခဲ့တယ်’’
ချင်မူ့နှလုံးသားမှာ တုန်လှုပ်သွားသည်။ ကောင်းကင်နတ်အရှင်ဟောင်၊ ဟွေ့၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကုန်းနှင့် ကျန်သူများမှာ အလွန်တရာ ထက်မြက်သော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့ ကျောက်စိမ်းမြို့တော်ထဲတွင် အချိန်အတော်ကြာ နေခဲ့ကြခြင်းမှာ ပိတ်မိနေခြင်းကြောင့် မဟုတ်ဘဲ ကျောက်စိမ်းမြို့တော်၏ နက်နဲကျယ်ပြောမှုကို ရှာတွေ့သွားကြခြင်းကြောင့် ဖြစ်လိမ့်မည်။
သူတို့သည် သူတို့၏ ဉာဏ်ပညာကို အသုံးပြု၍ ကျောက်စိမ်းမြို့တော်၏ မဟာတာအိုကို သိမြင်နားလည်ကာ ကိုယ်ပိုင်ကျောက်စိမ်းမြို့တော်များအား ပြီးပြည့်စုံလာစေခဲ့ခြင်းပင်။
အတိတ်တုန်းက ချင်မူသည်လည်း ကျောက်စိမ်းမြို့တော်မှာ ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့စင်မြင့်၊ နတ်ဘုရားစီရင်ရာစင်မြင့်နှင့် အခြားအဆင့်များနှင့် တူညီသည်ဟု တွေးခဲ့ဖူး၏။ ကျောက်စိမ်းမြို့တော်ကား ဘိုးဘေးနန်းတော်ကြောင့် ဖွဲ့တည်လာခဲ့သော သဘာဝတာအိုနယ်မြေတစ်မြေ ဖြစ်ပြီး မဟာတာအိုအသိအမြင်များ ကိန်းအောင်းနေသည့်အတွက် ပို၍အံ့ဩဖွယ်ကောင်းသော တာအိုတို့ကို သိမြင်နားလည်စေခဲ့ပြီး သူ၏သိုင်းအဆင့်ကို အဆပေါင်းများစွာ ထိုးတက်သွားစေခဲ့သည်။
သို့သော် ယခုတွင် ကျောက်စိမ်းမြို့တော်၏ ထောင်ချောက်ကို သိနေပြီဖြစ်ရာ ထိုသို့မတွေးမိတော့ပေ။
ဤကျောက်စိမ်းမြို့တော်သည် မီလော့နန်းတော်အရှင်သခင်နှင့် အခြားကမ္ဘာဦးတာအိုသိုင်းပညာရှင်များ ဖန်တီးထားသည့် လူလုပ်အထွတ်အမြတ်နယ်မြေတစ်မြေ ဖြစ်နေ၏။
သူတို့၏ရည်ရွယ်ချက်က ပျက်စီးခြင်းမဟာကပ်ဘေးကြီးမှ မြန်နိုင်သမျှ မြန်မြန်မြန် လွတ်မြောက်နိုင်ရန်အတွက် မျိုးဆက်သစ်များ သူတို့၏ ကျောက်စိမ်းမြို့တော်ကို ကျင့်ကြံတည်ဆောက်စေရန်သာ ဖြစ်ခဲ့သည်။
ကျောက်စိမ်းမြို့တော်ကို ကျင့်ကြံကြသူများ ပို၍သန်မာအားကောင်းလေလေ၊ သူတို့၏ဘိုးဘေးနန်းတော်က ပို၍တည်ငြိမ်လေလေဖြစ်ပြီး ပျက်စီးခြင်းမဟာကပ်ဘေးကြီးမှ လုံးဝလွတ်မြောက်နိုင်ပေမည်။ ထိုအခါ ကျောက်စိမ်းမြို့တော်သည် ပျက်စီးခြင်းမဟာကပ်ဘေးကြီးမှ ဘိုးဘေးနန်းတော်သို့ ဆင်းသက်လာနိုင်လိမ့်မည်။
လက်ရှိကျောက်စိမ်းမြို့တော်အနေဖြင့် ဘိုးဘေးနန်းတော်သို့ အပြည့်အဝ မရောက်သေးပေ။ မြို့ထဲရှိ တာအိုသိုင်းပညာရှင်များမှာ သေလျှင်သေ မသေလျှင် ဒဏ်ရာရထားကြလိမ့်မည်။ လမ်းတလျှောက်တွင် သက်ရှိနှင့်တူသော အရာတစ်ခုမှ ချင်မူ မမြင်ခဲ့ရပေ။ တာအိုသစ်ပင်များနှင့် ခြောက်သွေ့နေသော တာအိုသစ်သီးများကိုသာ မြင်တွေ့ခဲ့ရ၏။
သို့သော် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် ကျောက်စိမ်းမြို့တော်ကို သိမြင်နားလည်၍ ကျင့်ကြံပြီး တာအိုအဆင့်အထိပင် ကျင့်ကြံနိုင်ခဲ့သူတစ်ယောက် ရှိပါက အခြေအနေ ကွဲပြားသွားပေလိမ့်မည်။
နတ်ဘုရားများ၏ ကောင်းကင်နန်းဆောင်ထဲမှ ကျောက်စိမ်းမြို့တော်သည် ဘိုးဘေးနန်းတော်ရှိ အစစ်အမှန် ကျောက်စိမ်းမြို့တော်ဆီမှ ခွန်အားငှားယူထားခြင်း မဟုတ်လော။
ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်သည် ခွန်အားအရာတွင်သာ အာရုံစိုက်ပြီး တာအိုအဆင့်ကို အာရုံမစိုက်ချေ။ အခြေခံအကျဆုံးအချက်က ဤဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်ကြောင့် ဖြစ်ပေလိမ့်မည်။
ယခင်က ကောင်းကင်နတ်မြစ်၊ တောင်ကောင်းကင်မုခ်၀၊ နဂါးသွဲ့ရေကန်နှင့် နတ်ဘုရားစီရင်ရာစင်မြင့်တို့အားလုံးသည် ကောင်းကင်နတ်ဘုံဆီမှ စွမ်းအားငှားယူခဲ့ကြသည်။ ထိုအချိန်က အားနည်းချက်များက မကြီးမားခဲ့ပေ။ ကျောက်စိမ်းမြို့တော်အဆင့်ကမူ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ စွမ်းအားငှားယူထားခြင်း ဖြစ်သည်။
စွမ်းအားငှားယူခြင်းဖြစ်သဖြင့် အနာဂတ်တွင် ပြန်ဆပ်ရပေလိမ့်မည်။
တာအိုသိုင်းပညာရှင်များ ကျောက်စိမ်းမြို့တော်ကို ဘိုးဘေးနန်းတော်သို့ ပြန်လည်ပို့ပေးနိုင်သွားလျှင် သူတို့၏စွမ်းဆောင်ရည်များ ကျဆင်းထားခြင်းက မပြောပလောက်သော ကိစ္စတစ်ခုသာ ဖြစ်လာမည်။ ကျောက်စိမ်းမြို့တော်သည် ပိုမိုတည်ငြိမ်သွားပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီးကို တောင့်ခံနိုင်ရန် ပိုမိုခိုင်မာလာလိမ့်မည်။
မဟာပျက်စီးခြင်းကပ်ဘေးကြီးမှ လွတ်မြောက်၍ ယခင်စကြ၀ဠာမှ ယခုစကြ၀ဠာဆီ ဝင်ရောက်လာနိုင်သည့် ကမ္ဘာဦးတာအိုသိုင်းပညာရှင်တစ်ဦးပင် ရှိကောင်းရှိနိုင်သည်။
ကောင်းကင်နတ်အရှင်ဆယ်ပါး လုပ်ခဲ့သည့်အရာက ကျားအနားကပ်၍ မဟာမိတ်ဖွဲ့ပြီးနောက် ကျားအရေခွံ ခွာသော လုပ်ရပ်နှင့် တူသည်။
ချင်မူမှာ ဓားရိုးကို ကိုင်ထားပြီး ဓားထုတ်ကာ ခန်းမပေါ်ရှိ တာအိုအမှတ်အသားများကို အပိုင်းပိုင်း ခုတ်ပစ်ချင်နေသော်လည်း သည်းခံမြိုသိပ်ထားသည်။
ကောင်းကင်နတ်အရှင်ဟောင်နှင့် ကျန်သူများသည် ဤနေရာသို့ ရောက်လာခဲ့ကြပြီး ခန်းမထဲတွင် ကိန်းအောင်းနေသည့် မဟာတာအိုလျှို့ဝှက်ချက်များကို သိမြင်နားလည်ကြပြီးဖြစ်၏။ ချင်မူ တာအိုအမှတ်အသားများကို ခုတ်ပိုင်းဖျက်ဆီးလိုက်လျှင်တောင်မှ သိပ်အသုံးဝင်လိမ့်မည် မဟုတ်ပေ။
ထိုမျှသာမက ခန်းမပေါ်ရှိ တာအိုအမှတ်အသားများမှာ အမှန်တကယ် ထူးကဲနက်ရှိုင်းသည်။ ၎င်းတို့ထဲတွင် ကျယ်ပြောနက်နဲသော နိယာမများ ကိန်းဝပ်နေသည်။ စွမ်းအင်ငှားယူခြင်းသက်သက်သာ မဟုတ်ပေ။
ချင်မူက စိတ်ထိန်း၍ ထိုင်လိုက်သည်။ သူသည်လည်း ခန်းမနံရံထဲရှိ တာအိုအမှတ်အသားများတွင် ပါဝင်သော ကျယ်ပြန့်နက်ရှိုင်းမှုတို့ကို တိတ်ဆိတ်စွာ သိမြင်နားလည်နေ၏။
သူ့အနေဖြင့် ထိုဆန်းကြယ်သော သဘောတရားတို့အား သိမြင်နားလည်ရမည်။ ကျင့်ကြံခြင်း ၊ မကျင့်ကြံခြင်းကတော့ ကျောက်စိမ်းမြို့တော်ကို လှည့်ပတ်ကြည့်ရှုပြီးမှသာလျှင် ဆုံးဖြတ်ချက်ချနိုင်ပေမည်။
တခဏကြာသော် ချင်မူသည် အေးဆေးတည်ငြိမ်စွာဖြင့် အိပ်မက်ထဲသို့ ဝင်ရောက်သွားသည်။ အိပ်မက်အလွှာတစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ချင်မူသေးသေးလေးများက ခုန်ထွက်လာကာာ နတ်ခန်းမ၏ နံရံလေးဘက်ပတ်ပတ်လည်တွင် လျှောက်သွားနေကြတော့သည်။
“မာ…ဟာ… မာ…ဟာ..”
သူတို့က အော်ဟစ်လျက် ထိုသင်္ကေတများ၏ နက်နဲမှုကို တွက်ချက်နေကြသည်။
ဆယ်ရက်ကျော်ကြာပြီးနောက် ချင်မူက အိပ်မက်ကမ္ဘာအား သိမ်းဆည်းကာ ခန်းမထဲမှ ထွက်လာခဲ့၏။
သူက ကောင်းကင်နတ်အရှင်ဟောင်နှင့် ကျန်သူများ သွားရာလမ်းအတိုင်း လိုက်လာခဲ့သည်။ မကြာမီ နောက်ထပ်ခန်းမတစ်ခုကို တွေ့လိုက်ရ၏။
‘ဒီနေရာမှာ ပလ္လင်ခန်းမ ၇၂ ခု ရှိနေတာတော့ မဟုတ်ဘူးမလား’
ချင်မူ့ရင်ထဲတွင် တုန်လှုပ်သွားသည်။ 'ပလ္လင်ခန်းမ ၇၂ ခုဆိုရင် ကောင်းကင်နတ်ဘုံရဲ့ ပလ္လင်ခန်းမ ၇၂ ခု နဲ့ ကိုက်ညီမနေဘူးလား… အဲဒါဆို ကောင်းကင်နတ်အရှင်ဟောင် ပြီးပြည့်စုံချင်တာက ကျောက်စိမ်းမြို့တော်အဆင့် မဟုတ်ဘူး.. ကောင်းကင်နန်းဆောင် ၃၆ ဆောင်နဲ့ ပလ္လင်ခန်းမ ၇၂ ခုပဲ.. သူတို့ပြီးပြည့်စုံချင်နေတာက မဟာကောင်းကင်နတ်ဘုံပဲ… ဒီလိုကျင့်စဉ်မျိုးကို တန်ခိုးရှင်သစ်ခုတ်သမား တီထွင်ခဲ့တာ… ဒီလိုကျင့်ကြံနိုင်အောင် ကောင်းကင်နတ်အရှင်ဟောင်ကို ဘယ်သူသင်ပေးခဲ့တာများလဲ”
သူ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေသည်။ ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် ကိုယ်တိုင် တွေးတောသိမြင်နိုင်ခဲ့ခြင်းဆိုပါက ကောင်းကင်နတ်အရှင်ဟောင်၏ ဉာဏ်ပညာနှင့် သိမြင်နားလည်နိုင်စွမ်းကို ပြန်လည်တွက်ချက်ရပေတော့မည်။
ကောင်းကင်နတ်အရှင်ဟောင် ကိုယ်တိုင်နားလည်ခဲ့ခြင်း မဟုတ်ပါက မည်သူ လမ်းပြပေးခဲ့သနည်း။
“သစ်ခုတ်သမားနဲ့ ကျန်းပိုင်ကွေ့ သူ့ကို ပြောပြဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး ... ထိုက်စုမှာလည်း အမျှော်အမြင် သိပ်မရှိဘူး… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်က ထိုက်စုမဟုတ်ဘဲ တခြားတစ်ယောက်ပဲ…”
“ဒီပုဂ္ဂိုလ်ရဲ့ ဉာဏ်ပညာက ဆရာတန်ခိုးရှင်သစ်ခုတ်သမားအောက် နိမ့်ကျမနေဘူး… ဒါပေမဲ့ ဒီနေ့ခေတ်မှာ သစ်ခုတ်သမားထက် ပိုပြီးဉာဏ်ကောင်းတဲ့သူ မရှိဘူး… မဟုတ်မှ… မဟုတ်မှလွဲရော… အရင်စကြ၀ဠာက လာတာများလား… တာအိုရပြီးတဲ့ပုဂ္ဂိုလ်တစ်ယောက် ဒီနေရာကို ရွှေ့ပြောင်းလာခဲ့ပြီပဲ”
ချင်မူ၏မျက်နှာသည် တည်ကြည်လေးနက်နေပြီး ကောင်းကင်နတ်အရှင်ဟောင်၏ ပုံရိပ်က သူ၏စိတ်ထဲတွင် ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ ပုံရိပ်အနောက်တွင် ဧရာမအရိပ်ကြီးတစ်ခုက အုပ်မိုးထား၏။
“ထိုက်စုကတော့ မြေခွေးပါးစပ်ထဲ ရောက်သွားတဲ့ သိုးတစ်ကောင်လိုပဲ ... သူတော့ သေပြီ”