← Chapters

ကောင်းကင်နတ်အရှင်ကို ရင်ဆိုင်ခြင်း

Vol. 115 Ch. 1509

ကောင်းကင်နတ်အရှင်ကို ရင်ဆိုင်ခြင်း

Vol. 115 Ch. 1509

ချင်မူမှာ တာအိုသစ်သီးထဲရှိ အမျိုးသမီးကို မြင်လျှင် အနည်းငယ် မှင်သက်သွား၍ ငေးကြည့်နေမိသည်။ အမျိုးသမီးကလည်း အံ့ဩမှင်သက်နေပြီး စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာဖြင့် ပြန်ကြည့်နေ၏။

‘ဘယ်ဆိုးလို့တုန်းဟ’

ချင်မူက စိတ်ထဲမှ ချီးကျူးလိုက်သည်။ သူက အမျိုးသမီး၏ ရင်သားဆီမှ အကြည့်လွှဲကာ နတ်အရှင်မချန်း၏ ရင်သားအပေါ် အကြည့်ရောက်သွားသည်။ ထို့နောက် ပြုံးလျက် ခေါ်လိုက်သည်။ “အရှင်မ…”

“ငါက မဟာဧကရာဇ်ဟဲ့... အရှင်မင်းကြီးလို့ ခေါ်စမ်း” နတ်အရှင်မချန်းက ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ပြန်ချေပသည်။

ချင်မူမှာ ကျယ်လောင်စွာ ရယ်လိုက်မိသည်။ “အရှင်မင်းကြီးက မိဖုရားလို ပြုမူနေပြီးတော့မှ အရှင်မင်းကြီးလို့ အခေါ်ခံချင်နေတာလား”

နတ်အရှင်မချန်းက နှာတစ်ချက် မှုတ်လိုက်ပြီး သူ့ခါးရှိ ဓားပေါ်သို့ အကြည့်ရောက်လာသည်။ “ဒီဓားကို နင် ဘယ်က ရလာတာလဲ… နင့်မှော်စွမ်းအင်က ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ အဆင့် ရောက်ဖို့ လိုသေးတယ်လေ… ဒီတော့ နင် အခုလေးတင် ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာ ဒီဓားကြောင့်မလား… ဒီဓားက တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ လက်နက်လား…”

“ဟုတ်တယ်…”

ချင်မူက ကပ်ဘေးဓားကို ထုတ်လိုက်သည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားတက်ကြွနေသော အရိပ်ယောင်တို့ဖြင့် ပြည့်နှက်နေပြီး သူက ကြွားလိုက်သည်။ “ကျွန်တော် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲ ဝင်ရောက်ပြီးပြီးချင်း ဒီဓားကို နတ်ခန်းမတစ်ခုမှာ တွေ့ခဲ့ရတာလေ… စမ်းသပ်ကြည့်လိုက်တော့ သိပ်ကိုစွမ်းအားကြီးတာ သိလိုက်ရတယ်”

နတ်အရှင်မချန်းသည် စိတ်အေးသွားသည့်အလား သက်ပြင်းတစ်ချက်ချလျက် ပြုံးလိုက်သည်။ “အတုအယောင် ပြင်ပပစ္စည်းတွေကို မှီခိုပြီး ကျင့်ကြံနေရင် နင့်ရဲ့ လမ်းစဉ် သွေဖယ်သွားလိမ့်မယ် ကောင်းကင်နတ်အရှင်မူ…. ဒီဓားကို ငါ့ဆီ ပေးလိုက်”

အသတ်အဖြတ်အရှိန်အဝါနှစ်ခုနှင့် သွေးဓားနှစ်လက်က ဖရိုဖရဲမြစ်ထဲမှ ရုတ်တရက် ခုန်ထွက်လာကာ ချင်မူ့အား လှမ်းခုတ်လိုက်သည်။

နတ်ဘုရားစီရင်ရာ ဓားနှစ်လက်၏ စွမ်းအားမှာ ပြိုင်ဘက်ကင်းလွန်းသဖြင့် ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာပင်လျှင် ၎င်းတို့ကို ခံနိုင်ရည် မရှိပေ။ ယခုလေးတင် သူတို့သည် ချင်မူ့ခေါင်းဘေးမှ ဖြတ်သွားကာ သူ့အား ဒဏ်ရာရစေခဲ့သည်။ နတ်အရှင်မချန်းသည် သူ့ကို တစ်ချက်တည်းဖြင့် အလစ်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ကို ဖရိုဖရဲမြစ်ထဲတွင် ဝှက်ထားခဲ့ခြင်းပင်။

ချင်မူက အင်အားထိမ်ချန်တတ်သည့် အကျင့်မရှိသည်ကိုလည်း သူမ သိထားသည်။ သူ ထွက်ပြေးသွားပါက သူမ တားဆီးနိုင်မည်မဟုတ်သောကြောင့် အလစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမ၏ နတ်ဘုရားစီရင်ရာဓားနှစ်လက်မှာ ချင်မူ့မြင်ကွင်းအောက်မှ မပုန်းကွယ်နိုင်ခဲ့သည်ကိုတော့ သူမ မသိခဲ့ချေ။

အခြားသူများဆိုပါက ဖရိုဖရဲမြစ်ကို ထွင်းဖောက်မမြင်နိုင်သည့်အတွက် သူမ၏ လက်ထဲတွင် ရှုံးနိမ့်သွားကြလိမ့်မည်။ သို့သော် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကတော့ ဖရိုဖရဲမြစ်ကိုသာမက ယခင်စကြ၀ဠာမြင်ကွင်းကိုပါ ထွင်းဖောက်မြင်နိုင်သည် မဟုတ်ပါလော။

သူမ လျှို့ဝှက်ဖုံးကွယ်ထားသော နတ်ဘုရားစီရင်ရာ ဓားနှစ်လက်ကို ချင်မူသည် အစောကြီးကတည်းက တွေ့မြင်ခဲ့ပြီးဖြစ်သည်။ အမှန်ပြောရလျှင် ၎င်းတို့၏ လှုပ်ရှားမှုမှန်သမျှကို ချင်မူ့မျက်လုံးက မြင်နေနိုင်၏။

ချင်မူက ဓားကို ရမ်းလိုက်ရာ ဓားရောင်သည် လက်ခနဲ တောက်ပသွားပြီး ရုပ်သွင်မဲ့ ထိုက်ကျိစက်ဝန်းအား ဖော်ကျူးလိုက်သည်။ သူ၏ဓားရောင်က နတ်ဘုရားစီရင်ရာဓားနှစ်လက်နှင့် ဝင်တိုက်သွားချေပြီ။ တခဏအတွင်း သူ၏ ဓားကွက်အောက်တွင် နတ်‌ဓားနှစ်လက်ကား သွေးရောင်နဂါးနှစ်ကောင်ကဲ့သို့ ချိတ်ဆက်လျက် နဂါးအသွင်သဏ္ဍာန် ထိုက်ကျိစက်၀န်းတစ်ခုကို ဖော်ဆောင်လိုက်သည်။

နဂါးတစ်ကောင်က ယင်ဖြစ်ပြီး နောက်ထပ်တစ်ကောင်က ယန် ဖြစ်၏။ ယင်နှင့် ယန်က ဆက်နွှယ်ကာ တစ်ခုတည်း ပေါင်းစည်းဖွဲ့တည်သွားကြသည်။

နတ်အရှင်မချန်းမှာ လန့်ဖြတ်သွားပြီး နတ်ဓားနှစ်လက်ကို ပြန်ယူရန် ကြိုးစားလိုက်သည်။ သို့သော် ချင်မူက လှေပေါ်တွင် ရပ်လျက် နဂါးအသွင်သဏ္ဍာန် ထိုက်ကျိစက်၀န်းထဲမှ ဖြတ်လာပြီး ဓားဖြင့် တာအိုသစ်ပင်ပေါ်ရှိ သူမမျက်ခုံးနှစ်ဖက်ကြားသို့ ချိန်ရွယ်ထားချေပြီ။

ထိုက်ကျိ ယင်နှင့်ယန်အဖြစ် ပြောင်းလဲခြင်း.... ဤကောင်းကင်နတ်သိုင်းက ချင်မူ၏ ကောင်းကင်နတ်သိုင်းတာအိုမှ ဖြစ်သည်။ ချင်မူသည် ဓားလမ်းစဉ်တွင် တိုးတက်လာသည့်အခါ ဓားကွက်နှင့် ကောင်းကင်နတ်သိုင်းအား ပေါင်းစည်းခဲ့ပြီး တတိယမြောက် ကပ်ဘေးဓားကွက်အား ဖန်တီးနိုင်ခဲ့၏။

ဤဓားကွက်က နတ်ဘုရားစီရင်ရာဓား၏ ပုံသဏ္ဌာန်ကို ယင်နှင့်ယန် အသွင်ပြောင်းသွားစေပြီး နတ်အရှင်မချန်း၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်၍ သူ့အတွက် အခွင့်အရေးတစ်ခု ထွက်ပေါ်လာစေနိုင်သည်။

ဤသည်က ဓားကွက်သာမက ကောင်းကင်နတ်သိုင်းလည်း ဖြစ်၏။ သူ့လက်ထဲတွင် အသက်သွင်းလိုက်သည့်အခါ ပြီးပြည့်စုံမှု၏ စံပြအထွတ်အထိပ်ဟုပင် ပြော၍ရနိုင်ပေသည်။ နတ်အရှင်မချန်းပင်လျှင် ဤမျှဆန်းကြယ်သော ဓားသိုင်းကွက်အား မမြင်ဖူးချေ။

ချင်မူ့ဓားက လျင်မြန်သွက်လက်စွာ ဝင်ရောက်လာသည်။ တောင်ဝှေးမှ အသွင်ပြောင်းထားသော လှေငယ်၏ အမြန်နှုန်းကလည်း တာအိုသစ်ပင်ထက် များစွာမြန်ဆန်နေသည်။

နတ်အရှင်မချန်း နတ်ဓားနှစ်လက်ကို ပြန်ခေါ်ရန် ကြိုးစားနေစဉ်မှာပင် ချင်မူ့ဓားက သူမအရှေ့ ရောက်လာခဲ့ချေပြီ။

ဓားရောင်က နတ်အရှင်မချန်း၏ မျက်လုံးအရှေ့တွင် ကောင်းကင်တမျှ ကြီးမားသထက် ကြီးမားလာကာ သူမအား ဝါးမြိုသွားတော့မည့်အလားပင်။

ချင်မူ၏ ဓားတာအိုကား ခိုင်ဧကရာဇ်၏ ဓားတာအိုနှင့် မတူညီပေ။ ခိုင်ဧကရာဇ်၏ ဓားတာအိုသည် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံအပေါ်၌ အခြေခံထား၏။ ဓားတာအို၏ အဆင့်တစ်ဆင့်သည် ကောင်းကင်ဘုံတစ်ခုကို ကိုယ်စားပြုပြီး သူ၏ အကြံဉာဏ်များနှင့် ရည်မှန်းချက်များကို ထုတ်ဖော်ပြသထားသည်။ ဓားတာအို၏ အဆင့်တစ်ဆင့်ဆီတိုင်းက ခမ်းနားတင့်တယ်ပြီး ကောင်းကင်ဘုံများအဖြစ် ပြောင်းလဲတတ်၏။

ခိုင်ဧကရာဇ်၏ ဓားတာအိုအား ထုတ်ဖော်လျှင် ကောင်းကင်ဘုံ ၃၅ ဘုံလည်း ပေါ်လာသည်။ မတူညီသော ကောင်းကင်ဘုံ ၃၅ ဘုံသည် မတူညီသော တာအိုရသတစ်ခုစီအား ပေးစွမ်းနိုင်၏။

အခြားတစ်ဖက်တွင် ချင်မူ့ဓားတာအိုကမူ သူ၏ ကောင်းကင်နတ်သိုင်းများနှင့် ကိုယ်ပိုင်တာအိုကျင့်စဉ်စနစ်မှ မွေးဖွားလာခြင်း ဖြစ်သည်။ သူ၏ကောင်းကင်နတ်သိုင်းများနှင့် တာအိုကျင့်စဉ်စနစ်သည် သူ၏အကြံဉာဏ်များ၊ ရည်မှန်းချက်များသာ မဟုတ်ဘဲ သူ လမ်းစဉ်သိမြင်နားလည်ရာတွင် ရရှိခဲ့သည့် အမျိုးမျိုးသော သိမြင်နားလည်မှုများနှင့် ခံစားချက်များ ဖြစ်ကြသည်။

ခိုင်ဧကရာဇ်၏ ဓားတာအိုက ခမ်းနားကြီးကျယ်သော်လည်း ခန့်မှန်းနိုင်သည့် သဲလွန်စများ ရှိ၏။ အခြားတစ်ဖက်တွင်တော့ ချင်မူ့ကောင်းကင်နတ်သိုင်းများမှာ လျင်မြန်သွက်လက်နေပြီး မှန်းဆမရနိုင်ချေ။

နတ်အရှင်မချန်းက ချင်မူ့ဓားကို ရှောင်တိမ်းခြင်းမပြုသလို ခုခံခြင်းလည်း မရှိပေ။ ထိုအစား သူမက အော်ဟစ်လိုက်ရာ သူမ၏ခြေထောက်အောက်တွင် နတ်ဘုရားစီရင်ရာစင်မြင့်သည် ဘွားခနဲ ထွက်လာ၏။ နတ်ဘုရားစီရင်ရာစင်မြင့်ကား သွေးရောင်တို့ဖြင့် ထွန်းလင်းတောက်ပနေပြီး နတ်ဓားနှစ်လက် ယင်နှင့်ယန်အသွင်ပြောင်းလဲသွားမှုကို ချက်ချင်း ထိန်းချုပ်လိုက်သည်။

ထိုအခါ နတ်ဓားနှစ်လက်သည် ချင်မူ၏နောက်‌ကျောဆီသို့ ပြေးဝင်သွားချေပြီ။

နတ်အရှင်မချန်း၏ ဆုံးဖြတ်ချက်က ရက်စက်သည်။ သူမသည် ချင်မူ့ဓားကွက်ကို မရှောင်တိမ်းဘဲ သူ့ကို သတ်ဖြတ်ရန်သာ နတ်ဓားနှစ်လက်ကို အသက်သွင်းလိုက်၏။

ချင်မူ ရှောင်တိမ်းခုခံခြင်း မပြုပါက သူတို့နှစ်ယောက်လုံး ထိခိုက်သွားပေလိမ့်မည်။

သူမ၏ အားသာချက်က အားကောင်းသော အသိစိတ်အလျဉ်ပင်။ သူမ၏ရုပ်ခန္ဓာ ထိခိုက်ဒဏ်ရာရသွားလျှင်တောင်မှ အသိစိတ်အလျဉ် ရှိနေသေးသရွေ့၊ ရုပ်ခန္ဓာကို ပြန်လည်မြင်ယောင်ဖန်ဆင်းနိုင်မည် မဟုတ်လော။

ချင်မူအနေဖြင့် ဖန်ဆင်းခြင်းလမ်းစဉ်တွင် ကျွမ်းကျင်သော်လည်း နတ်ဓားနှစ်လက်ဆိုသည်ကား တစ်လောကလုံးတွင် အကြမ်းတမ်းဆုံး အသတ်အဖြတ်ချီတို့မှ ဖွဲ့တည်လာခြင်းဖြစ်သည်။ သူတို့က ချီနှင့်သွေး၊ သိုင်းအခြေခံတို့ကိုပါ ဝါးမြို၏။ ထို့ကြောင့် ချင်မူ နတ်ဓားနှစ်လက်၏ ခုတ်ပိုင်းခြင်း ခံလိုက်ရသည်နှင့် သူ၏ချီနှင့် သွေးအားလုံး စုပ်ယူခံရပြီး အပိုင်းပိုင်း ပြတ်လျက် ခြောက်သွေ့နေသော အလောင်းဘဝ ရောက်ပေလိမ့်မည်။

သိုင်းအခြေခံလည်းမရှိ၊ ချီနှင့်သွေးလည်း ကင်းမဲ့သွားပါက မိုးကောင်းကင်ကို အံတုနိုင်သော ကောင်းကင်နတ်သိုင်းများပင် ဖြစ်လင့်ကစား ပြန်လည်သက်သာလာနိုင်မည်မဟုတ်ပေ။

သူမ၏ နတ်ဓားနှစ်လက်သည် တာအိုသစ်ပင်များနှင့် တာအိုသစ်သီးများကိုပင် ဖြတ်တောက်နိုင်သည်။ ချင်မူ တိုက်ခိုက်ရန် သတ္တိရှိသရွေ့ သူမကလည်း ပျော်ပျော်ကြီး တိုက်ခိုက်ပေလိမ့်မည်။

သူမ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ဓားရောင်ကြောင့် ဖြစ်တည်လာနေသည့် မိုးပြာရောင်စွမ်းအင်က စုစည်းလ,နေသည်။ ၎င်း သူမ၏အရေပြားကို မထိတွေ့ရသေးခင်မှာပင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာချေပြီ။ သူမနဖူးပေါ်ရှိ အရေပြား၊ အရိုးနှင့် အသွေးအသားတို့သည် စွမ်းအင်အခြေအနေများအဖြစ် ပြောင်းလဲလာကြသည်။

ချင်မူ့၏ဓားစိတ်ဆန္ဒက သူမ၏မျက်ခုံးနှစ်ဖက်ကြားသို့ တိုက်ရိုက်ဦးတည်၍ နဖူးအလယ်ဗဟိုရှိ ကောင်းကင်နတ်ဘုံထဲသို့ စတင်ထိုးဖောက်နေသည်။ ၎င်းက တောင်ကောင်းကင်မုခ်၀ကို ဖောက်ထွက်၍ ကောင်းကင်ဘုံများထဲ ဝင်ရောက်ပေတော့မည်။

နတ်အရှင်မချန်း၏ မျက်လုံးထောင့်စွန်းများ တွန့်သွား၏။ ချင်မူ့ဓား၏ စွမ်းအားသည် သူမမျှော်မှန်းထားသည်ထပ်ပင် သာလွန်နေသည်။ သူမကို တိုက်ခိုက်ခဲ့သူမှာ ခိုင်ဧကရာဇ်ချင်ယဲ့ဟု မှားယွင်းထင်ခဲ့မိသော်လည်း ယခုအခြေအနေများအရ ချင်မူ့သိုင်းအဆင့်ကား ခိုင်ဧကရာဇ်ထက် နိမ့်ကျသည့်တိုင် သူ၏ဓားတာအိုအောင်မြင်မှုများကတော့ နိမ့်ကျပုံမပေါ်ပေ။

ထိုအခိုက်အတန့်တွင် ချင်မူက ရုတ်တရက် ဓားကို ရုတ်လိုက်သည်။ ဓားထိပ်သည် တုန်ခါလျက် ဘယ်ညာနှစ်ခြမ်းကွဲသွားပြီး နတ်ဘုရားစီရင်ရာဓားနှစ်လက်၏ နဂါးဦးခေါင်းများအား ခုတ်ချလိုက်၏။

သူ၏ ဓားသိုင်းကွက်များက ဆန်းပြားသည့်အတွက် ခိုင်ဧကရာဇ်ကိုယ်တိုင်ပင် သူ့အား နှစ်တစ်သန်းအတွင်း နံပါတ်တစ် ဓားသိုင်းပညာရှင်အဖြစ် ချီးကျူးထားသည်။ ကွဲထွက်သွားသော သူ၏ဓားနှစ်ခြမ်းက နတ်ဓားနှစ်လက်၏ စွမ်းအားကို ဖြတ်တောက်လိုက်ချေပြီ။

သို့သော် နတ်အရှင်မချန်းက ပြုံးနေသည်။ ချင်မူ ဓားကို ရုတ်၍ နတ်ဓားနှစ်လက်အား ထိုးစိုက်လိုက်သည့်အချိန်တွင် ၎င်းနတ်ဓားနှစ်လက်မှာ အလွန်တရာ ပျော့ပျောင်းသွားသည်။ ၎င်းတို့က နွယ်ပင်များကဲ့သို့ ဓားသွားကို ရစ်ပတ်လာပြီး ဓားကိုင်ထားသော ချင်မူ့လက်အနား ချဉ်းကပ်လာကြ၏။

ချင်မူက အလန့်တကြား အော်ဟစ်၍ ကပ်ဘေးဓားရော၊ နတ်ဓားနှစ်လက်ကိုပါ လွှတ်ပစ်လိုက်သည်။ သူ့ခြေထောက်အောက်ရှိ လှေငယ်ကလည်း ဒေါင့်ဖြတ်ရွေ့လျားပြီး နတ်ဓားနှစ်လက်အား ရှောင်တိမ်းလိုက်သည်။

“ကောင်းကင်နတ်အရှင်မူ၊ ဒီနေရာအထိ လာပြီး နင့်ရဲ့ရတနာကို ငါ့ဆီ ပေးလို့ ကျေးဇူးပဲနော်”

နတ်အရှင်မချန်းက တခစ်ခစ် ရယ်လျက် သူမ၏လက်ကို ဆန့်တန်းလိုက်ရာ နတ်ဓားနှစ်လက်နှင့် ကပ်ဘေးဓားတို့၏ ဓားရိုးများက သူမ၏လက်ထဲ ပျံသန်းသွားကြသည်။

ထိုအချိန်မှာပဲ သူမခြေထောက်အောက်ရှိ တာအိုသစ်ပင်၏ ခြောက်သွေ့နေသော တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ အနည်းငယ် မျက်နှာပျက်သွားသည်။ သူမက ချက်ချင်း ရိပ်မိသွားပြီး အော်ဟစ်လိုက်သည်။ “ကျူယွီမျိုးနွယ်၊ ဒါ ထောင်ချောက်ပဲ… အဲ့ဒါက တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ ဓားမဟုတ်ဘူး… သူ့ကိုယ်ပိုင်ဓား”

နတ်အရှင်မချန်း ဓားရိုးကို ကိုင်လိုက်စဉ်မှာပင် ချင်မူသည် သူမကို ကျောခိုင်းလျက် အနေအထားဖြင့် နောက်ပြန်ပြေးဝင်လာနေကြောင်း တွေ့လိုက်ရသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူမ ထင်ထားသကဲ့သို့ အရှက်ရနေပုံမပေါ်ဘဲ အေးဆေးတည်ငြိမ်နေသည်။

နတ်အရှင်မချန်းမှာ ရင်ဒိန်းခနဲ ခုန်သွားပြီး ဓားအား ကပျာကယာ လက်လွှတ်လိုက်ကာ နတ်ဓားနှစ်လက်ကို အသက်သွင်းလျက် ကပ်ဘေးဓားအား ဖျက်စီးရန် ပြင်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ချင်မူ နောက်ပစ်ထားသော လက်ဖဝါးနှစ်ဖက်က တစ်ခုနှင့်တစ်ခု ဆုပ်ကာ ဓားသိုင်းကွက်များကို ဖော်ထုတ်နေသည်။

သူ့လက်များက နောက်ကျောတွင် လှုပ်ရှားလိုက်သည့်အခါ ဓားသိုင်းကွက်များသည် ပကတိမျက်စိဖြင့် မမြင်ရနိုင်သော အမြန်နှုန်းဖြင့် ထွက်ပေါ်လာ၏။

နတ်အရှင်မချန်း ဓားရိုးကို လွှတ်လိုက်သည့်အချိန်တွင် ကပ်ဘေးဓားမှာ နတ်ဓားနှစ်လက်ဖြင့် ချုပ်နှောင်ထားသည့် ကြားမှ လွတ်ထွက်သွားကြောင်း တွေ့လိုက်ရသည်။ ဓားသည် ချက်ချင်းဆိုသလို အသွင်သဏ္ဍာန်မဲ့သော ဒြပ်ထု ဖြစ်သွားသည့်အလား နတ်ဓားနှစ်လက်ကို ဖြတ်သွားချေပြီ။ ၎င်းတွင် ရုပ်ကိုယ်ထည် ရှိမနေဘဲ အလင်းရောင်သာ ရှိနေလေသည်။

ချွင်….

ဓားရောင်က လှည့်ပတ်လိုက်ရင်း ဓားပန်းပွင့်တစ်ပွင့်ကို ဖွဲ့တည်လိုက်၏။ သူမ လက်လွှတ်လိုက်သည့်အချိန်မှာပင် သူမ၏လက်ချောင်းငါးချောင်းမှာ လက်ဖဝါးမှ မြောက်တက်သွားပြီး အသက်ရှိနေသည့်အလား လေထဲတွင် မြောလွ့င်ကခုန်နေကြကြောင်း မြင်လိုက်ရသည်။

ထိုအခိုက်အတန့်အတွင်း နတ်အရှင်မချန်း၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ သူမ၏ လက်ချောင်းငါးချောင်းမှာ ဓားရောင်ဖြင့် ပိုင်းဖြတ်ခံလိုက်ရပြီးနောက် အသက်ဝင်သွားခဲ့ချေသည်။ အသွေးအသားတို့က ယွစိယွစိ လှုပ်ရှားနေကြပြီး အရိုးများပေါက်လာကာ ချင်မူသေးသေးလေး ငါးယောက်အဖြစ် ပြောင်းလဲသွားကြ၏။ သူတို့အားလုံးက သူမကို ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

ကပ်ဘေးဓားရိုးကား အောက်သို့ ငိုက်လျက် ရှိနေ၏။ ချင်မူပိစိလေး ငါးယောက်မှ ၎င်းအား ဆုပ်ကိုင်ထားသည့်အလားပင် ထင်ရသည်။ သူတို့က လက်ကလေးများဖြင့် ဆုပ်ကိုင်၍ ၎င်းကို အရှေ့သို့တွန်းလိုက်ကြလေသည်။

မွေးရာပါမူလချီ ဖရိုဖရဲတာအိုတိုက်ကွက်

နတ်အရှင်မချန်း၏ ရင်ဘတ်တစ်ပြင်လုံး ဝုန်းခနဲ ပေါက်ကွဲသွားပြီး အောက်ငိုက်စိုက်လျက် ရှိနေသည့် ကပ်ဘေးဓားက သူမ၏ရင်ဘတ်မှ ကျောတစ်လျှောက် ဖောက်ထွက်သွားသည်။ ၎င်း ဖြတ်သွားသည့်နေရာတိုင်းရှိ သူမ၏ခန္ဓာကိုယ်မှာ ဖရိုဖရဲချီအသွင် ပြောင်းလဲသွားပြီး သူမ၏ရုပ်ခန္ဓာကို ပေါက်ကွဲသွားစေသည်။

နတ်အရှင်မချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ကောင်းကင်နန်းဆောင်အလွှာများက သူမအနောက်၌ ပေါ်လာ၏။ သူမ၏ အားအင်မှာ အဆပေါင်းများစွာ တိုးတက်သွားပြီး လက်ဆန့်တန်း၍ နတ်ဓားနှစ်လက်ကို ဆွဲယူလိုက်သည်။ သူမက နတ်ဓားနှစ်လက်၏ နဂါးအမြှီးများကို လွှဲရမ်းလျက် လက်ချောင်းငါးချောင်းမှ အသွင်ပြောင်းသွားသော ချင်မူပိစိလေးများထံသို့ လှမ်းခုတ်ချလိုက်၏။

နတ်ဓားနှစ်လက်၏ စွမ်းအားက အားအရှိန်ပြင်းစွာဖြင့် ပြန့်ကားထွက်လာသော်လည်း သူမအနောက်ရှိ ကပ်ဘေးဓားကို အသာအယာသာ ပိုင်းချလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ချင်မူသည် သူမကို ကျောခိုင်းထားဆဲဖြစ်ပြီး လှေငယ်က ရှေ့သို့ လှော်ခတ်နေဆဲ ဖြစ်၏။ သို့သော် သူ့ကျော‌နောက် ပစ်ထားသော လက်နှစ်ဖက်၏ ဓားသိုင်းကွက်များက ပိုပို၍ မြန်ဆန်လာသောကြောင့် ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲနေသည်။

ချွင်… ချွင်… ချွင်

ကပ်ဘေးဓားက သူ၏ထိန်းချုပ်မှုအောက်တွင် အပေါ်အောက် ပျံသန်းလျက် ဓားကွက်မျိုးစုံ ထုတ်ဖော်နေသည်။ သူက ဓား၏ရုပ်ခန္ဓာအား ဖွဲ့တည်စေလိုက်၊ ပျောက်သွားစေလိုက်ဖြင့် နတ်ဓားနှစ်လက်၏ တိုက်ကွက်များကို ရှောင်တိမ်းနေ၏။

ကပ်ဘေးဓားကား နတ်အရှင်မချန်းကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ သူမခြေထောက်အောက်ရှိ တာအိုသစ်ပင်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ဓားရောင်များက တာအိုသစ်ပင်၏ ညှိုးခြောက်နေသော သစ်ကိုင်းများအကြားထဲတွင် သွားလာရင်း ခုတ်ထစ်နေလေသည်။

နတ်အရှင်ချန်းမှာ စိုးရိမ်ပူပန်လာသဖြင့် နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။ သူမက နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်မှ ပျံသန်း၍ နတ်ဓားနှစ်လက်ကို ထိန်းချုပ်ရင်း ကပ်ဘေးဓားကို လိုက်လံတိုက်ခိုက်၏။ ကပ်ဘေးဓားသည် မည်သည်ကိုမှ ဂရုစိုက်နေစရာ မလိုသော်လည်း သူမကတော့ တာအိုသစ်ပင်၏ သစ်ကိုင်းများကို မခုတ်မိစေအောင် သတိထားနေရသည်။

အဘယ်ကြောင့်ဆိုသော် ထိုနတ်ဘုရားစီရင်ရာဓားနှစ်လက်၏ စွမ်းအားမှာ ပြင်းထန်လွန်းသည့်အတွက် သစ်ကိုင်းများကို ထိမိလျှင် တာအိုသစ်ပင်သည် ဓားနှစ်လက်၏ တိုက်ကွက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ရုတ်တရက် ကပ်ဘေးဓားက တာအိုသစ်ပင်ကို လျင်မြန်စွာ လှည့်ပတ်သွားပြီး တာအိုသစ်ပင်မှာ ပြိုကွဲသွားတော့သည်။ နတ်အရှင်မချန်းလည်း ပြုတ်ကျသွား၏။

ဓားရောင်က ပြုတ်ကျလာသည့် နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ လျှပ်စီးကဲ့သို့ လျှပ်တပြက် ထိုးစိုက်ပြီးနောက် ၎င်းနှင့်အတူ ပျံထွက်သွားသည်။ ၎င်းက ဖရိုဖရဲမြစ်ရေပြင်ပေါ်ရှိ ချင်မူ့လှေငယ်အနောက်သို့ လိုက်သွားလေသည်။

ချင်မူက လှေငယ်ပေါ်တွင် ရပ်လျက် သူ၏ဘယ်လက်ကို မြှောက်လိုက်သည်။ ကပ်ဘေးဓားသည် ဖရိုဖရဲမြစ်ရေပြင်မှ ခုန်ထွက်လာပြီး နတ်ဘုရားစီရင်ရာစင်မြင့်မှ ထွက်လာကာ သူ၏လက်ထဲသို့ ဆင်းသက်လာသည်။

ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်ကို သူ၏ဘိုးဘေးနန်းတော်ထဲတွင် သိမ်းဆည်းလိုက်ပြီး ဓားအိမ်ကို ညာလက်ဖြင့် ဖြည်ချလိုက်၏။ ကပ်ဘေးဓား၏ အမြန်နှုန်းမှာ နှေးကွေးသထက် နှေးကွေးလာပြီး ဓားရောင်မှာလည်း တဖြည်းဖြည်း မှိန်လာသည်။ ၎င်းက ဖြည်းဖြည်းချင်း ဆင်းသက်၍ ဓားအိမ်ထဲသို့ ဝင်ရောက်သွား၏။

ချင်မူက ဓားအိမ်ကို သူ့ခါး၏ ဘယ်ဘက်တွင် ချိတ်လိုက်ပြီးနောက် နတ်အရှင်မချန်းဘက် လှည့်ကာ ပြုံးပြသည်။

ထိုအခိုက်အတန့်တွင် နတ်အရှင်မချန်းနှင့် တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ ဖရိုဖရဲမြစ်ထဲ ပြုတ်ကျသွားချေပြီ။

“ကောင်းကင်နတ်အရှင်မူ”

နတ်အရှင်မချန်းက နတ်ဓားနှစ်လက်ကို ဆုပ်ကိုင်လျက် ဖရိုဖရဲမြစ်ထဲ ကျမသွားအောင် ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ဟန်ချက်ထိန်းနေသည်။ သို့သော် ဖရိုဖရဲချီများထဲတွင် အားပြုစရာနေရာ မရှိသောကြောင့် သူမ၏ခန္ဓာကိုယ်မှာ ဆက်တိုက်ပြုတ်ကျနေသည်။

သူမမှာ သွေးဆုတ်ဖြူလျော့သွားပြီး သစ်သားအပိုင်းအစတစ်ခုပေါ်သို့ အလျင်အမြန် ဆင်းသက်လိုက်၏။ သို့သော် အဖြူရောင်အရိုးများက အောက်ရှိဖရိုဖရဲမြစ်ထဲမှ တစ်ခုပြီးတစ်ခု ထွက်လာကြသည်။ ဖရိုဖရဲချီများထဲရှိ ဝိညာဉ်များက ရုန်းကန်နေကြပြီး သူတို့၏မျက်နှာများမှာ ပုံပျက်က်ရှုံ့တွနေကြ၏။ သူတို့က သစ်သားအပိုင်းအစပေါ်ရှိ သူမအား လှမ်းဆွဲရန် ကြိုးစားနေကြသည်။

နတ်အရှင်မချန်း၏ နတ်ဓားနှစ်လက်က လှည့်ပတ်ပျံသန်းရင်း မရေမတွက်နိုင်သော အရိုးစုများကို ခုတ်ပိုင်းပစ်နေ၏။ ခြောက်သွေ့နေသော တာအိုသစ်သီးက ဓားရောင်ကြားမှ ဖြတ်သန်းသွားပြီး တာအိုအလင်းရောင်ကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်သည်။ ဖရိုဖရဲမြစ်ထဲရှိ ထူးဆန်းသောပုဂ္ဂိုလ်များမှာ တာအိုသစ်သီး၏ တာအိုအလင်းရောင်ကြောင့် နောက်ဆုတ်သွားကြလေသည်။

တာအိုသစ်သီးထဲရှိ အမျိုးသမီး၏ အရှိန်အဝါက မှေးမှိန်လာပြီး သူမက အော်ဟစ်လိုက်သည်။ “ငါ ကြာကြာ တောင့်ခံမထားနိုင်ဘူး… မြစ်ကို မြန်မြန်ဖြတ်တော့… မဟုတ်ရင် ငါတို့နှစ်ယောက်လုံး အရင်စကြ၀ဠာဆီ ရောက်သွားလိမ့်မယ်”

ချင်မူက ထိုမြင်ကွင်းအား လှည့်ကြည့်လိုက်သည်။ သူ၏အကြည့်က အနည်းငယ် ထူးဆန်းနေသည်။ “ဒီအမျိုးသမီးရဲ့ နောက်ကြောင်းက ဘာများပါလိမ့်… သူ့အစွမ်းအစတွေက အားကောင်းလွန်းတယ်… မီလော့နန်းတော်အရှင်သခင်နဲ့ ယှဉ်ရင် ဘယ်လိုများနေမလဲ မသိဘူး”

သူက မီလော့နန်းတော်အရှင်သခင် ကျန်ခဲ့သည့် ကျောင်းဆရာကြာပွတ်ကို ထုတ်၍ အသက်သွင်းကာ နတ်အရှင်မချန်းဆီ စေလွှတ်လိုက်သည်။

ဖြောင်း…

နတ်အရှင်မချန်းမှာ ငယ်ထိပ်တည့်တည့်သို့ အရိုက်ခံလိုက်ရသဖြင့်‌ ‌‌ ဒေါသူပုန်ထသွား၏။ ချင်မူက ကြာပွတ်ကို အလျင်အမြန် သိမ်းလိုက်ရင်း စိတ်ထဲမှတွေးလိုက်သည်။ ‘နတ်အရှင်မချန်းမှာ မူလဝိညာဉ်မရှိတာ မေ့သွားတယ်… သူ့ကို ကြာပွတ်နဲ့ ရိုက်လို့ ဘာမှမထူးဘူးဟ’

All Chapters