အခန်း (၁)
Vol. 1 Ch. 1
ညနေဆည်းဆာအချိန်…
ရွှံ့ပုလင်းလမ်းကြားဟုခေါ်သော တိတ်ဆိတ်သည့် နေရာငယ်လေးတစ်ခုတွင် တစ်ယောက်တည်း အထီးကျန်ဖြစ်နေသော ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက် ရှိနေသည်။
ထုံးတမ်းစဉ်လာအရ သူ၏လက်တစ်ဖက်တွင် ဖယောင်းတိုင်တစ်တိုင်ကို ကိုင်ထားပြီး တခြားလက်တစ်ဖက်တွင်တော့ သစ်ကိုင်းတစ်ခုကို ကိုင်၍ နံရံ၊ အမိုးထုတ်တန်းနှင့် သစ်သားအိပ်ရာများပေါ်တွင် မီးထွန်းနေခဲ့သည်။ သူက ထိုသစ်ကိုင်းခြောက်ကို ကိုင်ပြီး နံရံကို တဒေါက်ဒေါက်ခေါက်၍ မြွေများ၊ ကင်းမြီးကောက်များ၊ ကင်းခြေများ များကို မောင်းထုတ်ရန် ကြိုးစားနေခဲ့သည်။
သူ၏နှုတ်ဖျားမှနေ၍ ဤမြို့ငယ်လေးထဲတွင် အစဉ်အဆက် ဆင်းသက်လာခဲ့သော စကားတစ်ခွန်းကို ရွတ်ဆိုနေခဲ့သည်။
"(၂) လပိုင်း (၂) ရက်နေ့ ဖယောင်းတိုင်မီးထွန်းပြီး နံရံတွေကို မက်မွန်ခက်နဲ့ ရိုက်မယ်ဆိုရင် မြွေတွေ၊ ပိုးကောင်တွေ ပုန်းစရာနေရာ မရှိတော့ဘူး…"
လူငယ်လေး၏မျိုးရိုးက ချန်းဖြစ်ပြီး နာမည်က ပင်အန်း ဖြစ်သည်။ သူ့မိဘများက သူ ငယ်ရွယ်စဉ်အချိန်တွင် သေဆုံးသွားခဲ့ကြ၏။ ထိုမြို့၏ ကြွေထည်က အလွန်နာမည်ကျော်ကြားသည်။ တိုင်းပြည် တည်ထောင်ခဲ့သည့် အချိန်ကတည်းကစပြီး ထိုမြို့လေးက နန်းတွင်းအတွက် ကြွေထည်များကို ဖန်တီးပေးရသည့် တာဝန်ကို ယူဆောင်ခဲ့ရသည်။ နန်းတွင်းမှူးမတ်များကလည်း ဤနေရာတွင် တစ်နှစ်ပတ်လုံး စခန်းချပြီး ဘုရင့်မီးဖိုကြီးများကို ကြီးကြပ်ကြရသည်။
မည်သူ့ကိုမျှ အားကိုး၍ မရခဲ့သော လူငယ်လေးက ငယ်ငယ်လေးနှင့် ကြွေထည်ပညာရှင် တစ်ယောက် ဖြစ်လာခဲ့၏။ ပထမပိုင်းတွင်တော့ သူက ဝေယျာဝစ္စများ၊ အလုပ်ကြမ်းများကိုသာ လုပ်ဆောင်ခဲ့ရသည်။ သူက သဘောထားဆိုးသော ဆရာတစ်ယောက်၏ လက်အောက်တွင် နှစ်အနည်းငယ်ကြာ ကြိုးစားခဲ့ရသည်။
ထိုအချိန်တွင် သူက ကြွေထည်များ ပြုလုပ်သည့် နည်းလမ်းကို နားလည်သွားခဲ့သည်။ သို့သော် ကံကြမ္မာကို ခန့်မှန်း၍ မရနိုင်ပေ။ ရုတ်တရက်ဆိုသလို ထိုမြို့လေးက နန်းတွင်းကြွေထည်ပညာရှင်များ၏ အကာအကွယ်ကို ဆုံးရှုံးလိုက်ရသည်။ မြို့ထဲတွင် ရှိနေသော မီးဖိုကြီးများ အားလုံးကလည်း တစ်ညတည်းနှင့် အကုန်ပိတ်ပစ်ရန် ဘုရင့်အမိန့်တော် ရရှိခဲ့ကြသည်။
ချန်းပင်အန်းက အသစ် ချိုးထားသော သစ်ကိုင်းလေးကို ချထားပြီး ဖယောင်းတိုင်ထွန်း၍ အိမ်ထဲမှ ထွက်လာခဲ့၏။ သူက လှေကားထစ်တွင် ထိုင်ပြီး ကြယ်ရောင်စုံ တောက်ပသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည်။
ထိုလူငယ်လေးက သူ့ကို တပည့်အဖြစ် လက်ခံခဲ့သော ဆရာအိုကြီးကို မှတ်မိနေခဲ့၏။ သူ၏မျိုးရိုးနာမည်က ယောင် ဖြစ်သည်။ ယခင်နှစ် ဆောင်းရာသီ မနက်အစောပိုင်းတွင် သူက သစ်သားထိုင်ခုံငယ်လေးတစ်ခုတွင် ထိုင်နေပြီး မီးဖိုကြီးကို မျက်နှာမူ၍ မျက်လုံးမှိတ်နေခဲ့၏။ သို့သော် အဘိုးအိုယောင်ကဲ့သို့ သေခါနီးနေသော လူများက အနည်းစုသာ ဖြစ်သည်။
မျိုးရိုးစဉ်ဆက်များစွာ ထိုမြို့လေးထဲရှိ ကြွေထည်ပညာရှင်များက ကြွေထည်ပစ္စည်းများကို မည်သို့ ပြုလုပ်ရမလဲဟူသည့် နည်းလမ်းများကိုသာ သိနေခဲ့ကြသည်။ သူတို့က နန်းတွင်းကို ကျော်လွှားရဲခြင်း မရှိသလို သာမန်လူများ အသုံးပြုနိုင်ရန် ကြွေထည်များကို ရောင်းချရဲခြင်းလည်း မရှိချေ။ သူတို့က တခြားနည်းလမ်းများကို ရှာဖွေကြရတော့မည် ဖြစ်၏။
အသက် (၁၄) နှစ်သာရှိသေးသော ချန်းပင်အန်းကလည်း ကန်ထုတ်ခံခဲ့ရသည်။ ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်ရောက်လာပြီးနောက် သူက ပျက်စီးအိုမင်းနေသော အိမ်ငယ်လေးကိုသာ ဆက်၍ စောင့်ကြပ်နေရသည်။ နံရံ (၄)ဖက်လုံးက မည်းမှောင်နေခဲ့၏။ အကယ်၍ ချန်းပင်အန်းက အသုံးစရိတ်လိုချင်လျှင်ပင် စတင်ရန် နည်းလမ်း မရှိသေးပေ။
အချိန်တော်တော်ကြာသည့်တိုင်အောင် လှည့်ပတ်သွားလာနေခဲ့သော်လည်း ထိုလူငယ်လေးကတော့ ငွေကြေးရရန် နည်းလမ်းကို အမှန်တကယ် မရှာနိုင်ခဲ့ပေ။ သူ၏မလောက်ငှသော ငွေကြေးများကို အားကိုးပြီး သူ့ဝမ်းသူ ဖြည့်နိုင်ရုံသာ ရှိသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ရွမ်မျိုးရိုး ပန်းပဲပညာရှင်တစ်ယောက်က သူနှင့် လမ်းအနည်းငယ်သာခြားသော နဂါးစီးလမ်းကြားထဲသို့ ရောက်လာကြောင်း ကြားခဲ့ရသည်။ သူက ပန်းပဲလုပ်ရန် တပည့် (၇) ယောက် (၈) ယောက်ခန့် လက်ခံမည်ဟု ကြေညာခဲ့၏။ သူက လစာမပေးနိုင်သော်လည်း စားစရာပေးထားမည်ဟု ပြောထားခဲ့သည်။
ချန်းပင်အန်းက သူ၏ကံတရားကို စမ်းသပ်ရန်အတွက် အလျင်အမြန် သွားခဲ့၏။ သို့သော် ထိုအဘိုးက သူ့ကို ကြည့်ရုံသာကြည့်ပြီး ချက်ချင်း မောင်းထုတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအချိန်တွင် ချန်းပင်အန်းက ဇဝေဇဝါ ဖြစ်နေခဲ့၏။ ပန်းပဲပညာရှင်က လူတစ်ယောက်၏ ခွန်အားကို အခြေခံခြင်း မဟုတ်ပေလော။ လူတစ်ယောက်၏ရုပ်ရည် ကောင်းခြင်းဆိုးခြင်းအပေါ် အခြေခံခြင်းပေလော။
ချန်းပင်အန်းက အားနည်းသည်ဟု ထင်မှတ်ရသော်လည်း သူ့ခွန်အားကို လျှော့တွက်၍ မရနိုင်ပေ။ သူ့ခန္ဓာကိုယ်က ကြွေထည်များ ပြုလုပ်ပြီး လေ့ကျင့်လာခဲ့ရသည်။ ထို့ပြင် ချန်းပင်အန်းက ယောင်မျိုးရိုး အဘိုးအိုနောက်မှနေ၍ မြို့နှင့် မိုင် (၁၀၀) ခန့် အဝေးတွင် ရှိနေသော တောင်တန်းများ၊ မြစ်များထဲတွင်ပင် ပြေးလွှားနိုင်ခဲ့သည်။ သူက ပတ်ဝန်းကျင်တွင် ရှိနေသော မြေသားများကို အရသာခံကြည့်ပြီး ဆင်ခြေမပေးဘဲ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သည်။ သူက ပျင်းရိနေခြင်းမရှိဘဲ ညစ်ပတ်သော အလုပ်များကိုပင် လုပ်ဆောင်ပေးခဲ့၏။
ယောင်အဘိုးအိုကတော့ ချန်းပင်အန်းကို သဘောမကျခဲ့ချေ။ ထိုလူငယ်လေးက သူ့တပည့်ကြီး လျှိုရှန်းယန်နှင့် ယှဉ်လိုက်လျှင် အတော်လေးကို နားလည်မှုနိမ့်ပြီး ဉာဏ်ထိုင်းသည်ဟု တွေးထားခဲ့သည်။ ထို့ကြောင့်လည်း အဘိုးအိုက မျက်နှာလိုက်ခဲ့ခြင်း ဖြစ်၏။ ဆရာဟူသည်မှာ တံခါးပေါက်ကို ညွှန်ပြခြင်းသာဖြစ်ပြီး ကျင့်ကြံမှုကတော့ ကိုယ်တိုင်သာ မူတည်နေသည်။
ဥပမာအနေနှင့်ပြောရလျှင် ပျင်းစရာကောင်းပြီး အချိန်ကုန်သည့် သစ်ပြားဆွဲသည့် အလုပ်မျိုးတွင် လျှိုရှန်းယန် နှစ်ဝက်အတွင်း လုပ်နိုင်သောအရာက ချန်းပင်အန်း (၃)နှစ်ခန့် ကြိုးကြိုးစားစား လုပ်ဆောင်ခြင်းနှင့် ညီမျှနေသည်။
သူက ထိုစွမ်းရည်ကို တစ်ဘဝလုံး အသုံးပြုနိုင်ခြင်း မရှိသော်လည်း ချန်းပင်အန်းကတော့ မူလအတိုင်းသာ ဖြစ်သည်။ သူက မျက်လုံးမှိတ်ပြီး သူ့ရှေ့တွင် လှည်းတစ်စီးနှင့် သစ်ပြားတစ်ပြား ရှိနေသယောင် ပုံဖော်ကြည့်လိုက်သည်။ ထို့နောက် သူက သစ်ပြားကိုဆွဲပြီး စတင်လေ့ကျင့်လိုက်၏။ လေ့ကျင့်ခြင်းက ပြည့်စုံခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
(၁၅) မိနစ်ခန့်ကြာပြီးနောက် လူငယ်လေးက ခဏအနားယူလိုက်ပြီး သူ၏လက်ကောက်ဝတ်များကို လှုပ်ရှားလိုက်သည်။ သူကတော့ ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်သွားသည့် အချိန်ထိအောင် ထိုအရာကို မရပ်မနား လုပ်ဆောင်ခဲ့၏။ လုံးဝ ပင်ပန်းသွားသည့်အချိန်မှသာ ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး ခြံဝန်းထဲသို့ လမ်းလျှောက်လာခဲ့၏။
သူက ကြွက်သားများ၊ အရိုးများကို ဆန့်ထုတ်ပြီး ဖြည်းညင်းစွာ အကြောဆန့်လိုက်သည်။ ချန်းပင်အန်းကို ထိုအရာများ လုပ်ဆောင်ရန် မည်သူကမျှ သင်ကြားပေးခဲ့ခြင်း မရှိချေ။ သူ့ဆန္ဒနှင့်သူ တစ်ယောက်တည်း လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာကြီးတစ်ခုလုံးက တိတ်ဆိတ်နေခဲ့သော်လည်း ချန်းပင်အန်းက လှောင်ရယ်သံတစ်ခုကို ကြားလိုက်ရသည့်အတွက် လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ ထင်ထားသည့်အတိုင်း နံရံပေါ်တွင် လူငယ်တစ်ယောက်က ထိုင်ပြီး ကြည့်နေကြောင်း မြင်လိုက်ရ၏။ သူ၏မျက်နှာပေါ်တွင် အထင်သေးမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
ထိုလူငယ်ကတော့ ချန်းပင်အန်း၏ အိမ်နီးချင်းတစ်ယောက် ဖြစ်သည်။ သူက ယခင် ကြီးကြပ်သူ၏ တရားမဝင်သားတစ်ယောက်ဟု ပြောကြ၏။ ထိုကြီးကြပ်သူကတော့ ပြဿနာများ အပြစ်တင်ခံရမှာကို ကြောက်သည့်အတွက် သူ၏တာဝန်များကို သတင်းပို့ရန် မြို့တော်သို့ တစ်ယောက်တည်း ပြန်သွားခဲ့သည်။ သူ့ကလေးကိုတော့ ကြည့်ရှုစောင့်ရှောက်ရန် သူနှင့် အလွန်ရင်းနှီးသော လူတစ်ယောက်၏ လက်ထဲသို့ ထည့်ပေးခဲ့၏။
ယခုတော့ မြို့ငယ်လေးက နန်းတွင်းကြွေထည်များကို လုပ်ဆောင်ရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့သည့်အတွက် နန်းတွင်းထဲတွင် ကြွေထည်ပစ္စည်းများကို ကြီးကြပ်ရန် တာဝန်ရှိသော ကြီးကြပ်သူကလည်း သူ့ကိုယ်သူပင် ကာကွယ်နိုင်ခြင်း မရှိတော့ပေ။ သူက သူ၏တရားမဝင်သားကို မည်သို့ ဂရုစိုက်နိုင်ဦးမည်နည်း။
သူက ငွေကြေးတချို့ ပေးထားခဲ့ပြီး မြို့တော်သို့ အလျင်အမြန် ပြန်သွားခဲ့သည်။ သူက ကိုယ်တိုင်တောင် မသိလိုက်ဘဲ စွန့်ပစ်ခံရသော ကလေးတစ်ယောက် ဖြစ်လာခဲ့၏။ သို့သော် သူ၏နေ့ရက်များကတော့ သက်သောင့်သက်သာနှင့် လွတ်လပ်လွန်းလှသည်။ တစ်နှစ်ပတ်လုံး သူ၏အစေခံမိန်းကလေးကို ခေါ်ပြီး မြို့ငယ်လေးထဲတွင် လှည့်ပတ်သွားလာနေတတ်၏။ သူက တစ်နေကုန် လျှောက်သွားနေပြီး ငွေကြေးအတွက် စိုးရိမ်နေစရာ မလိုအပ်ပေ။
ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော အိမ်များ၏ အဝါရောင်နံရံများက အလွန်နိမ့်သည်။ အမှန်အတိုင်း ပြောရလျှင်တော့ အိမ်နီးချင်းများက ခြံဝန်းထဲတွင် ရှိနေသော မြင်ကွင်းကိုကြည့်ရန် ခြေဖျားထောက်ရန်ပင် မလိုအပ်ပေ။ သို့သော် သူက ချန်းပင်အန်းနှင့် စကားပြောသည့်အချိန်တိုင်း နံရံပေါ်သို့ တက်ထိုင်နေရခြင်းကို သဘောကျသည်။
ချန်းပင်အန်းဟူသည့် တောသားနာမည်နှင့် ယှဉ်လိုက်မည်ဆိုလျှင် တစ်ဖက်တွင် ရှိနေသော လူငယ်လေး၏ နာမည်က ပို၍လှပသည်။ သူ့နာမည်က စုန့်ကျိရှင်းဟု ခေါ်၏။ အသက်ရှင်ရပ်တည်ရေးအတွက် သူ့ကို မှီခိုနေရသော အစေခံမလေး၏ နာမည်ကပင် ကျစ်ကွေးဟု ခေါ်သည်။
ထိုအစေခံမလေးက တစ်ဖက်တွင် ရပ်နေ၏။ သူမဆီတွင် လုံးဝိုင်းသော မျက်လုံးတစ်စုံရှိပြီး သူမက အလွန်ကြောက်လန့်တတ်သည်။
တံခါး၏တစ်ဖက်မှနေ၍ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"မင်းက ဒီအစေခံမိန်းကလေးကို ရောင်းမှာလား…"
စုန့်ကျိရှင်းက မှင်တက်သွားခဲ့၏။ သူက အသံထွက်ပေါ်လာသည့်နေရာကို ပြန်ကြည့်လိုက်သည်။ ခြံ၏အပြင်ဘက်တွင် ပိုးဖဲဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရ၏။ သူ့မျက်နှာက လူစိမ်းတစ်ယောက်၏ မျက်နှာမျိုး ဖြစ်သည်။
ပိုးဖဲဝတ်ရုံနှင့် လူငယ်လေး၏ အနားတွင်တော့ အရပ်ရှည်ရှည်နှင့် အဘိုးအိုတစ်ယောက် ရပ်နေခဲ့သည်။ သူ၏မျက်နှာကတော့ သနားကြင်နာတတ်သော အမူအရာမျိုး ရှိ၏။ သူက မျက်မှောင်ကြုတ်လိုက်မိပြီး အိမ်နီးချင်း ခြံဝန်းထဲတွင် ရှိနေသော လူငယ်နှင့် မိန်းမပျိုတို့ကို ကြည့်လိုက်သည်။
အဘိုးအို၏မျက်လုံးက ချန်းပင်အန်းဆီကိုပင် ရောက်လာခဲ့၏။ သို့သော် သူ့အကြည့်က စုန့်ကျိရှင်းနှင့် အစေခံမိန်းကလေးတို့ဆီတွင်သာ ဆက်၍ ရှိနေခဲ့သည်။ သူ့အပြုံးကလည်း တဖြည်းဖြည်း နက်ရှိုင်းလာခဲ့၏။
စုန့်ကျိရှင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ရောင်းမယ်လေ .. ၊ ဘာလို့မရောင်းရမှာလဲ…"
လူငယ်က အပြုံးနှင့် ပြောလိုက်၏။
"ဒါဆိုလည်း ဈေးပြောလေ…"
အစေခံမိန်းကလေးက မျက်လုံးပြူးသွားခဲ့၏။ သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လာပြီး သမင်ပေါက်လေး တစ်ကောင်ကဲ့သို့ စိုးရိမ်ထိတ်လန့်လာခဲ့သည်။
စုန့်ကျိရှင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက လက်တစ်ချောင်းထောင်ပြပြီး ပြောလိုက်၏။
"ငွေစတစ်သောင်း..."
ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်၏ အမူအရာက သာမန်သာ ဖြစ်သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ…ရတယ်…"
လူငယ်၏ပုံစံက စနောက်နေခြင်း မဟုတ်ကြောင်း စုန့်ကျိရှင်းက မြင်လိုက်ရသည်။ သူက ချက်ချင်းပင် စကားပြောင်းပြီး ပြောလိုက်၏။
"ငါ .. ငါပြောတာ ငွေစတစ်သောင်းနော်…"
ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်လေးက အပြုံးနှင့် ပြန်ပြောလိုက်သည်။
"ငါက မင်းကို နောက်နေတာပါ…"
စုန့်ကျိရှင်းက မျက်နှာပျက်သွားခဲ့၏။ ပိုးဖဲဝတ်ရုံ ဝတ်ထားသော လူငယ်က စုန့်ကျိရှင်းကို အာရုံမစိုက်တော့ပေ။ သူက ချန်းပင်အန်းကို လှမ်းကြည့်လိုက်၏။
"ဒီနေ့ မင်းရဲ့ကျေးဇူးကြောင့် အဲဒီရွှေငါးကို ဝယ်နိုင်ခဲ့တာ...။ ငါက အဲဒါကို ဝယ်ပြီးသွားတဲ့အချိန် ကြည့်လေလေ ပိုပြီးတော့ ကြိုက်လာလေလေပဲ။ ဒီတော့ ငါကိုယ်တိုင် မင်းကို ကျေးဇူးတင်ရမယ်လို့ တွေးမိခဲ့တယ်။ ဒါကြောင့် မင်းကို ဒီညလာရှာဖို့ အဘိုးဝူကို အကူအညီတောင်းခဲ့တာ..."
သူက လေးလံသော ပန်းထိုးအိတ်တစ်လုံးကို ချန်းပင်အန်းဆီသို့ ပစ်ပေးလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ဒါက ဆုလာဘ်ပဲ။ မင်းနဲ့ငါနဲ့ ကြေသွားပြီ…"
ချန်းပင်အန်းက တစ်ခုခု ပြောချင်နေခဲ့သော်လည်း ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်လေးကတော့ လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။ ချန်းပင်အန်းက မျက်မှောင်ကြုတ်လိုက်မိ၏။
နေ့ခင်းပိုင်းတွင် သူက မထင်မှတ်ပဲ လမ်းပေါ်တွင် ငါးပုံးတစ်ပုံး သယ်ဆောင်ထားသော သက်လတ်ပိုင်း လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ထိုငါးပုံးထဲတွင် လက်ဝါးအရွယ် ရွှေရောင်ငါးတစ်ကောင်ကို ဖမ်းထားခဲ့၏။ ထိုငါးက သစ်သားပုံးထဲတွင် ခုန်နေခဲ့သည်။
ချန်းပင်အန်းက ထိုအရာကို ကြည့်လိုက်ရုံနှင့် အလွန်ပျော်ရွှင်သွားသလို ခံစားခဲ့ရ၏။ ထို့ကြောင့် သူက ကြေးပြား(၁၀)ပြားနှင့် ဝယ်၍ရမရ မေးခဲ့သည်။ မူလတုန်းကတော့ သက်လတ်ပိုင်းလူကြီးက သူ့ကို ကြေးပြား(၅) ပြားနှင့် ရောင်းချင်ခဲ့၏။ သို့သော် အကျိုးအမြတ် ရှိနိုင်သည်ကို မြင်လိုက်ရသည့်အခါ သူက ဈေးတင်လိုက်သည်။ သူက ကြေးပြား(၃၀) ရမှသာ ရောင်းချမည်ဟု ပြောခဲ့၏။
ချန်းပင်အန်းဆီတွင် ထိုမျှငွေကြေးအပိုအလျှံ မရှိသော်လည်း သူက ထိုရွှေငါးကိုတော့ လုံးဝ လက်မလွှတ်ချင်ခဲ့ပေ။ ထို့ကြောင့် သက်လတ်ပိုင်းလူကြီး၏ နောက်မှလိုက်ပြီး နားပူနားစာ လုပ်နေခဲ့၏။ သူက ကြေးပြား (၁၅) ပြား သို့မဟုတ် ကြေးပြား (၂၀) နှင့်ပင် ရလျှင်ဝယ်ချင်ခဲ့သည်။
သက်လတ်ပိုင်းလူကြီးက ဈေးလျှော့ပေးတော့မည့်အချိန်တွင် ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်လေးနှင့် အရပ်ရှည်ရှည် အဘိုးအိုတစ်ယောက်က အနားမှ ဖြတ်သွားခဲ့၏။ သူတို့က ဈေးမစစ်ဘဲ ထိုငါးကို ဝယ်သွားပြီး ငါးပုံးကိုလည်း ကြေးပြား (၅၀) နှင့် ဝယ်သွားခဲ့သည်။ ချန်းပင်အန်းကတော့ သူတို့ထွက်သွားသည်ကိုသာ မသက်မသာနှင့် ကြည့်နေခဲ့ရ၏။
စုန့်ကျိရှင်းက တဖြည်းဖြည်း ဝေးသွားသော မြေးအဘိုး၏ နောက်ကျောကို စိုက်ကြည့်နေမိခဲ့သည်။ ထို့နောက် သူက နံရံပေါ်မှ ခုန်ဆင်းလိုက်၏။ ထိုအချိန်တွင် သူက တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး ချန်းပင်အန်းကို ပြောလိုက်သည်။
"မင်းက ပထမလ ပထမရက်က ခြေ (၄) ချောင်းမြွေကို မှတ်မိသေးလား…"
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။ သူက ဘာကြောင့် မမှတ်မိဘဲ နေရမည်နည်း။ ထိုအရာက သူ၏မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေသေးသည်။
ဤမြို့လေးထဲတွင် နှစ်ရာပေါင်းများစွာ ဆင်းသက်လာခဲ့သော ထုံးတမ်းအစဉ်အလာအရ မြွေတစ်ကောင် အိမ်ထဲသို့ ဝင်လာမည်ဆိုလျှင် ကောင်းမွန်သော သင်္ကေတတစ်ခု ဖြစ်သည်။ အိမ်ပိုင်ရှင်က ထိုမြွေကို မဖယ်သင့်သလို သတ်လည်း မသတ်သင့်ပေ။
ပထမလ၏ ပထမနေ့တွင် စုန့်ကျိရှင်းက လှေကားထစ်တွင် ထိုင်ပြီး နေလုံးကြီးကို ငေးကြည့်နေခဲ့သည်။ ထိုအချိန်တွင် ခြေ (၄) ချောင်းမြွေဟု လူသိများသော မြွေလေးတစ်ကောင်က သူ့အိမ်ထဲသို့ ဝင်လာခဲ့၏။
စုန့်ကျိရှင်းက ထိုမြွေလေးကို ကိုင်ပြီး ခြံဝန်း၏အပြင်ကို ပစ်ထုတ်လိုက်သည်။ သို့သော် ခြေ (၄) ချောင်း မြွေလေးကတော့ ပို၍ပင် ရဲတင်းလာပုံရသည်။ တစ်ကြိမ်ပြီးတစ်ကြိမ် ခြံဝန်းထဲသို့သာ ဝင်လာခဲ့သည့်အတွက် စုန့်ကျိရှင်းက ဒေါသထွက်လာခဲ့၏။ သူကတော့ သရဲတစ္ဆေများ၊ နတ်ဘုရားများကို လုံးဝ မယုံကြည်ခဲ့ပေ။
ဒေါသထွက်နေသည့်အတွက် သူက ထိုမြွေလေးကို ချန်းပင်အန်း၏ ခြံထဲသို့ လှမ်းပစ်လိုက်သည်။ သို့သော် နောက်တစ်နေ့တွင် ခြေ (၄) ချောင်းမြွေလေးက သူ့အိပ်ရာအောက်တွင် ခွေနေသည်ကို မြင်ရလိမ့်မည်ဟု စုန့်ကျိရှင်းက မည်သို့ တွေးထားမိမည်နည်း။
အစေခံမလေးက သူ့အင်္ကျီလက်ကို ကိုင်လိုက်ကြောင်း စုန့်ကျိရှင်းက သတိထားမိခဲ့သည်။ လူငယ်နှင့် သူမဆီတွင် နားလည်မှုတစ်ခု ရှိနေခဲ့၏။ ထို့ကြောင့် သူက ပြောချင်သော စကားလုံးများကို မျိုချလိုက်မိသည်။ ရုပ်ဆိုးသော ခြေ(၄)ချောင်းမြွေလေး၏ နဖူးပေါ်တွင် အဖုတစ်ခု ရှိလာပြီး ဦးချိုများ ပေါက်လာတော့မည်ကို သူက ပြောချင်နေခဲ့သည်။
သို့သော် စုန့်ကျိရှင်းက စကားပြောင်းပြီး ပြောလိုက်၏။
"ကျစ်ကွေးနဲ့ ငါက နောက်လ ဒီနေရာကနေ ထွက်သွားတော့မယ်…"
ချန်းပင်အန်းက သက်ပြင်းချလိုက်၏။
"လမ်းမှာ ဂရုစိုက်ပါ…"
စုန့်ကျိရှင်းက မယုံသင်္ကာနှင့် ပြောလိုက်၏။
"ငါ စိတ်မချတာတစ်ခုရှိတယ်။ ငါ့အိမ်ထဲမှာ ဘယ်သူမှမရှိတာကို အခွင့်ကောင်းယူပြီး ငါ့အိမ်ထဲက ပစ္စည်းတွေကို ခိုးဖို့ မစဉ်းစားနဲ့…"
ချန်းပင်အန်းက ခေါင်းခါလိုက်မိသည်။
စုန့်ကျိရှင်းက အားရပါးရ ရယ်လိုက်၏။ သူက ချန်းပင်အန်းကို လက်ညှိုးထိုးပြီး အပြုံးနှင့် ပြောလိုက်၏။
"ကြွက်တစ်ကောင်လို ကြောက်နေတာပဲ။ ဒါကြောင့်လည်း ဆင်းရဲသားမိသားစုက အဆင့်မြင့်တဲ့ကလေးတွေ ရှိမလာတာ...။ ဆင်းရဲတဲ့အပြင် အနိုင်ကျင့်ခံနေရမှတော့ ဒီဘဝကနေ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး…"
ချန်းပင်အန်းက တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက သူတို့၏အိမ်ထဲသို့ ပြန်သွားခဲ့၏။ ချန်းပင်အန်းက တံခါးကို ပိတ်လိုက်ပြီး မာကျောသော သစ်သားကုတင်ပေါ်တွင် လှဲနေခဲ့သည်။ အလွန်ဆင်းရဲသော လူငယ်လေးက မျက်လုံးမှိတ်ပြီး တီးတိုးရေရွတ်နေမိခဲ့၏။
"ဆင်းရဲမွဲတေနေတော့လည်း အေးချမ်းတာပေါ့…”
ဌာနေပြန် ဓားတစ်လက်
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၁) {စာစဉ် ၁ - အပိုင်း(၁)}