← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

ထိုအချိန်တွင် ချိုက်ကျင်းကျန့်က နောက်ပြန်လျှောက်လာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူမက ခွေးချီး နင်းမိလိုက်သည့်အချိန်၌ ပို၍မခံမရပ်နိုင် ဖြစ်စေသည်မှာ တခြားသူများ မြင်တွေ့သွားခဲ့ခြင်း ဖြစ်၏။ ပို၍ဆိုးရွားသော အရာကတော့ ထိုအရာကို မြင်လိုက်သည့်သူက သူက ခွေးချီးပေါ်တွင် နင်းမိကြောင်း ပြောလာခဲ့သည့်အချိန်တွင် ဖြစ်သည်။

ချိုက်ကျင်းကျန့်က သဘောထားသေးသော မိန်းမပျိုတစ်ယောက် မဟုတ်သလို အခက်အခဲများကို ခံနိုင်ရည်ရှိသော နူးညံ့သိမ်မွေ့သည့် မိန်းမပျိုတစ်ယောက်လည်း မဟုတ်ခဲ့ပေ။ ယွင်ရှားတောင် ဆရာကြီး၏ ကလေးများစွာထဲမှ တစ်ယောက် ဖြစ်သည့်အတွက် သူမက နောက်ဆုံးအခြေအနေအထိ အောင်မြင်ပြီး ရပ်တည်နိုင်ခဲ့သည်မှာ အလွန်ထင်ရှားသည်။

ယွင်ရှားတောင်တွင် စုစုပေါင်းတောင်ထိပ် အကြီးအသေး (၁၈)ခု ရှိနေသည်။ ယွင်ရှားတောင်၏ ပတ်ပတ်လည်တွင် တစ်နှစ်ပတ်လုံး မြူခိုးများ လွှမ်းခြုံနေပြီး တိမ်သစ်မြစ် ကျောက်တုံးများနှင့် ပြည့်နှက်နေ၏။

ထိုအရာက တာအိုဒန်တျန်ဂိုဏ်းအတွက် ပြင်ပဆေးရည်များသန့်စင်ရန် အရေးပါသော ပစ္စည်းတစ်ခု ဖြစ်သည်။ ထိုအရာက ပြစ်ချက်ကင်းသည်ဟု နာမည်ကျော်ကြားပြီး ဤကမ္ဘာကြီးထဲတွင် အလွန်ထူးခြားသည်။ ထို့ကြောင့် ယွင်ရှားတောင်ပေါ်တွင် ရှိနေသော လူများက သန့်စင်မှုနှင့် လှပမှုကိုသာ အလေးထားလာကြ၏။

အများစုကတော့ အညစ်အကြေး ကြောက်သူများ ဖြစ်ကြပြီး ချိုက်ကျင်းကျန့်ကလည်း ချွင်းချက် မရှိချေ။ အကယ်၍ ဤမြို့ငယ်လေးက လူပေါင်းများစွာ ပတ်သက်နေသော အချက်ကြောင့်သာ မဟုတ်လျှင် ချိုက်ကျင်းကျန့်က ဘဝတစ်လျှောက်လုံး မြို့ငယ်လေးထဲကို လုံးဝ ခြေချလိမ့်မည် မဟုတ်ချေ။

သူမက ရွှံ့ပုလင်းလမ်းကြားလို ကြက်ချီး၊ ခွေးချီးများ ပြည့်နေသော လမ်းထဲတွင် လမ်းလျှောက်ရန်ကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ အရှက်ရစရာ အကောင်းဆုံး အရာကတော့ ဤနေရာကို ရောက်လာပြီးနောက် မူလက အလွန်အဆင့်မြင့်မားသော အင်မော်တယ်များက ကုန်းပေါ်တွင် လွှတ်လိုက်သော ငါးများကဲ့သို့ ဖြစ်နေကြသည်။

သူတို့က အားကိုးနေရသော အရာအားလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ရ၏။ သူတို့ ပိုင်ဆိုင်ထားသော သုခဘုံ၊ တောင်တန်းနှင့် ပင်လယ်များကို ရွှေ့ပြောင်းနိုင်သော စွမ်းရည်၊ နတ်ဆိုးများ ၊ မကောင်းဆိုးရွားများကို ဖယ်ရှားနိုင်သော လျို့ဝှက်ဆန်းကြယ်သည့် မှော်ရတနာများနှင့် နတ်ဘုရားများ၊ တစ္ဆေများကို ထိန်းချုပ်နိုင်သော လက်နက်များအားလုံးကလည်း ပျောက်ကွယ်သွားခဲ့ရ၏။

ထို့နောက် ချိုက်ကျင်းကျန့်က ခွေးချီးပုံပေါ်တွင် နင်းမိသည့် မြင်ကွင်းမျိုး ဖြစ်လာခဲ့ရသည်။

မူလတုန်းကတော့ ထိုအရာက စိတ်ဝင်စားစရာကောင်းသည်ဟု ဖူနန်းဟွာက တွေးမိခဲ့သည်။ ပြစ်မျိုးမှဲ့မထင်ဖြစ်နေသော ယွင်ရှားတောင်မှ နတ်သမီးချိုက်က သူမ၏ ဖိနပ်နှင့် နံစော်ပြီး စေးကပ်နေသော ခွေးချီးပုံပေါ်ကို နင်းမိခဲ့သည်။ ထိုအရာကို မည်သူကရော ယုံကြည်ရဲမည်နည်း။

ခဏကြာပြီးနောက် ဖူနန်းဟွာက ကျယ်လောင်သော အသံနှင့် အော်ပြောလိုက်၏။

“ချိုက်ကျင်းကျန့်… ရပ်လိုက်…”

ရွှံ့နံရံပေါ်တွင် ရပ်နေသော စုန့်ကျိရှင်းက မျက်မှောင်ကြုတ်လိုက်မိပြီး နဂါးပုံသဏ္ဌာန် ထွင်းထုထားသော ကျောက်စိမ်းပြားလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

လမ်းကြားထဲတွင်တော့ ချိုက်ကျင်းကျန့်က ခြေတစ်လှမ်းတည်းနှင့် ချန်းပင်အန်း၏ရှေ့ကို ရောက်လာခဲ့၏။ အလွန်နူးညံ့သိမ်မွေ့ပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်လွန်းလှသော သူမ၏လက်က မြက်ဖိနပ်နှင့် လူငယ်လေး၏ နဖူးပေါ်ကို လျင်မြန်စွာ ရိုက်ချလိုက်၏။

ဖူနန်းဟွာက တားဆီးလိုက်သည့်အချိန်တွင် သူမက လက်ဖဝါးကို ချက်ချင်း ရပ်တန့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူမက လက်ကို သိမ်မွေ့စွာ မြှောက်လိုက်ပြီး လက်ချောင်းလေးနှင့်သာ ညင်သာစွာ ရိုက်ချလိုက်၏။ ထိုသို့ ရိုက်ချလိုက်သည်မှာ အကြီးတစ်ယောက်က အငယ်ကို ဆုံးမနေသလို ဖြစ်နေခဲ့သည်။

ထို့နောက် သူမက ခါးကိုင်းပြီး လူငယ်လေး၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်၏။ ထိုမျက်လုံးများက စမ်းချောင်းတစ်ခုပမာ ကြည်လင်လွန်းလှသည်။ ချိုက်ကျင်းကျန့်၏ မျက်နှာကိုပင် ပြန်မြင်နေရ၏။ သူမ၏ခံစားချက်က အလွန်အမင်း ဆိုးရွားနေသည်မှာ ကံဆိုးသွားခဲ့သည်။

သို့သော် သူမကတော့ ပြုံးချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။

“ကောင်လေး…

မင်းပြောတဲ့ အချိန်မှာ ငါ သိတယ်။ မင်းက ငါ အရှိန်လျော့သွားအောင် တမင်တကာ ပြောလိုက်တာပဲ…”

ဖူနန်းဟွာက ပင့်သက်ရှိုက်လိုက်မိသည်။ အကယ်၍ ချိုက်ကျင်းကျန့်ကသာ အမှန်တကယ် လူသတ်ရဲမည်ဆိုလျှင် သူမကို မြို့ငယ်လေးထဲမှ ဖယ်ရှားခံရပါလိမ့်မည်။ သူမက ယွင်ရှားတောင်တစ်ခုလုံးကို ဒုက္ခရောက်သွားစေနိုင်ပြီး ရယ်စရာအကောင်းဆုံး ပြက်လုံးတစ်ခု ဖြစ်သွားပါလိမ့်မည်။

သူက အတော်လေး မျက်နှာပျက်နေခဲ့သည်။ သူက မူလဘာသာစကားနှင့် သူမကို သတိပေးလိုက်သည်။

“ချိုက်ကျင်းကျန့်…

တစ်ခုခုကို မလုပ်ခင် သေချာစဉ်းစားပါ။ တကယ်လို့ နင်သာ ဒီလိုမျိုး မဆင်မခြင် လုပ်နေဦးမယ်ဆိုရင် ငါတို့က ပူးပေါင်းထားတာကို ဖျက်သိမ်းလိုက်ဖို့ပဲ ခံစားမိတော့တယ်။ နင့်ကြောင့် ငါပါ အထိခိုက်မခံနိုင်ဘူး…”

နဂါးအိုမြို့မှ သခင်လေးကို ကျောပေးထားသော ချိုက်ကျင်းကျန့်က တိုးတိုးလေး ပြောလိုက်သည်။

“အဆင့်မြင့်တဲ့သူမှပဲ ဗုဒ္ဓကို အရင်တွေ့နိုင်ကြတယ်။ အဆင့်နိမ့်လူတွေကတော့ ဗုဒ္ဓကို ဖြည်းဖြည်းချင်းပဲ တွေ့နိုင်ကြတယ်။ သန့်စင်နယ်မြေဆိုတာ တကယ် ရှိနေရင် ကြာပန်းရေကန်တစ်ခုလည်း ရှိနေမှာပဲ…”

သူမက ဖြည်းညင်းစွာ ပြန်လှည့်လာပြီး ဖူနန်းဟွာကို တောင်းပန်သည့် အပြုံးနှင့် ပြောလိုက်သည်။

“ငါက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ် နိုင်ခဲ့ဘူး။ ငါ ကတိပေးပါတယ်။ နောက်တစ်ကြိမ် ဒီလိုထပ်မဖြစ်စေရဘူး…”

ဖူနန်းဟွာက ခနဲ့သလို ပြောလိုက်၏။

“နင် သေချာရဲ့လား…”

ချိုက်ကျင်းကျန့်က တိုးတိုးလေး ရယ်လိုက်သည်။ သူမက ဖူနန်းဟွာကို ကျိန်ဆို၍ မပြောချင်ခဲ့ပေ။ သူမက ခေါင်းငုံ့ပြီး မြက်ဖိနပ်နှင့် လူငယ်လေးကို ကြည့်လိုက်၏။ ထို့နောက် သူမက ကုန်းမြေကြီးပေါ်တွင် အသုံးများသော ဘာသာစကားနှင့် ပြောလိုက်သည်။

“ငါတို့ ယွင်ရှားတောင်က ဗုဒ္ဓဂိုဏ်း(၅)ခုထဲက တစ်ခုကို အခြေခံထားတာ။ အရေးကြီးဆုံးအရာကတော့ ‌မျောက်ကို သိမ်းသွင်းပြီး မြင်းပေါ်မှာ ချည်ပေးလိုက်တာပဲ။ ငါ ဒီကိုရောက်မလာခင်ကတော့ မျောက်နဲ့မြင်းအကြောင်းကို နားမလည်နိုင်ခဲ့ဘူး။ မိသားစုထဲမှာရှိတဲ့ အကြီးအကဲတွေက မျှော်လင့်ချက် ကြီးကြီးမားမား ထားပြီး မပျက်စီးစေချင်ကြဘူး။ သူတို့က ငါကိုယ်တိုင်ပဲ ရှာဖွေခိုင်းခဲ့တယ်။ ဒီနေ့တော့ ရွှံ့ပုလင်းလမ်းကြားထဲမှာ ငါက ခွေးချီးပုံပေါ် နင်းမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..”

ချန်းပင်အန်းက သူမက သတိပေးလိုက်သည်။

“အစ်မကြီး…

အစ်မကြီးက ခွေးချီးပုံပေါ် နင်းမိနေတာ ‌တော်တော်ကြာနေပြီ။ မြန်မြန်ဖယ်လိုက်ပါလား…”

မူလတုန်းကတော့ အင်မော်တယ်မိန်းမပျိုက ဗုဒ္ဓသန့်စင်နယ်မြေကို ရောက်ရှိသွားပြီဟု ခံစားမိခဲ့သည်။ သို့သော် ထိုစကားများကို ကြားလိုက်ရပြီးနောက် သူမက ကျင့်စဉ်အဆင့်ကို ရုတ်တရက် ဆုံးရှုံးသွားခဲ့ပြီး လူသားကမ္ဘာကြီးကို ကျရောက်သွားသလို ခံစားလိုက်ရသည်။

သူမ၏ မျက်နှာလေးက ရှက်ရွံ့မှုကြောင့် နီရဲနေခဲ့၏။ သို့သော် နားထဲတွင်တော့ ဖူနန်းဟွာ၏ သတိပေးချက်ကို ကြားနေရသေးသည်။ သူမက ဒေါသများကို ဖြေဖျောက်ရမည် ဖြစ်၏။ သူမက လက်ညှိုးနှင့် မြက်ဖိနပ် လူငယ်လေး၏ နဖူးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

သူမက သေချာစိုက်ကြည့်ပြီး ပြောလိုက်၏။

“ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဒီလိုအကျင့်စရိုက်မျိုး ရှိနေတာ စောစောသေနိုင်တယ်လို့ နင့်ကို ဘယ်သူမှ သင်ပေးမထားဘူးလား။ ထက်မြက်ပြီး ဆင်ခြင်နိုင်တဲ့ လူတစ်ယောက်ကတောင် သူ့ရဲ့ကံတရားတွေ ဆုံးရှုံးသွားမယ်ဆိုရင် လက်ခံနိုင်ပါ့မလား…”

ချန်းပင်အန်းကတော့ အတော်လေးကို ခေါင်းကြောမာသည်။ ထို့ကြောင့် သူက ဂရုမစိုက်ခဲ့ပေ။ သူက မလှမ်းမကမ်းတွင် ရှိနေသော စုန့်ကျိရှင်းကိုကြည့်ပြီး စကားတစ်ခွန်းမျှ ထပ်မပြောခဲ့ပေ။

စုန့်ကျိရှင်းကတော့ ခုန်ချလာပြီး ပြောလိုက်၏။

“ချန်းပင်အန်း…

ဘာလို့ ငါ့ကို ကြည့်နေရတာလဲ။ မင်းက တော်တော် ကံဆိုးတာပဲ…”

သူက စုန့်ကျိရှင်း၏ ခြံဝန်းထဲကိုပင် မဝင်နိုင်ကြောင်း တွေ့လိုက်ရသည့်အတွက် ဖူနန်းဟွာက အံ့သြသွားခဲ့သည်။ သူက အနည်းငယ် မပျော်ရွှင်နိုင် ဖြစ်သွားပြီး ထေ့ငေါ့၍ ပြောလိုက်၏။

“ချိုက်ကျင်းကျန့်…

တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ။ ဒီကမ္ဘာကြီးထဲမှာ ခွေးချီးပုံကြောင့် အင်မော်တယ်လမ်းကြောင်း နှောင့်နှေးသွားတဲ့သူ ရှိသေးတာပဲ…”

ယခုတစ်ကြိမ်တော့ ချိုက်ကျင်းကျန့်က ဒေါသထွက်နေခြင်း မရှိချေ။ သူမက သာမန် ရုပ်ရည်သာရှိသော ပိန်ပိန်ပါးပါး လူငယ်လေးကို စူးစူးနှစ်နှစ် စိုက်ကြည့်၍ လှည့်ထွက်သွားခဲ့သည်။

ရုတ်တရက်ဆိုသလို သူမ၏နောက်တွင် ရှိနေသော လူငယ်လေးက တီးတိုးပြောလိုက်၏။

“အစ်မကြီး…

အစ်မကြီးရဲ့ မျက်တောင်တွေက ‌တော်တော်ရှည်တာပဲ…”

အလွန်ရိုင်းစိုင်းသော ပုရွက်ဆိတ်တစ်ကောင်က အင်မော်တယ် မိန်းမပျိုတစ်ယောက်ကို စနောက်ရဲခြင်းပေလော။

ချိုက်ကျင်းကျန့်က ဒေါသထွက်သွားပြီး ရုတ်တရက် ပြန်လှည့်လာခဲ့သည်။ သူမက ထိုတောသားလေးကို သင်ခန်းစာပေးရန် စိတ်ထဲတွင် ဆုံးဖြတ်ထားခဲ့၏။ သူမ၏ ကံတရားတချို့ကို ဆုံးရှုံးလိုက်ရမည်ဆိုလျှင်ပင် ကိစ္စမရှိတော့ချေ။

ချိုက်ကျင်းကျန့်နှင့် တခြားသူများက လှောင်အိမ်တစ်ခုထဲတွင် ရှိနေသော အကျဉ်းသားများကဲ့သို့ ဖြစ်နေပြီး သူတို့၏လက်နှင့် ခြေထောက်ကို ချုပ်နှောင်ခံထားရသလို ဖြစ်နေသည့်အတွက် နေရာတိုင်းတွင် သူတို့အတွက် အတားအဆီးများ ရှိနေကြသည်။ သူတို့က အချိန်အတိုင်းအတာတစ်ခုအထိ မှော်ကျင့်စဉ်များ ၊ ရတနာများကို ထိန်းချုပ်၍ မရနိုင်ပေ။

သို့သော် ငယ်စဉ်ကတည်းက ကျင့်စဉ်များကို အဆင့်မြင့်မြင့် လေ့ကျင့်ထားရသည့် အကျိုးအမြတ်များက သူတို့၏ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ခဲ့၏။ ထိုအရာက ကြွက်သားများ၊ အရိုးများကို တစ်ချိန်လုံး ဖိအားပေးနေသလို ဖြစ်နေခဲ့သည်။ အကျိုးသက်ရောက်မှုက ထင်ရှားမှုမရှိဘဲ ထိုလမ်းကြောင်းကို အာရုံစိုက်နေသော သိုင်းပညာရှင်များကဲ့သို့ မဟုတ်နိုင်သော်လည်း သူတို့၏အုတ်မြစ်အရ သာမန်လူငယ်လေးတစ်ယောက်ကို ရင်ဆိုင်ရန် လွယ်ကူလှသည်။

လက်ဖဝါးရိုက်ချက် တစ်ခုတည်းနှင့်ပင် သူမက အရေးပါ‌သော သွေးကြောများကို ဖျက်စီးနိုင်ပြီး သူ့ကို အသက်တိုအောင် လုပ်ဆောင်နိုင်သည်။ သို့သော် သူမက မှေးမှိန်နေသော လမ်းကြားလေးထဲတွင် နက်မှောင်နေသော မျက်နှာတစ်ခုနှင့် အလွန်တောက်ပသော မျက်လုံးတစ်စုံကို မြင်လိုက်ရ၏။

ပထမတော့ ချိုက်ကျင်းကျန့်၏ မျက်လုံးများက ဝင်းလက်သွားခဲ့ပြီး မိန်းမတစ်ယောက်၏ သနားစိတ်ကို ခံစားမိလိုက်သည်။ နောက်ဆုံးတွင်တော့ သူမ၏ ဇာမဏီမျက်လုံးများထဲတွင် ရှိနေသော သနားညှာတာစိတ်များမှ နည်းနည်းချင်းဆီ လျော့ကျသွားခဲ့သည်။

သူမက လှပစွာ ပြုံးလိုက်ပြီး ရုတ်တရက် အမှတ်ရသွားခဲ့၏။ နှလုံးသားနတ်ဆိုးကို ဖယ်ရှားနိုင်ခြင်းကလည်း အခွင့်အရေးတစ်ခု ဖြစ်သည်။

ဗုဒ္ဓလမ်းစဉ်နှင့် နီးစပ်သော ယွင်ရှားတောင်က တာအိုလမ်းစဉ်နှင့် အလွန်ဝေးကွာသည်။ သူတို့၏ တည်ထောင်သူဖြစ်သော ယွင်ရှားသူတော်စင် အဘိုးအိုက ကံကြမ္မာတစ်ခုနှင့် ကြုံတွေ့သောအချိန်တိုင်း သို့မဟုတ် သေဆုံးသွားတော့မည့်အချိန်တိုင်း ကပ်ဆိုးတစ်ခု ရင်ဆိုင်ရမည်ဟု ပြောတတ်သည်။

သို့သော် ထိုကပ်ဆိုး ကျရောက်သည့် နည်းလမ်းက တိကျမှု မရှိချေ။ အရာအားလုံးကို ထိုလူကိုယ်တိုင်ပင် ဖြေရှင်းရန် လိုအပ်သည်။ ဥပမာအနေနှင့် ‌‌ပြောရလျှင် လက်ရှိ ချိုက်ကျင်းကျန့်၏ အခြေအနေမျိုး ဖြစ်သည်။

သူမက ရင်ထဲတွင် လှုပ်ရှားနေခဲ့ပြီး ထိုအရာကို ဖိနှိပ်ရန် လိုအပ်နေသည်ဟု ခံစားမိခဲ့၏။ ထိုအရာက အပြစ်ကင်းစင်ပုံရသော်လည်း နှောင့်ယှက်တတ်သော လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။

ထို့ကြောင့် သူမက နောက်တစ်ကြိမ် လက်မြှောက်လိုက်ပြီး လူငယ်လေး၏ ရင်ဘတ်ပေါ်ကို ညင်သာစွာ ဖိချလိုက်သည်။ ထိုလှုပ်ရှားမှုက ရေစီးကြောင်းတစ်ခုပမာ ချောမွေ့လွန်းလှပြီး မိုးကြိုးပမာ လျင်မြန်လွန်းလှသည်။ ထိုလူငယ်လေးက နောက်ကို ခြေလှမ်းတစ်ဝက်ခန့် သတိလက်လွတ် ဆုတ်သွားလိုက်မိသော်လည်း မိန်းမပျို၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်း မရှိသေးပေ။

ဖူနန်းဟွာက ထိုမိန်းမပျိုကို စိုက်ကြည့်နေခဲ့၏။ သူ့ရင်ထဲတွင် လှုပ်ရှားသွားသည့်အပြင် သတ်ဖြတ်ချင်စိတ်များလည်း ပြည့်နှက်လာခဲ့သည်။ သူကတော့ သတ်ဖြတ်ချင်စိတ်များကို ထိန်းချုပ်ထားလိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်၏။

“စောနတုန်းက အဲဒီကောင်လေးရဲ့နဖူးကို လက်ညှိုးနဲ့ ပုတ်လိုက်တဲ့အတွက် သူက တစ်နှစ်ပတ်လုံး ဖျားနာနေလိမ့်မယ်။ ဒီအပြစ်ပေးမှုကတင် လုံလောက်သွားပြီ။ နင်က ဘာလို့ သူ့ကို ထပ်ပြီး အပြစ်ပေးချင်နေရသေးတာလဲ။ ချိုက်ကျင်းကျန့်… နင့်မှာ ဦးနှောက်မရှိဘူးလား။ နင်က သူ့လို လူတစ်ယောက်အတွက်နဲ့ တာအိုလမ်းစဉ် အခွင့်အလမ်းတွေကို တကယ်ပဲ လက်လွှတ်တော့မလို့လား…”

ချိုက်ကျင်းကျန့်က မကြားသယောင် ထင်မှတ်ရသည်။ ဖူနန်းဟွာ၏အသံက တိုးသွားခဲ့၏။ သူက အထက်တန်းလွှာမိသားစုမှ သခင်လေးတစ်ယောက်၏ အမူအရာမျိုး ပြန်ပြောင်းသွားသည်။

သူက ရယ်ပြီး ပြောလိုက်၏။

“ယွင်ရှားတောင်က ချိုက်ကျင်းကျန့်က စိတ်မထိန်းနိုင်သေးဘူးပဲ။ တကယ်လို့ ဒီသတင်းသာ ပြန့်သွားမယ်ဆိုရင် နင်က မရှက်ဘူးလား…”

ချိုက်ကျင်းကျန့်က ပြန်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်သည်။

“ဒီလမ်းကျဉ်းလေးက တကယ်ပဲ ငါနဲ့ရေစက်ပါတယ်။ ငါက ဒီနေရာမှာ အခွင့်အရေးတစ်ခု တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီအခွင့်အရေးက မကြီးပေမဲ့ ခြင်တစ်ကောင်ရဲ့အသားကလည်း အသားပဲလေ။ ဒါက ကောင်းတဲ့ အခြေအနေတစ်ရပ်ပဲ။ ငါက ကုစန့်လို့ခေါ်တဲ့ လူငယ်လေးကို ပိုပြီး ယုံကြည်ချက် ရှိသွားပြီ…”

ဖူနန်းဟွာက မှင်တက်သွားခဲ့သည်။ ထိုမိန်းမပျိုက အမှန်တကယ်ကို ပါရမီရှင် တစ်ယောက် ဖြစ်နိုင်မည်လော။

ချိုက်ကျင်းကျန့်က‌ ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ရာ ရွံရှာဖွယ်ကောင်းသော အညစ်အကြေးများကို မြင်လိုက်ရသည်။ သူမက ရယ်ကာမောကာနှင့် ပြောလိုက်၏။ “တော်တော်ကံကောင်းသွားတဲ့ ကောင်စုတ်လေး…”

စုန့်ကျိရှင်းက မျက်နှာပျက်နေပြီး သူ့စိတ်ထဲတွင် မည်သည့်အရာများ စဉ်းစားနေကြောင်း မည်သူမျှ မပြောနိုင်ခဲ့ပေ။

မည်သည့်အရာကိုမျှ အလေးထားပုံမရသော အစေခံမ‌လေး ကျစ်ကွေးကတော့ နေရာတွင်သာ ငြိမ်သက်စွာ ရပ်နေခဲ့၏။ တစ်ချိန်တွင် သူမ၏ မျက်လုံးဖျော့ဖျော့များထဲ၌ ရွှေရောင်မျက်လုံးတစ်စုံ ပေါ်လာခဲ့သည်။

ဖူနန်းဟွာက တစ်စုံတစ်ခုကို ခံစားလိုက်မိသည့်အတွက် ပြန်လှည့်ကြည့်လိုက်မိ၏။ သို့သော် ထူးဆန်းသည့်အရာတစ်ခုကိုမျှ သတိမထားမိခဲ့ပေ။ နောက်ဆုံးတွင်တော့ သူက အစေခံမလေးကို ခြေဆုံးခေါင်းဆုံး ကြည့်နေသော်လည်း ထူးဆန်းသည့်အရာ တစ်ခုမျှ မတွေ့ခဲ့ရပေ။

ချိုက်ကျင်းကျန့်၏ လုပ်ရပ်ကို ဤမြို့လေးထဲတွင် ရှိနေသော ကောင်းကင်သူတော်စင်က သတိထားမိသည့်အတွက် မသက်မသာ ခံစားနေရခြင်းဟုသာ တွေးမိခဲ့သည်။

ချိုက်ကျင်းကျန့်ကတော့ အတော်လေး ခံစားမှု ကောင်းသွားခဲ့သည်။ ယခင်တုန်းက ရှိနေခဲ့သော ဒေါသများ အားလုံးကလည်း ရေလှိုင်းပမာ ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက အခွင့်အရေးသေးသေးလေး ဖြစ်နိုင်မည်လော။

အကယ်၍ အတွင်းထဲတွင် လှိုက်စားနေသော ယွင်ရှားတောင်ကသာ တောင်တန်းတံခါး၏ ကံတရားများ ဆက်တိုက် ယိုစိမ့်နေခြင်းကို ဖိနှိပ်နိုင်သည့် အလေးချိန် လုံလောက်သော ကောင်းကင်ရတနာတစ်ခုကို လိုအပ်နေခြင်း မရှိလျှင် သူမက အနာဂတ် ‌တောင်တန်းသခင်ဟူသော အဆင့်အတန်းကို သုံးပြီး ဤနေရာမှ ချက်ချင်း ထွက်သွား၍ ရနိုင်သည်။ ထို့နောက် ယွင်ရှားတောင်တွင် (၁၀)နှစ် အနှစ်(၂၀)ခန့် တံခါးပိတ်လေ့ကျင့်နေ၍ ရနိုင်၏။

ချိုက်ကျင်းကျန့်က လမ်းကြားလေးထဲတွင် ရပ်စောင့်နေသော စုန့်ကျိရှင်း၏ အစေခံဆီသို့ လျှောက်သွားခဲ့သည်။

ထိုအချိန်တွင် သူ့နောက်၌ ရှိနေသော လူငယ်‌လေးက မေးလိုက်ပြန်၏။

“အစ်မကြီးက ကျွန်တော့်ကို တစ်ခုခု လုပ်လိုက်တာလား…”

ချိုက်ကျင်းကျန့်က ပြန်လှည့်ကြည့်ခဲ့ခြင်းပင် မရှိချေ။

“ကောင်လေး …

မင်းတွေးတာ အရမ်းများနေပြီ…”

လူငယ်လေးက တိတ်ဆိတ်သွားခဲ့၏။

ထိုအခါ ချိုက်ကျင်းကျန့်က နောက်ပြန်လှည့်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“မင်းက အများဆုံး နှစ်ဝက်အတွင်း သေရတော့မယ်…”

လူငယ်လေးက မှင်တက်သွားခဲ့သည်။

သူမက အပြုံးနှင့် ပြောလိုက်၏။

“မင်းက တကယ် ယုံနေတာလား။ အစ်မကြီးက မင်းကို ညာပြောလိုက်တာပါ…”

ချန်းပင်အန်းက ပြုံးလိုက်မိသည်။

ချိုက်ကျင်းကျန့်နှင့် ဖူနန်းဟွာတို့ အင်မော်တယ်စုံတွဲဆီတွင် တူညီသော အတွေးတစ်ခုတည်းသာ ရှိသည်။ ထိုလူငယ်က ရေကန်ထဲတွင် ရှိနေသော ဖားသူငယ်လေးတစ်ကောင်၊ တောင်အောက်တွင် ရှိနေသော ပုရွက်ဆိတ်လေးတစ်ကောင်သာ ဖြစ်သည်။

နံရံပေါ်တွင် ထိုင်နေသော စုန့်ကျိရှင်းက ထိုအရာများကို ကြည့်နေပြီး ခေါင်းကို လက်နှစ်ဖက်နှင့် ပွတ်နေခဲ့သည်။ သူ၏မျက်နှာပေါ်တွင်တော့ ရှားရှားပါးပါး လေးနက်သော အမူအရာတစ်ခု ရှိနေခဲ့၏။

ကျစ်ကွေးက အလွန်ခေါင်းမာသော အစ်မကြီးကို လူဆိုးလေးကုစန့်ဆီသို့ ခေါ်သွားခဲ့ပြီး ငွေကြေးကို စိတ်မဝင်စားသော လူငယ်လေးက သူ၏ ခြံဝန်းဆီသို့ လျှောက်သွားခဲ့သည်။

အလွန်ဉာဏ်ကောင်းသော စုန့်ကျိရှင်းကတော့ မှင်သက်စွာ ထိုင်နေသေး၏။ ထိုလူငယ်လေး၏ မျက်လုံးထဲတွင်တော့ ရွှံ့ပုလင်းလမ်းကြား၏ အလယ်တွင် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက် ရပ်နေသည်။

အရပ်ရှည်ရှည် မိန်းမပျို၏ နောက်‌ကျောကို ခဏကြာ ကြည့်နေခဲ့ပြီးနောက် သူက အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ခြံဝန်းထဲသို့ လျှောက်သွားခဲ့၏။ သို့သော် သစ်သားတံခါးကတော့ အချိန်တော်တော်ကြာ ပွင့်မနေခဲ့ပေ။

စုန့်ကျိရှင်းက ထိုခံစားချက်ကို အလွန်မုန်းသည်။ မည်သည့်အရာကိုမျှ စိတ်မဝင်စားသော လူတစ်ယောက်က အိမ်သာထဲတွင် ရှိနေသော ကျောက်တုံးတစ်တုံးကဲ့သို့ ဖြစ်သည်။ အကယ်၍ သူက မလှုပ်လျှင်ပင် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေခဲ့သည်။ သူက လှုပ်ရှားလိုက်မည်ဆိုလျှင်လည်း ညစ်ပတ်သည်ဟု တွေးမိပြန်၏။

ရလဒ်အနေနှင့် ထိုလူငယ်လေးက နောက်တွင် ရှိနေသော ဖူနန်းဟွာ၏စကားကို ရှင်းရှင်းလင်းလင်း မကြားနိုင်တော့ပေ။ နဂါးအိုမြို့မှ လူငယ်လေးက သူ့ကိုယ်သူသာ အကြိမ်ကြိမ် အပြစ်တင်လိုက်မိသည်။

“စုန့်ကျိရှင်း…

ဒီကမ္ဘာကြီးထဲမှာ အရမ်းထူးခြားတဲ့ လူတစ်ယောက်ယောက်အကြောင်းကို သိလား..”

နောက်ဆုံးတွင်တော့ စုန့်ကျိရှင်းက သတိပြန်ဝင်လာခဲ့သည်။ သူက ပြန်လှည့်ပြီး ကြည့်လိုက်၏။ ဆံထိုးနှင့် ပိုးဖဲဝတ်ရုံဝတ်ထားသော ဖူနန်းဟွာကိုကြည့်ပြီး သူက ပြောလိုက်သည်။

“ငါ သိတယ်…”

ဖူနန်းဟွာက ပြောတော့မည့် စကားလုံးများကို ပြန်လည်မျိုချထားလိုက်သည်။ သို့သော် သူက‌တော့ လက်မခံနိုင်သေးပေ။ သူက အပြုံးနှင့် မေးလိုက်၏။

“မင်းက ဘာကို သိတာလဲ…”

မြို့ငယ်လေးထဲမှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်၏ မျက်လုံးထဲတွင် အေးစက်မှုများ ရှိနေသည်။ သူက ခနဲ့သလို ပြောလိုက်၏။

“သူတို့က လူသေကို ပြန်ရှင်အောင် လုပ်နိုင်ပြီး အရိုးတွေ၊ ကြွက်သားတွေကို ပြန်ပေါက်အောင် လုပ်နိုင်တယ်။ ထာဝရအသက်ရှင်နိုင်ပြီး အဆုံးအစမဲ့ တာအိုသဘောတရားတွေ ရှိနေတယ်လို့ ပြောချင်တာ မဟုတ်လား…”

ဖူနန်းဟွာက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ငါတို့က တာအိုတစ်ဝက် မိတ်ဆွေတွေလို့ သတ်မှတ်နိုင်တယ်…”

စုန့်ကျိရှင်းက တစ်ဖက်ခြံဝန်းထဲကို လှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အနည်းငယ် စဉ်းစားနေခဲ့၏။

ဖူနန်းဟွာက ထူးဆန်းစွာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ငါတို့က ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့။ မင်းဆီမှာ ဘာပစ္စည်းပဲရှိရှိ၊ မင်းသာ ဈေးပြောလိုက်မယ်ဆိုရင် ငါက ရှိတဲ့အရာအားလုံးကို ရောင်းချပြီး ဝယ်မယ်..”

စုန့်ကျိရှင်းက သံသယဝင်စွာ ပြောလိုက်သည်။

“မင်းနဲ့ အဲဒီမိန်းကလေးနှစ်ယောက်ထဲမှာ မင်းရဲ့ မိသားစုအဆင့်အတန်းက ပိုမြင့်တယ်လို့ ငါ မြင်တယ်။ သူကတောင် တစ်ဖက်ခြံထဲမှာရှိတဲ့ ကောင်လေးကို အဲဒီလို ဆက်ဆံနေမှတော့ မင်းက ဘာကြောင့် ငါ့ကို ဒီလို….”

ဖူနန်းဟွာက သူ၏စကားလုံးများကို အဆုံးသတ်ပေးလိုက်သည်။

“တန်းတူ ဆက်ဆံနေတာကို ပြောချင်နေတာလား..”

စုန့်ကျိရှင်းက ခေါင်းညိတ်ပြီး ချီးကျူးလိုက်သည်။

“မင်းက တော်တော် ဉာဏ်ကောင်းတာပဲ။ မင်းနဲ့ စကားပြောရတာ သိပ်မခက်ဘူး..”

ဖူနန်းဟွာကတော့ ထိုလူငယ်၏ ဆောင့်ကြွားကြွားပုံစံကို ဂရုမစိုက်ပေ။ ချိုက်ကျင်းကျန့်က မြက်ဖိနပ် လူငယ်လေးကို ဆက်ဆံသည့်ပုံစံနှင့် လုံးဝကွဲပြားစွာ ဖူနန်းဟွာကတော့ စုန့်ကျိရှင်းကို မဆက်ဆံခဲ့ပေ။

ဖူနန်းဟွာက သူ့ရှေ့တွင် ရှိနေသော လူငယ်လေးကို ဆွေမျိုးတစ်ယောက်ပမာ သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤလမ်းမပေါ်တွင် အဆင့်မြင့်ခြင်း၊ အဆင့်အတန်း မြင့်မားခြင်း၊ ယောကျ်ား မိန်းမ ကွဲပြားခြင်း၊ အသက်အရွယ် အားလုံးက အဓိပ္ပာယ် ကင်းမဲ့လှသည်။

စုန့်ကျိရှင်းက နံရံပေါ်မှ ခုန်ဆင်းလာပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“အိမ်ထဲမှာ စကားပြောကြရအောင်…”

ဖူနန်းဟွာက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ…”

စုန့်ကျိရှင်းက တံခါးဘောင်ပေါ်သို့ နင်းလိုက်သည့်အချိန်တွင် အေးအေးဆေးဆေး မေးလိုက်သည်။

“ငါ့မှာ မေးစရာ ရှိတယ်။ မင်းနဲ့ အဲဒီမိန်းကလေးရဲ့ ပတ်သက်မှုက ဘယ်လိုလဲ…”

ဖူနန်းဟွာက စဉ်းစားနေခြင်း မရှိဘဲ ပြောလိုက်သည်။

“အချိန်အတိုင်းအတာတစ်ခုအထိ ငါတို့က တစ်ဖွဲ့တည်းပဲ။ ဒါပေမဲ့ လူချင်းတော့ မတူဘူး…”

“ဟုတ်လား…”

ထို့နောက် စုန့်ကျိရှင်းက ထူးဆန်းသော အမူအရာနှင့် ပြောလိုက်သည်။

“မင်းတို့တွေက တော်တော်ရှုပ်ထွေးတာပဲ။ ပွင့်လင်းမှုလည်း မရှိဘူး။ အပြင်ဘက် ကမ္ဘာကြီးမှာ အင်မော်တယ်တွေ၊ နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေ ရှိတယ်လို့ ငါကြားဖူးတယ်။ ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်သာဆိုရင် ရန်ငြိုးရှိလိုက်တာနဲ့ အနာဂတ် ပြဿနာတွေ ဖြစ်မလာအောင် ကျူပင်ခုတ် ကျူငုတ်ပါမကျန် ရှင်းပစ်သင့်တာ မဟုတ်လား…”

မည်သို့ဖြစ်စေကာမူ သူက ဖူမိသားစု၏ သားအကြီးဆုံးဖြစ်ပြီး နဂါးအိုမြို့ထဲတွင် ကြီးပြင်းလာသော အင်မော်တယ်များ၏ မျိုးဆက်လည်း ဖြစ်သည်။ သူက အခြေအနေမျိုးစုံနှင့် အသားကျနေခဲ့သည်။ ထိုစကားများကို ကြားသည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ ခံစားချက် လုံးဝ ပေါ်မလာခဲ့ပေ။

စုန့်ကျိရှင်းက အပြုံးနှင့် မေးလိုက်၏။

“မင်းတို့နှစ်ယောက်ရဲ့ကြားထဲမှာ ရန်ငြိုးရှိလား….”

လူငယ်က မျက်လုံးပြူးသွားပြီး အံ့သြသွားချင်ယောင်ဆောင်လိုက်သည်။

“မင်း ဘာတွေ ပြောနေတာလဲ…”

သူ့ရှေ့တွင် ရှိနေသောလူငယ်က ရူးချင်ယောင်ဆောင်နေကြောင်း မြင်လိုက်သည့်အခါ စုန့်ကျိရှင်းကတော့ သူ၏မျက်နှာအမူအရာကို ဖုံးကွယ်ထားလိုက်ပြီး ခန်းမထဲတွင် ဦးဆောင်၍ ထိုင်လိုက်သည်။

သူက ဖူနန်းဟွာကို ထိုင်ရန် လက်ပြလိုက်ပြီး အလေးအနက် ပြောလိုက်၏။

“ငါနဲ့ ချန်းပင်အန်းက ငယ်ငယ်ကတည်းက အိမ်နီးချင်း ဖြစ်နေတာ ကြာလှပြီ။ ငါတို့တွေက နှစ်ပေါင်းများစွာ အိမ်နီးချင်း ဖြစ်နေခဲ့တာပဲ။ ငါတို့က လုံးဝ ပြဿနာမဖြစ်ခဲ့ကြဘူး။ ယုံတာ မယုံတာကတော့ မင်းအပိုင်းပဲ…”

ဖူနန်းဟွာက ထိုလူငယ်ပြောသည့် စကားလုံး၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားခဲ့သည်။ တစ်ဖက်ခြံတွင် ရှိနေသော လူငယ်လေးက အားကိုးစရာ မရှိချေ။ သူက ကျောထောက်နောက်ခံ မရှိသော ဗေဒါပင်တစ်ပင်သာ ဖြစ်သည်။ အကယ်၍ သူသေသွားမည် ဆိုလျှင်လည်း သေရမည်သာ ဖြစ်သည်။ မည်သူကမျှ ထိုကိစ္စကို စိတ်မဝင်စားချေ။

နဂါးအိုမြို့မှ လူငယ်လေးကတော့ ရယ်ရမလား ငိုရမလားပင် မသိခဲ့ချေ။ ဤလမ်းကြားလေးထဲတွင် ဖြစ်ခဲ့သော အဖြစ်အပျက်က အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားမိလာခဲ့သည်။

တစ်ဖက်ခြံမှ အလွန်ဆင်းရဲသော လူငယ်လေးက စုန့်ကျိရှင်းနှင့် အစေခံ၏ အိမ်လိပ်စာကိုပင် ဖုံးကွယ်ထားခဲ့သည်။ ထိုအတွက်ကြောင့် သူက မထင်မှတ်ထားခဲ့သော ကံဆိုးမှုကို ရင်ဆိုင်လိုက်ရခြင်းဖြစ်ပြီး အသက်ဆုံးရှုံးလုမတတ် ကြုံခဲ့ရသည်။

ယခုတော့ ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုတွင် မွေးဖွားလာပုံရသော စုန့်မိသားစု လူငယ်လေးက ဓားငှားပြီး လူတစ်ယောက်ကို သတ်ချင်နေခြင်း ဖြစ်သည်။ အကယ်၍ ဓားတစ်ချောင်းက မလုံလောက်လျှင် နောက်ထပ်ဓားတစ်ချောင်းကို သုံးရမည်ဖြစ်၏။

ဖူနန်းဟွာက သက်ပြင်းချလိုက်မိသည်။ ထို့ကြောင့်လည်း စကားပုံတစ်ခု ပေါ်လာရခြင်း ဖြစ်၏။ ကျားနှင့် ကျားသစ်တို့၏ သားသမီးများက သားကောင်များကို စားသုံးမည့် အငွေ့အသက်များ ရှိနေပြီးသား ဖြစ်သည်။

…………….

ကုစန့်တို့အိမ်၏ ခြံဝန်းထဲတွင် ကလေးငယ်ကို သူ့အမေက အတွင်းခန်းထဲတွင် တံခါးသော့ပိတ်ထားခဲ့၏။ အမျိုးသမီးနှင့် အင်မော်တယ်ဟုခေါ်သော အဘိုးအိုတို့ကတော့ အချင်းချင်း မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

အဘိုးအိုက သူ၏လက်ဖဝါးနှစ်ဖက်ကို ကန့်လန့်ဖြတ်တင်၍ ပြောလိုက်သည်။

“ရလဒ်ကိုတော့ ဆုံးဖြတ်ပြီးသွားပြီ….”

မိန်းမပျိုက ဇဝေဇဝါ ဖြစ်နေခဲ့၏။

“အင်မော်တယ်က ချန်းပင်အန်းကို ဘာလုပ်ဖို့ စဉ်းစားထားတာလဲ…”

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် အဘိုးအို၏ မျက်လုံးများက အလွန်တောက်ပလာကြောင်း သူမက တွေ့လိုက်ရသည်။ သူမက အလွန် ထိတ်လန့်သွားသည့်အတွက် ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ရ၏။

အဘိုးအိုက ခြံဝန်းတံခါးကို စိုက်ကြည့်နေပြီး အင်္ကျီလက်ကို ညှင်သာစွာ ဝှေ့ယမ်းလိုက်သည့်အချိန်တွင် ခြံဝန်းငယ်လေးထဲ၌ လေလှိုင်းတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် အဘိုးအိုက ပြောလိုက်၏။

“ငါ့ရဲ့ အဆင့်အတန်းအရ ငါက မသက်မသာ အခြေအနေမျိုးကို ရောက်လေလေ ပိုပြီးတော့ ခက်ခဲလာလေလေပဲ။ အခုအချိန်မှာ ငါက ငါ့ကိုယ်ငါ ကာကွယ်နိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ စုန့်ကျိရှင်း ပြောသလို ဖြစ်လာလိမ့်မယ်။ အချိန်ဆွဲတာက ဘာမှမကောင်းဘူး။ ဒါက ကံကြမ္မာတွေ စွန်းထင်းနေတဲ့ အရာတစ်ခုကိုပဲ ဦးတည်လာလိမ့်မယ်။ အဲဒီကောင်လေးက ဒေါသကြီးတာတော့ ကံကောင်းသွားတယ်။ တကယ်လို့ သူက နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မယ်ဆိုရင်တောင် သူ့ရဲ့ ရိုးသားဖြူစင်မှုကို မကာကွယ်နိုင်သလို ကံဆိုးမှုကနေလည်း မလွတ်မြောက်နိုင်သေးဘူး။ မူလတုန်းက တွေးထားခဲ့တဲ့အတိုင်း အခြေအနေတွေက ပိုပြီးတော့ ဆိုးသွားခဲ့ပြီ။ ကြည့်ရတာတော့ ငါက ဒီအခွင့်အရေးကို အရယူပြီး ဒီကောင်လေးရဲ့ အသက်ကို အဆုံးသတ်နိုင်မလား ကြည့်ရမယ်…”

“ငါက အင်မော်တယ်တွေ၊ သူတော်စင်တွေ ရှာတွေ့နိုင်တဲ့ အခြေအနေကို ဖြတ်တောက်ထားလိုက်မယ်ဆိုရင် သူတို့က နောက်ပိုင်း ပြဿနာ မရှာနိုင်တော့ပါဘူး။ ဒါဆိုရင် ငါ့တပည့်က နောက်ပိုင်း အင်မော်တယ်လမ်းကြောင်းကို တက်လှမ်းနိုင်ပြီး တိမ်တွေ၊ မိုးကြိုးတွေပေါ်မှာ စီးနင်းသွားလာနိုင်လိမ့်မယ်။ နောက်ဆုံးမှာတော့ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်…”

အမျိုးသမီးက ဘေးတွင် ထိုင်ပြီး စိတ်လှုပ်ရှားစွာ နားထောင်နေခဲ့သည်။ သူမ၏ နဖူးပေါ်မှ ချွေးများ ကျနေခဲ့၏။

အဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။

“အဲဒါက မထူးဆန်းဘူးလား။ သူက တိမ်တိုက်တွေထဲမှာ နေထိုင်တဲ့ လူတစ်ယောက် ဖြစ်လာပြီး ကမ္ဘာကြီးရဲ့အရေးကိစ္စတွေကို ဂရုစိုက်စရာ မလိုတော့ဘူးလေ။ ဘာကြောင့် သူက လေ့ကျင့်မှုကိုပဲ အာရုံစိုက်ရမှာလဲ။ အချိန်အကြာကြီး လေ့ကျင့်ပြီးသွားရင် သူက ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက်တွေကိုပဲ လေ့ကျင့်နိုင်တော့မှာလား။ သူက မင်းလို သာမန်လူတစ်ယောက်ထက်တော့ ပိုပြီးထူးခြားတာပေါ့…”

အမျိုးသမီးက အလျင်အမြန် ခေါင်းငုံ့ပြီး တုန်ယင်နေသောအသံနှင့် ပြောလိုက်သည်။

“ကျွန်မက အဲဒီလိုမျိုး လုံးဝ မစဉ်းစားရဲပါဘူး…”

အဘိုးအိုက ပြုံးလိုက်ပြီး ယွင်ရှားတောင်မှ ချိုက်ကျင်းကျန့် တံခါးလာခေါက်မည့် အချိန်ကို တိတ်တဆိတ် စောင့်နေခဲ့သည်။

ကျင့်ကြံခြင်း လမ်းမပေါ်တွင် အဆုံးမဲ့ မှော်စွမ်းရည်များ ရှိနေခဲ့၏။ အကြောင်းပြချက် အကြီးအသေးမျိုးစုံရှိနေသလို မြင့်မားသော တာအို၊ နိမ့်ကျသောတာအိုများလည်း ရှိသည်။

“ချိုက်ကျင်းကျန့်က ချန်းပင်အန်းကို ပုရွက်ဆိတ်တစ်ကောင်လို သတ်မှတ်ထားတယ်။ ငါကလည်း သူနဲ့ ဖူနန်းဟွာတို့ကို ပုရွက်ဆိတ်လို သတ်မှတ်လို့ မရဘူးလား။ ဘာလို့ ငါက ခြေထောက်အောက်မှာရှိတဲ့ ပုရွက်ဆိတ်တွေနဲ့ အကြောင်းပြချက်တွေ ပြောနေရမှာလဲ…”

All Chapters