← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

မျက်နှာကာ ဦးထုပ်ဆောင်းထားသော မိန်းမပျိုကတော့ သူမဆီကို လျှောက်လာနေသော လူငယ်ကို ဂရုမစိုက်ခဲ့ပေ။ သူမက လူငယ်၏ ပုခုံးကိုကျော်ပြီး သူ့နောက်မှ ကပ်လိုက်လာနေသော အရပ်ရှည်ရှည် အဘိုးအိုကိုသာ လှည့်ကြည့်လိုက်သည်။

သူမက မှုန်ကုတ်ကုတ် မျက်နှာအမူအရာနှင့် ပြောလိုက်၏။

"ရှင်က အခုလေးပဲ ကျွန်မကို သတ်ချင်နေခဲ့တယ်။ ရှင့်မှာ အကြောင်းပြချက်တွေ ရှိနိုင်ပေမယ့် အဲဒါက မှန်မယ်လို့တော့ ကျွန်မ မထင်ဘူး…"

လူငယ်က အလွန်အေးစက်ပုံရသော မိန်းမပျိုနှင့် ခြေ (၇) လှမ်း ၊ (၈)လှမ်းခန့် အကွာတွင် ရပ်တန့်လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

"ငါ့နာမည်က ကောင်းကျန်းလို့ခေါ်တယ်။ ငါက တာ့ဆွေအင်ပါယာ ယိရန်တိုင်းပြည်ကပါ…။ တကယ်လို့ အဘိုးဝူက မိန်းကလေးကို အပြစ်ပြုမိခဲ့တယ်ဆိုရင် ငါကပဲ တောင်းပန်ပြီး လျော်ကြေးပေးချင်ပါတယ်…"

လူငယ်၏ နောက်တွင် ရှိနေသော အရပ်ရှည်ရှည် အဘိုးအိုဆီတွင်တော့ အလွန်ရှုပ်ထွေးသော ခံစားမှုများ ရှိနေခဲ့သည်။ တာ့ဆွေအင်ပါယာ ယိရန်တိုင်းပြည်မှ ကောင်းမိသားစု၏ မျိုးဆက်ဟူသည်မှာ သွယ်ဝိုက်သော နည်းလမ်းနှင့် ပြောလိုက်ခြင်းသာ ဖြစ်သည်။

တာ့ဆွေအင်ပါယာက နှစ်ပေါင်း (၁၂၀၀) သမိုင်းကြောင်း ရှိသည်။ ပလ္လင်ပေါ်တွင် ထိုင်နေသော သူများကလည်း မျိုးရိုးနာမည်ကောင်းဟူ၍ ရှိကြ၏။ ပထမဆုံး အင်ပါယာကတော့ ယိရန်တိုင်းပြည်မှ ဖြစ်ကြသည်။

မိန်းမပျိုကတော့ ထိုအရာကို ဂရုမစိုက်ခဲ့ပေ။ သူမက လက်မြှောက်လိုက်ပြီး ပတ်တီးကို တင်းတင်းစည်းလိုက်သည်။ သူမက အဘိုးအိုကို ပြောလိုက်၏။

"တကယ်လို့ ကျွန်မတို့က အပြင်ဘက်မှာဆိုရင်တော့ လေလှိုင်းနဲ့အတူ သွားလာနိုင်တဲ့ သိုင်းသခင်တစ်ယောက်ကို အနိုင်ရနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်မသာ ဓားပျံကို သုံးလိုက်မယ်ဆိုရင် ရှင်က သေချာပေါက်သေရလိမ့်မယ်…"

အရပ်ရှည်ရှည် အဘိုးအိုက ခနဲ့သလို ပြောလိုက်သည်။

"လုပ်ကြံသူကသာ မင်းရဲ့ဝှက်ဖဲကို သိသွားပြီဆိုရင် သူ့ရဲ့ပင်မအစိတ်အပိုင်းတွေကို ကာကွယ်နိုင်ရုံနဲ့ မင်းက (၁၀) ကြိမ်လောက် ထိုးဖောက်လိုက်မယ်ဆိုရင်တောင် ကိစ္စမရှိတော့ဘူး။ ငါက မင်းထက် အဆင့် (၂) ဆင့်လောက် ပိုပြီးတော့ မြင့်နေတာပဲလေ။ အဆင့်တစ်ဆင့်ကတော့ သိုင်းပညာမှာ သဘာဝအတားအဆီးတစ်ခုလို့တောင် သတ်မှတ်နိုင်တယ်။ မိန်းကလေး သေချာပေါက် သတ်နိုင်တယ်ဆိုတဲ့ မင်းရဲ့ယုံကြည်ချက်တွေက ဘယ်နေရာကနေ ရောက်လာလဲဆိုတာ ငါ မသိဘူး…"

မိန်းမပျိုက မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက လက်တစ်ဖက်နှင့် ဓား၏လက်ကိုင်ကို ကိုင်ထား၏။

"ကျွန်မက ပြဿနာကို ကြောက်တဲ့ လူစားမျိုးပဲ။ ကျွန်မက လူတွေနဲ့ငြင်းခုံနေရမှာကို မုန်းတယ်။ တကယ်လို့ အဲဒါက မှန်မမှန် သိချင်တယ်ဆိုရင် ကျွန်မတို့က ဘယ်သူနိုင်မလဲဆိုတာ တိုက်ခိုက်ကြည့်ကြရင် မကောင်းဘူးလား။ ရှင် ဘယ်လိုသဘောရလဲ…"

ဘဝတစ်လျှောက်လုံး ခြိမ်းခြောက်မှုခံရသည်မှာ အလွန်နည်းပါးသော အဘိုးအိုက အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ အကယ်၍ သူတို့ကသာ အလွန်ရွံရှာစရာကောင်းပြီး သစ္စာဖောက်များ ပြည့်နေသော နေရာတစ်ခု၌ ရောက်နေခြင်း မဟုတ်လျှင် ထိုမိန်းမပျိုက မည်မျှပါရမီရှိစေကာမူ အဘိုးအိုက လက်တစ်ဖက်တည်းနှင့် ထိုမိန်းကလေး (၁၀) ယောက်ခန့်ကို သတ်ပစ်နိုင်စွမ်း ရှိသည်။

အကယ်၍ နောက်ကို တစ်လှမ်းဆုတ်၍ စဉ်းစားကြည့်လိုက်မည်ဆိုလျှင် တာ့ဆွေအင်ပါယာ၏ မျှော်လင့်ချက်ဖြစ်သော မင်းသားလေးကို ဂရုစိုက်ရသည့် ကြီးလေးသောတာဝန်သာ မရှိခဲ့လျှင် အဘိုးအိုက အလွန်မောက်မာသော မိန်းမပျိုကို သင်ခန်းစာပေးမိပါလိမ့်မည်။

နွားပေါက်လေး တစ်ကောင်က ကျားတစ်ကောင်ကို မကြောက်တတ်ပေ။ သူမ၏သတ္တိကတော့ စံတင်လောက်သည်။ သို့သော် ထိုအတွက်ကြောင့် ကျားက နွားပေါက်လေးကို မစားခြင်း မရှိချေ။

ပိုးဖဲဝတ်ရုံဝတ်ထားသည့် လူငယ်က ပြဿနာကို ပြေလည်စေရန် အလျင်အမြန် ဝင်ပြောလိုက်သည်။

"တကယ်လို့ မိန်းကလေးက ဒီကိစ္စကို မကျေနပ်ဘူးဆိုရင်တော့ ငါက ဒီပစ္စည်းကို လျော်ကြေးအနေနဲ့ ပေးချင်ပါတယ်…"

ကောင်းကျန်းက ခေါင်းငုံ့လိုက်ပြီး ခါးတွင် ချိတ်ထားသော အဝတ်အိတ်ကို ဖွင့်လိုက်သည်။ သူက နန်းတွင်းကျောက်စိမ်းတံဆိပ်တုံးကို ထုတ်လိုက်ပြီး လက်တစ်ဖက်တွင်ကိုင်၍ မျက်နှာကာ ထားသော မိန်းမပျိုဆီသို့ လှမ်းပြလိုက်သည်။

"ဒါက ငါ့ရဲ့သဘောထားကို ပြသတာပါ။ အဘိုးဝူက တမင်တကာ ရန်စတာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက သစ္စာရှိမှုနဲ့ အမှန်တရားကြောင့်သာ လုပ်ဆောင်ခဲ့တာ။ သူ့မှာ တခြားသူတွေကို ထိခိုက်စေလိုတဲ့ဆန္ဒ မရှိပါဘူး…"

ဆံပင်နှင့် မျက်ခုံးမွှေးဖြူနေသော အရပ်ရှည်ရှည် မိန်းမစိုးအိုကြီးက ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ သူက ချက်ချင်းပင် ဒူးထောက်ပြီး စိုးရိမ်တကြီး ပြောလိုက်၏။

"မင်းသားလေး ….

ပေးလို့မရပါဘူး။ နန်းတွင်းကျောက်စိမ်းတံဆိပ်က မင်းသားလေးအတွက် အခွင့်အရေးတစ်ခုပါ။ ဒါက လူတွေရဲ့အငွေ့အသက်ကို သယ်ဆောင်နိုင်တဲ့ ရှားပါးပြီး သန့်စင်တဲ့ ရတနာတစ်ခုပါ။ အဲဒီအရာ (၂) ခုကို ဘယ်လိုဖြစ်ပြီး ယှဉ်လို့ရမှာလဲ။ မင်းသားလေးက ဒီအစေခံအိုကြီးကို သေသွင်းထဲ တွန်းပို့နေသလို ဖြစ်နေပါတယ်.."

ကောင်းမျိုးရိုး လူငယ်လေး၏မျက်နှာက တည်ငြိမ်သွားခဲ့သည်။

မိန်းမပျိုကတော့ စိတ်မရှည်နိုင်သလို ထင်ရ၏။ သူမက ခနဲ့သလို ပြောလိုက်သည်။

"ရှင်က ရေတွင်းထဲက ဖားတစ်ကောင်လိုပဲ။ အရာအားလုံးမှာ ကိုယ်ပိုင်လုပ်နိုင်စွမ်းတွေ ရှိကြတယ်။ နန်းတွင်းကျောက်စိမ်းတံဆိပ်ကို ပြန်ယူထားလိုက်ပါ။ ကျွန်မက တခြားလူမပေးချင်တဲ့အရာတစ်ခုကို မယူချင်ဘူး…"

မိန်းမပျိုက ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်လေးက စိတ်အေးသွားခဲ့၏။

"အဘိုးဝူ …

ပြန်ထလိုက်ပါ။ ဒူးထောက်တယ်ဆိုတာ မမှန်ပါဘူး။ တာ့ဆွေအင်ပါယာရဲ့ ဝူတျောင်ကျောင်းဆောင် (၁၂) ခုက ရှင်ဘုရင်ကိုပဲ ဒူးထောက်ကြတာ။ တကယ်လို့ ဒီအရာကိုသာ စီမံရေးဌာနမှာ ရှိတဲ့သူတွေ မြင်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ (၂)ယောက်လုံး ဒုက္ခရောက်လိမ့်မယ်။ ပြီးတော့ မြို့ငယ်လေးကို လာတဲ့ခရီးလမ်းက ဘိုးဘေးတွေရဲ့ အကာအကွယ်ကြောင့် အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပြီ။ အခြေအနေတွေကို ရှုပ်ထွေးအောင်မလုပ်ဘဲ ဒီနေရာကနေ မြန်မြန်ထွက်သွားကြမယ်။ ကျွန်တော်တို့က အပြင်ဘက်မှာရှိတဲ့ ကိုယ့်လူတွေနဲ့ တွေ့ပြီးသွားရင်တောင် သတိလွတ်နေလို့မရဘူး။ တာ့လီအင်ပါယာရဲ့ ထောက်တိုင် (၆) ခုထဲမှာ ရွမ်မိသားစုနဲ့ ချောင်မိသားစုတို့က ကျွန်တော်တို့ကို ဆန့်ကျင်နေကြတယ်။ တာ့လီရဲ့ထောက်တိုင် (၂) ခုက တာ့ဆွေအင်ပါယာက ကောင်းမိသားစုနဲ့ မပြေလည်နိုင်တဲ့ ရန်ညှိုးတွေ ရှိနေတာ ကံဆိုးသွားတယ်။ တကယ်လို့ အဘိုးဝူသာ ဒီနေရာမှာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်က တာ့ဆွေအင်ပါယာကို လုံလုံခြုံခြုံပြန်ရောက်ဖို့ ခက်သွားလိမ့်မယ်…"

အဘိုးအိုက ခေါင်းညိတ်ပြီး ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

"ဒီအစေခံအိုကြီးက ဒီကိစ္စရဲ့လေးနက်မှုကို သိပါတယ်။ စိတ်အေးအေးထားပါ.”

အဘိုးအိုက စိတ်အေးအေးထားပါဟု ပြောလိုက်သည့်အချိန်တွင် မျက်နှာကာ ဦးထုပ်ဆောင်ထားသော မိန်းမပျိုက ခြေလှမ်း (၂၀) ကျော် လျှောက်ပြီးသွားပြီ ဖြစ်သည်။

ထိုအချိန်တွင် ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်လေးက လေလှိုင်းတစ်ခုကို ခံစားလိုက်ရ၏။ သူ့ခေါင်းပေါ်တွင် ရှိနေသော ဆံပင်များက လှုပ်ရှားသွားခဲ့သည်။ သူ့ဘေးတွင် ရှိနေသော အဘိုးအိုက ထိုမိန်းမပျိုကို အလွတ်ပေးရန် ဆန္ဒမရှိခဲ့ပေ။

ထိုအချိန်တွင် သူက ရှေ့ကို တစ်ရှိန်ထိုး ပြေးထွက်သွားခဲ့၏။ သူ လှမ်းသွားသော ပထမခြေလှမ်း (၃) လှမ်းက လမ်းကြားလေး၏ မြေပြင်ပေါ်တွင် အလွန်လေးလံနေသည်။ အသံက ကျယ်လောင်လွန်းလှပြီး မြေအောက်ထဲတွင် (၁၀)ပေကျော် အနက်ထိအောင် ရောက်သွားခဲ့၏။

သူက (၄) လှမ်းမြောက် ခြေလှမ်းကို လှမ်းလိုက်သည့်အချိန်တွင် အဘိုးအိုက လေထဲသို့ ခုန်လိုက်ပြီး မိန်းမပျို၏နောက်ကျောကို လက်သီးနှင့် ထိုးလိုက်သည်။

မျက်နှာကာ ဦးထုပ်ဆောင်ထားသော မိန်းမပျိုက ခါးလေးကို ရုတ်တရက် လှုပ်ရှားလိုက်၏။ သူမက ဘယ်ခြေဖျားကို ထောက်လိုက်ပြီး ညာဘက်လက်နှင့် ဓားကို ဆွဲထုတ်လိုက်သည်။ ထိုအချိန်တွင် လမ်းကြားလေးထဲ၌ တလက်လက် တောက်ပနေသော အဖြူရောင်အလင်းတန်းများ ပေါ်လာခဲ့၏။

အရပ်ရှည်ရှည် အဘိုးအိုက ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး ဓားထိပ်ဖျားကို လက်သီးနှင့် ထိုးလိုက်သည်။ သူ၏လက်ခုံပေါ်တွင်တော့ ဓား၏အချွန်ကြောင့် ပြတ်ရာတစ်ခု ပေါ်လာခဲ့၏။

မိန်းမစိုးအိုကြီး၏ ခြေထောက်က မြေပေါ်သို့ ပြန်ကျလာပြီးနောက် သူက ရှေ့သို့ တဟုန်ထိုး ပြေးလာပြီး မိန်းမပျိုကို နောက်သို့ တွန်းပစ်လိုက်သည်။ ထို့နောက် အဘိုးအိုက လက်ဝါးနှင့် ရိုက်ချလိုက်၏။

ထိုလက်ဝါးချက်က ဖြည်းညင်းပြီး တည်ငြိမ်နေပုံ ထင်ရသော်လည်း မိန်းမပျို၏နဖူးဆီသို့ လျှပ်စီးကြောင်းပမာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။ အဘိုးအိုက သူ၏စွမ်းအားကို မြှင့်တင်ပြီး မျက်နှာကာ ဦးထုပ်အောက်တွင်ရှိသော ခေါင်းကိုဖျက်ဆီးရန် ပြင်လိုက်သည့်အချိန်တွင် သူက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး တစ်ဖက်တွင် ခြေချလိုက်၏။

"ဖောက်…"

သူ ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် အလွန်ထက်မြက်သော လက်နက်တစ်ခုက သူ၏ညာဘက်ရင်ဘတ်ကို အနောက်ဘက်မှ ထိုးဖောက်လာကြောင်း တွေ့လိုက်ရသည်။ ထိုအရာက ဓားထိပ်ဖျား ဖြစ်၏။

အဘိုးအို၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက လက် (၂) ဖက်နှင့် ဓားထိပ်ဖျားကို ကိုင်ပြီး နောက်ပြန်တွန်းပို့လိုက်သည်။ သူက အလွန်ထက်မြက်သော ဓားပျံကို နောက်သို့ အတင်းအကျပ် တွန်းပို့လိုက်ရ၏။

ဓားပျံ၏ နှောင့်ယှက်မှုကြောင့် မိန်းမစိုးအိုကြီးက မိန်းမပျို၏ခေါင်းကို လက်ဝါးနှင့် မရိုက်နိုင်ခဲ့သလို နောက်သို့ လွင့်သွားသော မိန်းမပျိုက လမ်းကြားထဲသို့ ကျဆင်းသွားခဲ့သည့်အတွက် သူမက အသက်ရှူရန် အခွင့်အရေး ရသွားခဲ့သည်။ သူမက လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး လမ်းနှစ်ခွမှနေ၍ ပျောက်ကွယ်သွားခဲ့၏။

လူငယ်၏ မျက်နှာကတော့ အတော်လေးကို ကြောက်စရာကောင်းနေခဲ့သည်။ သူက လက်သီးဆုပ်ပြီး ဒေါသတကြီး ပြောလိုက်၏။

"တော်ဝင်မြင်းထိန်း မိန်းမစိုးဝူယွဲ့ …

ဘာလို့ကျုပ်ရဲ့စကားကို နားမထောင်ဘဲ ခေါင်းမာမာနဲ့ တိုက်ခိုက်နေရတာလဲ။ ခင်ဗျားတို့ ဝူတျောင်ကျောင်းဆောင်က ဒီမြို့ငယ်လေးထဲမှာ ပြိုင်ဘက်ကင်းဖြစ်နေပြီလို့ ထင်နေတာလား။ အစောကတည်းက ကျုပ်တို့က မှားနေတာ။ ဒီအဖြစ်အပျက်ပြီးသွားရင် သူ့ကို တွန်းအားပေးလို့ မရတော့ဘူး။ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလို့လည်း မရနိုင်တော့ဘူး။ ဘာလို့များ ဒီလောက်တောင် ရက်စက်ချင်နေရတာလဲ။ ခင်ဗျားက တော်တော်လွန်လွန်းသွားပြီ.."

မိန်းမစိုးအိုကြီးက မိန်းကလေး ထွက်ပြေးသွားသော နေရာကို ကြည့်နေရာမှ ပြန်လှည့်လာခဲ့သည်။ သူက နောက်ပြန်လျှောက်လာခဲ့၏။ သူ့နောက်ကျောက မတ်မတ်ရှိနေပြီး သူ့ပုံစံက အလွန်ကြီးကျယ်ခမ်းနားပုံရသည်။

အဘိုးအိုက နောက်သို့ ဖြည်းညင်းစွာ တစ်လှမ်းချင်း ပြန်လျှောက်လာသည့်အချိန်တွင် သူက လူငယ်၏နှလုံးသားကို နင်းလျှောက်နေသလို ထင်ရသည်။ လူငယ်က မွန်းကျပ်ဖွယ် အငွေ့အသက်များကို ခံစားလိုက်ရပြီး အစေခံ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည့်အတွက်ပို၍ပင် ဒေါသထွက်လာခဲ့၏။

သူက မျက်လုံးပြူးပြီး အံကြိတ်၍ ပြောလိုက်သည်။

"တော်ဝင်မြင်းထိန်း ဝူယွဲ့…

ခင်ဗျားက အပြစ်ကြီးတစ်ခု ကျူးလွန်လိုက်ပြီ…"

မိန်းမစိုးအိုကြီးက တည်ငြိမ်စွာ ပြောလိုက်၏။

"မင်းသားလေး …

သေခြင်းတရားနဲ့ အပြစ်ပေးရမယ့် ပြစ်မှုမျိုးကို ဘုရင်ကြီးကိုယ်တိုင်ပဲ ဆုံးဖြတ်ရလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် မင်းသားလေးရဲ့လုံခြုံမှုက အရေးကြီးဆုံးပဲ။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ဒီမိန်းကလေးရဲ့ကိစ္စက အရေးပါတဲ့ကိစ္စတစ်ခုပဲ။ ဒါကြောင့် ကျွန်တော်တို့က အရာအားလုံး အဆင်ပြေချင်တယ်ဆိုရင် သူ့ကိုသတ်ပစ်မှပဲ ရလိမ့်မယ်။ သူ သေသွားတဲ့အချိန်မှပဲ ကျွန်တော်တို့မိသားစုက အေးအေးချမ်းချမ်း နေနိုင်လိမ့်မယ်.."

လူငယ်၏မျက်လုံးထဲတွင် ထိန်းချုပ်၍ မရနိုင်သော ဒေါသများကို မြင်သည့်အခါ မိန်းမစိုးအိုကြီးက သက်ပြင်းချပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်တော်က နန်းတော်အတွက် နှစ်ပေါင်း (၆၀) ကျော် အလုပ်လုပ်ပေးလာခဲ့တာ။ ကျွန်တော်က လှည့်စားမှုတွေ အများကြီး မြင်ခဲ့ဖူးတယ်။ သွေးထွက်သံယိုဖြစ်စေ သွေးမထွက်ပဲဖြစ်စေ အများကြီးကို မြင်ခဲ့ရတယ်။ ကျွန်တော်က လူတွေရဲ့ နှလုံးသားအပေါ် နည်းနည်းလေးတောင် ယုံကြည်ချက် မရှိဘူး။ ကျွန်တော် ကိုယ်တိုင် ဘုရင်ကြီးကို ကာကွယ်ဖို့အတွက် လုပ်ကြံသတ်ဖြတ်မှု အကြိမ် (၃၀) ထက်မနည်း ရင်ဆိုင်ခဲ့ဖူးတယ်။ အဲဒီလုပ်ကြံသူတွေအားလုံးက ကြောက်စရာကောင်းပြီး လှည့်စားတတ်ကြတာပဲ။ သူတို့တွေက လုံးဝခန့်မှန်းကြည့်လို့ မရနိုင်ဘူး။ အထူးသဖြင့် အသေခံရဲမက်တွေပဲ။ သူတို့တွေနဲ့ အကျိုးအကြောင်း ပြောနေလို့မရဘူး။ မျက်နှာဖုံးဝတ်ထားတဲ့ လုပ်ကြံသူရယ် ၊ မျက်နှာကာ ဦးထုပ်ဆောင်းထားတဲ့ မိန်းကလေးကလည်း ဥပမာတစ်ခုပဲ.."

ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်က မိန်းမစိုးအိုကြီးကို လက်ညှိုးထိုးပြီး အလွန်အေးစက်သော အမူအရာနှင့် ဒေါသတကြီး ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း မိန်းမစိုးအိုကြီး...

ကျုပ်က အဓိပ္ပာယ်မရှိတဲ့ ခင်ဗျားရဲ့စကားတွေကို နားမထောင်ချင်ဘူး။ ခင်ဗျားက သူ့ကို ခေါ်ချင်နေတဲ့ ကျုပ်ရဲ့ကြိုးစားအားထုတ်မှုတွေကို ပျက်စီးသွားအောင် လုပ်ခဲ့တာ။ ဓားပျံကို ထိန်းချုပ်နိုင်တဲ့ ဒီမိန်းကလေးက ဘယ်လောက် ထူးချွန်ထက်မြတ်လဲဆိုတာ မျက်ကန်းတစ်ယောက်တောင် သိနိုင်တယ်။ တောင်ပေါ်မှာရှိတဲ့ ကျင့်ကြံသူတွေထဲမှာတောင် သူက အထူးချွန်ဆုံး ပါရမီရှင်တစ်ယောက်ပဲ။ ဒီလိုလူတစ်ယောက်က တာ့ဆွေအင်ပါယာမှာပဲဖြစ်ဖြစ် တာ့လီနန်းတော်အင်ပါယာမှာပဲဖြစ်ဖြစ် အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးထဲမှာတောင် ရှားပါးတဲ့လူတစ်ယောက်ပဲ။ ကျုပ်က သူ့ကို (၁၀) နှစ် အများဆုံး အနှစ် (၂၀) လေ့ကျင့်ပေးလိုက်မယ်ဆိုရင် သူက ကျုပ်လက်အောက်မှာ အစွမ်းထက်ဆုံး လုပ်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်…”

“တကယ်လို့ ခင်ဗျားက မြေကမ္ဘာအင်မော်တယ် တစ်ယောက် ဒါမှမဟုတ် သိုင်းသခင် တစ်ယောက် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ရလဒ်ကရော ဘာလဲ။ ကျုပ်က ကောင်းကျန်း … တာ့ဆွေအင်ပါယာရဲ့ အနာဂတ်အိမ်ရှေ့မင်းသား။ ကျုပ်က ခင်ဗျားရဲ့သခင်ပဲ မိန်းမစိုးအိုကြီးဝူ…"

အဘိုးဝူက သူ့ကို မိန်းမစိုးအိုကြီးဟုခေါ်သော စကားလုံးကြောင့် ဒေါသထွက်သွားခဲ့ခြင်း မရှိသည်မှာ ထူးဆန်းလှသည်။ ထိုအစား သူက ပို၍ပင် ကျေနပ်နေပုံရ၏။ လူငယ်၏ဒေါသများ ပေါက်ကွဲပြီးသွားသည့်အချိန်တွင် သူက ကျိန်ဆဲနေခြင်းကို ရပ်တန့်လိုက်သည်။

မိန်းမစိုးအိုကြီးက မောပန်းနေသော လူငယ်လေးကိုကြည့်ပြီး ပြောလိုက်၏။

"မင်းသားလေး …

မင်းသားလေးက တချို့အရာတွေကို ကိုယ်တိုင်မကြုံရသေးတဲ့အတွက် ကမ္ဘာကြီးရဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကြောက်စရာကောင်းတဲ့ လူတွေရဲ့နှလုံးသားကို မသိရသေးဘူး။ ဒါပေမဲ့ မင်းသားလေးက ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒါက အရင်တုန်းက ဘုရင်ကြီးရဲ့ပုံစံနဲ့ တော်တော်လေးကိုတူတယ်.."

အခြေအနေက အိုးတိုးအမ်းတမ်း ဖြစ်နေခဲ့သည်။ ကောင်းကျန်းက ပြန်လည်တည်ငြိမ်သွားပြီးနောက် အမှားကြီးတစ်ခု လုပ်မိသွားကြောင်း နားလည်သွားခဲ့၏။ သူ့ကို အိမ်ရှေ့မင်းသားအဖြစ် မသတ်မှတ်ရသေးခင် သူက တော်ဝင်မြင်းထိန်း မိန်းမစိုးအိုကြီးတစ်ယောက်ကို မရိုမသေ လုပ်မိခဲ့သည်။

သူက တာ့ဆွေအင်ပါယာ၏ နန်းတော်ထဲတွင် အစောင့်အရှောက်(၃) ယောက်ထဲမှ တစ်ယောက်လည်း ဖြစ်၏။ ထို့ပြင် ထိုလူက သူ့ခမည်းတော်နှင့် မယ်တော်တို့ အလွန်ယုံကြည်နေသော လူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် မင်းသားကောင်းကျန်းက ပါးစပ်ဟလိုက်သည်။

သူက မိန်းမစိုးအိုကြီးကို ခေါ်လိုက်ကြောင်း မြင်သည့်အခါ မိန်းမစိုးအိုကြီးက အပြုံးနှင့် ပြောလိုက်၏။

"မင်းသားလေး …

တစ်ခုတော့ မှတ်ထားပါ။ ဘယ်တော့မှ မင်းသားလေးရဲ့အစေခံတွေကို တောင်းပန်ကြောင်း မပြောပါနဲ့။ ပြောဖို့မလိုဘူး။ ဒါက မင်းသားလေးရဲ့ အဆင့်အတန်းကို ပျက်စီးသွားစေသလို အစေခံကလည်း ခံစားနိုင်မှာ မဟုတ်ဘူး..”

“တကယ်လို့ မင်းသားလေးက အပြစ်ရှိသလို ခံစားရတယ်ဆိုရင်တောင် နှလုံးသားထဲမှာပဲ သိမ်းထားသင့်တယ်။ မင်းသားလေးက လူသားကမ္ဘာကြီးရဲ့ အစစ်အမှန် နဂါးအင်ပါယာတစ်ယောက် ဖြစ်လာမှာပါ။ ဒီကမ္ဘာကြီးရဲ့ အစစ်အမှန် အုပ်စိုးသူတစ်ယောက် ဖြစ်လာမှာ.."

ကောင်းကျန်းက ပြောလိုက်သည်။

"အဘိုးဝူ …

ကျွန်တော်ရဲ့လက်ရှိအဆင့်အတန်းနဲ့ အဲဒီလိုပြောဖို့ အရမ်းစောပါသေးတယ်…"

မိန်းမစိုးအိုကြီးက ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်လိုက်ရသည့်အလား ရုတ်တရက် တစ်ကိုယ်လုံး တင်းကျပ်သွားခဲ့သည်။ သူက လူငယ်ကို သူ့နောက်သို့ ဆွဲခေါ်ထားလိုက်ပြီး မျက်နှာဖုံးအုပ်ထားသော လုပ်ကြံသူ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်၏။

ထိုအချိန်တွင် လမ်းကြား၏အဆုံးမှနေ၍ သက်လတ်ပိုင်းအရွယ် စာသင်သား တစ်ယောက် ပေါ်လာခဲ့သည်။ သူက လုပ်ကြံသူ၏ ခန္ဓာကိုယ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထိုလူ၏ မျက်နှာဖုံးကို ချွတ်လိုက်၏။

ထိုအချိန်တွင် ထူးဆန်းသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ သူ့ဆီတွင် မျက်ခုံးမရှိဘဲ နှာခေါင်းချွန်ချွန်နှင့် မျက်နှာပေါ်တွင် စကားလုံးများ ရှိနေသည်။ သူက အသက်ရှင်နေစဉ် အပြစ်သားတစ်ယောက် ဖြစ်ခဲ့ပုံရ၏။ စာသင်သားက တိတ်ဆိတ်နေခဲ့သည်။ ထိုအရာက ကြိုတင်ကြံစည်ထားခြင်း ဖြစ်ပုံရ၏။ ထိုလုပ်ကြံမှုကို ကွန်ဖြူးရှပ်ကျောင်းဆောင်မှ စတင်ခဲ့ခြင်း ဖြစ်သည်။

ကောင်းကျန်း၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေခဲ့၏။ သူက မိန်းမစိုးအိုကြီး၏ နောက်မှနေ၍ထွက်လာပြီး ဦးညွှတ်လိုက်သည်။ မည်သို့ဖြစ်စေကာမူ သူက အရင်ဆုံး ဦးညွှတ်ရမည် ဖြစ်၏။ ထို့နောက် သူက ခေါင်းမော့ပြီး တရိုတသေ မေးလိုက်သည်။

"ဒီက အကြီးအကဲက ချောက်ကမ်းပါးကျောင်းတော်က ဆရာချီလား…"

စာသင်သားက မတ်တပ်ရပ်လိုက်ပြီး ကောင်းကျန်းကို ပြောလိုက်သည်။

"တကယ်လို့ မင်းကသာ အခွင့်အရေးကို အရင်ဆုံး မရခဲ့ဘူးဆိုရင် မင်းတို့ (၂)ယောက်က ဒီနေ့အလွယ်တကူ ထွက်သွားနိုင်မှာ မဟုတ်ဘူး…"

သူတော်စင် (၄) ပါး ချမှတ်ထားသော စည်းမျဉ်းများအရ မြို့ငယ်လေးထဲတွင် အပြင်လူများ အချင်းချင်း သတ်ဖြတ်ခြင်းအတွက် ရရှိလာမည့် အပြစ်ပေးမှုက ပြင်းထန်မှု မရှိသော်လည်း ပေါ့ပါးမှု မရှိချေ။ မြို့ငယ်လေးထဲတွင် ရှိနေသော သာမန်လူများကို ဦးတည်ရာမဲ့ သတ်မိလျှင် သေချာပေါက် ထုတ်ပယ်ခံရပါလိမ့်မည်။

သို့သော် အပြင်လူများ၏ တိုက်ပွဲကြားထဲတွင် ဟာကွက်ကြီးများ ရှိနေနိုင်၏။ ထို့ကြောင့် ကောင်းကျန်းနှင့် တခြားအဖွဲ့ (၂) ခုက အစေခံတစ်ယောက်ဆီ ခေါ်လာခဲ့ကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားကြခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် သူတို့က အရေးပါသော အခြေအနေမျိုးတွင် အစေခံကို ဓားစာခံအဖြစ် အသုံးချ၍ ရနိုင်သည်။ မဟုတ်လျှင် လူတစ်ယောက်တည်း သွားမည်ဆိုလျှင် တာ့ဆွေအင်ပါယာ၏ ဘဏ္ဍာငွေတစ်ဝက်ခန့် ကုန်ဆုံးသွားနိုင်၏။ မည်သို့ဖြစ်စေကာမူ ထိုအရာက တာ့ဆွေအင်ပါယာ၏ ဘုရင်ကြီး၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်သည်။ ထိုပမာဏက မည်မျှကုန်ဆုံးကြောင်း တွေးကြည့်ရန်ပင် မလွယ်လှပေ။

သို့သော် မည်သူကရော အကြောင်းပြချက်မရှိဘဲ ဓားစာခံတစ်ယောက် ဖြစ်ချင်မည်နည်း။ လူပိန်းစကား ပြောရမည်ဆိုလျှင် ထိုအရာက ကံဆိုးမှုကို ရှောင်တိမ်းရန် ငွေကြေးအသုံးပြုလိုက်ခြင်းသာ ဖြစ်သည်။

သို့သော် ဤနေရာတွင် ကုန်ကျစရိတ်များက ရွှေနှင့်ငွေများ ပြည့်နေသော တောင်တစ်တောင်ကို ယူဆောင်ရန်ဟု သတ်မှတ်နိုင်သည်။ ပြင်ပကမ္ဘာကြီးထဲတွင် အလွန်အကျွံ သုံးစွဲမှုက ဤနေရာနှင့် ယှဉ်လိုက်မည်ဆိုလျှင် ကလေးကစားသလို ဖြစ်နေခဲ့၏။

ထွက်သွားရန် အမိန့်ရထားသော ကောင်းကျန်းက ဆက်ပြောလိုက်သည်။

"ဆရာချီ …

တကယ်လို့ နောက်ပိုင်း အခွင့်အရေးရခဲ့မယ်ဆိုရင် တာ့ဆွေအင်ပါယာရဲ့ ကျောင်းတော်ကိုလာပြီး သင်ကြားပို့ချပေးလို့ရမလား။ တာ့ဆွေအင်ပါယာက ဆရာ့အတွက် နန်းတွင်းဆရာဆိုတဲ့နေရာကို အထူးတလည် ချန်ထားပေးပါ့မယ်.."

မိန်းမစိုးအိုကြီးက ခဏကြာ စဉ်းစားပြီး လူငယ်လေး၏စကားကို တားဆီးခဲ့ခြင်း မရှိချေ။ အကယ်၍ သူကသာ ထိုစာသင်သားကို တာ့ဆွေအင်ပါယာ၏ ကောင်းမိသားစုထဲတွင် အကြံပေးဖြစ်လာအောင် ဖျောင်းဖျနိုင်မည်ဆိုလျှင် တာ့ဆွေအင်ပါယာ၏ ဘုရင်ကလည်း သေချာပေါက် ဝမ်းသာပါလိမ့်မည်။

စာသင်သားကတော့ ပြုံးရုံလေးသာပြုံးလိုက်ပြီး သူ့မေးခွန်းကို ပြန်မဖြေခဲ့ပေ။ မိန်းမစိုးအိုကြီးက မတော်တဆတွေ့ခဲ့သော မျက်နှာကာ ဦးထုပ်ဆောင်းထားသည့် မိန်းကလေးအပေါ် ပြတ်သားပြီး ရက်စက်သည်။ သို့သော် ဤနေရာကို ထိန်းချုပ်နေသော ပညာရှင်တစ်ယောက်ဖြစ်သည့် ချောက်ကမ်းပါးကျောင်းတော်မှ ဆရာချီကို ရင်ဆိုင်နေရသည့်အချိန်တွင်တော့ သူ၏သဘောထားကို ပြသနေခဲ့သည်။

သူက ဦးညွှတ်ပြီး လက် (၂) ဖက် ဆုပ်လိုက်၏။

"ဆရာချီ …

ကျွန်တော်က ဆရာချီကို အနှောင့်အယှက်ပေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ အစောပိုင်းမှာ ကျွန်တော်က ရွေးချယ်စရာမရှိတဲ့အတွက် လူငယ်တစ်ယောက်ကို တိုက်ခိုက်ခဲ့ရတယ်။ ကျွန်တော်က ကောင်းမိသားစုရဲ့ အစေခံတစ်ယောက်အနေနဲ့ အကောင်းဆုံး လုပ်ဆောင်နေရတာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်.."

ချီကျင့်ချွန်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

"မြန်မြန်ထွက်သွားကြတော့..."

ကောင်းကျန်းနှင့် မိန်းမစိုးအိုကြီးတို့က ထွက်သွားကြသည်။ သူတို့က မျက်နှာကာ ဦးထုပ်ဆောင်းထားသော မိန်းမပျို ပြေးသွားခဲ့သည့် လမ်းအတိုင်း လျှောက်သွားနေခြင်း ဖြစ်သည်။

လူငယ်က အသံတိုးတိုးနှင့် မေးလိုက်၏။

"သူက သေသွားပြီလား..."

မိန်းမစိုးအိုကြီးက ခေါင်းခါပြလိုက်သည်။

"သူက အချိန်အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဓားပျံက သူ့ရဲ့အသက်ကို နည်းနည်းလေး အသက်ရှည်အောင်ပဲ လုပ်ပေးနိုင်လိမ့်မယ်။ သူ့ကို ကူညီပေးမှာ မဟုတ်ဘူး…"

လူငယ်က ခဏကြာ တွေဝေနေပြီး စိတ်ဝင်တစား မေးလိုက်သည်။

"အဘိုးဝူ…

သူရဲ့ဓားပျံက လွယ်ကူမှာ မဟုတ်ဘူးဆိုတာ ဘယ်လိုများ ပြောခဲ့တာလဲ.."

အဘိုးဝူက ပြောလိုက်သည်။

"တစ်ခါတစ်လေမှာ အရမ်းတွေးတာကလည်း တော်တော်ဆိုးတယ်။ သူ့ရဲ့အစောပိုင်း အသိဉာဏ်တွေက ကစားပွဲကို အဖြေပေးလိုက်တာပဲ.."

လူငယ်က အံ့သြသွားပြီး ဇဝေဇဝါ ဖြစ်နေခဲ့သည်။

မိန်းမစိုးအိုကြီးက လူငယ်လေးကို လမ်းကြားထဲမှ အပြင်သို့ ခေါ်ထုတ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

"မင်းသားလေးကို မေးခွန်းတစ်ခု မေးပါရစေ။ မင်းသားလေးက ဒီကမ္ဘာကြီးထဲမှာ အဆောင်အယောင်တွေ ၊ ရှားပါးပစ္စည်းတွေ အများကြီးကိုမြင်ဖူးတယ်။ မင်းသားလေးက မြို့ငယ်လေးတစ်မြို့မှာရှိတဲ့ သာမန်ကြွေထည်တွေကို စိတ်ဝင်စားနေသေးလား.."

လူငယ်က သူ၏ခါးတွင် ချိတ်ထားသော အိတ်ကိုပုတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"သေချာပေါက် စိတ်မဝင်စားပါဘူး။ ဒီနန်းတွင်းကျောက်စိမ်းတံဆိပ်တုံးနဲ့ တူတဲ့အရာတစ်ခုခုဆိုရင်တော့ ကျွန်တော့်ကို ပျော်အောင် လုပ်ပေးနိုင်တယ်.."

မိန်းမစိုးအိုကြီးက ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါက အမှန်ပဲ။ မိန်းကလေးက သူ့ရဲ့ဓားပျံနဲ့ လူတွေကို သတ်တဲ့အချိန်မှာ သူ့ရဲ့နှလုံးသားက ရေပြင်လိုပဲ တည်ငြိမ်နေတယ်။ သူက အရမ်းကို တည်ငြိမ်အေးချမ်းပြီး သာမန်လူတွေ ထမင်းစားရေသောက်သလိုမျိုးပဲ။ ပြီးတော့ သူက ကျွန်တော့်ရဲ့အစစ်အမှန်ကျင့်စဉ်ကို နားလည်သွားတဲ့အချိန်မှာ တိုက်ခိုက်ဖို့ အတွေးကို လက်လျှော့လိုက်တယ်။ ကျွန်တော်က သူ့ရဲ့အတွင်းစိတ်အခြေအနေကို မြင်သွားမှာ စိုးရိမ်နေတဲ့အတွက် သူက ကျွန်တော်တို့ကို တမင်တကာ ရန်စခဲ့တာ။ သူ့ရဲ့အစစ်အမှန် ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ (၂) ယောက်လုံး အဝေးကို ရှောင်သွားဖို့ပဲ။ ကျွန်တော်တို့က သူ့ကို သတ်လိုက်မှာကို သူက စိုးရိမ်နေခဲ့တာ။ ဒါကြောင့်သူက အခြေအနေကို ဖျက်ဆီးလိုက်တာပဲ။ သူက အဲဒီအရာကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီမှာ အသက်ငယ်ငယ်လေးနဲ့ အဲဒီလို စိတ်မျိုးရှိနေတာ ရိုးရှင်းမနေဘူး။ ကြည့်ရတာတော့ အနာဂတ်မှာ မင်းသားလေးအတွက် အန္တရာယ်က ပိုကြီးလာနိုင်တယ်။ ကျွန်တော်တို့က ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်မယ်ဆိုရင် သူက ပိုပြီးအစွမ်းထက်လာနိုင်တယ်.."

အဘိုးဝူက ခံစားချက်များ ပြည့်နှက်စွာ သက်ပြင်းချလိုက်မိသည်။

"လူငယ်တွေ ၊ မိန်းကလေးငယ်လေးတွေက အရမ်းကို တက်ကြွကြတယ်။ တကယ်လို့ သူတို့ကသာ သွေးပူနေတဲ့အချိန် လူသတ်လိုက်မယ်ဆိုရင် ဒါမှမဟုတ် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲမယ်ဆိုရင် ကျွန်တော်က အံ့ဩနေမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ဖြည်းဖြည်းချင်း စဉ်းစားပြီးတဲ့နောက် သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မယ်ဆိုရင်တော့ ပုံမှန်မဟုတ်တာပဲ။ သူ့ရဲ့ရင်ထဲမှာလည်း ဘာလှုပ်ရှားမှုမှမရှိဘဲ လူသတ်နိုင်တယ်…”

“ဒီလိုအကျင့်စရိုက်မျိုးက အတွေ့အကြုံနဲ့ပဲ ရနိုင်တယ်။ ဒါက လူတစ်ယောက်ရဲ့ ပါရမီတွေ ၊ စိတ်နေသဘောထားတွေနဲ့ မသက်ဆိုင်ဘူး။ ကျင့်ကြံသူ တစ်ယောက်ပဲဖြစ်ဖြစ် သိုင်းပညာရှင် တစ်ယောက်ပဲဖြစ်ဖြစ် ပါရမီရှင်တွေက ငယ်ငယ်လေးနဲ့ သေသွားကြတယ်ဆိုတာ သူတို့ရဲ့အကျင့်စရိုက်မှာ အားနည်းချက်တွေ ရှိနေလို့ပဲ။ သူတို့က အခက်အခဲတွေနဲ့ တွေ့ရတဲ့အချိန်မှာ အလွယ်တကူ ပျက်စီးသွားနိုင်ကြတယ်.."

ကောင်းကျန်းက သက်ပြင်းချလိုက်မိ၏။

"ဘယ်လိုပဲဖြစ်ဖြစ် နှမြောဖို့တော့ ကောင်းတယ်…"

မိန်းမစိုးအိုကြီးက စနောက်၍ ပြောလိုက်၏။

"မင်းသားလေး …

တကယ်လို့ မင်းသားလေးကသာ ဒီလိုလူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကို နှမြောနေမယ်ဆိုရင် တစ်ချိန်ချိန် မင်းသားလေး ဘုရင်အဖြစ်ကို ရောက်တဲ့အချိန်ကျရင် အရမ်းကို အလုပ်များနေလိမ့်မယ်…”

လူငယ်က အပြုံးနှင့်ပြောလိုက်၏။

"ကျွန်တော်က မယုံဘူး..."

မိန်းမစိုးအိုကြီးက ရုတ်တရက် ပြောလိုက်သည်။

"ဒါက ပုံရိပ်ယောင်တစ်ခု ဟုတ်မဟုတ်ဆိုတာ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ကောင်းကင်ကျင့်စဉ်ရှိနေတဲ့ ဆရာချီက ပြဿနာကြီးတစ်ခုကို ရင်ဆိုင်နေရတယ်လို့ ခံစားမိတယ်.."

တာ့ဆွေအင်ပါယာ၏ မင်းသားလေးက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကသာ နဂါးတံခါးရဲ့တံဆိပ်တုံးကို ရခဲ့ပြီဆိုတော့ အရာအားလုံး ပြီးသွားပြီ။ ဒီလိုအဖိုးမဖြတ်နိုင်တဲ့ ရတနာတံဆိပ်တုံးက ဒီလိုအခြေအနေအဖြစ် ရောက်သွားလိမ့်မယ်လို့ ဘယ်သူက တွေးထားမှာလဲ။ ဒီတော့ ကျွန်တော်တို့က ရှေ့ကို ဆက်သွားနေတာရပ်လိုက်သင့်ပြီ။ အဲဒီရွှေငါးရဲ့ အကြောင်းကို ပြောရမယ်ဆိုရင်တော့ ကျွန်တော်က မြက်ဖိနပ်နဲ့ကောင်လေးအကြောင်းကိုပဲ တွေးမိခဲ့တယ်.."

မိန်းမစိုးအိုကြီးက ပြုံးလိုက်သည်။

"မင်းသားလေး …

နောက်ပိုင်းမှာ အဲဒီကောင်လေးကို ကျေးဇူးတင်စကားပြောဖို့ ထပ်သွားရှာချင်သေးလို့လား…"

လူငယ်က ခေါင်းခါပြလိုက်သည်။

"မရှာချင်ပါဘူး။ ကျွန်တော်က သူ့ကိုပေးလိုက်ရတဲ့ ကြေးပြားတစ်အိတ်အတွက် ဝမ်းနည်းနေသလို ခံစားမိလို့ပါ.."

အဘိုးအိုက မနေနိုင်ဘဲ ရယ်လိုက်မိသည်။ နောက်ပိုင်းတွင်တော့ တာ့ဆွေအင်ပါယာထဲတွင် ခြိုးခြံချွေတာသော ဘုရင်တစ်ပါး ရှိလာပါလိမ့်မည်။

…………..

မြောက်ဘက်မှ တောင်ဘက်သို့ ဖောက်ထားသော သီးသန့်လမ်းကြားလေး တစ်ခုထဲတွင် တွန်းလှည်းသံကိုသာ ကြားနေရ၏။ ခေါင်းပေါ်တွင် ကြာပန်းဆံထိုး ရှိနေသော လူငယ်တာအိုသခင်လေးက ယနေ့တွင် အလုပ်စောစောသိမ်းခဲ့သည်။

သူက တွန်းလှည်းကို ရှေ့သို့ တွန်းနေရင်း သူ့အိမ်သို့ ပြန်ရောက်ပြီးနောက် ပစ္စည်းများကိုသိမ်းပြီး အိမ်မြန်မြန်ပြန်ရန် စဉ်းစားနေသည်။ ဤအရှုပ်အထွေးထဲတွင် ပါဝင်ပတ်သက်မိသူတိုင်းက ပြဿနာကြီးပြီး ဒုက္ခခံစားရမည် ဖြစ်၏။

ရုတ်တရက်ဆိုသလို အရှေ့ဘက်မှ အနောက်ဘက်သို့ ဖောက်ထားသော လမ်းကြားလေးထဲမှနေ၍ ပိန်ပိန်ပါးပါးနှင့် အနက်ဝတ်မိန်းမပျိုတစ်ယောက် ဒယိမ်းဒယိုင် ထွက်လာခဲ့သည်။ နောက်ဆုံးတွင်တော့ သူမက နံရံကို မှီထားပြီး ဖြည်းညင်းစွာ ရွေ့လျားလာခဲ့၏။

သူမက လက်တစ်ဖက်နှင့် ပါးစပ်ကို ပိတ်ထားပြီး တခြားလက်တစ်ဖက်နှင့် လူငယ်တာအိုသခင်ကို လက်ညှိုးထိုးလိုက်သည်။

လူငယ်တာအိုသခင်က လျင်မြန်စွာ ခေါင်းငုံ့ပြီး တီးတိုးရေရွတ်လိုက်၏။

"ငါက ဘာမှမမြင်ဘူး ငါ ဘာမှမမြင်ဘူး။ တိုင်ရှန်လော်ကျွင်းရဲ့အမိန့်အရ အရာအားလုံးက လောကစည်းမျဉ်းတွေပဲ။ ထားလိုက်ပါတော့။ ဗုဒ္ဓက ငါ့ကို စောင့်ရှောက်နေတယ်။ ဗောဓိတဗ္ပတွေကလည်း ပေါ်လာလိမ့်မယ်…"

ထိုအချိန်တွင် လူငယ်တာအိုသခင်က တာအိုဘိုးဘေး (၃) ယောက်ကို ဆုတောင်းခဲ့ခြင်း မရှိချေ။ ထိုအစား သူက ဗုဒ္ဓနှင့် ဗောဓိတဗ္ပများကိုသာ ဆုတောင်းနေခဲ့သည်။ ထိုအရာက ကျိုးကြောင်းဆီလျော်မှု မရှိနိုင်ပေ။ ပြောရမည်ဆိုလျှင် ဗုဒ္ဓနှင့် ဗောဓိတဗ္ပများက တခြားဂိုဏ်းမှ တပည့်များကို အလေးထားလိမ့်မည် မဟုတ်ချေ။

မျက်နှာကာ ဦးထုပ်ဆောင်ထားသော မိန်းမပျိုက နောက်ဆုံးကျန်နေသော စွမ်းအားများကိုသုံးပြီး လူငယ် တာအိုသခင်ဆီသို့ တယိမ်းတယိုင် လျှောက်လာခဲ့သည်။ သူမက အရှိန်နှင့် လဲကျသွားခဲ့ပြီး သူမ၏လက်ကတော့ လူငယ် တာအိုသခင်၏ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သေးသည်။

လူငယ် တာအိုသခင်က ခေါင်းကို လက် (၂) ဖက်နှင့်ကိုင်ပြီး အတော်လေးကို စိတ်ဓာတ်ကျနေခဲ့၏။ သူက ကောင်းကင်ကြီးကို တောင်းဆိုနေသည့်အလား မော့ကြည့်နေခဲ့သည်။

"ဒီလိုကြီးမားတဲ့ ကံကြမ္မာတစ်ခု ကျွန်တော့်ဆီ ရောက်လာတာက ကျွန်တော့်ကို သေခိုင်းလိုက်တာနဲ့ အတူတူပဲ မဟုတ်လား။ ကျွန်တော်က တစ်နှစ်ပတ်လုံး လျှောက်သွားနေခဲ့တာ။ ကွင်းပြင်ကြီးထဲမှာ အိပ်လိုက်စားလိုက်နဲ့ တောင်တန်းတွေ မြစ်တွေကို ဖြတ်သွားပြီး လမ်းပေါ်မှာ မကြာခဏ ခွေးကိုက်တာကိုတောင် ခံရတယ်။ အဲဒီအရာတွေကတောင် မခက်ခဲသေးဘူးလား။ တာ့ဆွေအင်ပါယာက ကောင်းမိသားစုနဲ့ အဲဒီခွေးအိုကြီးဝူတို့ကတော့ကွာ...။ မင်းတို့စောင့်နေလိုက်။ ဒီအကြွေးကို နှစ်ပေါင်း (၅၀၀) အတွင်း ဖြေရှင်းပြမယ်။ ငါ့ရဲ့ကျင့်စဉ်အဆင့်က အရမ်းနိမ့်တယ်။ ငါက ဒီလိုကြီးလေးတဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခုကို မသယ်နိုင်ဘူး…"

ဦးတည်ရာမဲ့ စကားပြောနေသော လူငယ် တာအိုသခင်က ခေါင်းငုံ့ပြီး မျက်ရည်များ ကျလာခဲ့သည်။

"မိန်းကလေး …

ကျေးဇူးပြုပြီး ဒီတာအိုသခင်ကို အလွတ်ပေးပါ။ နောက်ပိုင်းကျရင် ဒီတာအိုသခင်က မိန်းကလေးအတွက် ရှုခင်းလှတဲ့နေရာတစ်ခု ရှာပေးပါမယ်။ ဖုန်းရွှေအရမ်းများတဲ့ နေရာတစ်ခုမှာ မိန်းကလေးက ကံကောင်းခြင်းတွေကို မိန်းကလေးရဲ့မျိုးဆက်တွေဆီ သေချာပေါက် သယ်ဆောင်သွားနိုင်ပါလိမ့်မယ်။ မဟုတ်သေးဘူး...။ ဒီမိန်းကလေးက အပျိုစင်လေးပဲ ရှိနေသေးတာပဲ။ ဒါဆိုရင်..."

မိန်းမပျိုက လုံးဝကို သတိလစ်သွားခဲ့သည်။ အနားတွင် မည်သူမျှမရှိကြောင်း မြင်လိုက်ရသည့်အခါ လူငယ်တာအိုသခင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး မိန်းကလေး၏ လက် (၅) ချောင်းကို တိတ်တဆိတ် ခွာချရန် ကြိုးစားနေ၏။

"ဝှစ်…"

ဓားပျံက လေထဲတွင် ပျံဝဲလာပြီး ဓားပျံ၏ထိပ်ဖျားက လူငယ်တာအိုသခင်၏နဖူးနှင့် (၃)လက်မပင် မဝေးတော့ပေ။

လူငယ်တာအိုသခင်က သူမ၏လက်ကို လွှတ်ပေးလိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်၏။

"လူသားတွေက သစ်ပင်တွေမှ မဟုတ်တာ။ ငါတို့မှာ ကရုဏာတရားမရှိလို့ ရမလား။ ငါက လူကောင်းတစ်ယောက်အဖြစ် နေခဲ့တယ်။ ငါက လူတစ်ယောက်ကို မကယ်လို့ ရမလား…"

လူငယ်တာအိုသခင်က တင်ပျဉ်ခွေထိုင်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့၏။

"သူ့ကို ဘယ်နေရာပို့ရမလဲဆိုတာက တော်တော်လေး ပြဿနာများတယ်…"

လူငယ်တာအိုသခင်၏ နဖူးနှင့် (၃) လက်မခန့် အကွာတွင် ရှိနေသော ဓားပျံက ရုတ်တရက် ရှေ့ကို တစ်လက်မ တိုးလာပြန်သည်။ တာအိုသခင်က စိတ်ရှည်လက်ရှည်နှင့် ရှင်းပြလိုက်၏။

"တကယ်လို့ ငါကသာ မင်းရဲ့သခင်ကို အသက်ရှင်စေချင်တယ်ဆိုရင် အကူအညီ တစ်ယောက်လိုတယ်။ ဒါနဲ့ မင်းက ရှေးဟောင်းသစ်ခါးပင်ကြီးဆီကိုသွားပြီး သစ်ခါးပင်အရွက်တစ်ရွက် ခူးလာခဲ့...။ ငါက သူ့ရဲ့အသက်စွမ်းအားတွေကို အရင်ဆုံး ထိန်းသိမ်းပေးဖို့ ကူညီပေးမယ်….”

“မင်းရဲ့သခင်က နည်းနည်းထူးဆန်းတယ်။ ငါက လူကယ်ချင်ရုံနဲ့ တခြားသူတွေကို ပြဿနာမပေးချင်ဘူး။ တကယ်လို့ ငါကသာ သူ့ရဲ့ကျင့်စဉ်တိုးတက်မှုကို မတော်တဆ နှောင့်နှေးအောင် လုပ်လိုက်မိတယ်ဆိုရင် ဒီကံကြမ္မာအသစ်က ငါ့ကို နောက်တစ်ကြိမ် သေသွားအောင် လုပ်လိမ့်မယ်။ ဒီတော့ ဒီနေရာမှာပဲ တစ်ကြိမ်တည်းနဲ့ အဆုံးသတ်လိုက်တာ ပိုကောင်းတယ်.."

ဓားပျံက တွေဝေနေပုံရပြီး ဓားထိပ်ဖျားက အနည်းငယ် လှုပ်ရှားနေသည်။

လူငယ်တာအိုသခင်က ဒေါသတကြီး ပြောလိုက်၏။

"မင်းက စောစောသွားလေလေ မင်းရဲ့သခင်က ငရဲတံခါးကနေ မြန်မြန်ပြန်လာနိုင်လေလေပဲ။ မင်းက နောက်ကျသွားမယ်ဆိုရင်တော့ ငါတို့အားလုံး အတူတူသေကြတာပေါ့…"

ဓားပျံက မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

လူငယ်တာအိုသခင်က အသံတိုးတိုးနှင့် ဒေါသတကြီး ပြောလိုက်၏။

"စုံတွဲတွေဆိုတာ မေတ္တာရှိလာမှပဲ စုံတွဲဖြစ်လာကြတာ။ မင်းနဲ့ ဆရာချီတို့က ကောင်းပါတယ်လေ…"

လူငယ်တာအိုသခင်က မေးစေ့ကို လက်တစ်ဖက်နှင့် ပွတ်နေရင်း တခြားလက်တစ်ဖက်နှင့် တွက်ချက်နေခဲ့သည်။

"မင်းကို ဘယ်မိသားစုဆီ ပို့ပေးရမလဲ တွက်ကြည့်လိုက်ဦးမယ်။ မင်းက အသက်ရှင်နိုင်ပေမယ့် တစ်ဖက် မိသားစုက ပျက်စီးသွားလို့လည်း မရသေးဘူး။ အရင်ဆုံး လုမိသားစုနဲ့ စကြတာပေါ့။ လုမိသားစုလည်း အဆင်မပြေဘူး။ သူတို့က ကျိုးမိသားစုနဲ့ အတူတူပဲ။ သူတို့မှာ အခွင့်အရေးတစ်ခု ရှိနေပြီးသားပဲ။ စုန့်မိသားစုဆိုရင်ရော..."

လမ်းကြားထဲတွင် ရှိနေသော လူငယ်တာအိုသခင်က စကားပြော၍ မပြီးသေးခင် ဖုလုလမ်းကြားထဲရှိ စုန့်မိသားစု၏ တံခါးပေါ်တွင် ရှိနေသော နတ်ဘုရားရုပ်တုကြီးက ချက်ချင်းပင် အသက်စွမ်းအင်များ ကင်းမဲ့ပြီး မှေးမှိန်သွားခဲ့သည်။ သူတို့ဆီမှ သာမန်မျက်လုံးနှင့် မမြင်ရသော အစိမ်းရောင် မီးခိုးငွေ့များ ထွက်လာနေခဲ့၏။

ခြံဝန်း၏ အတွင်းပိုင်းထဲတွင်တော့ ခြေဗလာနှင့် အဘိုးအိုက တံခါးကို တွန်းဖွင့်လိုက်ပြီး ခြံဝန်းထဲတွင်ရပ်၍ ဒေါသတကြီး ကျိန်ဆဲနေခဲ့သည်။

"ဘယ်ခွေးကောင်က စုန့်မိသားစုရဲ့အုတ်မြစ်ကို ကြံစည်နေရတာလဲ။ ထွက်လာပြီး တိုက်ခိုက်စမ်း..."

လူငယ်တာအိုသခင် က ချောင်းဟန့်ပြီး တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။

"ဖုလုလမ်းကြားထဲမှာရှိတဲ့ လျှိုမိသားစုကလည်း တော်တော်လေးကို အောင်မြင်ပုံရတယ်။ သူတို့တွေကသာ ဒီအခက်အခဲကို ခံနိုင်ရည်ရှိမယ်ထင်တယ်။ ငါက ကြိုးစားကြည့်လိုက်ရမလား…"

လျှိုမိသားစု၏ မိသားစုခန်းမထဲတွင် နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော မိသားစုတံဆိပ်ပြားက ဖျောင်းကနဲ အက်ကွဲသွားခဲ့သည်။ ထိုအပေါ်တွင် အက်ကွဲကြောင်းများလည်း ပေါ်လာခဲ့၏။

ထိုအချိန်တွင် အလွန်နက်ရှိုင်းသောအသံနှင့် အဘွားအိုတစ်ယောက်က နဂါးခေါင်းလမ်းလျှောက်တုတ်ကိုကိုင်ပြီး မြေပြင်ပေါ်ကို အားနှင့် စောင့်ချလိုက်သည်။

"မင်း ဘယ်သူလဲ။ ထွက်လာပြီး ငါတို့ကို တွေ့ရဲလား…"

လူငယ်တာအိုသခင်ကတော့ မည်သည့်အရာမျှ မဖြစ်သယောင် ဟန်ဆောင်နေခဲ့သည်။

"ဒါဆိုရင် မက်မွန်ပွင့်လမ်းကြားထဲမှာရှိတဲ့ ဝေ့မိသားစုရော...။ မင်းတို့မိသားစုကတော့ ကံကြမ္မာကောင်းတွေ အများကြီး စုဆောင်းနိုင်မှာပါ။ မင်းတို့က ဒီကံကြမ္မာကို သေချာပေါက် လက်ခံနိုင်မှာပါ.."

သိပ်မကြာခင် လျှို့ဝှက်ကျင့်စဉ်တစ်ခု အသုံးပြုနေသော အဘိုးအိုက ကျောင်းတော်ဆီသို့ သူ့အသံကို ပို့လွှတ်လိုက်သည်။ သူက ဒေါသတကြီး ပြောလိုက်၏။

"ချီကျင့်ချွန် …

မင်းက တစ်ခုခုမလုပ်တော့ဘူးလား။ တကယ်လို့ မင်းက မလုပ်နိုင်ဘူးဆိုရင် ဒါမှမဟုတ် မလုပ်ရဲဘူးဆိုရင် ဒီနေရာကနေ ထွက်သွားပြီး မင်းရဲ့နေရာကို ရွမ်ချန်းဆီ ပေးလိုက်...။ အဲဒီခိုးကြောင်ခိုးဝှက်ကောင်ကို သူ့ပဲ ရင်ဆိုင်ခိုင်းလိုက်တော့...။ ချီကျင့်ချွန် .. မင်းက ကိုယ်ရေးကိုယ်တာ ပြဿနာတွေပဲ ဖြေရှင်းနေတာလား…"

…………..

လူတစ်ယောက်က လူအများကို ဦးဆောင်ပြီး အမိုးတံတား၏ တောင်ဘက် စမ်းချောင်းထဲတွင် ရေတွင်းတစ်တွင်း တူးနေခဲ့သည်။ သူက မတ်မတ်ရပ်လိုက်ပြီး မြောက်ဘက်ကိုကြည့်၍ နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှားလိုက်၏။

ထိုအချိန်တွင် သူ့အသံက ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲ၏ ကောင်းကင်ပေါ်တွင် ပေါ်လာခဲ့သည်။

"တော်လောက်ပြီ။ မင်းတို့က ဆရာချီကို မရိုမသေ လုပ်ခွင့်မပေးနိုင်ဘူး။ ငါ ရွမ်ချန်းက နွေဦးပေါက်ချိန် မရောက်ခင် ဒီမြို့ငယ်လေးရဲ့ကိစ္စတွေကို လုံးဝဝင်မပါဘူး.."

တခဏအတွင်း ကမ္ဘာကြီးက တိတ်ဆိတ်သွားပြီး အရာအားလုံးက တိတ်ဆိတ်သွားခဲ့သည်။

တရားခံက လမ်းကြားထဲတွင် ရှိနေသော လှည်းနံဘေးတွင် ရှိနေပြီး အနက်ဝတ် မိန်းမပျို၏ လက်တစ်ဖက်ကို ကိုင်ထား၏။

ထို့နောက် သူက ဓားပျံ ယူလာသော အစိမ်းရောင် သစ်ခါးပင် သစ်ရွက်တစ်ခုကို သူမ၏လက်ဖဝါးပေါ်သို့ တင်ပေးလိုက်သည်။ သစ်ခါးပင်ကြီး၏ သစ်ရွက်က မိန်းကလေး၏ လက်ဖဝါးပေါ်တွင် ရှိနေသော ဒဏ်ရာနှင့် ထိသွားပြီးနောက် နှင်းများကဲ့သို့ အရည်ပျော်ကျသွားပြီး ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

လူငယ်တာအိုသခင်က သက်ပြင်းချပြီး ပြောလိုက်၏။

"ငါက အဲဒီလိုမြင်ကွင်းတစ်ခုကို မြင်လိုက်ရတဲ့အချိန်တိုင်း ဒီကမ္ဘာကြီးဖန်တီးမှုနဲ့ ပတ်သက်ပြီး ခံစားလာရတယ်.."

အချိန်အကြာကြီး စဉ်းစားခဲ့သော်လည်း တာအိုသခင်က ကျေနပ်သော ရလဒ်တစ်ခုကို မတွေ့ရပေ။ အဆုံးတွင်တော့ လူငယ်တာအိုသခင်က မျက်နှာအနည်းငယ် နီရဲနေသော မိန်းကလေးကို ငုံ့ကြည့်လိုက်သည်။ သူက အနည်းငယ် ပြဿနာများသလို ဖြစ်နေခဲ့၏။

"မင်းနဲ့ ပတ်သက်နေတဲ့ ကံတရားက ငါ ထင်ထားတာထက်တောင် ပိုပြီးကြီးမားနေမှတော့ တာအိုကို ဆန့်ကျင်မှပဲ ရတော့မယ်။ ဒီမြို့ငယ်လေးထဲမှာ မိသားစု (၆၀၀) ရှိတယ်။ သူတို့ရဲ့အုတ်မြစ်တွေကလည်း အချင်းချင်း ရောယှက်နေကြတယ်။ သူတို့က မျိုးရိုးစဉ်ဆက် ဒီနယ်မြေထဲမှာရှိတဲ့ အငွေ့အသက်တွေနဲ့ ပေါင်းစပ်နေကြတာ။ ငါက မင်းနဲ့ ကံစပ်တဲ့လူတစ်ယောက်ကို ရှာပေးဖို့တော့ လွယ်တယ်။ ဒါပေမဲ့ ငမွဲတစ်ကောင်ကို ရှာရတာက ကောင်းကင်ဘုံပေါ် တက်ရတာထက်တောင် ပိုပြီးတော့ ခက်သေးတယ်။ ငါက သူတောင်းစား တစ်ယောက်ကို ဘယ်နေရာမှာ သွားရှာရမှာလဲ…"

လူငယ်တာအိုသခင်က အနည်းငယ် စဉ်းစားသွားခဲ့သည်။ သူက ထိုကဲ့သို့ သနားစရာကောင်းသော လူတစ်ယောက်ကို အမှန်တကယ် တွေ့သွားခဲ့၏။ သူကတော့ အံ့ဩနေခဲ့ခြင်း မရှိချေ။ ထိုအစား ထိတ်လန့်သွားခဲ့၏။ သူက မျက်လုံးမှိတ်လိုက်ပြီး သူ့ကိုယ်သူ ပြန်မေးလိုက်သည်။

နောက်ဆုံးတွင်တော့ လူငယ်တာအိုသခင်က သက်ပြင်းချလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဘာကိုရွေးချယ်မလဲဆိုတာ အရင်ဆုံးကြည့်ရမယ်။ ငါက မင်းကို တွန်းအားမပေးပါဘူး။ တကယ်လို့ မင်းက ဆန္ဒမရှိရင် ဒီကံကြမ္မာကို ငါကိုယ်တိုင်ပဲ လက်ခံလိုက်ပါ့မယ်…"

နောက်ဆုံးတွင်တော့ သူက ဘုန်းကြီးတစ်ပါးကဲ့သို့ လက်အုပ်ချီလိုက်သည်။

"ဗုဒ္ဓ စောင့်ရှောက်ပေးပါ။ ဗောဓိတဗ္ပတွေ ဒီကပ်ဆိုးကနေ ဖြတ်ကျော်ဖို့အတွက် ကျေးဇူးပြုပြီး ကူညီပေးပါ…"

………….

ရွှံ့ပုလင်းလမ်းကြားထဲတွင် လူငယ် တာအိုသခင်က ဘီး (၂) ဘီးပါသော လှည်းတစ်စီးကို ခြံဝန်းတံခါးရှေ့သို့ တွန်းလာခဲ့သည်။ သူက တံခါးကို ခေါက်လိုက်ပြီးနောက် မေးလိုက်၏။

"အထဲမှာ ချန်းပင်အန်းရှိလား…"

လှည်း၏ထောင့်တွင်တော့ အဖြူရောင်ဓားအိမ်နှင့် ဓားရှည်တစ်ချောင်း ရှိနေသည်။ ဓားအိမ်ထဲတွင် ရှိနေသော ဓားရှည်က ထိုကဲ့သို့ ဆင်းရဲသော နေရာတစ်ခုကို ရှာဖွေပေးသည့်အတွက် လူငယ်တာအိုသခင်ကို မကျေမနပ် ဖြစ်နေပုံရလေ၏။

Translated by Hein Htet.

All Chapters