← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

မက်မွန်ပွင့်လမ်းကြားထဲတွင် ရှိနေသော အိမ်တစ်အိမ်တွင် ကရုဏာရှိပုံရသော အဘိုးအိုတစ်ယောက်က ဆင်ဝင်အောက်တွင် ကြိမ်ကုလားထိုင်တစ်ခုနှင့် ထိုင်နေခဲ့သည်။ သူ့ဘေးတွင်တော့ ချစ်စရာကောင်းသော အစေခံမလေးတစ်ယောက် ထိုင်နေခဲ့၏။

သူမက အဝါရောင်ဘောင်းဘီနှင့် အစိမ်းဖျော့ရောင်အင်္ကျီတို့ကို ဝတ်ဆင်ထားသည်။ သူမက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်ပြောပြနေသော အဘိုးအို၏ ပုံပြင်တစ်ခုကို နားထောင်နေခဲ့၏။

အဘိုးအိုက ရုတ်တရက် မေးလိုက်သည်။

"ထောင်ယာ…

လေက ဘယ်ရောက်သွားတာလဲ။ နောက်တစ်ကြိမ် ငိုက်နေပြန်ပြီလား။ ငါ မင်းကို ခြောက်တာမဟုတ်ဘူးနော်။ တကယ်လို့ မြို့အပြင်ဘက်မှာရှိတဲ့ အိမ်ကြီးတစ်အိမ်ကိုသာ ရောက်သွားမယ်ဆိုရင် ဒီလိုပျင်းနေပုံမျိုးနဲ့ အပြစ်ပေးခံရလိမ့်မယ်…"

မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။ အစေခံများအပေါ် သနားကြင်နာတတ်ပုံရသော အဘိုးအိုက သူမကို ဆက်လက်စနောက်ရန် ပြင်ဆင်လိုက်သည့်အချိန်တွင် သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူက ခေါင်းမော့ပြီး အဝေးကို လေးလေးနက်နက် လှည့်ကြည့်လိုက်၏။

ခြံဝန်းငယ်လေးထဲတွင် ထိုအစေခံမိန်းကလေး၏ ယပ်တောင်လှုပ်ရှားမှုသာမက မမြင်ရသော လေလှိုင်းများကပင် ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။ အဘိုးအိုက သူ၏အငွေ့အသက်ကို အလျင်အမြန် ထိန်းချုပ်ထားလိုက်ပြီး ကျင့်စဉ်တစ်ခုကို ရွတ်ဆိုလိုက်၏။ သူက အချိန်ရပ်တန့်နေစဉ် အတောအတွင်း သူ၏ကျင့်စဉ် ဖြုန်းတီးမှုကို တားဆီးရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

အဘိုးအိုက တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။ စည်းမျဉ်းများကို လေးလေးစားစား လိုက်နာပြီး တန်းတူသတ်မှတ်ထားသော ချီကျင့်ချွန်က နောက်ဆုံးတွင်တော့ ချွင်းချက်အဖြစ် လှုပ်ရှားလိုက်သည်။ ရလဒ်အနေနှင့် မုန်တိုင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

သံကြိုးရေတွင်းအနားတွင် သန်သန်မာမာနှင့် လူငယ်တစ်ယောက်က မလှမ်းမကမ်းတွင် ထိုင်နေပြီး ဘီးလုံးကို စိုက်ကြည့်နေခဲ့၏။ သူ့မျက်လုံးထောင့်တွင်တော့ ရွာထဲမှ မိန်းမပျိုတစ်ယောက်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေခဲ့သည်။

သူမက ရေတွင်းထဲသို့ငုံ့၍ ရေပုံးကို ခပ်လိုက်သည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်က အနည်းငယ် ကောက်နေပြီး သူမ၏ရင်သားများက ပေါ်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်က အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်း ရှိနေသော်လည်း ထူးခြားလှပသော ကောက်ကြောင်းများက ပေါ်လာခဲ့၏။

သူမ၏ခန္ဓာကိုယ်က တောထဲတွင် ပေါက်သော သူယောင်မယ်အသီး၏ အငွေ့အသက်များ ပြည့်နှက်နေသည်။ ထိုအရာကြောင့် သာမန်ရုပ်ရည်သာရှိသော ထိုမိန်းမပျိုဆီတွင် မတူညီသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။

ပတ်ဝန်းကျင် အခြေအနေက ထူးဆန်းစွာ ရပ်တန့်သွားကြောင်း လူငယ်က နားလည်သွားသည့်အချိန်တွင် သူလည်း မလှုပ်ခဲ့ပေ။ သူက အားတင်းလိုက်ပြီး မိန်းမပျို ရေခပ်နေသည့် မြင်ကွင်းကို ကြည့်နေခဲ့သည်။ ထို့နောက် သူက တံထွေးမျိုချလိုက်မိပြီး သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လှည့်၍ ထိုင်နေခဲ့သည်။

ထို့ကြောင့်လည်း တောင်ခြေတွင် ရှိနေသော မိန်းမပျိုတစ်ယောက်က သစ်တောထဲတွင် ကျားတစ်ကောင်ဖြစ်သည်ဟု သူ့ဆရာက ပြောခဲ့ခြင်းဖြစ်သည်။ သူမ၏အစွမ်းက သိသိသာသာ လျော့ကျနေနိုင်၏။ သို့သော် တောင်ပေါ်သို့ ခေါ်လိုက်မည်ဆိုလျှင်တော့ သူမက တောင်ပေါ်တွင် ကြောက်စရာကောင်းသော ကျားတစ်ကောင် ဖြစ်လာပါလိမ့်မည်။ သူမက လူသားပင် စားနိုင်သေး၏။

သူ့ဆရာ အရက်မူးသည့် အချိန်တိုင်း ဤကမ္ဘာကြီးထဲတွင် ရှိနေသော သူရဲကောင်းများအားလုံးက တောင်ပေါ်တွင် ရှိနေသော သူတို့၏ကိုယ်ပိုင်ကျားများ လက်ထဲတွင် သေဆုံးသွားခဲ့ကြရသည်ဟု အမြဲပြောခဲ့ဖူးသည်။ ထိုအရာက လုံးဝချွင်းချက် မရှိခဲ့ချေ။

သို့သော် သစ်တောထဲတွင် ရှိနေသော ကျားတစ်ကောင်ကပင် အလွန်အစွမ်းထက်သည်ဟု လူငယ်က ခံစားနေရ၏။ ဥပမာအနေနှင့် ပြောရလျှင် သူ့ရှေ့တွင်ရှိနေသော မိန်းမပျိုက သာမန်သာ ထင်မှတ်ရသော်လည်း သူမ၏ဆွဲဆောင်မှုက သူ့ရင်ထဲတွင် တဆစ်ဆစ် ဖြစ်စေခဲ့၏။

အကယ်၍ သူမက ဘာမပြောညာမပြောနှင့် သူ့ကို ပါးရိုက်လိုက်မည်ဆိုလျှင် လုံးဝကို ကျိုးကြောင်းသင့်လျော်မှု မရှိနိုင်ပေ။ သို့သော် လူငယ်ကတော့ လုံးဝတုံ့ပြန်ရဲမည် မဟုတ်ဟု ခံစားမိနေခဲ့၏။ ထိုမိန်းမပျိုက ပြုံးပြမည်ဆိုလျှင် သူလည်း ပြုံးမိမည်ဖြစ်သည်။

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီး လူငယ်က အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့၏။ သူက ခေါင်းငုံ့ပြီး ပေါင်ကြားထဲကိုကြည့်၍ ကျိန်ဆဲလိုက်သည်။

"အရိုးမရှိဘူး အရိုးမရှိဘူး…"

……………

ရွှံ့ပုလင်းလမ်းကြားထဲတွင် စုန့်ကျိရှင်းက အလွန်ထူထဲပြီး ဟောင်းနွမ်းနေသော မှတ်တမ်းတစ်ခုကို လှန်လှောဖတ်ရှုနေခဲ့သည်။ စုန့်ကျိရှင်းက စည်းမျဉ်း အမြောက်အမြားကို ဖော်ထုတ်နိုင်ခဲ့၏။ ဥပမာအနေနှင့် ပြောရလျှင် ထိုအရာကို နှစ်ပေါင်း (၆၀) ကြာတိုင်း အသစ်ပေါင်းထည့်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် စုန့်ကျိရှင်းက ထိုစာအုပ်ကို ရာစုနှစ်မှတ်တမ်းဟု သီးသန့်နာမည်ပေးထားခြင်း ဖြစ်သည်။

မြို့ငယ်လေးထဲတွင် နေထိုင်သော ကလေးငယ်များကို အပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် တစ်ယောက်မျှ မွေးရပ်မြေကို ပြန်လာခဲ့ကြခြင်း မရှိချေ။ သူတို့က အမြစ်ဆီကို ပြန်ရောက်မလာသော သစ်ရွက်ကြွေများကဲ့သို့ ထင်ရသည်။

မိသားစု မျိုးရိုးများစွာက အပြင်ဘက်တွင် သူတို့၏သစ်ကိုင်းများ၊ သစ်ရွက်များ ပျံ့နှံ့နေပြီး သူတို့က သစ်ပင်ကြီးတစ်ပင်အဖြစ်ပင် အမြစ်တွယ်နေခဲ့သည်။ ထို့ကြောင့် စုန့်ကျိရှင်းက ထိုအရာကို နံရံအပြင်ဘက်မှ စာအုပ်ဟု နာမည်ပြောင် ပေးထားခဲ့၏။

လက်ရှိအချိန်တွင် လူငယ်လေးကတော့ ကိုယ်ရေးမှတ်တမ်း စာရွက်တစ်ခုကို ဖတ်ရှုနေခဲ့သည်။ ထိုစာရွက်ထဲတွင် ချောင်ရှီးဟုခေါ်သော လူတစ်ယောက်၏ ဘဝဇာတ်ကြောင်းကို ဖော်ပြထားခဲ့၏။ ထိုမှတ်တမ်း၏ တခြားသော ထူးခြားချက်ကတော့ မှင်နှင့်စုတ်တံ ကပ်စေးနည်းခြင်း ဖြစ်ပုံရသည်။

စုန့်ကျိရှင်းက ထိုအရာကို အနည်းဆုံး (၇) ကြိမ်၊ (၈) ကြိမ်ခန့် ဖတ်ခဲ့ဖူး၏။ ထို့ကြောင့် ထိုစာအုပ်နှင့် အလွန်ရင်းနှီးနေပြီးသား ဖြစ်သည်။ ထို့ကြောင့် အားသည့်အချိန်တိုင်း ထိုစာအုပ်ကို ဖတ်ကြည့်လိုက်သည့်အချိန်တွင် ထူးဆန်းပြီး ရောင်စုံပုံရိပ်များ ပြည့်နှက်နေသော ပုံပြင်များကိုသာ ရွေးချယ်ပြီး သူတို့ကို ပုံပြောသမားတစ်ယောက်၏ ပုံပြင်များအဖြစ် သတ်မှတ်ထားခဲ့၏။

ထိုပုံပြင်များ၏ စစ်မှန်မှုကိုတော့ စုန့်ကျိရှင်းက ဂရုမစိုက်ခဲ့ပေ။ သူက မှူးမတ်ဝတ်စုံ ဝတ်ဆင်ထားသော လူကိုသာ မှတ်ထားခဲ့သည်။ သူက သူ၏အလုပ်နှင့် ပတ်သက်ပြီး မြို့တော်ကို သတင်းပြန်မပို့ခင် ဤနေရာကို ညကြီးသန်းခေါင် ရောက်လာခဲ့သည်။

သူက အလွန်တည်ငြိမ်သော အမူအရာနှင့် လူငယ်လေးကို သေချာမှတ်ထားရန် မှာကြားခဲ့၏။ သူမှာကြားခဲ့သည်မှာ ဤစာအုပ်ထဲတွင် ရှိနေသော လူတိုင်း၏နာမည်၊ ဤမြို့ငယ်လေးထဲတွင် ရှိနေသော လူပေါင်းတစ်ထောင်၏နာမည်နှင့် သူတို့၏ ဘိုးဘေးအုတ်မြစ်များ၊ အထူးသဖြင့် မျိုးရိုးနာမည် (၄) ခုနှင့် ကလန် (၁၀) ခု၏ ပတ်သက်မှုများ ဖြစ်သည်။

ထိုအချိန်တွင် မြို့၏ အရှေ့တောင်ဘက်၌ ရှိနေပြီး ပျက်စီးနေသည့် ရွံ့ရုပ်တုများကဲ့သို့ စုန့်ကျိရှင်းကတော့ မတုန်မလှုပ် ဖြစ်ခဲ့သည်။ တစ်ရက်ပြီးတစ်ရက် သူတို့က မြက်ခင်းပြင်ထဲသို့ ကျသွားနေသော်လည်း လေ မည်မျှတိုက်တိုက် မိုးမည်မျှရွာရွာ မတုန်မလှုပ်သာ ဖြစ်သည်။

ရုတ်တရက်ဆိုသလို ပြတင်းပေါက်ကို ဖြတ်ပြီး စားပွဲခုံပေါ်သို့ ကျရောက်လာသော အလင်းရောင်လေးက ပုံမှန်မဟုတ်ဘဲ ငြိမ်သက်သွားခဲ့သည်။ အိမ်ထဲတွင် တစ်ဦးတည်းသော လှုပ်ရှားနိုင်သည့် လူကတော့ အစေခံမလေးကျစ်ကွေးနှင့် ခြေ (၄)ချောင်းမြွေတို့သာ ဖြစ်သည်။

သူမက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိခဲ့သည်မှာ ကြာခဲ့ပါပြီ။ သူမ၏ ခေါင်းထဲတွင် ပထမဆုံး ပေါ်လာခဲ့သည်မှာ တစ်ဖက်ခြံဝန်း ဖြစ်သည်။ သူမက မျက်နှာသေနှင့် မိန်းမပျိုကို သွားရှာပြီး နှိပ်စက်ရန် စဉ်းစားထားခဲ့၏။ သို့သော် ဓားကို စဉ်းစားမိသည့်အခါ သူမက ထိုအတွေးကို ဖယ်ရှားလိုက်မိသည်။

သူမက သခင်လေး၏ အခန်းထဲသို့ အရင်ဆုံးရောက်လာပြီး စာအုပ်ထဲရှိ အရာများကို ကြည့်လိုက်သည်။ သူမက ချောင်ရှီးဟူသော နာမည် (၂) လုံးကို မြင်လိုက်ရသည့်အခါ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူမက နောက်ထပ် စာရွက်အနည်းငယ် လှန်ကြည့်လိုက်၏။ သူမက ရှဲ့ရှစ်နှင့် ပတ်သက်သော အကြောင်းအရာများကို မြင်သည့်အခါ ပြုံးလိုက်မိသည်။ သို့သော် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များ ပေါ်သွားမှာ စိုးသည့်အတွက် မူလစာရွက်ဆီကို လျင်မြန်စွာ ပြန်လှန်လိုက်၏။

ထိုနှစ်များ အတောအတွင်း အလွန်ဉာဏ်နီဉာဏ်နက်များသော သခင်လေးက သူမ၏အဆင့်အတန်းနှင့် နောက်ကြောင်းကိုပင် သံသယဝင်နေပြီး စိတ်ဝင်စားနေခဲ့သည်။ သူ့ဆီတွင် တိကျသော သက်သေအထောက်အထားများ မရှိခဲ့ပေ။ သူမကတော့ အောင်မြင်ခါနီးအချိန်ကျမှ ကျရှုံးလိုခြင်း မရှိချေ။

သူမက သခင်လေး၏ နောက်မှ လိုက်သွားပြီး ရွာကျောင်းလေးကို မကြာခဏ သွားခဲ့ဖူး၏။ ထိုနေရာတွင် စာသင်သားများပြောသော စကားလုံးတချို့က ဂုဏ်သိက္ခာ မရှိသလို အဆင်ပြေနေခြင်းလည်း မရှိချေ။ ဥပမာအနေနှင့် ပြောရလျှင် အမှန်တရားအတွက် အသက်ကို စွန့်လွှတ်သူများဟူသည့် အရာများ ဖြစ်၏။

သို့သော် တချို့စကားလုံးများကတော့ မဆိုးလှပေ။ ဥပမာအနေနှင့် မိုင် (၁၀၀) ခရီးသွားသောလူအတွက် မိုင် (၉၀)အတွက် အချိန်တစ်ဝက် ပေးရသည်ဟူသော စကားလုံး ဖြစ်သည်။ သူတို့က အမှန်တရားကို နားလည်ထားကြ၏။

ခြေ (၄) ချောင်းမြွေလေးက တံခါးဘေးတွင် လှဲလျောင်းနေပြီး နေပူဆာလှုံနေခဲ့သည်။ တိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်တွင် သူမက မူလပုံသဏ္ဍာန်ကို ပြန်ပြောင်းသွားခဲ့၏။ အလင်းရောင်အောက်တွင် သူ့ဆီမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာနေပြီး တလက်လက် တောက်ပနေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရောင်စုံဖန်သားနှင့် ဖန်တီးထားသလို ဖြစ်နေခဲ့၏။

တစ်ဖက်ခြံဝန်းထဲတွင် ….

အနက်ဝတ်မိန်းမပျို နင်ယောင်က အလွန်လျှို့ဝှက်ဆန်းကြယ်သော အခြေအနေကို ရောက်ရှိနေခဲ့၏။ သူမက ပါးစပ်နှင့် နှာခေါင်းမှနေ၍ အသက်ရှုခဲ့ခြင်းမရှိဘဲ မိခင်ဝမ်းဗိုက်ထဲတွင် ရှိနေသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

သူမ၏ဝိညာဉ်က မူလအခြေအနေကို ပြန်ရောက်သွားခဲ့ပြီး စဉ်းစားနေခြင်းကို ရပ်တန့်လိုက်သည်။ အဖြူရောင်ဓားအိမ်ထဲတွင် ရှိနေသော ဓားပျံကိုတော့ ခွင့်လွှတ်ထားပုံရ၏။ ဓားအိမ်ထဲမှ ဖြည်းညင်းစွာ ထွက်လာပြီးနောက် သူ့သခင်၏ ပတ်ပတ်လည်တွင် သွက်လက်စွာ ပျံသန်းနေသည်။

သူက အလွန်သိမ်မွေ့နူးညံ့ပြီး သခင်ကို အားကိုးနေသော ငှက်ကလေး တစ်ကောင်ကဲ့သို့ ထင်ရ၏။ ထိုအရာက လှုပ်ရှားနေသော မိန်းမပျို၏ ဝတ်စုံကဲ့သို့ ဖြစ်နေသည်။ သူက ဦးတည်ရာမဲ့ ပျံသန်းနေခြင်း မဟုတ်ဘဲ အဆောင်တစ်ခုကဲ့သို့ ထင်ရ၏။ သူက ကိုယ်ကိုယ်ကိုယ် ကုသနေသော သူ့သခင်အတွက် အကောင်းဆုံး ဖုန်းရွှေနယ်မြေတစ်ခုကို ဖန်တီးပေးထားခဲ့သည်။

အသက်အနည်းငယ်လေးပင် ရှူနေခဲ့ခြင်း မရှိသော မိန်းမပျို၏ ပတ်ပတ်လည်တွင် ရှိနေသော အငွေ့အသက်များက သူမ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့၏။ သူမက ရေများကို စုပ်ယူနေသော ဝေလငါးကြီးတစ်ကောင်ကဲ့သို့ ကမ္ဘာကြီးထဲတွင် ရှိနေသော ဝိညာဉ်အငွေ့အသက်များကို ရူးသွပ်စွာ စုပ်ယူနေခဲ့သည်။

…………

ထိုအချိန်တွင် မြို့ငယ်လေးနှင့် ဤအိမ်ထဲတွင် ရှိနေသော လေလှိုင်းများ ၊ ရေများက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

မြို့၏အပြင်ဘက်တွင် ရှိနေသော စမ်းချောင်းတောင်ဘက်တွင် မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် အရပ်ပုပု လူတစ်ယောက် ရှိသည်။ သူ၏ပတ်ပတ်လည်တွင် အလွန်ထက်မြက်သော အငွေ့အသက်တစ်ခု ရှိနေ၏။ သူ့ရင်ဘတ်က ဗလာကျင်းနေပြီး လက်ထဲတွင် တူတစ်လက်ကို ကိုင်ထားသည်။

သူက တူကို ထုလိုက်သည့်အချိန်တိုင်း မီးပွားများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့၏။ အခန်းထဲတွင် အလင်းရောင်များ ပြည့်နှက်နေသည်။ ထိုမီးပွားမြောက်မြားစွာက အခန်းကျယ်ထဲတွင် ပျံ့နေပြီး အလွန်လှပသော မြင်ကွင်းတစ်ခု ဖန်တီးပေးနေခဲ့၏။ တူချက်တစ်ချက်က ပန်းချီကားတစ်ချပ်ကို ဖန်တီးနိုင်သည်။

ထိုလူ၏ရှေ့တွင်တော့ မြင်းမြီးဆံပင်ပုံစံနှင့် မိန်းမပျိုတစ်ယောက် ရှိသည်။ သူမက ပိန်ပိန်ပါးပါးနှင့် ခန္ဓာကိုယ်ပေါ်သို့ မီးပွားများ ကျဆင်းခြင်းကို ကာကွယ်ရန် နွားသားရေအင်္ကျီကို ဝတ်ဆင်ထားခဲ့သည်။ သာမန်ချည်အင်္ကျီများက အလွယ်တကူ မီးလောင်သွားနိုင်ပြီး အပေါက်များ ဖြစ်သွားနိုင်၏။

တူတစ်ချက် ထုလိုက်ပြီးနောက် မီးပွားတစ်ထောင်ခန့်က အခန်းထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ မြင်းမြီးဆံပင်နှင့် မိန်းမပျိုက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"အဖေ ဘာဖြစ်တာလဲ…"

ထိုလူက လေးလေးနက်နက် ပြောလိုက်၏။

"ဒီဓားကို ဆက်ပြီး တူထုဖို့ သမီးရဲ့အလှည့်ရောက်ပြီ။ သမီးက ဒီအခွင့်အရေးကို အသုံးချပြီး သမီးရဲ့ဝိညာဉ်ကို ထုဆစ်ရမယ်…"

မိန်းကလေးက ဓားအိုကြီးကို ဘေးသို့ ချလိုက်ပြီး သူမ ခန္ဓာကိုယ်၏ ဘေး (၂)ဖက်တွင် ရှိနေသော မီးပွားများကို ဘေးဖယ်လိုက်သည်။ အချိန်ရပ်တန့်မှုကြောင့် ငြိမ်သက်နေသော မီးပွားများက အချင်းချင်း တိုက်ခိုက်နေသယောင် ထင်ရသည်။ သူတို့က အချင်းချင်း ဆက်လက်တိုက်ခိုက်နေပြီး အခန်းထဲတွင် အလင်းတန်းများ ဖရိုဖရဲ ဖြစ်နေခဲ့သည်။

မြို့ထဲတွင်ရှိနေသော အကြီးအကဲများက သူတို့၏အငွေ့အသက်များကို ထိန်းချုပ်ပြီး လေ့ကျင့်နေခြင်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုမိန်းကလေး၏ လုပ်ရပ်ကတော့ အလွန်ကြောက်စရာကောင်းလှသည်။ အထူးသဖြင့် သူမက တူကို ကိုင်လိုက်သည့်အချိန်တွင် သူမ၏အရှိန်အဝါက လေးလံပြီး လှုပ်ရှားမှုများက လျင်မြန် ကြမ်းတမ်းလှသည်။

အတွေ့အကြုံရှိသောလူနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမက ပို၍ပင်ကြမ်းတမ်းပြီး စည်းကမ်းမရှိချေ။ အဆုံးတွင် တူချက်တစ်ချက်ချင်းဆီမှ ထွက်ပေါ်လာသော မီးပွားများက ပျောက်ကွယ်သွားခဲ့ခြင်း မရှိချေ။ ထို့ကြောင့် အကြိမ်ကြိမ် ပေါင်းစပ်လာပြီး အလွန်သိပ်သည်းသော မီးပွားများက လေထဲတွင် ကြယ်ပွင့်များကဲ့သို့ ဖြစ်လာခဲ့၏။

ဓားထုလုပ်ရေးအခန်းထဲတွင် မီးပွား သန်းပေါင်းများစွာ ရှိလာခဲ့သည်။ ထိုလူက အနီရောင် ‌ဓားသန္ဓေကိုကြည့်ပြီး လေးလေးနက်နက် အမိန့်ပေးလိုက်၏။

"ဓားဖန်တီးရေးကျင့်စဉ်ရဲ့နဂါးလှုပ်ရှားခြင်းအခန်းကို ရင်ထဲကနေ ရွတ်ဆိုလိုက်..."

မိန်းမပျို၏အငွေ့အသက်များက ရုတ်တရက် လျော့ကျသွားသည်။ သူမက အသံတိုးတိုးနှင့် ပြောလိုက်၏။

"အဖေ…"

"ဘာလဲ..."

ထိုလူက ဒေါသတကြီး ပြန်အော်လိုက်၏။

မိန်းမပျို၏ အငွေ့အသက်များက နောက်တစ်ကြိမ် လျော့ကျသွားပြီး သူမက စိုးရိမ်စွာ ပြောလိုက်သည်။

"သမီးက နေ့လယ်စာ သေချာကောင်းကောင်းမစားခဲ့ရဘူး။ သမီးက အခုဗိုက်ဆာနေတော့ ထပ်ပြီးတော့ တူမထုနိုင်တော့ဘူး…"

ထိုလူက ပို၍ပင် ဒေါသထွက်သွားခဲ့၏။ အကယ်၍ သူက ဓားတစ်လက် ထုလုပ်ခြင်းမရှိလျှင် သူမကို အပြစ်တင်မိမည် ဖြစ်သည်။

"အဖေက သမီးကို ကျင့်စဉ်ရွတ်ဖို့ပဲ ခိုင်းနေတာ။ သမီးရဲ့အသက်ကို တောင်းဆိုနေတာ မဟုတ်ဘူး။ ဘာလို့များ ဆင်ခြေတွေပေးနေရတာလဲ ခွေးမလေး..."

"ဗိုက်ရှိမှတော့ ဆာတာပုံမှန်ပဲလေ။ ဒါက ဆင်ခြေမှ မဟုတ်တာ.."

မိန်းမပျိုက တစ်ခစ်ခစ် ရယ်လိုက်မိသည်။

သူမက ဗိုက်ဆာနေသည်ဟု ပြောခဲ့သော်လည်း သူမ၏လက် (၂) ဖက်ကတော့ အနည်းငယ်လေးပင် နှေးကွေးနေခြင်း မရှိချေ။ တခဏအတွင်း မိန်းမပျိုက အော်ဟစ်လိုက်ပြီး အစွမ်းကုန်သုံး၍ တူကိုထုချလိုက်၏။

သူမက ကျယ်လောင်စွာ ပြောလိုက်သည်။

"ထွက်လာခဲ့စမ်း..."

ယခုတစ်ကြိမ်တော့ အပြင်သို့ ထွက်လာသော မီးပွားများက အလွန်အမင်းကိုများပြားပြီး တလက်လက် တောက်ပနေခဲ့၏။

ထိုလူ၏ မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခဲ့ခြင်းမရှိဘဲ စိတ်ထဲတွင် တွေးလိုက်၏။

"ပြီးဆုံးသွားပြီ…"

………..

ကုစန့်၏ခြံဝန်းထဲတွင် …

အမျိုးသမီးက ခေါင်းကိုက်ရာမှနေ၍ ဖြည်းညင်းစွာ နိုးထလာခဲ့သည်။ သူမက ကုစန့်၏ အကူအညီနှင့် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။

မြစ်ဖြတ်အင်မော်တယ် လျှိုကျစ်မောက်က မျက်လုံးမှိတ်၍ အနားယူနေခဲ့၏။ သူ၏လက်မနှင့် လက်ညှိုးကလည်း ဖြည်းညင်းစွာ လှုပ်ရှားနေခဲ့သည်။

အမျိုးသမီးက သူ့သားကို ဘေးတွင် ထိုင်ခိုင်းလိုက်ပြီး တိုးတိုးလေး မေးလိုက်၏။

"အင်မော်တယ်အကြီးအကဲ …ဘာတွေဖြစ်ခဲ့တာလဲ…"

အဘိုးအိုက မျက်လုံးမဖွင့်ဘဲ ပြောလိုက်သည်။

"ဒီအဘိုးကြီးက တပည့်ကောင်း တစ်ယောက်ရခဲ့တယ်။ မင်းဆီမှာတော့ သားကောင်း တစ်ယောက်ရှိနေတယ်။ မိန်းကလေးကု … မင်းက သားကြောင့် အမေပါ အဆင့်အတန်း မြင့်လာတော့မှာကို စိတ်အေးအေးနဲ့ စောင့်နေလို့ရပြီ…"

ထိုအမျိုးသမီးက အလွန်ဝမ်းသာသွားခဲ့သည်။ သူမ၏မျက်လုံးထဲမှနေ၍ မျက်ရည်ပူများ စီးကျလာခဲ့၏။ သူမက သားဖြစ်သူကိုဖက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကလေးတို့အဖေ ရှင်ကြားရဲ့လား။ ကျွန်မတို့ရဲ့ကုစန့်မှာ သေချာပေါက် အောင်မြင်မှုတွေ ရှိလာတော့မယ်…"

လျှိုကျစ်မောက်က ရုတ်တရက် အံ့ဩသွားခဲ့ပြီး သူ၏လက်ဖဝါးပေါ်တွင် ရှိနေသော မျဉ်းကြောင်းများကို ဖွင့်ကြည့်လိုက်သည်။ ထိုနေရာတွင် မျဉ်းကြောင်းအသစ်တစ်ခု ပေါ်လာပုံရ၏။

သူက တစ်ယောက်တည်း တီးတိုးပြောလိုက်သည်။

"ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒီလိုမဖြစ်သင့်ဘူးလေ။ ဒီကောင်လေးက မသေဘဲ အင်မော်တယ်တပည့်တစ်ယောက်က သေသွားရတာလား…"

အဘိုးအိုက မနေနိုင်ဘဲ မတ်တပ်ရပ်လိုက်မိသည်။ သူက ခြံဝန်းထဲတွင် ဖြည်းညင်းစွာ လမ်းလျှောက်နေပြီး လက်ချောင်းလေးများကို လျင်မြန်စွာ လှုပ်ရှားကြည့်နေခဲ့၏။

"အမှိုက်တွေ …

မင်းတို့တွေက သာမန်လူတစ်ယောက်ရဲ့လက်ထဲမှာ သေသွားရတယ်။ နှစ်ထောင်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ယွင်ရှားတောင်ရဲ့ဂုဏ်သိက္ခာက ဒီလိုမျိုး ဖျက်ဆီးခံလိုက်ရပြီလား…"

အမျိုးသမီးက မသက်မသာ ပြောလိုက်ရသည်။

"အင်မော်တယ်အကြီးအကဲ …

ကျွန်မတို့ကုစန့်က ဆရာအဖြစ် အသိအမှတ်ပြုနေပြီဆိုတော့ ချန်းပင်အန်းကို အလွတ်ပေးလိုက်လို့ မရဘူးလား…"

အဘိုးအိုက ဒေါသတကြီး ပြန်အော်လိုက်သည်။

"ဘာအခုမှ နူးညံ့နေတာလဲ။ တကယ်လို့ သနားတတ်တဲ့ နှလုံးသားရှိတယ်ဆိုရင် ပထမဆုံးတွေ့တဲ့ အချိန်ကတည်းက သူ့ကို သတ်ပစ်ဖို့အတွေးမျိုး မရှိသင့်ဘူး။ အဲဒီအချိန်တုန်းကတော့ ဒီအဘိုးကြီးရဲ့ရှေ့မှာ မာကျောချင်ယောင်ဆောင်ခဲ့တယ်။ မင်းမှာ အရှက်မရှိဘူးလား…"

အမျိုးသမီး၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူမက ဒယိမ်းဒယိုင်ဖြစ်သွားပြီး စကားတစ်ခွန်းမျှ မပြောရဲပေ။

အဘိုးအိုက ဒေါသထွက်နေသေး၏။ သူက မိန်းမပျိုကို လက်ညှိုးထိုးပြပြီး ကြိမ်းမောင်းပြောဆိုလိုက်သည်။

"ဒီမှာ မိန်းကလေး …

မင်းရဲ့အသိဉာဏ်က နည်းနည်းလေးပဲ။ နောက်ပိုင်း ကုစန့်က ငါနဲ့အတူ စာအုပ်ရေကန်ကိုသွားတဲ့ အချိန်ကျရင် မင်းနဲ့ မင်းရဲ့သားက မကြာခဏတွေ့ရမှာ မဟုတ်ဘူး။ မဟုတ်ရင် သူ့ရဲ့ကျင့်ကြံမှုက နှောင့်နှေးသွားလိမ့်မယ်။ မင်းက ကန့်ကွက်ချင်သေးလား…"

အမျိုးသမီးက အလျင်အမြန် လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

"ကျွန်မက မလုပ်ရဲပါဘူး…"

အဘိုးအိုက မျက်နှာပျက်သွားခဲ့၏။

အမျိုးသမီးက ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ သူမက ဝမ်းနည်းနေသော မျက်နှာအမူအရာနှင့် သနားစဖွယ် ပြောလိုက်၏။

"မကန့်ကွက်ပါဘူး။ ကျွန်မ လုံးဝမကန့်ကွက်ပါဘူး…"

အဘိုးအိုက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး အေးစက်စွာ ပြောလိုက်သည်။

"ဒီအဘိုးကြီးက အရမ်းဒေါသထွက်နေတယ်…"

မူလတုန်းကတော့ ထိုအမျိုးသမီးဆီတွင် ထူးခြားသော အလှတရားတချို့ ရှိနေကြောင်း သူက မြင်လိုက်ရ၏။ သူက သူမကို သူ၏အစေခံ တစ်ယောက်အဖြစ် ခေါ်ယူသွားရန် စဉ်းစားနေခဲ့သည့်အချိန်တွင် သူမကတော့ စိတ်မရှည်နိုင်ဖြစ်ပြီး မဆင်မခြင် ပြောခဲ့သည်။ သူမက ကျင့်ကြံမှုလမ်းကြောင်းကို ခြေချနိုင်သည့် အခွင့်ကောင်းတစ်ခုကို လက်လွတ်သွားခဲ့၏။

ရုတ်တရက်ဆိုသလို အဘိုးအိုက ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်နေရသည့်အလား မော့ကြည့်လိုက်သည်။ ဤကမ္ဘာကြီးကလည်း လူတစ်ယောက်ကြောင့် ရပ်တန့်သွားခဲ့၏။ ထိုအရာကို နယ်မြေအဆုံးသတ်ဟု ခေါ်သည်။

နယ်မြေအဆုံးသတ်ဟူသည်မှာ ဤကမ္ဘာကြီးထဲတွင် ရှိနေသော လိုဏ်ဂူငယ်လေး များစွာထဲမှ တစ်ခုဖြစ်သည်။ မြေကမ္ဘာအင်မော်တယ်များနှင့် ရွှေကိုယ်တော် ရသေ့ကြီးများကပင် ထိုအရာကို မသုံးနိုင်ကြပေ။ ထိုကဲ့သို့ ကြောက်စရာကောင်းသော မှော်စွမ်းအားများက ပြီးပြည့်စုံသော အစွမ်းမျိုးဟု သတ်မှတ်နိုင်၏။

ထိုအကြောင်းအရာ အများစုက ဝင်္ကပါကြောင့် ဖြစ်သော်လည်း လူအများစုကတော့ အံ့သြလေးစားနေမိသေး၏။ သူကသာ ဤကမ္ဘာကြီးထဲတွင် ရှိနေသေးသရွေ့ အင်မော်တယ်ဖြစ်စေ ဗုဒ္ဓဖြစ်စေ နတ်ဘုရားများ မကောင်းဆိုးဝါးများဖြစ်စေ အရိုအသေ ပေးရမည်သာ ဖြစ်သည်။ ထိုအရာက မည်ကဲ့သို့သော ခံစားမှု ဖြစ်လာမည်နည်း။

မြစ်ဖြတ်အင်မော်တယ် လျှိုကျစ်မောက်က ထိုအဆင့်ကိုရောက်ရန် မျှော်လင့်နေခဲ့၏။ သူက အစွမ်းထက်သော်လည်း အသုံးမဝင်ခဲ့ပေ။

"သေလိုက်စမ်း…"

လျှိုကျစ်မောက်က ထိုလိုဏ်ဂူငယ်လေးထဲသို့ ရောက်ရှိလာပြီးနောက် ထိုနေရာတွင် ရှိနေသော ဗုဒ္ဓ၊ တာအိုဘိုးဘေးနှင့် ကွန်ဖြူးရှပ်ဂိုဏ်းခေါင်းဆောင်၏ တတိယမျိုးဆက် တပည့်များအားလုံးကို ဆွဲခေါ်ရန် ဆန္ဒရှိနေခဲ့သည်။ သူက သူတို့ကို ဦးညွတ်ရန် တောင်းဆိုရဲခြင်း မရှိသော်လည်း အနည်းဆုံးတော့ သူတို့က တန်းတူသတ်မှတ်၍ ရနိုင်၏။

လျှိုကျစ်မောက်၏ ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာပြီး လက်ဖဝါးပေါ်မှ သွေးများ ဖြာထွက်လာခဲ့သည်။ တစ်စုံတစ်ယောက်က အလွန်ထက်မြက်သော လက်နက်တစ်ခုကို အသုံးပြုလိုက်သလို ထင်ရ၏။ သူ၏လက်တစ်ဖက်တွင်တော့ အဖြူရောင်ပန်းကန်လုံးက အလိုလို ပေါ်လာခဲ့သည်။

ရေများက ဆက်တိုက်ထွက်ပေါ်လာပြီး အနက်ရောင် မျဉ်းကြောင်းများကလည်း နေရာအနှံ့ လှုပ်ရှား၍ နံရံကို ဖျက်စီးနေခဲ့၏။ အဘိုးအိုက လုံးဝတွေဝေမနေခဲ့ပေ။ သူက လက် (၂) ဖက်ကို တင်လိုက်၏။ သူက တာအိုသခင်တစ်ယောက် ဖြစ်သော်လည်း ကွန်ဖြူးရှပ်ဂိုဏ်းမှ ဆရာချီကို အရိုအသေပေးရမည် ဖြစ်သည်။

သူက တုန်ယင်နေသော လေသံနှင့် ပြောလိုက်၏။

"ကျွန်တော် ကျွန်တော်က စာအုပ်ရေကန်ထဲမှာရှိတဲ့ ချင်းရှကျွန်းရဲ့ပိုင်ရှင် လျှိုကျစ်မောက်ပါ။ ကျွန်တော်က ဆရာချီကို တောင်းပန်ပါတယ်။ တကယ်လို့ ကျွန်တော်က အပြစ်ပြုမိခဲ့တယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ.."

အချိန်တော်တော်ကြာပြီးနောက်...

"မြန်မြန်ထွက်သွားစမ်း"

ထိုစကားလုံး (၄) ခုက တာအိုသခင်၏နားထဲတွင် မိုးခြိမ်းသံပမာ ပေါ်လာခဲ့သည်။ လျှိုကျစ်မောက်က ဝမ်းသာအားရ ပြောလိုက်၏။

"ဘာမှမစိုးရိမ်ပါနဲ့ ဆရာချီ ။ ကျွန်တော်က မိန်းကလေးကုနဲ့ သူ့သားကို မြို့ထဲကနေ ခေါ်သွားမှာပါ…"

သူ့ကိုယ်သူ အငယ်တစ်ယောက်အဖြစ် သတ်မှတ်ထားသော အဘိုးအိုက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး သေချာမေးလိုက်၏။

"ဆရာချီ …

ကျွန်တော်က ဒီကြေးပြားအိတ် (၂) အိတ်ကို ဘယ်လိုလုပ်လိုက်ရမလဲ…"

အလွန်ကြီးကျယ်ခမ်းနားသောအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။

"လူတစ်ယောက်နဲ့ ပစ္စည်းတစ်ခု အခွင့်အရေး (၂) ခုပဲ။ အဲဒီအရာတွေကို ခြံဝန်းထဲမှာ ထားခဲ့လိုက်...။ မင်းက နှစ်ပေါင်း (၃၀) လုံးလုံး စာအုပ်ရေကန်ထဲကနေ ထွက်သွားခွင့်မရှိတော့ဘူး…"

လျှိုကျစ်မောက်၏ ပုခုံးပေါ်တွင် ဖိနှိပ်ထားသော ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။ ယခုတစ်ကြိမ်တော့ သူက ချီကျင့်ချွန်ကို တမင်တကာ ဦးညွှတ်နေခြင်း မဟုတ်တော့ဘဲ တလေးတစား ဦးညွှတ်လိုက်၏။

"ကျွန်တော်က အကြီးအကဲရဲ့လက်ဆောင်ကို မငြင်းရဲပါဘူး။ ဆရာချီရဲ့ သနားကြင်နာမှုကို ကျွန်တော့်ရဲ့ရင်ထဲမှာ မှတ်ထားပြီး လုံးဝမမေ့ပါဘူး…"

ထို့နောက် ချီကျင့်ချွန်၏အသံက ထပ်ပေါ်မလာတော့ပေ။ နယ်မြေကြီးကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ လျှိုကျစ်မောက်က အပိုစကားများ မပြောတော့ပဲ ကုအမျိုးသမီးနှင့် ကုစန့်တို့ကိုခေါ်ပြီး မြို့ထဲမှ ချက်ချင်း ထွက်သွားရမည် ဖြစ်သည်။

မိန်းကလေးကုက မေးတော့မည့်အချိန်တွင် သူမက လျှိုကျစ်မောက်၏ ကြောက်မက်ဖွယ်ရာ မျက်လုံးများကို မြင်လိုက်ရသည့်အတွက် တိတ်ဆိတ်သွားခဲ့၏။

လျှိုကျစ်မောက်က အိတ် (၂) အိတ်ကို ထုတ်လိုက်၏။ သူက ထိုအရာများကို မပေးချင်သော်လည်း ခုံပေါ်တွင် တင်ခဲ့သည်။ သို့သော် သူက ခြံဝန်းထဲမှ ထွက်သွားတော့မည့်အချိန်တွင် လျှိုကျစ်မောက်က ရုတ်တရက် မေးလိုက်၏။

"မင်းတို့မိသားစုမှာ တခြားရှေးဟောင်းပစ္စည်းတစ်ခုခု ရှိနေသေးလား.."

အမျိုးသမီးက စဉ်းစားနေသည့်အချိန်တွင် ကုစန့်က သူ့ကို ချက်ချင်း သတိပေးလိုက်သည်။

"အဖေက ရတနာစံအိမ်တစ်ခု ချန်ထားခဲ့တယ် မဟုတ်လား။ အဲဒါက အိပ်ရာအောက်မှာ ဖုန်တက်နေတယ်လေ…"

လျှိုကျစ်မောက်၏ မျက်လုံးများက ဝင်းလက်သွားပြီး စကားတစ်ခွန်းမျှမပြောဘဲ အမျိုးသမီးကို ရှေ့မှ လမ်းပြခိုင်းလိုက်သည်။ အင်မော်တယ်က သူ့အတွက် အခွင့်အရေးတစ်ခုအဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် ထိုကလေးကို သူ၏ကိုယ်ပိုင်ကံကြမ္မာအဖြစ် ခေါ်ဆောင်သွားနိုင်သည်ဟု ဆိုလိုနေသည်။

ထိုကံကြမ္မာ၏ နောက်ဆုံးပိုင်ရှင်ကတော့ ဘုရင်ကြီးကိုယ်တိုင် ရောက်လာလျှင်ပင် ချီကျင့်ချွန်၏စကားကို နားထောင်ရမည် ဖြစ်သည်။ သို့သော် စာအုပ်ရေကန်ထဲတွင်တော့ ပြောရန်ခက်ခဲ၏။

နောက်ဆုံးတွင်တော့ စောင့်ကြည့်ခံရမှုမရှိတော့သော ကုစန့်က သူတို့ (၂) ယောက် အိမ်ထဲဝင်သွားသည့်အချိန်ထိ စောင့်နေခဲ့သည်။ သူက လက် (၂) ဖက်နှင့် အိတ် (၂)အိတ်ကိုယူပြီး တံခါးဂျက်ကို လျင်မြန်စွာ ဆွဲဖွင့်လိုက်သည်။ ထို့နောက် ရွှံ့ပုလင်းလမ်းကြား၏ တခြားတစ်ဖက်ကို ပြေးထွက်သွားခဲ့၏။

အိမ်ထဲတွင် အမျိုးသမီးက မြေပေါ်တွင် ဒူးထောက်ပြီး အိပ်ရာအောက်တွင် ရှိနေသော သေတ္တာကို လှမ်းယူလိုက်သည်။ ထိုသေတ္တာက ကြီးမားမှုမရှိသော်လည်း အလွန်လေးလံ၏။ ထို့ကြောင့် သူမက အသက်ကို မနည်းရှုနေရသည်။

ရလဒ်အနေနှင့် လုံးဝိုင်းသော သူမ၏တင်ပါး (၂) ဖက်ကို မြစ်ဖြတ်အင်မော်တယ်က ကန်လိုက်၏။ သူက ပြောလိုက်သည်။

"မိန်းကလေးကု …

မင်းက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ ဒါပေမဲ့ ဒီလိုခန္ဓာကိုယ်မျိုးရှိရင်တော့ မင်းက ချင်းရှကျွန်းမှာ ဒုတိယတန်းစား အစေခံ တစ်ယောက် ဖြစ်နိုင်တယ်။ မင်းက တတိယတန်းစား အစေခံတစ်ယောက်ထက်တော့ လုံလောက်တာထက်တောင် ပိုပါသေးတယ်။ ငါ မင်းကို မကြိုက်ပေမယ့် ချင်းရှကျွန်းပေါ်မှာ မင်းကိုကြိုက်နိုင်တဲ့ ဧည့်သည်အကြီးအကဲတွေရှိတယ်။ အချိန်ကျလာရင် မင်းက အဲဒီအတွက် တိုက်ခိုက်ရလိမ့်မယ်။ မင်းက အခွင့်အရေးအတွက် ဘာမှရှက်မနေနဲ့…"

မိန်းမပျို၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားခဲ့သည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ် အများစုက ကုတင်အောက်တွင် ရှိနေသေးသည့်အတွက် မျက်နှာအမူအရာကိုတော့ မမြင်ရပေ။

…………

လမ်းကြားလေး၏ ဝင်ပေါက်သို့ လျှောက်လာရင်း ချီကျင့်ချွန်က ချန်းပင်အန်းကို ပြောလိုက်သည်။

"ချိုက်ကျင်းကျန့်နဲ့ ဖူနန်းဟွာတို့ကိုတော့ ငါပဲ ဖြေရှင်းလိုက်မယ်။ အခုမင်းဆီမှာ ရှေးဟောင်းသစ်ခါးပင်ကြီးရဲ့ သစ်ရွက် ရှိနေပြီ။ သေခြင်းရှင်ခြင်းကို လျှော့မတွက်မိစေနဲ့။ ကောင်းကောင်းအသက်ရှင်နေတာကလည်း မင်းရဲ့မိဘတွေကို ပြန်ပေးနိုင်တဲ့ အကောင်းဆုံး ကျေးဇူးဆပ်ခြင်းပဲ…”

“နဂါးအိုမြို့နဲ့ မြစ်ဖြတ်အင်မော်တယ်တို့က မင်းကိုပြဿနာမရှာဘူးလို့ ငါသေချာမပြောနိုင်ပေမယ့် နောက်ထပ် (၁၀) နှစ်အတွင်း သူတို့က မင်းကို သေချာပေါက် ပြဿနာမရှာနိုင်ဘူး။ တကယ်လို့ မင်းသာ ကံကောင်းမယ်ဆိုရင်တော့ သာမန်လူတစ်ယောက် ဖြစ်နေဦးမယ်ဆိုရင်တောင် နှစ်ပေါင်း (၃၀) လောက် လုံခြုံနေနိုင်သေးတယ်…"

ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်၏။

"မင်းက မြို့ငယ်လေးကို ကြောက်ဖို့မလိုပါဘူး။ မဟုတ်ဘူး။ သိပ်မကြာခင်မှာ လှည့်စားမှုတွေ ရှိလာမှာမဟုတ်တော့ဘူး။ တကယ်လို့ မင်းက နှစ်ပေါင်း (၂၀)၊ (၃၀)လောက် ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်ဆိုရင် ဒီနေရာမှာ မိန်းကလေးတစ်ယောက်ကို လက်ထပ်ပြီး မိသားစုတစ်ခု ဖန်တီးလိုက်ပါ...”

“တကယ်လို့ မင်းက မြို့အပြင်ဘက်ကို ထွက်ပြီး အစစ်အမှန်ကမ္ဘာကြီးကို ကြည့်ချင်တယ်ဆိုရင်လည်း ကောင်းတာပါပဲ။ စာအုပ်တစ်သောင်းကို ဖတ်ပြီး မိုင် တစ်သောင်းလောက် ခရီးသွားရတာက ငါတို့လို စာသင်သားတွေ လုပ်ရတဲ့ အရာတစ်ခုပဲ။ မင်းက နောက်ပိုင်းမှာ သေချာပေါက် ရှာတွေ့မှာပါ…”

“မြို့ငယ်လေးထဲမှာ စာအုပ်ဖတ်ဖို့တော့ ခက်တယ်။ ဒါပေမဲ့ လမ်းလျှောက်ဖို့ကတော့ လွယ်ပါတယ်။ အပြင်ဘက်မှာ စာသင်သားတွေက စာအုပ်တွေ ဝယ်နိုင်တယ်။ စာတွေဖတ်နိုင်တယ်။ စာအုပ်တွေကို အလွယ်တကူ စုဆောင်းနိုင်ကြတယ်။ ဒါပေမယ့် သူတို့က ဘိုးဘေးတွေလို လမ်းမလျှောက်နိုင်ကြဘူး။ အဲဒါက ခက်ခဲတယ်လို့ တွေးကြတယ်။ ဒါကြောင့် ခရီးသွားတယ်ဆိုတာကလည်း လေ့လာခြင်းတစ်မျိုးပါပဲ.."

လူငယ်လေးက အံ့အားသင့်စွာ ပြောလိုက်သည်။

"ဆရာချီ …

လမ်းလျှောက်တာက ခက်ခဲတယ်လို့ သတ်မှတ်နိုင်လို့လား…"

ချီကျင့်ချွန်က ကျေနပ်စွာ ရယ်လိုက်၏။

"မြို့ငယ်လေးရဲ့အပြင်ဘက်ကို မပြောပါနဲ့ဦး။ မြို့ငယ်လေးထဲမှာပဲ အရင်ဆုံးပြောမယ်။ ဖုလုလမ်းကြားနဲ့ မက်မွန်ပွင့်လမ်းကြားထဲမှာ မင်းနဲ့ သက်တူရွယ်တူ လူငယ်လေးတွေကို မြင်လား။ သူတို့က တောင်တန်းတွေ ၊သစ်တောတွေထဲမှာ ပြေးလွှားနိုင်ကြလို့လား.."

လူငယ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အဲဒါတော့ အမှန်ပါပဲ.."

ချီကျင့်ချွန်က ခဏကြာ စဉ်းစားပြီးနောက် သူ၏ဆံထုံးတွင် ထိုးထားသော နဂါးသွဲ့ကျောက်စိမ်းဆံထိုးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ သူက ခါးကုန်းပြီး လူငယ်လေးကို ပေးလိုက်၏။

"ဒါကို ခွဲခွာခြင်းလက်ဆောင်အဖြစ် ယူထားလိုက်ပါ။ ဒါက ဈေးကြီးတဲ့ပစ္စည်း မဟုတ်သလို အင်မော်တယ် ပစ္စည်းတစ်ခုလည်း မဟုတ်ဘူး။ ဒါကြောင့် ဘာမှစိုးရိမ်မနေဘဲ လက်ခံထားလိုက်...”

“အမှန်အတိုင်းပြောရရင် ငါလည်း မင်းလို လမ်းကျဉ်းလေးထဲမှာ နေထိုင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ပါပဲ။ ငါက ပြင်းပြင်းထန်ထန် လေ့လာခဲ့ပြီး အခက်အခဲ အတားအဆီးတွေ အများကြီးကို ကြုံခဲ့ရတယ်။ ငါက ချောက်ကမ်းပါးကျောင်းတော်ကို မရောက်ခင် အခွင့်အရေးမျိုးစုံကိုလည်း ရခဲ့တယ်။ ငါ့ရဲ့ဆရာဆီမှာ တပည့်ခံခဲ့ရတဲ့ အချိန်တွေက ငါ့ရဲ့ဘဝမှာ အပျော်ရွှင်ရဆုံး အချိန်တွေပဲ။ နောက်ပိုင်းမှာတော့ ငါ့ဆရာ တောင်ထိပ်ကနေ ထွက်သွားခဲ့တဲ့အချိန်မှာ ယုံကြည်မှုနဲ့ မျှော်လင့်ချက်ရဲ့ သင်္ကေတအဖြစ် ဒီဆံထိုးလေးကို ပေးခဲ့တယ်။ ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်လိုက်တော့ နှစ်ပေါင်းများစွာအတွင်း ငါက ဘာမှကောင်းကောင်း မလုပ်ခဲ့မိဘူး။ တကယ်လို့ ငါ့ဆရာ အသက်ရှင်နေဦးမယ်ဆိုရင် သူလည်း စိတ်ပျက်မယ်လို့ ယုံကြည်တယ်…"

လူငယ်လေးက ထိုလက်ဆောင်ကို လက်မခံရဲပေ။ ထိုနဂါးသွဲ့ကျောက်စိမ်းဆံထိုးလေးက ဆရာချီနှင့် သူ့ဆရာတို့၏ ဆရာတပည့်ဆက်ဆံရေး ပါဝင်နေပုံရသည်။ ထို့ပြင် ထိုအရာက အလွန်တန်ဖိုးကြီးမားသော လက်ဆောင်တစ်ခု ဖြစ်၏။

လူငယ်လေးက မသိနားလည်သော လူတစ်ယောက် ဖြစ်စေကာမူ သူက ကြွေထည်များ လုပ်ခဲ့ဖူးသော လူတစ်ယောက် ဖြစ်သည်။ သူက ကောင်းသောအရာနှင့် ဆိုးသောအရာများကို ခံစားမိနေသေး၏။

ချီကျင့်ချွန်က နွေးထွေးစွာ ပြုံးလိုက်သည်။

"တကယ်လို့ မင်းသာ ငြင်းဆန်နေမယ်ဆိုရင် ဆရာ့ရဲ့အမွေအနှစ်တွေက ငါနဲ့အတူ ပျောက်ကွယ်သွားတော့မယ်။ ဒါကြောင့် ငါက မင်းကို ပေးချင်နေတာ...။ ပြီးတော့ မင်းက ဘာမှမလုပ်ဘဲ ရခဲ့တာ မဟုတ်ဘူး။ ငါက ဒီမြို့ငယ်လေးထဲမှာ နှစ်ပေါင်း (၆၀)နီးပါးလောက် နေထိုင်ခဲ့တယ်။ ပြီးတော့ ရင်ထဲမှာ ဖြေရှင်းလို့ မရနိုင်တဲ့ အဖုအထစ်တစ်ခုလည်း ရှိခဲ့တယ်။ ငါ့ရဲ့ဆရာက သေဆုံးသွားခဲ့တာတော့ ကံဆိုးတာပေါ့။ နဂိုတုန်းကတော့ ငါက ဘဝတလျှောက်လုံး အဖြေမရနိုင်တော့ဘူးလို့ ထင်နေခဲ့တာ။ ဒီနေ့တော့ မထင်မှတ်ဘဲ မင်းက ငါ့ရဲ့မေးခွန်းတွေကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ ဒါကြောင့် ငါက မင်းကို ဒီဆံထိုးလေး ပေးလိုက်ရတာပဲ။ မင်းက ဒီဆံထိုးနဲ့ ထိုက်တန်ပါတယ်။ ချန်းပင်အန်း… ငါက မင်းအတွက် သစ်ခါးပင်သစ်ရွက်တစ်ခုပဲ တောင်းဆိုပေးနိုင်ခဲ့တယ်။ နောက်ထပ်ဘာအခွင့်အရေးမှ မပေးနိုင်ခဲ့ဘူး…"

လူငယ်လေးက ကျောက်စိမ်းဆံထိုးလေးကို လက် (၂) ဖက်နှင့် ယူလိုက်သည်။ သူက ခေါင်းမော့ပြီး လေးလေးနက်နက် ပြောလိုက်၏။

"ဆရာက အများကြီး လုပ်ပေးပြီးသွားပါပြီ…"

ချီကျင့်ချွန်က တိုးတိုးလေး ရယ်လိုက်သည်။ လူငယ်လေးက ဆံထိုးကို လက်ခံလိုက်ကြောင်း မြင်သည့်အခါ သူလည်း စိုးရိမ်ပူပန်မှု မရှိတော့ချေ။ ဆံထိုးလေးက အမှန်တကယ်ကို သာမန်သာ ဖြစ်သော်လည်း သူ့ဆရာ၏ အမွေအနှစ် ဖြစ်သည်။

ထိုကျောက်စိမ်းဆံထိုးလေးကို ထိုလူငယ်ဆီသို့ ပေးလိုက်ရသည်မှာ အလွန်ကောင်းမွန်သည်။ ထို့ကြောင့် ချီကျင့်ချွန်က အဆုံးတွင် သူ့ကို သတိပေးလိုက်၏။

"ချန်းပင်အန်း …

နောက်ပိုင်းမှာ ဘာတွေပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးကို စိတ်မပျက်သွားပါနဲ့…"

All Chapters