← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အရင်က ရသစုံရှိုးပွဲတွင် ဧည့်သည်တော်များ စားချင်တာများ ကောင်းကောင်းစားရသည်ကို သတိရမိသွားသည်။

အိမ်တွင်၂ရက်တာမျှ အနားယူပြီးနောက် အိပ်ယာထဲ လှဲနေရသည်ကိုပျင်းလာမိသည်။ ပန်းချီကားတွေ အော်ဒါလက်ခံသည့် သူမရဲ့ အခြားအကောင့်ထဲ ဝင်ကာ စာဝင်နေမလားဆိုသည့်အထင်ဖြင့် ဝင်စစ်ဆေးလိုက်သည်။

သူမအရင်က နေ့စဉ် Weiboတွင် တင်ခဲ့ဖူးသည့်ပုံနှင့်တွဲ၍ပို့ကာ လူတစ်ယောက်က အော်ဒါတင်ထားခဲ့သည်။

"အစ်မ ဒီပုံအပေါ်မူတည်ပြီး ပန်းချီကားကို အဆက်လိုက် ဆွဲပေးလို့ရမလားဟင်? ဈေးနှုန်းကို ညှိနှိုင်းပေး

လို့ရပါတယ် "

ထိုစာကို မြင်မိစဉ် စုချန်ယန် အတော်လေး အံ့ဩသွားမိသည်။ သူမ fanများ ဖြစ်နေမ‌လားပေါ့။

စုချန်ယန် - "ဘယ်လိုပုံစံမျိုးလိုချင်တာလဲ?"

တစ်ဖက်လူမှာ ပြန်ပြောလာဖို့ အချိန်ယူပြီး ကြာဦးမယ်ဘို့ သူမ ထင်ခဲ့ပေမယ့် သူမ Weibo က မထွက်ခင်လေးတွင် စာပြန်ပို့လာသည်။

"ကင်မရာရှေ့မှာတော့ အသီးအရွက်တွေ စားပြနေပြီး ကင်မရာမရှိတော့တာနဲ့ အသားနဲ့ငါးတွေ စားတဲ့ပုံစံကို အခန်းဆက်လို ပုံစံမျိုး လိုချင်တာပါ"

စုချန်ယန် ခဏကြောင်သွားပြီး မေးလိုက်သည်။

"ဒီပန်းချီကားတွေကနေ ဘာကို အဓိကဖော်ပြချင်တာလဲ?"

တစ်ဖက်လူသည်လည်း တည့်တိုးပြောတတ်သည့်လူမို့ တည့်တည့်သာ ပြောလိုက်သည်။ "သနားစရာကောင်း‌သလို လုပ်ပြနေတဲ့ သူ့ရဲ့မျက်နှာနှစ်ဖက်နဲ့ ပုံစံကို လှောင်ဖို့လေ"

စုချန်ယန်လည်း ခဏလောက် ငြိမ်သက် တိတ်ဆိတ်သွားပြီး ဒီလူက သူမ fan မဟုတ်မှန်း သိသွားသည်။ ချက်ချင်း ငြင်းဖို့အသင့်ပြင်ပြီး cb တွင် စာအချို့ရိုက်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမကိုယ်သူမ လှောင်ဖို့အတွက်နဲ့ ပန်းချီကားတွေ ရေးပေးရလောက်တဲ့ထိတော့ မတုံးပေ။

ငြင်းထားသည့် စာကိုပို့မလို့ ပြင်နေတုန်းမှာပင် တစ်ဖက်လူက စုချန်ယန်ကို ရုတ်တရတ် စာတစ်စောင်ပို့လာသည်။

" အစ်မရဲ့ပန်းချီကားတွေကို တကယ် သဘောကျတာပါ။ ကျွန်မတို့ ယွမ် ၄၀၀၀ ဝန်းကျင်ပေးဖို့ စဉ်းစားထားပါတယ်။ အစ်မ‌ဘက်ကလည်း ဈေးနှုန်းကို စိတ်တိုင်းကျ အတည်ပြုချင် ပြုနိုင်ပါတယ်"

ထိုစာကိုမြင်ပြီးနောက် စုချန်ယန်က လက်မထောင်သည့် emoji မပို့မိခင် ခဏလောက် တွေဝေနေမိသည်။

စုချန်ယန်၏ ပန်းချီကားများက တစ်မူထူးခြားသည်။၂လနီးပါးမျှ ပန်းချီကားများ စုဆောင်းမိပြီးနောက် ပရိသတ် အနည်းငယ်ကို သိသိသာသာ ရရှိလာခဲ့သည်။

သူမ ဇာတ်ကားများထဲမှ တစ်ခုအား စိတ်ကူးပေါက်သလို ရေးဆွဲထားသည်ကို ရုပ်ပြကာတွန်း app တစ်ခုမှသတိထားမိပြီး အခန်းဆက်ထုတ်လွှင့်ရန် ကမ်းလှမ်းလာခဲ့သည်။ ဈေးကို ညှိနှိုင်းလို့ရခဲ့ပေမဲ့ အဲ့အချိန်တုန်းက သူမ Starlight ဖျော်ဖြေရေးနှင့် သေချာပေါက်စာချုပ်ချုပ်ဆိုနိုင်မလားဆိုတာညမသေချာတာကြောင့် ငြင်းဆိုခဲ့သည်။

ဒါကြောင့်မို့ အော်ဒါများကို ဈေးနှုန်းသက်သက်သာသာဖြင့် အလွတ်တမ်း ပန်းချီသမားအနေနဲ့သာ လက်ခံခဲ့ပေသည်။ အမြင့်ဆုံးဈေးနှုန်းမှာ ယွမ်၂၀၀ သာ ရှိခဲ့သည်။

ထိုစာကိုမြင်ပြီးနောက် စုချန်ယန်တစ်ယောက် ဝေခွဲမရဖြစ်သွားသည်။ ခဏကြာပြီးနောက် သူမ ပို့မည့်စာကိုဖျက်ကာ မေးလိုက်သည်။ "ကြော်ငြာလုပ်ဖို့အတွက် သုံးမှာလားမသိဘူး?"

"မပူပါနဲ့ ကြော်ငြာဖို့အတွက် မဟုတ်ပါဘူး"

"ပုံသေဈေးနှုန်းကတော့ ယွမ် သုံးထောင့်ရှစ်ရာပါ"

စုချန်ယန်က သူမပန်းချီကားတွေကို တစ်ခါမှာဒီလိုဈေးနဲ့ မရောင်းဖူးပေမဲ့ သူမရဲ့ရင်တွင်း ခံစားချက်အတွက် လျော်ကြေးငွေအဖြစ်ပါ အပိုထည့်ဖို့ စဉ်းစားရလိမ့်မည်။

"ရပါတယ် ပြီးတာနဲ့မြန်နိုင်သလောက်မြန်မြန်လေး

ပို့ပေးပါနော်"

"ရစေရပါမယ် (⁠✯⁠ᴗ⁠✯⁠)"

ထိုနေ့တွင် စုချန်ယန်ကို အခြားဧည့်သည်တွေနဲ့ ဆုံဖို့ ရှုတင်ဆီ ရှုယန်က လိုက်ပို့ပေးခဲ့သည်။

ကားမောင်းနေစဉ် လင်းယွီသည် ရှိုးတွင်ပါဝင်မည့် နာမည်ကြီး အနုပညာရှင်များ၏ ကိုယ်ရေး ရာဇဝင်ဖိုင်ကို စုချန်ယန်ဆီ ပေးလိုက်သည်။

စုချန်ယန်က နောက်ခန်းတွင်ထိုင်နေကာ ဖိုင်ကိုလှန်လှောကြည့်နေပေမဲ့ သူမ စိတ်ကတော့ ရှုတင်မှာရောက်နေပြီး စာတစ်ကြောင်းမှ မဖတ်မိပေ။

ပရိုဂရမ်၏ တရားဝင် ရိုက်ကူးရေးမစခင် ထုတ်လုပ်မှုအဖွဲ့က ပါဝင်မည့်သူများအတွက် အတူတူစားသောက်လို့ရအောင် စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောထားသည်။စုချန်ယန် တွေးနိုင်တာတစ်ခုကတော့ သူမကို ဟင်းပွဲကြီးကြီး လာပေးလိမ့်မည်ဟူ၍ပင်။

သူမကိုယ်သူမ အလိုလိုက်ဖို့သာ ဆုံးဖြတ်ထားပြီး

သိက္ခာတွေ ချုပ်တည်းထားရခြင်းတွေကို ဂရုစိုက်တော့မည်မဟုတ်ပါ။ အလုပ်ကိစ္စအတွက်နဲ့ ဒီလိုလုပ်ရမယ်လို့ အစထဲက တွေးမထားခဲ့ဖူးပေ။

ရှောင်လုလည်း သူမဘေးမှာထိုင်ရင်း Weiboတွင်သာအပေါ်အောက် ဆွဲကြည့်နေမိသည်။ ရုတ်တရတ်

မျက်မှောင်ကြုတ်ကာ သူမဖုန်းကို စုချန်ယန်ဆီ ပြရင်းပြောလာသည်။

"ချန်ယန် တစ်ယောက်ယောက်က နင်နဲ့တူတဲ့ပုံကို Weiboမှာ ဆွဲထားတယ်"

စုချန်ယန်က ပုံကိုကြည့်ပြီး အံ့အားသင့်သွားကာ မျက်နှာပူပူနှင့် ခေါင်ငုံ့လျက်ပင်။ "ကျွန်မနဲ့ တူတယ်လား? မဖြစ်နိုင်တာ..."

ရှောင်လုလည်း အကြောက်အကန် ငြင်းခဲ့သည်။ "ဟုတ်လို့လား။.ပထမတစ်ပုံဆို နင်Weiboမှာ တင်လိုက်တဲ့ပုံနဲ့တစ်ပုံစံထဲပဲ"

"ငါလည်း တစ်ချက်ကြည့် ကြည့်မယ်"

ရှေ့ခုံတွင်ထိုင်နေသည့် လင်းယွီလည်း သူမတို့ကို

လှည့်ကြည့်လာခဲ့သည်။

"ဒီမှာလေ" ရှောင်လုက သူမဖုန်းကို ပေးလိုက်သည်။

စုချန်ယန် သူမကို တားချင်ပေမဲ့ နောက်ကျသွားလေသည်။

လင်းယွီ ဖုန်းကိုယူလိုက်ရာ ပုံက စုချန်ယန်နှင့် အတော့်ကို တူနေခဲ့သည်။ သူလည်း Like အရေအတွက်နှင့် ကောမန့်များကို ကြည့်ကာ ပြောခဲ့သည်။

"ချန်ယန် ဒီဟာက မင်းအပေါ် ဆိုဆိုးဝါးဝါး မသက်ရောက်ပေမဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုကို ထိပါးသလို ဖြစ်နေတယ်။ အဲ့ကိစ္စအတွက် ငါ့ကို ကူပြီးဖြေရှင်းပေးစေချင်လား?"

<ဒီလူကွာ(⁠◕⁠ᴗ⁠◕⁠✿⁠)>

"မလိုပါဘူး ရပါတယ်" စုချန်ယန်က အမြန် ခေါင်းခါပြလိုက်သည်။ လင်းယွီ ယန်ရှို့ရီကို စာချုပ်ချိုးဖောက်မှုအတွက် တောင်းသည့် လျော်ကြေးငွေပမာဏကို သတိရသွားပြီး ချွေးပြန်လာခဲ့သည်။

'ပန်းချီကားကို ဘယ်မှာ အဓိကသုံးမှာလဲ ဆိုတဲ့ကိစွကိုမေးလိုက်ရမှာ!'

အော်ဒါမှာထားတဲ့ ပန်းချီကို ရတာနဲ့ ချက်ချင်း ယန်ရှို့ရီရဲ့hot ဖြစ်နေတဲ့ သတင်းခေါင်းစဉ်အောက်မှာ အတင်ခံရမယ်လို့ ဘယ်သူက ထင်မှာလဲ!

"ချန်ယန်.." ရှောင်လုက သူမကို နားချချင်ပေမယ့် စုချန်ယန်က ခေါင်းငုံ့ကာ တိုးတိုးလေး ပြောခဲ့သည်။

ကားထဲက ကျန်တဲ့သုံးယောက်လည်း သေချာမကြားလိုက်တာမို့ ရှောင်လုက ပြန်မေးလိုက်သည်။

"ဘာပြောလိုက်တာလဲ?"

စုချန်ယန်က ထူးထူးဆန်းဆန်း ချောင်းဟန့်လိုက်ပြီး အသည်းအသန် ပြန်ဖြေခဲ့သည်။ "ညီမ... ဆွဲတာလို့!"

ကျန်တဲ့သုံးယောက် - "..."

စုချန်ယန်က ဆက်ပြောပြခဲ့သည်။ "ကျွန်မ ယွမ်သုံးထောင့်ရှစ်ရာနဲ့ဈေးဖြတ်ပြီး တာဝန်ခံခဲ့တဲ့ အလုပ်ပဲ"

ရှောင်လုလည်း ထိန်းမထားနိုင်ဘဲ ရီတော့သည်။ "စုချန်ယန်!! ဣဒြေလေးလည်း ထိန်းပါဦး နင့်ကိုယ်နင်ယွမ်၃၈၀၀နဲ့ ရောင်းတယ်?"

စုချန်ယန်က ခေါင်းငုံ့သထက် ငုံ့မိကာ မျက်နှာမှာလည်းနီရဲနေပြီပင်။ "အရင်က အဲ့လောက်ဈေးကြီးပေးပြီးမရောင်းဖူးဘူး"

သူမ စကားဆုံးသည်နှင့် ရှေ့ခုံမှာထိုင်နေသည့် သူနှစ်ယောက်လည်း မထိန်းနိုင်တော့ဘဲ ရီကြတော့သည်။

လင်းယွီက ဖုန်းကို ရှောင်လုဆီ ပေးကာ ကွယ်ဝှက်

မနေပဲပြောလိုက်သည်။" ဆွဲထားတာ တော်တော်လေးကောင်းတယ်"

စုချန်ယန် - "..."

ကျန်လမ်းတစ်လျှောက်လုံး စုချန်ယန်က နောက်ခန်းတွင် ငှက်ကုလားအုပ်လို ကွေးနေပြီး ထောင့်ကပ်နေကာ စကားတစ်လုံးမှ မပြောတော့ပေ။

"အိုး....သိပ်လည်း စိတ်မပူပါနဲ့။ ချန်ယန်မင်း တကယ်ကို သေသေသပ်သပ် ဆွဲထားတာပဲလေ။ နောက်ဆိုရင်လည်း ဈေးမြင့်တဲ့လက်ခ ပမာဏတွေ သေချာပေါက်ရမှာပါ"ဟု အတူ လိုက်ပါလာသူထဲမှ ဝန်ထမ်းတစ်ဦးကပြောခဲ့သည်။

သူမသည် ကိုယ့်ပန်းချီကားကို ယွမ် ၃၈၀၀လေးနှင့်ရောင်းလိုက်သည့်ကိစ္စအား ယခုလို သူတို့ရှေ့

ပေါက်ကြားသည်ကို တွေးမိရင်း မျက်နှာများ နီရဲလာသည်အထိ ရှက်လာကာ စကားတစ်လုံးပင် မပြောနိုင်တော့ချေ။

ရှောင်လုက စုချန်ယန်ကို စကားမပြောနိုင်တော့တဲ့အထိ သနားစရာ မိန်းမ‌ငယ်လေးသဖွယ် ဖြစ်သွားသည်အထိ စနောက်ရသည်ကို အလွန်သဘောခွေ့သည်။ ထိုစဉ် အောင်နိုင်သူ တစ်ယောက်လို မျက်နှာကို ပင့်ချီလိုက်ရင်း သူမရှေ့တွင် ဖုန်းထဲက ပန်းချီများကို တမင်တကာပင် မြင်သာအောင် ထောင်ပြခဲ့သည်။

"ကြည့်ပါဦး ဒီပုံစံဆိုလည်း သေချာကောင်းကောင်းကိုဆွဲထားတာပဲ။ တကယ့်အစစ်ကျလို့။ ငါ့ကိုလည်း တစ်ပုံလောက်ဆွဲပေးသင့်တယ်။ ငါ့ရဲ့ပရိုဖိုင်အနေနဲ့ ထားမို့လေ။ အဲ့အတွက် ယွမ်၄၀၀၀ပေးမှာပါ"

စုချန်ယန် - "..."

သူမငယ် ခေါင်းကိုငုံ့သထက် ငုံ့ဝင်သွားကာ ပြောလိုက်သည်။ "တော်တော့နော် အစ်မအတွက် မဆွဲပေးဘူး"

ရှောင်လုက အားပါးတရ ရီမိတော့သည်။

ရှေ့ခန်းတွင်ထိုင်နေသော လင်းယွီက သူမ စ ခံနေရသည်ကို သနားလာတာမို့ နောက်လှည့်ကာ ကူသည့်အနေနှင့်မေးလိုက်သည်။

"လေ့လာနေတာရော ဘယ်လိုနေလဲ? သူတို့မျက်နှာနဲ့နာမည်ကိုတွဲမိရဲ့လား"

စုချန်ယန်က အနည်းငယ် စိတ်သက်သာသွားပြီး ဖြေခဲ့သည်။ "မှတ်မိခါနီးနေပါပြီ"

လင်းယွီလည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"သူတို့ရဲ့ကိုယ်ရေးအကျဉ်းကို အသေးစိတ် သေချာအာရုံစိုက်ထား။ ပရိုဂရမ်မှာ ခဏခဏ အချက်ပြခရနိုင်တယ်"

စုချန်ယန်က သဘောပေါက်သလို ခေါင်းငြိမ့်ပြလိုက်ပြီး..ဖြေခဲ့သည်။ "ကျွန်မ နားလည်ပါပြီ"

ထိုသို့ပြောပြီးနောက် သူမ ခေါင်းငုံ့ကာ အချက်အလက်တွေဘက် ပြန်အာရုံစိုက်ခဲ့ပြီး ဆက်ကြည့်နေလိုက်တာမို့ တစ်ကားလုံး တိတ်ဆိတ်သွားတော့သည်။

အပြင်တွင်လည်း မိုး တော်တော်ချုပ်လာပြီပင်။ Starlight ဖျော်ဖြေရေးမှာ ရင်းနှီးထားတဲ့ ပုဂ္ဂိုလ်များဖြစ်တာကြောင့် ပရိုဂရမ်အဖွဲ့က မြို့နှင့်အနီးတစ်နေရာမှ စာသောက်ဆိုင်အားရွေးချယ်ထားသည်။

အခြားပါဝင်မည့် ဧည့်သည်များကတော့ အလောတကြီးလာရမှာဖြစ်ပေမဲ့ စုချန်ယန်ကတော့ အရင်ဆုံးရောက်နှင့်နေသည်။

ခဏအကြာမှာပင် ရှုယန်သည် လမ်းမဘေးတွင် ကားရပ်လိုက်ကာ ပရိုဂရမ်အဖွဲ့ကို ဖုန်းခေါ်လိုက်သည်။

ဖုန်းချလိုက်ပြီးနောက် ရှုယန်က လှည့်ကြည့်ပြီး ပြောခဲ့သည်။ "ချန်ယန် ပရိုဂရမ်အဖွဲ့ကတော့ အဆင်သင့်ဖြစ်နေပြီ။ ကားပေါ်က ဆင်းလာတာနဲ့ မင်း နောက် လိုက်လာလိမ့်မယ်။ အရမ်းလည်း စိတ်မလှုပ်ရှားပါနဲ့။ ငါတို့ မင်းနားမှာရှိနေမှာပါ"

အမှန်တိုင်းပြောရလျှင် စုချန်ယန်က အတော်လေးကို စိတ်လှုပ်ရှားနေခြင်းပင်။ သူမ အနေနဲ့ ဇာတ်ပို့အဖြစ်အခေါက်ပေါင်းများစွာ သရုပ်ဆောင်ဖူးပေမဲ့ ရသစုံရှိုးပွဲတွေမှာ တစ်ခါမှ ပါဝင်ခဲ့ဖူးခြင်း မရှိတဲ့အပြင် ကင်မရာအောက် တစ်ခါမှ တစ်နေကုန်တဲ့အထိ မနေခဲ့‌ဖူးပေ။ ရသစုံရှိုး ရိုက်ခြင်းနှင့် သရုပ်ဆောင်ခြင်းမှာ ဘယ်လိုကွာခြားမှုရှိလဲကိုလည်း မသိသေးပေ။

ရသစုံရှိုးအများစုက ဇာတ်ညွှန်းအရ တခါတရံပါဝင်သရုပ်ဆောင်သည့် ဧည့်သည်များ၏ မျက်နှာအမူအရာကအစ ဇာတ်ညွှန်းတွင် ရေးပြထားကာ သရုပ်ဆောင်ရတာနှင့် အတူတူပဲဟု သူမ ကျောင်းနေဖက်တချို့ဆီမှကြားဖူးသည်။

အဲ့ဒီလိုသာဆိုလျှင် စုချန်ယန်လို အနုပညာရှင်တစ်ဦးအနေဖြင့် အရမ်းကြီး မခက်ခဲဘဲ လူထုကို ဖျော်ဖြေဖို့ရာ လွယ်ကူပေလိမ့်မည်။ ဇာတ်ညွှန်းမရှိခြင်းက ကာယကံရှင်တွေနှင့် ပရိသတ်တို့ကို ထင်မထားသည့်အရာများ ဖြစ်လာစေမည်မှာ သေချာသည်။

All Chapters