← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

သူမ ရုတ်တရတ် ကြောင်အ သွားခဲ့သည်။ စုန့်မင်ကန်၏ အခြား သရုပ်ဆောင် အခွင့်အလမ်းများကို ကန့်သတ်ထားရခြင်းမှာ သူက တကယ်ကြီး သူ့ဇာတ်ကောင်တွေထဲ နက်နက်ရှိုင်းရှိုင်း နစ်မြောနေလို့များလား?

စုချန်ယန်က ပြုံးရင်း ပြောလိုက်သည်။"ကျွန်မကို ချန်ယန်လို့ပဲခေါ်ပါ "

"ကောင်းပြီလေ ကဲ ထိုင်ကြရအောင်"

အခန်းထဲတွင် ကင်မရာများစွာ ရှိနေပြီး စုချန်ယန်နဲ့ လက်ဆွဲ နှုတ်ဆက်ပြီးတာနဲ့ စုန့်မင်ကန်က ချက်ချင်း မထွက်သွားသေးဘဲ သူမ ဘေးတွင် ဝင်ထိုင်လိုက်သည်။

နှစ်ယောက်စလုံးမှာ ရောက်တက်ရာရာ စကားအချို့ပြောဖြစ်ကြပြီး စုချန်ယန်၏ ပြောပုံဆိုပုံမှာ

အရမ်းလည်း မတက်ကြွနေသလို မရမ်းလည်းအေးတိအေးစက်ဖြစ်နေပေ။ သူမ စုန့်မင်ကန်နဲ့

စကားပြောတာ အ‌ဆင်ပြေသည့်ပုံပင်။

သူက သူ့ဇာတ်ကောင်ထဲ အရမ်း နစ်မြောနေတတ်ပေမယ့် သူနဲ့အတူရှိနေရတာက သိပ်မဆိုးလှပေ။

တံခါးနားတွင် ရပ်‌နေသည့် ရိုက်ကူးရေး အဖွဲ့ဝင်တစ်ယောက်က အထဲ တစ်ချက်ကြည့်လိုက်ကာ ပြောခဲ့သည်။

"သူတို့ကြည့်ရတာ လိုက်ဖက်တဲ့စုံတွဲတစ်တွဲ အတူတူဘေးချင်းကပ် ထိုင်နေတဲ့အတိုင်းပဲ။ ကြွယ်ဝချမ်းသာတဲ့မမလေးနဲ့ ထူးချွန်တဲ့ ပညာရှင်လေ ဟုတ်တယ်မလား?စီစဉ်တည်းဖြတ်တဲ့ အဖွဲ့က ပိုအာရုံစိုက်သင့်တယ်"

ရသစုံရှိုးများတွင် ကြည့်ရှုသူများအား စုံတွဲတစ်တွဲကိုတမင်တကာ သဘောတူစေရန် ဖန်တီးတတ်ကြသည်မှာ လုပ်လေ့လုပ်ထ ရှိသည့်ဖြစ်စဉ်ပင်။

သူတို့ စကားလမ်းကြောင်းက သာမန်ပဲဆိုပေမယ့် သူတို့ပြောသမျှ စကားလုံးတိုင်းကို ပန်းရောင်ပူဖောင်းလေးများ ပေါ်လာအောင် အလှဆင်ကာ အာရုံစိုက်ခံရအောင် ဆွဲဆောင်ကြသည်။

ရိုက်ကူးရေး အဖွဲ့ဝင်တွေ စကားပြောပြီးတာနဲ့ သူတို့နောက်မှ ခြေသံကိုကြားလိုက်ရသည်။

သူ နောက်လှည့်ကြည့်လိုက်တော့ ခေါင်းငြိမ့်ပြကာ

ထွက်သွားသည့် မစ္စတာလင်းကို တွေ့လိုက်ရသည်။

လင်းယွီက ညင်သာစွာ ခေါင်းငြိမ့်ပြကာ သူ့နောက်တွင်ကျန်ခဲ့သည့် အခန်းထဲ ငြင်ငြင်သာသာ စကားပြောနေကြသည့် သူနှစ်ယောက်ကို ကြည့်လိုက်သည်။ သိသိသာသာကို လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ပြီးနောက် ချက်ချင်း အကြည့်လွှဲလိုက်သည်။

"စုချန်ယန်က အခုမှတက်သစ်စပဲရှိသေးတာ သူ့ကိုတခြားတစ်ယောက်နဲ့တွဲပေးဖို့ ခုချိန်က အချိန်ကောင်းမဟုတ်သေးဘူး။ ငါပြောတာနားလည်လား?" သူက ခေါင်းငုံ့ရင်း ရိုက်ကူးရေးအဖွဲ့ဝင်ကို ပြောလိုက်သည်။

ဝန်ထမ်းက မော့ကြည့်ကာ ခေါင်းပြန်ငုံ့ချလိုက်ရင်း ဖြေခဲ့သည်။"နားလည်ပါတယ်"

"ကျေးဇူးပါ"

စုချန်ယန်နှင့် အခုမှ ပထမဆုံး ဆုံဖူးသည့် စုန့်မင်ကန်တို့ ၂ယောက်လုံးတွင် စကားပြောစရာ ကိစ္စများ များများစားစားမရှိကြပေ။ နေရ ထိုင်ရ အဆင်မပြေဖြစ်နေသည့်အငွေ့အသက်မျိုး ပျောက်ကွယ်သွားအောင်သာ ကြောင်တောင်တောင်နှင့် စကားဆက်ပြောနေခဲ့ကြသည်။

ကံကောင်းစွာနဲ့ပဲ သိပ်မကြာခင် နောက်ထပ်အမျိုးသမီးဧည့်သည်တစ်ဦးက ကင်မရာများစွာ ခြံရံလျက်ဝင်လာခဲ့ခဲ့သည်။

စုချန်ယန်နဲ့ ဘေးကစုန့်မင်ကန်ကို မြင်တော့ သူတို့ကို အေးအေးချမ်းချမ်း ပြုံးပြလာတာမို့ ၎င်းတို့သည်လည်းထိုင်ရာမှထရပ်လိုက်ကြသည်။

နှစ်ယောက်လုံး - "အစ်မချီ"

ထပ်ရောက်လာသည့်သူမှာ ထန်ချီဖြစ်ပြီး ရှိုးပွဲဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ရာတွင် တတိယအရေးအပါဆုံးပုဂ္ဂိုလ်တစ်ဦးပင်။ အနုပညာနယ်ပယ်တွင် အတွေ့အကြုံ အတော်အသင့်ရှိပြီး အထင်ကရဇာတ်ကောင် ၂ခု သို့မဟုတ် ၃ခု လောက်ကို ဗလိန်ဇာတ်ရုပ်မျိုးဖြင့် သရုပ်ဆောင်ဖူးသည်။

သူမ သရုပ်ဆောင်မှုတွေမှာ ပရိသတ်များက ပုဂ္ဂိုလ်ရေးအရ မုန်းတီးမိတဲ့အထိ ခိုင်မာပြောင်မြောက်လှပေသည်။

"ထိုင်ကြပါ"

ထန်ချီက ရင်ပြတ် အဖြူရောင် ဝတ်စုံလေး ဝတ်ဆင်ထားကာ သူတို့ ၂ ယောက်နဲ့ မျက်နှာချင်း မထိုင်င်ခင် ရင်းရင်းနှီးနှီး နှုတ်ဆက်ရင်း ပြန်ပြောခဲ့သည်။

စုန့်မင်ကန် - "အစ်မ ကွမ်နန်မှာ ကားရိုက်နေတယ်လို့ကြားတယ်။ ဒီကို တန်း လာခဲ့တာလား"

ထန်ချီ - "ဟုတ်တယ် မနေ့က ကားရိုက်ပြီးပြီးချင်း ဒီကိုပဲ တန်းလာခဲ့လိုက်တာ"

စုချန်ယန်မှာ ပြောစရာသိပ်မရှိပေမယ့် အရမ်း ခပ်တန်းတန်း ဖြစ်မနေအောင် လိုက်လျောညီထွေ ဝင်ပြောနေလိုက်သည်။

စုချန်ယန်က ရှောင်လု တံခါးဝမှာ ရောက်နေပြီဆိုတာကို မသိဘဲ တံခါးဘက်ကြည့်လိုက်မိတော့ ရှောင်လုက သူမ ဖုန်းနဲ့ သူမကို ဓာတ်ပုံလှမ်းရိုက် ပေးနေတာကို တွေ့လိုက်ရသည်။

သူမဘေးတွေင် လင်းယွီရှိနေပြီး ဘေးက ပရိုဂရမ် ဒါရိုက်တာနဲ့ စကားလက်ဆုံကျကာ ရယ်မောနေခဲ့သည်။

ဒါရိုက်တာနဲ့ စကားပြောနေသည့် လင်းယွီက စုချန်ယန် လှမ်းကြည့်နေတာကို သတိထားမိလိုက်‌တာကြောင့် သူမ ဘက်လှည့်ကာ သဘာဝကျကျ ပြုံးပြလာခဲ့သည်။

စုချန်ယန်က အိမ်မှာပဲ နေများတာကြောင့်ရယ် ဘာအလုပ်မှမလုပ်ရဘဲ ငွေတွေ တပြုံတခေါင်း ရှိပြီးသားလို့ထင်မိတာရယ်ကြောင့် သူမကိုယ်သူမ ဘာအစွမ်းအစမှမရှိသလို ခံစားရသည်။

ဒါကြောင့် အခြားကျန်တဲ့ ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာချိန်တွင်လည်း အကျဉ်းချုံးမိတ်ဆက်ရုံ စကားပြောရုံလောက်သာ တတ်နိုင်တော့သည်။

ဧည့်သည်တွေ အားလုံး လူစုံပြီးချိန်တွင် အခန်းလေးမှာပိုအသက်ဝင်လာပြီး တစ်ယောက်နှင့် တစ်ယောက် စကားစမြည် ပြောနေကြခဲ့သည်။

စုချန်ယန်က ဘာမှမရှိတဲ့ ပန်းကန်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေရင်း သူမ သေလောက်အောင် ဗိုက်ဆာလာတာမို့ စိတ်ထဲမှကြိတ်ကာ သက်ပြင်းချမိသည်။

"ချန်ယန် စိတ်ညစ်နေပြီလား? ကြည့်ရတာ ကျွန်မတို့နဲ့တွေ့ရတာ သိပ်မပျော်ဘူးထင်တယ်"

ရုတ်ရတ်မှာ တစ်စုံတစ်ယောက်က စုချန်ယန်ဘက်ကို အရိပ်အမြွက်ပြ‌ကာ သတိပေးသလို ပြောလိုက်သည်။

စုချန်ယန်က ရုတ်တရတ်မလို့ ကြောင်အသွားကာ သူမနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည့် မိန်းကလေးကိုမော့ကြည့်ခဲ့သည်။ ထိုမိန်းကလေးကို ကြည့်ရတာ သူမနှင့် သက်တူရွယ်တူလောက်သာ ရှိနိုင်ပြီး သစ်လွင်တောက်ပသည့် မိတ်ကပ် အပြင်အဆင်ဖြင့် မျက်နှာပေါ်တွင်လည်း ခပ်ပါးပါး အပြုံးရိပ်တစ်ခုရှိနေခဲ့သည်။

သူမပြောလိုက်သည့်စကားမှာ ချန်ယန်ကို ချောင်ပိတ်မိသွားအောင် တမင်ပြောတယ်လို့ မထင်ရပေမဲ့လည်း ထိုစကားကို ကြားပြီး ဘေးမှာရှိသော လူတွေလည်း ချန်ယန်၏ အပြုအမူကို သတိထားမိသွားကြသည်။

စုချန်ယန်က ရိုးရှင်းစွာ ပြုံးပြကာ ပြောခဲ့သည်။

"တောင်းပန်ပါတယ် ရသစုံရှိုးမှာ ပါဝင်ဖူးတာ ညီမ အတွက် ဒါပထမဆုံးအကြိမ်မို့လို့ပါ။ ပြီးတော့ နည်းနည်းလည်းစိတ်လှုပ်ရှားနေလို့"

ပထမတော့ ဧည့်သည်များထဲမှ တချို့က စုချန်ယန်ကိုအထင်လွဲသွားကြသည်။ သို့ပေမဲ့ ဘယ်လောက်ပဲ အဆင်မပြေ ဖြစ်နေပါစေဦး ကင်မရာရှေ့မှာတော့ အဲ့လောက် ဖြစ်ပျက်မနေသင့်ဘူး မလား?

စုချန်ယန် စကားကို ကြားလိုက်တော့မှသာ သူမ ဘယ်လိုဖြစ်နေမလဲဆိုတာကို နားလည်သွားကြသည်။ စုချန်ယန်က အခုမှ ဒရာမာကား တစ်ကားရိုက်ထားကာ ပွဲဦးထွက်သည့် တက်သစ်စတစ်ဦးပင်။

ပြီးတော့ တစ်ကားထဲ အတူတူရိုက်ဖူးသည့် သရုပ်ဆောင်များဆီမှ အနိုင်ကျင့် ဝေဖန်ခံခဲ့ရသည့်သူဖြစ်တာမို့ စစချင်းတွင် သိပ်ပြီး အတွေ့အကြုံမရှိသေးပေ။

"အရမ်းလည်း စိတ်မပူပါနဲ့ ဘာပဲဖြစ်ဖြစ် အားလုံးကို.စီနီယာလို့ပဲ။ သဘောထားပါ တကယ်လို့ တစ်ခုခုအဆင်မပြေတာရှိရင် အစ်မတို့ကိုမေးလို့ရပါတယ်"

သူတို့ထဲရှိ အတွေ့အကြုံအရှိဆုံး ထန်ချီက ပြောခဲ့သည်။ အခြားသူများကလည်း သူမစကားကို ထောက်ခံခဲ့ကြသည်။

စုချန်ယန်က အားပါးတရ ပြုံးကာ ပြောခဲ့သည်။ "ကျေးဇူးပါရှင့်"

ထို့နောက်မှသာ ပြောလက်စကို ဆက်ပြောခဲ့ကြသည်။

သူတို့ အငယ်တွေကြားတွင် အကြီးဆုံး အစ်မအဖြစ်သရုပ်ဆောင်ရပြီး ကင်မရာသည်လည်းပဲ ထန်ချီပေါ်ကိုသာ ချိန်ထားတာမို့ အခြား ဧည့်သည်တွေကလည်း သူမနဲ့ စကားပြောဖို့ အစချီလာကြသည်။

ရှိုးပွဲတွင် စုစုပေါင်း ဧည့်သည် ၉ယောက် ပါဝင်ပြီး ၃ယောက်မှာ အမျိုးသား အနုပညာရှင်များဖြစ်ကြကာ ကျန် ၆ဦးမှာတော့ အမျိုးသမီးအနုပညာရှင်များ

ဖြစ်ကြသည်။

အရင်က တစ်ယောက်နှင့် တစ်ယောက် ကြားဖူးနားဝရှိခဲ့သလိုမျိုး ယခုလည်း တစ်ယောက်နှင့် တစ်ယောက် တရင်းတနှီးရှိလှသည်။ သို့ပေမဲ့ အမှန်တကယ်‌မှာ သူတို့လည်း စုချန်ယန်လိုပဲ မလာခင်ထဲက လူတိုင်းရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ထားကြလို့ပင်။

စကားပြောရသည်မှာ ကင်မရာတွင် မဖြစ်မနေပါရမှာမဟုတ်ပေမဲ့ စကားတစ်လုံးမှ ဝင်မပြောဖြစ်ရင်တော့ လုံးဝ ကင်မရာထဲ ပါမည်မဟုတ်ပေ။

စုချန်ယန်က ထိုအချက်ကို လုံးဝခေါင်းထဲမရှိပေ။ သူမစိတ်ထဲ၌ ရှိုးပွဲမှာ ချကျွေးမည့် အစားအသောက်ကိုသာ မျှော်လင့်တကြီး စောင့်စားနေမိသည်။

ဘယ်ချိန်ဖြစ်ဖြစ် တံခါးနားမှ တစ်ယောက်ယောက်ဖြတ်လျှောက်သွားတိုင်း စုချန်ယန် တစ်ယောက် ချက်ချင်း မော့ကြည့်မိသည်အထိ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေမိသည်။

နောက်ဆုံးမှာ‌တော့ စုချန်ယန် မျှော်လင့်စောင့်စားနေခဲ့ရသည့် အတိုင်း ဒါရိုက်တာက သူတို့ဆီကို လျှောက်လှမ်းလာကာ အကုန်လုံးကို ပြောလာခဲ့သည်။

"ဒီကိုလာရတာ ခရီးပန်းပြီး ဗိုက်ဆာနေကြမှာပဲ။ စကားပြောရင်း စားကြတာပေါ့"

စုချန်ယန် ပျော်လွန်းလို့ ငိုမိတော့မလိုပင်။

ဒီတစ်လလုံးနီးပါးကြာပြီး နောက်ဆုံး၌ သာမန်ထမင်းပွဲလေး စားရတော့မည်ပင်။

ထမင်းစားနေစဉ် ရှောင်လုက စုချန်ယန်ဘက် တစ်ချက်ကြည့်လိုက်မိပြီး သူမမျက်နှာပေါ်က စိတ်လှုပ်ရှားမှုကို မြင်လိုက်ရတာကြောင့် သူမ အကြည့်ကို ရှောင်လိုက်မိသည်။

ခဏအကြာတွင် ဟိုတယ်ဝန်ထမ်းများက လက်ထဲ လင်ဗန်းများနှင့် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာခဲ့သည်။ စုချန်ယန်က မတ်မတ်ထထိုင်ကာ သူမရှေ့က ကင်မရာကို သတိရပြီး ချက်ခြင်း လှည့်မကြည့်ခဲ့ပေ။

လေထဲက သင်းပျံ့သည့်ရနံ့ကို ရှူရှိုက်ရင်း စုချန်ယန်တစ်ယောက် မကူနိုင်ဘဲ သွားရည်တွေ ကျမိတော့မလို့ပင်။

ဝန်ထမ်းများ ယူဆောင်လာသော အစားအစာ လင်ဗန်းများကို ကြည့်ရင်း စုချန်ယန်က အမဲသားကို ပထမဆုံးလှီးဖြတ်သင့်သည့် နေရာ၊ ပါးစပ်ထဲ ဘယ်လို ထည့်ရမယ်၊ ဘယ် နှစ်ကြိမ်လောက် ဝါးရမလဲလို့ စိတ်ထဲ၌ စိတ်အားထက်သန်စွာ မျှော်လင့်ထားသည်။

သူမ ပါးစပ်ထဲ စိမ့်ဝင်နေတဲ့ အသားရဲ့ အရည်နဲ့ အမဲသားကို ကိုက်စားရတဲ့ အရသာကို သူမ တွေးနေမိသည်။ စုချန်ယန်ရဲ့ ပါးစပ်ထဲမှာ သွားရည်တွေ စီးကျနေပြီး ထွက်လာတော့မည်ပင်။

ကြိုးစားလိုစိတ်ပြင်းပြပြီး မျှော်လင့်ချက်အပြည့်ဖြင့် စောင့်မျှော်ခဲ့ရသော လင်ဗန်းပေါ်မှ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက် ရင်အုံသားနှင့် အသုပ်များပါရှိသော အစားအစာတစ်ပန်းကန်ကို ဝန်ထမ်းက သူမရှေ့တွင် ချထားခဲ့သည်။ စုချန်ယန် လုံးဝအံ့အားသင့်သွားခဲ့သည်။

"စုချန်၊ ဟိုတယ်က မင်းကို အထူးပြုစုပေးနေတာလား။" သူမဘေးက ကောင်မလေးက လှောက်ပြောင်ခဲ့သည်။

ပန်းကန်ပြားပေါ်က ရင်းနှီးတဲ့ အစားအစာကို မြင်လိုက်ရတော့ စုချန်ယန် စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားခဲ့သည်။

သူမ အခြားသူများ၏ ပန်းကန်တွေထဲမှ ပူပူနွေးနွေးအမဲသားကို ကြည့်ပြီးနောက် သူမ၏ ကိုယ်ပိုင်ပန်းကန်ကိုကြည့်ကာ မယုံနိုင်စွာဖြင့် တံခါးဝဆီ လှမ်းကြည့်လိုက်သည်။

လင်းယွီကို ဘယ်နေရာမှာမှ မတွေ့ရပေ။ ရှောင်လုက သူမ ကြည့်လိုက်ချိန် စိတ်လှုပ်ရှားစွာ ပြုံးပြခဲ့ပြီး အကြည့်များ ရှောင်ကာ တိတ်တဆိတ် လှည့်ထွက်သွားခဲ့သည်။

စုချန်ယန် အံ့ဩသွားကာ သူမ၏ ဆယ်ရက်ကျော်ကြာ ခုခံခဲ့ရသော ခံစားချက်များက ယခုအခိုက်၌ ပေါက်ကွဲထွက်လာခဲ့သည်။ သူမ မှားသွားသလို ခံစားလိုက်ရပြီး မျက်လုံးများ နီရဲလာခဲ့သည်။

All Chapters