← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

လင်းယွီက သူမကို ဒီနေ့ စားပွဲကြီးလို ကျွေးမယ်လို့ တစ်ခါမှ မပြောဖူးပေမယ့် သူများတွေ အသားစားနေတုန်း ဒီအခြောက်သုပ်ကို ဘာလို့ စားရမှာလဲ။ သူမက ကိုယ်အလေးချိန်တက်တာ အရမ်းမများဘဲ ရံဖန်ရံခါ ကြီးကြီးကျယ်ကျယ် စားသောက်နိုင်တာ၊ နောက်မှ ဝိတ်ချနိုင်တယ် မဟုတ်ဘူးလား။

ဒါက လွန်လွန်းတယ်...

ဒါက အရမ်း လွန်လွန်းတယ်!

စုချန်ယန် ရဲ့ ဘဝမှာ တစ်ခုတည်းသော အိပ်မက်နှစ်ခုက အသားစားရဖို့ဖြစ်ပြီး အခုတော့ ဆုံးရှုံးသွားပြီ။ သူမ တစ်လ လုံးလုံး အသားမစားရသေးပေ။

ဒါကဘာလဲ...

စုချန်ယန်က မှားယွင်းသလို ခံစားလိုက်ရပြီး မဆိုင်းမတွ ပြန်ပြောခဲ့သည်။ "နင် ကြိုက်ရင် ငါတို့ အစား လဲစားလို့ရတယ်။"

"ဟင့်အင်း ဟင့်အင်း၊ ကိုယ့်ဟာကိုယ်စား" ကောင်မလေးက ပြန်ဖြေခဲ့သည်။

အခြားသူတွေကလည်း ၎င်းကို ဟာသတစ်ခုအဖြစ်သာ သဘောထားကြပြီး ထိုခေါင်းစဉ်နောက် ဆက်မလုပ်တော့ချေ။ လူတိုင်း ဗိုက်ဆာနေကြပြီပင်။

စုချန်ယန် ရှေ့ကို စားပွဲထိုးက နောက်ထပ် ပန်းကန်တွေ ယူလာတဲ့အခါ အားလုံးက သူတို့ပန်းကန်တွေထဲက အစားအသောက်တွေ စားနေကြသည်။ အသီးအရွက်တွေက ကြည့်ကောင်းပြီး အဆီမပါပေမယ့် စုချန်ယန်က အသားကို တောင့်တနေခဲ့သည်။

သူမ အရမ်းစားချင်လွန်းလို့ ရူးသွပ်တော့မလို ခံစားလာရသည်။ Starlight Entertainment နဲ့ စာချုပ်ချုပ်ခဲ့တာကို နောင်တရပြီး မင်းသမီး မဖြစ်ချင်တော့ဘူး။ သူမ အသားကို တွေးမိပြီး .....သူမ အသား...

စုချန်ယန်က စိတ်ပျက်လက်ပျက်ဖြင့် ချယ်ရီခရမ်းချဉ်သီးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အခြားသူများ၏ အမဲသားကို ဓား၊ ခက်ရင်းများဖြင့် လှီးဖြတ်သံကို နားထောင်နေခဲ့သည်။ သူမ တစ်ချက်ကြည့်လိုက်မိရုံဖြင့် မထိန်းနိုင်ဘဲ မျက်ရည်များ ရွှဲရွှဲစိုလာကာ မျက်လုံးတွေက ဝေဝါးသွားပြီး ဝါးတာ ရပ်သွားခဲ့သည်။

စုချန်ယန်က အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်ပြီး ယေဘူယျအားဖြင့် တည်ငြိမ်တဲ့ လူတစ်ဦးဖြစ်ပေမယ့် တစ်လကြာပြီးနောက် ဇွဲနပဲနှင့် ထိန်းထားနိုင်ခြင်း မရှိတော့ကြောင်း သူမ ခံစားခဲ့ရသည်။

သူမ နှာရှိုက်ရင်း သူမ မျက်လုံးထောင့်က ဝမ်းနည်းမျက်ရည်တွေကို သုတ်လိုက်သည်။

မစ္စတာလင်း ရှင် ဘာတွေလုပ်နေတာလဲ မစ္စတာလင်း? ထမင်းသွားစားပြီလား မစ္စတာလင်း? စားနေပြီလား မစ္စတာလင်း? ကျွန်မတော့ မစားနိုင်တော့ဘူး။

စုန့်မင်ကန်က သူမရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူကို သတိထားမိပြီး မေးခဲ့သည်။ "ချန်ယန်?"

စားပွဲဝိုင်း၌ မည်သူမှ စကားမပြောကြပေ။ စုန့်မင်ကန်ရဲ့ အသံကြောင့် အခြားသူများကလည်း စုချန်ယန်ဘက် အာရုံစိုက်လာကြကာ နားမလည်နိုင်သလို ကြည့်ခဲ့ကြသည်။

စုချန်ယန်က မျက်လုံးတွေရဲကာ ငိုတော့မလိုဖြစ်နေသည့်ပုံစံကိုမြင်တော့ သူတို့ မျက်နှာတွင် အထင်သေးချင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။

နှစ်ပေါင်းများစွာအကြာမှ သူ့လို မိန်းမက ပရိတ်သတ်ကို ပန်းနုသွေးပြပြီး အာရုံစိုက်ခံချင်နေတာလား? အဲ့လိုအကွက်တွေက ခုချိန် သိပ်အလုပ် မဖြစ်တော့ဘူးမို့ လူတွေဆီမှ အမြင်စောင်းခံရတာမျိုးသာ ကြုံရပေလိမ့်မည်။

စုချန်ယန် မျက်ရည်ဝဲလာတဲ့ ပုံစံကိုမြင်တော့ အကုန်လုံး မျက်လုံးထဲတွင်လည်း အထင်သေးမှုများမှာ ပိုထင်ရှားလာသည်။

' အာရုံစိုက်ခံချင်တာနဲ့ပဲ ခုလိုလုပ်ပြနေတာကြီးကတကယ် ရွံစရာကောင်းတာပဲ'

' ငိုပြရုံလောက်နဲ့ အသုံးဝင်မယ်လို့ ထင်နေတာတော့မဟုတ်လောက်ဘူးမလား?'

'ထားလိုက်ပါမယ်လေ အတူတူခိုင်းတဲ့အတိုင်းသာ လုပ်ပေးပြီး လူတွေဆီက နာမည်ကောင်းရအောင်ပဲ နေပြလိုက်တော့မယ်'

ထန်ချီက ထကာ တစ်လျှူးလှမ်းယူလိုက်ပြီး စုချန်ယန်ဆီ ကမ်းပေးလိုက်သည်။ သူတို့ ဘာတွေးနေလဲတော့ စုချန်ယန် မသိပေမဲ့ လုံးဝတလွဲဖြစ်သွားပြီဆိုတာတော့ သူမ သတိထားမိလိုက်သည်။ တစ်ယောက်ယောက်သာလာနှစ်သိမ့်ပေးရင် သူမ ပိုပြီး ငိုချင်လာပေလိမ့်မည်။

"ကျေးဇူးပါ..."

စုချန်ယန်က အသံကိုထိန်းပြောလိုက်လေသည်။

ထန်ချီ - ချန်ယန် ညီမလေးက တကယ်ကို ကြိုးစားတဲ့

မင်းသမီးပဲ မင်းရဲ့အခြေအနေကို တို့အားလုံးနားလည်ပါတယ်။ ဒါပေမဲ့ မကောင်းတဲ့သူတွေက သူတို့နဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံလိုက်ရပြီပဲ မဟုတ်ဘူးလား"

"ဟုတ်တယ် ချန်ယန် စိတ်အေးအေးထားပါဦး

ပရိသတ်က အကုန်လုံး နားလည်ပေးနိုင်ပါတယ်"

"တစ်ခုခုစားပါဦး အရမ်းလည်း စိတ်ထိခိုက်မနေပါနဲ့"

"ငါတို့တွေ ပရိသတ်ကိုပျော်အောင် လုပ်ပေးရမှာလေ။

တခြား အမြင်မသင့်တာမျိုးတွေ ပါလို့မဖြစ်ဘူး"

စုန့်မင်ကန်က သူမ ပုခုံးကိုခပ်ဖွဖွလေး ပုတ်ပေးကာနှစ်သိမ့်ပေးခဲ့သည်။

"ချန်ယန် အခုတလော ဖိအားတွေ အရမ်းများနေလို့‌လား? မင်း ဝိတ်ကျသွားသလိုပဲ အရင်က မင်းရဲ့အင်တာဗျူးကို ကြည့်ဖူးတယ်"

ထန်ချီလည်း ထပ်ပြောခဲ့သည်။ "ချန်ယန် အခက်အခဲတစ်ခုခုရှိရင် ပြောနော်။ အစ်မဆီက အကူညီလိုရင်လည်း အစ်မ အကောင်းဆုံး ကြိုးစားပေးမှာပါ"

စုချန်ယန်က သူတို့ကို ဒီလောက်ထိ ကြင်နာတတ်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။ မျက်လုံးထဲတွင် မျက်ရည်တွေဝဲလျက် ခေါင်းမော့ကာ ရှိုက်ပြောလိုက်သည်။

"အစ်မ... အစ်မပန်းကန်ထဲက အသားလေး ညီမစားလို့ရလား?"

ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက ကင်မရာရှေ့တွင်မို့ထန်ချီက စုချန်ယန် ယခုလိုအဓိပ္ပာယ်မရှိတဲ့ အရာမျိုးတောင်းဆိုလာလိမ့်မယ်လို့ မထင်ထားပေ။ သူမ ဝတ်ကြေတန်းကြေလောက်သာ ပြောပေးနေခြင်းပင်။

ဒါကြောင့်မို့ စုချန်ယန် ပြောပြီးသည်နှင့် မသိလိုက်ဘဲ ခေါင်းငြိမ့်ကာ ဖြေခဲ့သည်။ "ရတာပေါ့ ...ဟမ်?"

ကျန်လူများ - "?"

စုချန်ယန်က ဗြဲခနဲငိုချမိပြီး ပြောခဲ့သည်။ "ကျွန်မ အသားမစားရတာ လဝက်လောက်ရှိပြီ..."

"ကျွန်မရဲ့အေးဂျင့်က စားခွင့်မပေးထားဘူး..."

ကျန်သည့်လူများ - "..."

သနားစရာကောင်းသည့် စုချန်ယန်ကို ကြည့်ရင်း

ထန်ချီက ထိန်းမထားနိုင်တော့ဘဲ ရယ်မိခဲ့သည်။

အခြားဧည့်သည်တွေလည်း ဘေးသို့ မျက်နှာလွှဲကာ ရယ်မိကြပြီး တံခါးဝနားရှိ ရိုက်ကူးရေး အဖွဲ့သားတွေလည်း ခပ်တိုးတိုးရယ်ခဲ့ကြသည်။

ထန်ချီက မတတ်နိုင်သလို ပြောခဲ့သည်။"ရပါတယ် စားစမ်းပါ။ အစ်မ ပန်းကန်ထဲဟာတွေ အကုန်ပေးမယ်"

"ကျေးဇူးပါ အစ်မ" စုချန်ယန်လည်း ဝမ်းသာသွားပြီး ပန်းကန်ကိုယူကာ သူမထိုင်ခုံတွင် ထိုင်လိုက်သည်။

သူမဘေးကို လှည့်လိုက်တော့ တံခါးနားမှာ ပေါ်လာကာ သူမကို တိတ်တဆိတ် စောင့်ကြည့်နေသည့် လင်းယွီကိုတွေ့လိုက်ရသည်။

စုချန်ယန် တစ်ကိုယ်လုံးက တောင့်ခဲသွားပြီး သူမ စိတ်က ဆင်ခြင်တုံတရားဖြင့် ဆာလောင်မှုကို မျိုသိပ်ထားပြီး ချက်ချင်း ရပ်လိုက်ရသည်။

'ရှင်းစရာ လျော်ကြေးတွေ.... ရှင်းစရာ လျော်ကြေးတွေက ဘယ်လောက်ပါလိမ့်'

'နောက်တစ်လှမ်းသာ ထပ်တိုးလိုက်ရင် ခဏနေတာနဲ့ လင်းယွီရဲ့ ဘဏ်အကောင့်နံပါတ်က ငါ့ဆီရောက်လာတော့မလား မသိဘူး'

မဖြစ်နိုင်ဘူး.. သူမဘယ်လောက်ပဲ ဆာလောင်နေပါစေ ရှင်းရမယ့် လျော်ကြေးတွေအတွက် လုံလောက်တဲ့ ပမာဏမျိုး သူမတွင် မရှိချေ။

စုချန်ယန်က တရှုံ့ရှုံ့ဖြင့် အငိုရပ်လိုက်ပြီး သူမနေရာတွင်ပြန်ထိုင်ကာ ထန်ချီ လက်ထဲမှ ပန်းကန်ကိုအင်တင်တင်ဖြင့် ကြည့်နေမိသည်။ ထို့နောက် ချောင်းဟန့်လိုက်ကာ ပြန်ပြောလိုက်သည်။

"ကျေးဇူးပါ အစ်မ ဒီတခါတော့ မစားတော့ဘူး။ညီမ စားလိုက်တာနဲ့ ဒီည အိမ်ခြေရာမဲ့ ဖြစ်သွားလိမ့်မယ်"

ထန်ချီ - "..."

လင်းယွီ - "..."

ကျန်သည့်လူများ - "..."

စုချန်ယန်၏ ကြေကွဲစွာ တောင့်တနေသည့်ပုံစံမှာ ခွေးလေးတစ်ကောင် အစာငမ်းနေသကဲ့သို့ပင်။ ထိုပုံရိပ်ကလေးက သူမဆီတွင် ထင်ဟပ်လျက်ရှိနေသည်။

သူမ ပြန်ထိုင်လိုက်ပြီး အသီးတစ်စိတ်လောက် ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ မှားလိုက်လေခြင်းဟုနောင်တရကာ တံခါးဘက်သို့သာ လှည့်တကြည့်ကြည့်ဖြစ်နေမိပြန်သည်။

လင်းယွီက ဝန်ထမ်းများ၏ အနောက်ဘက်တွင် ရပ်နေပြီး သူ့အရပ်မြင့်မားမှုကြောင့် သူ့မျက်နှာကို စုချန်ယန်ဘက်မှ လှမ်းမြင်နေရသည်။

ဒါကြောင့်မို့ နောက်တစ်ခေါက် ထပ်ကြည့်မိချိန်၌

ပြောစရာစကားများ ပျောက်ရှနေပုံကို သူ့မျက်နှာပေါ်အထင်းသား မြင်လိုက်ရသည်။

'ရှင်က စွံ့အသွားသလို ဖြစ်နေတယ်? ကျွန်မက ပိုတောင်ဆိုးသေးတယ်'

စုချန်ယန်က အရင်က ဘယ်သူ့ကိုမှ မကျိန်ဆဲဖူးပေ။ စိတ်ထဲက တိတ်တိတ်လေး ကျိန်ဆဲရရင်တောင် နည်းနည်းမှ နေသာ ထိုင်သာမရှိခဲ့ချေ။

ဒါပေမဲ့ သူမ လင်းယွီကိုလည်း မဆဲရဲပေ။ သူမမှာ ပြောစရာစကားမရှိတော့ဘူး။ ခန္ဓာကိုယ်ထိန်းသိမ်းမှုက သူမလုပ်သင့်သည့် တာဝန်တစ်ခုပင်။

သူမ ကြောက်လန့်နေမိပြန်သည်။ သူမရဲ့ အရင်ခန္ဓာကိုယ်က အကောင်းဆုံးပင်။ ခန္ဓာကိုယ်ချင်းသာလဲလိုက်ချင်မိသည်။

"ချန်ယန် စားချင်ရင်စားလိုက်လေ"

ထန်ချီလည်း သူမ ပုံစံကိုမြင်တာမို့ ရီနေရုံကလွဲပြီး မတတ်နိုင်တော့ပေ။ သူမ အပြုံးက ပိုပြီးနူးညံ့နေခဲ့သည်။

စုချန်ယန်ကို ကြည့်ရတာ အရင်က သူမပုံစံနှင့် အနည်းနဲ့အများဆင်တူသည်။ တကယ်တော့ နာမည်ကြီးသရုပ်ဆောင်များ၏ ဘဝက မြင်ရသလောက် စွဲလမ်းစရာမကောင်းလှပါ။

ကင်မရာ နောက်ကွယ်တွင် သူတို့ပေးဆပ်ခဲ့ရသည့် အရာများစွာရှိသည်။ ပရိသတ်ရှေ့တွင်တော့ သူတို့၏ အကောင်းဆုံး ပုံရိပ်ကိုသာ ချပြရုံပင်။

စုချန်ယန်ကတော့ တကယ့်ကို စိတ်ဝင်စားစရာလေးပင်။

စုချန်ယန်က ထန်ချီ ပန်းကန်ထဲမှာ အသားတုံးကိုကြည့်ကာ တံတွေးမြိုချမိသည်။ ပြီးလျှင် တံခါးနားရှိသည့် လင်းယွီဘက်ကို သတိထားသည့် အနေဖြင့် ကြည့်လိုက်သည်။

လင်းယွီက လူအုပ်နောက်တွင် ရပ်နေကာ စုချန်ယန်ကိုတည့်တည့်ကြီး စိုက်ကြည့်နေခဲ့သည်။

ခဏတွေဝေနေမိပြီးနောက် သူမ ခေါင်းခါကာ ပြောလိုက်သည်။

"မစားတော့ပါဘူး ညီမနောက်နေတာပါ။ တကယ်တော့အသီးအနှံနဲ့ အရွက်တွေလည်းကြိုက်ပါတယ် အရမ်းကိုကြိုက်တာ"

ကျန်သည့်လူအားလုံး - "..."

ထိုစကားကိုခဏခဏ ခဏတမင်ပြောနေပုံအရ သူမ အခုစားနေရတာကို မကြိုက်သလိုပင်။

ထို့နောက် သူမ ခေါင်းကိုငုံ့ကာ ပန်းကန်ထဲရှိ စားစရာကိုမျက်မှောင်ကြုံ့ရင်း စားနေခဲ့မိသည်။

ဤသို့ဖြစ်ပြီးနောက် ထူးဆန်းစွာ တိုက်ဆိုင်မှုအရ

မရင်းနှီး မကျွမ်းဝင်ဘဲ သူတို့ကြားက တင်းမာနေသည့်အငွေ့အသက်မှာ ပထမဆုံး တွေ့ဆုံခြင်းမှာတင်ဘဲ အနည်းငယ် ပြေပြစ်သွားခဲ့သည်။

ပရိုဂရမ်အဖွဲ့မှ ဤတွေ့ဆုံပွဲကို စီစဉ်တင်ဆက်ရာတွင်

ရိုက်ချက်များများ စားစားမလိုအပ်ပေ။ ၎င်းတို့စားသောက်နေစဉ် ရိုက်ကူးရေး အဖွဲ့သားများသည်လည်းနောက်အခန်းတစ်ခန်းထဲတွင် ညနေစာသွားစားနေကြသည်။

တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း နေရထိုင်ရခက်တာမျိုးမရှိတော့ဘဲ မသိလိုက်ဘာသာ သက်သောင့် သက်သာ ရှိသွားကြပြီပင်။

စုချန်ယန်၏ ဘယ်ဘက်တွင်ထိုင်နေသော ကောင်မလေးက မေးလာသည်။

"ချန်ယန် တံခါးနားမှာရှိတဲ့ အဲ့ဒီ့ အရပ်မြင့်မြင့် ခပ်ချောချောနဲ့ တစ်ယောက်က Starlight ဖျော်ဖြေရေးက အထွေထွေမန်နေဂျာ လင်းယွီမလား?"

တစ်လနဲ့တစ်ဝက် ကြာပြီးနောက် သူမရောက်ချင်ခဲ့တဲ့ အချိန်ကို ရောက်ချင်ခဲ့မိတဲ့သူမရဲ့ ဆန္ဒလေးက ပျက်ပြယ်သွားခဲ့ပြီပင်။ သူမရဲ့ အဆီကျစေတဲ့ အစားတွေစားတာကိုလည်း အဆုံးမသတ်နိုင်ခဲ့တာမို့ တွေးမိရင်း သုန်မှုန်နေမိသည်။

ထိုစကားကို ကြားလိုက်ရတော့ သူမဘေးက ကောင်မလေးကို ကြည့်လိုက်သည်။

All Chapters