← Chapters

အခန်း ၃၁

Vol. 3 Ch. 31

အခန်း ၃၁

Vol. 3 Ch. 31

ထိုမိန်းကလေး နာမည်က ဟန်စုန့်ရွှယ်ဖြစ်ပြီး စုချန်ယန်ထက် ၃နှစ်လောက် ကြီးသည်။ သူမက နိုင်ငံခြားမိန်းကလေးအဖွဲ့တစ်ခု၏ အဖွဲ့ဝင် ဖြစ်ဖူးသည်။ ထို့နောက် သူမ ကုမ္ပဏီနှင့် စာချုပ်ကို ဖျက်သိမ်းကာ တရုတ်ပြည် ပြန်လာပြီး မင်းသမီးလုပ်ဖို့သာ ဆုံးဖြတ်ခဲ့သည်။

ဒါပေမယ့် သူမက နာမည်သိပ်မကြီးဘဲ ရုပ်ရှင်လောကတွင် နေရာ အနည်းငယ်သာ ရတာကြောင့် သူမ၏ ကျော်ကြားမှုကို မြှင့်တင်နိုင်ရန် ရသစုံရှိုးတွင် ပါဝင်ဖို့ဆုံးဖြတ်လိုက်သည်။

စုချန်ယန်က ခေါင်းငြိမ့်ကာ ဖြေလိုက်သည်။ "ဟုတ်တယ်"

ဟန်စုန့်ရွှယ်က ပြုံးကာ ပြောလိုက်သည်။ "နင် အရမ်း ကံကောင်းတာပဲ။ ဖျော်ဖြေရေးနယ်ပယ်ထဲက အနုပညာရှင်တွေထက်တောင် အများကြီး ပိုကြည့်ကောင်းတယ်"

စုချန်ယန်၏ ညာဘက်တွင် ထိုင်နေသည့် စုန့်မင်ဟန်လို့ အမည်ရသည့် အမျိုးသား သရုပ်ဆောင်မှာ သူတို့နှစ်ဦးကို နားမလည်နိုင်သည့်ပုံစံဖြင့် ကြည့်နေမိသည်။

ဟန်စုန့်ရွှယ်က ချက်ချင်း လက်ခါပြကာ ထင်နေသလိုမဟုတ်ကြောင်း ရှင်းပြခဲ့သည်။ "အမျိုးသား သရုပ်ဆောင်တိုင်းကို ရည်ရွယ်ပြီး ပြောတာမဟုတ်...."

သူမ စကားတစ်ဝက်၌ စုချန်ယန်က မသိမသာဖြင့်သူမကို တံတောင်ဖြင့် တွတ်လိုက်သည်။ ဟန်စုန့်ရွှယ်လည်းချက်ချင်း သူမပါးစပ်ကို ပိတ်လိုက်ပြီး သူတို့နှစ်ယောက်လုံးကို ရှက်ပြုံးလေးဖြင့်သာ ကြည့်လိုက်တော့သည်။

စုန့်မင်ကန်ကလည်း ဘာမှမဖြစ်ဟန်ဖြင့် ပြုံးပြကာ ပြောခဲ့သည်။ "မင်း ဘာကိုဆိုလိုတာလဲ ကျွန်တော်သိပါတယ်"

"ဟုတ်သားပဲ ဟို ယန်...ယန်ဘာဆိုလား သူကတော့ တကယ့်ကို အယုတ်တမာကောင်!"

စုချန်ယန်က ယခင်က ဆုပေးပွဲအချို့တွင် ပါဝင်ခဲ့ဖူးပြီး အနုပညာရှင်များက ထုတ်ဖော် ပြောဆိုမှု သို့မဟုတ် လှုပ်ရှားမှုမှန်သမျှကို ချဲ့ကားပြောဆိုဖို့ နှစ်သက်ကြောင်း သတိပြုမိခဲ့သည်။

ဥပမာ - ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်လို့ ကောလာဟလတွေ ထွက်နေတဲ့ အနုပညာရှင်တွေက မတော်တဆ နှုတ်ဆက်စကားတွေသာ ပြောကြတာဖြစ်နိုင်သလို ဆက်ဆံရေးမကောင်းဘူးလို့ ကောလာဟလတွေထွက်နေတဲ့ အနုပညာရှင်တွေက တစ်ယောက်နဲ့တစ်ယောက် လှည့်ကြည့်ရင်း သတိမထားမိကြတာ ဖြစ်နိုင်သည်။ နောက်တစ်နေ့ကျ ဆက်ဆံရေးတွေ ကွဲကွာသွားကြောင်း သံသယရှိတယ် မားကတ်တင်းအကောင့်များ၌ ပေါ်လာလိမ့်မည်။

ဒီလိုမျိုးက ဖျော်ဖြေရေးနယ်ပယ်မှာ အဆန်းမဟုတ်တော့တဲ့အတွက် ပြင်ပရှုထောင့်ကနေကြည့်ရင် ဖျော်ဖြေရေးနယ်ပယ်က ကျော်ကြားမှုနဲ့ ချမ်းသာဖို့ နေရာတစ်ခုသာ ဖြစ်သည်။

စုချန်ယန်က ဒါကို မငြင်းပေမယ့် တကယ့် ဖျော်ဖြေရေး လုပ်ငန်းက သာမန် လုပ်ငန်းခွင်နဲ့ မတူပေ။ ပြည်သူရှေ့မှာ ရပ်တည်ဖို့ လိုအပ်တာကြောင့် လျစ်လျူရှုလို့ရတဲ့ အသေးစိတ်တိုင်းကို ချဲ့ထွင်ပေးလိမ့်မည်။

တကယ်တော့ စုချန်ယန်နဲ့ တွေ့ဖူးတဲ့ အနုပညာရှင်အများစုက အကြံအစည် အများကြီးမပါပဲ သီးသန့်လူသာမန်တွေသာဖြစ်ပြီး သာမန်လူတွေလို သူငယ်ချင်းကောင်းတွေ မဖြစ်နိုင်ကြပေ။

ဒါကြောင့်မို့ စုချန်ယန်က လိုင်းသုံးတာ သိပ်မကြိုက်ပေ။

ညစာစားနေချိန်မှာ ဟန်စုန့်ရွှယ်က ဘာကြောင့်မှန်းမသိ ရသစုံရှိုးများ အကြောင်း ပြောနေခဲ့သည်။

သူမ ထင်မထားစွာပဲ စုချန်ယန်ဘက်ကို ချဉ်းကပ်ကာပြောခဲ့သည်။"ချန်ယန် အစ်မတို့ ဒီရှိုးပွဲက ဘာအကြောင်းလဲ ဆိုတာသိလား?"

စုချန်ယန်လည်း သူမ ခေါင်းကိုခါပြကာ ပြောလိုက်သည်။"မသိဘူး အစ်မ"

ဟန်စုန့်ရွှယ် - " ခုန အိမ်သာခဏသွားတုန်းက ပေစုတ်စုတ်နဲ့ ပါးသိုင်းမွှေးတွေနဲ့ ထုတ်လုပ်ရေးတာဝန်ခံရဲ့အခန်းကိုဖြတ်လျှောက်ခဲ့တယ် သူက..."

ထိုစကားအားကြားပြီးနောက် စုချန်ယန်က စကားဖြတ်ကာ လေးလေးနက်နက်ပြောလိုက်သည်။ "အစ်မ အစ်မ တစ်ခုခုတွေးမိဖူးလား"

"အာ?..ဘာကိုလဲ"ဟန်စုန့်ရွှယ်က သူမကို ဘာမှမသိသလိုကြည့်လာသည်။

စုချန်ယန်က လေးနက်စွာ ထပ်ပြောခဲ့သည်။

"အစ်မအနေနဲ့ သရုပ်ဆောင်ဖို့ နေရာတစ်ခု မရနိုင်ရတာက မိန်းကလေးအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်ဖြစ်တာကြောင့်လား၊ သရုပ်ဆောင်မကောင်းလို့လား၊ ထင်ထားသလောက်မလှလို့လား ဆိုတာမျိုးပေါ့"

ဟန်စုန့်ရွှယ်လည်း ရုတ်တရတ် တွေးမရဘဲ ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ "အဲ့တော့ ဘာလို့တဲ့လဲ?"

"ဘာလို့ဆို အစ်မကစကားပြောတာ နည်းနည်း အပြောကြမ်းတော့ လူတွေကို စော်ကားသလိုဖြစ်နေလို့"

ဟန်စုန့်ရွှယ်က ခဏငြိမ်ကျသွား၍ ရုတ်တရတ် သဘောပေါက်သွားဟန်ရှိသည်။ "မင်းပြောတာမှန်တယ် ဟိုးအရင်ကဖြေဖူးတဲ့ အင်တာဗျူးတစ်ခုမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံရတာတောင် သိပ်မဆန်းတော့သလိုပဲ"

စုချန်ယန်က သိချင်စိတ်ဖြင့် မေးခဲ့သည်။"အစ်မ ဘာလုပ်ခဲ့မိလို့လဲ?"

ဟန်စုန့်ရွှယ်က သမာသမတ်ကျကျ ပြောပြလာခဲ့သည်။ "ကားတစ်ကား ရိုက်ပြီးခါစပဲရှိဦးမယ် သတင်းသမားတစ်ယောက်က ဇာတ်အိမ်အကြောင်း ဘယ်လိုခံစားရလဲမေးတုန်းကပေါ့"

"ဟုတ်လား အစ်မဘာပြောလိုက်လဲ?" မေးနေရပေမဲ့ စုချန်ယန်က သူမဆီက ကောင်းသတင်းကြားရမည့်ပုံ မပေါ်လောက်ဘူးဟုပင် ထင်မိတော့သည်။

ဟန်စုန့်ရွှယ် - " ဇာတ်ကြောင်းက နည်းနည်းရှေးကျပြီး ဇာတ်ညွှန်းရေးဆရာကလည်း တိုးတက်ဖို့အတွက် လိုသေးတယ်ဆိုတာရယ် ဒီလိုပြဇာတ်မျိုးကြည့်ဖို့အတွက်က ပရိသတ်အကြိုက်မဟုတ်ဘူးဆိုတာရယ်ပေါ့ အစ်မမလိမ်ခဲ့ဘူးလေ"

ဇာတ်ကြောင်းက တကယ်ကို ရှေးကျပြီး ဆယ်စုနှစ်တစ်စုစာလောက် သုံးဖူးတဲ့ လှည့်ကွက်တွေချည်းသာပါဝင်နေခဲ့သည်။

စုချန်ယန် - "..."

စုချန်ယန်က သူမဒီလောက် ပါးစပ်ခလုတ်တိုက်သလို ခဏခဏဖြစ်တာတောင်မှ ယခုလောက်ထိ တည့်တိုးဆန်လိမ့်မယ်လို့ တခါမှ မထင်ခဲ့ဖူးပေ။

သူမလည်း သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်သည်။ "အစ်မရဲ့အရင်ကုမ္ပဏီနဲ့ရော စာချုပ်ဖျက်သိမ်းဖူးလားဆိုတာလေး မေးလို့ရမလားဟင်?

ဟန်စုန့်ရွှယ်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းငြိမ့်ကာပြောခဲ့သည်။"မင်းရဲ့မေးခွန်းက တကယ်ကို ရိုင်းတာပဲ"

သူမ စုချန်ယန် ဒီထက်ပိုပြီးမေးလာဦးမယ်လို့ ထင်မိပေမယ့် သူမက တည်ငြိမ်စွာပြောခဲ့သည်။ "ထားပါတော့ ညီမ မမေးတော့ပါဘူး"

ဟန်စုန့်ရွှယ်က စုချန်ယန်သာ ပိုပြီးဖိအားပေးလာလျှင် အမှန်တိုင်းပြောပြတော့မလိုပင်။ ဒါပေမယ့် စုချန်ယန်ရဲ့ သိချင်စိတ်မှာ ထင်ထားသလောက် မခိုင်မြဲခဲ့ပေ။

ဟန်စုန့်ရွှယ်က စုချန်ယန်ကို စိတ်လေသလို မျက်ဖြူလှန်ပြပြီး ပြောလိုက်သည်။"နင်က သိချင်နေပေမယ့် အဲ့လောက်လဲ မဟုတ်ပြန်ဘူး"

စုချန်ယန်က ချက်ချင်း စားပွဲပေါ်က ကင်မရာကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "အစ်မ ယုံချင်ယုံ မယုံချင်နေ ခုနက မျက်ဖြူလှန်တဲ့ပုံစံကို ပရိုဂရမ် နမူနာအပိုင်းမှာ သူတို့ထည့်လာလိမ့်မယ်"

ဟန်စုန့်ရွှယ် - "..."

ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဟန်စုန့်ရွှယ်က စုချန်ယန် လက်မောင်းကို တံတောင်နှင့်တွတ်ကာ ပြောလိုက်သည်။

" အဲ့တော့ မင်းသနားစရာကောင်းအောင် လုပ်ပြပြီး ငိုနေတဲ့ပုံစံကိုရော သူတို့ရိုက်ထားလိမ့်မယ်လို့ ထင်နေတယ်ပေါ့?"

စုချန်ယန်က ဟန်စုန့်ရွှယ်ဘက်ကိုလှည့်ကာ' ဒီတစ်ယောက်က အဆင်မပြေတဲ့ စကားလမ်းကြောင်းတွေချည်းပြောနေတော့တာပဲ'လို့ တွေးနေမိသည်။

"သူတို့ ရိုက်မှာပါ ပြီးရင် ကျွန်မက ယန်ရှို့ရီရဲ့ဖောက်ပြန်တဲ့ကိစ္စကြောင့် ကင်မရာရှေ့မှာ ငိုတဲ့ပုံစံဖြစ်အောင်တမင်တကာ ဖန်တီးကြလိမ့်မယ်"

ထိုစကားကြားပြီးနောက် ဟန်စုန့်ရွှယ်မှာ ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်သောလေသံနှင့် ရယ်ကာ စုချန်ယန်ကို ပုခုံးကနေ ဖက်ပြီး ပြောလိုက်သည်။ "ဒါဆိုအစ်မတို့က တစ်လှေထဲစီးတဲ့သူတွေပေါ့"

သူမ ကပုခုံးပေါ်မှီလိုက်ကာ စုချန်ယန်ကို တိုးတိုးလေးပြောာလိုက်သည်။ "ထန်ချီဘေးနားက မိန်းမဘယ်သူလဲသိလား? ထူးဆန်းသလိုလို ကြောက်စရာကောင်းတဲ့ ပုံစံနဲ့တစ်ယောက်လေ"

စုချန်ယန်က ထန်ချီဘေးမှ မိန်းကလေးကို ကြည့်ကာ သူမခေါင်းကို ခါပြလိုက်သည်။"ဟင့်အင်း ညီမ မသိဘူး"

"သူက ဟို ယန်ပုဂ္ဂိုလ် ရည်းစားရဲ့ဂျူနီယာလေ"

စုချန်ယန်လည်း သူမ အကြည့်ကို ရုတ်သိမ်းကာ ပြောခဲ့သည်။ "သူ ကျွန်မကို အဲ့လောက် ထူးထူးဆန်းဆန်းကြည့်နေတာ မအံ့ဩတော့ပါဘူး"

"ဒါပေမဲ့ သူ ဘာမှမလုပ်လောက်ဘူး"

စုချန်ယန်က မသင့်တော်သော လူအပေါ် အာရုံမစိုက်ချင်တာမို့ အဲ့အစား မေးပဲမေးလိုက်သည်။ "ဒါနဲ့လေ ဇာတ်ညွှန်းရေးဆရာရဲ့အခန်းကို ဖြတ်ပြီး အိမ်သာဘက်ကို သွားတုန်းက ဘာဖြစ်ခဲ့သေးလဲဟင်"

"အိုး!" အခုမှ ဟန်စုန့်ရွှယ်လည်း သတိရသွားသလိုဖြစ်ကာပြောခဲ့သည်။

"ဟုတ်သားပဲ ဟိုပါးသိုင်းမွှေး မုတ်ဆိတ်မွှေးတွေနဲ့လူကြီးလေ အစ်မ သူ့အခန်းကိုဖြတ်သွားတော့ သူကဒီပရိုဂရမ်ကိစ္စကို မစ္စတာလင်းနဲ့ တိုင်ပင်နေတာ ရှုတင်တည်နေရာက အတော်လေး အစွန်အဖျားကျတယ်ထင်တယ်"

"ဘယ်လောက်ထိ ဝေးလို့လဲ?"

"မသိဘူးလေ ဘာပဲဖြစ်ဖြစ် ဒီညအတွက် နည်းနည်းပါးပါး ပြင်ဆင်ထားကြရအောင် မနက်ဖြန်ဆို သိရမှာပါ"

"ဟုတ် ကျေးဇူးပါ"

"အစ်မတို့က ဒီလိုနေရာမှာ ညီအစ်မတွေပဲလေ ကျေးဇူးတင်စရာမလိုပါဘူး"

ညစာစားပြီးနောက် အနုပညာရှင်များက ဟိုတယ်တွင်သာ အနားယူဖို့ စီစဉ်လိုက်ကြပြီး မနက်ရောက်မှ ပြောင်း ရွှေ့ကြမည်ဖြစ်သည်။

စုချန်ယန် အခန်းထဲက ထွက်လာချိန် လင်းယွီနဲ့ ရှောင်လုကို မြင်လိုက်ရသည်။ အနားနာမိတာကြောင့် ခေါင်းငုံ့ကာတံခါးဘက် သွားရင်းပြောလိုက်သည်။ "ကျွန်မ ဘာမှမစားခဲ့ဘူနော်"

သူမ လေသံမှာမသိမသာ စောဒကတက်သလို ဖြစ်နေခဲ့သည်။

လင်းယွီလည်း ခပ်ဖျော့ဖျော့လေး ပြုံးကာ ပြောခဲ့သည်။ "သိပါတယ်"

ရှောင်လုလည်း လင်းယွီနောက်တွင် ရပ်နေကာ စုချန်ယန်ဘက်တွင် ရှိကြောင်း လင်းယွီ မမြင်အောင် အချက်ပြနေခဲ့သည်။

လင်းယွီ နောက်စေ့မှာ မျက်လုံးပါလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူက နောက်လှည့်ကာ ရှောင်လုကို ပေစောင်းစောင်းကြည့်လိုက်ပြီး ရှောင်လုလည်း ဘာမှမဖြစ်သလို ပြန်နေလိုက်ရင်း စုချန်ယန်ကို ပြောလိုက်သည်။

"ချန်ယန် ဘော့စ်လင်းကလည်း မင်းအကြောင်း တွေးမိပါတယ်"

စုချန်ယန်လည်း လင်းယွီ ဘေးကမှန်ကို မသိမသာကြည့်လိုက်ကာ ခဏလောက်ငြိမ်သွားသည်။

ရှောင်လုလည်း သူမကြည့်နေရာဆီ လိုက်ကြည့်လိုက်ပြီ သူမမျက်နှာက အေးခဲသွားသလိုပင်။ လင်းယွီ၏ မရေရာသော အကြည့်အောက်တွင် စုချန်ယန် နားမသိမသာ ကပ်သွားကာ ခေါင်းကိုလည်း ချစ်ဖို့ကောင်းအောင်ငြိမ့်ပြလိုက်သည်။

လင်းယွီလည်း သူ့အကြည့်ကို ရုတ်သိမ်းလိုက်ကာ စုချန်ယန်ကို ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ"

စုချန်ယန်က ထင်မှန်မထားတာကြောင့် အသံထွက်မိသွားသည်။"အို့"

လင်းယွီလည်း တစ်ဘက် လှည့်သွားတာ အခန်းဆီ လျှောက်သွားခဲ့သည်။ စုချန်ယန်လည်း တခြားတစ်ယောက်နှင့်အတူ သူသွားသည့်နောက် လိုက်သွားခဲ့သည်။

သူတို့ တံခါးဖွင့်သည်နှင့် စုချန်ယန် အနံ့တစ်ခု ရလိုက်သည်။

အခန်းထဲဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် အသားနှင့်ပုစွန်ထုတ်များ ထည့်ထားသည့် ပန်းကန်များစွာကို တွေ့လိုက်ရသည်။

စုချန်ယန်လည်း မှင်သက်သွားမိသည်။

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

All Chapters