← Chapters

အခန်း ၃၂

Vol. 3 Ch. 32

အခန်း ၃၂

Vol. 3 Ch. 32

လင်းယွီက သူမတို့ နှစ်ယောက်ကို ကြည့်ပြီး နွေးထွေးစွာ ပြောခဲ့သည်။"ဒါက မင်းတို့ အတွက် ဆုပဲ"

စုချန်ယန် စိတ်ထဲတွင် အချက်ပြသံများမြည်သွားသလို မျက်ရည်များလည်း ကျလုမတတ်ပင်။ သူမ မစ္စတာလင်းကို အထင်လွဲခဲ့မိသည်။ ဒီလောက်ကမ္ဘာပေါ်မှာအကောင်းဆုံးလူကို!

"မစ္စတာလင်း ကျွန်မ မှားခဲ့ပါတယ် တောင်းပန်ပါတယ်နော်" စုချန်ယန်က ကမန်းကတမ်း တောင်းပန်ခဲ့သည်။

လင်းယွီက အံ့ဩသလို မျက်ခုံးများပင့်တင်ကာ မေးခဲ့သည်။"ဘာလို့ တောင်းပန်နေတာလဲ"

"ကျွန်မမှားသွားတယ် ဧည့်ခံပွဲမှာ မစားလိုက်ရတာနဲ့ပဲစိတ်ထဲမှာ ရှင့်ကိုအပြစ်တင် ဝေဖန်တာမျိုးမလုပ်ခဲ့သင့်ဘူး ရှင်က တကယ့်ကို လူကောင်းပါ"

လင်းယွီက ပြန်မေးခဲ့သည်။ "အပြစ်ပဲတင်တယ်ပေါ့ ဆဲရောမဆဲမိဘူးလား"

စုချန်ယန်က ခေါင်းငြိမ့်ပြခဲ့သည်။ "ရှင်က ကျွန်မအဖေလိုလူပါ ရှင့်ကို မဆဲရဲပါဘူး"

ရှောင်လု - "..."

'စုချန်ယန် နင့်ရဲ့ရိုးသားနေပုံက အရမ်းကိုထူးဆန်းလွန်းနေပြီ'

လင်းယွီ မျက်လုံးတွေထဲ ရယ်မြူးရိပ် သန်းသွားခဲ့သည်။ စုချန်ယန်ရဲ့ တုံ့ပြန်ပုံမှာ တခါတလေ လူတွေကိုစိတ်ဝင်စားစရာ ကောင်းလောက်အောင်ကို ဒွိဟဖြစ်စေသည်အထိပင်။

"နောက်ခါကျ ဆဲချင်လည်းဆဲပါ"

စုချန်ယန်က ချက်ချင်း လန့်ဖြန့်သွားပြီး မေးခဲ့သည်။ "နောက်တစ်ခါဆိုတာ ရှိသေးတာလား?"

"ရှိသင့်တာပေါ့ ဒါကြောင့်မို့ ပြင်ဆင်ထားပါ"

လင်းယွီက ပြန်ပြောခဲ့သည်။

အာ....အဲ့လိုဆိုရင် လုပ်စရာတစ်ခုပဲရှိတော့တယ်

"ဒါဆို မစ္စတာလင်း..." စုချန်ယန်က သူ့ကိုကြည့်ကာ ပြောဖို့တုံ့ဆိုင်းနေမိသည်။

လင်းယွီက သူမဘာဆိုလိုချင်လဲဆိုတာကို နားလည်သလိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "သွားစားတော့လေ"

"ကျေးဇူးပါ မစ္စတာလင်း!"

စုချန်ယန် မျက်လုံးတွေက ဝင်းလက်သွားကာ သူမ ပုံရိပ်ကို သတိမထားတော့ဘဲ အစာတွေပေါ် ခုန်အုပ်မိမတတ်ပင်။

သူမ စားပွဲရှိရာဆီ သွားနေချိန် အနောက်မှ ခပ်တိုးတိုးပြောသံကိုကြားလိုက်ရသည်။ "မင်း ဝတ်ထားတဲ့ဝတ်စုံအတွက် စရံက ယွမ်ငါးသောင်းနော် တကယ်လို့ ညစ်ပတ်သွားရင် မင်းပဲလျော်ရမှာ"

စုချန်ယန်ရဲ့ ပြတ်သားလှတဲ့ လှုပ်ရှားမှုတွေက ချက်ချင်း ရပ်တန့်သွားကာ ကျိုးနွံစွာ ခေါင်းငြိမ့်ပြခဲ့သည်။

"ဪ..ဟုတ်"

ယွမ် ၅သောင်းဆိုသည်မှာ စုချန်ယန်အတွက် သေးငယ်သည့် ပမာဏမဟုတ်ချေ။

သူမနောက်မှာ ရပ်နေတဲ့ ရှောင်လုက ရယ်ချင်တာကိုထိန်းထားပြီး လင်းယွီ လက်မောင်းကို တံတောင်နှင့်တွတ်ကာ တိုးတိုးလေး ကပ်ပြောခဲ့သည်။

"အစ်ကို ချန်ယန်က‌ အဲ့လောက်ထိ အယုံသွင်းရလွယ်တာလား သူမ တကယ်ကြီးပျော်နေတာလား?"

လင်းယွီသည် သူမကို မျက်လုံးထောင့်ကပ်ကြည့်ကာ သူမ ဘာပြောမှန်း သိပုံမရပေ။ ထို့နောက် ပြန်လှည့်သွားကာ အခန်းထဲက ထွက်သွားတော့သည်။

စုချန်ယန်၏ ဘဝတွင် သူမ မျှော်လင့်ထားသည့် အရသာအတိုင်း ပါးစပ်ထဲ စွဲကျန်နေသည်အထိ စိတ်ကျေနပ်မှုကို ပေးစွမ်းသော ဟင်းပွဲမျိုး တစ်ခါမှမစားဖူးပေ။

သူမ စိတ်ထဲ လင်းယွီက လက်ရှိနေရာမှ ချက်ချင်း နတ်သားလေးအသွင် ပြောင်းသွားလေသည်။

နောက်ဆုံးတော့ စုချန်ယန်တစ်ယောက် ဗိုက်အပြည့်လွန်ပြီး လမ်းပင်မလျှောက်နိုင်တော့ချေ။ ခုံပေါ်တွင် ကျေနပ်နေသည့် မျက်နှာဘေးဖြင့် ထိုင်နေခဲ့သည်။

ရှောင်လုက စားပွဲနား သွားကာ စားပွဲပေါ်တွင်

ပွထနေသည့် အမှိုက်များကိုကြည့်ရင်း သက်ပြင်းချကာ ပြောခဲ့သည်။

"စုချန်ယန် ဘယ်လိုလုပ် ခန္ဓာကိုယ်သေးသေးလေးနဲ့

အဲ့လောက်စားနိုင်တာလဲ? ဒီလောက် စားထားပြီးရင်တော့ ဘယ်နှပေါင်မှန်းမသိအောင် တက်လာဦးမယ်"

စုချန်ယန်က ခပ်ဖြေးဖြေး မျက်တောင်ခတ်ကာ ပြောခဲ့သည်။ "လူတွေက..အစားအတွက် သေနိုင်သလို ငှက်တွေက ပိုက်ဆံအတွက် သေနိုင်တယ်"

ရှောင်လုက သူမကို စွေကြည့်ရင်း ပြောလိုက်သည်။

"စကားပုံကို ငါမသိဘူးများ ထင်နေလား။ တကယ့်အစစ်က ငှက်တွေက အစာအတွက် သေရပြီး လူတွေကပိုက်ဆံအတွက် သေရတယ် ဘယ်လိုလုပ် အဲ့ဒါကိုပြောင်းပြန်ပြောလိုက်တာလဲ"

စုချန်ယန် - "သိပ်မကွာဘူးလေ ဆိုလိုရင်းက တူတူပဲကို"

"ဘာကို မကွာရမှာလဲ တခြားစီ!"

မကြာခင် သူတို့ စားသောက်ပြီးလောက်ပြီအထင်နှင့် လင်းယွီက သူမတို့ အခန်းဆီ ပြန်လာခဲ့သည်။

ဗိုက်ကြီးတင်းပြီး ခုံပေါ်ထိုင်နေတဲ့ စုချန်ယန်ကို မြင်လျှင် လင်းယွီသည် အတော်အတန်ကြာအောင် ရပ်ကြည့်နေမိကာ သူမှားယွင်းစွာ ဆုံးဖြတ်ချက် ချမိပြီဖြစ်ကြောင်း ပထမဆုံးအကြိမ်အနေဖြင့် ခံစားမိသွားခဲ့သည်။

ပြီးလျှင် ရှောင်လုကို ကြည့်မိတော့ သူမလည်းမျက်နှာငယ်လေးနှင့်ပင်။

ရှောင်လုလည်း သတိရှိရှိနှင့် ပြန်ပြောလိုက်သည်။ "ဘာလို့ ငါ့ကို လာကြည့်နေတာလဲ။ နင်ပဲ သူ့ကိုစားခွင့်ပေးထားတာလေ။ အဲ့ဒါကြောင့် ငါ့ကိုလာပြီး အပြစ်မတင်နဲ့"

စုချန်ယန်သည် ရှောင်လုကို လင်းယွီ အပြစ်တင်ပြောဆိုလာမည်ကို သိတာကြောင့် ခုံမှ ဒယိမ်းဒယိုင်ထကာလေးပင်နေသည့်အသံဖြင့် ပြောခဲ့သည်။ "ရှောင်လုကို..အပြစ်မတင်ပါနဲ့.."

လင်းယွီလည်း ဘာမှမတတ်နိုင်သလို သက်ပြင်းချလိုက်ကာ ပြောခဲ့သည်။

"သူမကို အပေါ်ထပ်ခေါ်ပြီး အဝတ်အစားလဲပေးလိုက်။ ပြီးရင် အစာကြေသွားအောင် လမ်းပတ်လျှောက်ခိုင်း။ မဟုတ်ရင် ညဘက် အိပ်လို့ရမှာမဟုတ်ဘူး"

ရှောင်လုလည်း သူ့ပြောစကားအတိုင်း လိုက်နာကာ

စုချန်ယန်ကို အခန်းဆီ တွဲခေါ်သွားခဲ့သည်။

ရှောင်လုလည်း သူမကို အင်္ကျီလဲပေးရင်း ပွစိပွစိပြောနေမိသည်။

"နင်က ပုံမှန်ဆိုရင် တည်ငြိမ်တတ်တဲ့ လူစားမျိုးပါ။ဘယ်လိုလုပ် အစားအသောက်တို့၊ ပိုက်ဆံတို့နဲ့ ပက်သက်လာရင် ဘာလို့ ဒီလောက်အညှာချွေရလွယ်နေတာလဲ"

စုချန်ယန်က သူမပြောထားသလို စိတ်ကြိုက်စားသောက်ပြီးနောက် အကျေနပ်ကြီးကျေနပ်သွားသည်။

ရှောင်လုရဲ့ ဆူချင်သည့် အရိပ်အယောင်ပါသည့် စကားများကို ကြားစဉ် စုချန်ယန်က ရှောင်လု လက်မောင်းကိုဖက်ကာ ပွတ်သီးပွတ်သပ်လုပ်ရင်း ကြောင်ပေါက်လေးလို ကပ်ချွဲလိုက်သည်။

"ညီမ အဲ့လိုစားရတာကို တကယ်ကြိုက်လို့ပါ။ ညီမရဲ့ အကြီးမားဆုံး အိမ်မက်က လုံလောက်အောင် ပိုက်ဆံပမာဏကိုရှာပြီးရင် ဇာတိမြို့မှာ စာအုပ်ဆိုင်လေးဖွင့်ပြီးပဲ ဇိမ်ခံနေချင်တော့တာ"

ရှောင်လုလည်း စိတ်မရှည်တော့သည်မို့ ရွဲ့ပြီးပြုံးကာကြည့်ရင်း စုချန်ယန်ပါးကို လက်ချောင်းဖြင့် မထိုးဘဲမနေနိုင်တော့ပေ။

"နင့်မှာရည်မှန်းချက်လေး ဘာလေးမရှိဘူးလား"

"ရည်မှန်းချက်တွေက စားလို့မှမရတာ"

ရှောင်လုလည်း သူမကို မနိုင်တော့ဘဲ အနီးနားပတ်ဝန်းကျင်တွင် လမ်းလျှောက်ဖို့ ခေါ်သွားခဲ့သည်။ ဟန်စုန့်ရွှယ် ညစာစားပွဲမှာ ပြောခဲ့သည့်ကို သတိရလိုက်ကာ ကုန်တိုက်ထဲမှ လိုမယ်ထင်သည့် ပစ္စည်းတွေလည်း ဝယ်ခဲ့သည်။

ဟိုတယ်ကိုပြန်ရောက်တာနှင့် ရေချိုးလိုက်ကြတာမို့ အချိန်မှာ ညသန်းခေါင် ရောက်လုနီးပါးထိ ရောက်သွားခဲ့သည်။

စုချန်ယန်က ချက်ချင်း အိပ်ပျော်သွားပြီး လှပသည့်အိပ်မက်လေးတောင် မက်နေသေးသည်။

အိပ်နေစဉ် စုချန်ယန်က သူမကို တစ်စုံတစ်ယောက်ကတွန်းနေသည်ကို သိသော်လည်း ခေါင်းမထောင်နိုင်လောက်အောင်ကို မူးနောက်နောက် ဖြစ်နေခဲ့သည်။

ခေါင်းကြည်သလို ဖြစ်သွားတော့မှ သူမ မြင်လိုက်ရသည်က အလင်းရောင် မှိန်ပျပျရှိသည့်အခန်းထဲတွင် သူမ၏အိပ်ယာဘေးတွင် အရိပ်လို ပုံစံမျိုးတွေ့လိုက်သည်။ ထိုအရိပ်ပုံစံမှာ လူလို့ထင်ရပေမဲ့ သူ့ခေါင်းမှာ ပုံမှန်လူတစ်ယောက် ခေါင်းထက် ပိုကြီးနေသယောင်ပင်။

စုချန်ယန် မျက်လုံးဖွင့်ဖွင့်ချင်း တစ်ကိုယ်လုံးကြက်သီးထသွားမိသည်။ သူမ အိပ်ယာဘေးက အရာကိုငေးကြည့်နေမိကာ အထိတ်တလန့်ဖြင့် မျက်ရည်များကျလာမိသည်။

"ချန်ယန်... ချန်ယန်.."

သူမ တောင့်တောင့်ကြီးဖြစ်ကာ ထိတ်လန့်နေမိစဉ် လူတစ်ယောက်က သူမကို ခပ်နွေးနွေးလက်တစ်စုံဖြင့် လှုပ်နှိုးလာခဲ့သည်။

ခပ်မည်းမည်းစက်ပစ္စည်းလို အရာတစ်ခု၏ နောက်မှ မျက်နှာကပေါ်လာခဲ့သည်။

"ရှောင်..ရှောင်လု?" စုချန်ယန် တစ်ယောက် အထစ်ထစ်အငေါ့ငေါ့ဖြစ်လျက်ပင်။

ရှောင်လု - "ငါပါ"

ရှောင်လုက သူမပုခုံးပေါ်က စက်ကိုချလိုက်ကာ ကြက်သေသေသလို ထိတ်လန့်နေသည့် စုချန်ယန်ကို ကြည့်လိုက်သည်။

"ဒါက ဒီရှိုးရဲ့ ထုတ်လုပ်သူတွေ စီစဉ်ထားတာလေ။ နင်

သတိပေးစာ မရဘူးလား"

စုချန်ယန်လည်း ဇဝေဇဝါဖြင့် ခေါင်းခါကာ ပြောခဲ့သည်။ "ဟင့်အင်း မရပါဘူး"

ပြီးမှ ရှောင်လု လက်ထဲမှကင်မရာကို သတိထားမိပြီး သူမ မျက်လုံးတွေကို စိတ်အေးသွားဟန်ဖြင့်

မှိတ်လိုက်ပြီး ပြန်ဖွင့်ကာ ဒေါသပုန်ထနေသည့်အသံဖြင့်‌ပြောခဲ့သည်။

"နင်လုပ်တာ လန့်ပြီးသေတော့မယ်!"

ရှောင်လုလည်း ရယ်ကာ ပြောခဲ့သည်။

" အဲ့လိုမဖြစ်ရဘူးလေ မနေ့ညက ပရိုဂျူဆာတွေက နင့်အိပ်ယာဘေးကစားပွဲပေါ်မှာ ကဒ်တစ်ခုထားပေးခဲ့တယ်လို့ ပြောခဲ့တာကို"

ရှောင်လုလည်း ဘေးတစ်ဝိုက်ကို ငဲ့ကြည့်လိုက်ချိန် စုချန်ယန် စားပွဲပေါ်က မဖွင့်ရသေးတဲ့ ကဒ်လေးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုကဒ်ကိုယူကာ သူမကို လက်ကမ်းပေးလိုက်သည်။

"ဒီမှာ"

စုချန်ယန် ကဒ်ကိုဖွင့်ကြည့်လိုက်တော့ ထုတ်လုပ်ရေးအဖွဲ့မှ သူမကို ညအိပ်အင်္ကျီဝတ်အိပ်ဖို့နှင့် မနက်ကျရင် ရိုက်ကူးရေးအဖွဲ့က ရိုက်ကူးရေးစရန် လာနှိုးမည်ဖြစ်ကြောင်း ပြောထားခြင်းပင်။

စုချန်ယန်လည်း ဆေးကြောသန့်စင်ပြီးတာနှင့် အိပ်ယာဝင်ခဲ့ပြီး စာကိုသတိမထားမိခဲ့ကြောင်း ရှင်းပြခဲ့သည်။ ကံကောင်းသွားသည်မှာ ဤသည်ကို လင်းယွီက ကြိုသိနေခဲ့ကာ ရှောင်လု ကိုယ်တိုင် ကင်မရာကိုင်ပြီး ဝင်မလာခင်တွင် အကုန်လုံးကိုအပြင်မှာခဏစောင့်နေပေးဖို့ပြောပေးခဲ့ကြောင်း ရှောင်လုက ပြောပြခဲ့သည်။

သူတို့အားလုံးက ဟိုတယ် ရောက်နေတာဖြစ်တာကြောင့် စုချန်ယန်လည်း အိမ်နေရင်းလို ဝတ်မထားတာမို့ ဝင်လာဖို့ပြောလိုက်သည်။

"ရတယ် သူတို့ကိုဝင်လာခိုင်းလိုက်"

မနက်ပိုင်းရိုက်ကူးရေးက မိနစ်အနည်းငယ်မျှသာကြာမြင့်မည်ဖြစ်သည်။ သူတို့လိုချင်သည့်အတိုင်း ရိုက်ပြီးသည်နှင့် ထုတ်လုပ်ရေးအဖွဲ့က သူမကို အထုပ်အပိုးတွေ စီစဉ်ပြီး နောက် မိနစ်၄၀အတွင်း အောက်ထပ်မှာ ဆုံပေးဖို့ မှာခဲ့သည်။

စုချန်ယန် ဖုန်းတစ်ချက် ကြည့်လိုက်ချိန် ၇နာရီပင် မထိုးသေးပေ။ ရှောင်လုက သူမအတွက် နွားနို့နှင့်ပေါင်မုန့်ယူလာခဲ့ပေးတာမို့ စားပြီးသည်နှင့် သူမ မနေ့ညက ဝယ်လာသည့် ပစ္စည်းအားလုံးကို ခရီးဆောင်အိတ်ထဲ ထည့်ပြီးထုပ်ပိုးကာ ရှောင်လုနဲ့အတူ ခန်းမဘက်ဆီ အခြားသူတွေကို စောင့်ဖို့ ဆင်းသွားလိုက်သည်။

စုချန်ယန်လည်း အလွန်ပင်ပန်းနေသည်မို့ ငိုက်မျဉ်းကာဆိုဖာပေါ် မှီချလိုက်သည်။ မကြာခင်မှာပဲ ဟန်စုန့်ရွှယ်လည်း ခရီးဆောင်အိတ်ဆွဲကာ ရောက်လာခဲ့သည်။ စုချန်ယန်နှင့် ယှဉ်လိုက်လျှင် ဟန်စုန့်ရွှယ်က ပိုပြီးတက်ကြွနေဟန်ရှိသည်။

ရုတ်တရတ် ရှင်းလင်းနေသည့် ခန်းမကြီးထဲ ကျယ်လောင်သည့် ပဲ့တင်သံများ ထပ်လာတာကြောင့်

စုချန်ယန်လည်း လန့်ဖြန့်သွားကာ အိပ်ချင်ပြေသွားခဲ့သည်။

ငလျင် လှုပ်သွားတာလားလို့ တွေးနေမိရင်း ဟန်စုန့်ရွှယ်ဘက် ကြည့်လိုက်မိသည်။

"သူမက ဘယ်သူလဲ?" ဟန်စုန့်ရွှယ်က စုချန်ယန်ဘေးရှိ ရှောင်လုကို မြင်လျှင် ဘယ်သူမှန်း သိချင်တာမို့ မေးလိုက်သည်။

All Chapters