← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

နေဝင်ရီတရောအချိန်တွင် ချန်းပင်အန်းက မြို့ထဲသို့ ပြန်လာခဲ့သည်။ သူက အရှေ့တံခါးကို ဖြတ်လာခဲ့သည့်အချိန်၌ တံခါးစောင့်က ထိုနေရာတွင် သီချင်းတစ်ပုဒ် ညည်းနေသေး၏။ သူက စိတ်လိုလက်ရ သီချင်းဆိုနေခဲ့သည်။

"အချိန်တစ်စက္ကန့်ကို ပေါ့သေးသေး သဘောထားလို့ မရပေမယ့် အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်တွေကို အဝေးလွှင့်ပစ်နိုင်တယ်…"

သူက လူငယ်လေး၏ခြေသံကြောင့် မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် လူငယ်လေးနှင့် မျက်လုံးချင်း စုံသွားခဲ့သည်။ ထိုအရာက အကြွေးတောင်းသူ ဖြစ်ကြောင်း အစောင့်က မြင်လိုက်ရသည့်အချိန်တွင် စိတ်ပျက်သွားခဲ့၏။

သူက လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ဝေးဝေးသွားစမ်း ..။ မင်းရဲ့အချိန်က အဖိုးမတန်ဘူး။ တကယ်လို့ မင်းက အောင်မြင်မှုနဲ့ ပတ်သက်တဲ့ စကားတစ်လုံး လိုချင်တယ်ဆိုရင်တောင် မင်းက အမွှေးတိုင်ထွန်းပြီး ဆုတောင်းရမှာ…"

ချန်းပင်အန်း ပြေးသွားပြီးနောက် သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်(၅)ချောင်းထောင်၍ လှုပ်ပြလိုက်သည်။ သူတို့(၂)ယောက်၏ကြားထဲတွင် ကြေးပြား(၅)ပြား အကြွေးရှိနေသေးကြောင်း အစောင့်ကိုသတိပေးနေခြင်းဖြစ်ကြောင်း သေချာနေ၏။

အစောင့်က တံတွေးထွေးပြီး ကျိန်ဆဲလိုက်သည်။

"မင်းက လူကောင်းကို မဟုတ်ဘူး ... "

လူငယ်လေးက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

အစောင့်ကတော့ အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်နေပြီး အလွန်လှပသော ခြုံလွှာကြီးတစ်ခုကို ကြည့်နေရသလို ထင်ရသည်။ သူက မုတ်ဆိတ်မွှေး ကျိုးတိုးကျဲတဲရှိနေသော မေးစေ့ကို လက်နှင့်ပွတ်လိုက်ပြီး လျှာကို ကိုက်လိုက်၏။

"ဆရာချီက ကဗျာတစ်ပုဒ်ထဲမှာ ပြောခဲ့ဖူးတယ်။ အဲဒါ ဘာပါလိမ့် ... ကောင်းတာလုပ်တာနဲ့ ရောင်စုံဖန်သားတွေဆိုလား ... "

ထိုအချိန်တွင် မြို့ထဲမှနေ၍ နွားလှည်း(၁)စီး ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ လှည်းပေါ်တွင် ထိုင်နေသည်မှာ နာမည်ကျော်ကြားသော အစိမ်းဝတ် စာသင်သားတစ်ယောက် ဖြစ်သည်။ လှည်းမောင်းသူကတော့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်၏။

ထိုလူက ချက်ချင်းပင် လက်ကိုဝှေ့ယမ်းပြီး အားရပါးရယ်လိုက်သည်။

"ညီလေးယောင် ...

ခဏနေပါဦး။ ငါ မေ့နေတဲ့ စာတစ်ကြောင်းရှိတယ်။ ဘာတဲ့.. ငါက ကောင်းတာလုပ်ရင် ဆိုတာနဲ့ ရောင်စုံဖန်သားတွေဆိုတာပဲ မှတ်မိတယ်။ တခြားဘာကိုမှ မမှတ်မိဘူး။ မင်း မှတ်မိရင် ငါ့ကိုပြောပြပါဦး…"

ကျိုးယောင်က စိတ်အားတက်ကြွနေခဲ့၏။ သူက အိတ်(၁)အိတ်ကို လက်ထဲတွင် ကိုင်ထားပြီး ကျယ်လောင်စွာ ပြောပြလိုက်သည်။

"ဒီကမ္ဘာကြီးထဲမှာ ကောင်းတဲ့အရာတွေက တည်မြဲမှု မရှိဘူး။ ရောင်စုံတိမ်တိုက်တွေက အလွယ်တကူ ပြန့်ကျဲသွားနိုင်ပြီး ရောင်စုံဖန်သားတွေကလည်း ပျက်စီးလွယ်တယ် ... "

အစောင့်က သူ့ကို လက်မထောင်ပြလိုက်သည်။

"မင်းက တကယ့်ကို ညီလေးယောင်လို့ ခေါ်ထိုက်တာပဲ။ မင်းက တော်တော်လေးကို ဗဟုသုတပြည့်စုံတယ်။ နောက်ပိုင်း မင်းက အောင်မြင်တဲ့အချိန်ကျရင် မွေးရပ်မြေကို ပြန်လာဖို့ မမေ့ပါနဲ့။ မင်းက မင်းရဲ့ဆရာနေရာမှာ အစားဝင်ပြီး ငါတို့မြို့လေးမှာ ကလေးတွေရဲ့ ဆရာတစ်ယောက်ဖြစ်မလာဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။ အဲဒါလည်း ကောင်းတာပဲလေ…"

ကျိုးယောင်က တွေဝေသွားခဲ့၏။ ထို့နောက် သူက လက်(၂)ဖက်ဆုပ်၍ ပြုံးလိုက်သည်။

"ဒီစကားတွေအတွက် ကျေးဇူးတင်ပါတယ်…"

ထိုလူက ဝမ်းသာသွားခဲ့ပြီး သူ၏အင်္ကျီအိတ်ထဲမှနေ၍ ပန်းထိုးအိတ်တစ်ခုကို ထုတ်လိုက်သည်။ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီးနောက် သူက ထိုအရာကို ကျိုးယောင်ဆီသို့ လှမ်းပစ်ပေးလိုက်ပြီး ပြောလိုက်၏။

"မင်းက ငါ့အတွက် စာလုံးတွေ အများကြီးရေးပေးခဲ့တဲ့အတွက် အချိန်တွေ ကုန်ခဲ့ရတယ်။ အရေးကြီးဆုံးအရာကတော့ မင်းက သနားကြင်နာတတ်ပြီး ရိုးသားတယ်။ ငါက မင်းနဲ့ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ ငါက လူတွေနဲ့ပတ်သက်ပြီး အမြဲတမ်းမှန်တယ်။ ဒီမှာ ငါ မင်းကို လက်ဆောင်ပေးလိုက်မယ်…"

ကျိုးယောင်က ငွေအိတ်ကို အလျင်အမြန် ဖမ်းထားလိုက်သည်။

"နောက်မှတွေ့ကြတာပေါ့…"

ထိုလူက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ သူက နွားလှည်းစီးသွားသော လူငယ်လေးကို လက်ဝှေ့ယမ်းပြလိုက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

"ပိုပြီးတော့ ခက်ခဲလာတော့မယ်…"

မြက်ဖိနပ်နှင့် လူငယ်လေးက မြို့၏အတွင်းပိုင်းသို့ လျှောက်သွားနေသည့်အချိန်တွင် ကျိုးယောင်၏ နွားလှည်းကတော့ မြို့အပြင်ဘက်ကို အရှိန်နှင့် ထွက်သွားခဲ့သည့်အတွက် အချင်းချင်း ဝေးကွာသွားကြသည်။

သစ်တုံးပေါ်တွင် ထိုင်နေသောလူက လက်ချောင်းလေးများကို ရေတွက်နေခဲ့သည်။

"တာ့ဆွေအင်ပါယာက လူငယ်လေးက ရွှေငါးပုံး(၁)ပုံး၊ ရွှံ့ပုလင်းလမ်းကြားလေးထဲက မုဆိုးမကူရဲ့သားနဲ့ ဖုလုလမ်းကြားထဲက လူငယ်လေး... (၃)ယောက်ရှိသွားပြီ။ ဒါပေမယ့် နောက်က လိုက်သွားမယ့်လူတွေ အများကြီးရှိနေသေးတယ်။ တကယ်လို့ သူတို့အားလုံး အတင်းအကြပ်ဝင်လာကြမယ်ဆိုရင် အပျက်အစီးတွေကို ကောက်ရတော့မှာပဲ မဟုတ်လား။ ငါက ဒီအခွင့်အရေးကို အရယူပြီး ငါ့ပုခုံးကို နှိပ်ပေးနိုင်တဲ့ တပည့်တစ်ယောက်လောက် ရရင်ကောင်းမယ်.."

ထိုလူက လက်(၂)ဖက်ကို ဆန့်လိုက်ပြီး သူ့ပါးကို လက်နှင့်ကိုင်ကြည့်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

"အဲဒါက ချောမောလှပတဲ့ မိန်းကလေး တပည့်တစ်ယောက်ဆိုရင်တော့ အကောင်းဆုံးပဲ။ ဒါပေမယ့် ငါက ရုပ်ဆိုးရင်လည်း လက်ခံပါသေးတယ်။ ဒါပေမယ့် သူက ခြေတံရှည်ဖို့တော့ လိုတယ်…"

မြို့ငယ်လေးထဲတွင် နာမည်ကျော် လူပျိုကြီးတစ်ယောက်ဖြစ်သော သူက လက်(၂)ဖက်ကိုနောက်ပစ်ပြီး ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။ သူက စိတ်ထဲတွင်ကြိတ်၍ ဝမ်းသာနေခဲ့၏။ ထိုကဲ့သို့ ပျော်ရွှင်ဖွယ်အတွေးများကို တွေးမိသည့်အချိန်တိုင်း သူ၏စိုးရိမ်မှုများက ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်ကျမှသာ ကမ္ဘာကြီးက လှပကြောင်း ခံစားမိခဲ့သည်။

………..

ချန်းပင်အန်း ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်မသွားခင် လျှိုရှန်းယန်၏အိမ်၌ တွေ့ဆုံမည်ဟု လျှိုရှန်းယန်နှင့် အနက်ဝတ်မိန်းမပျိုတို့ကို ကြိုတင်ပြောထားခဲ့သည်။

ချန်းပင်အန်းက လျှိုရှန်းယန်၏ အိမ်သို့ ရောက်လာသည့်အချိန်တွင် တံခါးက ပွင့်နေသည်။ သူက တံခါးကို တွန်းဖွင့်လိုက်ပြီး ခန်းမထဲသို့ ဝင်သွားခဲ့၏။ လျှိုရှန်းယန်က သန့်ရှင်းသော တဘက်တစ်ထည်နှင့် ဘိုးဘေးချပ်ဝတ်အင်္ကျီကို သန့်ရှင်းရေး လုပ်နေကြောင်း တွေ့လိုက်ရသည်။

အနက်ဝတ်မိန်းကလေးနင်ကတော့ သူမ၏မျက်နှာကို ဇာပုဝါနှင့်အုပ်ထားခဲ့သည်။ သူမ၏ခါးတွင် ဓားမောက်တစ်လက် ချိတ်ထားပြီး လက်ထဲတွင်တော့ အဖြူရောင်ဓားအိမ်နှင့် ဓားရှည်တစ်ချောင်း ရှိနေသည်။ ဘာကြောင့်မှန်းမသိသော်လည်း မိန်းကလေးနင်က ထိုဓားကိုသဘောမကျဟု ချန်းပင်အန်းက ခံစားမိနေ၏။

စားပွဲပေါ်တွင်တော့ လျှိုမိသားစုလက်ဆင့်ကမ်းလာသော ရှေးဟောင်းရတနာတစ်ခု ရှိသည်။ ထိုအရာကို ချပ်ဝတ်အင်္ကျီတစ်ခုဟုခေါ်သော်လည်း ချန်းပင်အန်း၏ မျက်လုံးထဲတွင်‌တော့ တော်တော်လေးကို ရုပ်ဆိုးပြီး ကြောက်စရာကောင်းသည်။ ကြီးမားသော ချပ်ဝတ်အင်္ကျီက သံကြိုးများ ပြည့်နှက်နေပြီး ခြောက်ကပ်နေသော သစ်ပင်ကြီး၏ အဖုအထစ်များကဲ့သို့ ထင်ရသည်။

ထိုချပ်ဝတ်အင်္ကျီ၏ ဘယ်ဘက်ပုခုံးမှနေ၍ ညာဘက်ခါးထိအောင် အပြိုင်ဖြစ်နေသော ခြစ်ကြောင်းရာကြီး(၅)ခုရှိနေသည်။ ထိုအချက်ကိုတော့ လူငယ်(၂)ယောက်လုံး ဇဝေဇဝါဖြစ်နေခဲ့၏။ သစ်တောကြီးက မည်မျှကြီးမားသည့်အတွက် ကြောက်မက်ဖွယ်ရာ မှော်သားရဲများက ထိုကဲ့သို့ အရာတစ်ခုကို ဖန်တီးရန် မည်သို့လုပ်ဆောင်ခဲ့ကြောင်း သူတို့လည်း တွေးကြည့်၍ မရနိုင်ခဲ့ပေ။

နောက်ပိုင်းတွင်တော့ နန်းတွင်းက တောင်တန်းပေါင်းများစွာကို ပိတ်ဆို့ထားလိုက်ပြီး တောင်ပေါ်သို့သွား၍ သစ်ခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းကို တားမြစ်ထားခဲ့သည်။ ချန်းပင်အန်းနှင့် လျှိုရှန်းယန်တို့က တားမြစ်မှုကို လုံးဝမချိုးဖောက်ခဲ့ပေ။ ထိုအရာက အဓိကအကြောင်းပြချက်ဖြစ်၏။

ချန်းပင်အန်းက အနည်းငယ် ထူးဆန်းနေသလို ခံစားနေရသည်။ မီးသွေးကဲ့သို့ ဖြစ်နေသော ချပ်ဝတ်အင်္ကျီက ရုပ်ဆိုးသော်လည်း လျှိုရှန်းယန်ကတော့ မိသားစုအမွေအဖြစ် သတ်မှတ်ထားခဲ့သည်။ ချန်းပင်အန်းနှင့် သူ၏ပတ်သက်မှုအရပင် သူက တစ်ကြိမ်သာ တွေ့ခဲ့ဖူး၏။

အမွှေးတိုင်တစ်ဝက်ခန့် အချိန်အတောအတွင်း သူက ထိုအရာကို အနီရောင်သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီး နောက်တစ်ကြိမ် သိမ်းဆည်းထားခဲ့သည်။ လျှိုရှန်းယန်က အနက်ဝတ်မိန်းမပျိုကို မကြာခဏ ခိုးကြည့်နေကြောင်း မြင်သည့်အခါ ချန်းပင်အန်းက စိတ်သက်သာရရသွားသလို ခံစားလိုက်ရ၏။

လျှိုရှန်းယန်က ထိုကဲ့သို့ လူစားမျိုးသာ ဖြစ်သည်။ မိန်းမလှလေးများကို မြင်သည့်အချိန်တိုင်း သူ့မျက်လုံးများကို ထိန်းချုပ်နိုင်ခြင်း မရှိချေ။ သို့သော် အမှန်အတိုင်းပြောရလျှင်တော့ သူက အမှန်တကယ် သဘောကျခြင်း မဟုတ်ချေ။ သူက အပေါ်ယံစိတ်ကစားခြင်းသာ ဖြစ်သည်။

ဥပမာအနေနှင့်ပြောရလျှင် အရင်နှစ်နွေရာသီ အမိုးတံတားအောက်တွင် ရှိနေသော စမ်းချောင်းထဲ၌ လျှိုရှန်းယန် ရေချိုးနေသည့်အချိန်တွင် သက်တူရွယ်တူ မိန်းကလေးများက မျိုးစေ့များ၊ နွားပေါက်လေးများနှင့်အတူ ဖြတ်သွားသည်ကို မြင်သည့်အခါ လျှိုရှန်းယန်က တစ်စုံတစ်ခု လုပ်ပြခဲ့၏။

ပထမဆုံး သူက ချောင်းစပ်တွင် ရှိနေသော အပြာရောင်ကျောက်တုံးကြီးပေါ်သို့ တက်ပြီး ကျယ်လောင်စွာ ချောင်းဆိုးခဲ့သည်။ သူက ကမ္ဘာမြေကြီးကို စကားပြောနေသလို လုပ်ဆောင်ပြခဲ့၏။

အမြင်အာရုံစူးရှသော ချန်းပင်အန်းကတော့ အဝေးတွင် ရှိနေသော မိန်းကလေးများ၏ မျက်လုံးနှင့် အမူအရာကို ရှင်းရှင်းလင်းလင်း မြင်ကြရသည်။ ထို့ကြောင့် သူက လျှိုရှန်းယန်ကို အမှန်အတိုင်း ပြောပြချင်နေခဲ့၏။

ထိုမိန်းမပျိုတချို့က မျက်ခုံးပင့်လိုက်မိကြပြီး တချို့က ကျိန်ဆဲခဲ့ကြသည်။ အများစုကတော့ သူ့ကိုလျစ်လျူရှုထားခဲ့၏။ သူတို့ဆီတွင် ပေါ်မလာခဲ့သော အရာကတော့ သူက သူရဲကောင်းတစ်ယောက်ဟူသော အတွေးမျိုးဖြစ်သည်။

နောက်ပိုင်းတွင်တော့ လျှိုရှန်းယန်က စုန့်ကျိရှင်း၏အစေခံမလေးကျစ်ကွေးကို သဘောကျသွားခဲ့၏။ သူမကို အတော်လေးကို ချစ်သွားပုံရသည်။ နောက်ပိုင်းတွင်တော့ အရပ်ရှည်ရှည်လူငယ်လေးက တခြားမိန်းမလှလေးများကို မြင်တွေ့ပုံ မရတော့ချေ။

လက်ရှိအချိန်တွင် သူက အနက်ဝတ်မိန်းမပျိုကို ခိုးကြည့်နေသော်လည်း ထိုမိန်းမပျိုက သူ့ကို အထင်မသေးရန်သာ မျှော်လင့်နေခြင်းဖြစ်သည်။ ထို့ပြင် သူမဆီ၌ ဓားမောက်တစ်လက်နှင့် ဓားရှည်တစ်လက် ရှိနေသေး၏။

လျှိုရှန်းယန်၏ မိသားစုအမွေအနှစ်က ဤမြို့ငယ်လေးထဲတွင် တစ်ခုတည်းသာ ရှိနေခြင်း ဖြစ်သည်။

ချန်းပင်အန်းကို စောင့်နေပြီးနောက် မျက်နှာကာ ဦးထုပ်ဆောင်းထားသော မိန်းမပျိုက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူမက ဓားရှည်ကို ရွှေရောင်ပန်းပွင့်များ ဆေးခြယ်ထားသော ရှေးဟောင်းဗီရိုတစ်လုံးပေါ်ကို ကန့်လန့်ဖြတ်တင်လိုက်သည်။

ထိုပန်းချီကားများက အစက်အပြောက်များ ဖြစ်နေပြီး အက်ကွဲရာများ ပြည့်နှက်နေ၏။ ဓားရှည်နေရာရရန်အတွက် သူမက ပုလင်းနှင့် အိုးတချို့ကို ဘေးသို့ဖယ်လိုက်သည်။ ထိုအခါ ဗီရို၏ အနောက်ဘက်နံရံတွင်တော့ ကျောက်ပန်းချီတစ်ချပ်ကို တွေ့လိုက်ရသည်။ ထိုအရာက ကောင်းကင်ပေါ်တွင် လမင်းကြီးသာနေသော ရွှေရောင်သစ်ပင်တစ်ပင် ပန်းချီကား ဖြစ်သည်။

မိန်းမပျိုက ပြန်လှည့်ပြီး မေးလိုက်၏။

"ဓားကို ဒီမှာတင်ထားတယ် မထိနဲ့နော်။ မဟုတ်ရင်တော့ အကျိုးဆက်ကို ခံရလိမ့်မယ်။ ငါက စနေတာ မဟုတ်ဘူး…"

လျှိုရှန်းယန်ကတော့ ချပ်ဝတ်အင်္ကျီ သန့်ရှင်းရေးလုပ်ပြီး အလုပ်များနေခဲ့သည်။ မကြာခဏဆိုသလို သူက ခေါင်းငုံ့ပြီး ရှုလိုက် လက်နှင့်ပွတ်လိုက် လုပ်နေခဲ့၏။ သူက တစ်ယောက်တည်း သဘောကျနေပုံရသည်။

ချန်းပင်အန်းက ကတိပေးလိုက်၏။

"ရတယ်…"

မိန်းမပျိုက လျှိုရှန်းယန်ကို ပြောလိုက်သည်။

"ဒီဗီရိုက ဘာမှတန်ကြေးမရှိဘူး။ ဒါပေမယ့် ဒီရွှေရောင်လ ကျောက်ပန်းချီကိုတော့ ဈေးပေါပေါနဲ့ မရောင်းနဲ့…"

လျှိုရှန်းယန်က ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သည်။

"ငါငယ်ငယ်ကတည်းက အဲဒီအရာကို လုံးဝမကြိုက်ဘူး။ တကယ်လို့ နင်ကြိုက်တယ်ဆိုရင် ခွာယူသွားလို့ရတယ်…"

အနက်ဝတ်မိန်းမပျိုက ထိုကဲ့သို့အရာမျိုးကို မလုပ်ပေ။ သူမက စိတ်ဝင်တစား မေးလိုက်၏။

"ဒီကျောက်ပန်းချီမှာ သုံးထားတဲ့ပစ္စည်းတွေက ဘာတွေလဲ…"

လျှိုရှန်းယန်က ပြန်လှည်ကြည့်ပြီး မေးလိုက်သည်။

"အဲဒါတွေက နှစ်ပေါင်း(၁၀၀)လောက်ရှိနေပြီ။ ငါက ဘယ်လိုလုပ်သိပါ့မလဲ။ ငါ့အဘိုးကတောင် ငါ့ကို ပြောမပြနိုင်ဘူး…"

ချန်းပင်အန်းက တိုးတိုးလေး ဝင်ပြောလိုက်၏။

"ဒါတွေက စမ်းချောင်းထဲကနေ ကောက်လာတဲ့ ကျောက်တုံးတွေ ဖြစ်မယ်ထင်တယ်။ အဲဒီကျောက်တုံးတွေက ရောင်စုံရှိတယ်လေ။ ဒါပေမယ့် လျှိုရှန်းယန်ရဲ့ အကြီးအကဲတွေက ရွှေရောင်ကျောက်တုံးတွေကိုပဲ ကောက်ခဲ့တာ။ သူတို့က အဲဒါတွေကိုခြေပြီး ကော်နဲ့အတူတူ ကပ်ခဲ့တာ ဖြစ်မယ်။ ငါတို့ကတော့ ဒါကို မြွေကျောက်တုံးလို့ ခေါ်ကြတယ်…"

အနက်ဝတ်မိန်းမပျိုက မေးလိုက်သည်။

"ကျောက်တုံးတွေလား ... စမ်းချောင်းထဲမှာ အများကြီးရှိတာလား…"

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။

"မိန်းကလေးနင်...

တကယ်လို့ လိုချင်တယ်ဆိုရင် ကျွန်တော်က နေ့တိုင်းခြင်းတောင်းကြီးတစ်ခြင်းစာ ကောက်ပေးလို့ရတယ်။ ဒီမှာ ဘယ်သူမှ အဲဒါတွေကို သဘောမကျဘူး။ ကုစန့် တစ်ယောက်တည်းပဲ အဲဒီကျောက်တုံးတွေကို သဘောကျတာ။ သူက မကြာခဏကောက်ပြီး သူ့ရဲ့အိမ်ထဲမှာ သိမ်းထားတယ်…"

အနက်ဝတ်မိန်းမပျိုက သက်ပြင်းချလိုက်ပြီး ရွှံ့ပုလင်းလမ်းကြားထဲရှိ လူဆင်းရဲကောင်လေးကို လေးလေးနက်နက် စိုက်ကြည့်၍ တိတ်တဆိတ် ရေရွတ်လိုက်သည်။

"ရွှေတောင်ကြီးပေါ်မှာ ထိုင်နေတဲ့ ငမွဲတစ်ယောက်ပါလား…"

ချန်းပင်အန်းက အံ့အားသင့်စွာ မေးလိုက်၏။

"ဒီကျောက်တုံးတွေက အပြင်ဘက်မှာ တန်ဖိုးရှိတာလား…"

သူမက ဦးထုပ်ကို သေချာကိုင်လိုက်ပြီး ပြောလိုက်သည်။

"တန်ဖိုးကတော့ သူတို့ကို ဝယ်မယ့်သူပေါ် မူတည်တယ်။ တကယ်လို့ ဒါက ကုန်သည်တစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားမယ်ဆိုရင်တောင် ကံတရားအပေါ် မူတည်နေသေးတယ်။ တကယ်လို့ နင်က ကံကောင်းမယ်ဆိုရင်တော့ တစ်တုံးတည်းနဲ့ လုံလောက်တယ်။ တကယ်လို့ ကံမကောင်းဘူးဆိုရင်တော့ ဒီလို‌ကျောက်တောင်ကြီး တစ်တောင်လုံးဆိုရင်တောင် မလုံလောက်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေက တန်ဖိုးရှိတယ်။ အရမ်းကို တန်ဖိုးရှိတယ်။ ငါက ယူသွားလို့ရမရ သေချာမသိဘူး။ အဲဒါက အရေးကြီးဆုံးပဲ…"

လျှိုရှန်းယန်က ဝင်ပြောလိုက်သည်။

"အဲဒီကျောက်တုံးတွေနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့အရာတစ်ခုတော့ရှိတယ်။ အဲဒီကျောက်တုံးတွေကို စမ်းချောင်းထဲကနေ ထုတ်ယူလိုက်ပြီဆိုရင် နေရောင်ခြည်နဲ့ လေလှိုင်းတွေ အောက်ကိုရောက်သွားတာနဲ့ သူတို့ရဲ့အရောင်တွေက တဖြည်းဖြည်း မှေးမှိန်လာတာပဲ။ အထူးသဖြင့် မိုးဒဏ်နဲ့ နှင်းဒဏ်ကိုခံရပြီးရင် အရောင်တွေက ပိုပြီးတော့တောင် မှိန်ဖျော့သွားသေးတယ်။ အဲဒါအပြင် တခြားဘာမှတန်ဖိုးမရှိဘူး…"

မိန်းမပျိုက နောင်တရစွာ ပြောလိုက်သည်။

"လုံလောက်သွားပြီ…"

ချန်းပင်အန်းက တွေဝေစွာ ပြောလိုက်၏။

"ငါက မနက်ဖြန် ခြင်းတောင်းကြီးတစ်တောင်းနဲ့ သွားကောက်ပြီး ကြိုးစားကြည့်လိုက်မယ်လေ။ ခြွင်းချက်ရှိမလား သိရတာပေါ့…"

မိန်းမပျိုက ခေါင်းခါပြီး ပြောလိုက်၏။

"အဲဒါက ငါ့အတွက်တော့ အဓိပ္ပါယ်မရှိဘူး…."

လျှိုရှန်းယန်က ချပ်ဝတ်အင်္ကျီကို အိမ်ထဲသို့ ပြန်ရွှေ့လိုက်ပြီး သေချာဖွက်ထားလိုက်သည်။ ထို့နောက်သူက တံခါးကိုပိတ်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ချန်းပင်အန်းက ငွေမက်တယ်လေ။ သူက ဒီနေ့ညပဲ ကျောက်တုံးတွေကောက်ဖို့ စမ်းချောင်းထဲကို သွားလိမ့်မယ်…"

မိန်းမပျိုက ပြောလိုက်သည်။

"ငါသွားတော့မယ်…"

သူမက တံခါးဆီသို့ လျှောက်သွားသည့်အချိန်တွင် ပြန်လှည့်ပြီး ပြောလိုက်၏။

"ငါက နင့်အတွက် ဆံထိုးနဲ့ ဆေးစာရွက်ကို သိမ်းထားပေးတယ်။ ဒါပေမယ့် နင်က မနက်ဖြန် ရွှံ့ပုလင်းလမ်းကြားကို ပြန်လာပြီး ငါ့အတွက် ဆေးကြိုပေးဖို့ လိုသေးတယ်နော်…"

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ရတယ်။ ပြဿနာမရှိဘူး…"

သူမက ခဏကြာစဉ်းစားပြီး လေးလေးနက်နက် အမူအရာနှင့် သတိပေးလိုက်၏။

"မြို့ထဲကို ငါနဲ့အတူဝင်လာတဲ့ လူစိမ်းတွေထဲမှာ အစွမ်းထက်ဆုံးတစ်ယောက်က ကျန့်ယန်တောင်က အဘိုးကြီးပဲ ..။ ဒီတစ်ကြိမ် သူက ကလေးမလေးတစ်ယောက်ကို ခေါ်လာတယ်။ နောက်တစ်ယောက်ကတော့ ငါ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ တာ့ဆွေအင်ပါယာက မိန်းမစိုးပဲ။ အဲဒီနောက်မှာတော့ ကုစန့်ကိုခေါ်သွားခဲ့တဲ့ လျှိုကျစ်မောက်ပဲ ။ အပြုံးနောက်ကွယ်မှာ ဓားတစ်ချောင်း ဖုံးကွယ်ထားတဲ့ အမျိုးသမီးကိုလည်း လျော့မတွက်နဲ့။ နင်က ကျန့်ယန်တောင်က အဘိုးအိုကို တွေ့မယ်ဆိုရင် ဘာမှပြဿနာမရှာမိစေနဲ့။ ပြဿနာတက်ရင်လည်း အချိန်ဆွဲထား။ တခြားသူတွေနဲ့ ထိပ်တိုက် မတိုက်ခိုက်နဲ့။ နင်က ငါရောက်လာတဲ့အချိန်အထိ အချိန်ဆွဲထားရမယ်…"

လျှိုရှန်းယန်က အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ဒါက ငါတို့ရဲ့ပိုင်နက်လေ။ လူစိမ်းတွေက ငါတို့ရဲ့ပိုင်နက်ထဲမှာ လူသတ်ရဲလို့လား.."

ချန်းပင်အန်းက သူ့ကိုကြည့်ပြီး ခေါင်းညိတ်ပြောလိုက်သည်။

"သူတို့က လူသတ်ရဲတယ်…"

လျှိုရှန်းယန်က တံတွေးမျိုချလိုက်မိ၏။

ချန်းပင်အန်းက ရုတ်တရက် မေးလိုက်သည်။

"ကံကြမ္မာဟောပြောခြင်းဆိုင် ဖွင့်ခဲ့တဲ့ တာအိုသခင်လုက မင်းကို ဘာပြောခဲ့လဲ မှတ်မိသေးလား…"

လျှိုရှန်းယန်က ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။ သေသေချာချာ စဉ်းစားလိုက်ပြီးနောက် သူက နားရွက်နှင့်ပါးကိုကုတ်ပြီး ပြောလိုက်သည်။

"ငါက ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မှတ်မိမှာလဲ။ အဲဒါက ကံဆိုးစေတဲ့ စကားတွေဆိုတာပဲ သိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကံဆိုးမှုတွေ ရောက်လာတော့မှာ ဖြစ်တဲ့အတွက် အမွှေးတိုင်ထွန်းဖို့ လိုတယ်လို့တော့ ပြောတယ်။ အဲဒါက အပိုတွေပါ။ သူက အပိုစကားတွေပြောနေပြီး လူတွေရဲ့ငွေကို လိမ်ယူနေတာ…"

ချန်းပင်အန်းက အနက်ဝတ်မိန်းမပျိုကို လှည့်ကြည့်လိုက်သည်။ မိန်းမပျိုက ကြောက်စရာကောင်းစွာ ပြောလိုက်၏။

"သူက သင်္ကေတကိုတောင် သေချာမမှတ်မိနိုင်ဘူး။ ငါက သူ့ကို ဘယ်လိုရှင်းပြရမှာလဲ။ ငါက နတ်ဘုရားတစ်ပါးလို့ ထင်နေတာလား..."

ချန်းပင်အန်းက အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။ ရုတ်တရက် မိန်းကလေးနင်က ဘာကြောင့်ဒေါသထွက်သွားကြောင်း သူလည်း အဖြေမရှာနိုင်ခဲ့ပေ။ မိန်းမပျိုက အိမ်ထဲမှ အပြင်ဘက်ကို ထွက်သွားခဲ့၏။ သူတို့လာခဲ့သလို အခြေအနေနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ယခုက ပို၍လျင်မြန်နေပြီး ပြတ်သားနေသည်။

ထိုမိန်းမပျိုက ကျယ်ဝန်းသော လမ်းကြားထဲတွင် လျှောက်နေခဲ့၏။ သူမက နောက်ပိုင်းတွင် စာအုပ်အနည်းငယ် ရှာဖတ်ရန် စဉ်းစားနေခဲ့သည်။ နောက်ပိုင်းတွင် လှည့်လည်သွားလာနေသော မိန်းမပျိုက ဓားပျံနှင့် လူများကို ခေါင်းဖြတ်နိုင်ပြီး ကဗျာအနည်းငယ်ကို ရွတ်ဆိုနိုင်သည်။ အကယ်၍ အနားတွင် မည်သူမျှမရှိလျှင်တော့ သူမက အမှန်တကယ်ကို ထူးခြားလှ၏။

မိန်းမပျိုက တစ်ယောက်တည်း စဉ်းစားနေသည့်အချိန်တွင် ရင်းနှီးသော လူရိပ်တစ်ခုက သူမကို ကျော်သွားခဲ့သည်။

"မနက်ဖြန်တွေ့မယ် ... မိန်းကလေးနင်…"

ထိုအသံပေါ်လာသည့်အချိန်တွင် သူကတော့ လမ်းကြားလေး၏ အဆုံးကို ရောက်သွားပြီဖြစ်၏။ မြက်ဖိနပ်နှင့် လူငယ်လေးက ခြင်းတောင်းတစ်ခုကို သယ်ထားပြီး ပျံသန်းသွားသည့်အလား လမ်းလျှောက်သွားခဲ့ခြင်းဖြစ်သည်။

မိန်းမပျိုက အံ့ဩမှင်တက်သွားခဲ့ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

"ဒီလို ငွေမက်တဲ့ လူတစ်ယောက်လည်း ရှိနေသေးတာပဲ..."

All Chapters