← Chapters

အခန်း ၃၃

Vol. 3 Ch. 33

အခန်း ၃၃

Vol. 3 Ch. 33

စုချန်ယန် - "သူမက ကျွန်မရဲ့လက်ထောက်ပါ။ သူမ နာမည်က လုရင်တဲ့"

"မင်္ဂလာပါရှင့် မင်္ဂလာပါ" ဟန်စုန့်ရွှယ်က ဖက်လှဲတကင်း နှုတ်ဆက်ကာ ရှောင်လုဆီ လက်ကမ်းနှုတ်ဆက်လိုက်သည်။

ရှောင်လုလည်း ပြန်လက်ဆွဲနှုတ်ဆက်လိုက်ပြီး မြှောက်ပင့် ပြောလိုက်သည်။"မစ္စဟန် ရှင်က TVထဲမှာထက် ပိုပြီး ကြည့်ကောင်းတာပဲ"

ဟန်စုန့်ရွှယ်လည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"ရှောင်လု.. မင်းလည်း မိန်းကလေးအများစုထက် ပိုမည်းသလိုပဲနော်

စုချန်ယန် - "..."

ရှောင်လုက ဘာမှမဖြစ်သလို ရယ်ကာ ပြောခဲ့သည်။

"ဟုတ်တယ် ကျွန်မလို လှပတဲ့ နေလောင်ခံထားသလို‌အသားရောင်မျိုး ဘယ်သူမှမရနိုင်ဘူးလေ"

စုချန်ယန် သက်ပြင်းချမိသည်။

ဟန်စုန့်ရွှယ် သူမဘေး ထိုင်လိုက်တာနဲ့ စုချန်ယန်လည်း သိချင်ဇောဖြင့် မေးလိုက်သည်။

"စုန့်ရွှယ်... နင့်အပြောအဆိုကြောင့် ချောင်းရိုက်ခံရတာမျိုးရှိခဲ့ဖူးလား"

ဟန်စုန့်ရွှယ် - "..."

ရှောင်လု - "..."

"စုချန်ယန် နင်ရော အဲ့လိုတည့်တိုးပြောတတ်တာကြောင့် ချောင်းရိုက်ခံရဖူးလား"

"ဖြစ်စရာလား!"

စုချန်ယန် ပြာယာခတ်သလို ပြုမူမိသည်မှာ ရှားသည်။

သို့သော် ထိုသို့မေးခြင်းမှာလည်း ဟန်စုန့်ရွှယ်ဘက်ကစိတ်မကွက်ကြောင်း ထင်ရှားသည်။ သူမသည်လည်းတည့်တိုးဆန်တတ်သည့်သူမို့ ထိုသို့မေးလိုက်ခြင်းပင်။

ဟန်စုန့်ရွှယ်လည်း လေးနက်ဟန်ဖြင့် ခဏတာမျှစဉ်းစားကာ ခေါင်းငြိမ့်ရင်း ပြောခဲ့သည်။

"အမှန်တိုင်းပြောရရင် အရင်တုန်းက ရိုက်ခံရဖူးတယ်"

ရှောင်လု - "..."

သူမတို့၂ယောက်လုံးမှာ တစ်ယောက်နဲ့ တစ်ယောက်

တကယ်ကို ပွင့်လင်းနေခဲ့ခြင်းပင်။

အဖွဲ့လိုက် ခန်းမထဲတွင် မိနစ်နှစ်ဆယ်မျှစောင့်ခဲ့ပြီးနောက် ကျန်နေသေးသည့် သူများမှာလည်း ခရီးဆောင်အိတ် ကိုယ်စီသယ်ကာ ဖြေးဖြေးချင်း ဆင်းလာကြသည်။

အကုန်လုံးက အတင်းအိပ်ယာထဲက ထလာရတာမို့ စိတ်ပျက်အားလျော့နေခဲ့ကြသည်။ မိန်းကလေးများသည်လည်း မိတ်ကပ်ပါးပါးလေး ကိုယ်စီလိမ်းထားကာ ယောက်ျားလေးများသည်လည်း ဆံပင်များရှုပ်ပွလျက်ပင်။

ပရိုဂရမ်ထဲတွင် ပါဝင်သည့်ဧည့်သည်များမှာ အနုပညာလောကထဲ လူသိမများသေးတာကြောင့် သူတို့သည်လည်း ဖိအားသိပ်မရှိသလိုပင်။

မကြာခင်မှာပဲ ကားစီးသွားဖို့အတွက် ပရိုဂရမ်အဖွဲ့များက စီစဉ်ပေးခဲ့သည်။

ကားပေါ်မတက်ခင် စုချန်ယန်က ခရီးဆောင်အိတ်ကို ရှောင်လုဆီ ပေးလိုက်ကာ ဟန်စုန့်ရွှယ်နှင့် စုန့်မင်ကန်တို့ပါတဲ့ ကားထဲဝင်ထိုင်လိုက်သည်။

အတိအကျကို လူ‌၉ယောက်ရှိပြီး ၃ယောက် တစ်ကားစီဖြင့်စီးရမည်ဖြစ်သည်။ ပရိုဂရမ်အဖွဲ့မှာ သူတို့၃ဦးက မနေ့ညက အဆင်ပြေပြေဖြင့် ဆက်ဆံနေကြသည်ကို မြင်ခဲ့တာကြောင့် သူတို့၃ဦးကို အတူတူ တွဲစီးဖို့ စီစဉ်ပေးခဲ့ခြင်းပင်။

ဟန်စုန့်ရွှယ်က သက်ပြင်းချကာ ပြောခဲ့သည်။."ပရိုဂရမ်အဖွဲ့က ငါတို့ကိုဘယ်ခေါ်သွားမှာလဲမသိဘူး"

"စိတ်မပူပါနဲ့ မိန်းကလေးတို့..."

ဟတ်စုန့်ရွှယ်က စုန့်မင်ကန်ဘက် စောင်းကြည့်ကာ

ပြောလိုက်သည်။ "ထတော့..မနက်မိုးလင်းနေပြီ"

စုန့်မင်ကန် - "..."

တစ်ယောက်က ဇာတ်ကောင်ထဲ အရမ်းနစ်ဝင်တတ်တဲ့သူဖြစ်ပြီး တစ်ယောက်ကတော့ နည်းနည်းမှ ဟန်မဆောင်တတ်တဲ့သူမို့ သူတို့၂ဦးကြားက အေးစက်နေသည့်လေထုကို အသက်ဝင်လာအောင် လုပ်ပေးရမည့်သူမှာ စုချန်ယန်ပင် ဖြစ်တော့သည်။

"ပြီးတော့ ညီမတို့ ထွက်မလာခင်ကလည်း ဘာအရိပ်အမြွက်မှ မပေးခဲ့ကြဘူး "စုချန်ယန်က သက်ပြင်းချကာ ပြောခဲ့သည်။

စုန့်မင်ကန် - "မင်းအလေ့အထတစ်ခုကို သိလား?"

သူမတို့ ၂ယောက်စလုံး သူ့ကို ဇဝေဇဝါကြည့်ကာ

မေးလိုက်သည်။ "ဘာအလေ့အထလဲ?"

စုန့်မင်ကန်သည် ရှေ့ခုံတွင်ထိုင်နေသည်မို့ သူမတို့ဘက်ကိုလှည့်ကာ ပြောခဲ့သည်။

"ဒီလိုစကားမျိုးက ရသစုံရှိုးပွဲရဲ့လောကမှာ လျှို့ဝှက်ထားတဲ့ စည်းမျဉ်းပဲ။ အကယ်လို့ ရသစုံရှိုးတစ်ခုက နာမည်ကြီး အနုပညာရှင်တစ်ယောက်ကို မဖိတ်ကြားနိုင်ခဲ့ရင် ကြည့်ရှုနှုန်းကို အာမ မခံနိုင်ဘူး။ အဲ့ဒါကြောင့်မို့လို့ ပရိုဂရမ်အဖွဲ့က အမည်မသိ ဧည့်သည်တစ်ယောက်ကို ငါးစာလုပ်ပြီး ပေါက်ကွဲနိုင်လောက်မဲ့ ကိစ္စမျိုးဖန်တီးကြမှာ"

"ဪ..."

"လိုရင်းကိုပြော"

"လူထုကို ဖျော်ဖြေဖို့အတွက် ပရိုဂရမ်အဖွဲ့က ဧည့်သည်တွေကို ကြည့်ရဆိုးအောင် တင်မင်တကာ ဇာတ်ကွက်တွေဖန်တီးပြီး ပရိတ်သတ်ရဲ့ယုတ်ညံ့တတ်တဲ့ စိတ်တွေကို ကျေနပ်စေနိုင်အောင် လုပ်ကြတာ"

၂ယောက်သား တစ်ယောက်နှင်တစ်ယောက်ကြည့်မိကာ မေးလိုက်သည်။

"ယုတ်ညံ့တဲ့ စိတ်ဆိုတာကဘာလဲ"

စုန့်မင်ကန် - " တစ်ယောက်ယောက်ပျော်ရွှင်ရဖို့အတွက် တခြားသူတွေကို နာကျင်ခံစားစေရတာမျိုးက လူပြက်တစ်ယောက်နဲ့ ဆင်တူတယ်လေ။ လူပြက်က ပိုရီရပြီး ပေါက်ကရတွေ လုပ်ပြလေလေ ပရိသတ်က ပိုပြီးရီကြလေလေပဲ။ အဲ့ဒါက သာမန်လူတွေရဲ့အတွင်းစိတ် သဘာဝဆိုတာမျိုး။"

ဟန်စုန့်ရွှယ်က စိတ်လေသလို မျက်ဖြူ လှန်ပြကာ ပြောလိုက်သည်။

"ပေါက်ကရတွေလာမပြောနဲ့ ရသစုံရှိုးဆိုတာ လူထုကိုဖျော်ဖြေဖို့! တကယ်လို့ ပရိသတ်ကို နင့်ရဲ့ရီစရာကောင်းပြီး သနားစရာကောင်းတဲ့ပုံစံမျိုး မပြဘူးဆိုရင်

နင်စားတာ သောက်တာ အီးပါတာနဲ့ အိပ်တာတွေပြချင်လို့လား?"

စုချန်ယန်လည်း သဘောတူသလို ခေါင်းငြိမ့်ကာ ဝင်ပြောလိုက်သည်။

"ပြီးတော့ ပုံမှန်ပဲပြောပါ ချင်‌မင်းဆက်ခေတ်လည်းမဟုတ်တော့တာကို"

စုန့်မင်ကန်လည်း ပါးစပ်ပိတ်ကာ ပြန်လှည့်သွားပြီး စကာတစ်လုံးမှ ပြန်မပြောတော့ဘဲ ပြတင်းပေါက်ဘက်ကိုသာ ကြည့်နေတော့သည်။

ဟန်စုန့်ရွှယ်င လေးနက်သည့်ဟန်ဖြင့် ပြောခဲ့သည်။

"နင်ကလေ ကြီလူတတ်ကြီးလို သီအိုရီတွေ လျှောက်ပြော ပြီးရင်တစ်ခုမှလည်း သုံးစားမရဘူး"

စုချန်ယန်လည်း ထောက်ခံသလို ခေါင်းငြိမ့်ချင်ပေမယ့်

စုန့်မင်ကန်ရဲ့ အံကြိတ်ကာ တင်းနေသည့်မေးရိုးကိုမြင်နေရတာကြောင့် စကားပြောဖို့ကို အောင့်အီးလိုက်ရသည်။

"ငါတစ်ယောက်ပဲ ယောက်ျားလေးဆိုပြီး ဒိလိုခွဲခြားဆက်ဆံလို့မရဘူးလေ!

ခဏကြာတော့ စုန့်မင်ကန်က သူမတို့ဘက် လှည့်လာကာ သူမတို့၂ယောက်ကို မကျေနပ်သလိုကြည့်ခဲ့သည်။

ဟန်စုန့်ရွှယ်က အတည်ပြောလိုက်သည်။ "မဟုတ်ဘူး နင်က မိန်းကလေးဆိုရင်တောင်မှ နင့်ပြောစကားတွေကအဓိပ္ပာယ်ကိုမရှိတာ"

စုချန်ယန်လည်း ခေါင်းငြိမ့်ကာပြောလိုက်သည်။

"ဟုတ်တယ်"

"ချန်ယန် ငါ့ကိုဖယ်ထားပြီး သူနဲ့အဖွဲ့ကျနေလို့မရဘူးလေ ငါတို့ဆက်ဆံရေးက သူ့ထက် ပိုလေးနက်တယ်"

စုန့်မင်ကန်က စုချန်ယန်ကို ကြည့်ခဲ့သည်။

ဟန်စုန့်ရွှယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"နင်တို့နှစ်ယောက်က အရင်ထဲက သိထားတာလား"

စုချန်ယန်လည်း ခဏတာမျှ စဉ်စားလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။

"သူ့ကိုသိတာ အစ်မထက် ၁၀မိနစ်လောက်တော့ စောတယ်"

"ဒါတို အခုကစပြီး သူနဲ့၁၀မိနစ်စာ ဆက်ဆံရေးကို ဖြတ်လိုက်ရင် ငါနဲ့တူတူပဲ ဖြစ်သွားပြီ"

"ကလေးကုလားတွေ ပြောနေတာလား?" စုန့်မင်ကန်က စိတ်တိုသွားခဲ့သည်။

"နင်ကရော အဲ့လို အခေါ်အပြော ကိစ္စလောက်ကို

လာပြီး ကလေးဆန်မနေလို့လား" ဟန်စုန့်ရွှယ်ကလည်း ပြန်ခံပြောခဲ့သည်။

စုချန်ယန်က သက်ပြင်းချကာ စကားလမ်းကြောင်းပြောင်းလိုက်ပြီး ရှေ့ကယာဉ်မောင်းကို မေးလိုက်သည်။

"အစ်ကို ပရိုဂရမ်အဖွဲ့က ကျွန်မတို့ကို ဘယ်ခေါ်သွားတာလဲဆိုတာ သိလားဟင်"

ယာဉ်မောင်းလည်း သူမကို နောက်ကြည့်မှန်က ကြည့်ကာ သူ့ပါးစပ်ကို လက်ညှိုးထိုးပြကာ လက်ခါပြခဲ့သည်။

စုန့်မင်ကန်လည်း အာနာစွာဖြင့် ပြန်ပြောခဲ့သည်။

"ကျွန်တော်တို့ ရိုင်းသွားတယ်။ အစ်ကိုကို ကျွန်တော်‌တို့

မမေးလိုက်သင့်ဘူး"

ဟန်စုန့်ရွှယ်လည်း သက်ပြင်းချကာ ပြောခဲ့သည်။

"ဒါဆို ယာဉ်မောင်း အစ်ကိုလည်း အ နေတာပေါ့လေ"

စုချန်ယန် - "သူ့အစား ကျွန်မ တောင်းပန်ပါတယ်"

ယာဉ်မောင်းလည်း မဲ့ရွဲ့သွားကာ ပြောခဲ့သည်။

"ကျွန်တော် ဆိုလိုတာက ပရိုဂရမိအဖွဲ့က အမှန်တိုင်းပြောဖို့ ခွင့်မပြုထားဘူးလို့ ပြောချင်တာ"

လမ်းပေါ်တွင် ယာဉ်မောင်းမှ ရံဖန်ရံခါဆိုသလို နောင်ကြည့်မှန်မှတစ်ဆင့် နောက်ခုံတွင် အိပ်ပျော်နေသည့်ခရီးသည်တွေကိုကြည့်ကာ ကားထဲမှာ ကင်မရာတွေရှိနေမှန်း ရိပ်မိသွားပြီလားဆိုတာကို အကဲခတ်နေခဲ့သည်။

သူတို့ စကားလမ်းကြောင်းမှာ ရသစုံရှိုးမှ ပြည်သူလူထုကို ဖျော်ဖြေခြင်းကတစ်ဆင့် သူတို့ မန်နေဂျာတွေ မသိအောင် ဘယ်လိုမုန့်ခိုစားရမလဲဆိုသည့် အကြောင်းအရာဘက်ကို တဖြေးဖြေး‌ရောက်သွားခဲ့သည်။

စုချန်ယန်က ထိုအကြောင်းအရာကို စိတ်ဝင်တစား သေချာ နားထောင်နေခဲ့ကာ အဓိကအချက်များကို notes ထုတ်မိတော့မတတ်ပင်။

ဘာပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက သူမာစီနီယာတွေ ဖြစ်ကြကာ ၎င်းတို့၏ ကိုယ်လုံးကိုယ်ပေါက်အား ကိုယ်တိုင်ထိန်းသိမ်း စီမံခွင့် အပြည့်အဝရှိသည်။

စစချင်းတုန်းကတော့ စုချန်ယန်က ကုမ္ပဏီ စည်းမျဉ်းစည်းကမ်း အတိုင်းလိုက်နာပြီး သူမ ပုံရိပ်ကို ကျကျနနထိန်းသိမ်းတော့မည်ပင်။

သို့သော် တစ်လတာခန့် ရုန်းကန်ခဲ့ရပြီးနောက် သူမလုပ်နိုင်ခဲ့တယ်လို့ ထင်ရပေမဲ့ စိတ်‌ကျေနပ် ပျော်ရွှင်ခြင်းမရှိခဲ့ပေ။ အသားစားရတာ ကြိုက်နှစ်သက်သည့် စုချန်ယန်လို လူမျိုးအတွက် ဒီလိုအရာမျိုးမှာ ပြင်းထန်သည့်ရိုက်ခတ်မှုမျိုးသည်သာ။

စုချန်ယန်က ပရိုဂရမ်အဖွဲ့ရဲ့ ရိုက်ကူးရေး တည်ရှိရာ နေရာကို သိချင်စိတ်ပြင်းပြနေခဲ့ပေမယ့် သူတို့ထင်ထားသည့်အတိုင်း မဟုတ်ဘဲ ၃နာရီထက် ပိုသည်အထိ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်လာရတာကြောင့် ၃ ယောက်စလုံးမှာ ခရီးပန်းနေပြီး စကားပင်မပြော

နိုင်တော့ဘဲ ကားထဲတွင်သာ အိပ်ရင်းလိုက်သွားတော့သည်။

ပြတင်းပေါက် အပြင်ဘက်မှ စူးရှသည့် အလင်းရောင်ကြောင့် နိုးလာခဲ့ကြပြီး ကားထဲတွင် နေရတာမွန်းသလိုဖြစ်နေတာမို့ မူးနောက်နောက် ဖြစ်လာကြသည်။

"အစ်ကို..ခုထိ မရောက်သေးဘူးလားဟင်?"

စုချန်ယန်က မျက်လုံး ပွတ်ကာ မေးလိုက်သည်။

ယာဉ်မောင်းက 'အမ်'ဟု တုန့်ပြန်မိကာ ထပ်ပြောခဲ့သည်။ "မကြာခင်ရောက်တော့မှာပါ"

"ဪ"

ပြီးနောက် စုချန်ယန်လည်း ထိုင်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေလိုက်သည်။

ကားက အကွေ့အပတ်များသည့် တောင်ပတ်လမ်းပေါ်တွင်မောင်းနှင်နေပြီး လမ်း၏တစ်ဖက်တစ်ခြမ်းစီတွင်လည်း စိမ်းလန်းစိုပြေသည့် တောအုပ်များဖြင့် ဝန်းရံထားသည်။ တောင်တစ်တောင်နှင့် တစ်တောင်မှာအကွာအဝေးတူညီစွာရှိနေကြပြီး အပေါ်စီးမှကြည့်လျှင် ကျောရိုးမကြီးနှင့် ဆင်တူသည်။

စုချန်ယန်မှာ မယုံနိုင်သဖြင့် မျက်လုံးများပြူးကျယ်သွားသည်အထိဖြစ်ခဲ့ရပြီး သန့်ရှင်းလတ်ဆတ်သည့်လေထုမှာလည်း ကားထဲ တိုးဝင်လာခဲ့သည်။

လေထဲတွင် မြက်ခင်းပြင်အနံ့နှင့် မြေသင်းနံ့လေးများရောနှောနေသည်မှာ စိတ်ကို လန်းဆန်းတက်ကြွစေသည်အထိပင်။

ဟန်စုန့်ရွှယ်နှင့် စုန့်မင်ကန်တို့လည်း အသီးသီးတိုးလာကြပြီဖြစ်ပြီး သူတို့ ဘေးပတ်ပတ်လည်တွင်ရှိသော လှပလွန်းသည့်ရှုခင်းအား ငေးမောကာကြည့်နေမိသည်။

လတ်ဆတ်သည့်လေများကိင ကားထဲ ဝင်စေပြီး ပင်ပန်းနွမ်းနယ်နေမှုများ ပပျောက်သွားစေဖို့ သူတို့တွေလည်း ကားပြတင်းပေါက်တွေ ဖွင့်လိုက်ကြသည်။

"လေကလတ်ဆတ်နေရော" ဟန်စုန့်ရွှယ်က အံ့အားသင့်စွာပြောခဲ့သည်။

စုန့်မင်ကန် - "ပရိုဂရမ်အဖွဲ့က အသေးစိတ်ကို သေချာစီစဉ်ပေးထားတာပဲ"

All Chapters