← Chapters

အခန်း ၃၆

Vol. 3 Ch. 36

အခန်း ၃၆

Vol. 3 Ch. 36

ဟန်စုန့်ရွှယ်လည်း သူမ ခေါင်းကို လေးလေးပင်ပင် ပင် ခါရင်း ပြောခဲ့သည်။

"စုချန်ယန် နင်တကယ်ပဲ မူလတန်းကလေးလား ဟင်?"

စုန့်မင်ကန် - "မင်းကမူလတန်း...."

စုချန်ယန် သူ့ကိုစိုက်ကြည့်လာတာကြောင့် ပြောတော့မည့်စကားများအား ပြန်မျိုချလိုက်ရသည်။

ပြီးလျှင် စုချန်ယန်လည်း သူမဖုန်းနှင့် အခြားမလိုအပ်သည့်ပစ္စည်းများကို ပေးလိုက်ကာ ရောင်စုံမီးရောင်များကြားတွင်သာ တစ်ယောက်ထဲသွားနေတော့သည်။

စုချန်ယန် ဝမ်းနည်းနေသည်ကိုမြင်တော့ ဝန်ထမ်းတစ်ယောက်မှ သူမကို လာနှစ်သိမ့်ပေးခဲ့သည်။

"ချန်ယန် စိတ်မပူနဲ့နော် ဒီရှိုးအတွက် ရိုက်ပြီးသွားရင် အဲ့ပစ္စည်းတွေ အကုန်ပြန်ပေးလိမ့်မယ်"

စုချန်ယန်လည်း အလန့်တကြားဖြင့် လက်ခါပြကာ

"ဟင့်အင်း ရပါတယ် ရွာထဲက လူတွေကိုဝေလိုက်တာပဲဖြစ်ဖြစ် အစ်မယူလိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ပါ

ညီမကို ပြန်မပေးပါနဲ့။ ပြီးတော့ မစ္စတာလင်းကိုလည်း မသိစေနဲ့နော်"

ထိုဝန်ထမ်းအစ်မလည်း ရယ်ကာ အခြားသူတွေရဲ့ ပစ္စည်း သိမ်းဖို့ ထွက်သွားတော့သည်။

အခြားသရုပ်ဆောင်ဧည့်သည်များမှာ စုချန်ယန်ထက်အများကြီး ပိုသယ်လာပေမဲ့ သိပ်စိတ်ဝင်စားစရာမကောင်းပေ။ ဟန်စုန့်ရွှယ်သည် သူမပါလာသည့် ပစ္စည်းများအားပေးခဲ့ပြီးနောက် စုချန်ယန်နား ကပ်သွားခဲ့သည်။

စုချန်ယန်က စောစောက ဖြစ်သွားတဲ့အကြောင်း တွေးကာဝမ်းနည်းနေပြီး နမူနာပြဖို့ တည်းဖြတ်သည့်ထဲတွင် အဓိကကျသွားလောက်သည်ဟု သိထားသော်လည်း ဟန်စုန့်ရွှယ်ကို ကျောသာပေးထားပြီး သူမဆီလည်းသွားပြီး စကားမပြောတော့ပေ။

"စိတ်ဆိုးနေတုန်းလား? နင့်လို ခရီးဆောင်အိတ်ထဲမှာ အဝတ်အစားတွေကြားထဲ အဲ့လောက်မုန့်အများကြီးသယ်လာတဲ့ ရုပ်ရှင်မင်းသမီးမျိုး မမြင်ဖူးလို့ပါ"

စုချန်ယန်က ခပ်တိုးတိုးပြန်ပြောခဲ့သည်။"ဒါက တခါတလေ ငါလုပ်နေကျမို့လို့"

"ဘာရယ်?"ဟန်စုန့်ရွှယ်ဘက်က သူမပြောတာကို သေချာမကြားလိုက်ရပေ။

"ဘာမှမဟုတ်တော့ဘူး"

စုချန်ယန်က အဲ့အကြောင်းကိုတွေးလေ ပိုပြီးဒေါသထွက်လာလေပင်။ သူမ အရင်ခန္ဓာကိုယ်မှာ အရာအားလုံးအဆင်ပြေခဲ့ပြီး အများကြီးစားခဲ့ရင်တောင်မှ ဝိတ်တက်လာတာမျိုး မရှိခဲ့ပေ။ ဒါပေမဲ့ အခုမှာတော့ ရေလေး နည်းနည်းသောက်ရင်တောင် ဝိတ်‌တက်လာတော့မလိုပင်။

"အင်းပါ စိတ်မတိုပါနဲ့တော့" ဟန်စုန့်ရွှယ်က သူမ

ပုခုံးကို တွန်းကာ ပြောလိုက်သည်။

စုချန်ယန်လည်း စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

"ငါအဲ့ဒါတွေ တစ်ခုမှကို မစားရသေးတာ!"

"မစားရတော့မဲ့ဟာကို ဘာလို့ဝယ်လာသေးတာလဲ"

"ငါအဲ့ဒါတွေ အကုန်လုံးလူမသိအောင် ညဘက်ကိုတိတ်‌တိတ်လေး ထွက်ဝယ်ပြီး အရမ်းနောက်ကျမှပြန်လာတာမို့လို့ ပြီးတာနဲ့ရေချိုးပြီးအိပ်ပျော်သွားခဲ့တာ!!"

စုချန်ယန်လည်း နောင်တရနေတော့သည်။ "အဲ့လိုဖြစ်မယ်မှန်းသာသိရင် တစ်ခုချင်းစီမြည်းကြည့်လိုက်ပါတယ်"

ဟန်စုန့်ရွှယ်လည်း ပြုံးကာမေးလိုက်သည်။

"ခုနက မစ္စတာလင်းမြင်သွားမှာစိုးလို့ ခရီးဆောင်အိတ်ကို ဖွင့်ရမှာကြောက်နေတာမို့လား"

လင်းယွီအကြောင်း ထည့်ပြောလာတော့ စုချန်ယန်က ဘေးဘီဝဲယာကို တစ်ချက်စစ်ကြည့်လိုက်ကာ သူမရှိတာသေချာတော့မှ စိတ်အေးအေးဖြင့် သက်ပြင်းချမိတော့သည်။

"အေးလေ စာချုပ်မှာပါတဲ့ သဘောတူညီချက်တွေကိုချိုးဖောက်ရင် လျော်ကြေးပေးရမယ်လို့ပြောထားပြီးသားလေ တကယ်လို့ ငါ့ကိုတရားစွဲလာလို့ လျော်ကြေးတွေ တစ်ကြိမ်ထက်မနည်း ပေးနေရရင် ဘယ်လိုလုပ်မလဲ ငါ့မှာအဲ့လောက် ပေးစရာပိုက်ဆံမရှိဘူး"

ဤအခြင်းအရာကိုကြားမိတော့ ဟန်စုန့်ရွှယ်လည်း

တစိမ့်စိမ့်တွေးတောနေမိသည်။

"ဒါသာ ထုတ်လွှင့်ပြီးတဲ့အခါကျ ဒီပရိုဂရမ်ကို

မစ္စတာလင်းပြန်ကြည့်နိုင်တဲ့ ဖြစ်နိုင်ချေရော

ရှိနေမလားမသိ...?"

စုချန်ယန် - "..."

"နင်က အရမ်းအူကြောင်ကြောင်နိုင်တာပဲ"

ဟန်စုန့်ရွှယ်က အူလှိုက်သည်းလှိုက် ရယ်မိတော့သည်။

ည၁၂နာရီကျော်နေပြီဖြစ်သော်လည်း သူတို့အကုန်လုံးဘာမှမစားရသေးပေ။ ကိုယ်စီအထုပ်အပိုးများကို ပြန်ထုတ်ပိုးပြီးလျှင် ပရိုဂရမ်အဖွဲ့မှ သူတို့အားလုံးကိုတစ်ခုခုစားဖို့ ရွာဘက်ခေါ်သွားပြီး နောက်ထပ်လုပ်ရမဲ့အလုပ်ကိစ္စများအတွက် ပြင်ဆင်နေခဲ့ကြသည်။

စုချန်ယန်က လျော်ကြေးအတွက် ဘယ်နှနှစ်လောက် ကျွန်လို ရှာ‌ရတော့မလဲဆိုသည့်အကြောင်းကို တွေးမိရင်း တစ်လမ်းလုံး ငိုင်တိုင်တိုင်ဖြစ်နေခဲ့သည်။

ဝမ်ကျင့်ရွာထဲရှိ အိမ်တော်တော်များများမှာ တီဗီတွေထဲမှာပါသလို အရမ်းကြီးဟောင်းမနေခဲ့ချေ။ ကောက်ရိုးနှင့် ရွှံ့ရောကာ ဆောက်လုပ်ထားတာကြောင့် ပိုပြီးခိုင်ခံ့နေသယောင် ထင်ရသည်။

ရံဖန်ရံခါဆိုသလိုတော့ ရှေးဟောင်းဆန်တဲ့အိမ်မျိုးတွေတွေ့ရပေမဲ့ ရွံ့နှင့်ကောက်ရိုးရောကာ ဆောက်လုပ်ထားသည့်အိမ်များသာ တွေ့ရသည်မှာလည်း ၎င်းသည်ပင်ပို၍တာရှည်ခံလေသည်။

ရွာထဲရှိအိမ်များမှာ တစ်စုတစ်ဝေးထဲ ပြွတ်သိပ်မနေဘဲ တောင်ထိပ်များတွင်သာ ဟိုတစ်စု သည်တစ်စု အနှံ့အပြားတွေ့ရသည်မှာ အဆန်းတကြယ်ပင်

လှပလွန်းသည်။

ပရိုဂရမ်အဖွဲ့မှ သူတို့အား ရွာသူကြီးအိမ်သို့ ခေါ်သွားခဲ့သည်။ သူကြီးအိမ်မရောက်ခင်လမ်းတွင် ရွာသားများကခြံဝင်းပတ်ပတ်လည်တစ်ခုလုံးတွင် ရှိနေကြပြီး ရိုးရှင်းစွာ ပုံမှန်သာဝတ်ဆင်ထားကြလေသည်။

အများစုကတော့ လီနင်ထည်ကိုမှအရောင်အသွေးအမျိုးမျိုးကိုယ်စီဝတ်ဆင်ထားကြပြီး အသားရေမှာလည်း ဝါကြင့်ကြင့်အရောင်ရှိကြသည်။

ယောက်ျားလေးများ၏ မျက်နှာတွင်ထူးဆန်းသည့် ရုပ်ပုံကိုတွဲထားကြကာ အမျိုးသမီးများကတော့ ခေါင်းပေါ်တွင် ပန်းဖြင့်လုပ်ထားသည့် အဆင်တန်ဆာမျိုးကို ဝတ်ထားကြသည်။ ပန်း၏အရောင်မှာတော့ ခပ်မှိန်မှိန်သာ။

ပုံမှန်အားဖြင့် ဒီလိုရွာမျိုးတွေသည် သူ မတူသည့်

ကိုယ်ပိုင် ဓလေ့ထုံးတမ်းတွေရှိပေမယ့် ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံအရ စုချန်ယန် အရင်ကမြင်ဖူးသည့် လူနည်းစုနှင့် အနည်းငယ်ဆင်တူနေသည်။

"ကြိုဆိုပါတယ်!"

အဖွဲ့သားများ ရောက်လာသည်နှင့် တံခါးမကြီးနားရှိရွာသားများက တစ်ပြိုင်ထဲ ထအော်ကြသည်မှာ လေ့ကျင့်ထားသည့်အတိုင်းပင်။ ပြီးလျှင် တညီတညာတည်း လက်ခုပ်ထတီးကြပြန်သည်။

စုချန်ယန်နှင့်အဖွဲ့သားများအား ကြင်ကြင်နာနာ

တက်ကြွနေသည့် မျက်လုံးများဖြင့် ကြည့်လာသည်မှာ လူစိမ်းများကြောင့် နေရထိုင်ရသည်မှာ နည်းနည်းမှအနှောင့်ယှက်ဖြစ်ပုံ မပေါ်ခဲ့သလိုပင်။

စုချန်ယန် သူတို့မျက်နှာပေါ်က ဆွဲထားသည့်အရုပ်ပုံစံများကို သေသေချာချာကြည့်ကာ ဘာတွေလဲလို့မေးချင်ခဲ့ပေမဲ့ သူမမေးခွန်းက ရိုင်းသွားမည်ကိုလည်း စိုးရိမ်မိသည်။

လူငယ်တွေထဲမှ ကောင်လေးက စုချန်ယန်ကြည့်နေသည်ကို သတိထားမိလိုက်တာကြောင့် သူမကို လှိုက်လှဲပျူငှာစွာပြုံးပြလာလေသည်။

ထိုလူငယ်လေးမှာ အသက်၂၀အရွယ်ခန့်လောက်သာရှိပြီး ခန့်ကာသန်မာထွားကြိုင်းနေပုံမှာ လက်မောင်းရှိကြွက်သားများသည်ပင် ပေါက်ထွက်မတတ်ကိုတောင့်တင်းနေလေသည်။

ပုံမှန်အားဖြင့် ကြည့်ရတာ အနည်းငယ် လန့်စရာကောင်းနေပေမဲ့ သွားပေါ်တဲ့ထိပြုံးပြလာတော့ သွားအစွယ်လေးများပင်ပေါ်လာသည်မို့ ရုတ်တရတ် နူးညံ့သွားသလိုပင်။

ထိုလူငယ်လေး၏ မျက်နှာပေါ်ရှိ အရုပ်ပုံလေးမှာ သူ၏ညာဘက်မျက်လုံးနားမှာရှိတာကြောင့် ရုတ်တရတ် ကြည့်လိုက်ရင် မျက်လုံးတစ်ဖက်ကို ဖုံးထားသလိုပင်။

စုချန်ယန်လည်း မှင်သက်နေမိပြီး ခဏကြာမှထိုလူငယ်အားပြန်ပြုံးပြမိခဲ့သည်။

ထိုလူငယ်လေးသည်လည်း အလိုအလျောက် စုချန်ယန်ဆီသို့ လာတော့မည့်အခိုက်တွင် သူ၏ဘေးရှိလူကြီးတစ်ယောက်က တားလိုက်တာကြောင့် ထိုနေရာတွင်သာ နေခဲ့လိုက်ရသည်။ စုချန်ယန်ကို နောင်တရသလိုသာလှမ်းကြည့်နေရင်း ကျန်နေခဲ့ရ‌လေသည်။

ထိုကောင်လေး၏ မျက်နှာအမူအရာက ပွင့်လင်းပျူငှာပုံရသည်မှာ စုချန်ယန်အား တစ်မျိုးတစ်မည်စိတ်သက်သောင့်သက်သာ ရလေသည်။ ထိုကောင်လေးအား ယဉ်ယဉ်ကျေးကျေးပင် ခေါင်းငြိမ့်ပြလိုက်ကာ မျက်နှာလွှဲလိုက်တော့သည်။

ခြံဝင်းထဲတွင် ရှည်လျားသည့်စားပွဲကြီးပေါ်တွင် အရောင်အသွေးစုံလင်လှသော စားစရာများနှင့်

ပြည့်နှက်နေသည်။ စုချန်ယန်၏ မျက်လုံးအစုံမှာ ရုတ်တရတ် ဝင်းလက်သွားပြီး သွားရည်များကျလုမတတ်ပင် ဖြစ်ခဲ့ရသည်။

သူမ၏ဘေးမှ ဟန်စုန့်ရွှယ်က လိုက်ပါလာကာ ဝင်ပြောလာသည်။

"စုချန်ယန် နင်အရင်ဘဝက ငတ်ပြတ်နေတဲ့ သရဲများဖြစ်ခဲ့တာလား ခုနကတံခါးဝက ခပ်ချောချော

ကောင်လေးနဲ့ အကြည်စိုက်နေတုန်းက အခုလိုပုံစံမျိုးမဟုတ်ပါဘူး ဘယ်လိုဖြစ်လို့လဲ"

စုချန်ယန်၏ အကြည့်မှာ စားပွဲပေါ်တွင်သာ ဝေ့ဝဲနေပြီး ပြန်ပြောလာသည်။

"ရုပ်ချောတဲ့ကောင်လေးက ဗိုက်ပြည့်လို့လား

မပြည့်ဘူးလေ ဟမ့်"

ဟန်စုန့်ရွှယ်လည်း စိတ်လေသလို အကြည့်လွှဲလိုက်ကာ "နင့်လိုသိသိသာသာ အရှက်မရှိပုံစံနဲ့လူကို ကောင်ချောလေးတွေက ကြိုက်မယ်တဲ့လား"

"ပေါက်ကရတွေမပြောနဲ့ ငါလည်းကြည့်ကောင်းတဲ့ထဲပါပါတယ်"

"ဟေး...ဖေးး!"

"ဟေးး" ဟန်စုန့်ရွှယ်မှ သူမကို လှမ်းခေါ်ခဲ့သည်။

"ဘာလဲ" စုချန်ယန်က သူမမျက်နှာအားလှည့်ကြည့်လိုက်ပေမဲ့ မျက်လုံးကတော့စားပွဲပေါ်မှ နည်းနည်းမှအကြည့်မခွာချင်သေးပေ။

ဟန်စာန့်ရွှယ် - "တံခါးနားက ကောင်ချောလေးက နင့်ကိုလှမ်းကြည့်နေတယ်"

စုချန်ယန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ကမ္ဘာပေါ်ကို ဂြိုလ်သားတစ်ကောင် ရောက်လာတယ်ဆိုမှ ငါသူ့ကို ပြန်ကြည့်ပေးမယ်"

သူမကို ဘယ်လိုမှအာရုံလွှဲမရတော့တာကြောင့် ဟန်စုန့်ရွှယ်လည်း မနိုင်သည့်ပုံစံဖြင့် မျက်လုံးများကိုစွေလှန်မိကာ ထအော်လာတော့သည်။

"နင့်တစ်ဘဝလုံး အဲ့အစားအသောက်နဲ့ပဲ အချိန်ကုန်နေလိုက်တော့!!"

စုချန်ယန်လည်း ပျော်ရွှင်စွာနှင့် သဘောတူလာသည်။

"အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့!"

စုချန်ယန် ခေါင်းပြန်လှည့်လာချိန်မှာပင် စားပွဲ၏ အဆုံး၌ မတ်တပ်ရပ်နေသည့် ရင်းနှီးနေကျ ပုံစံကိုမြင်လိုက်ရသည်။

သူမချက်ချင်း မျက်နှာတည်သွားကာ တစ်ခုခုကိုပြန်သတိရလိုက်ကာ ဟန်စုန့်ရွှယ်ကို ကပ်ပြောလိုက်သည်။

"ငါကိုယ်တိုင်ပဲ မစ္စတာလင်းဆီအရင်သွားလိုက်တော့မယ်။ ငါ့ကိုသက်ညှာပေးမယ်လို့တော့ မျှော်လင့်ရတာပေါ့ အသားများများရှိတဲ့ ဘက်ကိုရွေးပြီး ငါ့အတွက်နေရာဦး ထားပေးလို့ရမလား"

"နင်ကတော့ ကယ်လို့မရတော့ဘူး"

ထို့နောက် စုချန်ယန်က ခေါင်းငုံ့ကာ ရှာနေပြီး လမ်းဘေးက သစ်ကိုင်းတစ်ခုကိုကောက်ကာ လင်းယွီကို တောင်းပန်ဖို့သွားခဲ့သည်။

လင်းယွီက တံစက်မြိတ်အောက်တွင်ရပ်နေပြီး ခြံထဲရှိလူအုပ်ဘက်ကို ပြုံးကာကြည့်နေခဲ့သည်။

စုချန်ယန်အနားသို့ရောက်လာမှသာ သူ့ဘေးတွင်

လူတစ်ယောက်ရှိနေသည်ကို သတိထားမိခဲ့သည်။

"ချန်ယန်?" လင်းယွီက ဇဝေဇဝ့ဖြင့် ပြောလာသည်။

လင်းယွီမှ သူမအပေါ်ကောင်းပေးခဲ့သည်များကို တွေးမိရင်း ရှက်သလိုခံစားရတာကြောင့် သူမလက်ထဲတွက် သစ်ကိုင်းခြောက်ကိုင်ထားကာ လင်းယွီဆီ တရိုတသေပေးလိုက်သည်။

""မစ္စတာလင်း ကျွန်မတောင်းပန်မလို့ပါ"

လင်းယွီက မျက်ခုံးပင့်ကာမေးလိုက်သည်။

"ဘာအတွက် တောင်းပန်မလို့လဲ?"

စုချန်ယန်က အတည်ရည်ရွယ်ကာပြောလိုက်သည်။

"ကျွန်မ ကံကောင်းသလို မခံစားမိခဲ့သင့်ဘူး။ ရှင်မလိုက်လာဘူးလို့ ထင်မိတာကြောင့် ကျွန်မလွတ်လပ်ခွင့်တွေ ပြန်ရသွားသလိုမျိုး မတွေးခဲ့သင့်ဘူး မနေ့ညက ဟိုတယ်ကနေ တိတ်တိတ်လေး ထွက်သွားပြီး မုန့်... မုန့်..."

All Chapters