အခန်း ၃၇
Vol. 3 Ch. 37
ထိုအကြောင်းမဟမိခင် စုချန်ယန် လင်းယွီကိုမော့ကြည့်လိုက်သည်။
လင်းယွီလည်း သူမဆက်ပြောမှာကို စောင့်နေပုံပင်။
စုချန်ယန်လည်း အံကိုတင်းတင်းကြိတ်ကာ ဆက်ပြောလိုက်သည်။
"စားဖို့မုန့်တွေ ခိုးဝယ်ပြီး ခရီးဆောင်အိတ်ထဲ မထည့်ခဲ့သင့်ပါဘူး"
လင်းယွီလည်း သူမကို တစ်မိနစ်မျှ ကြည့်နေမိကာ သူမလက်ထဲမှသစ်ကိုင်းခြောက်ကို ယူလိုက်သည်။
စုချန်ယန်လည်း မွန်းကြပ်သွားပြီး လူတွေအားလုံး၏ ရှေ့တွင်သူမအားရိုက်တော့မည်ကို ကြောက်ရွံ့နေမိသည်။ သူမ စိတ်ထဲတွင် လင်းယွီက ဒီလိုလူစားမျိုးမဟုတ်ပါဘူးလို့ ငြင်းနေမိပေမဲ့ ခြေလှမ်းနောက်တစ်လှမ်းဆုတ်လိုက်မိသည်။
လင်းယွီ - "ချန်ယန် ကျွန်တော်ပဲ စိတ်ထင်နေတာလား။ ခင်ဗျား ကျွန်တော့ကို ကြောက်နေသလိုပဲ"
'ကြောက်တာပေါ့! စာချုပ် ချိုးဖောက်ရင် လျော်ရမဲ့လျော်ကြေးနဲ့ပဲ လိုက်လိုက်ခြောက်နေတာကို ဘယ်လိုလုပ် မကြောက်ပဲနေမှာလဲ' စုချန်ယန်က စိတ်ထဲ သူမဘာသာ ပြောနေမိသည်။
လင်းယွီက လူကောင်းတစ်ယောက်ဖြစ်ပြီး သူမကို အများကြီး ကူညီထားပေမဲ့လည်း သူမရဲ့ အထက်လူကြီးပင် ဖြစ်သည်။
လင်းယွီက ဆက်မပြောသေးဘဲ နောက်လှည့်ကာ
သစ်ကိုင်းခြောက်ကို နံရံထောင့်တွင် သွားထားလိုက်သည်။ ထို့နောက် စကား ပြောခဲ့သည်။
"ခဏနေညစာစားပွဲကျရင် အသားနည်းနည်းတော့စားပေါ့။ တကယ်လို့ မင်းရဲ့ကိုယ်အလေးချိန်က ရိုက်ကူးရေးပြီးလို့ ၅ပေါင်ထက် ကျော်လာရင် ဒီရသစုံရှိုးကနေ ရမဲ့ငွေ တစ်ဝက်စာပဲ လက်ခံခွင့်ရှိလိမ့်မယ်"
စုချန်ယန် - "..."
ချက်ချင်း စုချန်ယန်တစ်ကိုယ်လုံး အေးခဲသွားသလိုပင်။
စုချန်ယန် စိတ်ထဲမှ လင်းယွီ၏ ပုံပန်းသဏ္ဌာန်က နတ်ဆိုးဘက် ပြန်ပြောင်းသွားခဲ့သည်။
စုချန်ယန်သည် မလှုပ်တလှုပ်ဖြင့်သာ ခေါင်းငြိမ့်ပြလိုက်ပြီး ဟန်စုန့်ရွှယ်ရှိရာဘက် ပြန်သွားခဲ့သည်။
ရုတ်တရတ် ရှောင်လုက လင်းယွီဘေးမှ ပေါ်လာပြီး ပြောခဲ့သည်။
"ဘော့စ်လင်း စုချန်ယန် အစ်ကို့ကို ဘာလို့ကြောက်နေတာလဲ ဟုတ်လား? နင်က အမြဲပိုက်ဆံနဲ့ပဲ ချိန်းခြောက်နေတာလေ။ သူမက သူမပုံတူကိုတောင် ယွမ်၃၈၀၀နဲ့ရောင်းစားတဲ့လူမျိုးလေ"
စုချန်ယန်ကျောပေးကာ ထွက်သွားသည်ကို လင်းယွီမှကြည့်နေရင်း တည်ငြိမ်စွာ ပြောခဲ့သည်။ "ငါ သူမကို မချိန်းခြောက်ပါဘူး"
"အင်းပါ အင်းပါ" ရှောင်လုလည်း သဘောမတူဟန်ဖြင့် လက်ကာပြရင်းပြောလိုက်သည်။
"ဟုတ်ပါတယ် နင်အမှန်တိုင်းပြောနေမှန်း သိတယ်။ ကျားပြုံးကြီးနဲ့!"
အဖွဲ့သားများက ခြံထဲတွင် ကြိုတင်ပြီးနေရာချကာ စက်များတပ်ဆင်နေပြီး အကုန်လုံး ခြံဝင်းထဲဝင်လာတော့ ဧည့်သည်သရုပ်ဆောင်များနှင့် ရွာသားများအား ခုံတန်းရှည်တွင် တူတူထိုင်စေသည်။ ခုံတန်းက လူအယောက် ၃၀ ၄၀မျှသာ ဆန့်ပြီး ဧည့်သည်သရုပ်ဆောင် ၉ယောက်အား ဝန်းရံကာထိုင်စေသည်။
စုချန်ယန်က အိမ်မှာပဲဖြစ်ဖြစ် ရိုက်ကွင်းမှာပဲ ဖြစ်ဖြစ် လူအများနှင့်စုစားသည်မှာရှားသည်။ သူမသည် တရုတ်နှစ်သစ်ကူးပွဲတော်တွင် မိသားစုလိုက် တွေ့ဆုံပွဲတွေရှိတာတောင်မှ တစ်ယောက်ထဲ နေရတာကိုပင် နေသားကျနေလေပြီ။
အဲ့လိုအချိန်မျိုးတွင် ကိုယ့်ဘာသာ အရသာရှိသည့် ဟင်းပွဲအနည်းငယ်ချက်ကာ တီဗီရှေ့တွင် သာမန်လူတွေလိုမျိုးထိုင်စားချင်ပေမဲ့ သူမမှာအမြဲတမ်းတစ်ယောက်ထဲသာနေခဲ့ရသည်။
စုချန်ယန်သည် သူမကို စကားလာပြောသောအသက်ကြီးကြီး အမျိုးသမီးနှစ်ယောက်.ဘေးတွင်ထိုင်ခဲ့သည်။ သူတို့ ဘာပြောနေလဲဆိုတာကို စုချန်ယန်အနေနဲ့သိပ်နားမလည်ပေမဲ့ နှစ်ယောက်လုံးက ရက်ရောပြီးဖော်ရွေတတ်သောသူမှန်း သူမအတပ်ပြောနိုင်သည်။
"ကောင်မလေး ဘာလို့နည်းနည်းလေးပဲ စားနေတာလဲ?"
ဘယ်ဘက်က မိန်းမကြီးက သူမကို မေးခဲ့သည်။
စုချန်ယန်လည်း သက်ပြင်းချကာ ပြောခဲ့သည်။ "ကျွန်မ သိပ်မဆာလို့ပါ"
"မင်းတို့နာမည်ကြီးတွေ တစ်ယောက်ချင်းစီကိုက
ပိန်ချုံးနေရောပဲ များများစားပြီး ဝလာသင့်တာ"
အမျိုးသမီးကြီးက ဆက်ပြောခဲ့သည်။
စုချန်ယန်က ပြုံးကာဆက်ပြောသည်။ "အလုပ်အတွက် လိုအပ်လို့ပါ"
"ကျန်းမာရေးထက် အလုပ်က ဘာများအရေးကြီး
နေလို့တုန်း!"
စုချန်ယန်က ဟင်းပွဲပေါင်းစုံဖြင့် ပြည့်နေသော စားပွဲအားကြည့်ကာ သွားရေတမျှားမျှားကျနေသော်လည်း လင်းယွီပြောတာကို ပြန်တွေးမိပြီး အများကြီးသိပ်မစားရဲဘဲ ဟင်းပန်းကန်တစ်ခွက်ချင်းစီမှ တစ်လုတ်မျှသာယူစားခဲ့သည်။
စုချန်ယန်ရဲ့ ခန္ဓာကိုယ်က ဝိတ်တက်လွယ်တာမို့ သိပ်အများကြီးလည်း မစားရဲပေ။ သို့သော် ယခုအခြေအနေသည် ဘာမှမစားတာထက်စာရင်တော့ အနည်းငယ်တော်သေးသည်ပင်။ သိပ်အများကြီးမစားရပေမဲ့ နည်းနည်းတော့ မြည်းကြည့်လို့ရသေးသည်။
စုချန်ယန်က အများကြီး တောင်းဆိုတတ်သည့်လူစားမျိုးမဟုတ်ချေ။ သူမအနေနဲ့ လူအများကြီးနှင့် တစ်ခုံထဲစားတာမျိုးမှာ ရှားသော်လည်း အဆင်မပြဖြစ်နေတာမျိုးတော့မရှိပေ။
တစ်ဖက်မှာတော့ ဟန်စုန့်ရွှယ်နှင့် အခြားသူများမှာအနည်းငယ် ရှို့တို့ရှန်းတန်း ဖြစ်နေကြသည်။ အထူးသဖြင့် ရွာသားများကြားတွင်အေးစက်စက်မျက်နှာထားဖြင့် ထိုင်နေသည့် ကျန်းရှစ်ချီပင်။ တူဖြင့် ဟိုဟိုဒီဒီ လျှောက်မွှေနောက်ကာ ဘာမှမစားဘဲနေခဲ့သည်။
စုချန်ယန်က သူမဗိုက်ပြည့်ခါနီး ထရပ်လိုက်သည်။ စားရင်း ဝလာမှာစိုးတာကြောင့် ဆက်မစားတော့ဘဲ စားပွဲမှစောစော ထထွက်သွားလိုက်တော့သည်။
ရွာသားများအား ကျေးဇူးတင်စကားပြောပြီးနောက်
ခြံဝင်း၏ ဘေးဘက်နားရှိ ခွေးခြေခုံလေးတွင်ထိုင်ကာ သူမဘေးက ရေအိုင်တွင် ကူးခတ်နေသည့် ရွှေငါးလေးတွေကို ထိုင်ကြည့်နေခဲ့သည်။
အဖွဲ့သားများသည်လည်း နေ့လည်စာ စားဖို့အခန်းထဲပြန်သွားတာကြောင့် ဘယ်သူကိုမှ ရိုက်ကူးရေးမလုပ်သေးပေ။
"စားရတာဝရဲ့လား?"
ရုတ်တရတ် နောက်မှ ခပ်စိမ်းစိမ်း အသံတစ်ခုကိုကြားလိုက်ရသည်။
စုချန်ယန် လှည့်ကြည့်မိတော့ ခုနကတံခါးဝမှာတွေ့လိုက်ရသည့် ကောင်လေးပင်။
စုချန်ယန်က သူ့ကို ပြုံးပြကာဖြေခဲ့သည်။"ဟုတ်ကဲ့ "
ကောင်လေးက စုချန်ယန် ဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး သူတို့နှစ်ယောက်စလုံး ရေအိုင်ထဲမှရွှေငါးလေးများ အမှီးတရမ်းရမ်းဖြင့် ကူးခတ်နေသည်ကို ထိုင်ကြည့်နေကြသည်။
"ကျွန်တော် လိုင်းပေါ်မှာရှာကြည့်တော့ အမစားချင်တာမျိုးက ဒီမှာစားရတဲ့အရသာမျိုးနဲ့ သိပ်မတူဘူးထင်တယ် အစ်မမကြိုက်လို့များလား?" ထိုကောင်လေးက မေးခဲ့သည်။
စုချန်ယန်လည်း ခေါင်းခါပြကာပြောလိုက်သည်။
"မဟုတ်ပါဘူး ဟင်းတွေက တကယ်ကို ကောင်းပါတယ်။ ဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"
ကောင်လေး သူမဘက်လှည့်လာကာ ဝါဝင်းနေသည့် သူ့အသားရေပေါ်တွင် နေရောင်များဖြာကျကာ တစ်လက်လက်တောက်ပနေခဲ့သည်။
သူ့မျက်နှာပေါ်တွင် နွေးထွေးဖြူစင်သည့်အပြုံးလေးဖြင့်ပြုံးပြရင်းပြောလာပြန်သည်။
"ဒါပေမဲ့ ကျွန်တော်က စောင့်ကြည့်နေတာလေ။ အစ်မ သိပ်မစားသလိုပဲ"
စုချန်ယန်က သူ့တဲ့တိုးပြောလာသည့်စကားကို အံ့ဩသွားကာ ရှင်းပြရတော့သည်။
"ဒီကအစားအသောက်ကို မကြိုက်လို့မဟုတ်ပါဘူး။ ကျွန်မရဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့လိုအပ်လို့ပါ"
ထိုကောင်လေးသည်လည်း တည့်တည့်သာပြောလာလေသည်။
"အဲ့လိုလုပ်ဖို့လိုမယ် မထင်ဘူး။ အစ်မက အရမ်းလှတာကို"
စုချန်ယန်လည်း ရယ်မောလျက် ပြောခဲ့သည်။
"ကျေးဇူးပါ...ဒါပေမဲ့ အဲ့ဒါက ကုမ္ပဏီရဲ့စည်းမျဉ်းစည်းကမ်းမို့လို့လေ"
ကောင်လေးသည် အိမ်ထဲတွင်ထိုင်ကာ ဒါရိုက်တာနှင့် နေ့လည်စာ အတူစားနေသည့် လင်းယွီကို လက်ညှိုးထိုးကာ စုချန်ယန်ကို မေးခဲ့သည်။
"သူက အစ်မရဲ့သူဌေးလား?"
စုချန်ယန်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း..ဘယ်လိုသိတာလဲ?"
"အစ်မ သူ့ကိုစကားပြောနေတာကို လှမ်းမြင်တယ်။ ပြီးတော့ သူ့ကိုကြောက်နေသလိုပဲ သူက အစ်မကို အနိုင်ကျင့်လို့လား?"
စုချန်ယန်လည်း ခေါင်းခါပြကာ ပြောလိုက်ရသည်။
"မဟုတ်ဘူး မင်းအထင်လွဲနေပြီ။ ငါတို့သူဌေးက
အရမ်းသဘောကောင်းတဲ့ လူတစ်ယောက်ပါ"
ကောင်လေးလည်း ခေါင်းငြိမ့်ကာ ဘာမှထပ်မပြောတော့ပေ။
"ကျွန်တော့်နာမည်က ရှင်းရှို့ပါ အစ်မနာမည်ကရော?"
"အစ်မနာမည်က စုချန်ယန်ပါ"
ရှင်းရှို့သည် စုချန်ယန်နှင့် ခဏတာမျှစကားပြောပြီးနောက် စုချန်ယန်သည် ကန်ထဲက ငါးကလေးတွေအား ကြည်နေရသည်ကို နှစ်သက်ပုံပေါ်သည်။ သူလည်း သိချင်လွန်း၍ မေးလိုက်သည်။
"အစ်မက ရွှေငါးလေးတွေ သဘောကျတာလား?"
စုချန်ယန် - " မဟုတ်ပါဘူး သူတို့အရမ်းပျော်နေတာပဲဆိုပြီးတွေးမိလို့ပါ သူတို့မှာနေ့တိုင်း ဘာမှလုပ်စရာမလိုဘဲ သူတို့စိတ်တိုင်းကျ လုပ်ချင်တာလုပ်လို့ရတယ် ဘာမှလည်း သတိထားနေစရာမလိုဘူးလေ"
ရှင်းရှို့လည်းနားလည်ဟန်ဖြင့် ခေါင်းငြိမ့်ခဲ့သည်။
သူ့အကြိုက်က စုချန်ယန်နှင့် သိပ်မတူသော်လည်း သူသည်စကားများပြီး စူးစမ်းရတာကြိုက်နှစ်သက်ပုံပေါက်သည်။ ရွာကလေးသည် ကမ္ဘာကြီးနှင့်အဆက်ပြတ်နေသော်ငြား သူ့တွင်ငါးနှင့်ပက်သက်သည့်ဗဟုသုတတချို့သိထားပုံရကာ စကားလမ်းကြောင်းကိုအပြတ်မခံပေ။
စုချန်ယန်သည် သူနှင့်စကားပြောရသည်ကိုသဘောကျသည်။ သို့သော် မအောင့်အီးနိုင်တော့ဘဲ သူ့ညာဘက်မျက်လုံးပေါ်မှ ရုပ်ပုံအကြောင်းမေးမိတော့သည်။
သူ့အားစော်ကားမိသလိုဖြစ်သွားလိမ့်မယ်လို့ ထင်ထားမိပေမဲ့ ရှင်းရှုက ဘာမှမဖြစ်သလိုဖြင့် ပြုံးပြလာလေသည်။
"ဒါကရွာဓလေ့လေ လက်မထပ်ရသေးတဲ့လူပျိုတွေက သူတို့နာမည်အရ မျက်နှာရဲ့တစ်နေရာမှာ အရုပ်ဆွဲရတယ်လေ လက်ထပ်ပြီးမှပဲ အဲ့ဒါကိုရေနဲ့သစ်ချရတာ"
စုချန်ယန်က အလွန်စိတ်ဝင်စားသွားပြီး မနေနိုင်တော့ဘဲ သူ့မျက်လုံးနား ကပ်ကာကြည့်မိတော့သည်။
ရှင်းရှုလည်းမျက်လုံးမှိတ်လိုက်ကာ ရှင်းပြနေစဉ် သူမကို အနီးကပ်ကြည့်စေခဲ့သည်။
"ဒါက တရုတ်ရိုးရာကြယ်တာရာစုထဲက ၂၈လုံးတွဲ ရှိနေတဲ့ကြယ်အစုအဝေးထဲက အရှေ့ဆုံး၇လုံးရဲ့ပထမဆုံးအလုံးလေးလေ ကျောင်းဝ် တဲ့ နဂါးလို့ အဓိပ္ပါယ်ရတယ်"
"သူ့မှာရော ထူးထူးခြားခြား အဓိပ္ပာယ်မျိုးရှိသေးလား?" စုချန်ယန်က စူးစမ်းစွာမေးလိုက်သည်။
ရှင်းရှုလည်းမျက်လုံးဖွင့်ကာ ခပ်ရေးရေးလေးပြုံးပြပြီး.ပြောခဲ့သည်။
"အစ်မသာ ရေနဲ့ဆေးချပေးရင် အဓိပ္ပာယ်ရှိလာမှာပေါ့"
စုချန်ယန်လည်း အသက်ရှူမှားသွားသလို ရင်ထဲလှိုက်ဖိုမိသွားပြီး ဆက်မမေးဖြစ်တော့ချေ။
ရှင်းရှုသည်လည်း ထိုအကြောင်းအရာအား ခရေစေ့ တွင်းကျ ပြောချင်ပုံမရတော့ပေ။
"မိန်းကလေးတွေရဲ့ ခေါင်းပေါ်မှာ ဆွဲထားတဲ့ပန်းလေးတွေကလည်း ကျွန်တော့်မျက်နှာပေါ်က အရုပ်လိုမျိုး အဓိပ္ပာယ်ချင်းတူတူပဲ။ လက်မထပ်ရသေးတဲ့ အပျိုတွေက သူတို့ခေါင်းပေါ်မှာ ပွင့်ဖတ်ပုံလေးတွေ ဆွဲထားရတယ်။ မင်္ဂလာဆောင်တဲ့နေ့ကျမှ သူတို့ခင်ပွန်းက ရေနဲ့ဆေးချပြီး ဖျက်ပေးရတာ။ အမျိုးသမီးတွေက ပွင့်ဖတ်လေးတွေလိုပဲ လှပတယ်။ ဒါပေမဲ့ အထိခိုက်ခံလို့မရဘူး ယောက်ျားတွေက သူတို့မိန်းမကို လက်ထပ်တဲ့အချိန်ကစပြီး နူးညံ့တဲ့ပွင့်ဖတ်လေးတစ်ခုလို တန်ဖိုးထားချစ်ခင်ပါ့မယ်လို့ အဓိပ္ပာယ်ရတယ်လေ"
အရမ်းကို ကဗျာဆန်သည့် ဓလေ့လေးပင်။
စကားအနည်းငယ်ပြောပြီးနောက် ရှင်းရှုကို ရွာသူကြီးက လှမ်းခေါ်တာကြောင့် ထွက်သွားခဲ့သည်။