အခန်း ၃၉
Vol. 3 Ch. 39
လူအုပ်၏ အနောက်တွင်မတ်တပ်ရပ်ကာ သူမအား မယုံနိုင်သည့် မျက်နှာဘေးဖြင့် ကြည့်နေသည့် လင်းယွီကို မြင်တော့မှ ခေါင်းကို ပြန်မတ်လိုက်ရသည်။
စုချန်ယန်လည်း စိတ်ပျက်သွားမိပြီး အင်တင်တင်နှင့်လက်ကိုရုတ်လိုက်ရသည်။
အရိုးသားဆုံးဝန်ခံရလျှင် လင်းယွီ၏ မယုံနိုင်သလိုကြည့်လာသည့်ပုံစံကိုမြင်မိတော့ စုချန်ယန်စိတ်ထဲနေမထိထိုင်မသာဖြစ်မိသည်။
တစ်ခါထဲနဲ့ အများကြီးစားမိတာကြောင့်မဟုတ်ဘဲ သူမသည်လည်းပဲ လင်းယွီတာဝန်ယူရသော အနုပညာရှင်များထဲမှ တစ်ယောက်ဖြစ်ပြီး အမျိုးသမီးသရုပ်ဆောင်တစ်ယောက်အနေဖြင့် နာမည်ပျက်ဖူးခဲ့တာကြောင့်ပင်။
ယခုလုပ်မိသည်မှာလည်း အလုပ်ထဲစိတ်နှစ်တာလို့ဆင်ခြင်ပေးဖို့ရာ အမှန်တရား မဟုတ်ခဲ့ပေ။ သူမ စားချင်စိတ်ရှိနေခဲ့လို့သာ...
သို့သော် ဖြစ်ပြီးတာက ဖြစ်ပြီးတာမို့ စုချန်ယန်လည်းနောင်တနည်းနည်းမှမရမိချေ။
မကြာခင်မှာပင် စုချန်ယန်စားသည်ကို နောက်ပြန်ရစ်ကြည့်လိုက်သည့် ဝန်ထမ်းက ပြောခဲ့သည်။
"နံပါတ်၇ က ၉ခုလုံးကို စားခဲ့တာပဲဖြစ်ပါတယ်!"
သူမ ဘေးပတ်ပတ်လည်မှာတင် ဆူညံပွက်လောရိုက်သွားခဲ့သည်။
အားကစား မကြာခဏ လုပ်တတ်သည့် အမျိုးသားသရုပ်ဆောင်တစ်ယောက်ဆိုလျှင် တစ်မိနစ်နဲ့စက္ကန့်၃၀အတွင်းမှာ ၆ခုမျှသာ စားနိုင်ခဲ့သည်။
'အခုတော့ လုံးဝကို အရှက်ကွဲပြီ' စုချန်ယန်လည်း အနည်းငယ် ရှက်မိသွားကာ မလုံမလဲနှင့် ခေါင်းကိုငုံ့ထားမိခဲ့သည်။
သူမနောက်ရှိ ဧည့်သည် သရုပ်ဆောင်၂ဦးမှာ သူမလောက်မစားနိုင်ခဲ့ပေ။ စုချန်ယန် တစ်ဦးတည်းသာလျှင် ပထမဆုံးနေဖို့ အရွေးချယ်ခံရသည်မှာ သံသယဝင်စရာမရှိတော့ချေ။
ဟန်စုန့်ရွှယ် - " ချန်ယန် နင့်ဆီလာပြီး ရေနွေးနွေးလေးနဲ့ရေချိုးပါရစေနော်"
"တစ်ခါပဲ"
"မဟုတ်ဘူး ၂ခါလေးပဲ"
သရုပ်ဆောင် ဧည့်သည် ၉ဦးထဲတွင် ကျန်းရှစ်ချီ တစ်ယောက်သာ တည်ငြိမ်နေခဲ့ကာ အမဲသားခြောက်ကိုလည်း အနည်းဆုံးသာ စားခဲ့သည်။ အခုတော့ နောက်ရက်အနည်းငယ်အတွင်း သူမ နေရမည့်နေရာမှာဘယ်လောက် ဆိုးဝါးမည့် နေရာဆီရောက်အောင် လုပ်မိခဲ့သလဲဆိုသည်ကို တွေးမိရင်း မျက်နှာမှာဖြူဖပ်ဖြူရော်ဖြစ်လာသည်။
ပရိုဂရမ်ကနေ ထွက်လိုက်ရမလား တခြားသူတွေလိုပဲ စုချန်ယန်ကို ကပ်ဖားကြည့်ရမလားဆိုပြီး ဒွိဟဖြစ်ကာ ဘယ်နည်းလမ်းက ပိုအဆင်ပြေနိုင်လောက်မလဲကို တွေးနေမိတော့သည်။
စုချန်ယန် ရှေ့တွင် တည်းခိုခန်းဂေဟာ၉လုံး၏ ပုံရှိနေတာမို့ သူမလည်းပြုံးပျော်ကာ ကျေနပ်နေမိတော့သည်။ ပုံတွေထဲမှ အောက်ဆုံးပုံအားရွေးကာ အဖွဲ့ထဲသို့ပြန်သွားလိုက်သည်။
"စုချန်ယန်က အိမ်ခန်းနံပါတ်၉ကို ရွေးချယ်လိုက်ပါတယ်!" ဟုအော်လိုက်သည်။
အကုန်လုံးက သူမကို မယုံကြည်နိုင်ခြင်းများစွာဖြက့်ကြည့်လာကြသည်။
ထန်ချီလည်း မနေနိုင်တာမို့ မေးမိတော့သည်။
"ချန်ယန် အိမ်ခန်းနံပါတ် ၉က လျှပ်စစ်မီးရော ရေရောမရတဲ့ဟာနော်"
စုချန်ယန် - "ကျွန်မသိပါတယ် အခုချိန်သေသွားမယ်ဆိုရင်တောင် နောင်တကင်းကင်းနဲ့သေနိုင်တယ် ဘယ်နေရာမှာပဲ နေရနေရ ကိစ္စမရှိပါဘူး"
ဟန်စုန့်ရွှယ်လည်း သက်ပြင်းချမိတော့သည်။"တကယ့်ကို အရိုးတကာ့ အရိုးဆုံးပဲ"
ဒုတိယမြောက်နိုင်သည့် ယောက်ျားလေးမှာ မကြာခဏ အားကစားလုပ်တတ်သည့် ချီဖုဖြစ်ကာ သူကတော့ အတော့်ကို လူသူအရောက်အပေါက်နည်းပြီး ရေရော လျှပ်စစ်မီးရောရသည့် အိမ်ခန်းနံပါတ် ၅အား ရွေးချယ်ခဲ့သည်။
တတိယမြောက်နိုင်သည့် စုန့်မင်ကန်ကတော့ ထင်ထားသည့်အတိုင်း အိမ်ခန်းနံပါတ် ၂ကို ရွေးချယ်ခဲ့သည်။
စုချန်ယန်က အိမ်ခန်းနံပါတ် ၉ ကို ရွေးချယ်ခဲ့ပြီးနောက် ကျန်းရှစ်ချီက စုချန်ယန်လုပ်ခဲ့သလိုမျိုး အရူးထပြီး နံပါတ်၉နီးပါး ဘာမှမရှိတဲ့ အိမ်ခန်းနံပါတ်၈ကိုတစ်ယောက်ယောက်က ရွေးလိုက်ဖို့ မျှော်လင့်နေမိသည်။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက မြို့ကြီးပြကြီးမှ လာကြပြီး ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်တာကြောင့် ဘယ်သူကမှ စုတ်တိစုတ်ပဲ့ အနေအထားမျိုးနှင့် ဘာမှမရှိသည့်အခန်းမျိုးကိုတော့ မရွေးချင်ကြပေ။
နောက်ဆုံးမှာတော့ ထန်ချီသည် အိမ်ခန်းနံပါတ်၁ ဖြစ်သည့် တစ်ထပ်တိုက် တည်းခိုခန်းလေးအား ရွေးချယ်ခဲ့ပြီး ကျန်းရှစ်ချီကိုတော့ အိမ်ခန်းနံပါတ်၈ဖြင့်သာ ချန်ရစ်ခဲ့တော့သည်။
ထိုအချိန်တွင် ကျန်းရှစ်ချီ၏ မျက်နှာမှာအရောင်မရှိတော့သည့်တိုင်အောင် စိတ်ပျက်အားလျော့သွားခဲ့ရသည်
ကျန်းရှစ်ချီမှလွဲ၍ ကျန်တဲ့သူအားလုံးက သူတို့ရွေးခဲ့သည့် တည်းခိုရာနေရာကို အနည်းနဲ့အများ စိတ်တိုင်းကျနေခဲ့ကြသည်။
၎င်းတို့၏ ရွေးချယ်မှုများအား အတည်ပြုပြီးနောက်
ပရိုဂရမ်အဖွဲ့မှ ဧည့်သည်များအား တည်းခိုခန်းများဆီ ပြန်ပို့ပေးပြီး ခရီးဆောင်အိတ်များအားချပေးခဲ့ကြသည်။
အားလုံးမှာ မနက်အစောကြီးထဲက ထွက်သွားကြသော်လည်း အိမ်ခန်းနံပါတ် ၁သို့ ညနေ၄နာရီခွဲတွင် လာမစုံကြခင် အနားယူဖို့ နာရီအနည်းငယ်မျှသာ ပေးခဲ့သည်။
အကုန်လုံးမှာ အချိန်အကြာကြီး ကားစီးလာရတာကြောင့် ပင်ပန်းနေကြပြီး ၎င်းတို့၏ တည်းခိုခန်းတွေဆီ ဝန်ထမ်းများ၏ အကူအညီဖြင့် ပြန်ခဲ့ကြသည်။
အိမ်ခန်းနံပါတ်၈နှင့် ၉မှာ ကပ်ရပ်ဖြစ်တာကြောင့် စုချန်ယန်က ကျန်းရှစ်ချီနှင့် တူတူသွားဖို့စိတ်ကူးလိုက်သည်။ မသွားခင် ကျန်းရှစ်ချီ၏ ဖြူဖျော့နေသည့်မျက်နှာအားကြည့်မိတော့ သူမသည် အလင်းရောင်မရှိရင် မအိပ်တတ်ဘူးဟု ပြောဖူးသည့်စကားကို စုချန်ယန်ကပြန်သတိရမိသွားသည်။
စိတ်ထဲတွင် ရှုပ်ထွေးကာ အားနာသွားမိပြီး သူမက မန်နေဂျာရော လက်ထောက်ရောမရှိဘဲ တစ်ယောက်တည်း ဖြစ်တာကြောင့် သနားဖို့ကောင်းနေသည်ပင်။
စာချန်ယန်အနေနဲ့ ဒီလိုသနားစရာကောင်းနေသည့်အခြေနေမျိုးနှင့် ရင်ဆိုင်ရသည့်သူကို ဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်တာကြောင့် ကျန်းရှစ်ချီဆီကိုသူမ ခရီးဆောင်အိတ်ဆွဲသွားကာ မေးလိုက်သည်။
"မင်း မန်နေဂျာရော?"
ကျန်းရှစ်ချီသည် ငိုနေတာကို မမြင်စေချင်တာမို့
ခေါင်းကို ခပ်မြန်မြန် ငုံ့ချလိုက်သည်။ သူမ အားငယ်နေသည့်ပုံစံမျိုးကို စုချန်ယန်ရှေ့တွင် ထုတ်မပြချင်တာကြောင့် အေးတိအေးစက် ပြန်ပြောလိုက်သည်။
"မသိဘူး"
စုချန်ယန်က ကျန်းရှစ်ချီအကြောင်း စိတ်
မဝင်စားသလို သူမတို့နှစ်ဦးကြာက နားလည်မှုလွဲနေသည်ကို ဖြေရှင်းပြီး အချင်းချင်း တင်းမာနေမှုကို ဖြေဖျောက်ချင်တာမျိုးလည်း မဟုတ်ပေ။ သူမ၏နဂိုအကျင့်အတိုင်း စကားစပြောလိုက်ခြင်းသာ။
ရိုက်ကူးဖို့နောက်ထပ် အပိုင်း၆ခုလောက် ကျန်နေသေးတာမို့ သူတို့အချင်းချင်း အဆင်ပြေချောမွေ့အောင် ပြောဆိုဆက်ဆံနိုင်ဖို့က မဖြစ်နိုင်ပေ။
အစားအသောက်နဲ့ ပက်သက်တာကလွဲရင်တော့
စုချန်ယန်က ယုံကြည်စိတ်ချရလောက်တဲ့ လူမျိုးပင်။
စုချန်ယန် - "ကဲ... အရင်ခဏပြန်ပြီးနားလိုက်ကြရအောင်။ ၄နာရီခွဲရင် ပြန်လာရမှာဆိုတော့"
အထူးသဖြင့် အကျွမ်းတဝင်မရှိသည့် ပတ်ဝန်းကျင်တွင် သူမ တစ်ယောက်ထဲ ရှိနေတာထက်စာလျှင် ဘေးနားမှာတစ်ယောက်ယောက် ရှိနေပေးသည်က ပိုကောင်းလိမ့်မည်။
စုချန်ယန် ပြောတော့ ကျန်းရှစ်ချီက မငြင်းခဲ့ဘဲ အင်တင်တင်ဖြင့်.. " ဟမ်?"
ထိုသည်ကိုမြင်တော့ စုချန်ယန်လည်း တခြားဘာမျမပြောတော့ဘဲ ဝန်ထမ်း လမ်းပြပေးသည့်နောက် လိုက်သွားဟန်ဆောင်လိုက်သည်။
သူတို့သည် ရိုက်ကူးရေးလုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ရှောင်လုနှင့် ဝန်ထမ်းများက သူတို့နောက်မှ လိုက်လာသည်။ စုချန်ယန်သည် ကျန်းရှစ်ချီနောက်မှာကျန်နေခဲ့သည်ကို သတိထားလိုက်မိတာကြောင့် ဖြေးဖြေးချင်းသာ လျှောက်တော့သည်။
ရိုက်ကူးရေးပြီးလို့ ထုတ်လွှင့်သည့်အခါကျ သူတို့နှစ်ယောက်မှာ သဟဇာတ မဖြစ်သည့်ပုံစံမျိုး မပါသွားချင်တာကြောင့် သွားလက်စကနေ ရပ်လိုက်ကာ ကျန်းရှစ်ချီဘက် လှည့်ကြည့်လိုက်သည်။
ကျန်းရှစ်ချီသည် ခဏလောက် တုံ့ဆိုင်းသွားခဲ့ပေမဲ့ သူမဘာလုပ်နေလည်းဆိုတာကို နားလည်သွားကာ ရိုက်ကူးရေးအဖွဲ့ဝင်များနှင့် ကင်မရာမန်း ဘက်လှည့်ကြည့်လိုက်ပြီး စုချန်ယန်ကို မှီအောင်ခပ်သွက်သွက် လျှောက်လိုက်ပြီး သူမနှင့်ကပ်လျက် လျှောက်လိုက်သည်။
နှစ်ယောက်လုံးမှာ ပဋိပက္ခကင်းစွာနှင့်ပင် အတူတူလျှောက်ခဲ့ကြပြီး စုချန်ယန်ဘက်ကလည်း သူမနှင့်အတူ စကားစမြည်ပြောဖို့အတွက် ခြေလှမ်းစ,မလာခဲ့ပေ။
သို့ပေမဲ့ ကျန်းရှစ်ချီသည် စုချန်ယန်ဘက်ကို မကြာခဏ သိချင်သလို လှမ်းကြည့်နေမိသည်။
စုချန်ယန်ကို ကြည့်ရတာ အရမ်းတည်ငြိမ်လွန်းနေသလို ထင်ရတာကြောင့် ကျန်းရှစ်ချီ ခဏလောက်တွေဝေနေပြီးမှမအောင့်အည်းနိုင်တော့ဘဲ မေးလိုက်မိသည်။
"နင်ဘာလို့ အိမ်ခန်း၁ကို မရွေးတာလဲ အိမ်ခန်း နံပါတ်၉က ဘာမှ မှ သိပ်မရှိတာကို"
စုချန်ယန်က ကျန်းရှစ်ချီဘက်က စကားအရင်
စပြောလာမယ်လို့ မထင်တာကြောင့် အံ့ဩတကြီး ကြည့်လိုက်မိသည်။ ကျန်းရှစ်ချီလည်း သူမနဲ့အကြည့်စုံသွားးတော့ အနည်းငယ် မျက်နှာပူသွားကာ ခေါင်းကိုတစ်ဖက် လှည့်နေမိတော့သည်။
စုချန်ယန်လည်း သိပ်တွေးမနေတော့ဘဲ ပြောပြလိုက်သည်။
"ငါတို့ဘယ်မှာနေရလဲဆိုတာ အရေးမကြီးပါဘူး"
"ဒါပေမဲ့ အဲ့မှာက လျှပ်စစ်မီးကော ရေကော
မရှိဘူးလေ"
"မီးမရတာ ကိစ္စမရှိပါဘူး ဒါပေမဲ့ ရေပူလိုအပ်ရင်တော့ ဟန်စုန့်ရွယ် အခန်းကို သွားလို့ရတယ်လေ"
ဟန်စုန့်ရွှယ်က အင်တာနက်နှင့် ပစ္စည်းပစ္စယအစုံအလင်ရှိသည့် အိမ်ခန်းတွင် နေရဖို့ အတော်လေးကိုမှ ကံကောင်းခဲ့သည်ပင်။
ကျန်းရှစ်ချီက ပြန်မမေးခင်တွင် ခဏလောက်ငြိမ်ကျသွားပြီး
"နင်အခုမှ သူမနဲ့တွေ့တာကို အဲ့လောက်ထိရင်းနှီးသွားကြပြီလား?"
စုချန်ယန်မးက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"မြင်မြင်ချင်း အချစ်လိုမျိုးလေ သူမက ပေါင်းရသင်းရလွယ်တဲ့သူမျိုးပါ"
ဘယ်လောက်ပဲ စုချန်ယန်က ထိုသို့သောသူမျိုးဖြစ်နေပါစေဦးတော့ ပထမဆုံးအမြင်နဲ့တင် ပေါင်းရသင်းရခက်တဲ့ သူမျိုးတွေကိုတော့ ရှောင်လေသည်။
ထိုသို့သောလူမျိုးတွေကလွဲလျှင် သူမ တခြားမည်သူနှင့်မဆို အဆင်ပြေတာကြောင့် "မြင်မြင်ချင်းအချစ်"လို့တင်စားပြီး ပြောလို့ရသည်အထိပင်။ ဒါပေမဲ့လည်း ဒီလိုဆက်ဆံရေးတွေမှာ အပေါ်ယံမျှသာဖြစ်ပြီး မျက်တောင် တခတ်အတွင်းမှာပဲ ပြတ်တောက်သွားနိုင်သည်။
သို့သော်ငြားလည်း ဒီလိုပုံစံတွေက ဖျော်ဖြေရေးလောကမှာ ကျင်လည်နေကျ ဆက်ဆံရေးပုံစံများသာ ဖြစ်သည်။
စုချန်ယန်ပြောပြီးသည်နှင့် ကျန်းရှစ်ချီသည်လည်း နှုတ်ဆိတ်သွားခဲ့သည်။ စုချန်ယန်က သူမ ကြားဖူးထားတာရော ထင်ထားတာရောနှင့် တခြားစီပင် ဖြစ်နေခဲ့မှန်းသဘောပေါက်သွားပြီပင်။
ခဏကြာတော့ သူမလည်း တစ်ခါမှအရောတဝင်မရှိဘဲ
ထူးထူးဆန်ဆန်း ရုတ်တရတ် ပြောလာသည်။
"နောက်ကျရင် ဟန်စုန့်ရွှယ်ဆီ ရေသွားချိုးရင်
ငါလည်း လိုက်ပါရစေနော်"
စုချန်ယန်လည်း တုံ့ဆိုင်းသွားကာ လှည့်ကြည့်ရင်းပြောလိုက်သည်။
"ဒီလိုကျနည်းနည်းတော့ မလွယ်လောက်ဘူး"
ကျန်းရှစ်ချီလည်း စုချန်ယန်၏ ပြောစကားကြောင့်စိတ်ပျက်အားလျော့သွားကာ မေးလိုက်သည်။
"ဘာ..ဘာလို့လဲ"
စုချန်ယန် - " စုန့်ရွှယ်ကတည့်တိုးပြောတတ်တဲ့အကျင့်ရှိတာမို့လို့ တခါတလေ ရှေ့မကြည့်နောက်မကြည့်ဘဲပြောတတ်တယ်။ ပြီးတော့ နင့်ကိုလည်း သူမက သိပ်ကြည့်မရဘူးမို့လို့ ငါနဲ့လိုက်လာရင်တောင် နင့်ကိုတော့ သူမကမျက်နှာသာ ပေးမယ်မထင်ဘူး"
ကျန်းရှစ်ချီလည်း စူပုပ်သွားကာ ခရီးဆောင်အိတ်ကိုဆွဲရင်း နှုတ်ဆိတ်သွားပြီး ရှေ့ကိုပဲဆက်လျှောက်ရင်း စုချန်ယန်အား နောက်မှာထားခဲ့သည်။
ထိုတစ်ခဏတွင် စုချန်ယန်သည် ဟန်စုန့်ရွှယ်၏ အမူအကျင့်တွေက သူမအား လွှမ်းမိုးနေကြောင်း ခံစားမိလိုက်သည်။