အခန်း ၄၃
Vol. 4 Ch. 43
အဖွဲ့ထဲတွင် ဟင်းချက်တတ်သည့် သူဖြစ်သည့်အလျောက် စုချန်ယန်တွင် ပွင့်ပွင့်လင်းလင်းရှိသည့် အဖွဲ့သားနှစ်ဦးရှိပြီး သူတို့ကလည်း သူမအား အဓိကပစ်မှတ်က ဘာလဲဆိုတာမေးလာကြသည်။
စုချန်ယန်သည် အတည်တကျမဆုံးဖြတ်ခင် အတန်ကြာခေါင်းငုံ့ကာ စဉ်းစားနေခဲ့ပြီးမှ ပြောခဲ့သည်။
"ငါတို့ရဲ့အဓိကပစ်မှတ်က အသားများများရဖို့ပဲ
တကယ်လို့ အချိန်အရမ်းကုန်သွားခဲ့ရင် ဒီတိုင်းထားခဲ့လိုက်ပြီးတော့ ဟင်းသီးဟင်းရွက်တွေပဲ ရှာလိုက်တော့ ဟုတ်ပြီလား?"
ဟန်စုန့်ရွှယ်လည်း သူမ ပြောပြီးသည်နှင့် လက်မထောင်ပြကာပြောလိုက်သည်။
"နင်ကတကယ်ကို အထင်ကြီးစရာ စကားတွေပြောတတ်တာပဲ"
စုန့်မင်ကန်က သူမဆုံးဖြတ်ချက်ကို သဘောမတူဘဲ
ဝင်ပြောခဲ့သည်။
"ငါ အဲ့ဒီ့ဝါးတိုက်ကလေးကို ရောက်တဲ့အချိန်ကစပြီး ၃ရက်လောက် ဘာအသားမှမစားဘူးလို့ စိတ်ထဲမသိမသာသန္နိဌာန်ချထားတယ်"
စုချန်ယန်လည်း မျက်နှာကြောတင်းတင်းနှင့်သာ ပြောမိတော့သည်။
"ရဲဘော် စုန့်မင်ကန်ရေ အခုချိန်က တစ်ကိုယ်တော် လုပ်ချင်တာလုပ်ရမယ့် အချိန်မျိုး မဟုတ်ဘူး။ အဖွဲ့သားစိတ်ဓာတ်ရှိရမယ် ကျွန်မက ဟန်စုန့်ရွှယ်နဲ့ ၁၀မိနစ်ထက်ပိုပြီး အတွဲမိသွားရင် တစ်ယောက်နဲ့တစ်ယောက် သွေးမစည်းတော့ဘဲ အဖွဲ့ကွဲသလိုဖြစ်ပြီး ရှင်က အဖွဲ့ထဲကနေ သီးသန့်ကွဲထွက်သလိုဖြစ်နေလိမ့်မယ် ကျွန်မ ပြောတာနားလည်လား?"
စုန့်မင်ကန်၏ နှုတ်ခမ်းထောင့် တစ်နေရာမှာ ဆန့်တငင်ငင်ဖြစ်ကာ ကြက်သေသေနေမိတော့သည်။
"နားလည်ပြီ"
ဟန်စုန့်ရွှယ်လည်း အံ့ဩတကြီး ပြောခဲ့သည်။
"အခုသူများ စိတ်ဓာတ်ကျအောင်ပြောလိုက်တဲ့ စုချန်ယန်က အရင်စုချန်ယန်မှ ဟုတ်ရဲ့လား?"
စုချန်ယန် - " လိုအင်ဆန္ဒနဲ့အာသီသလေ"
"ဒီနေ့ နင်တို့နှစ်ယောက်လုံး ငါ့ကိုလုံးဝ ဆွဲမထားနဲ့ မဟုတ်ရင်တော့ ငါတို့ရဲ့အသင်းသား ယုံကြည်မှုတွေ ဆုံးခန်း တိုင်သွားလိမ့်မယ်"
နောက်ဆုံးမှာတော့ ပရိုဂရမ်၏ စီစဉ်ညွှန်ကြားသည့် ဘောင်အတွင်း ရှိနေသရွေ့ စုချန်ယန်လည်း သူမ လုပ်နိုင်သည့် အတိုင်းအတာတစ်ခုထိတော့ လုပ်ခွင့်ရှိသည်။
စုချန်ယန်က အတည်ကြီး အကြင်နာမဲ့စွာ ပြောလာတော့သည်။
ဟန်စုန့်ရွှယ်လည်း နားထောင်နေကာ ရယ်ရင်း စနောက်လိုက်သည်။
"စုချန်ယန် အကုန်လုံးက ငွေနောက်လိုက်နေတဲ့ အချိန် နင်က ဘာလို့အဲ့လောက် တစ်မူထူးပြီး ကွဲထွက်နေရတာလဲ?"
"နိုး! ငါပိုက်ဆံရှာတာကိုလည်း ဘယ်သူမှတားနိုင်မှာမဟုတ်ဘူး ဒါပေမဲ့ လောလောဆယ်မှာတော့ ငါ့အတွက်က အစားအသောက်က ပိုအရေးကြီးတယ်"
စုန့်မင်ကန်သည် သူမတို့နှစ်ယောက် နောက်က လိုက်ရင်း ဘေးပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် လိုက်ရှာလေသည်။
"ဟိုနားမှာ တစ်ခုခုတွေ့တယ်"
စုန့်မင်ကန်မှ မြက်ခြောက်ပုံဘက်ကို လက်ညှိုးထိုးရင်းပြောလိုက်သည်။
စုချန်ယန်မှ ဆက်သွားပြီး မြက်ပုံကိုဖယ်လိုက်တော့ အနီရောင် ပလတ်စတစ်ဖြင့်ထုတ်ကာ ပရိုဂရမ်တံဆိပ်နှင့် အထုပ်တစ်ခုကို တွေ့လိုက်ရသည်။
"ဘာကြီးလဲ?" ဟန်စုန့်ရွှယ်လည်း အနားတိုးသွားကာ မေးလိုက်သည်။
စုချန်ယန်သည် အသားနံ့ မရမိတာကြောင့် ကြည့်လိုက်တော့ စာတန်းလေးတစ်ခု တွေ့လိုက်တာမို့ ဖတ်လိုက်သည်။
"ကြည်လင်ဝင်းဖန့်သည့် စပျစ်သီးများ"
"အသီး" စုချန်ယန်သည် စုန့်မင်ကန်အား ချက်ချင်း ထိုပလတ်စတစ်အိတ်လေးအား လက်ကမ်းပေးလိုက်ပြီး နောက်တစ်နေရာသို့ ဆက်သွားခဲ့သည်။
လမ်းစုံလမ်းခွ နားရောက်တော့ သုံးယောက်စလုံး ရပ်တန့်သွားကြသည်။
"ဘယ်ဘက်က တောင်ကုန်းတွေဘက် ညာဘက်က အိမ်ယာတွေဘက်။ ချန်ယန် နင့်ရဲ့ သားကောင်ဓာတ်ခံအရ ငါတို့အတွက် ဘယ်လမ်းကြောင်းက ပိုကောင်းတယ်ထင်လဲ"
စုချန်ယန်လည်း ခဏလောက်စဉ်းစားပြီးမှ ပြောလိုက်သည်။
"ညာဘက်ကို သွားကြည့်ရအောင်"
နောက်ဆုံးထိ အသားရှာမတွေ့ခဲ့ရင်တောင်မှ ပရိုဂရမ်ထဲမှာ ဆက်ပါဝင်သရုပ်ဆောင်ရင်း ရွာသားတွေဆီက နည်းနည်းတောင်းလို့ရအောင် ယာအလုပ်လေးကူလုပ်လိုက်ရုံပင်။
များသောအားဖြင့် စုချန်ယန်သည် မပူပင်တတ်သည့်အကျင့်ရှိပေမဲ့ အစားအသောက်နှင့် ပက်သက်လာလျှင် ပြောစရာမလိုဘဲနှင့်ကို စိတ်အားထက်သန်ကာ တက်ကြွလာတော့သည်။
ကြက်ခြံရှိသည့် အိမ်များအား ဖြတ်သွားရာ အနားနား
မရောက်ခါနီးကပင် ကြက်ချေးအနံ့များ ထောင်းနေအောင်ရသည်။
ဟန်စုန့်ရွှယ်နှင့် စုန့်မင်ကန်တို့မှာ အနံ့မခံနိုင်တာကြောင့် နှာခေါင်းပိတ်ထားလိုက်ပြီး စုချန်ယန်ကတော့
သည်းခံကာ လိုက်ကြည့်နေခဲ့သည်။
တွေးကြည့်လိုက်တော့ သူမခမျာ လူရွေးပွဲအပြီးတွင် ကြက်ကြော်ဝင်စားခဲ့ပြီးကတည်းက ခုထိ ကြက်သားမစားရသေးသည်မှာ တစ်လကျော်နေပြီပင်။
မစားခဲ့ရပေမဲ့လည်း ယခုလို ကြက်ကို အကောင်လိုက် အသက်ရှင်နေကြတာမြင်ရတော့ စုချန်ယန်တစ်ယောက် ဝမ်းသာနေမိသည်။
"ချန်ယန်!" ဟန်စုန့်ရွှယ်က ရွံနေပေမဲ့လည်း စုချန်ယန်အနားတဖြေးဖြေး ကပ်သွားရင်း လှမ်းဟန့်လိုက်သည်။
ဒါပေမဲ့ စုချန်ယန်ကတော့ မကြားသလိုပင်နေကာ လှောင်အိမ်ထဲတွင်ရှိသည့် ကြက်အရှင်များကိုသာ အံကြိတ်ရင်း တစ်လက်လက်တောက်ပနေသည့်အကြည့်များဖြင့် ပြူးပြဲပြီး ကြည့်နေမိသည်။
လတ်တလော ကြက်ရင်ပုံသားအစားများပြီး အန်တော့မလိုဖြစ်ခဲ့တာကြောင့် ဒီည ညစာအတွက် ကြက်သားစားနိုင်ချေ ရှိပါ့မလားဆိုတာ မပြောတတ်ပေ။
"ဟိုနားမှာ တစ်ခုခုတွေ့လိုက်တယ်!"
စုန့်မင်ကန်သည် ယောက်ျားလေးဖြစ်တာမို့ မိန်းကလေး၂ယောက်ထက်စာလျှင် စူးစမ်းရှာဖွေသည့်နေရာတွင်တော့ ဆရာကျသည်။ စုချန်ယန်က သူမရှေ့တွင်ရှိနေသော ကြက်အရှင်များကို အာရုံရောက်နေစဉ် ကြက်လှောင်အိမ်နောက်က ခြံစည်းရိုးဘက်ကို လက်ညှိုးထိုးပြရင်း ပြောခဲ့သည်။
စုချန်ယန်လည်း အပျော်လွန်ကာ အလန့်တကြား လှည့်ကြည့်ရင်း သူ လက်ညှိုးထိုးပြနေသည့်နေရာဘက်ကိုလှမ်းကြည့်လိုက်သည်။
ကြက်လှောင်အိမ်၏ အတွင်းအကျဆုံးနားက ဘောင်ပေါ်တွင် တွဲလောင်းချိတ်ထားသည့် အနီရောင်ပလတ်စတစ်အိတ်လေးအား တွေ့လိုက်ရသည်။ မြင်ရသလောက်ကတော့ တစ်ခုခုပါနေတာကြောင့် လှောင်အိမ်ထဲရှိ ကြက်များမှာ ထိုအိတ်နားမကပ်ရဲကြပေ။
စုချန်ယန်လည်း တံတွေးမြိုချမိရင်း သူမနောက်မှ ၂ယောက်အား လှည့်ကြည့်လိုက်သည်။
ကျန်၂ယောက်လည်း သူမ ဘာတွေကြံနေသည်ကို ရိပ်မိတာကြောင့် ချက်ချင်း မျက်နှာများက ကြက်သေသေကာ တောင့်တောင့်ကြီး ရပ်နေမိကြသည်။
ဟန်စုန့်ရွှယ်လည်း မလုံမလဲနှင့် စုချန်ယန်၏ အကြည့်အား မသိချင်ယောင်ဆောင်ရင်း မျက်နှာလွှဲကာပြောလိုက်သည်။
"စားချင်တဲ့သူတွေကတော့ သွားယူပေါ့ ငါကတော့တကယ် ဝါသနာမပါဘူး"
ထိုစဉ် စုချန်ယန်၏ အကြည့်မှာ စုန့်မင်ကန်ဘက်သို့ပြောင်းသွားခဲ့သည်။
မိန်းကလေး နှစ်ယောက်လုံးနှင့် မျက်နှာချင်းဆိုင်မိစဉ် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည့် သူ့အနေနှင့် ကြက်လှောင်အိမ်ထဲသို့ ဝင်ရတော့မည်ကိုသဘောပေါက်လိုက်သည်။
ဒါပေမဲ့ ....
စုန့်မင်ကန်သည် တမင်လုပ်ပြုံးကာပြောလိုက်သည်။
"ပါးစပ်ချွန်ချွန်နဲ့ အကောင်တွေဆို ငါလည်းကြောက်တယ်"
ကောင်းပြီလေ သူမကိုယ်သူမပဲ အားကိုးရတော့မယ်။
စုချန်ယန်သည် အသက်ပြင်းပြင်းရှူကာ အားယူလိုက်ပြီး ကုတ်အင်္ကျီကိုချွတ်ကာ နှာခေါင်းနှင့် ပါးစပ်ကိုစည်းလိုက်သည်။ ခြံစည်းရိုးကို ရဲရဲတင်းတင်း ခုန်ကာ ခွကျော်လိုက်ပြီး ကြက်လှောင်အိမ်ထဲရှိ ခပ်ပျော့ပျော့မြေသားပေါ် ခြေနင်းလိုက်သည်။
မြေကြီးမှာကြက်ချေးနှင့် ရောထားတာကြာပြီမို့ မြေဩဇာလို ဖြစ်နေခဲ့သည်။ စုချန်ယန်သည် သူမ၏ နှာခေါင်းနှင့်ပါးစပ်ကို ကုတ် အင်္ကျီဖြင့်စည်းက
ပြီးပတ်ထားသော်လည်း သူမနှာခေါင်းဝတွင် ၎င်းပြင်းထန်စူးရှလွန်းသည့် အနံ့များမှာ ထောင်းနေအောင်ရလိုက်တာမို့ ကြက်သီးမွှေးညှင်းထသွားကာ
ခြံစည်းရိုးကိုမှီရင်း အန်မိတော့သည်။
"ချန်ယန် အရမ်းအနံ့ပြင်းရင် ထားလိုက်တော့ အနောက်ဘက်မှာလည်း တခြားအသားတွေရှိဦးမှာပဲလေ"
ဟန်စုန့်ရွှယ်မှ စိုးရိမ်တကြီးဖြင့်လှမ်းပြောခဲ့သည်။
စုချန်ယန်သည်လည်း ခေါင်းမာမာနှင့် ခေါင်းခါကာ ပြန်ပြောခဲ့သည်။
"ဒီလောက်ကတော့ ခံနိုင်ရည်ရှိရမှာပေါ့"
ပြောပြီးသည်နှင့် စုချန်ယန်လည်း အသက်အောင့်ကာ ပြန်လှည့်ရင်း အထဲသို့ ခပ်မြန်မြန်လျှောက်သွားလိုက်သည်
စုချန်ယန် ရုတ်တရတ် ပေါ်လာတာကြောင့် ခြံထဲမှ ကြက်များလည်း အလန့်တကြားဖြစ်သွားကြပြီး အော်ဟစ်ပြေးရင်း ထပျံကုန်တော့သည်။ စုချန်ယန်လည်း အံကိုတင်းတင်းကြိတ်ရင်း အခြားတစ်ဖက်ခြမ်းစီသို့ ခပ်မြန်မြန် သွားလိုက်ချိန် အောင်မြင်စွာနဲ့ပဲ အနီရောင်ပလတ်စတစ် အထုတ်လေးကို ရရှိသွားခဲ့သည်။
အပေါ်မှာရေးထားသည့် 'ကြက်သား'ဟူသည့်
စာတန်းလေးကို မြင်လိုက်တာနှင့် အလွန်အူမြူးကာ ပျော်မိတော့သည်။
"ကတော့!"
"ကတော့!.. ကတော့!.. ကတော့!"
ထိုအိတ်ကိုရပြီးလျှင် ခုနက သူမကို ရှောင်ပြေးသွားသည့်ကြက်များက ရုတ်တရတ် သူမဆီ ဒေါသတကြီးပြေးလာကြသည်။
"ကတော့!"
"ကတော့!"
"ငါ့နားမလာကြနဲ့!!"
ကြက်တွေချည်း အုပ်လိုက်ဝိုင်းခံထားရကာ ပြေးပေါက်ပိတ်နေတာကြောင့် စုချန်ယန်လည်း အော်ဟစ်နေမိတော့သည်။
"ချန်ယန်! ပြေးး!!"
ဟန်စုန့်ရွှယ်က ခြံအပြင်ဘက်မှ လှမ်းအော်ခဲ့သည်။
သူမဘေးက ကင်မရာမန်းမှာ ကင်မရာကိုင်ရင်း ရယ်နေမိတော့သည်။
"မလာနဲ့လေ... မလာနဲ့နော်.." စုချန်ယန်သည် သူမအသံနှင့် လှုပ်ရှားမှုကြောင့် သူတို့ကို ခြောက်သလိုဖြစ်သွားမှာစိုးတာကြောင့် ဖြောင်းဖြသလိုကြည့်ရင်း လွတ်လမ်းရှာနေမိသည်။
"လိမ္မာတယ်နော် လိမ္မာလိုက်တယ်.. ယူစရာရှိလို့ လာတာနော်... နင်တို့ကို ဘာမှမလုပ်ဘူးနော်.."
စကားပြောရင်း ရုတ်ရတ် သူမခြေထောက်နားတွင် တစ်ခုခုရှိနေသလို ခံစားလိုက်မိသည်။ ငုံ့ကြည့်လိုက်တော့ သူမဘေးတွင် ကြက်မ အဖြူရောင်တစ်ကောင်ရှိနေပြီး ၎င်း၏ ခြေထောက်တစ်ဖက်မှာ သူမခြေဖဝါးပေါ်ရောက်နေကာ သူမအား စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။
စုချန်ယန် - "..."
"ကတော့!!! ကတော့ ကတော့!!"
"ကတော့!! ကတော့! ကတော့!!"
"ကတော့!!"
"-ီး.. ကယ်ကြပါဦး!!"
စုချန်ယန်သည် ပါးစပ်ထဲမှ လွှတ်ခနဲဆဲမိခါနီးထိ သတိလက်လွတ် ဖြစ်သွားပြီးတော့မှ သူမသည်နာမည်ကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်တာမို့ ရိုင်းစိုင်းသည့်စကားလုံးမျိုးမပြောသင့်တာကို သတိရမိလိုက်သည်။
ဆဲလက်စကျန်သည့် စကားလုံးများကို မထွက်မိအောင် မျိုချသည်းခံနေရင်း တုံ့ဆိုင်းမနေတော့ဘဲ လာခဲ့တဲ့လမ်းအတိုင်း ဒရော်သောပါး ပြေးတော့သည်။
သို့ပေမဲ့ မြေဆီလွှာမှာ စိုစိစိနှင့် ပျော့ပျောင်းနေတာမို့ သိပ်တော့ မြန်မြန်ပြေးမရပေ။ စုချန်ယန်သည် ကြက်မကြီးဆီမှ နှုတ်သီးဖြင့် အကြိမ်များစွာ အဆိတ်ခံနေခဲ့ရတာမို့ မျက်လုံးထဲတွင်လည်း မျက်ရည်များဝဲလျက် ခြံစည်းရိုးအား လျှတ်တပြတ်ခုန်ကျော်လိုက်သည်။
မမျှော်လင့်ဘဲ ကြက်မကြီးက အတောင်ပံတဖြတ်ဖြတ်ခတ်ကာ စုချန်ယန်၏ ကျောပေါ်သို့ ခုန်ချခဲ့သည်။
"အား!!"
စုချန်ယန်လည်း ဟန်မဆောင်နိုင်တော့သည်မို့ စူးစူးဝါးဝါး အော်မိတော့သည်။
ဒါပေမဲ့ သူမလက်ထဲက ကြက်သားဆိုသည့်စာကြောင်းနှင့် ပလတ်စတစ်အထုတ်ကိုတော့ လွတ်ကျမခံပေ။
ကိုယ်ကိုခါယမ်းရင်း ကြက်မကြီးကို သူမကိုယ်ပေါ်ကဖယ်လိုက်တာနှင့် ကင်မရာမန်းက ကြက်မကြီးအား ချက်ချင်းလှမ်းဆွဲကာ ကြက်ခြံထဲ ပြန်ပစ်ထည့်လိုက်လေသည်။
ဟန်စုန့်ရွှယ်နှင့် စုန့်မင်ကန်တို့မှာ တစ်ယောက်နဲ့တစ်ယောက်ရိုက်နှက်ရင်း အူလှိုက်သည်းလှိုက် ရယ်နေကြစဉ် စုချန်ယန်မှာ မျက်ရည်လည်ရွှဲနှင့် တောင့်တောင့်ကြီးရပ်နေမိသည်။
"စုချန်ယန်...." ဟန်စုန့်ရွှယ်က တစ်ခုခုပြောဖို့ပြင်နေရင်း ရယ်နေခြင်းကို အတောမသတ်နိုင် ဖြစ်နေသည်။
စုန့်မင်ကန်လည်း သူ့လူကြီးလူကောင်းဆန်မှုတွေကို ဂရုမစိုက်နိုင်တော့ဘဲ အသက်ရှူရပ်မတတ် ရယ်နေမိတော့သည်။
"မရီကြနဲ့လို့!" ဆံပင်တွေ ပွယောင်းကာ ကြက်မွှေးတွေကပ်နေသည့် စုချန်ယန်ခမျာ သူတို့နှစ်ဦးအား စိတ်တိုတိုနှင့် စိုက်ကြည့်မိတော့သည်။
"ချန်..ချန်ယန်..." စုန့်မင်ကန်သည် ပေတူးနေသည့်
စုချန်ယန်အား ကြည့်ရင်း ရယ်နေမိသည်မှာ မျက်ရည်ကျလုမတတ်ပင်