အခန်း ၄၄
Vol. 4 Ch. 44
စုချန်ယန်လည်း အရမ်းဒေါသထွက်ပြီး ပြောခဲ့သည်။ "မရီနဲ့တော့လို့ ပြောနေတယ်လေ နင်တို့နှစ်ယောက်လုံး ဒီညကြက်သားမစားရဘူး!"
ဟန်စုန့်ရွှယ်ကလည်း ပြန်ပြောခဲ့သည်။
"နင်ပဲစား.. နင်ပဲစား.. နင့်ဆီက ငါတို့လုမစားတော့ဘူး"
စုချန်ယန်သည် သူတို့အား စိတ်တိုတိုနှင့် စိုက်ကြည့်နေစဉ် ဆူဆူညံညံဖြစ်စဥ်တစ်ခုလုံးကို အနီးနားမှ ကြည့်နေသည့် ရွာသားများက စုချန်ယန်အား လှမ်းပြောခဲ့သည်။
"ကောင်မလေး အထဲအရင်ဝင်ပြီး ဆေးကြောလိုက်ပါလား"
စုချန်ယန်လည်း တရှုံ့ရှုံ့နှင့် ပြန်ပြောခဲ့သည်။ "ကျေးဇူးပါ ဒေါ်ဒေါ်"
ထိုပလတ်စတစ်အိတ်အား သူမကိုင်ထားသည့်
ဝါးတောင်းထဲ ထည့်ကာ ယင်းအဒေါ်ကြီးနှင့် အိမ်ထဲအတူဝင်သွားခဲ့သည်။
သန့်စင်ဆေးကြောပြီး ထွက်လာတော့ ဟန်စုန့်ရွှယ်နှင့်စုန့်မင်ကန်တို့မှာ မရီကြတော့ဘဲ လမ်းမကြီး၏
တစ်ဖက်ခြမ်းမှ သူမအား ရပ်စောင့်နေခဲ့ကြသည်။
စုချန်ယန်ကတော့ ခုထိစိတ်တိုနေတာမို့ ဝါးတောင်းကို အရင်ကောက်မကာ စကားတစ်လုံးမှ မပြောဘဲ ထွက်သွားခဲ့သည်။
ဟန်စုန့်ရွှယ်နှင့် စုန့်မင်ကန်တို့မှာ ခပ်သုတ်သုတ်နှင့် နောက်မှလိုက်ရသည်။
"ဒေါသထွက်နေတာလား? ဒါပေမဲ့ ဒီအခန်းက ပရိုဂရမ်အတွက်ဆိုရင် သေချာပေါက် ကြည့်ရအဆင်ပြေလောက်တယ်"
"ချန်ယန်...ဘာမှမဖြစ်ပါဘူး...အို့! ဘာလို့ ခုထိအနံ့ထွက်နေသေးတာလဲ"
စုချန်ယန် - "..."
စုချန်ယန်က သူတို့နှစ်ယောက်လုံးအား မကျေမနပ်ကြည့်လိုက်သည်။
ဟန်စုန့်ရွှယ်က ချက်ချင်း စကားလမ်းကြောင်း လွှဲပြောလိုက်သည်။
"ဒါရိုက်တာက ဦးနှောက်မရှိဘူးလို့ မထင်ဘူးလား
ကြက်ခြံထဲမှာမှ ကြက်ကို လာထားတယ်? အဲ့ကြက်ကအဖြူရောင် ကြက်ဖကြီးရဲ့ မိန်းမရော မဖြစ်နိုင်ဘူးလား?"
စုချန်ယန်က စိတ်ဆိုးမာန်ဆိုးဖြင့် ထပြောခဲ့သည်။
"ငါတို့ဒီညအဲ့ကြက်ကိုစားမယ်။ အရိုးတစ်ချောင်းတောင် မကျန်စေရဘူး!"
စုချန်ယန် စိတ်ကျေနပ်အောင် သုံးယောက်လုံး သူမအတွက် အသားပိုစားရအောင် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
အချိန်များက လျင်မြန်စွာ ကုန်လွန်ခဲ့ပြီး ၎င်းတို့သုံးဦး၏ အစာရှာဖွေရာတွင် အားမာန်အပြည့်ဖြင့် တက်ကြွစွာ ကြိုးစားအားထုတ်မှုကြောင့် အသီးအနှံများ လှိုင်လှိုင်သီးနေအောင် ရရှိခဲ့သည်။
ဝါးတောင်းသုံးလုံးစလုံးမှာ ပြည့်လျှံနေပြီး ခြင်းထဲတွင် တစ်ကြိမ်ထဲ ရရှိလာသော အသားအိတ်လေးတစ်ခုထဲနှင့် ခြင်းတစ်ခုလုံးပြည့်လျှံနေတာကြောင့် စုချန်ယန်၏ ဒေါသများက တစ်မဟုတ်ချင်း ပြေပျောက်သွားကာ ထိုတစ်ခဏလေးအတွင်းမှာဘဲ မျက်လုံးနှစ်ဖက်လုံးမှေးစင်းသွားသည်အထိ ရယ်မောနေခဲ့သည်။
သူတို့ သုံးဦးသည် အထုပ်အပိုးအပြည့်ဖြင့် ပြန်လာပြီး အခန်း ၁ ဆီသို့ ဦးတည်သွားခဲ့ကြသည်။ မျှော်လင့်ထားသည့်အတိုင်း သူတို့တွင် စားစရာများ အလျံအပယ် ရှိနေတာကြောင့် အခြားအဖွဲ့နှစ်ဖွဲ့မှာ တအံ့တသြ ဖြစ်သွားရသည်။
ကျန်းရှစ်ချီသည် မျက်ခုံးများပင့်ရင်း စုချန်ယန်
ခြင်းတောင်းထဲ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမသည် ဝေ့ခနဲ ထူးဆန်းသော အနံ့တစ်ခုကို ရလိုက်တာကြောင့် စုချန်ယန်ဆီ လျှောက်သွားကာ စလိုက်သည်။
"မင်း ချေးတွင်းထဲ ကျခဲ့တာလား"
စုချန်ယန် မျက်နှာက မည်းမှောင်ကာ ရှုံ့မဲ့သွားခဲ့သည်။
ဟန်စုန့်ရွှယ်သည် စုချန်ယန်ကိုယ်တွင် စွဲနေသောအနံ့များအား စိတ်ထဲထားမနေဘဲ ပုခုံးမှဖက်ထားကာ ဖြစ်စဉ်အစအဆုံး အသေးစိတ်ကို လူတွေအားလုံးရှေ့ပြောပြတော့သည်။
အားလုံးသိရတာနှင့် အကုန်လုံး ဝက်ဝက်ကွဲအော်ရီကြပြီး ယနေ့ည၏ သူမရဲ့ပါဝင်အားဖြည့်မှုကို အလေးပြုဟန်ဖြင့် စနောက်ကြသည်။
စုချန်ယန်က လူကြားထဲ တောင့်တောင့်ကြီးရပ်ကာ ကြက်သေသေနေမိတော့သည်။
ထိုစဉ် ထန်ချီတစ်ဦးတည်းသာ ဆက်သည်းခံပြီး ရပ်ကြည့်မနေနိုင်တော့ဘဲ စုချန်ယန်အား လှမ်းပြောလိုက်သည်။
"ချန်ယန် အပေါ်တက်ပြီး ရေချိုးရင် ချိုးတော့လေ"
"ကျေးဇူးပါအစ်မရေ အစ်မက အကောင်းဆုံးပဲ"
ပြောပြီးနောက် တစ်ဖက်လှည့်လိုက်တာနှင့် သူမဘေးက ဟန်စုန့်ရွှယ်ကို စိုက်ကြည့်လိုက်သည်။
ဟန်စုန့်ရွှယ် ပါးစပ်မလုံတတ်မှန်း သူမ ထင်ထားခဲ့သည်မှာ ယခုတော့ လက်တွေ့ကျသွားလေပြီပင်။
အပေါ်တက်ပြီး ရေချိုးချင်တာကြောင့် ရှောင်လုအား အခန်းနံပါတ်(၉) မှ ဝတ်စုံအသစ်တချို့ယူလာပေးဖို့ မှာထားလိုက်သည်။
သူမ စကားပြောနေစဉ် လင်းယွီမှာရှောင်လုဘေးတွင်ရှိနေကာ သူမဆီမှ အနံ့သက်များကြောင့် အခြားသူတွေ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးတာမို့ လူတွေရှေ့ဖြတ်မလျှောက်တော့ပေ။ ဒါကြောင့်မို့သာ ရှောင်လုအားတစ်ဆင့်ယူခိုင်းစေခဲ့သည်။
ရှောင်လုလည်း ခေါင်းငြိမ့်ပြကာ အခန်းနံပါတ်၁မှ ထွက်သွားခဲ့ပြီး စုချန်ယန်လည်း အပေါ်ထပ်တက်ကာ ရေချိုးပြင်ဆင်ပြီး ရှောင်လုအလာကိုစောင့်နေဖို့သာ တွေးထားလိုက်သည်။
သို့သော် လင်းယွီက လှေကားအဝတွင် ရပ်နေတာမို့စုချန်ယန်လည်း ရှက်ကိုရှက်ကန်းနှင့် ...
"မန်နေဂျာ လင်း ဘေးဖယ်ပေးလို့ရမလား အပေါ်တက်ပြီးရေသွားချိုးချင်လို့ ကျွန်မဆီကအနံ့ကအရမ်းပြင်းနေလို့။ အဲ့ဒါကြောင့်.."
လင်းယွီသည် ပြုံးပြလျက် စုချန်ယန်ကို လက်ညှိုးထိုးပြကာ တစ်ခုခုရှိနေသလို အမူအရာနှင့် ပြောလိုက်သည်။
စုချန်ယန်လည်း နားမလည်သလို ဖြစ်သွားခဲ့သည်။
"ဟင်?"
လင်းယွီသည် သူပြောချင်တာကို သူမ နားမလည်မှန်းသိတာကြောင့် စုချန်ယန်နားကို ဖြေးဖြေးချင်းလျှောက်သွားလိုက်သည်။
"မ..မနံဘူး..လား?"
သူမ စကားမဆုံးသေးခင်မှာဘဲ လင်းယွီက သူမ နားရောက်နှင့်နေပြီဖြစ်သည်။
စုချန်ယန်လည်း နောက်ဆုတ်ဖို့ပြင်လိုက်ပေမဲ့ လင်းယွီက မလှုပ်ဖို့ ပြောလာခဲ့သည်။
"ငြိမ်ငြိမ်နေ"
ဘယ်လိုဖြစ်ဖြစ် လင်းယွီသည် သူမ၏ သူဌေးဖြစ်တာကြောင့် သူပြောလိုက်တာနှင့် တုပ်တုပ်မှ မလှုပ်ပဲနေခဲ့သည်။
ထို့နောက် လင်းယွီက ရုတ်တရတ် သူ့ညာဘက်လက်ကို လေတွင်မြှောက်လိုက်ကာ သူမဦးခေါင်ဆီ တရွေ့ရွေ့ရောက်လာခဲ့သည်။
လက်တစ်ဖက်မြှောက်လိုက်သည်နှင့် သင်းပျပျရနံ့တချို့ နှာခေါင်းဝဆီ တိုးဝင်လာပြီး သူမတစ်ကိုယ်လုံးတွင်ထောင်းထနေသည့် မနှစ်မြို့ဖွယ် အနံ့အသက်များမှာ တစ်မဟုတ်ချင်း ကွယ်ပျောက်သွားသလိုပင်..။
လင်းယွီက ပြုံးရင်း သူ့လက်မှာလည်း စုချန်ယန် ခေါင်းပေါ်တွင် တန့်သွားကာ ဆံပင်ကြားငြိပါလာသည့် အဖြူရောင် ကြက်မွှေးလေးတစ်ခုကို ဖယ်ပေးလိုက်သည်။
"ဒီမှာ တစ်ခုခုကပ်နေလို့လေ" လင်းယွီက ညှင်သာသည့်အသံလေးဖြင့် ပြောခဲ့သည်။
စုချန်ယန်လည်း ချက်ချင်း ကြောင်အသွားရပြီးနောက်
အနေခက်စွာပင် ဆံပင်များအား လက်ဖြင့်သပ်ကာ ရှင်းရင်းပြောလိုက်သည်။
"ကျွန်မကို အရင်ပြောလိုက်သင့်တာ တစ်ကိုယ်လုံး
အနံ့ကစွဲနေတာမို့ ရှင့်ဆီ အနံ့မကူးစေချင်ဘူး"
လင်းယွီသည် ကြက်မွှေးလေးအား သူ့လက်ဖဝါးထဲဆုပ်ကိုင်ထားလိုက်ပြီး ပြုံးကာ ပြောခဲ့သည်။
"ကိစ္စမရှိပါဘူး"
"ကျေးဇူးပါ..ဒါဆို ကျွန်မ..." စုချန်ယန်သည် သူ့အားကျေးဇူးတင်ပြီးလျှင် ဘေးမှရှောင်ကာ အနံ့အသက်ပျောက်သွားအောင် ရေချိုးသန့်စင်ဖို့ အပေါ်တက်ဖို့ပြင်လိုက်သည်။
လင်းယွီက ဘာမှမဖြစ်ကြောင်းပြောသော်ငြား သူမသည် ကိုယ့်အနံ့နှင့်ကိုယ် အော်ဂလီဆန်နေမိတော့သည်။
"သူ မင်းအနောက်မှာ" လင်းယွီက ရုတ်တရတ် ခပ်တိုးတိုးပြောခဲ့သည်။
စုချန်ယန်လည်း လန့်ကာ ကြောင်သွားခဲ့သည်။
"ရှင်?"
"ဟိုတစ်ယောက် မင်းနောက်မှာ ရှိနေတယ်။ နေ့လည်တုန်းက ရေအိုင်နားမှာ မင်းနဲ့စကားပြောနေတဲ့ကောင်လေးလေ" လင်းယွီက သေချာရှင်းအောင် ပြောလိုက်သည်။
စုချန်ယန်လည်း လှည့်ကြည့်ကာ သူမအနောက်ဘက် သိပ်အလှမ်းမဝေးသော နေရာတစ်ခုတွင် ရပ်နေကာ မလှုပ်မရှားဘဲ တည့်တည့်ကြည့်နေသည့် ရှင်းရှုအား တွေ့လိုက်ရသည်။
စုချန်ယန်မှ သူ့အားကြည့်လိုက်စဉ် ရှင်းရှုသည်လည်း သူမအား မြင်နေရသည့်ပုံစံများကို ကြိတ်မှိတ်ကာ
ဂရုမစိုက်ဟန်ဖြင့် စပ်ဖြီးဖြီးပြုံးပြခဲ့သည်။
"သူ့ပုံစံက မင်းကို အတော်လေးစိတ်ဝင်စားနေပုံပဲ"
လင်းယွီက ထပ်ပြောခဲ့သည်။
စုချန်ယန်လည်း ငြိမ်ကုပ်နေမိသည်။
လင်းယွီက ဆက်ပြောခဲ့သည်။ "ဆောရီး ကျွန်တော်ဆိုလိုချင်တာကို သိမယ်ထင်ပါတယ်"
စုချန်ယန်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
လင်းယွီ ဆိုလိုချင်တာကို စုချန်ယန်လည်း သေချာပေါက်နားလည်သည်သာ။ လင်းယွီသည် အလုပ်လုပ်ရာတွင် စေ့စပ်တိကျသည့်သူမှန်း စုချန်ယန်လည်း စောစောထဲက ခန့်မှန်းမိပြီးတော့ စာချုပ်သက်တမ်းမပြည့်မချင်း မည်သူနှင့်မျှ မတွဲဘူးဟုလည်း သူမ အနေနှင့်ကတိပေးထားသည်ပင်။
တကယ်တော့ လင်းယွီမှ ထိုသို့ပြောလာသည်ကို
စုချန်ယန်လည်း မအံ့ဩတော့ပါ။ ရှင်းရှုသည်
တကယ့်ကို ရဲတင်းသော ကောင်လေးဖြစ်သည်။
ယခင်က သူမကိုချဉ်းကပ်ဖူးသူများထက် ပိုရဲတင်းလေသည်။ အစကတည်းက စုချန်ယန်အား စိတ်ဝင်စားနေကြောင်းကို ဖုံးကွယ်ဖို့တောင် ကြိုးစားခဲ့ဟန်မရှိချေ။ သူ့ခံစားချက်များက တည့်တိုးဆန်ကာ သဘောကျစရာကောင်းသော်ငြားလည်း ထားသင့်ထားအပ်သည့် စည်းကိုလည်း နည်းနည်းမှမကျော်ခဲ့ပေ။
သူတို့နှစ်ဦးစကားပြောနေတာတောင်မှ ပြောရမည့်အကြောင်းအရာတစ်ခုကို စုချန်ယန် ကြိုက်လား မကြိုက်လားဆိုတာကို သေသေချာချာ စူးစမ်းပြီးမှပြောတတ်သည်သာ။ အကယ်၍ သူမ မကြိုက်သည့်ပုံစံမျိုးလျှင် နေရထိုင်ရ အဆင်မပြေတာမျိုး မဖြစ်စေရန် ချက်ချင်း အခြားတစ်ခု ပြောင်းပြောလိုက်သည်။
အမှန်တကယ်တော့ စုချန်ယန်သည် ယခုလိုတည့်တည့်ပင် ရဲတင်းသည့်ချဉ်းကပ်လာမှုမျိုးကို သဘောကျသည်။ အကြောင်းမှာ သူမသည်လည်း ဝေ့လည်ကြောင်ပတ် လုပ်တာမျိုး နည်းနည်းမှ မကြိုက်သည့် လူစားမျိုးမလို့ပင်။
ဥပမာအားဖြင့် အများရှေ့တွင် လင်းယွီသည် ရည်မှန်းချက် ပြည့်ဝကာ စံနမူနာယူထိုက်သည့် ယောက်ျားမျိုးဖြစ်သည်။
စုချန်ယန်နားတွင် သူ့လိုလူမျိုးရှိနေခြင်းသည် ဝန်ပိသလို ခံစားမိခြင်းမှာလည်း သူ့ဘေးတွင်ရပ်ကာ တပြေးညီဖြစ်အောင် ကြိုးစားအားထုတ်ရခြင်းကြောင့်ပင်။
ရေချိုးသန့်စင်ပြီးနောက် ရှောင်လုလည်း အခြားအဝတ်အစားအသစ်များ ယူလာပြီးလေပြီ။
သူမ မျှော်လင့်စောင့်စားနေခဲ့ရသည့် အစားအသောက်များ အကြောင်းတွေးမိရင်း မြန်မြန်သွက်သွက်နှင့် အဝတ်အစားများ လဲလိုက်သည်။
သူမ အောက်ဆင်းလာတာနှင့် အခြားပါဝင်သူများလည်း မီးဖိုချောင်တံခါးဝတွင်စုကာရပ်ကြည့်နေကြလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဘယ်လိုချက်ရမလဲမသိတာမို့ တစ်ယောက်မှ အသုံးမဝင်တာကြောင့် တံခါးတွင်သာရပ်ကာ အထဲတွင် ချက်နေကြသည်ကို ဗိုက်ဆာဆာနှင့် မျှော်ကြည့်နေရမည်သာ။
စုချန်ယန်မှ လူအုပ်ကြားထဲ ဝင်သွားလိုက်ပြီး အထဲကိုလှမ်းကြည့်လိုက်သည်။ ချီဖုတစ်ယောက်ထဲ မဟုတ်ဘဲ မြင်ဖူးနေသည့်ပုံစံနှင့် လူတစ်ယောက်လည်း မီးဖိုချောင်ထဲတွင်ရှိနေခဲ့သည်။
ဟန်စုန့်ရွှယ်သည် စုချန်ယန်၏ ဆံပင်စိုစိုများကိုင်ကာဆော့နေရင်း သူမကြည့်နေသည့်ဘက်ကို လိုက်ကြည့်ကာ ပြောခဲ့သည်။
"အဲ့လူချောလေးလည်း ဟင်းချက် အရမ်းကောင်းတာ အထဲဝင်ပြီး ကူလုပ်ပေးလိုက်ပါလား"
စုချန်ယန်သည် မီးဖိုချောင်ဘက် ကြည့်နေသည့် အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ခေါင်းခါလာသည်။
"မလုပ်ပါဘူး သိပ်ပြီးကူနိုင်မှာလည်း မဟုတ်လောက်ဘူး"
ဟန်စုန့်ရွှယ်လည်း နှုတ်ခမ်းကြီးထော်ကာ ဘာမှမပြောတော့ပေ။