← Chapters

အခန်း ၄၅

Vol. 4 Ch. 45

အခန်း ၄၅

Vol. 4 Ch. 45

ချီဖုနှင့် ရှင်းရှုတို့သည် မီးဖိုချောင်ထဲတွင် သူတို့ယူလာသမျှ ဟင်းချက်အမည်ပစ္စည်းများကို ယူကာ

တစ်နာရီလောက် ချက်ပြုတ်နေကြသည်။

အစကတော့ ရှင်းရှုမှာ သူတို့နှင့် အတူတူစားဖို့ ပြောခဲ့ပေမဲ့ အိမ်ကိုပြန်ဖို့သာ တတွင်တွင်ငြင်းနေခဲ့တော့သည်။ စုချန်ယန်ကိုလည်း နှုတ်ဆက်ခဲ့ပြီး မသွားခင်တွင် လက်လုပ်ဆန်အရက်ကိုလည်း ပေးခဲ့သေးသည်။

စားပွဲတွင် လူ၉ယောက်သာရှိနေပြီး နေ့လည်တုန်းကထက် သက်သောင့်သက်သာ ပေါ့ပါးစွာနှင့် စားနေကြတော့သည်။

လင်းယွီနှင့် ရှောင်လု ဘယ်သွားလဲကို မသိနေခြင်းကဘဲ စုချန်ယန်အား အပြစ်မရှိသလို ခံစားမိသည်။

အခြားသူအားလုံးတို့နှင့် ပျော်ပျော်ရွှင်ရွှင် အားပါးတရစားနေလေတော့သည်။ သို့သော် ပရိုဂရမ်အတွက် ရိုက်ကူးခြင်း မပြီးဆုံးသေးခင်အထိ နောက်ထပ်အပိုင်းများ ရိုက်ကူးဖို့ ကျန်နေသေးသည်။ နောက်ပိုင်းထိ နည်းနည်းလောက်ပဲ လျှော့စားရင်တောင်မှ ဝိတ်အရမ်းတက်မလာလောက်ဘူးဟု တွေးနေမိသည်။

တစ်နေ့တာ အတူတူကုန်ဆုံးခဲ့ကြပြီးနောက် မနေ့ကထက်စာလျှင် အနည်းငယ် ရင်းနှီးလာကြပြီဖြစ်သည်။

အနေအေးသည့် မိန်းကလေးတောင်မှ သရုပ်ဆောင်များနှင့်အတူ ရယ်မောကာ စကားပြောလာနိုင်ပြီဖြစ်သည်။

အမှန်ဆိုရလျှင် တစ်ယောက်နှင့် တစ်ယောက် သေချာသိလာကြပြီးနောက် အားလုံး၏ အကျင့်စရိုက်များသည် အနည်းနှင့်အများတော့ လိုအပ်ချက်များရှိကြသည်သာ။ မိတ်ဆွေ သူငယ်ချင်းများ ဖြစ်လာနိုင်မလားဆိုတာကိုတော့ မသိနိုင်သော်ငြားလည်း အပြင်လူတွေ တွေးနေသလိုမျိုး စိတ်ထဲကြိတ်ပြိုင်ကြတာမျိုးတော့ လုံးဝမဖြစ်နိုင်တော့ချေ။

စားပြီးသောက်ပြီးနောက် ချီဖုအား အရင်နားခိုင်းလိုက်ကြပြီး ကျန်သည့် ပန်းကန်များအား အတူတူဆေးကြောကြသည်။

'အောင်မြင်ကျော်ကြားသည့် အနုပညာရှင်များ'ဆိုသည့် ဂုဏ်ပုဒ်ကလွဲလျှင် အခြား ဂုဏ်ဒြပ်ကြီးကြီးမားမားမရှိကြသည်မို့ သူတို့သည်လည်း သာမန်လူများနှင့် မကွာခြားပေ။

ညစာစားကြပြီးလျှင် ရွာသားတွေဆီမှ မာကျောက်ကစားရန် ပစ္စည်းငှားလိုက်ပြီး အခန်း၁ထဲတွင် ည၁၀နာရီ ထိုးခါနီးအထိ ဆော့ခဲ့ကြသည်။

လောင်းကစားလုပ်တာမျိုးနှင့် အခြား ဖျော်ဖြေမှုများကိုတော့ ကင်မရာတွင် ပြသခွင့်မရှိပေ။ ကင်မရာအဖွဲ့၏ အာရုစိုက်မှုကို ဂရုစိုက်မနေတော့ဘဲ သူတို့၏တစ်နေ့တာခရီးစဉ်အကြောင်းကို ပြောကြတော့သည်။

စုချန်ယန်က မာကျောက် ဘယ်လိုကစားရမှန်း

မသိပေ။ အစောပိုင်းကတည်းက ကျန်းရှစ်ချီနှင့်အတူ အိမ်ပြန်ပြီး အနားယူချင်နေပေမဲ့ လူဝင်မဆံ့ဘူးလို့အထင်မခံချင်တာကြောင့် စောစောမပြန်ချင်တော့ချေ။

ဘယ်သူက ဘယ်သူလဲဆိုတာကို သိပ်မမှတ်မိ

ပေမဲ့လည်း ဘယ်လိုကစားရမည်ဆိုတာကို သိသည့် သူများ၏ နောက်တွင်ထိုင်ကာ သင်ယူနေခဲ့သည်။

နောက်ဆုံးတော့ ရိုက်ကူးရေးပြီးတာနှင့် ပင်ပန်းနေကြသည့် ကင်မရာအဖွဲ့သားများက အနားယူလိုက်ကြပြီး

ကိုယ့်တည်းခိုခန်းသို့ ပြန်သည့်လမ်းတစ်လျှောက်တွင် သူတို့ဘာသာ အသေးစားရိုက်ကူးကြလေသည်။

ကျန်းရှစ်ချီနှင့် စုချန်ယန်တို့သည် ခြံအသေးလေးဆီ ပြန်သွားကြပြီး ပရိုဂရမ်အဖွဲ့မှ သူတို့အား ဓာတ်မီးနှင့် ဆရာင်စုံမီးချောင်းလေးများ တစ်ခုစီပေးထားခဲ့ကြသည်။ သူတို့၏ အခန်းအပြင်တွင် အမွှေးနံ့သာလို ခပ်ဆင်ဆင်အရာတစ်ခုအား မီးမွှေးထားသည်ကို လှမ်းတွေ့လိုက်ရသည်။

ရှောင်လုလည်း ခေါင်းတဗျစ်ဗျစ်ကုတ်ကာ စဉ်းစားနေသည့် စုချန်ယန်နှင့် ကျန်းရှစ်ချီတို့ကို မြင်လျှင်

ကင်မရာအဖွဲ့သားများ၏ ဘေးသို့သွားကာ ရှင်းပြခဲ့သည်။

"ဘော့စ် လင်းက ကျွန်မကို ခြင်ပြေးတဲ့မြက်ပင် ရှာခိုင်းထားလို့လေ ခြင်ဆေးဖျန်းလို့ ရတဲ့ဟာမျိုးက ရွာထဲမှာမရှိဘူးလေ ခြင်ပြေးတဲ့ မြက်ပဲရှိတာမို့လို့"

လင်းယွီက ပရိုဂရမ်အဖွဲ့သားတွေထက် ပိုပြီး တွေးပေးတတ်ကြောင်း တွေးနေမိသည်။

ရှောင်လုက ဆက်ပြောခဲ့သည်။

"ဘေးနားတစ်ဝိုက်မှာ ဖြူးထားဖို့ နီကြင်ကြင်အမှုန့်ရယ်အစိုပြန်တာ မှိုတက်တာတွေမဖြစ်အောင်လည်း ထုံးလိုဟာမျိုးရော ခိုင်းထားသေးတယ်။ အခုတော့ အနံ့မရှိလောက်တော့ဘူး စောစောနားလိုက်နော်"

စုချန်ယန်- "အင်း အင်း အစ်မရော ဒီည ဘယ်မှာနေမှာ လဲ?"

ရှောင်လုက စပ်ဖြီးဖြီးလုပ်ကာ ပြောခဲ့သည်။ "အခန်းနံပါတ် ၁မှာ အခန်းလွတ်နေတာလေးတွေရှိလို့ ဒီညအဲ့မှာပဲ အိပ်ဖြစ်လောက်တယ်"

စုချန်ယန် - "..."

ရှောင်လု - "အာ.. ဒါဆို နင်နဲ့ ကင်မရာအဖွဲ့သားတွေလည်းပြန်ပြီးနားလိုက်တော့လေ"

"တာ့တာ"

အခြားလူများ ထွက်သွားပြီးနောက် စုချန်ယန်လည်း ခြံနားတစ်ဝိုက် လမ်းလျှောက်နေရင်း သူမအခန်းနားတွင် သစ်သားပုံးလေး တစ်ပုံးရှိနေသည်ကို သတိထားမိပြီး အဝကို အဖုံးဖုံးထားလေသည်။ ပုံးနားသွားကာ အဖုံးကိုလှန်ကြည့်လိုက်တော့ ရေသန့်အပြည့်ရှိနေပြီး ပရိုဂရမ်အဖွဲ့မှ ပြင်ပေးထားခြင်းပင်။

စုချန်ယန်လည်း စိတ်အေးကာ သက်ပြင်းချလိုက်ရင်း မနက်ရောက်လျှင် သူတို့အားကျေးဇူးတင်ကြောင်းပြောရတော့မည်။ တံခါးဝနားရပ်နေသည့် ကျန်းရှစ်ချီဘက် လှည့်ကာ လှမ်းပြောလိုက်သည်။

"ဒီမှာ ရေထားပေးထားတယ်"

ကျန်းရှစ်ချီမှ တံခါးဝတွင် ကာထားသည့် အမည်းရောင် ပိတ်သားပေါ် ဖုန်းမီးရောင်ဖွင့်လိုက်ပေမဲ့ အလင်းရောင်က မထိုးဖောက်နိုင်ပေ။

ညဘက်တွင် ဒီလိုအခန်းမျိုးမှာ အိပ်ရမည်ကိုတွေးမိတာနှင့် ကျန်းရှစ်ချီ၏ ခေါင်းတစ်ခုလုံးမှာ မူးနောက်သွားသလိုပင်။ ညလေအေးတွေက သူမ အရိုးထဲထိ စိမ့်ဝင်လာတော့ တစ်ကိုယ်လုံး ကြက်သီးထမိသွားသည်။

"ကျန်းရှစ်ချီ?"

စုချန်ယန်လည်း သူမဆီက ဘာမှမတုံ့ပြန်လာတော့ စူးစမ်းသည့်အကြည့်ဖြင့် အနားကပ်သွားခဲ့သည်။

သူမပုခုံးကို ပုတ်လိုက်ရင်း ၂ယောက်လုံးသည် အပေါက်ဝကိုကာထားသည့် အမည်းရောင်ပိတ်စကြီးဘက်ကိုသာ ဗလာချည်းသက်သက် ငေးကြည့်နေမိကြတော့သည်။

လေးအေးအေးဖြတ်တိုက်သွားတိုင်း စုချန်ယန်ကိုခိုက်ခိုက်တုန်သည်အထိ ဖြစ်သွားရသည်။ လက်ကိုအသာလေးရုတ်လိုက်ရင်း မေးလိုက်သည်။

"အဆင်ပြေရဲ့လား?"

ကျန်းရှစ်ချီ၏ အသက်မဲ့နေသည့် မျက်နှာအမူအရာကိုကြည့်ရင်း စုချန်ယန်မှာ ရင်တုန်ပန်းတုန်ဖြစ်လာရလေသည်။ အလုပ်မှာမြင်ခဲ့ဖူးသည့် သရဲကားထဲက ပုံစံမျိုးများက သူမစိတ်ထဲသို့ တိုးဝင်လာတော့သည်။

အတုအယောင်ဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းများဖြစ်မှန်း သိသော်ငြားလည်း ယခင်က သရဲကားဇာတ်လမ်းတစ်ခုထဲတွင် သရဲဇာတ်ကောင်အနေနှင့် ပါဝင်သရုပ်ဆောင်ဖူးသည်။

ဒီလိုနေရာမျိုးမှာတော့ အရာဝတ္ထုများကိုတောင် သရဲဝင်ကာ ခိုအောင်းနေတတ်သည်ဟု မဖြစ်နိုင်သည့် ရှုထောင့်ပေါင်းစုံကနေ တစ်ထစ်ချတွေးနေမိတော့သည်။

ပြီး‌တော့ သူမဘေးနားတွင်ရှိသည့် ရှင်နေသည့်လူကတောင် သရဲဝင်ပူးနေသလိုမျိုး ပြုမူနေတော့သည်။

"ဝေ့..."

စုချန်ယန်က အသာလေးတွန်းကြည့်လိုက်သည်။

ကျန်းရှစ်ချီလည်း အနည်းငယ်တုန်သွားပြီး သူမဘက်ကိုဖြေးဖြေးချင်းလှည့်ကြည့်လာသည်။

"မကြောက်ဘူးလား?"ကျန်းရှစ်ချီ ကြည့်ရတာ ပြန်အသိဝင်လာပုံရပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများနှင့်ပြည့်နှက်နေတော့သည်။

စုချန်ယန်လည်း ပြောဖို့ တုံ့ဆိုင်းနေခဲ့သည်။

"နင်အမှန်တိုင်း သိချင်လား"

"အင်း"

"အစကတော့ ငါမကြောက်ဘူး ဒါပေမဲ့ အခုနင်ဖြစ်နေတဲ့ပုံကိုကြည့်ပြီး ငါလည်းကြောက်ချင်နေပြီ"

စုချန်ယန်လည်း ကြောက်သည်ကို သိရတော့ ကျန်းရှစ်ချီလည်း အံ့အားသင့်မိတော့သည်။ စစချင်းထဲက စုချန်ယန်မှ နည်းနည်းမှ မကြောက်သလို ပြုမူနေခဲ့တာကြောင့်ပင်။

စုချန်ယန် နည်းနည်းမှ မကြောက်လောက်ဖူးဟု သူမထင်ခဲ့ပေမဲ့ ထင်မှတ်မဘဲနှင့် စုချန်ယန် ကြောက်သည်ဟု သိလိုက်ရတော့ စုချန်ယန်ကို အကြောမခံချင်သည့်ခံစားချက်လေးဝင်လာသည်။

"နင်က ဘယ်နှနှစ်မို့လို့လဲ? သရဲတွေကို ယုံလောက်တဲ့အထိတော့ မတုံးဘူးမို့လား"

စုချန်ယန်ဘက်ကို ခွန်းတုံ့ပြန်ချိန်မပေးတော့ဘဲ

အံကိုတင်းတင်းကြိတ်ကာ အခန်းထဲ ခပ်သုတ်သုတ်ဝင်သွားတော့သည်။

စုချန်ယန်က သူမ နောက်ကျောကို တိတ်တဆိတ်သာ ကြည့်မိတော့သည်။ တကယ်လို့ သရဲမကြောက်ဘူးဆိုရင် ဘာကိစ္စ မီးထွန်းပြီး အိပ်ဖို့ လိုလို့လဲ?

ကျန်းရှစ်ချီ၏ အနိုင်မခံ အရှုံးမပေးချင်သည့် ထူးထူးဆန်းဆန်း စိတ်ဓာတ်က ဘယ်လိုဝင်လာလဲဆိုတာကိုတောင် နားမလည်တော့ပေ။

စုချန်ယန်လည်း ခြံထဲမှာ ဆက်မနေတော့ဘဲ သူမ အခန်းထဲသာ ပြန်သွားတော့သည်။

အခန်းမှာ ရှောင်လု ပြောခဲ့သလိုမျိုး လုံးဝ မှိုနံ့မရှိသလောက်ပင်။

စုချန်ယန် အခန်းပတ်လည်ဆီ ဖုန်းမီးထွန်း ကြည့်လိုက်တော့ ရှောင်လုမှ အတပ်ပြောထားသည့်အတိုင်းထောင့်လေးထောင့်စလုံးတွင် ထုံးများဖြူး‌ထားခဲ့သည်။

ကုတင်ဘောင်ပတ်လည်တွင် ဆင်ထားသည့် ရောင်စုံကာလာ မီးရောင်များကို ဖွင့်လိုက်သည်နှင့် အခန်းလေးမှာ ချက်ချင်း လင်းထိန်သွားတော့သည်။

တစ်ကိုယ်ရေသုံး ပစ္စည်းများယူပြီး သစ်သားပုံးထဲရှိ ရေအသန့်ဖြင့် ဆေးကြောရန် အပြင်ထွက်ခဲ့သည်။ သန့်ပြီးကြည်လောက်သည့် အပေါ်ယံကို ခပ်ကာ နည်းနည်းချင်းယူသောက်လိုက်သည်။

ကျန်းရှစ်ချီသည် အခန်းအတွင်းသို့ ဝင်ပြီးနောက် ဓာတ်မီးကို တင်းတင်းဆုပ်ကိုင်ထားရင်း ရင်းနှီးနေကျမဟုတ်သည့် အမှောင်ထုထဲတွင် ချွေးစေးများ တစ်စက်ပြီး တစ်စက် ကျနေခဲ့သည်။

အပြင်မှာ ရေရှိကြောင်း စုချန်ယန် ပြောဖူးတာကို သတိရသွားပေမဲ့ အပြင်ထွက်ဖို့ကို ကြောက်ရွံ့နေစဉ် အပြင်မှ စုချန်ယန်၏ အသံကို တိုးလျစွာကြားလိုက်သည်။ ပြီးနောက် ချက်ချင်း တစ်ကိုယ်ရေသုံး ပစ္စည်းများအား မွှေနှောက်ရှာပြီး အပြေးတစ်ပိုင်း ထွက်သွားတော့သည်။

သစ်သားရေပုံးဘေးမှ စုချန်ယန်အား တွေ့လိုက်တော့မှ စိတ်သက်သာရာ ရတော့သည်။

"တိုက်ဆိုင်လိုက်တာ" ဟုပြောရင်း စုချန်ယန်နားသို့

အသက်မရှိတော့သလို ပုံစံမျိုးနှင့် လျှောက်လာကာ ရေပုံးအဖုံးကို ဖွင့်ပြီး ရေခွက်ဖြင့် ရေခပ်ယူလိုက်သည်။

စုချန်ယန်လည်း ပါးလုတ်ကျင်း ရင်းပြောလိုက်သည်။

"နင်ဒီနေ့ ရေသိပ်မသောက်ခဲ့ရဘူးမို့လား ဒါကတွင်းရေလေ တော်တော်သောက်လို့ကောင်းတယ်"

"တွင်းရေ?" ကျန်းရှစ်ချီလည်း မျက်မှောင်ကြုတ်သွားကာပြောလာပြန်သည်။

"အဲ့ဒါကို သောက်လိုက်တယ်? ဘက်တီးရီးယားတွေပါမှာမကြောက်ဘူးလား? အိမ်မှာဆို ငါလက်ဆေးတဲ့ရေတောင်မှ ပိုးသတ်ထားတာ"

စုချန်ယန်လည်း သူမကို ကြောင်အစွာ ငေးမိနေရင်း ပြောလိုက်သည်။

"နင် ဒီဆိုရိုးကိုမသိဘူးလား 'ကြိုချက်ပြီးသား ရေဆိုး

တောင်မှ သောက်လို့ရတယ်'ဆိုတာလေ ပြီးတော့ တွင်းရေဆိုတာ သဘာဝရေ။ သူက လူ့ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေပါပြီး အဆိပ်အတောက်

တွေ အပူတွေကို ဖယ်ရှားပေးတယ် ခန္ဓာကိုယ်အတွက်တကယ်ကောင်းတာ"

ကျန်းရှစ်ချီက သိပ်မယုံချင်သလို ကြည့်လာပြီး မေးခဲ့သည်။

"တကယ်လား?"

"ငါက နင့်ကို ဘာလို့လိမ်ရမှာလဲ"

ကျန်းရှစ်ချီသည် သူမအားကြည့်ကာ ရေခွက်ကိုပါးစပ်နား မရဲတရဲကပ်ပြီး တစ်ငုံသောက်လိုက်သည်။

သောက်ရတာ အရမ်းကောင်းမှန်းသိလိုက်ပြီး အိမ်မှာသောက်ဖူးသည့်ရေထက် ပိုအရသာတွေ့နေမိသည်။

ဒီနေ့ သူမ နည်းနည်းရေဆာနေခဲ့ပြီး သူမ၏ မန်နေဂျာအနားမှာမရှိတာကြောင့် မသောက်ဘဲ နေနေခဲ့ရသည်။ သူမ အိမ်မှရေကိုသာ သောက်နေကျဖြစ်တာကြောင့် နောက်ထပ် ခွက်ကြီးကြီးနှင့် တစ်ခွက်ထပ်ခတ်ကာ တစ်ကျိုက်ထဲ မော့သောက်ပစ်လိုက်သည်။

စုချန်ယန် - " ဘယ်လိုလဲ? ကောင်းတယ်မလား?"

ကျန်းရှစ်ချီ - " ကောင်းလိုက်တာ"

စုချန်ယန်လည်း ခြေလက်ဆေးတာကို လက်စသတ်လိုက်ပြီး အခန်းထဲ ပြန်မလို့လုပ်နေစဉ် ကျန်းရှစ်ချီက သူမကို လှမ်းဆွဲခဲ့သည်။

"ခဏလေး"

စုချန်ယန်လည်းသူမအားဇဝေဇဝါကြည့်လိုက်သည်။

"တစ်ခုခုလိုတာရှိလို့လား?"

All Chapters