← Chapters

အခန်း ၄၆

Vol. 4 Ch. 46

အခန်း ၄၆

Vol. 4 Ch. 46

ကျန်းရှစ်ချီက ပြောရမှာကို အနည်းငယ် မျက်နှာပူနေခဲ့ပြီး စုချန်ယန်အား မကြည့်ရဲခဲ့ပေ။ "နင်နဲ့စကားပြောချင်လို့"

စုချန်ယန် - "အိုး ဘာပြောချင်တာရှိလို့လဲ"

"ငါသွားတိုက်ရင်း ပြောပြမယ်လေ"

ထို့နောက် သွားတိုက်ဆေးအား ညှစ်ထုတ်လိုက်ပြီး မကြာခင် သွားတိုက်နေချိန်မှာပဲ ပါးစပ်တစ်ခုလုံးအမြှုပ်ထလာခဲ့သည်။

"နင်နဲ့ ယန်ရှို့..."

စုချန်ယန်က ကြားဖြတ်ပြောလိုက်သည်။ "ငါသူ့ကိုသေချာမသိဘူး ကင်မရာနောက်ကွယ်မှာတောင် တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ စကားပြာဖူးတာ"

"မားကတ်တင်း အကောင့်တွေ..."

"အဲ့ဒါတွေက ယန်ရှို့ရီဝယ်ထားတာ။ နင့်ရဲ့စီနီယာ သူ့ရည်းစားကိုလည်း လူသိရှင်ကြား မဖြစ်ချင်ဘူးလေ။ အဲ့ဒါကြာင့်မို့ တွေ့ကရာအကြောင်းပြချက်တစ်ခု အနေနဲ့ဖန်တီးရင်း ကံမကောင်းစွာနဲ့ပဲ ငါ့ကိုရွေးပြီး ပုံချလိုက်တာ"

"ငါ့စီနီယာအစ်မ.."

"နင့်ရဲ့စီနီယာဆိုတဲ့ တစ်ယောက်ကိုလည်း ငါ မသိဘူး"

"သူမ ပြောတာကျ.."

"သူမက ဘာပြောလဲ?"

ကျန်းရှစ်ချီလည်း ပါးစပ်ထဲက အမြှုပ်တွေ ထွေးချပစ်လိုက်ပြီး စုချန်ယန်အား ကြည့်ကာ ပြောလိုက်သည်။

"ယန်ရှို့ရီ မှာ အမှုရင်ဆိုင်ရတဲ့ ပြဿနာတွေရော သူ့ကိုပါ ပြဿနာထဲ ဆွဲထည့်တာတွေ အကုန်လုံးက နင့်ကြောင့်ဖြစ်တာဆိုပြီး ပြောတယ်"

"အဲ့ဒါ ငါနဲ့မှ မဆိုင်တာ သူ့ဘာသာသူ ပြဿနာရှာတာလေ"

"သူနင့်ကို ပါးစပ်ပိတ်နေဖို့ ယွမ်၅သိန်း ပေးခဲ့ပေမဲ့ ခုထိ‌လိုက်ဖွနေတုန်းပဲနော်"

"ငါသူ့ပိုက်ဆံလည်း မယူခဲ့သလို ဘယ်စာချုပ်မှလည်းလတ်မှတ်မထိုးခဲ့ဘူး။ ပြီးတော့ ငါသတင်း တမင်ဖွခဲ့တာမဟုတ်ဘူး ငါ့နာမည်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်တာပဲရှိတယ်"

ကျန်းရှစ်ချီလည်း မျက်နှာမြန်မြန်သစ်ကာ မြေကြီးပေါ်ထိုင်နေရာက ထလိုက်ပြီး မေးခဲ့သည်။ "ဒါဆို ငါ့စီနီယာအစ်မက ငါ့ကိုလိမ်ထားတာလား?"

စုချန်ယန်လည် းဂရုမစိုက်ဟန်ဖြင့်သာ ပြောတော့သည်။"နင့်ဘာသာနင် ကြိုက်သလို ထင်ကြေးပေးနိုင်တယ်"

ကျန်းရှစ်ချီလည်း သူမအား စက္ကန့်အနည်းမျှ ရပ်ကြည့်နေမိသည်။ "အို့"

ပြီးနောက် သူမ လှည့်ထွက်သွားကာ အခန်းထဲပြန်ဝင်သွားခဲ့သည်။

သူမ မျက်နှာသစ်နေတုန်း ငါ့ကိုဘေးနားနေခိုင်းပြီး

တမင်စောင့်စေချင်လို့ ဒီလိုမေးခွန်းတွေ မေးနေတာများလားဟု စုချန်ယန်လည်း တွေးမိသည်။

စုချန်ယန်လည်း စက္ကန့်အနည်းငယ်မျှ သူမဘက်လှည့်ကာ ငေးကာ တွေးတောနေမိသည်။ သူမ တံခါးနားထိလိုက်သွားမလို့ လုပ်တုန်း ကျန်းရှစ်ချီက အနောက်ပြန်လှည့်ကြည့်ကာ ဇဝေဇဝါဖြင့် ပြန်မေးခဲ့သည်။

"ဘာကြောင်ကြည့်နေတာလဲ အထဲဝင်ပြီး မအိပ်တော့ဘူးလား?"

"ငါအိပ်မှာပါ" စုချန်ယန်လည်း အမြင်ကပ်ကပ်ဖြင့်ပြန်ပြောကာ သူမအခန်းထဲ ဝင်သွားတော့သည်။

စုချန်ယန် သူမ၏ အခန်းဝကအမည်းရောင်

လိုက်ကာစကို လှပ်လိုက်သည်နှင့် အခန်းထဲမှ ခပ်စူးစူးအဝါရောင်မီးရောင်မှာ ဝင်းခနဲပင်။

"ခဏနေဦး" ကျန်းရှစ်ချီသည် ရုတ်တရတ် စုချန်ယန်အား တားလိုက်ပြီး သူမဆီကို ခြေလှမ်းကျဲကြီးများဖြင့် သွားခဲ့သည်။

"ဘာလဲ?" စုချန်ယန်လည်း သူမအား ဘုမသိဘမသိကြည့်မိတော့သည်။

ကျန်းရှစ်ချစ်သည် အခန်းဝက အမည်းရောင်လိုက်ကာစကိုဆွဲဖွင့်ကာ အထဲကို တစ်ချက်ကြည့်လိုက်သည်။

"နင့်အခန်းမှာကျ မီးတွေရှိပြီး ငါ့မှာကျ ဘာလို့တစ်ခုမှမရှိရတာလဲ!"

စုချန်ယန်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်သည်။ "ငါ့ဘာသာငါ သယ်လာတာ"

"နင့်ဘာသာ ယူလာတာ?"

"အေး စုန့်ရွှယ်က ပရိုဂရမ်အတွက် ငါတို့ကို မြို့ထဲလိုမဟုတ်ဘဲ အစွန်အဖျားကျတဲ့နေရာကို ခေါ်သွားလောက်တယ်ဆိုပြီး နားစွန်နားဖျား ကြားမိလို့ ညဘက်တွေဆို အဲ့မှာ အရမ်းမှောင်တယ်တဲ့ ငါလည်းတစ်ညလုံးတော့ မီးလင်းထိန်နေအောင် မထွန်းတတ်ဘူး။ အဲ့ဒါနဲ့ ညဘက်မှထွန်းရင် ပိုလင်းတဲ့ မီးလုံးလေးတွေချည်း ချက်ချင်းကောက်ထည့်ပြီး ဝယ်လာလိုက်တာ"

ကြားကြားချင်း ကျန်းရှစ်ချီလည်း ပါးစပ်ကို တင်းတင်းစေ့ထားမိသည်။

စုချန်ယန်၏ အိပ်ယာတစ်ခုလုံးမှာ မီးလုံးသေးသေးလေး‌များဖြင့် ကာရံထားတာမို့ အရမ်းမျက်စိမစူးဘဲ

သာမန်မီးအိမ်မှ မီးရောင်လိုမျိုးဆိုပေမဲ့ တစ်ခန်းလုံးကိုတော့ အလင်းရသည်။

ကျန်းရှစ်ချီသည် တံခါးဝတွင် မလှုပ်မယှက်ရပ်နေတာကြောင့် စုချန်ယန်လည်းကြောင်သွားကာ မေးလိုက်သည်။

"နင့်မှာရောပါလား"

ကျန်းရှစ်ချီသည် စုချန်ယန်ဘက်ကို လှည့်လိုက်ပေမဲ့ တုံ့ဆိုင်းသွားပြီး စကားဆက်မပြောလာပေ။

"နင်...မေးချင်တာ ရှိသေးတယ်မလား?" စုချန်ယန်လည်း သိချင်တာမို့မေးလိုက်သည်။

"မီးကိစ္စလေ..." ကျန်းရှစ်ချီသည် ကိုယ်ကိုကျုံ့ကာခေါင်းကြီးငုံ့ပြီး မျက်နှာပူပူဖြင့် တိုးတိုးလေးပြောလာသည်။

"အိမ်မှာ ညဘက်အိပ်ရင် တစ်ခါမှ မီးပိတ်မအိပ်ဖူးဘူး အဲ့ဒါကြောင့်..."

စုချန်ယန်လည်း သဘောပေါက်ကြောင်း ခေါင်းငြိမ့်ပြလေသည်။

"ငါသိတယ် ဒါပေမဲ့ ဒီလိုကြုံတုန်းလေး အသားကျအောင်နေကြည့်လိုက်"

ပြောပြီးနောက် စုချန်ယန်လည်း အိပ်ယာဘက်သို့ ပြန်လှည့်သွားတော့သည်။

သူမ ဆိုလိုချင်တာကို စုချန်ယန် နားမလည်လိုက်မှန်း ကျန်းရှစ်ချီ သိပေမဲ့ ပြန်ပြောပြဖို့ကိုလည်း တုံ့ဆိုင်းနေမိပြန်သည်။

ချက်ချင်းထွက်သွားလိုက်ဖို့ တွေးလိုက်ပေမဲ့ သူမ၏ မည်းမှောင်နေသော အခန်းကို ပြန်မြင်ယောင်မိတာကြောင့် နောက်ဆုံးမှာတော့ ခြေတစ်လှမ်းမှ မလှမ်းတော့ပေ။

စုချန်ယန်က အိပ်ယာနား ရောက်သွားပေမဲ့ ခုထိ သူမ ထွက်မသွားသေးသည်ကို သတိထားမိတာမို့ မေးလိုက်သည်။

"တစ်ယောက်ထဲ အိပ်ရမှာကြောက်လို့လား?"

ကျန်းရှစ်ချီလည်း ရှက်ရမ်းရမ်းကာ ပြောခဲ့သည်။ "မဟုတ်ပါဘူး! ငါ့ပုံစံကမူလတန်း ကလေး ပုံစံပေါက်နေလို့လား?"

"ဒါဆို ဘာလို့ ခုထိ မသွားသေးတာလဲ?"

ကျန်းရှစ်ချီ၏ မျက်နှာက နီရဲလာကာ ခပ်တိုးတိုးပြောခဲ့သည်။

"ငါ့ကို တစ်ခုလောက် ပေးလို့ရလား?"

"ဘာ?"

"တစ်ခုလောက် ပေးလို့ရလားလို့?!"

"ဘာကြီး?"

"တစ်ခုလောက်...မျှသုံးလို့ရမလားလို့?"

'မျှသုံး'ဆိုသည့်စကားလုံးကို ခပ်တိုတိုးသာပြောခဲ့သည်။

"မရဘူး"

"နင်..." ကျန်းရှစ်ချီလည်း စိတ်တိုသွားခဲ့သည်။

ဘယ်တုန်းက သူမက တခြားလူတွေကို အောက်ကျို့ပြီးပြောခဲ့ဖူးလို့လဲ? ဘယ်သူမဆို သူမလိုချင်တာ ပေးခဲ့ကြတာချည်း မဟုတ်ဘူးလား? စုချန်ယန်က သူမကိုတကယ်ကြီး ငြင်းလိုက်တာလား!

စုချန်ယန်သည် သူမ ဖြစ်နေသည့်ပုံစံကိုကြည့်ကာ အောင့်မထားနိုင်တော့ဘဲ ရီမိတော့သည်။

နောက်လှည့်ကာ ကုတင်ဘောင်က မီးလုံးလေးနှစ်လုံးဖြုတ်လိုက်ပြီး ကျန်းရှစ်ချီဘက် သွားခဲ့သည်။

"စိတ်မဆိုးပါနဲ့ ငါက ဒီတိုင်းစတာပါ"

ပြောပြောဆိုဆိုနှင့် မီးလုံးနှစ်လုံးကို သူမအားလက်ကမ်းပေးလိုက်သည်။

စုချန်ယန် - "နှစ်ခုလုံးမှာ ခလုတ်ပါတယ်"

ကျန်းရှစ်ချီသည် သူမအားကြည့်ကာ ပါးစပ်ကိုတင်းတင်းစေ့လိုက်ပြီးနောက် သူမလက်ထဲမှ မီးလုံးနှစ်လုံးအားယူလိုက်သည်။

စုချန်ယန်၏ အပြုံးမှာ မီးအဝါရောင် ခပ်စူးစူးလေးထဲတွင် နူးညံ့ညှင်သာနေသလိုပင်။

ကျန်းရှစ်ချီလည်း ချက်ချင်း‌ခေါင်းငြိမ့်နှုတ်ဆက်ကာခပ်တိုးတိုး ပြောလိုက်သည်။

"ကျေး..ကျေးဇူးပဲ"

ပြောပြီးတာနှင့် စုချန်ယန် အပြောကို စောင့်မနေတော့ဘဲ သူမအခန်းထဲကနေ ငှက်တစ်ကောင်ပျံသွားသလို လှစ်ခနဲထွက်သွားတော့သည်။

စုချန်ယန်လည်း ဘာမှထင်ကြေးပေးမနေတော့ချေ။ ဒီနေ့ သူမတော်တော် ပင်ပန်းနေပြီ ဖြစ်သည်။ ဖိနပ်ချွတ်ကာ အိပ်ယာထဲ လှဲလိုက်ရင်း ကာလာနှစ်ရောင်လင်းနေကာ ညမီးရောင်လေး ထွန်းထားသည့် အခန်းလေးထဲ အိပ်ပျော်သွားတော့သည်။

...........

‌နောက်တစ်နေ့ နံနက်တွင် ရှောင်လုမှ စုချန်ယန်အား လာနှိုးခဲ့သည်။

အိပ်ချင်မူးတူးဖြင့်နိုးလာပြီးနောက် သူမခေါင်းနား ရောက်နေသည့် ရှောင်လု၏ မျက်နှာအား မြင်ခဲ့ရသည်။

"ချန်ယန် ထတော့" ရှောင်လုက သူမအား လှုပ်နှိုးနေရသည်။

ဝေဝါးနေသည့်မြင်ကွင်းကို အာရုံစုစည်းလိုက်တော့မှ သူမရှေ့ဘယ်သူရှိနေလဲ ဆိုတာကို သတိထားမိတော့သည်။ မျက်လုံးများကို ပွတ်သပ်ရင်း ထထိုင်ကာ

မပွင့်တပွင့်သံဖြင့် မေးခဲ့သည်။

"ဘာဖြစ်လို့လဲ"

ရှောင်လုက သူမလက်မောင်းအား ဆွဲကာ ပြောခဲ့သည်။ "ချန်ယန် အပြင်မှာ မိုးလင်းနေပြီ! နင်နဲ့ ကျန်းရှစ်ချီကလွဲပြီး ကျန်တဲ့လူတွေ အကုန်နိုးနေကြပြီ"

ထိုသို့ကြားသော်လည်း ခေါင်းကို ဘေးပြန်စောင်းကာ မျက်လုံးတွေပြန် မှိတ်သွားရင်း ညည်းတွားခဲ့သည်။ "နေတောင်မထွက်သေးဘူး နည်းနည်း ထပ်အိပ်ပါ

ရစေဦး"

"ဝက်လို ပျင်းနေအဲ့မှာ ထုတ်လုပ်ရေးအဖွဲ့က ပေးထားခဲ့တဲ့ကဒ်ကို ဖတ်ဖို့ ထပ်မေ့ပြန်ပြီလား?"

"ဘာကဒ်လဲ"

ရှောင်လုလည်း အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ပြီး စုချန်ယန်၏ အိပ်ယာထဲတွင် ကြေမွနေသည့် ကဒ်လေးကို တွေ့လိုက်တော့ ကောက်ကိုင်ပြလိုက်ရင်း ပြောခဲ့သည်။ "ဒီမှာ"

စုချန်ယန်လည်း ဒယိမ်းဒယိုင်ဖြင့် ထကြည့်လိုက်သည်။ ရွာသားတွေဆီက မနက်စာ ဘယ်လိုချက်ရမယ်ဆိုတာကိုသင်ဖို့ မနက်၅ နာရီခွဲ ထရမည်ဖြစ်ကြောင်း ပြောထားလေသည်။

ချန်ယန်က အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် သန်းဝေကာ ပြောခဲ့သည်။ "မနက်စာ မစားဘူးဆိုရင် မသွားဘဲနေလို့ရလား?"

"ဘယ်လိုထင်လဲ ဘော့စ်လင်းလည်း စာချုပ်စည်းကမ်းချိုးဖောက်မှုအတွက် လျော်ကြေးတောင်းမယ့်အပြင် ဒါရိုက်တာကလည်း မင်းကို ငါ့ကဒ်နံပါတ် ပြောလိုက်မယ် လျော်ကြေးငွေ လွှဲပေးလို့ရအောင်ဆိုပြီး နင့်ကိုလာပြောမှာပေါ့" ရှောင်လုမှ လင်းယွီ၏ လေသံကိုလိုက်တုရင်းပြောခဲ့သည်။

ထိုကြားဖူးနေကျလေသံနှင့် စကားများကိုကြားလိုက်ရတော့စုချန်ယန်လည်း ရုတ်တရတ် နိုးကြားလာခဲ့သည်။ "ဗိုက်ထဲဘာမှမရှိဘဲ နေနိုင်ပေမဲ့ ဘဏ်အကောင့်ထဲဘာမှ မရှိဘဲတော့ မနေနိုင်ဘူး"

ရှောင်လုက ရီရင်း သူမအားစတော့သည်။

"နင်က တကယ် ပိုက်ဆံမက်တဲ့ဟာပဲ"

စုချန်ယန် နိုးချိန်တွင် ကျန်းရှစ်ချီကို ဝန်ထမ်း တစ်ယောက်မှ လာနှိုးပုံရပြီး ချန်ယန်လိုပဲ ဖြစ်ပုံရသည်။ ထုတ်လုပ်ရေးအဖွဲ့မှ ထားခဲ့သည့်ကဒ်ကို သတိထားမိပုံမရသေးပေ။

သူတို့နှစ်ဦး ဖြေးဖြေးချင်း ပြင်ဆင်နေကြသည်ကို ကင်မရာမန်းမှ တစ်ချက်ကြည့်ရင်း ခပ်တိုးတိုးသတိပေးလိုက်သည်။

"မနက်စာ လုပ်ရမယ့်နေရာက နောက်ထပ်တောင်ကုန်းတစ်ခုပေါ်မှာ လုပ်ရမှာ ပထမဆုံး လေးယောက်က အရောက်သွားဖို့ဆိုရင် သုံးဘီးစီးသွားလို့ရတယ်"

ချန်ယန်က ပုံမှန်အားဖြင့် သုံးဘီးစီးရခြင်းကို သိပ်စိတ်မဝင်စားပေ။

"ဒီမှာခုထိ သုံးဘီးရှိသေးတာလား?"

"မသိဘူးလေ"

၂ယောက်စလုံးသည် မနက်စာပြင်ဖို့အတွက်နှင့် သုံးဘီးစီးရမည်ကို နည်းနည်းမှ စိတ်မဝင်စားမှန်း ပိုသေချာသွားတော့သည်။

ရှောင်လုလည်း ခဏတာမျှငြိမ်သက်သွားပြီးမှ ပြောခဲ့သည်။

"မနက်ခင်း လက်ဖက်ရည်လုပ်ဖို့ ပါဝင်ပစ္စည်းတွေကို

အရေအတွက် ကန့်သတ်ထားတယ်လို့ ကြားထားတယ်။ငါတို့ နောက်ကျမှရောက်သွားရင် အသားတွေနဲ့ တခြားလိုတာတွေအကုန် တခြားသူတွေ လက်ဦးသွားလိမ့်မယ်"

ထိုအချင်းအရာအား ကြားသည်နှင့် စောစောက တိတ်ဆိတ်ငြိမ်သက်နေသည့် စုချန်ယန်က ချက်ချင်း ကမန်းကတန်း ပြင်ဆင်တော့သည်။

မျက်နှာကို နှစ်ခါ သုံးခါမျှသာ ခပ်မြန်မြန်ဆေးချလိုက်ပြီး အသားရေထိန်းသိမ်းသည့်(စကင်းကဲ) လိမ်းစရာများ လိမ်းကျံကာ ခပ်သုတ်သုတ် ထွက်သွားတော့သည်။

All Chapters