← Chapters

အခန်း ၄၈

Vol. 4 Ch. 48

အခန်း ၄၈

Vol. 4 Ch. 48

သူတို့၏ ထပ်တလဲလဲ အာမခံမှုများကြောင့် ချီဖုမှာ စိတ်သက်သာရာရသွားပြီး အကုန်လုံးသည် မိမိတို့မနက်စာ ပြင်ဆင်ရမည့်နေရာသို့ သွားကြခဲ့သည်။

ထိုနေရာသို့ ရောက်ပြီးလျှင် ရွာသားများနှင့် မနက်စာ ပြင်ဆင်ခြင်းမှာလည်း အောင်အောင်မြင်မြင်နှင့် ပြီးပြည့်စုံသွားသည့်တိုင် ပါဝင်ပစ္စည်း တော်တော်များများမှာလည်း ကျန်ရှိနေသေးသည်။

မနက်စာ စားကြပြီးနောက် ဝန်ထမ်း အဖွဲ့သားများမှ သူတို့အား သီးသန့်အခန်းတွေ ပြင်ဆင်ထားပေးကြပြီး ပြည်တွင်းယဉ်ကျေးမှုနဲ့ သဟဇာတဖြစ်ဖို့ လိုတာမို့ရွာသားတွေလို ဝတ်စားဆင်ယင်ဖို့ပြောလာသည်။

မနက်ပိုင်းတစ်ဖြတ်မှာတင် စုချန်ယန်သည် မိတ်ကပ်ပြင်ဆင်ရင်းသာ အချိန်ကုန်နေခဲ့သည်။ သူမ၏ မျက်လုံးအား မိတ်ကပ်ပြင်ဆင်မှုပြီးလျှင် မျက်လုံးမှိတ်ကာ တရေးအိပ်ဖို့ ခုံ‌တွင်နောက်မှီထိုင်လိုက်သည်။

အိပ်တစ်ဝက် နိုးတစ်ဝက်အခြေနေတွင် ဝန်ထမ်း တစ်ယောက်မှ လာနှိုးတာကြောင့် နိုးသွားပြီး မှန်ထဲက သူမကိုယ်သူမ ကြည့်ရင် မျက်လုံး ဖွင့်လိုက်သည်။

မှန်ထဲက မျက်နှာက ရင်းနှီးသယောင် ရှိပေမယ့် စုချန်ယန် စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းနေမိသေးသည်။

ကျောက်စိမ်းနှင့် ခပ်ဆင်ဆင် လက်ဝတ်လက်စားလိုအရာလေးမှာ နဖူးပေါ်တွင် တန်းလန်းတင်နေသလိုအနေအထားရှိပြီး ဆံပင်အားအပေါ်ကိုမြှောက်ဖြီးထားကာနဖူး၏ တစ်ဖက်တစ်ချက်စီတွင် ဆံချည်မျှင် အနည်းငယ်စုထားသည့် အ‌မျှင်တစ်ချောင်းစီ

ချထားသည်။

ဆံပင်၏ အပေါ်ပိုင်းကို အနီရောင်နှင့် အမည်းရောင်ကြိုးမျှင်လေးနှစ်ခုစီနှင့် ရောထားကာ ကျန်တာကိုတော့ ပုခုံးပေါ်တွင် ဖားလျားချထားလေသည်။ ပရိုဂရမ်အဖွဲ့မှပြင်ဆင်ပေးထားသည့် ဝတ်စုံကိုလည်း ဝတ်ဆင်ထားပြီးပြီပင်။

ရုတ်တရတ်ကြည့်လိုက်လျှင် ရှေးခေတ်မျိုးနွယ်စုထဲမှ ပထမတန်းစား ခရစ်ယာန်အမျိုးသမီးတစ်ဦးကဲ့သို့ပင်။

"မိန်းကလေးစု ခေါင်းမှာဘယ်လိုပန်းပုံစံမျိုး ပန်ချင်လဲရှင့်"မိတ်ကပ်ဆရာမက နူးညံ့စွာမေးခဲ့သည်။

စုချန်ယန်လည်း အခုမှအသိပြန်ဝင်လာပြီးပြန်ပြောလိုက်သည်။"ရိုးရိုးရှင်းရှင်း တစ်ခုခုပေါ့"

"အိုခေ"

နောက်ဆုံးမှာတော့ မိတ်ကပ်ဆရာမက စုချန်ယန် ပန်ဖို့အတွက် မက်မွန်ရောင် ပန်းပွင့်လေးကို ရွေးချယ်ပေးခဲ့သည်။

မိတ်ကပ်ပြင်ဆင်ခြင်း အပြီးသတ်ပြီးတာနှင့် မိတ်ကပ်ဆရာမသည် စုချန်ယန်အတွက် ပြင်ပေးထားသော မိမိ၏ လက်ရာကိုကြည့်ရင်း အံ့အားသင့်သလို ပြောခဲ့သည်။

"မစ္စစ်စု ဒီမိတ်ကပ်ပုံစံက မင်းနဲ့တော်တော်လိုက်ဖက်တာပဲ"

"ကျေးဇူးပါ" စုချန်ယန်လည်း သူမအား ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက် မိတ်ကပ်ဆရာမက သူမ စကားအား အပြင်းအထန် ပြန်ငြင်းပယ်ရင်း ပြောလာသည်။

"မဟုတ်ဘူး ညီမက ဒီမိတ်ကပ်ပုံစံနဲ့လိုက်တာမျိုးမဟုတ်ဘူး ညီမရဲ့မျက်နှာကိုက ဘယ်မိတ်ကပ်ပုံစံမျိုးနဲ့မဆိုကို လိုက်ဖက်တာ ညီမကို ပြင်ပေးရတာ ပင်ပန်းရကျိုးနပ်တယ်"

စုချန်ယန်က တစ်ခစ်ခစ်ရယ်ရင်း ပြောခဲ့သည်။ "ကျေးဇူးပါ ဆရာမ"

လက်တွေ့မှာတော့ စုချန်ယန်သည် ဒီဆရာမဆီမှာ တင် သာမက အရင့်အရင်ပြင်ပေးဖူးတဲ့ မိတ်ကပ်ဆရာတွေတုန်းကလည်း ဒီလိုစကားမျိုးကြားရဖူးသည်။

ဤသည်လည်း စုချန်ယန် ဘယ်တုန်းကမှ လူကြိုက်မများခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

သူမ၏ မျက်နှာမှာ ကင်မရာထဲတွင် မထင်မရှားဖြစ်နေတတ်ပြီး မိတ်ကပ်ဆရာမမှ ဦးစားပေးရမည့် တစ်ဦးထဲကိုသာ အများကြား ထင်းထွက်နေစေကာ ပရိသတ်များ၏ မျက်လုံးထဲတွင် စွဲကျန်ရစ်နေစေရန် သီးသန့် မိတ်ကပ်ပုံစံမျိုးအသားပေး လိမ်းခြယ်ပေးလေ့ရှိသည်။

သို့သော် စုချန်ယန်မှာ ထိုကဲ့သို့သော အရည်အချင်းမျိုးမရှိပေ။ တစ်ကိုယ်တော် ပွဲထုတ်ချင်တာကြောင့်နှင့် ဘယ်တုန်းကမှ ပိုက်ဆံမဖြုန်းချင်ခဲ့ပေ။

ဒါကြောင့် သူမသရုပ်ဆောင်ခဲ့သည့် ဇာတ်ကောင်များက အောင်မြင်လာတဲ့အခါ လူအနည်းစုလောက်သာ သူမ၏နာမည်ကိုမျက်မှန်းတန်းမိကြပေမယ့် စုချန်ယန်ကတော့ ဒါတွေကို နည်းနည်းမှ စိတ်ထဲမထားခဲ့ပေ။

မိတ်ကပ်ဆရာမအား ကျေးဇူးတင်စကားပြောပြီးတာနှင့် အခန်းထဲမှ ထွက်လာခဲ့သည်။

သူမ ထွက်လာခဲ့သည်နှင့် အခြားသူများမှာ ခုချိန်ထိမိတ်ကပ်ပြင်ဆင်တာ မပြီးကြသေးမှန်း သတိထား‌မိလေသည်။

တံစက်မြိတ်အောက်တွင် မတ်တပ်ရပ်နေစဉ် အပေါ်‌ကိုမော့ကြည့်မိတော့ ရေညှိပေါ်တွင် ဖြာကျနေသည့် နေရောင်ခြည်လေးမှာ လေထဲတွင် နိမ့်ချည်မြင့်ချည် လွင့်မျောနေဟန်အား မြင်နေရ‌သည်။

စုချန်ယန်မှာ ဤဝတ်စုံအားဝတ်ထားမိတော့ လက်ရှိပစ္စုပ္ပန်ကိုကျော်ပြီး အရင်ဆယ်စုနှစ်များစွာက ကောင်းကင်ကြီးကို မြင်နေရသလို ခံစားမိသည်။

ထိုတစ်ခဏလေးတွင် ဝမ်ကျင့်ရွာ၏ နှစ်လိုဖွယ်ကောင်းသည့်ပုံရိပ်လေးကို သဘောကျမိသွားသည်။

ဒီနေရာလေးတွင် သမိုင်းရာဇဝင်များ၏ တစ်စွန်းတစ်စလေးများအား ဝိုးတိုးဝါးတား မြင်နိုင်လေသည်။

သူမ၏နောက်တွင် ဒါရိုက်တာနှင့် လင်းယွီမှာ တံခါးဝတွင် မတ်တပ်ရပ်နေခဲ့ကြကာ တံစက်မြိတ်အောက်တွင်ရပ်နေရင်း မိုးကောင်းကင်အား ငေးကြည့်နေသည့် မိန်းမပျိုလေးအား ငေးကြည့်နေမိကြသည်။

သူမသည် ဘယ်အရာကိုမှ စိတ်ဝင်စားမှုမရှိဟန်ဖြင့် ကြည်လင်ငြိမ်သက်စွာဖြင့် မျက်နှာပေါ်သို့ ဖြာကျနေသည့် နေရောင်ခြည်၏ အနွေးဓာတ်အား ခံစားစဉ် အလင်းရောင်ကြောင့် မျက်နှာပေါ်ရှိ သွေးကြောမျှင်လေးများနှင့် ဆံစလေးများမှာလည်း ထင်ဟပ်နေလေသည်။

သူမလေးသည် အစကတည်းက ဒီနေရာနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားနှယ် သူမ မြင်နေရသည်မှာလည်း အမြဲတမ်း ရင်းနှီးကျွမ်းဝင်ရှိခဲ့သလိုမျိုးပင်။

လက်ရှိမှာတော့ သူမပုံစံသည် ပုံမှန်စုချန်ယန်၏ ပုံစံမျိုးနှင့် အနည်းငယ် ကွဲထွက်နေသည်။

မျက်လုံးနှင့် မမြင်နိုင်ပေမဲ့ သူမကိုယ်သူမ ဘေးပတ်ဝန်းကျင်ရှိ ရှုခင်းများနှင့် လိုက်လျောညီထွေရှိသွားအောင် စီးမြောနေဟန်ပင်။

သူမ၏ မိတ်ကပ်၊ အဝတ်အစားနှင့် ဘေးပတ်လည်ရှိ ရှုခင်းများသည် သူမ၏ လက်ရှိစိတ်အခြေအနေကို ဝမ်ကျင့်ရွာနှင့် မအက်စပ်သော မူလစုချန်ယန်အဖြစ်မှ လုံးဝကွဲထွက်သွားအောင် ဖြည့်စွမ်းပေးနေသည်။

"စုချန်ယန်"

"သူမက မင်းသမီး ဖြစ်ဖို့မွေးလာတာပဲ" ဒါရိုက်တာမှ မှင်သက်စွာဖြင့် စိတ်၏စေစားရာအတိုင်း ပြောမိသွားသည်။

ဝတ်စားထားရုံနဲ့တင် ကိုယ်လိုချင်တဲ့ဇာတ်ကောင်၏ ဇာတ်ရုပ်ဆီ ပို့ဆောင်ပေးနိုင်ပြီး ဖော်ပြချင်တာကို သရုပ်ဖော် ခံစားပြသပေးနိုင်တာမျိုးက တကယ့်ကိုရှားပါးတဲ့ အရည်အချင်းမျိုးပဲ။

လင်းယွီသည် မျက်မှောင်ကြုတ်မိကာ ဝင်နှောင့်ယှက်ချင်ပေမဲ့ သူမလေးကတော့ သတိထားမိသွားဟန်ရှိကာ မျက်လုံးထောင့်မှတစ်ဆင့် လှမ်းကြည့်လာသည်။

စုချန်ယန်သည် သူမ၏နောက်တွင် တစ်ယောက်ယောက်စကားပြောနေသည်ကို ကြားနေခဲ့တာမို့ လင်းယွီနဲ့ဒါရိုက်တာများလား ဆိုသည်ကို သိရရန် လှည့်ကြည့်လိုက်သည်။

ညှင်သာစွာ ခေါင်းငြိမ့်ပြရင်း နှုတ်ဆက်လိုက်သည်။

"ဟယ်လို မစ္စတာလင်းနဲ့ ဒါရိုက်တာကြီး"

လင်းယွီလည်း ပြုံးလိုက်သည်။ "မနေ့ညက အိပ်ရတာဘယ်လိုနေ‌လဲ?"

"အဆင်ပြေသွားပါတယ်"

"ကောင်းတာပေါ့" လင်းယွီ၏ မျက်ဝန်းညိုများက သူမအား စူးစိုက်ကြည့်နေခဲ့သည်။

"ဒီဝတ်စုံက မင်းနဲ့ တကယ်လိုက်တယ်"

"ကျေးဇူးပါ"

ဒါရိုက်တာကလည်း မျက်နှာချိုသွေးကာ ပြောခဲ့သည်။

"ချန်ယန် လောလောဆယ် တခြားသူတွေလည်း မလာသေးဘူးဆိုတော့ ပရိုဂရမ်ကြော်ငြာကာဗာအတွက် ပုံ ၁ပုံ ၂ပုံ လောက် သွားရိုက်လိုက်ပါလား"

"ဟမ်?" စုချန်ယန်လည်း အံ့အားသင့်သွားခဲ့သည်။ စာချုပ်ထဲတွင် ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်သူများမှာ ကြော်ငြာဖို့ ပူးပေါင်းပါဝင်စရာမလိုကြောင်းပါထားပြီးသားပင်။ အကြောင်းမှာ သူတို့ဘက်မှ အခကြေးငွေ ပိုပေးရတာကြောင့်သာ။

လင်းယွီသည် ဒါရိုက်တာအား စိုက်ကြည့်ရင်း သူဘာတွေးနေလဲ ဆိုတာ‌ကိုရိပ်မိကြောင့် စုချန်ယန်အား ပြောလိုက်သည်။

"သွားရိုက်လိုက်ပါ တစ်ပုံအတွက် ယွမ် နှစ်သောင်းတန်တယ်"

ဒါရိုက်တာ - "...."

"တကယ်?" စုချန်ယန်၏ မျက်လုံးများက တောက်ပဝင်းလက်လာခဲ့သည်။

လင်းယွီလည်း ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါရိုက်တာက အခုပေးလိမ့်မယ်"

ဒါရိုက်တာ -"....."

'Starlight'ဖျော်ဖြေးရေးက သူတွေဆီက အခွင့်အရေးယူဖို့ တကယ့်ကို ခက်ခဲတာပဲ...

"ကဲ..ဒါဆို သွားကြရအောင်"

ဓာတ်ပုံအနည်းငယ် ရိုက်ရုံနှင့် ပိုက်ဆံရှာလို့ ရကြောင်းသိရတော့ စုချန်ယန်လည်း ချက်ချင်း တက်ကြွကာ စိတ်လှုပ်ရှားမိခဲ့သည်။

ဒါရိုက်တာက စကား ပြောပြီးတာကြောင့် ပြန်ရုတ်သိမ်းမရတော့တာမို့ အဖွဲ့သားထဲမှ ကင်မရာ ကိုင်ထားသည့် ဝန်ထမ်း တစ်ယောက်အား ခေါ်လိုက်ပြီး အောင့်သက်သက် မျက်နှာထားဖြင့် ခိုင်းစေနေလေသည်။

"ပုံနှစ်ပုံပဲနော် နှစ်ပုံထဲပဲ အဲ့ထက်မပိုစေနဲ့"

ဓာတ်ပုံဆရာမှ စုချန်ယန်ကို အံ့ဩမှင်သက်မှုများနှင့်ကြည့်ကာ စိတ်ပျက်စွာနှင့် ပြောခဲ့သည်။

"ဒါရိုက်တာကြီး ဘာလို့နှစ်ပုံထဲလဲ။ အရမ်း ဖြုန်းတီးလွန်းရာ မကျဘူးလား"

"တော်စမ်းပါ! နှစ်ပုံပဲ မဟုတ်လို့ကတော့ မင်းရဲ့ ဘောနပ်စ်ထဲက နှုတ်ပစ်မယ်"

"ဟုတ်ကဲ့ပါ"

ဓာတ်ပုံဆရာနှင့် စုချန်ယန်တို့က အနီးအနားတွင် ဓာတ်ပုံရိုက်ရန် သင့်တော်မည့်ထင်သည့် နေရာတစ်ခုကိုရှာတွေ့ထားတာကြောင့် ခြံထဲမှထွက်သွားကြသည်။

ပရိုဂရမ်အတွက် မှတ်တမ်းတင်ရန် ထွက်လာပေးရုံနှင့် အပိုငွေတချို့ ရှာနိုင်လိမ့်မည်ဟု စုချန်ယန် ထင်မထားခဲ့ချေ။ လင်းယွီ၏ စကားအနည်းငယ်နှင့်ပင် သူမ ယွမ် ‌၄ သောင်း ရှာနိုင်ခဲ့ပြီပင်။

အမှုမှ သူမလက်ခံရမည့် နစ်နာကြေးနဲ့ပါ ပေါင်းလိုက်လျှင်...

သူမ စိတ်ထဲ မြင်‌ယောင်မိသည်က လင်းယွီက ကြွယ်ဝခြင်း၏ နတ်ဘုရားတစ်ပါးအလားပင်။

ဓာတ်ပုံရိုက်ပြီးနောက် လင်းယွီ၏ ကွပ်ကဲမှုအောက်မှာပင် စုချန်ယန်က ဒါရိုက်တာဆီမှ ယွမ်နှစ်သောင်းရရှိပြီး ပျော်ရွှင်စွာဖြင့် ငွေလက်ခံရရှိသည့်စာကို လင်းယွီရှေ့တွင် ကိုင်ထားရင်း စိတ်လိုလက်ရ ပြောခဲ့သည်။

"မစ္စတာလင်း ကျွန်မရလာခဲ့ပြီ!"

လင်းယွီက စုချန်ယန်တစ်ယောက် လှေကားထစ် အဖျားနားလေးတွင်ရပ်နေတာမို့ အပျော်လွန်ပြီး မမြင်မစမ်းဖြင့် ချော်လဲမှာစိုးတာကြောင့် အလိုလိုပင် သူမနားရောက်သွားကာ လက်မောင်းအား ဖြေးဖြေးသာသာလေး လှမ်းကိုင်ပေးကာ ပြုံးရင်းပြောခဲ့သည်။

"ဝမ်းသာပါတယ်"

"မစ္စတာလင်း ရှင်တစ်ခုခု လိုချင်တာများရှိလား? ကျွန်မပေးမယ်လေ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မကို အလုပ်ရအောင်ကူညီခဲ့တဲ့သူဆိုတော့"

လင်းယွီလည်း ခပ်ဟဟရယ်ကာ ခေါင်းခါရင်း ပြောလိုက်သည်။

"မလိုပါဘူး ကိုယ့်ဘာသာပဲ သိမ်းထားလိုက်ပါ"

"ကောင်းပြီလေ ကျေးဇူးနော် မစ္စတာလင်း!"

သူမ ဖုန်းကိုပြန်ယူလိုက်တာနှင့် လင်းယွီလည်း သူမလက်အား လွှတ်ပေးလိုက်သည်။

အခြားသူများလည်း အခန်းကိုယ်စီမှ ထွက်လာကြပြီး ဟန်စုန့်ရွှယ်က စုချန်ယန်ကို ချက်ချင်း ရှာတွေ့ခဲ့သည်။

"ချန်ယန်!"

စုချန်ယန်က ဖုန်းကို ဝန်ထမ်းဆီ ပေးလိုက်ပြီး လင်းယွီဘက် လှည့်ပြောလိုက်သည်။

"မစ္စတာလင်း ကျွန်မ ရှိုးအတွက် ရိုက်ကူးရေး သွားလုပ်လိုက်ဦးမယ်နော်"

"အင်းး"

အချိန်တိုတွင်းမှာပဲ စုချန်ယန်က ငွေပမာဏ အမြောက်အများ ရှာနိုင်ခဲ့ကြောင့် အဖွဲ့ဆီ ပျော်ရွှင်စွာနှင့် လျှောက်လှမ်းသွားခဲ့သည်။

"ချန်ယန် နင်က အဲ့ဝတ်စုံနဲ့ တကယ်ကြည့်ကောင်းတယ်"

ဟန်စုန့်ရွှယ်က သက်ပြင်းချခဲ့သည်။

" ငါကတော့ ခေတ်ဆန်ဆန် နေတတ်တဲ့သူမို့ ဒီလို အဝတ်အစားမျိုးနဲ့ သိပ်မလိုက်ဘူး"

"မဟုတ်တာ နင်လည်းလှပါတယ်" စုချန်ယန်မှ အမှန်အတိုင်း ချီးကျူးပြောဆိုခဲ့သည်။

ဟန်စုန့်ရွှယ်က ချက်ချင်း ပေကလပ် ပေကလပ် လုပ်ရင်း ပြုံးပြလာကာ ပြောခဲ့သည်။

"တကယ်တော့ ငါနောက်နေတာ"

"ရှစ်ချီ?"

အခန်းထဲမှထွက်လာတော့ ကျန်းရှစ်ချီသည် မရည်ရွယ်ဘဲ စုချန်ယန် ရှိရာ လျှောက်ရင်းလာနေခဲ့သည်။ သူမ လက်ထောက်က ဇဝေဇဝါနှင့် ပြောတော့သည်။

"စုချန်ယန်ကို သွားရှာမလို့လားဟင်? ဟုတ်တယ်မလား"

ကျန်းရှစ်ချီ - "စီနီယာအစ်မ ပြောဖူးတာကို ငါမယုံဘူး"

ထို့နောက် စုချန်ယန်နှင့် သူမ အဖွဲ့ရှိရာဆီ လျှောက်သွားခဲ့သည်။

All Chapters