← Chapters

အခန်း ၅၁

Vol. 4 Ch. 51

အခန်း ၅၁

Vol. 4 Ch. 51

ရှင်းရှု အိမ်မှထွက်လာပြီးနောက် စုချန်ယန်က လင်းယွီ သူမကို တစ်စုံတစ်ခု ပြောစရာရှိတယ် ထင်ခဲ့ပေမယ့် အဲ့ဒီ့အစား သူက ရှောင်လု နောက်မှ လိုက်ပါလာရင်း သူမအား အဖော်ပြုပေးပြီးနောက်မှာ တစ်ယောက်ထဲ လှည့်ပြန်သွားသည်ကို တွေ့လိုက်ရသည်။

သူမကို အစားလျော့စားဖို့ လူကိုယ်တိုင် ကြီးကြပ်ဖို့ပဲလာခဲ့တာ များလား..

.......

နေ့လည်စာစားပြီးနောက် ပရိုဂရမ်အဖွဲ့မှ သရုပ်ဆောင်အဖွဲ့သားများအား မိမိတည်းခိုခန်းတွင် အနားယူခွင့်ပေးခဲ့ပြီး ဆက်ရိုက်ကူးဖို့အတွက် အခန်းနံပါတ် ၁ နှင့် ၂ တွင် ပြန်ဆုံဖို့ပြောခဲ့သည်။

လင်းယွီသည် သူမ နေ့လည်စာစားချိန်တုန်းက အနီးကပ် ကြပ်မတ်နေတာကြောင့် စုချန်ယန်လည်း အများကြီးသိပ်မစားရဲပေ။

သူမနှင့် ကျန်းရှစ်ချီတို့သည် နောက်ဖေးနားရှိသည့် သူမတို့ အခန်းဆီ ပြန်သွားကြပြီး ကိုယ်စီ မိမိ၏အခန်းထဲသို့ဝင်သွားကြသည်။

မနေ့က မီးအိမ်အတွက် သုံးသည့် အလှဆင်ပစ္စည်းထည့်ထားသော ပလတ်စတစ်အိတ်အား ထုတ်လိုက်သည်။ အိတ်ကို မဖွင့်ခင်မှာဘဲ အပြင်ဘက် လမ်းတစ်ဝက်နားက အော်သံတစ်ခု ကြားလိုက်ရသည်။

"အားးးးးးး"

ကျန်းရှစ်ချီသည် စုချန်ယန် အခန်းထဲ ကတိုက်ကရိုက် အလန့်တကြား ပြေးဝင်လာစဉ် မျက်နှာမှာလည်း သွေးစုပ်ဖြူဖျော့ကာ ပြောလာသည့်စကားလုံးများမှာလည်း မပီမသပင်။

"အ..အခန်းထဲမှာ...ကြွက် ..ကြွက်ကြီးး"

စုချန်ယန်သည် သူမနောက်သို့ ကျန်းရှစ်ချီကို ပို့ထားကာအခန်းထောင့်တွင် စောင့်ကြောင့်ထိုင်နေမိစဉ် ထိုသို့ပြောလာသည်ကို ဘာမှမဖြစ်သလို နေခဲ့သည်။

လန့်ဖြန့်နေရာမှ ဖြေးဖြေးချင်း စိတ်ငြိမ်သွားပြီးတာနှင့်

ကျန်းရှစ်ချီက စုချန်ယန် နောက်ကျောအားဘုမသိဘမသိ ကြည့်ကာ ဖြေးဖြေးချင်း အနားကပ်သွားခဲ့သည်။

"စုချန်ယန်?"

စုချန်ယန်က တောင့်တောင့်ကြီး ဖြစ်နေကာ ဖြေးဖြေးချင်း ဒိဘက်လှည့်လာတော့ ပလတ်စတစ်အိတ်အမဲကိုကိုင်ရင်း မျက်ရည်များ စီးကျနေခဲ့သည်။

ကျန်းရှစ်ချီ အကြည့်များမှာလည်း တုန်လှုပ်နေခဲ့သည်။ "နင် ဘာဖြစ်နေတာလဲ?"

စုချန်ယန်က အိတ်အမဲကို ဖွင့်ပြကာ ရှိုက်ကြီးတငင်ပြောခဲ့သည်။

"ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ ဝက်အူချောင်းတောင့်ကို အဲ့‌ကြွက်စုတ်က အပေါက်ကနေဝင်လာပြီး စားသွားပြီ"

သူမ မုန့်ထုပ်တွေအကုန်လုံးကို ပေးခဲ့ပြီးနောက် ဒီ ဝက်အူချောင်းတောင့် တစ်ခုတည်းသာ နောက်ဆုံးကျန်တာဖြစ်လို့ ခိုးသိမ်းထားခြင်းပင်။

သူမ ဗိုက်ဆာလျှင် တိတ်တိတ်လေး ခိုးစားဖို့ ပြင်ထားတာဖြစ်ပေမဲ့ အခုတော့ သူမ ဗိုက်ဆာနေပြီဖြစ်တာတောင် ဝက်အူချောင်းကိုလည်း ကြွက်က စားသွားသည်ပင်။

စုချန်ယန်က အတော် စိတ်ထိခိုက်နေမိတာမို့ ရှိုက်ကြီးတငင်ငိုကာ မျက်ရည်များ ဖြိုင်ဖြိုင်စီးကျနေခဲ့သည်။

ကင်မရာမန်းက ချက်ချင်း အလောတကြီး ဝင်လာပြီး စုချန်ယန် မျက်နှာကို အနီးကပ်လာကြည့်ခဲ့သည်။

ကျန်းရှစ်ချီလည်း ခဏတာမျှ စွံ့အသွားခဲ့ပြီး မေးလိုက်သည်။"နင်က မူလတန်းကလေးလား?"

ပုံမှန်ဆိုလျှင် စုချန်ယန်က စိတ်ကိုထိန်းထားကာ တည်ငြိမ်တတ်ပြီး တခြားသူများနဲ့လည်း ပြိုင်ပြာပြီး ရန်ဖြစ်တာမျိုးတွေ မရှိပေ။

ထို့ကြောင့်သာလျှင် စုချန်ယန်သည် သူမဖွက်ထားသည့် ဝက်အူချောင်းကို ကြွက်က စားသွားတာကြောင့် ရှိုက်ကြီးတငင် ငိုနေသည်မှာ သူမ စိတ်ထဲ အနည်းငယ်... ချစ်ဖို့ကောင်းလို့ ပြောရမလား?

ကျန်ရှန်ချီက မျက်ရည်လည်ရွှဲဖြစ်နေသည့် သူမ မျက်နှာအား ကြောင်ကြည့်နေမိသည်။ "ဝက်အူချောင်းလေးပဲကို...ဒီလောက်ထိ ငိုဖို့လိုလို့လား?"

စုချန်ယန်၏ တည်ငြိမ်ရင့်ကျက်မှုများမှာ တစ်ခဏအတွင်းပျောက်သွားခဲ့ပြီး မကျေမနပ်ဖြစ်ကာ တိုင်တန်းသလို ပြောလာခဲ့သည်။

" ဒါက ငါ့မှာ နောက်ဆုံးကျန်တဲ့ဟာလေ! ဒါလေးကို ဖွက်ထားရဖို့ အခက်အခဲတွေ အများကြီး ကျော်ဖြတ်လာခဲ့ရတာ! ဗိုက်ဆာတဲ့အချိန်ကျ တိတ်တိတ်လေး စားမလို့ကို ... အခုတော့ မရှိတော့ဘူး! ငါ့မှာ ဘာမှမကျန်တော့ဘူး! ဘာလို့ ဒီမှာကြွက်တွေရှိနေတာလဲ ... ဘာလို့ကြွက်တွေက ဒီမှာ ရှိနေရတာလဲလို့!!"

စုချန်ယန်၏ အမူအရာမှာ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းနေပုံရကာ အစာအလုခံလိုက်ရသည့် ခွေးပေါက်လေးနှယ် ပြန်မရနိုင်တော့သလို ပုံစံမျိုးဖြစ်နေခဲ့သည်။

ကင်မရာမန်း အစ်ကိုကြီးလည်း သူရီချင်တာကို မနည်း ထိန်းထားကာ အော်ရီမိမှာစိုးတာမို့ ကြိတ်ရီနေတာကြောင့် တစ်ကိုယ်လုံး လှုပ်စိ လှုပ်စိဖြစ်နေခဲ့သည်။

အဲ့ဒီ့တော့မှ စုချန်ယန်သည် ဒီလိုရှက်စရာကောင်းသည့်အခန်းမျိုး ရိုက်ကူးခံလိုက်ရသည်ကို သတိထားမိတာကြောင့် ချက်ချင်း မျက်ရည်များသုတ်လိုက်ကာ ခကင်မရာဘက်မလှည့်ခင် လက်ညှိုးထိုးပြောလိုက်သည်။

"ဒီအခန်းကို မလွှင့်နဲ့နော် ဖျက်လိုက်!"

သူမ မျက်လုံးများက ရဲနေပြီး ငိုထားတာကြောင့် ဖောင်းအစ်ကာ တရင်းတနှီးလည်း‌ မပြောနိုင်တော့ပေ။

ကျန်းရှစ်ချီသည် တစ်ရှူးတစ်ခု ဆွဲထုတ်ကာ သူမ နားသွားပြီး အနေခက်စွာဖြင့် သူမပုခုံးအား ပွတ်သပ်ကာ နှစ်သိမ့်ပေးနေမိသည်။

"ကိုယ့်ကိုကိုယ် လေးစားမှုမရှိဘူးလား ဝက်အူချောင်းလေးတစ်ခုကြောင့် ဒီလောက်ထိ ငိုနေရတာတယ်လား ဟမ်?"

စုချန်ယန်လည်း တစ်ရှူးယူကာ နှာညှစ်လိုက်ပြီး ပြောခဲ့သည်။ "ဒါပေမဲ့ ငါ ဗိုက်ဆာတယ်လေ"

"နေ့လည်စာကို အဝမစားခဲ့ဘူးလား?"

စုချန်ယန် - " မစ္စတာလင်းက ငါ့ဘေးနာထိုင်ပြီး ငါ့ကိုစောင့်ကြည့်နေတာ နောက်ထပ် တစ်လုတ်ထပ်စားမိရင်ချက်ချင်း သူ့ကဒ်ကြီး ငါ့ဆီပစ်ပေးပြီး လျော်ကြေးငွေဆောင်ခိုင်းလိမ့်မယ်"

ကျန်းရှစ်ချီက မျက်မှောင်ကြုတ်ကာ မေးခဲ့သည်။"သူက အဲ့လောက်တောင် အားနေတာလား?"

စုချန်ယန်က ဘေးပတ်ပတ်လည်နှင့် ကင်မရာအား သတိကြီးကြီးထားကာ ကြည့်လိုက်ပြီး ကျန်းရှစ်ချီကို သူမဘေး ဆွဲခေါ်လိုက်သည်။

" လျှောက်မပြောနဲ့ဦး ငါ့ကိုသတိထားပြီး စောင့်ကြည့်နေတာ။ ပြီးတော့ သူက ငါကောင်းဖို့အတွက်ပါ"

ကျန်းရှစ်ချီ - "..."

ဝက်အူချောင်းကို ကြွက်စားသွားခြင်းရဲ့သက်ရောက်မှုကြောင့် စုချန်ယန်ကို ထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ဆာလောင်စေခဲ့သည်။

နေ့လည်စာစားဖို့အတွက် ခဏနားနေစဉ် စုချန်ယန်သည် သူမ ပျောက်သွားသည့် ဝက်အူချောင်းကိစ္စအကြောင်းကိုသာ ဆက်တိုက်တွေးနေမိသည်။

နေ့လည်ခင်း ရိုက်ကူးရေး တစ်လျှောက်လုံးတွင်လည်း စိတ်နဲ့ကိုယ်နဲ့ မကပ်ပေ။ ကံကောင်းတာတစ်ခုက နေ့လည်ပိုင်းရိုက်ကွင်းမှာ သိပ်အရေးမကြီးတာကြောင့် မြန်မြန်ပြီးအောင်သာ စီစဉ်လိုက်ကြသည်။

ရိုက်ကူးရေးပြီးသွားတော့ ပရိုဂရမ်အဖွဲ့မှ သူတို့၏ ဆက်သွယ်သည့် ဝေါ်ကီတော်ကီ စက်ကလေးများ ပြန်ပေးခဲ့သည်။ အကြောင်းရင်းကတော့ မနက်ဖြန် မနက်ကို စောစောထွက်ရမှာဖြစ်ပြီး ကုမ္ပဏီကိုပြန်ရတော့မည်ပင်။

ဘယ်လိုပဲဖြစ်ဖြစ် တောင်ပေါ်တွင် လိုင်းမကောင်းတာမို့ စုချန်ယန်လည်း ထိုဝေါ်ကီတော်ကီကို သိမ်းထားလိုက်ပြီး သူမ၏ tabletကိုသာ လက်ထဲတင်းတင်းကိုင်ထားရင်း သူမပါးစပ်မှာကိုက်ထားသည့် ဝက်အူချောင်းကို ကြွက်က ဆွဲလုသွားသည့်ပုံအား အပိုင်းဆက် ကာတွန်းပုံရေးဆွဲရင်းသာ တစ်ညလုံး အချိန်ဖြုန်းနေလိုက်သည်။

နောက်ဆုံးပုံတွင် ကြွက်ကလေးမှာ ဖြတ်သွားသည့် ကြောင်တစ်ကောင်၏ သားကောင်အဖြစ် အစားခံလိုက်ရကာ သူနဲ့ထိုက်တန်တဲ့အပြစ်ကိုခံယူလိုက်ရသည်။

"ဝက်အူချောင်း တစ်ချောင်း၏ ကလဲ့စားပုံပြင်" ဟုအမည်ပေးလိုက်သည်။ ပုံရေးဆွဲတာပြီးဆုံးသွားချိန်မှာတော့ သူမ၏ ခံပြင်းမှုများနှင့်ဒေါသက ပျောက်ကွယ်သွားတော့သည်။ (ကြွက်နဲ့လည်းရန်ဖြစ်🥴)

နောက်တစ်နေ့မနက် နိုးပြီးလျှင် အထုပ်အပိုးနှင့် ပစ္စည်းများသိမ်းဆည်းကာ ဝမ်ကျင့်ရွာမှ ထွက်ခွာခဲ့ကြသည်။

သိပ်အကြာကြီးမနေခဲ့ကြရပေမဲ့ အလှဆုံးရိုက်ချက်ကိုအမိအရ ရိုက်ကူးနိုင်ခဲ့သည်။ ဒါရိုက်တာများသည်လည်း အလွန်အမင်းကျေနပ်ခဲ့ကြပြီး အပိုင်း၂ပိုင်းထားဖို့တောင် တွေးခဲ့ကြသည်။

ရသစုံရှိုးတစ်ခုအတွက် အတွေ့အကြုံမရှိသည့် သရုပ်ဆောင်များမှာ ဒီလို ဒရာမာဆန်ဆန်ပုံစံမျိုး ရနိုင်တဲ့အထိ သရုပ်ဆောင်ပေးနိုင်မယ်လို့ သူတို့ဘက်ကလည်းထင်မထားခဲ့ကြချေ။

ထွက်မသွားခင်တွင် ရွာသူကြီးနှင့် ရွာသားများမှာ လာနှုတ်ဆက်ကြရာတွင် ရှင်းရှုလည်း အပါအဝင်ဖြစ်သည်။

ရွာသားများအား နှုတ်ဆက်မိန့်ခွန်းစကားပြောကြားပြီးနောက် စုချန်ယန်နှင့် သူမအဖွဲ့လည်း ကားထဲ ဝင်သွားကြသည်။

သူမအား တစ်ခုခုပြောချင်နေခဲ့ပုံရသည့် ရှုင်းရှုကို လူကြားထဲတွင် သူမ လှမ်းတွေ့လိုက်ပေမယ့် ပြောခွင့်မရခဲ့ချေ။ သူ့ခမျာ တုံ့ဆိုင်းနေခဲ့ပေမဲ့ ပြောခဲ့ရင်တောင် ဘာမှအရာမရောက်တော့မှာမှန်း ခေါင်းထဲ အသိဝင်သွားတာမို့ သူမကို ထွက်သွားခွင့်ပေးခဲ့ခြင်းသာ။

လင်းယွီနှင့် လုရင်(ရှောင်လု)မှာ ကားနောက်ခန်းထဲ ထိုင်နေကြသည်။

လင်းယွီမှာ တံခါးနားတွင်ထိုင်ကာ ပြတင်းပေါက်ကို တစ်ဝက်သာဖွင့်ထားပြီး ပေါင်ပေါ်တွင် လက်ပ်တော့တင်ကာ စာရင်းဇယားတချို့ကို စစ်ဆေးနေခဲ့သည်။

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကားမှန်တံခါး လာခေါက်တာမို့ လုပ်လက်စအလုပ်ဆီမှ အာကြည့်ကို ဖြည်းဖြည်းချင်းလွှဲရင်း ခေါင်းမော့ကြည့်လိုက်တော့ စုချန်ယန်နှင့် မကြာခဏ စကားပြောနေခဲ့ဖူးသည့် ကောင်လေး ဖြစ်နေခဲ့သည်။

"ဒီမှာ? အကူအညီတောင်းချင်တာများရှိလို့လား?"

လင်းယွီသည် လက်ပ်တော့ကို ပိတ်လိုက်ကာ ရှင်းရှုအား ထီမထင်သလို တစ်ချက်ဝေ့ကြည့်လိုက်သည်။

(အလကား သူဂျေကိုက်နာ😤)

ရှင်းရှုသည် လင်းယွီထိုင်နေသည့် ကားခေါင်းပိုင်းကို စုချန်ယန် ရှိ မရှိတစ်ချက်ကြည့်ပြီးတော့မှ သူ့ဘက်လှည့်ကာမေးခဲ့သည်။

"ခင်ဗျားက မိန်းကလေးစုရဲ့ကိုယ်စားလှယ်ဆိုတဲ့ ပုဂ္ဂိုလ်လား?"

လင်းယွီလည်း မျက်လုံးများအား ခပ်ပါးပါးဖြစ်သည်အထိ မှေးကျဉ်းပစ်လိုက်သည်။

"ဟုတ်တယ် သူမဆီက တစ်ခုခုလိုအပ်တာရှိလို့လား? ပြန်ရောက်ရင် မင်းအတွက် စကားကြုံပါးပေးမယ်လေ"

ဤသို့ဆိုလျှင် ရှင်းရှုမှ လင်းယွီအား သပ်သပ်ရပ်ရပ်ခေါက်ထားသည့် စာလေးအား လှမ်းပေးလိုက်ပြီး မှာခဲ့သည်။

"ဒီစာလေးကို ကျွန်တော့်အစား သူမကို ပေးပေးလို့ရမလား?"

လင်းယွီသည် ရှင်းရှုလက်ထဲမှ စာကိုသာ ကြည့်နေပြီး ချက်ချင်းမယူဘဲ နေခဲ့သည်။ အဲ့ဒီ့အစား သူ ပြောခဲ့သည်။ " မင်းနေထိုင်တဲ့ ပတ်ဝန်းကျင်က စုချန်ယန်နေတဲ့ပုံစံနဲ့တစ်ခြားစီနော် ဒီဟာကို သူမဆီ ပေးချင်တာသေချာရဲ့လား?"

ရှင်းရှုလည်း တင်္ဒဂမျှစိတ်ပျက်သွားမိပေမဲ့ လင်းယွီဘာကို ဆိုလိုချင်မှန်း နားလည်ပုံရတာကြောင့် အားအင်ပြည့်ဝနေသလို အပြုံးလေးပြုံးပြကာ ခေါင်းငြိမ့်ပြခဲ့သည်။

"ဒါပေါ့ အနုပညာရှင်တွေအတွက် ကန့်သတ်ချက်တွေအများကြီးရှိတယ်ဆိုတာ ကျွန်တော်သိပါတယ် သူဖတ်ဖတ် မဖတ်ဖတ် ကိစ္စမရှိပါဘူး ခင်ဗျား သူ့ကိုပေးပေးဖို့ပဲအရေးကြီးတာပါ"

(ခစ်ခစ်🤭 ရှင်းရှု 1 လင်းယွီ 0)

လင်းယွီလည်း မသိမသာ ပါးစပ်ကို တင်းတင်းစေ့ပြီးမှ

ရှင်းရှုလက်ထဲမှ စာကိုယူလိုက်ပြီး ပြန်ပြောခဲ့သည်။

"ကောင်းပြီလေ မင်းအစား သူ့ကိုဒီစာပေးပေးမယ်)

ရှင်းရှု လှည့်ထွက်သွားသည်ကို ကြည့်ရင်း လင်းယွီသည် လက်ထဲမှ စာလွှာပါးပါးလေး ဘက်ကိုငုံ့ကာ စိုက်ကြည့်ခဲ့သည်။ သူ့အကြည့်များမှာ မရေရာ မသေချာမှုများထင်ဟပ်နေပြီး သူ့ခံစာချက်ကို သူကိုယ်တိုင်တောင် မရိပ်မိနိုင်သည်အထိပင်။

All Chapters