အခန်း ၅၃
Vol. 4 Ch. 53
စုချန်ယန် Weibo ထဲဝင်လိုက်တော့ သူမတို့ရိုက်ကူးခဲ့သော reality ရှိုးဖြစ်သည့် 'Travel' မှာ နိုင်ငံသားများပါးစပ်တွင် ဝေဝေဆာဆာ ဖြစ်နေခဲ့သည်။
"ဘာကြည့်နေတာလဲ?" ရှောင်လုလည်း ကြောင်လိမ်လှေကားက တစ်ဆင့် ဆင်းလာတော့ အမဲလက်ပြတ် ခါးတိုလေးဝတ်ကာ အဖြူရောင်ဘောင်းဘီအတိုကို ဝတ်ထားခဲ့သည်။
ဆံပင်များမှာ အနည်းငယ်ပွနေပြီး သူမသည်လည်း အိပ်ချင်မူးတူး မျက်လုံးများနှင့်ပင်။ ရှောင်လုက အခုမှနိုးလာပုံရပြီး သန်းဝေကာ အကြောဆန့်ရင်း စုချန်ယန်နားလာလေသည်။
စုချန်ယန်က [Travel]ထဲ ဝင်လိုက်ပြီး စုချန်ယန်နှင့် ကျန်းရှစ်ချီ အပါအဝင် အစီအစဉ်၏ ရိုက်ကွင်းနောက်ကွယ် ပုံရိပ်များအား ဈေးကွက်စီးပွားရေး(မားကတ်တင်း)အကောင့်တချို့မှ ထုတ်လွှင့်ပြသနေသည်များကို တွေ့ခဲ့သည်။
"Weibo" ရှောင်လုက ပြောခဲ့သည်။
စုချန်ယန် သခွားသီးကို တတိတိနှင့် အားရပါးရစားနေသည်ကိုကြည့်ရင် ရှောင်လုသည်လည်း ရေခဲသေတ္တာထဲက သခွားသီးတစ်ပိုင်းယူကာ စုချန်ယန် နား သွားခဲ့သည်။
"စကားမစပ် ငါ့ဝမ်းကွဲအစ်ကိုက အစီအစဉ်ရဲ့ ပရိုမိုးရှင်းဗီဒီယိုကို ဒီညလွှင့်မယ်လို့ မင်းကို ပြောခိုင်းထားတယ် သူတို့ဘက်ကလည်း နင့်အကောင့်ကို tag တွဲပြီးတင်မှာ အဲ့ဒါကြောင့် သူတို့ဘက်က တင်ပြီးတာနဲ့ နင်ကလည်းတပြေးထဲ ပြန်တင်ပေးဖို့ မမေ့နဲ့နော်"
စုချန်ယန်က ခေါင်းငြိမ့်လိုက်သည်။ [Travel]ဆိုသည့် entry မှာ ရုတ်တရတ် ဘယ်ကပေါ်လာမှန်း မသိ ပေါ်လာသည်မှာ ပြောစရာ မလိုတော့ချေ။
ပရိုဂရမ်အဖွဲ့မှ ပရိုမိုးရှင်းဆင်းတာပဲ ဖြစ်လိမ့်မည်။ Weibo တွင် ပရိုမိုးရှင်းဆင်းသည့် ဗီဒီရိုကို ထုတ်လွှင့်ပြီးနောက် လူစိတ်ဝင်စားခံရဆုံးရဲ့ ထိပ်ဆုံးကို တန်းရောက်သွားနိုင်သည်။
အစီအစဉ်နှင့် ပါဝင်သည့် သရုပ်ဆောင် ဧည့်သည်များမှာ အထူးတလည် လူသိမများပေမဲ့ စုချန်ယန်၏ ကျော်ကြားမှုကတော့ သူမ ပျောက်သွားထဲက ကျော်ကြားမှုတွေ မှေးမှိန်သွားခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။
ပရိုမိုးရှင်းကြောင့် ရလဒ်က တိုးတက်လာရင်တောင် ချက်ချင်း ဝရုန်းသုန်းကားကြီး ရှာဖွေမှုအများဆုံးရဲ့ထိပ်ဆုံးကို ချက်ချင်းရောက်ဖို့ဆို ဖြစ်နိုင်ချေသိပ်မရှိပေ။
Weibo အောက်မှ ပို့စ်အသစ်များကို ကြည့်ရင်းကြည့်ရင်း ထန်ယွဲ့၏ အကောင့်ကို အမှတ်မထင် တွေ့လိုက်ရသည်။
သူမ အကောင့်ထဲ ဝင်လိုက်လျှင် ယန်ရှို့ရီ၏ ဟိုးလေးတကျော် ကျော်မကောင်း ကြားမကောင်းဖြစ်ချိန်ကစ၍ ထန်ယွဲ့လည်း လိုင်းပေါ်တွင် လူစိတ်ဝင်စားခြင်းကို အမြောက်အများ ခံရလေသည်။
နောက်ဆုံး၌ သူမသာလျှင် ဖျော်ဖြေရေးနယ်ပယ်၌ စုချန်ယန်ဘက်ကနေ သတ္တိရှိရှိနှင့် ရပ်တည်ပေးခဲ့ပြီး အယုတ်တမာကောင်ကို ပြစ်တင်ရှုံ့ချပေးခဲ့သော တစ်ဦးတည်းသောသူဖြစ်ချေသည်။
ထန်ယွဲ့သည် Weiboတွင် follower ၂သန်း ပြည့်လုနီးပါးထိရှိပြီး လတ်တလောမှာလည်း လူထုဆီမှ ထောက်ခံချက် အနည်းငယ်လည်း ရရှိခဲ့ပုံပင်။ သူမ၏ အရင်ပို့စ်များအားလုံးက ကြော်ငြာများသာဖြစ်တာမို့ သူမသည်လည်း အဆင်ပြေနေသည့်ပုံပင်။
စုချန်ယန်သည် သူမအား followလုပ်ပြီး Wechat တွင် နှုတ်ဆက်စကား အနည်းငယ် စပြောရင်း တစ်ယောက်နှင့်တစ်ယောက်၏ လတ်တလော အခြေနေလေးတွေကို စကားစမြည် ပြောဖြစ်ကြသည်။ ထို့နောက် လျို့ဝမ်အား ခေါ်လိုက်သည်။
စုချန်ယန်ဆီက ဖုန်းဝင်လာတာမို့ လျိုဝမ်လည်းအံ့အားသင့်သွားသည်။ ထိုနေ့က သူမ၏ အရင်အေဂျင်စီမှ ထွက်လာပြီးနောက် စုချန်ယန် ပြောသွားသည့်စကားများကို ဒီတိုင်းကြုံလို့ ပြောသွားသည်ဟုသာထင်ခဲ့မိပေမဲ့ ယခုလို သူမအား တကယ်ကြီးဖုန်းခေါ်လာလိမ့်မည်လို့တော့ မထင်ထားခဲ့ပေ။
၅ နာရီထိုးခါနီးတွင် စုချန်ယန်နှင့် ရှောင်လုတို့သည်
လမ်းသွယ်လေးပေါ် ရှိ သူမတို့ကြိုတင်နေရာယူထားသည့် hotpotဆိုင်သို့ သွားရန် ထွက်လာကြသည်။
လမ်းပေါ်တွင် ရှောင်လုက လင်းယွီဆီ လိပ်စာပို့ပြီးနောက် ကုမ္ပဏီကိစ္စတွေနဲ့ အလုပ်ရှုပ်နေသေးတာကြောင့် မပြီးသေးတာမို့ နောက်ကျမည်ဖြစ်ကြောင်း စာတစ်စောင်ပြန်ပို့လာသည်။
ဒါကိုမြင်တော့ စုချန်ယန်က ပြောလိုက်သည်။ " တကယ်လို့ မန်နေဂျာလင်း မလာနိုင်ရင်လည်း ငါတို့ဘာသာပဲ တူတူသွားစားရအောင်"
"Hotpot စားတယ်ဆိုတာ လူများမှ စားကောင်းတာဟ"
ရှောင်လုက ပြန်ပြောခဲ့သည်။
စုချန်ယန်က အနေရခက်စွာဖြင့် ပြန်ပြောလိုက်သည်။
" မန်နေဂျာလင်းက ဒီလိုအရသာမျိုး မကြိုက်ဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ?"
လင်းယွီသည် မကြာသေးမှီကမှ တရုတ်ပြည်ကိုပြန်ရောက်ခြင်းဖြစ်သည်ကို သူမ သတိထားမိသည်မှာနောက်ကျသွားသည်ပင်။ ဒါကြောင့်မို့ ဒီလိုအစားအစာမျိုးနှင့် အသားမကျလောက်သေးပေ။
စုချန်ယန်ကို မယဉ်ကျေးရာကျမှာ စိုးပြီး တိုက်ရိုက်မငြင်းဘဲ အောင့်အည်းပြီး နေနေတာများလား?
ရှောင်လုက ခေါင်းခါပြရင်း ပြောလိုက်သည်။ "ဟင့်အင်း ငါ့အစ်ကိုက အီတလီမှာ အနေများခဲ့တာ မှန်ပေမဲ့ တရုတ်ရိုးရာ အစားအစာလည်း သူကြိုက်ပါတယ်။ သူ့ဩဇာအရှိန်အဝါကြောင့် အီတလီက သူပိုင်တဲ့ခြံဝင်းထဲက ဥယျာဉ်မှူးအများစုတောင် တရုတ်လို ပြောကြတယ်"
"ဪ..."စုချန်ယန်က မထင်ထားမိကြောင့် ပြောလိုက်မိသည်။
"သူတရုတ်လို ကောင်းကောင်း ပြောတတ်တာ မအံ့ဩတော့ပါဘူး"
"အင်း" ရှောင်လုက ခေါင်းငြိမ့်ခဲ့သည်။
သို့သော် စုချန်ယန်က လင်းယွီကို မှာချင်သည့်စကားကို ရှောင်လုက ပေးပို့ထားပေမဲ့လည်း တုံ့ပြန်မှုကတော့
"နောက်မှလာမယ်"ဆိုသည့် စကားသာ။
သွားချင်သည့်နေရာကို ရောက်သည်နှင့် တစ်ပြိုင်နက် စုချန်ယန်က ချက်ချင်း ကားထဲက ထွက်ခဲ့သည်။
သူမ၏ ကျော်ကြားမှုက လိုင်းပေါ်တွင်လျော့ကျသွားသလို လူကြားထဲတွင် သူမကို ဘယ်သူမှ သတိထားမိမှာကိုလည်း စိုးရိမ်မနေတော့ပေ။
ဒါကြောင့်မို့ သူမလည်းပုန်းလျှိုးကွယ်လျှိုး မနေသည့်အပြင် အဝတ်အစားကိုလည်း သာမန်အတိုင်းသာ ဝတ်လာသည်။ ဆံပင်မှာ အနည်းငယ် ပွယောင်းယောင်းဖြစ်နေကာ မိတ်ကပ်တောင် မလိမ်းထားချေ။
အဲ့သလိုဆိုရင်တောင်မှ ရှောင်လု ထွက်လာမည်ကို မြေအောက် ကားပါကင်နားရှိ ဝင်ပေါက်တွင် ရှောင်လုအားရပ်စောင့်နေစဉ် သူမအားဖြတ်သွားဖြတ်လာများက စပ်စုသလို ကြည့်ခဲ့ကြသည်။
စုချန်ယန်တွင် ရင်သပ်ရှုမောကာ ဝင့်ဝါသည့်အသွင်အပြင်မျိုး ရှိသည်။ သူမစိတ်နဲ့ ကိုယ်နဲ့ မကပ်ပဲ မျက်နှာသေဖြစ်နေတဲ့ အချိန်ဆိုလျှင် ခပ်တန်းတန်းပဲနေသည်။
မင်းသမီးတစ်ယောက်အဖြစ် နှစ်ချီရှိသည့် အတွေ့အကြုံများအရ သူမ၏ အားလပ်ချိန်တွင်တောင်မှ သူမသည် ကျက်သရေရှိပြီး လူကြားထဲတွင် အလွယ်တကူ သတိထားမိလောက်သည့် သူမျိုးသာ။
တီဗီဖန်သားပြင်ပေါ်တွင် မြင်နေကျ မိန်းမလှလေးတွေလိုမျိုး ရုပ်ရည်သွင်ပြင်မျိုးမှာ စုချန်ယန်မှာ မရှိပေမဲ့ အပြင်မှာ လူအကောင်လိုက်ကြုံခိုက် တစ်ခါလောက်လှမ်းမြင်လိုက်ရရုံနှင့် မျက်လုံးထဲ စွဲသွားစေမည့်ပုံစံမျိုးလေးဖြစ်သည်။
ထပ်ပြီးပြောရလျှင် သူမ၏ ကိုယ်ရောင်ကိုယ်ဝါမှာ 'စုချန်ယန်' ယှဉ်လို့ရတာမျိုးမဟုတ်သည့် သဘောမျိုးပင်။
နောက်ဆုံးမှာတော့ မျက်နှာနီရဲနေသည့် ကောင်လေး
တစ်ယောက်မှာ စုချန်ယန်နား လာခဲ့သည်။ သူမလည်းသူ့ကို ဇဝေဇဝါကြည့်ရင်း တွေးမိသည်မှာ "လက်မှတ် ထိုးခိုင်းဖို့များလား"ဟူ၍ပင်။ သူမကို ဘယ်မှမမှတ်မိဘူးလို့ ထင်ထားမိသည်သာ။
စုချန်ယန်၏ ပုံမှန်အကြည့်လေး တစ်ချက်က ကောင်လေး၏ မျက်နှာကို ရဲသထက် ရဲလာစေခဲ့သည်။ ပြီးလျှင် အထစ်ထစ် အငေါ့ငေါ့ ပြောလာခဲ့သည်။
"မင်္ဂလာပါ ကျွန်တော်တို့....ကျွန်တော်တို့ အချင်းချင်းသိခွင့်ရှိမလားဗျ?"
စုချန်ယန်လည်း အံ့အားသင့်သွားခဲ့သည်။ ထိုကောင်လေးက လက်မှတ်အတွက် ရောက်လာတာ မဟုတ်ပေ...
"အာ ..အဲ့ဒါကလား?" စုချန်ယန်က ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပုံစံဖြင့် ချိုချိုသာသာ ပြောခဲ့သည်။ သူမ၏ အရင်ကမ္ဘာမှာတော့ သူမတွင် အခြေခံအားဖြင့် ပရိသတ်အနည်းငယ်တော့ ရှိခဲ့သည်။
အပြင်မှာတွေ့သည့် သူတိုင်းက သူမကို လက်မှန်ထိုးပေးဖို့သာ တောင်းဆိုကြသည်။ ရုတ်တရတ်ကြီး လက်မှတ်မလိုချင်သည့်သူအား ကြုံလိုက်ရတော့ သူမလည်း နည်းနည်းကြောင်သွားခဲ့သည်။
ကောင်လေး၏ မျက်နှာက ဂဏန်းအကျက်လို နီမြန်းနေခဲ့သည်။ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး စကားပင်သေချာ မပြောနိုင်ချေ။
ထို့နောက် ရှောင်လုက မြေအောက် ကားပါကင်မှထွက်လာပြီး ဘာမှမသိသည့် မျက်နှာထားနှင့် စုချန်ယန်နှင့်အတူ သူမရှေ့က အူကြောင်ကြောင်နိုင်သော ကောင်လေးကို လှမ်းတွေ့နေရသည်။
သူမလည်း စုချန်ယန်ကို လှမ်းစခဲ့သည်။ " ကျစ်. ချန်ယန် မခြောက်နဲ့လေ သူများကို"
စုချန်ယန် - "..."
ဘယ်လိုမျက်လုံးမျိုးနဲ့ ငါက သူ့ကိုကြောက်အောင်ခြောက်ပြနေတယ်လို့ မြင်ရတာလဲ?
ရှက်နေပေမဲ့လည်း ကောင်လေးက လက်မလျှော့ချေ။ သူက အံကိုကြိတ်ကာ ပြောခဲ့သည်။
"မင်းကို Wechat add လို့ရလား? ငါ ခဏခဏ မနှောင့်ယှက်ပါဘူး"
ရှောင်လုက အောင်နိုင်သူလို အပြုံးမျိုး ပြုံးကာ သူမကို မျက်စိလှမ်းမှိတ်ပြခဲ့သည်။
စုချန်ယန်လည်း ကောင်လေးကို မတတ်နိုင်တော့ဘဲ ပြောလိုက်ရသည်။
"ဆောရီးပါ ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းအရ သူစိမ်းတွေကို Wechat ကနေ add ချင်တိုင်း add လို့ မရဘူးလို့ဖော်ပြထားလို့ပါ"
ကောင်လေးက ကြောင်သွားပေမယ့် စုချန်ယန်က သူ့ကို ငြင်းလိုက်ကြောင်း နားလည်သွားသည်။ သူလည်းမျက်နှာကြီးရဲကာ ပြောခဲ့သည်။
"မင်းကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်"
"သူမ နာမည်က စုချန်ယန်လို့ခေါ်တယ် သူမအကြောင်း ပိုသိချင်ရင် လိုင်းပေါ်မှာ ရှာကြည့်လိုက်နော်" ရှောင်လုက ထိုကောင်လေးကို လှမ်းအော်ပြောခဲ့သည်။
ထိုကောင်လေးက ခဏရပ်သွားကာ သူတို့ကို ခေါင်းငြိမ့်ပြပြီးနောက် ဘယ်ဘက်ချိုးသွားခဲ့သည်။
ရှောင်လုက စုချန်ယန်နား လျှောက်သွားကာ ကောင်လေး၏ နောက်ကျောကို ကြည့်ရင်း ပြောလိုက်သည်။
"သူပြန်ရောက်ရင် နင့်နာမည်ကို ရှာမယ်လို့ထင်လား"
"မသိဘူးလေ"
"ငါကတော့ထင်တယ် ဂုဏ်ယူပါတယ် ချန်ယန် နောက်ထပ် ပရိတ်သတ်လေး တစ်ယောက် ထပ်ရသွားပြီ။ ပြီးတော့ ကုမ္ပဏီမှာ အဲ့လိုတစ်ယောက်ယောက်ဆီက လာ add တာကို တားမြစ်ထားတဲ့ စည်းမျဉ်းကတကယ်ကြီးရှိတာလား?"
စုချန်ယန်က သူမကို ပြုံးတစ်ဝက် မဲ့တစ်ဝက်ဖြင့် ကြည့်ကာပြောခဲ့သည်။ "ကုမ္ပဏီမှာတော့ အဲ့လို စည်းကမ်းမျိုး မရှိဘူး။ နင့် အစ်ကို ဝမ်းကွဲမှာတော့ရှိတယ်"
"ဘာတွေပြောနေတာတုန်းး ဘာလို့ ငါ့အစ်ကိုဝမ်းကွဲက အဲ့လိုလုပ်ရမှာလဲ?"
စုချန်ယန် လည်ချောင်းဟန့်လိုက်ကာ အဲ့တုန်းက
လင်းယွီ၏ လေသံကိုလိုက်တုရင်း ပြောပြလိုက်သည်။
"ဒါက ကျွန်တော့ကဒ်ပါ လျော်ကြေးငွေကတော့ တိုက်ရိုက်သွင်းပြီးသား ဖြစ်သွားပါလိမ့်မယ်"
ရှောင်လုလည်း ဟက်ဟက်ပက်ပက် ရယ်ကာ ပြောလိုက်သည်။ "နင်အဲ့လောက် အညှိုးအတေး ကြီးလိမ့်မယ်လို့ မထင်ထားဘူး ငါ့အစ်ကိုက စလိုက်တာပါ"
"ငါမယုံဘူး မန်နေဂျာလင်းက အဲ့လိုလူမျိုးမဟုတ်ဘူး"
နှစ်ယောက်သား စကားပြောရင်း လမ်းလျှောက်သွားကြကာ Hotpot ဆိုင်ထဲဝင်သွားသည်။ ရှောင်လု နာမည်ပြောလိုက်တော့ ဝိတ်တာကောင်လေးက သူတို့ကို private အခန်းဆီ ခေါ်သွားခဲ့သည်။
၆နာရီ ခွဲခါနီးနေပြီဖြစ်ပြီး တံခါးကြားကနေ ထွက်လာသည့်ရနံ့လေးကိုပင် ရနေသည်။ စုချန်ယန်လည်း အရမ်းဗိုက်ဆာလာတာကြောင့် ရေချည်းပဲ ၃၊ ၄ခွက်လောက် ထိုင်သောက်နေမိသည်။
Menu ကို ကိုင်ပြီး သူမမှာချင်သည်များကို လိုက်မှတ်နေလေသည်။ လင်းယွီနှင့် အခြားသူများ ရောက်သည်နှင့် သူမမှာထားသည်များအား မြန်နိုင်သမျှမြန်မြန်လေး ချထားစေချင်မိသည်။