← Chapters

မုရှင်းလျို၏ စိုးရိမ်မှု....

Vol. 14 Ch. 212

မုရှင်းလျို၏ စိုးရိမ်မှု....

Vol. 14 Ch. 212

ကျွင်းတုန်ကျင်း ပြောင်းရွေ့အမိန့်ကျလာသောအချိန်တွင် သူက ဂိုဏ်းချုပ်အတွက် အနာဂတ်ဂိုဏ်းချုပ်နေရာမှ ထုတ်ပယ်ခံလိုက်ရပြီဟု မုမန်ထင်းက အမှန်တကယ်ပင် တွေးမိခဲ့သည်။ သို့သော် သူက ခန့်မှန်းရုံသာရှိပြီး သူ၏ အတွေးများက မှန်သည် မှားသည် မပြောနိုင်ပေ။ ဂိုဏ်းချုပ်က ကျွင်းတုန်ကျင်းကို အဝေးသို့ ခနပို့ပြီး ပြန်ခေါ်နိုင်လေသည်။

ထို့ကြောင့် မုမန်ထင်းက အန္တရာယ်ရှိသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

မုရှင်းလျိုက ခံစားချက်များ ရှုပ်ထွေးနေသော မုမန်ထင်းကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ မုမန်ထင်းက ကျွင်းတုန်ကျင်းလောက် မတော်ပေ။ သို့သော် မုမန်ထင်းက သူ၏ မိသားစုဝင် တစ်ယောက်ဖြစ်နေသည်။

အမှန်တော့ တာအိုအင်မော်တယ်ဂိုဏ်း၏ နှစ်ပေါင်းများစွာ အခြေခံအုတ်မြစ်နှင့် မည်သူ ဂိုဏ်းချုပ်ဖြစ်သည်က အနည်းငယ်သာ ကွာခြားလေသည်။

ကျွင်းတုန်ကျင်းက ဂိုဏ်းချုပ်ဖြစ်လာလျှင်တောင် သွေးနတ်ဆိုးပင်လယ်၊ မိစ္ဆာနန်းတော်နှင့် နတ်ဆိုးသူတော်စင်အသိုက်တို့ကို ချေမှုန်းနိုင်မည်မဟုတ်ပေ။

မုမန်ထင်းက အနည်းငယ် နိမ့်ကျနေလျှင်တောင် သူဂိုဏ်းချုပ်ဖြစ်လာလျှင် တာအိုအင်မော်တယ်ဂိုဏ်းက သိသိသာသာ ယုတ်လျော့သွားမည်မဟုတ်ပေ။

တာအိုအင်မော်တယ်ဂိုဏ်း၏ ခိုင်မာသော အခြေခံအုတ်မြစ်က ဆက်လက်တည်ရှိနေပေလိမ့်မည်။ ဝက်တစ်ကောင်ပင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်ပြီး ဂုဏ်ချုပ်ဖြစ်လာကာ ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ထိန်းချုပ်နိုင်လျှင် ၎င်း၏ အာဏာကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

ဤကမ္ဘာကြီးတွင် တာအိုအင်မော်တယ်ဂိုဏ်းက အဓိကအင်အားစုတစ်ခု ဖြစ်လေသည်။

" မင်း ကျွင်းတုန်ကျင်းကို သတ်ချင်သေးလား။ " မုရှင်းလျိုက မုမန်ထင်းကို ကြည့်ပြီး မေးလိုက်သည်။

" မသတ်ချင်တော့ပါဘူး။ ဂိုဏ်းချုပ် ကျွန်တော် ကျွင်းတုန်ကျင်းအပေါ်မှာ မကောင်းစိတ်မထားတော့ဘူးလို့ ကတိပေးနိုင်ပါတယ်။ " မုမန်ထင်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

သူက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်ပြီး ဂိုဏ်းချုပ်ဖြစ်လာသရွေ့ သူ့အတွက် ဘာမှအရေးမကြီးပေ။

ထိုအချိန်တွင် မုမန်ထင်းက မုရှင်းလျို၏ စကားကို နားလည်သွားသည်။ တစ်ချိန်က ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့သော ကျွင်းတုန်ကျင်းက ထိုအချိန်တွင် သူ့အတွက် ဂိုဏ်းကို စောင့်ကြပ်ပေးရပေလိမ့်မည်။ ထိုအခြေအနေတွင် မုမန်ထင်းက ကျွင်းတုန်ကျင်းကဲ့သို့ အရည်အချင်း ရှိသူများ ပို၍ လိုအပ်ပြီး သူတို့ကို ဘာကြောင့်သတ်ပစ်ရမှာလဲ။

" ကျွင်းတုန်ကျင်းရဲ့ သားအငယ်ဆုံး ဝူကျိက စိတ်ဝိညာဉ်အမြစ်မရှိ​တော့ မင်းအတွက် ခြိမ်းခြောက်မှုတစ်ခုမဖြစ်တဲ့အပြင် သူက တိမ်မြူခိုးတော်ဝင်နယ်မြေကလည်း ထွက်တာရှားတယ်။ " မုရှင်းလျိုက ထပ်ပြောလိုက်သည်။

" ဂိုဏ်းချုပ်က ကျွန်တော်ကို လျှော့တွက်နေတာပဲ။ ကျွန်တော်က ဝူကျိကို ဘယ်လိုလုပ်ထည့်စဉ်းစားမှာလဲ။ " မုမန်ထင်းက လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။

မုမန်ထင်းက ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလျန်တို့ကိုသာ ခြိမ်းခြောက်မှုအဖြစ် မှတ်ယူခဲ့ပြီး ဝူကျိကို စာရင်းထဲပင် မထည့်ခဲ့ပေ။

စိတ်ဝိညာဉ်အမြစ်မရှိသော လူတစ်ယောက်ကို ဘာကြောင့် သတိထားနေရမှာလဲ။ ထို့ကြောင့် မုမန်ထင်းက တိမ်မြူခိုးတော်ဝင်နယ်မြေတွင် တစ်ခါမှ လှုပ်ရှားခဲ့ခြင်း မရှိပေ။

" ဒါဆို ကောင်းပြီလေ။ ဝူကျိက သနားဖို့ကောင်းပါတယ်။ " မုရှင်းလျိုက ခေါင်း​ငြမ့်လိုက်သည်။

အဆုံးတွင် သူက ကျွင်းဝူကျိ၏ အဖိုးသာ ဖြစ်သည်။ ကျွင်းဝူကျိက စိတ်ဝိညာဉ်မရှိသောကြောင့် သူ့ကို အနိုင်ကျင့်ရဲသူမရှိသော်လည်း သူက စိတ်ထိခိုက်လွယ်သော လူတစ်ယောက်ဖြစ်လေသည်။ မဟုတ်လျှင် တိမ်မြူခိုးတော်ဝင်နယ်မြေတွင် ပုန်းပြီး ဆယ်စုနှစ်ကြာအောင် မထွက်လာဘဲနေမည်မဟုတ်ပေ။

" ဝူကျိ အဲ့ဒီမှာ ရှိနေရင် တိမ်မြူခိုးတော်ဝင်နယ်မြေက သူ့အပိုင်ပဲ။ ဘယ်သူမှ အဲ့ဒါကို မထိရဘူး။ "

မုရှင်းလျို၏ စကားကြားသောအခါ မုမန်ထင်းက စိတ်အေးသွားသည်။

" ငါနဲ့လိုက်ခဲ့။ ငါမင်းကို တာအိုအင်မော်တယ်ဂိုဏ်းရဲ့ အကြီးမားဆုံး လျို့ဝှက်ချက်ကို ပြမယ်။ " မုရှင်းလျိုက ခေါင်းငြိမ့်လိုက်သည်။

နတ်ဘုရားကုန်းမြေနှင့် တောရိုင်းနယ်မြေကြားတွင် ဟင်းလင်းပြင်လှိုဏ်ဂူအဆင့် အထွတ်အထိပ်ရှိသော ထိုက်ယင်စွမ်းအားကို ကျွမ်းကျင်သည့် ရှေးဟောင်းသူတော်စင်တစ်ယောက် ပေါ်လာခဲ့သည်။ အရှေ့ပင်လယ်တွင်လည်း ရှေးဟောင်းသူတော်စင်တစ်ယောက်က ဟေးကျင်းကျွန်းစုကို ဖျက်ဆီးခဲ့လေသည်။

ထိုနှစ်ယောက်က မည်သည့်နေရာက ပေါ်လာမှန်းမသိသော်လည်း သူတို့က မုရှင်းလျို၏ စိတ်ကို ဖိအားများ ဖြစ်စေခဲ့သည်။

တာအိုအင်မော်တယ်ဂိုဏ်း ပျက်ဆီးသွားမည့်အရေး မဟုတ်ပေ။ သို့သော် သူစိုးရိမ်သည်မှာ ထိုရှေးဟောင်းသူတော်စင်နှစ်ယောက်က ယခင်သုံးယောက်နှင့် ပူးပေါင်းပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် စစ်ပွဲကြီးဖြစ်လာမည်ကို စိုးရိမ်ခြင်းဖြစ်သည်။

သို့သော် စစ်ပွဲက မည်မျှပြင်းထန်သည်ဖြစ်စေ တာအိုအင်မော်တယ်ဂိုဏ်းက အင်မော်တယ်တောင်တန်းနှင့် ထိုက်ဟောက်အင်မော်တယ်ကြေးမုံရှိလျှင် ဂိုဏ်းက ထိခိုက်မှုရှိမည်မဟုတ်ပေ။

သို့သော် ၎င်းက စိတ်အနှောက်အယှက်ဖြစ်စရာပင် ဖြစ်သည်။ မူလက ယင်သုံးကောင်သာ ဝဲနေသော်လည်း ယခု နောက်ထပ် နည်းနည်းပေါ်လာသည်။ ထို့အပြင် ရှေးဟောင်းသူတော်စင်များ၏ တိုက်ပွဲက တာအိုအင်မော်တယ်ဂိုဏ်း ကာလတန်ကြာ အုပ်စိုးခဲ့သော အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို ပျက်ဆီးသွားစေနိုင်လေသည်။

ထို့ကြောင့် တာအိုအင်မော်တယ်ဂိုဏ်းက မကြာမီ နောက်ထပ် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသူတော်စင်တစ်ယောက် ပိုင်ဆိုင်မှ ရပေလိမ့်မည်။

ရှေးဟောင်းသူတော်စင်နှစ်ယောက်ရှိလျှင် တစ်ယောက်က အင်မော်တယ်တောင်တန်းတွင် နေနိုင်လေသည်။ နောက်တစ်ယောက်က ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ကိုင်ပြီး အင်မော်တယ်တောင်တန်းမှ ထွက်ကာ ရန်သူများကို ရှင်းလင်းနိုင်လေသည်။

မန်ရာတောင်တန်း။

ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က ဂူတစ်ဂူထဲတွင် ရှိနေကြသည်။

" ငါတို့ အချိန်တစ်ခုထိတော့ ပြန်လို့ရဦးမှာမဟုတ်ဘူး။ " ကျွင်းတုန်ကျင်းက သက်ပြင်းချလိုက်သည်။

ဂိုဏ်းချုပ်က သူ့ကို အဝေးသို့ ပို့ပြီး မုမန်ထင်းအတွက် လမ်းခင်းပေးရန် ဖြစ်သည်ကို သူနားလည်လေသည်။ ပြောရလျှင် တာအိုအင်မော်တယ်ဂိုဏ်း၏ အနာဂတ်ဂိုဏ်းချုပ် ရှေးဟောင်းသူတော်စင်ကို ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ သူက မုမန်ထင်းပင်ဖြစ်၏။ ကျွင်းတုန်ကျင်း၏ အနာဂတ်ကို ယခု မုမန်ထင်းက ဆုံးဖြတ်ရန် လိုအပ်လေသည်။

" အဖေ.." မုလျန်အာက စိတ်ပျက်သွားသည်။

မုရှင်းလျိုက ဂိုဏ်းချုပ်နေရာကို မုမိသားစုမှ ရွေးချယ်ခဲ့လေသည်။ ထိုဆုံးဖြတ်ချက်က မျှော်လင့်ထားနိုင်လေသည်။ အကြောင်းမှာ ရှေးဟောင်းသူတော်စင်များပင် ခံစားချက်များရှိပြီး အမြဲတမ်း ဘက်မလိုက်ဘဲ တရားမျှတရန် မဖြစ်နိုင်ပေ။ မုမန်ထင်းကို ရွေးချယ်ပြီး ကျွင်းတုန်ကျင်းကို စွန့်လွှတ်ခဲ့လေသည်။ ၎င်းက ထူးဆန်းသည်တော့ မဟုတ်ပေ။

" ဝူကျိက ဒီအခက်အခဲတွေကို ရင်ဆိုင်ဖို့ လိုက်မလာတာ တော်သေးတယ်။ " ကျွင်းကျိလန်က ပြောလိုက်သည်။

တိမ်မြူခိုးတော်ဝင်နယ်မြေက အသက်ရှည်စေနိုင်လေသည်။ ဝူကျိက စိတ်ဝိညာဉ်အမြစ်မရှိဘဲ ရုပ်ခန္ဓာကျင့်ကြံခြင်းကလည်း သက်တမ်းကို မတိုးပေးနိုင်ပေ။ ထို့ကြောင့် တိမ်မြူခိုးတော်ဝင်နယ်မြေတွင် ရှိလျှင်တောင် ကျွင်းဝူကျိက ရာစုနှစ်အနည်းငယ်သာ အသက်ရှင်နိုင်ပေလိမ့်မည်။

ကျွင်းဝူကျိက တိမ်မြူခိုးတော်ဝင်နယ်မြေတွင် မနေဘဲ သူတို့နှင့် မန်ရာတောင်တန်းသို့ လုက်လာခဲ့လျှင် သူ၏ သက်တမ်းများက လျော့ကျသွားပြီး သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ရာ ကြာသွားခဲ့သည်။

ထိုနှစ်တစ်ရာတွင် အလယ်ပိုင်းနတ်ဘုရားကုန်းမြေက တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာခဲ့သည်။ သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်နှင့် မိစ္ဆာနန်းတော်တို့က လျို့ဝှက်ပူးပေါင်းနေကြပြီး နောက်ထပ် စစ်ပွဲကြီးကို စတင်ချင်နေကြသည်။

သူတို့အတွက် တစ်ခုတည်းသော စိတ်ပျက်စရာမှာ တစ်ချိန်က ထွက်ပေါ်လာခဲ့သော လျို့ဝှက်ဆန်းကျယ်သည့် ရှေးဟောင်းသူတော်စင်နှစ်ယောက်ဖြစ်သည်။

တစ်ယောက်က ရုပ်ခန္ဓာကျင့်ကြံခြင်း ရှေးဟောင်းသူတော်စင်ဖြစ်၏။ နောက်တစ်ယောက်မှာ ထိုက်ယင်စွမ်းအားနှင့် ရှေးဟောင်းသူတော်စင်တစ်ယောက် ဖြစ်သည်။

သူတို့က နောက်ထပ် ထွက်ပေါ်မလာခဲ့ပေ။ သူတို့သာ ထိုရှေးဟောင်းသူတော်စင်နှစ်ယောက်နှင့်သာ မဟာမိတ်ဖွဲ့နိုင်လျှင် အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် စစ်ပွဲကြီးကို လှုံ့ဆော်ရန် အခွင့်အလမ်း ပိုများလာမည်ဖြစ်သည်။

တိမ်မြူခိုးတော်ဝင်နယ်မြေ ကျင့်ကြံခြင်းအခန်း။

" နောက်ဆုံးတော့..." လင်းယွမ်က ထိုင်ပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

နှစ်တစ်ရာအတွင်း လင်းယွမ်က ကျင့်ကြံခြင်းအပြင် ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းကို နားလည်ရန် ကြိုးစားနေခဲ့သည်။ ထိုရုပ်ခန္ဓာနတ်စွမ်းရည်က ရှုထောင့်အမျိုးမျိုးပါဝင်ပြီး သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် ၎င်းကို နားလည်ရန် နှစ်တစ်ရာအချိန်ယူခဲ့ရလေသည်။

" ဒါဆို ငါ မူလကမ္ဘာကို ပြန်ရောက်ရင်တောင် ဒီနတ်စွမ်းရည်ကို သုံးနိုင်သွားပြီ။ " လင်းယွမ်က ကျေနပ်သွား၏။

သွေးပြန်လည်မွေးဖွားခြင်းက အသက်ကယ်နည်းလမ်းတစ်မျိုးဖြစ်ပြီး ထိုကဲ့သို့ နည်းလမ်းများက များများရှိလေ ပိုကောင်းလေဖြစ်သည်။

" ဒီနတ်စွမ်းရည်ကို လူတိုင်းအသုံးမပြုနိုင်တာ စိတ်မကောင်းစရာပဲ။ ဒါက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲစည်းပုံအပေါ် မူတည်ပြီး ကွဲပြားသွားလိမ့်မယ်။ "

" ငါ နှစ်တစ်ရာအတွင်း မူလကမ္ဘာက ခန္ဓာကိုယ်ပုံစံကို အသုံးပြုပြီး လေ့လာခဲ့တယ်။ ဒါကြောင့် ငါက သွေးပြန်လည်မွေးဖွားခြင်းကို မူလကမ္ဘာမှာလည်း အသုံးပြုနိုင်လိမ့်မယ်။ "

All Chapters