← Chapters

ကျွင်းဝူကျိ၏ မဟာလျို့ဝှက်ချက်....

Vol. 14 Ch. 213

ကျွင်းဝူကျိ၏ မဟာလျို့ဝှက်ချက်....

Vol. 14 Ch. 213

လင်းယွမ်က အနည်းငယ် စိတ်ပျက်သွား၏။ သူက ယခင် ထိုနတ်စွမ်းရည်ကို ဉာဏ်ပညာနတ်ဘုရားကို ရောင်းရန် စီစဉ်ထားသော်လည်း ယခုတော့ မဖြစ်နိုင်တော့ပေ။ နတ်စွမ်းရည်များက ပို၍ စွမ်းအားကောင်းသည်နှင့် ကန့်သတ်ချက်များကလည်း ပိုများလာလေသည်။

မူလကမ္ဘာတွင် အချို့လျို့ဝှက်နည်းစနစ်များက ထူးခြားလေသည်။ ၎င်းတို့က ခေတ်တစ်ခေတ်တွင် လူတစ်ယောက်သာ ကျွမ်းကျင်နိုင်လေသည်။ မူလကမ္ဘာ၏ သံမဏိစည်းမျဉ်းအရ အခြားသူများက ထိုလျို့ဝှက်နည်းစနစ်များကို နားလည်နိုင်လျှင်တောင် အသုံးမပြုနိုင်ပေ။

သွေးနတ်ဆိုးပင်လယ်။

သွေးနတ်ဆိုးသခင်က ကျွန်းပေါ်တွင် ထိုင်နေသည်။

" နှစ်တစ်သိန်းကျော်ပြီးတဲ့နောက်မှာ ငါ အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာ မဟာစစ်ပွဲတစ်ခုကို စတင်နိုင်တော့မယ်။ " သွေးနတ်ဆိုးသခင်၏ အမူအရာက စိတ်လှုပ်ရှားနေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀၀၀ တွင် သူက နတ်ဆိုးသူတော်စင်အသိုက်၊ မိစ္ဆာနန်းတော်တို့နှင့်အတူ အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် စစ်ပွဲကြီးတစ်ခုကို စတင်ခဲ့သည်။

သို့သော် ထိုစစ်ပွဲတွင် သူက လုံးဝ ရှုံးနိမ့်ခဲ့ပြီး လွန်ခဲ့သော နှစ်တစ်ထောင် နှစ်ထောင်ကမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။

" တာအိုအင်မော်တယ်ဂိုဏ်းက တက်လှမ်းခြင်းစင်မြင့်ကို သိမ်းပိုက်ပြီး ငါတို့ကို ဒီဘုံမှာရှိနေဖို့ အတင်းအကျပ်လုပ်ခဲ့တယ်။ " သွေးနတ်ဆိုးသခင်က ရေရွတ်လိုက်သည်။

" သခင်..." ထိုအချိန်တွင် သွေးရောင်ပုံရိပ်တစ်ခုက စုစည်းလာပြီး သွေးနတ်ဆိုးသခင်ကို အရိုအသေပေးလိုက်သည်။

" အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာ တာအိုအင်မော်တယ်ဂိုဏ်းရဲ့ မှော်အင်းကွက်ကတွေနဲ့ ပြည့်နေတယ်။ ကျွန်တော်တို့ ဆုံးရှုံးမှုနည်းနည်းနဲ့ အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို ဝင်ချင်ရင်တော့ မှော်အင်းကွက်တွေရဲ့ တည်နေရာတွေနဲ့ အခြားအသေးစိတ်အချက်အလက်တွေကို သိဖို့ လိုအပ်ပါတယ်။ " သွေးရောင်ပုံရိပ်က ပြောလိုက်သည်။

" မင်းရဲ့ အစီအစဉ်က ဘာလဲ။ " သွေးနတ်ဆိုးသခင်က တည့်တိုးမေးလိုက်သည်။

" အဲ့ဒီမှော်အင်းကွက်တွေကို သိတဲ့သူတွေက အများကြီးမရှိဘူး။ တစ်ယောက်က ကျွင်းတုန်ကျင်းပဲ။ " သွေးရောင်ပုံရိပ်က အဓိပ္ပါယ်ရှိစွာ ပြောလိုက်သည်။

လွန်ခဲ့သော ရာစုနှစ်က ကျွင်းတုန်ကျင်းကို မန်ရာတောင်တန်းသို့ ပြောင်းရွေ့ခြင်းမှာ လျို့ဝှက်ချက်မဟုတ်ပေ။ တာအိုအင်မော်တယ်ဂိုဏ်း၏ နောက်ထပ်ဂိုဏ်းချုပ်မှာ မုမန်ထင်းဖြစ်ပြီး ကျွင်းတုန်ကျင်းက အသုံးမဝင်သော အစိတ်အပိုင်းတစ်ခု ဖြစ်နေလေသည်။

" လက်အောက်ငယ်သားတွေက ကျွင်းတုန်ကျင်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်တယ်။ သူသာ ကျွန်တော်တို့နဲ့ ပူးပေါင်းရင် အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို ကျူးကျော်တာက အတော်လွယ်ကူသွားပြီ။ " သွေးရောင်ပုံရိပ်က ပြောလိုက်သည်။

" အမှန်ပဲ " သွေးနတ်ဆိုးသခင်က ခေါင်းငြိမ့်လိုက်သည်။

ကျွင်းတုန်ကျင်းက တာအိုအင်မော်တယ်ဂိုဏ်းအား မကျေမနပ်ဖြစ်နေမည်ကို သူလည်း ခန့်မှန်းမိလေသည်။ ယခုအချိန်တွင် သူ့ကို အနိုင်ယူရန် အခွင့်ကောင်းဖြစ်လေသည်။

" ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ကျွင်းတုန်ကျင်းကို တိုက်ရိုက်အနိုင်ယူလို့မရဘူး။ တာအိုအင်မော်တယ်ဂိုဏ်းက မန်ရာတောင်တန်းနားမှာ အစောင့်တွေချထားမှာ သေချာတယ်။ " သွေးနတ်ဆိုးသခင်က ပြောလိုက်သည်။

" ဒါဆို သခင်လုပ်ချင်တာက..." သွေးရောင်ပုံရိပ်က မေးလိုက်သည်။

" ကျွင်းတုန်ကျင်းရဲ့ သား ကျွင်းဝူကျိကို ချဉ်းကပ်လိုက်။ ဒါဆို ငါတို့က ကျွင်းဝူကျိကနေတစ်ဆင့် ကျွင်းတုန်ကျင်းကို သိမ်းသွင်းလို့ရနိုင်တယ်။ " သွေးနတ်ဆိုးသခင်က ပြောလိုက်သည်။

" သခင်က အသိပညာကြွယ်ဝပါတယ်။ " သွေးရောင်ပုံရိပ်က သွေးနတ်ဆိုးသခင်ကို လေးစားစွာ ကြည့်လိုက်သည်။

ကျွင်းတုန်ကျင်းကို တိုက်ရိုက်အနိုင်ယူခြင်းက စွန့်စားရာကျလေသည်။ ကျွင်းတုန်ကျင်းက တာအိုအင်မော်တယ်ဂိုဏ်းတွင် အဆင့်မြင့်သော လူတစ်ယောက်ဖြစ်ပြီး မျက်နှာသာပေးမခံရသော်လည်း နည်းလမ်းအချို့နှင့် ကာကွယ်ခံရမည်မှာ သေချာလေသည်။

ဆန့်ကျင်ဘက်တွင် ကျွင်းတုန်ကျင်း၏ သား ကျွင်းဝူကျိက အလွန်ထင်ရှားနေသည်။ ထို့အပြင် တိမ်မြူခိုးတော်ဝင်နယ်မြေက တာအိုအင်မော်တယ်ဂိုဏ်းအနီးတွင် ရှိသောကြောင့် ဂိုဏ်းက သူ့ကို သိပ်အာရုံစိုက်မည်မဟုတ်ပေ။

" မှတ်ထား။ ကျွင်းဝူကျိဆီသွားရင် ခွန်အားမသုံးနဲ့။ ခြိမ်းခြောက်တာနဲ့ ကတိပေးတာကိုပဲသုံး။ " သွေးနတ်ဆိုးသခင်က သတိပေးလိုက်သည်။

တစ်ချိန်တည်းတွင် သူက သူ၏ လက်ကို ဖြန့်လိုက်ပြီး သွေးရောင်သလင်းကျောက်တစ်ခု ပေါ်လာသည်။

" ဒီပစ္စည်းက မင်းကို ထိုက်ဟောက်အင်မော်တယ်ကြေးမုံရဲ့ စောင့်ကြည့်မှုအောက်ကနေ ယာယီဖုံးကွယ်ပေးနိုင်လိမ့်မယ်။ " သွေးနတ်ဆိုးသခင်က ညွှန်ကြားလိုက်သည်။

တာအိုအင်မော်တယ်ဂိုဏ်းနှင့် အကြိမ်များစွာ ထိပ်တိုက်တွေ့ဆုံပြီးနောက် သွေးနတ်ဆိုးသခင်က တာအိုအင်မော်တယ်ဂိုဏ်းအား ဆန့်ကျင်နိုင်သည့် နည်းလမ်းအချို့ကို သဘာဝအတိုင်း စုဆောင်းခဲ့သည်။ အထူးသဖြင့် ထိုက်ဟောက်အင်မော်တယ်ကြေးမုံပင် ဖြစ်၏။

သို့သော် သွေးနတ်ဆိုးသခင်က ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ ထောက်လှမ်းမှုကို ရှောင်လွှရန် နည်းလမ်းအား ကြီးမားသော တန်ဖိုးနှင့် ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကန့်သတ်ချက်များစွာ ရှိပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ပေ။

တိမ်မြူခိုးတော်ဝင်နယ်မြေ။

တောင်ထိပ်ရှိ အဆောက်အဦးတစ်ခုအတွင်း လင်းယွမ်က ထိုင်ခုံပေါ်တွင် လဲလျောင်းနေပြီး နေပူဆာလှုံနေသည်။

" မင်းတို့ ထွက်သွားနိုင်ပြီ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

" ဟုတ်ကဲ့ " ရွှင်းဟွာနှင့် ချိုးယွဲ့တို့က အရိုအသေပေးပြီး ထွက်ခွာသွားကြသည်။

အချိန်များကုန်လွန်လာပြီး အဆောက်အဦး၏ အရိပ်ထဲတွင် သွေးရောင်ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။

" ကျွင်းဝူကျိ " သွေးရောင်ပုံရိပ်က လင်းယွမ်အနီးသို့ ကပ်လာပြီး ပြောလိုက်သည်။

" ငါမင်းရဲ့ မဟာလျို့ဝှက်ချက်ကြီးကို သိတယ်။ " သွေးရောင်ပုံရိပ်က ကျွင်းဝူကျိကို စူးစိုက်ကြည့်လိုက်သည်။

" မဟာလျို့ဝှက်ချက်ကြီးလား။ " လင်းယွမ်က အံ့ဩသွား၏။

သွေးရောင်ပုံရိပ်၏ တည်ရှိမှုကို သူက တွေ့ခဲ့ပြီးဖြစ်သည်။ အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှ တိမ်မြူခိုးတော်ဝင်နယ်မြေကို ဝင်နိုင်သောကြောင့် ထိုသွေးရောင်ပုံရိပ်က အဆင့်နိမ့်မည်မဟုတ်ပေ။ အစတွင် လင်းယွမ်က သွေးရောင်ပုံရိပ်၏ ရည်ရွယ်ချက်ကို သိချင်သောကြောင့် စောင့်ကြည့်နေခဲ့သည်။

သို့သော် သူ၏ လျို့ဝှက်ချက်ကို သိသည်ဟု လာပြောခြင်းကြောင့် အံ့ဩမိသွားခဲ့သည်။

" မဟာလျို့ဝှက်ချက်။ မင်းက ဘယ်လျို့ဝှက်ချက်ကို ပြောချင်တာလဲ။ " လင်းယွမ်က လေးနက်စွာ မေးလိုက်သည်။

သွေးရောင်ပုံရိပ်က စိတ်ရှုပ်သွား၏။

ကျွင်းဝူကျိမှာ လျို့ဝှက်ချက်တွေ အများကြီးရှိတာလား။ ပြီးတော့ သူက ဘယ်လျို့ဝှက်ချက်ကို မေးရမှာလဲ။

" ကျွင်းဝူကျိ မင်းက ဟာသပြောနေတာလား။ မင်းက ဘယ်လျို့ဝှက်ချင်းကြီးကို ပြောနေတာလဲ။ " သွေးရောင်ပုံရိပ်က ရယ်မောလိုက်ပြီး ကျွင်းဝူကျိက ဟန်ဆောင်နေသည်ဟု သူကထင်နေသည်။

သူ၏ သခင် သွေးနတ်ဆိုးသခင်က ကျွင်းတုန်ကျင်းကို အနိုင်ယူရန် ကျွင်းဝူကျိကို သိမ်းသွင်းစေချင်ခဲ့သည်။

တာအိုအင်မော်တယ်ဂိုဏ်း၏ စွန့်ပစ်ခံရပြီးနောက် ကျွင်းတုန်ကျင်းက နာကြည်းချက်အချို့ ရှိမည်မှာ သေချာလေသည်။ သွေးနတ်ဆိုးပင်လယ်မှ လုံလောက်သော ကမ်းလှမ်းမှုဖြင့် ဆွဲဆောင်ခဲ့လျှင် အောင်မြင်နိုင်ချေ မြင့်မားလေသည်။

ကျွင်းတုန်ကျင်းကို ကျွင်းဝူကျိနှင့် အကျပ်ကိုင်၍လည်း မရပေ။ သွေးနတ်ဆိုးပင်လယ်က သူ၏ သားအား ထိုကဲ့သို့ ဆက်ဆံနေသည်ကိုမြင်လျှင် ကျွင်းတုန်ကျင်းက အယုံအကြည် ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့က သိသားထင်ရှားသော အကျိုးအမြတ်များကိုသာ ကတိပြုနိုင်လေသည်။ သို့မဟုတ် ခြိမ်းခြောက်ခြင်းလည်း ပြုနိုင်လေသည်။

သွေးရောင်ပုံရိပ်က အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ မဝင်မီ ကျွင်းဝူကျိ၏ အကြောင်းများကို စုံစမ်းလေ့လာခဲ့သည်။ သူက အမှန်တကယ် လျို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သည်။

" အဲ့ဒီလျို့ဝှက်ချက်က ဘာလဲဆိုတာ ငါတကယ် သိချင်မိတယ်။ " လင်းယွမ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

သူ၏ လျို့ဝှက်ချက်များက များပြားလွန်းသောကြောင့် သွေးရောင်ပုံရိပ်က မည်သည်အားရည်ညွှန်းသည်ကို သူတကယ်မသိပေ။

လွန်ခဲ့သော နှစ်တစ်ရာကျော်က တာအိုအင်မော်တယ်ဂိုဏ်း၏ လျို့ဝှက်အင်အားစုဖြစ်သော ဟေးကျင်းကျွန်းစုကို ဖျက်ဆီးခြင်းကို ပြောတာလား။

သို့မဟုတ် သမိုင်းတွင် မရှိခဲ့ဖူးသော ရုပ်ခန္ဓာကျင့်ကြံခြင်း ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းပြီး နတ်ဆိုးသူတော်စင်အသိုက်၏ မင်းသားကြီးအား သတ်ဖြတ်ခဲ့သည်ကို ပြောတာလား။

သို့မဟုတ် သူ၏ ထိုက်ယင်စိတ်ဝိညာဉ်က ကောင်းကင်ကိုးပါးတွင် တာအိုအင်မော်တယ်ဂိုဏ်းချုပ် မုရှင်းလျိုနှင့် တိုက်ခိုက်ပြီး လွတ်မြောက်ခဲ့သည်ကို ပြောတာလား။

ထို့အပြင် အရှေ့ပင်လယ်ကျွန်းစုမှ ရှေးဟောင်းသူတော်စင်တစ်ဝက်အဆင့်ဖြစ်သော ပိုင်ယုကျွန်းသခင် ယွမ်ယန်ကို ပြောတာလား။

" ဟမ် " သွေးရောင်ပုံရိပ်က လင်းယွမ် တကယ်မသိသည်ကို မြင်သောအခါ အရိပ်အမြွက် ပြောလိုက်သည်။

" ကျွင်းဝူကျိ မင်းက ရုပ်ခန္ဓာကျင့်ကြံခြင်းမှာ ရွှေအမြုတေအဆင့်မဟုတ်ဘူးဆိုတာ ငါသိတယ်။ " သွေးရောင်ပုံရိပ်က တီးတိုးပြောလိုက်သည်။

" ဟမ် " လင်းယွမ်က သူ၏ အမြင်တွင် ပုရွက်ဆိတ်လောက်တောင် အရေးမပါသော သွေးရောင်ပုံရိပ်ကို ကြည့်လိုက်သည်။

" လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က မင်းရဲ့ လက်အောက်ငယ်သားတွေဝယ်တဲ့ အရင်းအမြစ်တွေထဲမှာ ရှေးဟောင်းလျို့ဝှက်ပန်းတွေပါတယ်။ "

" အဲ့ဒီကျင့်ကြံခြင်းအရင်းအမြစ်တွေက ရုပ်ခန္ဓာကျင့်ကြံသူတွေ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်ရောက်မှ လိုအပ်တာပဲ။ "

" မင်းရဲ့ ရုပ်ခန္ဓာကျင့်ကြံခြင်းက စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် ရောက်နေလောက်ပြီ။ " သွေးရောင်ပုံရိပ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

၎င်းက ကျွင်းဝူကျိကို ခြိမ်းခြောက်ရန် သူ၏ ဝှက်ဖဲဖြစ်လေသည်။ နှစ်တစ်ရာနှစ်ရာအတွင်း အသုံးမကျသော လူတစ်ယောက်က ရုပ်ခန္ဓာကျင့်ကြံခြင်းတွင် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်သို့ ရောက်ခဲ့လေသည်။ ထိုကဲ့သို့ ရုပ်ခန္ဓာကျင့်ကြံခြင်း စွမ်းရည်ဖြင့် အနာဂတ်တွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရန် ပြဿနာရှိမည်မဟုတ်ပေ။

အကယ်၍ ထိုလျို့ဝှက်ချက်က လွန်ခဲ့သော နှစ်တစ်ရာကျော်မှဆိုလျှင် ပြဿနာမရှိပေ။ သို့သော် ယခု ကျွင်းဝူကျိ၏ မိဘများက မန်ရာတောင်တန်းသို့ ပြောင်းရွေ့ခံလိုက်ရသောကြောင့် တာအိုအင်မော်တယ်ဂိုဏ်းတွင် သူတို့၏ အာဏာ မရှိတော့ပေ။

ထို့အပြင် မုမန်ထင်းဂိုဏ်းချုပ်ဖြစ်လာလျှင် ပြိုင်ဘက်၏ သားက ထိုကဲ့သို့ အလားအလာများ ရှိသည်ကို တွေ့သောအခါ သည်အတိုင်း လွှတ်ထားမည်မဟုတ်ပေ။

" အိုး " လင်းယွမ်က ဘာမှမပြောပေ။ သွေးရောင်ပုံရိပ်က အရေးကြီးသော လျို့ဝှက်ချက်များ ရှာတွေ့သွားသည်ဟု သူက ထင်နေခဲ့သည်။

All Chapters