သခင်ယွမ်ယန်၏ ခွန်အား...
Vol. 14 Ch. 216
" ငါ မင်းကို ငါနဲ့ပူးပေါင်းဖို့ ပြောခဲ့ပေမယ့် မင်းက ငြင်းပယ်ခဲ့တယ်။ အခုတော့ မင်းသေတော့မယ်မလား။ "သွေးနတ်ဆိုးသခင်က သူ၏ ခေါင်းကို ခါလိုက်သည်။
လွန်ခဲ့သော နှစ်တစ်ရာက သခင်ယွမ်ယန် ပိုင်ယုကျွန်းကို သိမ်းပိုင်းပြီးနောက် သွေးနတ်ဆိုးသခင်က သူ၏ လက်အောက်ငယ်သားကို လွှတ်ပြီး ယွမ်ယန်ကို သူနှင့် ပူးပေါင်းရန် ပြောဆိုခဲ့သည်။ သွေးနတ်ဆိုးပင်လယ်တွင် ရှေးဟောင်းသူတော်စင်အဆင့်နှင့် နီးကပ်နေသူမရှိပေ။
သို့သော် သခင်ယွမ်ယန်က တိုက်ရိုက် ငြင်းပယ်ခဲ့သည်။ ယခု သွေးနတ်ဆိုးသခင်၏ မျက်လုံးထဲတွင် သခင်ယွမ်ယန်က မှားယွင်းသော ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။
" စိတ်မကောင်းစရာပဲ။ " သွေးနတ်ဆိုးသခင်က ခေါင်းခါလိုက်သည်။
သခင်ယွမ်ယန်က တာအိုအင်မော်တယ်ဂိုဏ်းမှမဟုတ်ဘဲ သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်၊ မိစ္ဆာနန်းတော်တို့နှင့် ပူးပေါင်းထားခြင်းလည်း မရှိပေ။
သူ့ကိုသူအားကိုးပြီး ရှေးဟောင်းသူတော်စင်တစ်ဝက်အဆင့်ထိ ရောက်ခဲ့လေသည်။ အကယ်၍ သူက သွေးနတ်ဆိုးသခင်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့လျှင် ရှေးဟောင်းသူတော်စင်အဆင့်သို့ ရောက်ပေလိမ့်မည်။
" ဟမ် "
" မဟုတ်သေးဘူး။ " သွေးနတ်ဆိုးသခင်က မုရှင်းလျိုကို ရင်ဆိုင်ရန် အခြားသူများကို ဆက်သွယ်ရန် ပြင်လိုက်သော်လည်း သူက ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိပြီး မျက်လုံးများ ပြူးသွားသည်။
" မုရှင်းလျိုရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်တာလား။ " သွေးနတ်ဆိုးသခင်က အံ့ဩနေသည်။
သူက လူကိုယ်တိုင်မမြင်ရသော်လည်း အော်ရာများကို အာရုံခံကြည့်ရုံနှင့် မုရှင်းလျိုထုတ်လွှတ်လိုက်သော ကြောက်စရာကောင်းသည့် ကြေးမုံအလင်းတန်းက ပေါက်ကွဲခြင်းမရှိဘဲ ပျောက်ကွယ်သွားသည်ကို သိခဲ့ရလေသည်။
တစ်ချိန်တည်းတွင် နေနှင့်အပြိုင် ကြောက်မက်ဖွယ် ထိုက်ယန်စွမ်းအားများက စုစည်းသွားကြသည်။
" ထိုက်ယန် ရှေးဟောင်းသူတော်စင် "
" ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကန့်သတ်ချက်ထက် ကျော်လွန်လုနီးပါးပဲ။ သခင်ယွမ်ယန်က ဘယ်လောက်တောင် သန်မာတာလဲ။ "
သွေးနတ်ဆိုးသခင်က ယုံကြည်ရန် ခက်ခဲနေသည်။
သခင်ယွမ်ယန်က ရှေးဟောင်းသူတော်စင်အဆင့်သို့ တက်လှမ်းခဲ့လျှင်တောင် သွေးနတ်ဆိုးသခင်က တုန်လှုပ်ရုံသာဖြစ်ပြီး ယခုလောက်ထိ အံ့အားသင့်မည်မဟုတ်ပေ။
ယခုမူ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကန်သတ်ချက်ထက် ကျော်လွန်နေခဲ့သည်။ ထိုအဆင့်က ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ကိုင်ဆောင်ထားသော ဂိုဏ်းချုပ်များပင် ထိတွေ့နိုင်သော အဆင့်ဖြစ်လေသည်။
သခင်ယွမ်ယန်က ထိုအဆင့်ကို သူ့ဟာသူ ကျင့်ကြံပြီး ရောက်နိုင်ခဲ့သည်။
" ငါတို့မှားသွားတယ်။ ငါတို့အားလုံးမှားသွားတယ်။ "
" လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက သခင်ယွမ်ယန်က ရှေးဟောင်းသူတော်စင် တစ်ဝက်အဆင့်မဟုတ်ဘူး။ " သွေးနတ်ဆိုးသခင်၏ အတွေးများက ရှုပ်ထွေးလာ၏။
လွန်ခဲ့သော နှစ်တစ်ရာကျော်က သခင်ယွမ်ယန်မှာ ရှေးဟောင်းသူတော်စင် တစ်ဝက်အဆင့်မဟုတ်ကြောင့် ရုတ်တရက် နားလည်လိုက်သည်။
" ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်တယ်။ သူက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက တည်ရှိမှုတစ်ခု ဖြစ်နိုင်လား။ " သွေးနတ်ဆိုးသခင်က စဉ်းစားလိုက်သည်။
မူလတွင် သူက သခင်ယွမ်ယန်ကို လွန်ခဲ့သော နှစ်ထောင်အနည်းငယ်က မွေးဖွားလာသူဟု ထင်ခဲ့သည်။ သို့သော် သူပြသလိုက်သော ခွန်အားနှင့် တိုက်ခိုက်ရေးစွမ်းအားက နှစ်ထောင်ချီအတွင်း ကျင့်ကြံနိုင်သောအရာ မဟုတ်ပေ။
သွေးနတ်ဆိုးသခင်က သခင်ယွမ်ယန်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကတည်းက မွေးဖွားလာသူဖြစ်သည်ဟု ခန့်မှန်းလေသည်။ ထိုအချိန်က တာအိုအင်မော်တယ်ဂိုဏ်းမှာ အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ အုပ်စိုးသူမဟုတ်သေးပေ။ ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက တက်လှမ်းခြင်းစင်မြင့်လည်း ထွက်ပေါ်မလာသေးပေ။
နားမလည်နိုင်သော သန်မာသူများစွာရှိပြီး အချို့မှာ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်နေကြပြီဖြစ်သည်။
၎င်းကို သွေးနတ်ဆိုးသခင်တစ်ယောက်တည်း သတိပြုမိသည်မဟုတ်ပေ။ တစ်ချိန်တည်းတွင် နတ်ဆိုးသူတော်စင်အသိုက်မှ နတ်ဆိုးသူတော်စင်၊ မိစ္ဆာနန်းတော်မှ မိစ္ဆာဘုရင်တို့ကလည်း မုရှင်းလျို ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို အသုံးပြုလိုက်သည်နှင့် သတိထားမိခဲ့ကြလေသည်။
" သခင်ယွမ်ယန်က အရမ်းသန်မာတာပဲ။ " တာအိုအင်မော်တယ်ဂိုဏ်းတွင် မုမန်ထင်းကလည်း အရှေ့ပင်လယ်ကို အာရုံစိုက်နေခဲ့သည်။
မုရှင်းလျို၏ ဖိနှိပ်မှုအောက်တွင် သခင်ယွမ်ယန်က သနားညှာတာရန် တောင်းပန်သည်ကို သူ၏ မျက်စိနှင့် မြင်ချင်ခဲ့သည်။ သို့သော် နောက်ဆက်တွဲအဖြစ်အပျက်များက သူ၏ ဦးရေပြားများကိုပင် ထုံကျဉ်သွားစေခဲ့သည်။
မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ကိုင်ဆောင်ထားလျှင် ပြိုင်ဘက်ကင်းသည်ဟု ဆိုသော်လည်း သခင်ယွမ်ယန်က သူ့ကို အမှန်တကယ် တားဆီးသွားခဲ့သည်။
ကောင်းကင်ကိုးပါးတွင် မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့်အတူ ရပ်နေသည်။ သူက ရှေ့ဆက်တိုးရမလို နောက်ပြန်ဆုတ်ရမလို ဖြစ်နေသည်။
အစတွင် မုရှင်းလျိုက သခင်ယွမ်ယန်ကို အနိုင်ယူရန် မည်သည့်ပြဿနာမှ မရှိနိုင်ဘူးဟု တွေးခဲ့သည်။ ထို့ကြောင့် သူက ပထမဆုံး အရှေ့ပင်လယ်သို့လာပြီး ပိုင်ယုကျွန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်၊ မိစ္ဆာနန်းတော်တို့နှင့်ယှဉ်လျှင် သခင်ယွမ်ယန်က အားနည်းသူတစ်ယောက်ဖြစ်လေသည်။ သို့သော် ယခု သူအားနည်းသည်ဟု ထင်ထားသူက အသန်မာဆုံး ဖြစ်နေခဲ့သည်။
သွေးနတ်ဆိုးသခင်၊ မိစ္ဆာဘုရင်နှင့် နတ်ဆိုးသူတော်စင်တို့က ကိုယ်ပိုင်ဝှက်ဖဲများရှိပြီး မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့် သူတို့ကို မသတ်နိုင်လျှင်တောင် တိုက်ပွဲကို လွှမ်းမိုးနိုင်လေသည်။
သို့သော် သခင်ယွမ်ယန်နှင့် ရင်ဆိုင်ချိန်တွင် မုရှင်းလျိုက အနိုင်ယူရန် မပြောနှင့် လွှမ်းမိုးနိုင်ရန်ပင် ယုံကြည်မှုမရှိပေ။
သူ့ကို ပို၍ စိုးရိမ်စေသည်မှာ အကယ်၍ သခင်ယွမ်ယန်က အခြားသုံးယောက်နှင့်ပူးပေါင်းခဲ့လျှင် တာအိုအင်မော်တယ်ဂိုဏ်းက လွန်ခဲ့သော နှစ်တစ်သောင်းထက် ပိုဆိုးသော အခြေအနေကို ရင်ဆိုင်ရပေလိမ့်မည်။
" သခင်ယွမ်ယန် ငါတို့ကြားမှာ နားလည်မှုလွဲနေတာလေးတွေ ရှိနေတယ်လို့ ငါထင်တယ်။ " မုရှင်းလျိုက အင်မောတယ်ကြေးမုံးကို သိမ်းဆည်းလိုက်ပြီး အသံပို့လွှတ်ပြောလိုက်သည်။ ထို့နောက် သူက နောက်ထပ်စကားအနည်းငယ် ပြောပြီးနောက် လှည့်ထွက်သွားသည်။
ပိုင်ယုကျွန်းအထက်တွင် လင်းယွမ်က မတ်တပ်ရပ်ပြီး မုရှင်းလျိုထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
" ငါနဲ့ပူးပေါင်းချင်တာလား။ " လင်းယွမ်က မုရှင်းလျို၏ စကားများကို စဉ်းစားနေသည်။
ဆိုလိုသည်မှာ တစ်ချက်သာရှိသည်။ တာအိုအင်မော်တယ်ဂိုဏ်းနှင့် သခင်ယွမ်ယန်ကြားတွင် ကြီးမားသော ရန်ငြိုးများမရှိပေ။ သူတို့နှစ်ယောက်က ပူးပေါင်းနိုင်လေသည်။ ပူးပေါင်းမှု၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးနိုင်လေသည်။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ ကောင်းကင်ကိုးပါးတွင် မုရှင်းလျိုက စဉ်းစားနေသည်။
သခင်ယွမ်ယန်နှင့် တာအိုအင်မော်တယ်ဂိုဏ်းကြားတွင် မပြေလည်နိုင်သော အမုန်းတရားများ မရှိပေ။ သခင်ယွမ်ယန်က တာအိုအင်မော်တယ်ဂိုဏ်း၏ အစီအစဉ်တစ်ခုဖြစ်သော ဟေးကျင်းကျွန်းစုကို ဖျက်ဆီးခဲ့ရုံသာ ဖြစ်သည်။ မုရှင်းလျိုက ၎င်းကို ခွင့်လွှတ်ရန် ရွေးချယ်ခဲ့သည်။ သူကလည်း ပိုင်ယုကျွန်းကို အရင် တိုက်ခိုက်ခဲ့သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ဟု ပြော၍ရလေသည်။
" ငါသာ သခင်ယွမ်ယန်နဲ့ ပူးပေါင်းနိုင်ခဲ့ရင်..." မုရှင်းလျိုက စိတ်လှုပ်ရှားသွား၏။
သခင်ယွမ်ယန်က ထိုက်ယန် ရှေးဟောင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်နေပြီဖြစ်သည်။ သူနှင့် လက်တွဲနိုင်ခဲ့လျှင် မိစ္ဆာနန်းတော် သို့မဟုတ် သွေးနတ်ဆိုးပင်လယ်တို့ကို ချေမှုန်းပစ်နိုင်ပေလိမ့်မည်။
ယနေ့မတိုင်မီ မုရှင်းလျိုက မိစ္ဆာနန်းတော်နှင့် သွေးနတ်ဆိုးပင်လယ်တို့ကို ချေမှုန်းရန် မတွေးခဲ့ဖူးချေ။ အကြောင်းမှာ အောင်မြင်ရန် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။ ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့်ပင် မလုပ်နိုင်ပေ။
ဤတစ်ကြိမ်တွင် သူက ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့် အင်မော်တယ်တောင်တန်းမှ ထွက်လာခြင်းမှာ ထိုသုံးယောက်ကို သင်ခန်းစာပေးပြီး ဖိနှိပ်ရန်သာ ဖြစ်သည်။
ယခုမူ မုရှင်းလျိုက မျှော်လင့်ချက်ကို မြင်လိုက်ရပြီဖြစ်သည်။
" တိမ်မြူခိုးတော်ဝင်နယ်မြေလား။ " မုရှင်းလျိုက ရုတ်တရက် ရပ်တန့်သွားသည်။
သူက မထွက်ခွာမီ သခင်ယွမ်ယန်ကို စကားအချို့ ပို့လွှတ်ခဲ့သည်။ ပူးပေါင်းရန်အတွက် သူတို့က အသေးစိတ်အချက်အလက်များ ဆွေးနွေးရန် နေရာတစ်ခု လိုအပ်လေသည်။ အဆုံးတွင် မုရှင်းလျိုက တိမ်မြူခိုးတော်ဝင်နယ်မြေကို ရွေးချယ်ခဲ့သည်။
အင်မော်တယ်တောင်တန်းကို မရွေးချယ်ရခြင်းမှာ အင်မော်တယ်တောင်တွင် မှော်အင်းကွက်များစွာ ရှိပြီး အခြားသူများအတွက် သားရဲတွင်းတစ်ခု ဖြစ်လေသည်။ အကယ်၍ မုရှင်းလျိုက အင်မော်တယ်တောင်တန်းကို ရွေးချယ်ခဲ့လျှင် သခင်ယွမ်ယန်က လာမည်မဟုတ်ပေ။
တိမ်မြူခိုးတော်ဝင်နယ်မြေက အလွန်သင့်တော်လေသည်။ ၎င်းက တော်ဝင်နယ်မြေ ၁၀၈ခုထဲမှ တစ်ခု ဖြစ်သော်လည်း ပြင်ဆင်မှုများ မရှိပေ။ သခင်ယွမ်ယန်၏ ခွန်အားနှင့် တိမ်မြူခိုးတော်ဝင်နယ်မြေကို ဖျက်ဆီးရန် အတွေးတစ်ချက်သာ လိုအပ်လေသည်။
တိမ်မြူခိုးတော်ဝင်နယ်မြေကို ရွေးချယ်ခြင်းမှာ မုရှင်းလျိုတွင် အခြားအစီအစဉ်များမရှိသည်ကို ဆိုလိုလေသည်။ ထို့အပြင် ၎င်းက အင်မော်တယ်တောင်တန်းအနီးတွင် ရှိသောကြောင့် ဆွေးနွေးမှုအဆင်မပြေလျှင်တောင် မုရှင်းလျိုက လွတ်မြောက်နိုင်စွမ်းရှိလေသည်။
နောက်ဆုံးအချက်အနေဖြင့် တိမ်မြူခိုးတော်ဝင်နယ်မြေ၏ အရေးပါမှုမှာ အနည်းငယ်သာ ရှိသည်။ ၎င်းက လူတစ်ယောက်၏ သက်တမ်းကို တိုးပေးနိုင်သည့် အကျိုးကျေးဇူးတစ်ခုသာ ရှိ၏။ သို့သော် ကျင့်ကြံသူများအတွက် တိမ်မြူခိုးတော်ဝင်နယ်မြေက အနည်းငယ်သာ အသုံးဝင်လေသည်။