အဘိုးက ကျွန်တော်နဲ့ ဘယ်လိုပူးပေါင်းချင်တာလဲ....
Vol. 14 Ch. 217
မုရှင်းလျိုက တိမ်မြူခိုးတော်ဝင်နယ်မြေသို့ ဆင်းသက်သွားသည်။
" ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။ " ရွှင်းဟွာနှင့် ချိုးယွဲ့တို့က ထိန်လန့်သွားကြပြီး ဂိုဏ်းချုပ်ရောက်လာသည့်အကြောင်းရင်းကို နားမလည်နိုင်ဖြစ်သွားကြသည်။
" ဝူကျိဘယ်မှာလဲ။ " မုရှင်းလျိုက မေးလိုက်သည်။
" သခင်လေး သူ တံခါးပိတ်ကျင့်ကြံနေပါတယ်။ " ချိုးယွဲ့က တုန်ယင်စွာ ပြောလိုက်သည်။ " ကျွန်မ သခင်လေးကို အခုသွားပြောလိုက်ပါမယ်။ "
" မလိုဘူး။ ဝူကျိ...." ကျွင်းဝူကျိ၏ ပုံရိပ်က မုရှင်းလျို၏ စိတ်ထဲတွင် ပေါ်လာသည်။
ထို့အပြင် ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့ကိုလည်း ပြန်မြင်ယောင်လာသည်။ အချို့အကြောင်းရင်းများကြောင့် မုရှင်းလျိုက ထိုခနတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
မုမိသားစု၏ အကျိုးအမြတ်အတွက် သူ၏ သမီးလင်မယားနှင့် သူ၏ မြေးတို့ကို မန်ရာတောင်တန်းသို့ ပို့ခဲ့လေသည်။ ကျွင်းဝူကျိက ငယ်စဉ်ကတည်းက အန္တရာယ်နှင့် မကြုံတွေ့ခဲ့ရသော်လည်း သူ၏ မိဘများ၊ ညီကိုမောင်နှမများနှင့် ကွဲကွာခဲ့ရလေသည်။
" ဝူကျိ သူ့ရဲ့ ကျင့်ကြံမှုကို ဆက်လုပ်ပါစေ။ သူ့ကို နှောက်ယှက်မနေနဲ့။ " မုရှင်းလျိုက သက်ပြင်းချလိုက်သည်။
သူက အနည်းငယ် ရက်စက်ခဲ့သော်လည်း သူမှားသည်ဟု မခံစားရပေ။
" ငါတာအိုမိတ်ဆွေတစ်ယောက်နဲ့ တွေ့စရာရှိတယ်။ တောင်ပေါ်ကို ဘယ်သူမှတက်မလာနဲ့။ " မုရှင်းလျိုက အမိန့်ပေးပြီး ပျောက်ကွယ်သွားသည်။
တောင်ထိပ်ပေါ်တွင် မုရှင်းလျိုက ထိုင်နေပြီး အရှေအရပ်သို့ ကြည့်ကာ သခင်ယွမ်ယန်ကို စောင့်နေသည်။
" သခင်ယွမ်ယန်ကို ငါနဲ့ ပူးပေါင်းပြီး အခြားအင်အားစုသုံးခုကို တိုက်ခိုက်ဖို့ ဘာတွေ လိုက်လျောပေးရမလဲမသိဘူး။ " မုရှင်းလျိုက တွေးလိုက်သည်။
ထိုကဲ့သို့ စွမ်းအားကောင်းသောလူက မည်သည့်ခေတ်တွင်ဖြစ်စေ ထိပ်ဆုံးတွင် ရပ်တည်နိုင်ပြီး လွန်ခဲ့သော နှစ်တစ်သောင်းကျော်ကပင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်သူများ ထွက်ပေါ်လာခဲ့လေသည်။
" ငါတို့သေချာဆွေးနွေးရမယ်။ ဆွေးနွေးတာ အဆင်မပြေရင်တောင် ရန်ငြိုးတွေကို ဖြေရှင်းရမယ်။ သခင်ယွမ်ယန်ကို လူအိုကြီးသုံးယောက်နဲ့ ပူးပေါင်းခွင့်ပြုပေးလို့မရဘူး။ " မုရှင်းလျိုက စဉ်းစားလိုက်သည်။
သူက သခင်ယွမ်ယန်ကို တိမ်မြူခိုးတော်ဝင်နယ်မြေတွင် ပူးပေါင်းရန် ဆွေးနွေးမည်ကို ပြောခဲ့သောကြောင့် သခင်ယွမ်ယန်က မကြာခင် ရောက်လာပေလိမ့်မည်။
တောင်ခြေတွင် ရွှင်းဟွာနှင့် ချိုးယွဲ့တို့က ပြန်လည်သတိဝင်လာကြသည်။ ဂိုဏ်းချုပ် ရုတ်တရက် ရောက်လာခြင်းက သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။
၎င်းက တာအိုအင်မော်တယ်ဂိုဏ်းချုပ် အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် စွမ်းအားအကြီးဆုံး တည်ရှိမှုဖြစ်လေသည်။
သူတို့လို ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးများက ထိုကဲ့သို့ စွမ်းအားကြီးသူနှင့် ဆုံတွေ့ရန် စိတ်ကူးပင်မယဉ်ခဲ့ဖူးပေ။
" ဂိုဏ်းချုပ်က ဒီမှာ တာအိုမိတ်ဆွေတစ်ယောက်နဲ့ တွေ့ဖို့ လာခဲ့တာလား။ "
" အဲ့ဒါက စွမ်းအားကောင်းတဲ့သူ ဖြစ်နိုင်ပေမယ့် ဂိုဏ်းချုပ်က အဲ့ဒီတာအိုမိတ်ဆွေ ကိုယ်တိုင်လာစောင့်နေတယ်။ " ရွှင်းဟွာနှင့် ချိုးယွဲ့တို့က စိတ်ရှုပ်သွားကြသည်။
ဂိုဏ်းချုပ်ကဲ့သို့ အဆင့်အတန်းမြင့်သူတစ်ယောက်ကို ကိုယ်တိုင်လာပြီး ကြိုစောင့်စေသူက ဘယ်သူလဲ။
ရွှင်းဟွာနှင့်ချိုးယွဲ့တို့ စကားပြောနေကြစဉ် ကျင့်ကြံခြင်းအခန်းထဲမှ လူတစ်ယောက်ထွက်လာသည်။
" အာ သခင်လေး ထွက်လာပြီလား။ " ရွှင်းဟွာနှင့် ချိုးယွဲ့တို့က လှည့်ကြည့်လိုက်ပြီး လင်းယွမ်ကို တွေ့လိုက်ရသကဲ့သို့ ချက်ချင်း အရိုအသေပေးလိုက်ကြသည်။
" သခင်လေး ဂိုဏ်းချုပ် ဒီကိုရောက်နေတယ်။ သူက အခုတောင်ထိပ်ပေါ်မှာ တာအိုမိတ်ဆွေတစ်ယောက်ကို စောင့်နေတယ်။ " ရွှင်းဟွာက သူမသိသမျှကို ပြောပြလိုက်သည်။
" ငါသိပြီ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
လင်းယွမ်က တောင်ထိပ်သို့ မော့ကြည့်လိုက်သည်။ တောင်ထိပ်က တိမ်များနှင့် မြူခိုးများ ဝန်းရံနေပြီး အင်မော်တယ်ဘုံတစ်ခုကဲ့သို့ ဖြစ်နေသည်။
" အချိန်ကျပြီ။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။ ထို့နောက် သူက တောင်ထိပ်သို့ တက်သွားလိုက်သည်။
" သခင်လေး..." ရွှင်းဟွာနှင့် ချိုးယွဲ့တို့က ၎င်းကို မြင်သောအခါ တုန့်ဆိုင်းသွားကြသော်လည်း မတားဆီးကြပေ။
တာအိုအင်မော်တယ်ဂိုဏ်းချုပ်က ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူးဟု ပြောခဲ့သော်လည်း သခင်လေးက အပြင်လူမဟုတ်ဘဲ ဂိုဏ်းချုပ်၏ မြေးဖြစ်လေသည်။
လင်းယွမ်က တောင်တက်လမ်းအတိုင်း တစ်လှမ်းချင်း တက်နေခဲ့သည်။ သူက မည်သည့်စွမ်းအားကိုမှ အသုံးပြုခြင်းမရှိပေ။
နာရီဝက်လောက်ကြာပြီးသောအခါ လင်းယွမ်က တောင်ထိပ်သို့ ရောက်သွားခဲ့သည်။
အရှေ့အရပ်သို့ ကြည့်နေသော မုရှင်းလျိုက လင်းယွမ်ကို လှည့်ကြည့်လာသည်။
လင်းယွမ်က သူ့ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
" ဝူကျိ..." မုရှင်းလျိုက လင်းယွမ်ကို မြင်သော်လည်း တားဆီးခြင်းမရှိပေ။
" ငါ မန်ထင်းကို ပြောပြီးသွားပြီ။ သူက မကြာခင် မင်းရဲ့ အဖေအမေတို့ကို ပြန်ခေါ်လာလိမ့်မယ်။ " မုရှင်းလျိုက ကျွင်းဝူကျိကို သူ၏ မိဘများအတွက် တောင်းပန်လိုခဲ့သည်။
၎င်းကို ကြားသော်လည်း လင်းယွမ်က ရပ်တန့်ခြင်းမရှိဘဲ မုရှင်းလျို၏ ရှေ့သို့ လျှောက်သွားပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို အုပ်စိုးထားသော တာအိုအင်မော်တယ်ဂိုဏ်းချုပ်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
" ဝူကျိ " မုရှင်းလျို၏ အပြုံးက ပျောက်ကွယ်သွားသည်။
သူ၏ မြေးက ဘာလုပ်ချက်နေသည်ကို နားမလည်နိုင်ဖြစ်သွား၏။ လာမည့်ဆွေးနွေးပွဲက အလယ်ပိုင်းနတ်ဘုရားကုန်းမြေနှင့် တာအိုအင်မော်တယ်ဂိုဏ်းအတွက် မည်မျှအရေးပါသည်ကို သူမသိပေ။
" အဘိုး..." လင်းယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။
မုရှင်းလျို၏ အမူအရာက လျှော့ကျသွားသော်လည်း လင်းယွမ်၏ နောက်ဆက်တွဲစကားများက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။
" အဘိုးက ကျွန်တော်နဲ့ ဘယ်လိုပူးပေါင်းချင်တာလဲ။ "
ပိုင်ယုကျွန်း။
ပိုင်ယုခန်းမ၏ တပည့်များက သေခြင်းတရားကို ဖြတ်ကျော်ပြီးနောက် စိတ်ဓာတ်တက်ကြွနေကြသည်။ ကောင်းကင်ကို ဖြတ်သန်းလာသော ကြောက်မက်ဖွယ်အလင်းတန်းကို ကျွန်းသခင်က တားဆီးနိုင်ခဲ့သည်။
ကျွန်းသခင်က ကြီးမားသော ပုံရိပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ပိုင်ယုကျွန်းကို လက်ဝါးနှင့်အုပ်ကာ ကာကွယ်ပေးထားခဲ့သည်။
ထိုသို့သော် နတ်စွမ်းရည်များကို ဟင်းလင်းပြင်သန့်စင်ခြင်း၏ ရှေးဟောင်းသူတော်စင်များပင် မစွမ်းဆောင်နိုင်ပေ။
" အဲ့ဒီအလင်းတန်းက တာအိုအင်မော်တယ်ဂိုဏ်းရဲ့ ထိုက်ဟောက်အင်မော်တယ်ကြေးမုံဖြစ်နိုင်လား။ "
" ငါတို့ ကျွန်းသခင်က ထိုက်ဟောက်အင်မော်တယ်ကြေးမုံရဲ့ တိုက်ခိုက်မှုကို တားဆီးခဲ့တာလား။ ဒါဆို သူက ရှေးဟောင်းသူတော်စင်တစ်ယောက် ဖြစ်နေပြီလို့ ဆိုလိုတာ မဟုတ်လား။ "
" အဓိပ္ပါယ်မရှိတာ။ ရှေးဟောင်းသူတော်စင်လေးလား။ အဲ့ဒီ ထိုက်ဟောက်အင်မော်တယ်ကြေးမုံက တာအိုအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းရတနာဖြစ်ပြီး သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်နဲ့ မိစ္ဆာနန်းတော်က ရှေးဟောင်းသူတော်စင်တွေတောင် အဲ့ဒါကို ဘယ်သူကခုခံရဲမှာလဲ။ "
ပိုင်ယုခန်းမကို နှစ်တစ်ရာကျော် ဖွဲ့စည်းပြီးနောက် အရှေ့ပင်လယ်တွင် အသန်မာဆုံး အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။ တပည့်များက ပါးနပ်ကြပြီူ ကောင်းကင်မှ ဆင်းသက်လာသော အလင်းတန်းမှာ ထိုက်ဟောက်အင်မော်တယ်ကြေးမုံမှလာသည်ကို ကောက်ချက်ချနိုင်ကြသည်။
လင်းယွမ်က ပျော်ရွှင်နေကြသော တပည့်များကို ကြည့်ပြီး သူ၏ ကျင့်ကြံခြင်းဂူသို့ ပြန်သွားလိုက်သည်။
" ဆရာ..." လီချင်းနှင့် အခြားတပည့်များကလည်း လင်းယွမ်ကို လေးစားစွာ နှုတ်ဆက်ခဲ့ကြသည်။
.
လင်းယွမ်၏ လမ်းညွှန်မှုများနှင့် ပိုင်ယုကျွန်း၏ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် လီချင်းကဲ့သို့ တပည့်များက သိုင်းတာအို၏ စတုတ္ထအလွှာ သို့မဟုတ် ပဉ္စမအလွှာတွင် ရှိနေကြသည်။ အင်မော်တယ်ကျင့်ကြံခြင်းစနစ်၏ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်၊ နတ်အသွင်ပြောင်းလဲခြင်းအဆင့်များနှင့် ယှဉ်နိုင်ကြသည်။
အပြင်မှ သာမန်တပည့်များမှာ လင်းယွမ်က ပိုင်ယုကျွန်းကို အင်မော်တယ်ကြေးမုံ၏ တိုက်ခိုက်မှုမှ ကာကွယ်လိုက်သည်ကိုသာ မြင်လိုက်ကြရသည်။
သို့သော် လီချင်းကဲ့သို့ တပည့်များက ကျင့်ကြံခြင်းအဆင့်မြင့်ကြပြီး လင်းယွမ်၏ ပြောင်းလဲသွားသော ပုံရိပ်ကြီးက မည်မျှကြောက်စရာကောင်းသည်ကို သတိပြုမိကြသည်။
" ဆရာ.... ဆရာက ဘယ်လိုလုပ် အရမ်းစွမ်းအားကောင်းနေတာလဲ။ "
လီချင်းနှင့် အခြားတပည့်များက တုန်လှုပ်နေကြသည်။ သူတို့က လင်းယွမ်၏ လမ်းညွှန်မှုအောက်တွင် ရာစုနှစ်ကြာအောင် ကျင့်ကြံခဲ့ကြသည်။ သူတို့ဆရာ၏ စွမ်းအားမှာ နက်နဲသည်ဟု ခံစားခဲ့ရသော်လည်း ရှေးဟောင်းသူတော်စင်အဆင့်နှင့် နီးကပ်နေသည်ဟုသာ ထင်ခဲ့ကြသည်။
" ကောင်းပြီ။ ငါကြေညာစရာတစ်ခုရှိတယ်။ " လင်းယွမ်က ဤနှစ်များတွင် သူစုဆောင်းခဲ့သော တပည့်များကို ကြည့်လိုက်သည်။
ထိုတပည့်များက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် သင့်တော်ကြပြီး လင်းယွမ် ဤကမ္ဘာမှ ထွက်သွားလျှင် သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆက်လက်ထိန်းသိမ်းကြပေလိမ့်မည်။
" ဆရာ ပြောပါဆရာ..." လီချင်းနှင့် အခြားတပည့်များက ရိုသေစွာ ပြောလိုက်ကြသည်။
" သွား အရှေ့ပင်လယ်ကို စုစည်းလိုက်တော့။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ရာစုနှစ်တစ်ခုကြာအောင် ပိုင်ယုခန်းမက အရှေ့ပင်လယ်တွင် အသန်မာဆုံး အင်အားစုတစ်ခု ဖြစ်ခဲ့သော်လည်း သူတို့က အခြားအင်အားစုများကို နှောက်ယှက်ခြင်းမပြုခဲ့ပေ။ ၎င်းမှာ မလုပ်နိုင်သောကြောင့် မဟုတ်ပေ။ တာအိုအင်မော်တယ်ဂိုဏ်း၏ အာရုံကို ဆွဲဆောင်သွားမည်စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော် ယခု ထိုသို့စိုးရိမ်ရန် မလိုအပ်တော့ပေ။ လင်းယွမ်၏ ခွန်အားက ဤကမ္ဘာတွင် မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထိုက်ဟောက်အင်မော်တယ်ကြေးမုံကြောင့်သာမဟုတ်လျှင် သူက ယင်စိတ်ဝိညာဉ်၊ ယန်စိတ်ဝိညာဉ်တို့နှင့် ဤနယ်မြေမှ ထွက်ခွာသွားပြီဖြစ်သည်။
" အရှေ့ပင်လယ်ကျွန်းစုတွေကို စုစည်းမယ်။ " လီချင်းနှင့် အခြားတပည့်များ စိတ်အားတက်ကြွလာကြသည်။
လင်းယွမ်၏ အကြည့်က အလယ်ပိုင်းနတ်ဘုရားကုန်းမြေရှိရာသို့ ကျရောက်သွားသည်။ " ဒီကမ္ဘာကြီးမှာ အင်မော်တယ်လမ်းစဉ်တစ်ခုတည်း ကန့်သတ်ထားလို့မရဘူး။ ငါ့ရဲ့ သိုင်းတာအိုကိုလည်း အမှတ်အသားချန်ခဲ့ဖို့ လိုအပ်တယ်။ "