မဟာတာအိုများကြားယှဉ်ပြိုင်မှု....
Vol. 14 Ch. 219
" မင်း " မုရှင်းလျို၏ မျက်နှာက အမူအရာအမျိုးမျိုး ပြောင်းလဲသွားသည်။
ထိုခနတွင် သူက သူ၏ မြေးကို သခင်ယွမ်ယန်၏ လူဟု သံသယဝင်မိခဲ့သည်။ သို့သော် ထိုကဲ့သို့ဖြစ်လျှင် သူ၏ နည်းစနစ်များနှင့် တစ်စုံတစ်ခုတော့ ရှာတွေ့သည်ပေသည်။ သို့သော် သူက ဘာမှမတွေ့ခဲ့ရပေ။
သူ၏ မြေးက စိတ်ဝိညာဉ်အော်ရာကအစ ပြောင်းလဲခြင်းမရှိခဲ့ပေ။
" သခင်ယွမ်ယန်..." မုရှင်းလျိုက အရှေ့ပင်လယ်ရှိရာသို့ ကြည့်လိုက်ချိန်တွင် သူ၏ ရှေ့မှ ကျွင်းဝူကျိကို တုန်ပြန်လိုက်သကဲ့သို့ ထိုက်ယန်စွမ်းအားများကို ဝိုးတဝါး ခံစားလိုက်ရသည်။
" အထင်ကြီးစရာပဲ။ " အချိန်အတော်ကြာပြီးနောက် မုရှင်းလျို၏ အမူအရာက ပြန်လည်တည်ငြိမ်လာသည်။ " ငါ့ရဲ့ တာအိုအင်မော်တယ်ဂိုဏ်းက နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ မင်းလိုပါရမီရှင်တစ်ယောက် မွေးဖွားလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး။ "
ယခုအချိန်တွင် မယုံကြည်နိုင်စရာကောင်းသော်လည်း အမှန်တရားက သူ၏ စိတ်ထဲတွင် တဖြည်းဖြည်း ရှင်းလင်းလာသည်။
သခင်ယွမ်ယန် ပထမဆုံးပေါ်လာချိန်တွင် ဟေးကျင်းကျွန်းစုတွင် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ မြေးက သူ ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်သို့ ရောက်သောကြောင့် ဂုဏ်ပြုပွဲတွင် ရှိနေခဲ့သည်။
ထိုအချိန်တွင် မုမန်ထင်းက သူ့ကို ဟေးကျင်းကျွန်းစုအကြောင်း တင်ပြနေခဲ့သည်။
" ငါမင်းနဲ့ အလုပ်လုပ်ချင်တယ်။ မိစ္ဆာနန်းတော်၊ နတ်ဆိုးသူတော်စင်အသိုက်တွေကို ရှင်းလင်းဖို့ ပူးပေါင်းချင်တယ်.. " သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်သွားသော ကျွင်းဝူကျိကို ကြည့်ပြီး မုရှင်းလျိုက ပြောလိုက်သည်။
ယခုအချိန်တွင် သူ၏ မြေးက သူနှင့် အဆင့်အတန်း အတူတူဖြစ်သောကြောင့် သူ၏ အသံက ညှိနှိုင်းသော အခြေအနေတွင် ရှိနေသည်။
" ပြဿနာမရှိဘူး။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။
သူက မိစ္ဆာနန်းတော်၊ နတ်ဆိုးသူတော်စင်အသိုက်၊ သွေးနတ်ဆိုးပင်လယ်တို့နှင့် ပက်သက်မှုမရှိပေ။ မုရှင်းလျိုမပြောလျှင်တောင် နောက်ပိုင်းတွင် လင်းယွမ်က သူတို့ကို ဖြေရှင်းရန် စီစဉ်ထားခဲ့သည်။
" ဒါဆို..." မုရှင်းလျိုက သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။ " မင်းရဲ့ တောင်းဆိုချက်တွေက ဘာတွေလဲ။ "
နှစ်ပေါင်းများစွာ ကြာအောင် တာအိုအင်မော်တယ်ဂိုဏ်းကို နှောက်ယှက်နေသည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန် မုရှင်းလျိုက ကြီးမားသော တန်ဖိုးကို ပေးဆပ်ပေလိမ့်မည်။ ထို့ကြောင့် လင်းယွမ်က ကြီးမားသော တောင်းဆိုမှုကို လုပ်ခဲ့လျှင်တောင် သူက လက်ခံရန် စဉ်းစားပေလိမ့်နမည်။
အဆုံးတွင် လင်းယွမ်က သူ၏ မြေးဖြစ်၏။ တာအိုအင်မော်တယ်ဂိုဏ်းက တစ်ခုခုဆုံးရှုံးခဲ့လျှင်တောင် ၎င်းက သူ၏ မြေးလက်ထဲသို့သာ ကျရောက်ပေလိမ့်မည်။
" အခြေအနေသုံးခုရှိတယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ပထမ ကျွန်တော် ပြည့်စုံတဲ့ တာအိုအင်မော်တယ်ကျမ်းကို လိုချင်တယ်။ "
တာအိုအင်မော်တယ်ကျမ်းက တာအိုအင်မော်တယ်ဂိုဏ်း၏ အဓိကကျင့်စဉ်ဖြစ်ပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ကျော်လွန်၍ တာအိုပေါင်းစည်းခြင်းအဆင့်၏ အနှစ်သာရများ ပါဝင်လေသည်။
တာအိုအင်မော်တယ်ဂိုဏ်းတစ်ခုလုံးတွင် ဂိုဏ်းချုပ်တစ်ယောက်သာ ထိုကျမ်းကို ကျင့်ကြံနိုင်လေသည်။
လင်းယွမ်၏ အကိုကြီး ကျွင်းရှောင်ယောင်က သူ့အတွက် လျို့ဝှက်နည်းစနစ်များနှင့် ကျင့်စဉ်များစွာကို ယူခဲ့သော်လည်း တာအိုအင်မော်တယ်ကျမ်းကို မယူနိုင်ခဲ့ပေ။
တာအိုအင်မော်တယ်ဂိုဏ်းတစ်ခုလုံးတွင် ဂိုဏ်းချုပ်မှလွဲ၍ ထိုကျမ်း၏ တည်နေရာကို ဘယ်သူမှမသိပေ။
" ပြဿနာမရှိဘူး။ " မုရှင်းလျိုက ခနစဉ်းစားပြီးနောက် ခေါင်းငြိမ့် လက်ခံလိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်းအတွက် တာအိုအင်မော်တယ်ကျမ်းက အရေးကြီးဆုံးဖြစ်ပြီး ဂိုဏ်း၏ လျို့ဝှက်နည်းစနစ်များနှင့် ကျင့်စဉ်များစွာကို လွှမ်းခြုံထားသည်။ ထိုထဲတွင် တာအိုပေါင်းစည်းခြင်းအဆင့်၏ ဖော်ပြချက်များ ပါဝင်လေသည်။
ထို့ကြောင့် တာအိုအင်မော်တယ်ဂိုဏ်းအတွင်း ဂိုဏ်းချုပ်တစ်ယောက်သာ တာအိုအင်မော်တယ်ကျမ်းကို ကျင့်ကြံနိုင်လေသည်။
မုမန်ထင်းပင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ရောက်ခဲ့သော်လည်း ဂိုဏ်းချုပ်မဖြစ်သောကြောင့် တာအိုအင်မော်တယ်ကျမ်းကို ထိတွေ့ခွင့်မရှိသေးပေ။ ၎င်းက တာအိုအင်မော်တယ်ဂိုဏ်း၏ နှစ်ပေါင်းတစ်သောင်းကြာ တည်ရှိနေသော သံမဏိစည်းမျဉ်းဖြစ်လေသည်။
သို့သော် စည်းမျဉ်းများက လူကလုပ်ခြင်းဖြစ်သည်ကို မုရှင်းလျို နားလည်လေသည်။
သူ၏ မြေးက ကြောက်စရာကောင်းသော အရည်အချင်းများနှင့် သူ့ကို တာအိုအင်မော်တယ်ကျမ်းပေးခြင်းက စွန့်စားမှုတစ်ခုမဟုတ်ပေ။ ထို့အပြင် ၎င်းကို ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မုရှင်းလျိုက လင်းယွမ်ကို အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
" ဒါတော့ လက်ခံပေးရမယ်။ တာအိုအင်မော်တယ်ကျမ်းနဲ့ ပက်သက်တဲ့ ကိစ္စအားလုံးကို ဒုတိယလူကို မသင်ပေးရဘူး။ " မုရှင်းလျိုက ပြောလိုက်သည်။ သူက တာအိုအင်မော်တယ်ကျမ်းကို ကျွင်းဝူကျိ တစ်ယောက်တည်းကိုသာ သင်ပေးနိုင်မည်ဖြစ်သည်။
" သဘောတူတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" ဒုတိယအခြေအနေ ကျွန်တော်ကို တက်လှမ်းခြင်းစင်မြင့်အကြောင်း အားလုံး ပြောပြရမယ်။ "
တက်လှမ်းခြင်းစင်မြင့်က အလွန်အရေးပါလေသည်။ သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်နှင့် မိစ္ဆာနန်းတော်တို့က တက်လှမ်းခြင်းစင်မြင့်ကို ရှာဖွေရန်အတွက် တာအိုအင်မော်တယ်ဂိုဏ်းနှင့် ဆက်တိုက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ထို့အပြင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက တာအိုအင်မော်တယ်ဂိုဏ်းက အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို ထိန်းချုပ်နိုင်ခြင်းမှာ တက်လှမ်းခြင်းစင်မြင့်ကြောင့် ဖြစ်သည်။ ထို့အပြင် တက်လှမ်းခြင်းစင်မြင့်က စိတ်ဝိညာဉ်ဘုံနှင့် ဆက်စပ်နေလေသည်။
" မင်းအဲ့ဒါကို ပြောစရာမလိုဘူး။ ဘာပဖြစ်ဖြစ် ငါမင်းကို အဲ့ဒီအကြောင်း ပြောပြမှာပဲ။ " မုရှင်းလျိုက ပြောလိုက်သည်။
သူက လင်းယွမ်ကို မပြောပြလျှင်တောင် သွေးနတ်ဆိုးသခင်၊ နတ်ဆိုးသူတော်စင်နှင့် မိစ္ဆာဘုရင်တို့က လင်းယွမ်ကို ပြောပြကြပေလိမ့်မည်။
" တတိယ..." လင်းယွမ်က ရပ်လိုက်သည်။
တတိယအခြေအနေက ယခင်နှစ်ခုထက်ပို၍ အရေးကြီးလေသည်။
" ကျွန်တော် သိုင်းတာအိုကို နတ်ဘုရားကုန်းမြေမှာ ဖြန့်ကျက်ချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်းကို သိုင်းတာအိုအား ဖိနှိပ်ခွင့်မပြုနိုင်ပေ။
" သိုင်းတာအို..." မုရှင်းလျို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ပိုင်ယုခန်းမ၏ များစွာသော တပည့်များက သိုင်းတာအိုဟုခေါ်သော ကျင့်ကြံခြင်းစနစ်တစ်ခုအား လေ့ကျင့်ကြသည်ကို သူသိလေသည်။
မုရှင်းလျိုပင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ အချို့နည်းစနစ်များကို လေ့လာခဲ့လေသည်။
သိုင်းတာအိုက အင်မော်တယ်လမ်းစဉ်နှင့် ကွဲပြားသော ကျင့်ကြံခြင်းစနစ်တစ်ခုဖြစ်ပြီး အလားအလာက အင်မော်တယ်လမ်းစဉ်အောက် နိမ့်ကျခြင်းမရှိပေ။
တာအိုအင်မော်တယ်ဂိုဏ်းက ဒုတိယ ရှေးဟောင်းသူတော်စင်တစ်ယောက် ထွက်ပေါ်လာချိန်တွင် သူက ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ကိုင်ပြီး ပိုင်ယုကျွန်းအား ဖျက်ဆီးရန် ရွေးချယ်ခြင်းမှာ သူက ပိုင်ယုကျွန်းကို လွယ်ကူသော ပစ်မှတ်အဖြစ် မြင်သည့်အပြင် သိုင်းတာအိုကလည်း သူ့ကို ခြိမ်းခြောက်မှုပေးနိုင်သောကြောင့် ဖြစ်သည်။
အရှေ့ပင်လယ်ကျွန်းစုများတွင် ဂိုဏ်းပေါင်းရှစ်ရာနှင့် အဖွဲ့ပေါင်းသုံးထောင်တွင် ကျင့်ကြံခြင်းစနစ်များက များစွာကွဲပြားသော်လည်း အားလုံးက အပြစ်အနာဆာများ များလွန်းသဖြင့် ရှေးဟောင်းသူတော်စင်အဆင့်သို့ ရောက်နိုင်ခြင်းမရှိပေ။
ထို့ကြောင့် အရှေ့ပင်လယ်က အစွမ်းထက်သော ကျင့်ကြံသူမရှိ၍ အမြဲတမ်း ဖရိုဖရဲ ဖြစ်နေခြင်းဖြစ်သည်။
သို့သော် သိုင်းတာအိုက...
သိုင်းတာအိုကျင့်ကြံခြင်းစနစ်အရ ရှေးဟောင်းသူတော်စင်အဆင့်နှင့် ညီမျှသော ဆဋ္ဌမအလွှာကို ကျင့်ကြံနိုင်ရန် အချိန်တစ်ခုသာ လိုကြောင်း သေချာလုနီးပါး ဖြစ်သည်။
" နောက်တစ်ခုကို ရွေးပါ။ အဲ့ဒါတော့မဖြစ်နိုင်ဘူး။ " မုရှင်းလျိုက သူ၏ ခေါင်းကိုခါလိုက်သည်။
အခြားကိစ္စများကို ဆွေးနွေးနိုင်သော်လည်း သိုင်းတာအိုကို ဖြန့်ကျက်ခွင့်မပြုနိုင်ပေ။ မုရှင်းလျိုက ကျွင်းဝူကျိကို တာအိုအင်မော်တယ်ဂိုဏ်း၏ နောက်ထပ် ဂိုဏ်းချုပ်အဖြစ်ပင် လက်ခံနိုင်လေသည်။ အဆုံးတွင် ကျွင်းဝူကျိက တာအိုအင်မော်တယ်ဂိုဏ်း၏ တတိယမျိုးဆက်ဖြစ်လေသည်။
ထိုကဲ့သို့ အရည်အချင်းနှင့် ခွန်အားက မုမန်ထင်းထက် များစွာ သာလွန်လေသည်။ ကျွင်းဝူကျိကို နောက်တက်မည့် ဂိုဏ်းချုပ်ဖြစ်စေရန် သူ့အတွက် ပြဿနာမရှိပေ။
" မဖြစ်နိုင်ဘူးလား။ " လင်းယွမ်၏ အမူအရာက မပြောင်းလဲပေ။ သူက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သိုင်းတာအိုနှင့် အင်မော်တယ်လမ်းစဉ်တို့က အခြေခံအားဖြင့် ကွဲပြားသောကြောင့် ထိုဖြစ်နိုင်ချေကို သူမျှော်လင့်ထားပြီးသား ဖြစ်၏။
တာအိုအင်မော်တယ်ဂိုဏ်း၏ အခြေခံက ဘာလဲ။ ဂိုဏ်းချုပ်အဆက်ဆက်လား။ သို့မဟုတ် အင်မော်တယ်နည်းစနစ်များနှင့် ကျင့်စဉ်တွေလား။ မဟုတ်ပေ။
တာအိုအင်မော်တယ်ဂိုဏ်၏ အခြေခံမှာ အင်မော်တယ်လမ်းစဉ်သာဖြစ်၏။ တာအိုအင်မော်တယ်ဂိုဏ်းအတွက် အင်မော်တယ်လမ်းစဉ်မှာ အင်ပါယာတစ်ခု၏ ဧကရာဇ်သွေးမျိုးဆက်နှင့် တူလေသည်။ အင်ပါယာတွင် မည်သူမဆို ဧကရာဇ်ဖြစ်လာနိုင်သော်လည်း ဧကရာဇ်သွေးမျိုးဆက်ကိုတော့ ပိုင်ဆိုင်ထားရန် လိုအပ်လေသည်။
ယခု လင်းယွမ်က တာအိုအင်မော်တယ်ဂိုဏ်း၏ နယ်မြေတွင် သိုင်းတာအိုကို ဖြန့်ကျက်ရန် ကြိုးစားခြင်းက အခြေခံကို ဖြတ်တောက်ပြီး ဧကရာဇ်မျိုးဆက်ကို ပြောင်းလဲချင်သည်နှင့် တူလေသည်။
မုရှင်းလျိုက လက်ခံခဲ့လျှင် တာအိုအင်မော်တယ်ဂိုဏ်း၏ ထာဝရအပြစ်သား ဖြစ်လာပေလိမ့်မည်။
သိုင်းတာအိုနှင့် အင်မော်တယ်လမ်းစဉ်တို့က အခြေခံမတူညီသော မဟာတာအိုနှစ်ခုကို ကိုယ်စားပြုလေသည်။ မဟာတာအိုများကြား ယှဉ်ပြိုင်မှုက ထိုကဲ့သို့ ဖြစ်လေသည်။
ရုပ်ခန္ဓာကျင့်ကြံခြင်းက အင်မော်တယ်လမ်းစဉ်နှင့် သဘောထားကွဲလွဲမှုမဖြစ်ခြင်းမှာ ရုပ်ခန္ဓာကျင့်ကြံခြင်းက ပြည့်စုံသော ကျင့်ကြံခြင်းစနစ်တစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။ မည်သည့်ကျင့်ကြံခြင်းစနစ်ဖြစ်စေ လူတစ်ယောက်၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် သက်တမ်း စသည်တို့ကို တိုးတက်စေခြင်းဖြစ်သည်။
သို့သော် ရုပ်ခန္ဓာကျင့်ကြံခြင်းက ရုပ်ခန္ဓာကိုသာ တိုးတက်စေပြီး ကျင့်ကြံသူများကဲ့သို့ သက်တမ်းတိုးခြင်းမရှိပေ။ ထို့ကြောင့် ရုပ်ခန္ဓာကျင့်ကြံခြင်းက လျို့ဝှက်နည်းစနစ်တစ်မျိုးဟုသာ ဆိုနိုင်လေသည်။
အင်မော်တယ်လမ်းစဉ်သာမက သိုင်းတာအို၊ နတ်ဆိုးတာအိုနှင့် အခြားလမ်းစဉ်များက သူတို့၏ နယ်ပယ်တွင် ရုပ်ခန္ဓာကျင့်ကြံခြင်းကို ထည့်သွင်းနိုင်လေသည်။