← Chapters

မရေတွက်နိုင်သော သက်ရှိများက လူတစ်ယောက်ကို ကြည့်ရှုကြသည်....

Vol. 14 Ch. 224

မရေတွက်နိုင်သော သက်ရှိများက လူတစ်ယောက်ကို ကြည့်ရှုကြသည်....

Vol. 14 Ch. 224

ထို့နောက် လင်းယွမ်က အားလုံးကို အမှန်အတိုင်း ရှင်းပြလိုက်၏။

သူ၏ အစစ်အမှန်ခွန်အား၊ သခင်ယွမ်ယန်နှင့် ထိုက်ယင်ရှေးဟောင်းသူတော်စင်တို့မှာ သူ၏ ကိုယ်ပွားများ ဖြစ်ကြောင်း၊ သူ ထိုကဲ့သို့​ေူာ စွမ်းအားကို ပိုင်ဆိုင်ခြင်းမှာ သူကလေးဘဝတွင် ရုတ်တရက် သူ၏ စိတ်ထဲမှ မှတ်ဉာဏ်အချို့ ပေါ်လာခဲ့သည်။

ထိုမှတ်ဉာဏ်ထဲတွင် မပြည့်စုံသေးသော ကျင့်စဉ်နည်းလမ်းများ ပါဝင်လေသည်။ မည်သို့ပင်ဖြစ်စေ အများစုက အမှန်သာဖြစ်ပြီး လိမ်ညာမှု အနည်းငယ်သာ ပါဝင်လေသည်။

" တက်လှမ်းခြင်းစင်မြင့်မရှိခင်က ရှေးဟောင်းသူတော်စင်အဆင်ထက် ကျော်လွန်တဲ့ သူတွေက သူတို့ရဲ့ သက်တမ်းကုန်ဆုံးတဲ့အခါ ပြန်လည်မွေးဖွားဖို့ ကြိုးစယးကြတယ်လို့ ငါ ရှေးဟောင်းကျမ်းစာတွေထဲမှာ ဖတ်ဖူးတယ်။ "

"ဝူကျိ မင်းက စွမ်းအားကြီးတည်ရှိမှုတစ်ခုက ပြန်လည်မွေးဖွားလာတာဖြစ်ရမယ်။ ဒါပေမယ့် ပြန်လည်မွေးဖွားတာက လျို့ဝှက်ဆန်းကျယ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ တစ်ခါတစ်လေ အရင်ဘဝက ကိုယ်က ပျောက်ကွယ်သွားတယ်။ ဝူကျိ အဲ့ဒါတွေက မင်းအတွက် အမှတ်တရတွေလောက်ပဲ ရှိမယ်။ " ကျွင်းတုန်ကျင်းက ခနစဉ်းစားပြီး ပြောလိုက်သည်။

ပြန်လည်မွေးဖွားခြင်းက ခက်ခဲသော်လည်ယ အမှန်တကယ် တည်ရှိခဲ့သည်။ တာအိုအင်မော်တယ်ဂိုဏ်း၏ သမိုင်းတွင် ထူးခြားသော တပည့်အချို့ကို ခေါ်ယူခဲ့လေသည်။ ထိုတပည့်များက အခြားကမ္ဘာတစ်ခုမှ ပုံရိပ်များက သူတို့၏စိတ်ထဲတွင် မကြာခဏ ပေါ်လာတတ်လေသည်။

" မောင်လေး နင်က အင်မော်တယ်တောင်တန်းကို ဖျက်ဆီးလုနီးပါး လုပ်ခဲ့တယ်လို့ ပြောတာလား။ " ကျွင်းကျိလန်က မှင်သက်နေဆဲ ဖြစ်သည်။ လင်းယွမ်ပြောသမျှကို သူမက နားလည်သော်လည်း အဘယ်ကြောင့် ထိုမျှ ထူးဆန်းနေတာလဲ။

" ကျွန်တော်က တာအိုအင်မော်တယ်ဂိုဏ်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး။ သိုင်းတာအိုကို ဖြန့်ကျက်ဖို့ ကျွန်တော်ရဲ့ ခွန်အားကို သက်သေပြလိုက်တာပဲ။ " လင်းယွမ်က အမှန်အတိုင်း ပြောလိုက်သည်။

သိုင်းတာအိုကို ဖြန့်ကျက်ချင်လျှင် ဆွေးမျိုးဟူ၍ လွှတ်ထား၍ မရပေ။ တာအိုအင်မော်တယ်ဂိုဏ်းက စိတ်ဝိညာဉ်ဘုံမှ ဘိုးဘေးများ၏ နောက်ခံရှိသောကြောင့် လင်းယွမ်က အင်မော်တယ်တောင်တန်းကို အမြစ်ဖြတ်ချေမှုန်းရန် တစ်ခါမှ မရည်ရွယ်ဖူးပေ။

လင်းယွမ်က ဤကမ္ဘာတွင် နှစ်ငါးရာသာ နေနိုင်မည်ဖြစ်ပြီး တာအိုအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးခဲ့လျှင်တောင် လင်းယွမ်ထွက်သွားပြီးနောက် နှစ်ငါးရာကြာလျှင် စိတ်ဝိညာဉ်ဘုံမှ ဘိုးဘေးများက နည်းလမ်းအချို့ဖြင့် တာအိုအင်မော်တယ်ဂိုဏ်းကို ပြန်လည်ထူထောင်ကြပေလိမ့်မည်။

တာအိုပေါင်းစည်းခြင်းအဆင့်များပင် ကမ္ဘာနှစ်ခုကြား အတားအဆီးကိုဖြတ်ပြီး အောက်ဘုံများကို ဝင်စွက်ဖက်ရန် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အများစုမှာ သေးငယ်သော လှည့်ကွက်များကိုသာ အသုံးပြုနိုင်ကြသည်။ ၎င်းတို့က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်သော သာမန်တည်ရှိမှုများကို ကိုင်တွယ်ရန်သာ လုံးလောက်ပြီး လင်းယွမ်ကို ဆန့်ကျင်ရန်အတွက် မလုံလောက်သေးပေ။

လင်းယွမ် ရှိနေသော နှစ်ငါးရာအတွင်း သိုင်းတာအိုကို စိတ်ပူရန် မလိုအပ်သော်လည်း နှစ်ငါးရာ ကြာပြီးလျှင်ရော....

လင်းယွမ်က ထိုစိတ်ဝိညာဉ်ဘုံမှ တာအိုအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများ ထွက်ပေါ်လာရန် တွန်းအားပေးခြင်းသာဖြစ်သည်။ သူက ရိုးရှင်းသော နည်းလမ်းကို ပြောလျှင် မုရှင်းလျိုနှင့် ဆွေးနွေးသကဲ့သို့ ထူးခြားမည်မဟုတ်ပေ။

လင်းယွမ်က ခွန်အားလုံလောက်မှုမရှိလျှင် သူက ငြိမ်းချမ်းစွာ ဆွေးနွေးခဲ့လျှင်တောင် တာအိုအင်မော်တယ်ဂိုဏ်း၏ ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။

အပြန်အလှန်အားဖြင့် လင်းယွမ်က ဤဘုံမှ တာအိုအင်မော်တယ်ဂိုဏ်းအား ဖျက်ဆီးနိုင်သော ခွန်အားကို ပြသခဲ့လျှင် သူစည်းမကျော်သရွေ့ ညှိနှိုင်းရန် နေရာရှိလေသည်။

ထို့အပြင် လင်းယွမ်တွင် နောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်း ရှိလေသည်။ ၎င်းမှာ သူ၏ မိသားစုအတွက် လက်စားချေရန်သာ ဖြစ်သည်။ တာအိုအင်မော်တယ်ဂိုဏ်းက လူရွေးမှားခဲ့သည်ကို ပြသချင်သောကြောင့် ဖြစ်သည်။

" ဝူကျိ မင်းဆန္ဒရှိသလိုလုပ်ပါ။ " ကျွင်းတုန်ကျင်းက သူ၏ သားကို ကြည့်ပြီး ပြောလိုက်သည်။

တာအိုအင်မော်တယ်ဂိုဏ်း၏ နောက်ထပ် ဂိုဏ်းချုပ် ဖြစ်လာမည့် အခွင့်အရေးကို စွန့်လွှတ်လိုက်ရပြီး မန်ရာတောင်တန်းတွင် ရာစုနှစ်ကြာအောင် နေထိုင်ခဲ့ပြီးသောကြောင့် ကျွင်းတုန်ကျင်း၏ စိတ်က တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။

သူ၏ မိဘများ၊ အကို၊ အမတို့နှင့် စကားပြောပြီးနောက် လင်းယွမ်က ပိုင်ယုကျွန်းတွင် သူတို့ကို နေထိုင်ရန် စီစဉ်ပေးခဲ့သည်။

ပိုင်ယုကျွန်းက စိတ်ဝိညာဉ်စွမ်းအားများ သိပ်သည်းပြီး အင်မော်တယ်တောင်တန်းနှင့် မယှဉ်နိုင်လျှင်တောင် မန်ရာတောင်တန်းထက် ပို၍ သာလွန်လေသည်။ သူ၏ မိဘများ ဤနေရာတွင် ကျင့်ကြံလျှင် လင်းယွမ်က စိတ်အေးရပြီဖြစ်သည်။

လအချို့ကြာပြီးနောက် လင်းယွမ်က ကျင့်ကြံခြင်းဂူထဲတွင် ထိုင်နေပြီး သူ၏ အနီးတွင် သွေးနီရောင်ဝတ်ရုံနှင့် လူတစ်ယောက်က ရိုသေစွာ ဦးညွှတ်နေသည်။

" အရှင့်ကို နှုတ်ဆက်ပါတယ်။ " ထိုလူက သွေးနတ်ဆိုးပင်လယ်၏ သွေးနတ်ဆိုးသခင်ပင် ဖြစ်သည်။

သွေးနတ်ဆိုးပင်လယ်တွင် လအနည်းငယ် စဉ်းစားပြီးနောက် သူက လင်းယွမ်ဆီသို့ အလည်လာရန် ဆုံးဖြတ်ခဲ့သည်။

လင်းယွမ်၏ ခွန်အားအရ သွေးနတ်ဆိုးပင်လယ်ကို ဖျက်ဆီးရန် ခက်ခဲသော အလုပ်တစ်ခုမဟုတ်ပေ။ ထိုကဲ့သို့ စွမ်းအားကြီးသူနှင့် ရင်ဆိုင်ရချိန်တွင် သွေးနတ်ဆိုးသခင်က ဘာလုပ်ရမည်ကို နားလည်ခေသည်။

" ဒါ မင်းရဲ့ ကိုယ်ပွားတစ်ခုလား။ " လင်းယွမ်က သွေးနတ်ဆိုးသခင်ကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။

သူက လင်းယွမ်ဆီသို့ အလည်လာသော ပထမဆုံး ရှေးဟောင်းသူတော်စင်တစ်ယောက် မဟုတ်ပေ။

သူ၏ ရှေ့တွင် မိစ္ဆာဘုရင်နှင့် နတ်ဆိုးသူတော်စင်တို့ကလည်း ရောက်လာခဲ့ပြီးဖြစ်သည်။ သူတို့က လင်းယွမ်၏ ကာကွယ်မှုကို ရရှိရန် မျှော်လင့်ချက်ဖြင့် သူတို့၏ လျို့ဝှက်နည်းစနစ်များကို ပေးအပ်ခဲ့ကြလေသည်။ သို့သော် သူတို့က ကာကွယ်ပေးခြင်းဆိုသည်ထက် လင်းယွမ်က သူတို့ကို မတိုက်ခိုက်ရန်သာ မျှော်လင့်ကြလေသည်။

လင်းယွမ်က သူတို့အားလုံးကို အပြုံးနှင့်သာ လက်ခံခဲ့သည်။ နှစ်ပေါင်းများစွာ အသက်ရှင်လာသော ရှေးဟောင်းသူတော်စင်များအနေဖြင့် အဖိုးတန်သော လျို့ဝှက်နည်းစနစ်များနှင့် ကျင့်စဉ်များ ရှိကြလေသည်။

" ကျုပ်ရဲ့ မူလခန္ဓာကိုယ်က သွေးနတ်ဆိုးပင်လယ်က မထွက်နိုင်လို့ ဒီကိုယ်ပွားကို လွှတ်လိုက်ရတာပါ။ " သွေးနတ်ဆိုးသခင်က လင်းယွမ်ကို မလေးစားသကဲ့သို့ ဖြစ်မည်စိုးရိမ်သောကြောင့် သတိထားပြီး ပြောလိုက်သည်။

" ကိစ္စမရှိဘူး။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" အရှင် ဒါက အင်မော်တယ်သွေးပင်လယ်နည်းစနစ်ပါ။ ကျုပ်လေ့ကျင့်နေတာ ကြာပါပြီ။ " သွေးနတ်ဆိုးသခင်က ချက်ချင်း သွေးရောင်ကျောက်စိမ်းစာလိပ်ကို ပေးလိုက်သည်။

ထို့နောက် သူက လင်းယွမ်ကို သစ္စာစောင့်သိပြီး လင်းယွမ်သာ ဆန္ဒရှိလျှင် သွေးနတ်ဆိုးပင်လယ်ကို အလယ်ပိုင်းနတ်ဘုရားကုန်းမြေထိ ချဲ့ထွင်ပြီး တာအိုအင်မော်တယ်ဂိုဏ်းကို သေသည်အထိ တိုက်ခိုက်မည်ဟု ကတိပြုခဲ့လေသည်။

သွေးနတ်ဆိုးသခင် ထွက်သွားပြီးနောက် လင်းယွမ်က အင်မော်တယ်သွေးပင်လယ်နည်းစနစ်ကို လေ့လာလိုက်သည်။

" သွေးပင်လယ်နဲ့ ပေါင်းစည်းပြီး မသေနိုင်ဘဲ ဖျက်ဆီးလို့မရနိုင်ဘူး။ တာအိုအင်မော်တယ်ဂိုဏ်းက သွေးနတ်ဆိုးပင်လယ်ကို မဖျက်ဆီးနိုင်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ။ ဒီနည်းစနစ်က တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ နည်းစနစ်အချို့ ပါဝင်နေတယ်။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

နတ်ဆိုးသူတော်စင်အသိုက်နှင့် မိစ္ဆာနန်းတော်တို့ကို တာအိုအင်မော်တယ်ဂိုဏ်းက မဖိနှိပ်နိုင်ခြင်းမှာ သူတို့က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်သော ရတနာများကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

သို့သော် သွေးနတ်ဆိုးသခင်က ထိုသို့မဟုတ်ဘဲ သွေးနတ်ဆိုးပင်လယ်နှင့် ပေါင်းစည်းပြီး ယနေ့အချိန်ထိ ရှင်ကျန်နေခြင်း ဖြစ်သည်။

" ဒီလိုနည်းစနစ်ကိုသာ နည်းနည်းပြုပြင်နိုင်ခဲ့ရင်..." လင်းယွမ်က အတော်စိတ်ဝင်စားသွားသည်။

အင်မော်တယ်သွေးပင်လယ်နည်းစနစ်၏ ချို့ယွင်းချက်မှာ ပေါင်းစပ်လိုက်သောအရာကို ချန်ထား၍ မရခြင်းဖြစ်သည်။ ဥပမာ သွေးနတ်ဆိုးသခင်မှာ သူက သွေးနတ်ဆိုးပင်လယ်၊ သွေးနတ်ဆိုးပင်လယ်က သူဖြစ်နေသောကြောင့် သွေးနတ်ဆိုးပင်လယ်အတွင်းမှ ထွက်သွားနိုင်ခြင်းမရှိပေ။

သို့သော် လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် ထိုချို့ယွင်းချက်ကို မပြုနိုင်သည်တော့ မဟုတ်ပေ။

နှစ်များစွာ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နောက်ထပ် နှစ်တစ်ရာ ကြာသွားခဲ့သည်။

ပိုင်ယုကျွန်းက ပို၍ တိုးတက်လာပြီး သိုင်းတာအိုကျင့်ကြံသူ အရေအတွက်ကလည်း ပို၍ တိုးပွားလာခဲ့သည်။

ကျွင်းတုန်ကျင်၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က ပိုင်ယုကျွန်းတွင် စိုးရိမ်မှုကင်းစွာဖြင့် နေထိုင်ခဲ့ကြသည်။

ယခု ပိုင်ယုကျွန်း၏ အရှိန်အဝါက တာအိုအင်မော်တယ်ဂိုဏ်းထက်ပင် ကျော်လွန်နေပြီး ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့၏ အဆင့်အတန်းကလည်း မြငလ့တက်လာခဲ့သည်။

ထိုအချိန်တွင် ပိုင်ယုကျွန်း၏ အလယ်မှ ကြောက်စရာကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်ရာက အရာခပ်သိမ်းကို ဖိနှိပ်နိုင်စွမ်းရှိပုံရလေသည်။ အရှေ့ပင်လယ်၏ မိုင်သန်းချီကိုဖြတ်ပြီး စိတ်ဝိညာဉ်စွမ်းအားများက တုန်ခါလာသည်။

နတ်ဆိုးသူတော်စင်အသိုက်။

နတ်ဆိုးသူတောင်စင်က အရှေ့ပင်လယ်သို့ တုန်လှုပ်စွာ ကြည့်လိုက်သည်။

" အဲ့ဒီအရှင်က အဆင့်တက်သွားတာလား။" နတ်ဆိုးသူတော်စင်က ရေရွတ်လိုက်သည်။

လွန်ခဲ့သော နှစ်တစ်ရာက ထိုပုဂ္ဂိုလ်မှာ တာအိုအင်မော်တယ်ဂိုဏ်းကို တစ်ယောက်တည်းကိုင်လှုပ်နိုင်စွမ်း ရှိခဲ့လေသည်။ ယခု သူက နောက်တစ်ဆင့်တက်သွားလျှင် ဘယ်အဆင့်ကို ရောက်သွားမှာလဲ။

မိစ္ဆာနန်းတော်။

မိစ္ဆာဘုရင်က သက်ပြင်းချလိုက်သည်။ သူက အရှေ့ပင်လယ်သို့ ကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည်။

သွေးနတ်ဆိုးပင်လယ်မှ သွေးနတ်ဆိုးသခင်ကလည်း ထို့အတူပင် ဖြစ်သည်။

တာအိုအင်မော်တယ်ဂိုဏ်း။

မုရှင်းလျိုနှင့် မုမန်ထင်းတို့ကလည်း အရှေ့ပင်လယ်မှ အော်ရာကို ချက်ချင်း ခံစားလိုက်ရပြီး အရှေ့ပင်လယ်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။

အဆင့်တက်သော အော်ရာက ပို၍ သိပ်သည်းလာသည်နှင့်အမျှ ရုတ်တရက် မရေတွက်နိုင်သော သက်ရှိများက မသိစိတ်အရ အရှေ့ပင်လယ်သို့ လှည့်ကြည့်မိလိုက်ကြသည်။

တစ်ကမ္ဘာလုံးက လူတစ်ယောက်တည်းကို ငေးကြည့်နေသကဲ့သို့ ဖြစ်နေသည်။

All Chapters